Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တစ်သောင်းတန်

Phaung PhaungJune 8, 20121min54116

ဒီနေ့မနက် MRTV-4 ကနေ ငွေကျပ်တစ်သောင်းတန် ထွက်မည့်အကြောင်း ကြေငြာသွားပါတယ်။
ရုံးရောက်တော့ မေးလ်ထဲကိုဝင်ထားတဲ့ ဆရာခင်မောင်ညို(ဘောဂဗေဒ)ရဲ့ အမြင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ကျပ်တစ်သောင်းတန်ကို Aကြောင်းပြု၍

၁။ ငါးထောင်ကျပ်တန် မထွက်မီနှင့် ထွက်ပြီးချိန်ကလည်း ဈေးနှုန်းများ တက်မည်၊ ငွေဖောင်း
ပွမှု မြင့်မားမည်ဟု တွက်ဆခဲ့ကြသော်လည်း မဖြစ်ခဲ့ပါ။ ငါးထောင်တန်သည် ပြည်သူလူထု
Aထူးသဖြင့် Aခြေခံလူတန်းစားAတွင်းသို့ ပျံ့နှံ့ရောက်ရှိမှု နည်းပါးသဖြင့် Aချိန်Aတန်
ကြာသည်Aထိ ငါးထောင်ကျပ်တန်ကို မမြင်ဖူးသူများ ရှိခဲ့သကဲ့သို့ ငါးထောင်တန်ကို
မိတ္တူကူးပြီး လိမ်လည်သူများ ရှိခဲ့ပါသည်။
၂။ တစ်သောင်းကျပ်တန် ထွက်သည်ကို Aကြောင်းပြု၍ Aထွေထွေ ဈေးနှုန်းများ တက်မည်၊
ငွေဖောင်းပွမှု မြင့်မားလာမည်ဟု မျှော်လင့်ကြပါUီးမည်။ ဈေးကစားမှုများလည်း Aတန်Aသင့်
ရှိနိုင်ပါသည်။
၃။ လက်ရှိAခြေAနေတွင် Aထွေထွေကုန်ပစ္စည်းဈေးနှုန်း တက်သည့်နှုန်း (ငွေဖောင်းပွမှု
နှုန်းသည် ဆယ်ဂဏန်းေAာက်တွင်သာရှိပြီး မော်တော်ကားကဲ့သို့သော ပိုင်ဆိုင်မှုများ၏
ဈေးနှုန်းများ၊ ဆန်စပါးကဲ့သို့သော လယ်ယာထွက်ကုန်ဈေးနှုန်းများ ကျဆင်းနေချိန် ဖြစ်ပါ
သည်။ ဤAခြေAနေတွင် Aထွေထွေကုန်ဈေးနှုန်း (ငွေဖောင်းပွနှုန်း) သိသိသာသာ
တက်ရန် AလားAလာ နည်းပါသည်။
၄။ တစ်သောင်းတန်သည် သာမန်ပြည်သူလူထု လက်တွင်းသို့ ပျံ့နှံ့ရန် ငါးထောင်တန်ထက်
ပိုကြာUီးမည်ဟု တွက်ဆပါသည်။
၅။ လုပ်ငန်း ကြီးကြီးမားမား လုပ်သူများAတွက် တစ်သောင်းတန်ကြောင့် ငွေသယ်ယူရာတွင်
ပိုAဆင်ပြေသွားသော်လည်း ရေရှည်တွင် AခြေခံငွေAပေးAယူလုပ်သည့် စနစ်Aစား ချက်
လက်မှတ် Aခြေခံ၍ ဘဏ်Aသုံးပြုမှု တွင်ကျယ်တိုးတက်ရန် လိုAပ်ပါသည်။
ခင်မောင်ညို (ဘောဂဗေဒ)
၇.၆.၂၀၁၂
ည (၇.၀၀) နာရီ

16 comments

  • ပေါက်စိန်ဗိုက်

    June 8, 2012 at 12:12 pm

    ဒုက္ခပဲ.
    ငါးထောင်တန်နဲ ့တောင် ဝယ်ရချမ်းရခက်နေတာ
    ခက်ဆို ငါးထောင်တန်န ဲ့လိုင်းကားစီးတာတို ့ ဘီအီးတစ်ပိုင်းဝယ်တာတို ့ ကွမ်းယာဝယ်တာတို ့ဆေးလိပ်ဝယ်တာတို ့ ဆို
    ဆိုင်ကလေးတွေက သိပ်မရောင်းချင်ကြဘူးဗျ

    တစ်သောင်းတန်နဲ ့ ဘီအီးတစ်စိတ်လောက် ပေးပါဆို သောက်ခွက်ရိုက်ခံရမလားပဲ.

