Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဦးကိုကိုလှိုင်အား တောင်းပန်ပါသည်

မောင် ပေJune 10, 20121min72518

ယခုကျွန်တော်ရေးတင်သော ပို ့စ်နှင့်ပတ်သက်ရွေ ့“ The Voice ” ဂျာနယ် Vol.8/No.25 ကို အခြေခံပြီး ရေးထားပါတယ် ။ အပြည့်အဝ ခရက်ဒစ် ပါ ဒီဗွိုက်စ် ဂျာနယ် ခင်ဗျား ။
ပြီးခဲ့သော ၊ သိပ်မကြာသေးခင်အချိန်ကာလ ၊ လျှပ်စစ်မီးမရရှိသည့်အတွက် ပြည်သူားများ ဖယောင်းတိုင်များဖြင့် ဆန္ဒပြခဲ့ပြီးချိန်သကာလ လောက်ကပေါ့ ။ ဂျာနယ်တစ်စောင်တွင် သမ္မတအကြံပေး ဦးကိုကိုလှိုင် ပြောတဲ့စကားနဲ ့ပတ်သက်ပြီး ပြည်သူားတော်တော်များများ ဟာ ဦးကိုကိုလှိုင် ကို ဝိုင်းဝန်းမေတ္တာ ပို ့ကုန်ကြပါတယ် ။ ဖေ့ဘုတ်မှာ ဆို အဆဲကွန်မင့်တွေကို ပလူပျံနေအောင်အထိ အားပေးကြမ်းခဲ့ကြပါတယ် ။ မန်းတလေးဂေဇက်မှာလဲ အဆိုပါအကြောင်းအရာ ကို တင်ခဲ့ကြပြီး ၊ ကျွန်တော် ကိုယ်တိုင် “ သမ္မတပညာပေးလို လူမျိုး ၊ ပညာတတ်ကြီးတစ်ယောက် က ဒီလို ပြောရပါလား ဆိုပြီး ၊ ကလေးဆန်လွန်းပါတယ် ” ဟု မန်းတလေးဂေဇက် က ပို ့စ်တွင် ကွန်မင့် ပေးခဲ့ပါတယ် ။ ထို ့အပြင် မန်းတလေးဂေဇက် က စာဖတ်သူအချို ့လဲ ဦးကိုကိုလှိုင် ကို ကန် ့ကွက် ခဲ့တဲ့ ကွန်မင့်အချို ့ ကို တွေ ့ခဲ့ရပါတယ် ။
ထိုစဉ်တုန်းက ဖော်ပြခဲ့သော ဦးကိုကိုလှိုင်ပြောစကားမှာ
“ အဲဒီတော့ ကျွန်တော် ပြောချင်တာ ၊ တစ်ကယ့် စေတနာ နဲ ့ပြောချင်တာက ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီးမီးလေးပိတ်ထားကြပါ ။ အားလုံးအဆင်ပြေသွားပါမယ် ” …ဟု
အဲဒါရဲ ့ရှေ ့ပိုင်းတုန်းကလဲ မန်းဂေဇက် မှာပါဘဲ ။
“ အဆိုတော် မျိုးကြီး ” က “အမေစု” ကို စော်ကားထားသည် ဟု ဆိုကာ ပို ့စ်တစ်ခု တက်လာပါတယ် ။ အဲဒီတုန်းကတော့ “ အဆိုတော် မျိုးကြီး ” ဆိုသည်မှာ အရင်ကတဲက ကိုယ်ကြိုက်နှစ်သက်အားပေးခဲ့သော နိုင်ငံကျော်အဆိုတော် တစ်ယောက် ဖြစ်သည်ကတစ်ကြောင်း ၊ သူ ့လို တစ်နိုင်ငံအပြည့်နီးပါး ပြည်သူားများ၏ အားပေးမှု ကို ရရှိပြီးနေသူ တစ်ဦးအနေဖြင့် ၊ ကျွန်တော်တို ့တစ်နိုင်ငံလုံး က ချစ်ခင်လေးစားကြသည့် အမေစု ကို စော်ကားသည့်စကားကို လွယ်လွယ်ပြောမှာ မဟုတ်ဘူး ဟု စဉ်းစားမိသည်က တစ်ကြောင်း ၊ အဆိုပါ ပို ့စ်တွင် ကျွန်တော် ကိုယ်တိုင် မဖြစ်နိုင်ပါဘူး ဟုဆိုကာ ကန် ့ကွက်ခဲ့ပါတယ် ။ ပို ့စ်ပိုင်ရှင်ကလဲ ပြန်ခုခံပါတယ် ။ အဆိုပါ ပို ့စ်မှာလဲ နောက်နေ ့တွင် ၊ သူကြီး က
“ “ယနေ့အဆိုတော်မျိုးကြီးgtalk မှာတင်ထားသော custom massage..”
ပို့စ်အား… တဖက်နှင့်တဖက်အထင်မှားအောင်.. (အခြေအမြစ်မရှိ) စွတ်စွဲရေးတင်ထားသည်ဟု.. ယူဆပါသဖြင့်ပိတ်သိမ်းလိုက်ပါကြောင်း… ”
ဟုဆိုကာ ပိတ်သိမ်းလိုက်ပါတယ် ။
သည်နေ ့ ဦးကိုကိုလှိုင် ပြောခဲ့တဲ့ စကားအပြည့်အစုံ ကို ဖတ်လိုက်ရပြီးမှာ စိတ်ထဲမှာ စိတ်မကောင်းဖြစ်ရပါတယ် ။ ဦးကိုကိုလှိုင် ကို တောင်းပန်ချင်စိတ်တွေ ဖြစ်လာမိတယ် ။ အဲ့တုန်းက ဖတ်ခဲ့ရတယ် ဆိုတာကလဲ… ဂျာနယ်မှာကော ၊ ဖေ့ဘုတ်မှာကော က မေတ္တာပို ့ချင်စရာကောင်းတဲ့ အနေအထားလေးဘဲ ကွက်ဖော်ပြခဲ့တာကြောင့် ဖြစ်ပါတယ် ။
The Voice ဂျာနယ်ထဲမှာ ဖော်ပြပေးထားတဲ့ ဦးကိုကိုလှိုင် ပြောကြားခဲ့သော စကားများကို ပြန်လည် ဖော်ပြပေးပြီး ၊ ဒီပို ့စ်ကနေ ဦးကိုကိုလှိုင် ကို တောင်းပန်ပါတယ် ခင်ဗျား ။
ဦးကိုကိုလှိုင် ပြောခဲ့တဲ့ စကားအပြည့်အစုံ ကတော့
“ လျှပ်စစ်မီးကိစ္စပဲဆိုပါတော့ ။ ဥပမာလေးတစ်ခုနဲ ့ပြောပြပါမယ် ။ ဂျပန်မှာ နျူကလီးယား Facility တွေပျက်သွားတယ် ။ အဲဒါနဲ ့ကြောက်လန် ့ပြီးတော့ နျူကလီးယား Plant တွေ အကုန်လုံးပိတ်လိုက်ရတယ် ။ အခု၄ဝကျော်မှာ ၂ခုပဲမောင်းတယ် ။ ဂျပန်နိုင်ငံတွေမှာ မီးမပျက်ဘူး ။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုက ခြိုးခြံချွေတာလို ့။ မလိုတဲ့နေရာမှာ မီးတွေအကုန်ပိတ်တယ် ။ အကုန်လုံးချွေတာတယ် ။ အဲဒီအခါကျတော့ Plant ၄ဝမှာ ၂ခုပဲမောင်းနေတာတောင်မှ မီးမပျက်ဘူး ။ အဲဒီတော့ ကျွန်တော်ပြောချင်တာ ၊ တစ်ကယ့်စေတနာနဲ ့ပြောချင်တာက ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ ။ အားလုံးအဆင်ပြေသွားပါမယ် ” ….. ပါ ။
ဆိုတော့က ၊ ဒါက အခုမှ အပြည့်အစုံ ပြန်ဖတ်ရတာပါ ။ အဲဒီ ဖယောင်းတိုင်တွေနဲ ့ဆန္ဒပြခဲ့ချိန်တုန်း က ဖတ်ခဲ့ရတာက နောက်ဆုံးတစ်ကြောင်းထဲ ပါ ။ နောက်ဆုံးတစ်ကြောင်းထဲ ကိုပဲ ဖတ်ရတာဆိုတော့ ၊ အထင်လွဲခဲ့တာပေါ့ဗျာ ။
ကျွန်တော် ဒီပို ့စ်ကနေ “ သမ္မတ အကြံပေး ဦးကိုကိုလှိုင် ကို တောင်းပန်ပါတယ် ” ခင်ဗျား ။
“ မီဒီယာတွေ ရဲ ့ဖြတ်ညှပ်ကပ် မှုတွေ ကို လဲ တော်တော်လေး ချဉ်သွားပါပြီ ”
………………………………………………..
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