    ဘောစိတွေကတော့ မိုက်တာပေါ့ဗျား..
    များတို ့တွက်တော့ မိုက်ဘူးရယ်..

  • မောင်ပေ

    June 8, 2012 at 1:21 pm

    ဘိုင်ပြတ်နေချိန်မှဗျာ ။
    သေချာပါတယ် ၊ သဂျီးဆီက ဖွတ်ဒင်္ဂ ါးမရသေးသရွေ ့၊ ကျုပ် ဖြင့် စိတ်ချမ်းသာမှ ကို မဟုတ်ဘူး ။

  • myanmarcitizen

    June 8, 2012 at 2:43 pm

    တစ်ရွက်ပျောက်တာတို့ တစ်ရွက်လို တာတို့ ဖြစ်ရင် ဒွတ်ခပဲနှော်။ သေသေချာချာစစ်မှပဲ တော်ရာကျမယ်။

  • Phaung Phaung

    June 8, 2012 at 5:36 pm

    ပေါက်စိန်ဗိုက်ရေ……. 5000 တန်နဲ့ ကားစီးရင် စပယ်ယာက ကန်ပါချမှာ…ပြောလိုက်မယ့်ဖြစ်ခြင်း…
    ပြောမနေနဲ့တော့။ တစ်သောင်းတန်ဆိုရင်တော့ ပြီးရောပဲ။

  • MaMa

    June 8, 2012 at 6:52 pm

    အသိတစ်ယောက်က ပြောဖူးတယ်။
    မုန့်ဟင်းခါးဖိုးကို ချက် နဲ့ ပေးမယ်ဆိုတာ။
    အဓိပ္ပါယ် နှစ်မျိုးရတယ်။
    ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ့်သဘော အကောင်းဘက်ကပဲ ယူဆရမလား။
    ချက်နဲ့ ပေးရလောက်အောင် ငွေဖောင်းပွလာမယ့် သဘောလား။
    ၅၀၀ဝ တန်တောင် ဘဏ်သွားသွင်းရင် အတုဆိုပြီး အဖြဲခံရတာ စိတ်ထဲ အောင့်သွားတာပဲ။
    ၁၀၀၀ဝ တန် ထွက်လို့ကတော့ သယ်ယူရလွယ်တာထက် ငွေပေးငွေယူမှာ ကသိကအောင့်တွေ အများကြီး ဖြစ်လာဦးမယ်ထင်တယ်။

  • Thel Nu Aye

    June 8, 2012 at 8:22 pm

    သဂျီးဆီက တသိန်းရရင်တော့ ၁ဝ ရွက်ပဲရမှာပေါ့နော်။ FB ထဲမှာပြောနေတာကတော့ အိမ်က မုန့်ဖိုးတွမ်ရင် တရွက်ထဲနဲ့အတော်ကိုက်ဆိုပဲ။ အဲဒါလဲမဆိုးဘူး။ ဒါပေမဲ့ကိုယ်က တွမ်ရမဲ့အရွယ်မဟုတ်ပဲ အတွမ်ခံရမဲ့အ ရွယ် ဖြစ်နေတော့ တော်တော်တော့ သတိထားထိမ်းသိမ်းရတော့မှာပေါ့။ ကိုယ့်မှာရှိခဲ့ရင်ပြောပါတယ်။

  • bravo kiss

    June 9, 2012 at 12:23 pm

    အင်း…တစ်သောင်းတန်…ဆိုတော့လည်း…ကိုရီးယာကိုအားကျသူတွေအဆင်ပြေသွားအောင်လို့..လုပ်တာလားမသိပါဘူးကွာ…ကိုရီးယားနဲ့တူအောင်လိုက်လုပ်ပေးနေတာနေမှာပါ…တောက်….သောက်..ဦးနှောက်မှကောင်းကြသေးရဲ့လားမသိ….

  • a me

    June 10, 2012 at 3:22 pm

    အေမီတော့ မကြိုက်ပါဘူး 5000 တန်တောင် ခဏခဏ ပြောက်နေလို့ အဆူခံနေရတာ 10000တန် တာဆို ရင် အိပ်ပေါ်ကနေဆင်းရမှာ ဟီးဟီး

  • fatty myat

    June 10, 2012 at 5:01 pm

    တို့အမြင်အရပြောရရင် ငွေရေရတာ မပင်ပန်းအောင် ပြည်သူတွေအတွက် စေတနာထားပြီးထုတ်ပေးတာ ထင်တယ်

  • fatty myat

    June 10, 2012 at 5:02 pm

    တို့အမြင်အရပြောရရင် ငွေရေရတာ မပင်ပန်းအောင် ပြည်သူတွေအတွက် စေတနာထားပြီးထုတ်ပေးတာ ထင်တယ်

  • cum min

    June 20, 2012 at 4:35 pm

    တသောင်းတန်….ကျပျောက်ရင်တောမလွယ်ဘူးပဲ

  • မဂွတ် ထော်

    June 21, 2012 at 3:47 pm

    ဟုတ်တယ်နော်ကျပျောက်ရင်လဲမလွယ်ဘူး

  • R Ga

    June 21, 2012 at 4:56 pm

    ဒါကတစ်သောင်းတန်ထွက်ရှိလာခြင်းအပေါ်သတင်းစာဆရာ မောင်ဝံသရဲ့အမြင်လေးပါ။

    ဗိုလ်ချုပ်အောင်ဆန်း မင်ဒဲလားနှင့် ကျပ်တစ်သောင်းတန် (မောင်ဝံသ)

    ဧရာဝတီဘလော့ . ၂၁ရက် ဇွန်လ ၂၀၁၂ —- ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။

    တစ်သောင်းတန်နဲ့ ဗိုလ်ချုပ်ပုံ

    ကျပ်တစ်သောင်းတန် ငွေစက္ကူထုတ်တဲ့သတင်းကြေညာပြီလို့ ကြားကြားချင်း မေးမိတာက ငွေစက္ကူဒီဇိုင်းမှာ ဘယ်လို ရုပ်ပုံပါသလဲဆိုတာပဲဗျ။ ကျွန်တော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ ငွေစက္ကူအပေါ်က ရုပ်ပုံတွေအကြောင်းဆောင်းပါး ရေးခဲ့သေးတာကိုး။

    သည်တော့ အခု တန်ဖိုးအကြီးဆုံး (လို့ယူဆရတဲ့) တစ်သောင်းတန် ငွေစက္ကူ ထုတ်မယ်ဆိုတော့ အများမျှော် လင့်နေသလို အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ နဲ့ ထုတ် လိုက်လေ မလားလို့ ထင်မိခဲ့တာဗျ။ ခုတော့ ဆင်ဖြူတော်နှစ်ကောင်ပုံနဲ့ ထုတ်လိုက် တာ ဆိုတော့ ငွေ စက္ကူတွေပေါ် မှာ တိရစ္ဆာန် တစ်မျိုး ထပ်မံတိုးပွား လာတာပဲပေါ့ဗျာ။

    ဒေါက်တာသန်းထွန်းစကား

    ဆင်ဖြူဆိုလိ်ု့ ဆရာကြီးဒေါက်တာသန်းထွန်းကို ပြေးသတိရလိုက်သဗျ။ ဆင်ဖြူတော်တွေကို တစ်ခမ်းတနား ဗိမာန်တွေနဲ့ထားပြီး အမွှန်းတင်ခဲ့တဲ့ တစ်ချိန်တစ်ခါတုန်းကပေါ့ဗျာ။ အချို့အချို့သော လူတွေက ဆင်ဖြူတော်တွေကို အထူးအဆန်းအဖြစ်လာကြည့်ရုံမက ထိုင်ပြီး ရှိခိုးတာတွေ ရှိခဲ့သတဲ့။

    အဲဒီတော့ ဆရာသန်းထွန်းက တိရစ္ဆာန်ကို ရှိခိုးတယ်ဆိုတော့ ရှိခိုးတဲ့လူဟာ တိရစ္ဆာန်အောက် နိမ့်တဲ့ လူပဲပေါ့လို့ မှတ်ချက် ချပါသတဲ့။ ကျွန်တော် အဲဒီစကားကြားတော့ မှတ်ပလားဟေ့လို့ ပြောမိပါတယ်ဗျ။

    လက်အုပ်ချီနှုတ်ဆက်တဲ့အကျင့်

    ကျွန်တော်ကလည်း အသက်လေးနည်းနည်းရလာတော့ သတိထားတဲ့ ကြားက စကားတွေ ဟိုရောက်ဒီရောက်ဖြစ်တတ်တယ်ဗျာ။ ခုလည်း ကြည့်လေ၊ ဆင်ဖြူကို ရှိခိုးတဲ့အကြောင်း ပြောရင်း ဟိုတစ်ချိန်တစ်ခါက လူလူချင်း လက်အုပ်တချီချီနဲ့ ကြိုဆိုကြရတဲ့ မြင်ကွင်းကို သတိရပြီး ပြောချင် လာပြန်ပါ ရောလား။

    ကျွန်တော်က ပဲခူးမြို့မှာ ကြီးပြင်းလာသူဖြစ်ပြီး ကျွန်တော့်မိခင်ကြီးနဲ့ တစ်မျိုးလုံးတစ်ဆွေလုံးဟာ ကြခတ်ဝိုင်းကျောင်းတိုက်ကြီးရဲ့ ဒါယကာရင်းတွေ ဖြစ်ခဲ့တယ်။ ကျွန်တော့် ယောက္ခမကြီး ဦးကျော်လှိုင်က ကြခတ်ဝိုင်း ဂေါပကဥက္ကဋ္ဌကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့တယ်။

    သည်တော့ ကြခတ်ဝိုင်းသာသနာပြုအသင်းကြီးရဲ့ ဂါရဝြ့ပုကြိုဆိုနှုတ်ဆက်တဲ့ ထုံးဓလေ့အရ တစ်ယောက်နဲ့ တစ်ယောက် ဆုံမိတာနဲ့ အပြန်အလှန် လက်အုပ်ချီ နှုတ်ဆက်တာ အကျင့်ဖြစ်နေတယ်ဗျာ။ သို့ပေမယ့် ပဒေသရာဇ် စိတ်ပေါက်နေသူတချို့က သူတို့ကို ပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူလေး တွေက တန်းစီ လက်အုပ်ချီကြိုဆိုတာကို မောက်မာ ယစ်မူးစွာ ခံယူနေကြချိန်ကျတော့ ကျွန်တော့်ရဲ့ ရိုးကျိုးနှိမ့်ချစွာ တစ်ဖက်လူကို လက်အုပ်ချီကြိုဆိုနှုတ်ဆက်တဲ့ အကျင့်ကို တမင် ဖျောက်ဖျက်ပစ်လိုက် ရတယ်ဗျ။

    မင်ဒဲလားပုံနဲ့ ငွေစက္ကူတွေ

    ကိုင်း အခု ငွေစက္ကူပေါ်က ရုပ်ပုံအကြောင်း ပြန်ကောက်ကြဦးစို့ဗျာ။

    တောင်အာဖရိကနိုင်ငံမှာ နိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင် မင်ဒဲလားရဲ့ ရုပ်ပုံ ရိုက်နှိပ်ထားတဲ့ ယူနစ်အသေးဆုံးကနေ အကြီးဆုံးအထိ ငွေစက္ကူများကို ထုတ်ဝေဖြန့်ချိသုံးစွဲသွားဖို့ စီစဉ်နေတယ်ဆိုတဲ့ ဘီဘီစီသတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတဲ့ ဖေဖော်ဝါရီလတုန်းက ကျွန်တော်တို့နိုင်ငံမှာလည်း ဗိုလ်ချုပ်အောင်ဆန်း ပုံနဲ့ ငွေစက္ကူတွေ ပြန်လည် ထုတ်ဝေရင် ဘယ်လောက် ဝမ်းမြောက် ကြည်နူးဖွယ်ဖြစ်လိမ့် မလဲလို့ ရေးခဲ့တယ်ဗျ။

    လွတ်မြောက်ခြင်း ၂၂နှစ်ပြည့်ချိန်

    တောင်အာဖရိကနိုင်ငံမှာ ရာစုနှစ်နဲ့ချီပြီး ကြီးစိုးလွှမ်းမိုးတွင်ကျယ်ခဲ့တဲ့ ]အပါသိုက်}ခေါ် အသားအရောင် ခွဲခြားမှု စနစ်ဆိုးကို ဒူးမထောက် လက်မမြှောက် အလျော့မပေးဘဲ မစေ့စပ်စတမ်း ရွပ်ရွပ်ချွံချွံ ဆန့်ကျင် တိုက်ပွဲ ဝင်ခဲ့မှုကြောင့် ထောင်ထဲမှာ ၂ရ နှစ်နေခဲ့ရတဲ့ မင်ဒဲလားဟာ ၁၉၉ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်။

    သူ ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ၂၂ နှစ် တင်းတင်းပြည့် မြောက်တဲ့နေ့မှာ အဲဒီ ငွေစက္ကူတွေ ထုတ်ဝေဖြန့် ချိမယ့် အစီအစဉ်ကို လက်ရှိသမ္မတ ဂျက်ကော့ ဇူးမားက ထုတ်ဖော် ကြေညာခဲ့တာ ဖြစ်တယ်။

    ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိ

    တောင်အာဖရိကနိုင်ငံက ဒေသခံတိုင်းရင်းသား လူမည်းများအတွက် သာမက ကမ္ဘာတစ်လွှားက လူမည်းများအတွက်ရော ခွဲခြားဖိနှိပ် ဆက်ခံခြင်း ခံနေကြရတဲ့ လူနည်းစု လူမျိုးစုဝင်များအားလုံး လူ့အခွင့်အရေးချိုးဖောက်ခြင်း ခံနေကြရသူ လူသားအားလုံးအတွက်ပါ မီးရှူးတန်ဆောင်တစ်ခုဖြစ်တဲ့ မင်ဒဲလားဟာ ကမ္ဘာ့အကြီးဆုံး အံချော်လွဲမှားမှုတွေထဲက တစ်ခုဖြစ်တဲ့ အသား အရောင် ခွဲခြားမှုစနစ်ဆိုးကို တစ်ဘဝလုံး ပေးဆပ်စတေးပြီး ဆန့်ကျင်တိုက်ခိုက် ခဲ့တဲ့ သူ့ရဲ့လှုပ်ရှားမှုများအတွက် ၁၉၉၃ မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဆွတ်ခူးနိုင်ခဲ့တယ်ဗျာ။

    အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့ခဲ့ပုံ

    နောက်တစ်နှစ် ၁၉၉၄ မှာ ကျင်းပတဲ့နိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ဗင်ဒဲလားဦးဆောင်တဲ့ အာဖရိက အမျိုးသား ကွန်ဂရက် (ဗဃြ) က အဓိကပြိုင်ဘက်လူဖြူတွေရဲ့ ပါတီအပေါ် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တယ်ဗျ။ အခြေခံဥပဒေသစ်အရ သူ့ပါတီက တစ်ပါတီတည်း အစိုးရဖွဲ့နိုင်တဲ့အနေအထားမှာ ရှိခဲ့ပေမယ့် အင်မတန်မှ အမြော်အမြင်ကြီးမားတဲ့ မင်ဒဲလားက လူဖြူတွေပါ ပါဝင်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရဖွဲ့စည်းခဲ့တာကြောင့် သူ့ရဲ့လုပ်ရပ်ကို ကမ္ဘာက အံ့ဩလေးစား ချီးကျူးခဲ့ကြတယ်ဗျ။

    ဒါအပြင် မင်ဒဲလားဟာ သူ့ရဲ့ သမ္မတရာထူး ပထမသက်တမ်းကုန်ဆုံးချိန်မှာ ပြည်သူတွေရဲ့ တစ်ခဲနက်ထောက်ခံမှုကို ဆက်လက် ရရှိနေဆဲဖြစ်ပေမယ့် ဒုတိယရာထူး သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခြင်း မပြုတော့ဘူးဗျ။ အာဏာကို နည်းလမ်းမျိုးစုံသုံးပြီး ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ ကြိုးစားမှုတွေသာ တွင်ကျယ်လွှမ်းမိုးနေတဲ့ တိုက်ကြီးတစ်တိုက်အတွက် အင်မတန်မှ မြင့်မြတ်အဖိုးတန်တဲ့ အစဉ်အလာကောင်းတစ်ခုကို ချထားခဲ့တာပဲ ဖြစ်တယ်ဗျ။

    အနားယူနေပါပြီ

    အခုအချိန်မှာ အသက် ၉၄ နှစ်ရှိနေပြီဖြစ်တဲ့ မင်ဒဲလားဟာ ကျန်းမာရေးလည်း ချို့တဲ့နေပြီဖြစ်တဲ့အတွက် အများပြည်သူ မြင်ကွင်းက နောက်ဆုတ်ပြီး သူ့ရဲ့ဇာတိရွာကလေးမှာ အေးအေးချမ်းချမ်း အနားယူနေပြီဖြစ် တယ်ဗျာ။

    မှတ်လောက်သားလောက်စကား

    မြို့တော် ပရီတိုးရီးယားက ဗဟိုဘဏ်အဆောက်အဦမှာ ပြုလုပ်တဲ့ မင်ဒဲလားရုပ်ပုံပါတဲ့ ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေမယ့်အကြောင်း ထုတ်ပြန်ကြေညာတဲ့ အခမ်းအနားမှာ တောင်အာဖရိက နိုင်ငံရေး လက်ရှိသမ္မတ ဂျက်ကော့ဇူးမား ပြောသွားတဲ့စကားတစ်ခွန်းဟာ တကယ့်ကို မှတ်သား လောက်တယ်ဗျ။

    မင်ဒဲလားအကျဉ်းထောင်က လွတ်မြောက်လာမှုကို { မျှော်လင့်ခြင်း ခေတ်သစ်တစ်ခုရဲ့ နိဒါန်း} အဖြစ် တင်စား ခဲ့တဲ့ ဇူးမားက မင်ဒဲလားရုပ်ပုံပါ ငွေစက္ကူတွေ ထုတ်ဝေမယ့်သူ့အစိုးရရဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး ]]ယခုလို မကြီးကျယ် မခမ်းနားတဲ့ သာမည လုပ်ရပ်ကလေးနဲ့အတူ ကျွန်တော်တို့ တောင်အာဖရိကပြည်သူတွေ က ဟောဒီနိုင်ငံပြည်သူတွေနဲ့ ကမ္ဘာ့လူသားထု တစ်ရပ်လုံးရဲ့ အကျိုးအတွက် စတေးပေးဆပ်ခဲ့တဲ့ ဘဝ တစ်ခုအပေါ် ကျွန်တော်တို့ရဲ့ လေးနက်တဲ့ကျေးဇူးတင်မှု ကို ဖော်ပြကြမှာဖြစ်ပါ တယ်}}လို့ ပြောဆို ခဲ့တာ ဖြစ်တယ်ဗျ။

    ဆိုလိုတာကတော့ မင်ဒဲလားရုပ်ပုံပါတဲ့ ငွေစက္ကူထုတ်ဝေတဲ့ လုပ်ရပ်ဟာ မင်ဒဲလားက တောင်အာဖရိက နိုင်ငံ အပေါ် ပြုခဲ့ဖူးတဲ့ ကျေးဇူးနဲ့ နှိုင်းစာလိုက်ရင် ဘာမှမပြောပလောက်အောင် သေးမွှားသိမ်နုတ်လွန်းလှပါတယ်လို့ ဝန်ခံ ပြောဆိုလိုက်တာဖြစ်တယ်ဗျ။

    နိုင်ငံ့ ဖခင်ကြီးတစ်ဦးအပေါ် နောက်မျိုးဆက် ခေါင်းဆောင်တစ်ဦးက ကျေးဇူးသိစိတ်အပြည့်နဲ့ ပြောဆိုလိုက်တဲ့ စကားမှန်း ပေါ်လွင်ထင်ရှားနေတယ်ဗျာ။

    ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ

    မင်ဒဲလားနဲ့ ငွေစက္ကသစ်သတင်းကို ဖတ်လိုက်ရချိန်နဲ့ မရှေးမနှောင်းမှာ လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ရိုက်နှိပ်ထားတဲ့ ငွေစက္ကူတွေ ထုတ်ဝေဖြန့်ချိသွားဖို့ အစီအစဉ်ရှိမရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းပြီး သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးက အဲသလို အစီအစဉ်မရှိပါဘူးလို့ ပြန်လည်ဖြေကြား သွားတဲ့အကြောင်း သတင်းစာမှာ ဖတ်လိုက်ရတယ်ဗျာ။

    အားလုံးသိကြတဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင်လည်းဖြစ်၊ နိုင်ငံ့လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ရင်း တိုင်းပြည်အတွက် အသက်ကို စတေးပေးဆပ်သွားခဲ့သူ လည်း ဖြစ်တယ် ဆိုတဲ့ အပေါ်မှာ မြန်မာနိုင်ငံသားအားလုံးဟာ တစ်သဘောတည်း ရှိကြပေမယ့် ၁၉၆၂ နောက်ပိုင်း ကာလ တစ်ခု အတွင်း မြန်မာပြည်သူလူထု အများစုကြီးရဲ့ ရင်ထဲမှာ ကသိကအောင့် မကျေမချမ်းဖြစ်စရာလေးတွေ ရှိခဲ့တယ်ဗျ။

    ပြည်သူတွေရဲ့ ရင်ထဲက အသံအစစ်အမှန်ကို နားစွင့်နေရတဲ့ မီဒီယာလောကသားတစ်ဦးအနေနဲ့ ပွင့်ပွင့် လင်းလင်း ပြောရရင် မြန်မာပြည်သူတွေက သူတို့မိဘဘိုးဘွားဘီဘင် အရင်းအချာတွေထက်တောင် ပိုပြီး လေးစားမြတ်နိုးတန်ဖိုးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီနှစ်ငါးဆယ်ကာလ အထူးသဖြင့် ဒီဘက် ၂၄ နှစ်ကာလအတွင်း တမင် ရည်ရွယ်ချက်ရှိရှိ မှေးမှိန်ဖျော့တော့အောင်လုပ်ထားခြင်း ခံနေခဲ့ရတယ်လို့ ခံစားနေခဲ့ကြတာ ဖြစ်တယ်ဗျ။

    ဒီလို ခံစားခဲ့ရတာကလည်း အကြောင်းမဲ့မဟုတ်ဘူး။ အကြောင်းရင်း အလုံအလောက် ရှိတယ်ဗျ။ အထူးသဖြင့် ပါလီမန်ဒိမိုကရေစီခေတ် ၁၉၄၈-၆၂ ကို သိမီလိုက်တဲ့လူကြီးတွေမှာရှိတဲ့ အကြောင်းရင်းက ပိုလို့တောင် လုံလောက်တယ်ဗျ။ ၁၉၆၂ နောက်ပိုင်း ဗိုလ်ချုပ်ရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်းချင်း ဘယ်လိုလျှော့ချ လာခဲ့ကြသလဲဆိုတဲ့အကြောင်း သူတို့က ကောင်းကောင်းရှင်းပြနိုင်ကြတယ်ဗျာ။

    ဧည့်ခန်းထဲ မချိတ်ရဲအောင်

    နိုင်ငံတော်က ဦးစီးကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားတွေကို တစ်ချိန်က နိုင်ငံအကြီးအကဲကိုယ်တိုင် တက်ရောက်ရာကနေ နောက်ပိုင်းမှာ ဝန်ကြီးအဆင့်လောက်သာ တက်ရောက်စေခဲ့တာ အစ၊ အစိုးရ ရုံးဌာန၊ ကျောင်း တွေမှာ စတိ လောက်သာ ကျင်းပလာခဲ့တာ အလယ်၊ ငွေစက္ကူပေါ်မှာ ဗိုလ်ချုပ်ပုံအစား အခြားပုံတွေ ဝင်လာတာ အဆုံး ဗိုလ်ချုပ်ရဲ့အရေးပါမှု ဖျော့မှိန်လာမှုအပေါ် ထုတ်မပြောရဲပေမယ့် ပြည်သူတွေ ရင်ထဲ မသက်မသာ ခံစားလာခဲ့ကြရတာ အဲဒီကာလတွေဖြစ်တယ်ဗျ။

    အခြေအနေ တရွေ့ရွေ့ ပိုဆိုးလာချိန်မှာ ဗိုလ်ချုပ်ပုံကိုတောင် ဧည့်ခန်းမှာ မချိတ်ဝံ့လောက်တဲ့ အထိ ဖြစ်လာပြီး ထောင်ထဲ ဗိုလ်ချုပ်ပုံ သွင်းလာတာကိုတောင် တရားမဝင်ပစ္စည်း ခိုးသွင်းမှုနဲ့ စွဲချက်အတင်ခံရတဲ့အထိ ဖြစ်လာခဲ့တာ အားလုံးအသိဖြစ်တယ်ဗျ။

    အလွဲတစ်ခု ပြန်တည့်သွားပြီ

    ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းပုံရှေ့မှာ ဗိုလ်ချုပ်သမီးနဲ့ သမ္မတကြီးတို့ ကြည်လင်သော အပြုံးကိုယ်စီနဲ့ ရပ်နေကြတဲ့ပုံ သတင်းစာထဲပါလာပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့နိုင်ငံမှာ ရာစုတစ်ဝက်လောက် တည်ရှိနေခဲ့တဲ့ ]အလွဲ}တစ်ခု ပြန်တည့်သွားခဲ့ပြီလို့ ယူဆဖွယ်ရာ ဖြစ်ခဲ့တယ်ဗျာ။

    ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်သူတွေဟာ သူတို့နှစ်ပေါင်းများစွာ လိုလားတောင့်တနေခဲ့ကြတဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်ဆိုတဲ့ သတင်းထက် အဲဒီဓာတ်ပုံကြောင့် ပိုပြီး ]ဟတ်ထိ}သွားခဲ့ကြတာ ဖြစ်တယ်ဗျာ။

    စစ်အစိုးရအဆက်ဆက်နဲ့ ပတ်သက်ပြီး သူတို့ရင်ထဲက မကျေလည်မှုတွေဟာ အဲဒီဓာတ်ပုံကြောင့် အတော်များ တဲ့ အတိုင်းအတာအထိ ပြေလျော့သွားခဲ့တာ ဖြစ်တယ်ဗျာ။

    ဒါကြောင့် ဒီအချက်ကို အလေးအနက်ပြုပြီး နိုင်ငံတော်အစိုးရအနေနဲ့ ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူအသစ်တွေ ထုတ်ဝေခဲ့မယ်ဆိုရင် အစိုးရဟာ ပြည်သူတွေရဲ့ ချစ်ခင်နှစ်သက်မှုကို ထပ်မံရရှိမှာဖြစ်တဲ့အပြင် နိုင်ငံတော် အခုလျှောက်လှမ်းနေတဲ့ လမ်းကြောင်းနဲ့လည်း အံဝင် ခွင်ကျကွက်တိပဲလို့ ကျွန်တော်ကတော့ ယုံကြည်နေ မိတယ်ဗျ။

    အိမ့်သံစဉ်

    maungwuntha@gmail.com

    ၁၄၊ ဝ၆၊ ၂၀၁၂

Leave a Reply