18 comments

  • မဟာရာဇာ အံစာတုံး

    June 10, 2012 at 1:48 pm

    အေးဗျာ ..
    အချို့ မီဒီယာတွေဂလည်း လူတွေ စိတ်ဝင်စားအောင်ဆိုပြီး ..
    ကွက်ကွက် ဖော်ပြတာက ခက်တယ်ဗျ ..
    အချို့ ဆော်ချင်တဲ့ လူတွေကျပြန်တော့လည်း အဲ့လိုပဲ ..
    ကွက်ဖော်ပြလိုက်တာ ..
    အဲ့မှာတင် မြင်ရသလောက်နဲ့ အထင်လွဲကုန်ရော …

    • မောင်ပေ

      June 10, 2012 at 1:56 pm

      အူးဘဇင်း လဲ သိခဲ့ပါတယ် ဖလာ့
      မီဒီယာတိုင်းတော့ မဟုတ်ဖူးပေါ့ ဖလာ့
      အနဲငယ် နဲနဲလေး ပေါ့ ဖလား
      ဒဲ့ ကို တိုက်ခဲ့တာကို သိသာပါတယ် ဖလာ့
      အခုလို အပြည့်အစုံ ကို သိရတော့ ၊ ကိုယ်လဲ ဘုတောခဲ့တယ်ဆိုတော့ အားနာမိပါတယ် ဖလာ့ ။

      • ကိုရင်စည်သူ

        June 10, 2012 at 2:02 pm

        ဟုတ်ပါ့.. မီဒီလာတွေက ဖြတ်ညှပ်ကပ်တွေတော့ ကိုရင်တို့ ကြောက်သွားပါပီ..
        အဲ့စကားကြီးကို ကြားကြားချင်းက စိတ်လွတ်ပြီး ပို့စ်တစ်ပုဒ်တောင်
        တင်ဖူးဒယ်… ဘဲရီးဆောရီးပါ ဦးကိုကိုလှိုင်…
        ဒီလိုအမှန်တရားကို ဖော်ပြပေးတဲ့ ကိုပေ့ကိုလဲ ဘရီးတိုင်းကယူးပါ 🙂
        စော်ကြည်၊ ယူရိုအောင်၊ ကျောက်မှော်အောင်ပါစေဗျာ.. 😉

  • စိန်ဗိုက်ဗိုက်

    June 10, 2012 at 3:21 pm

    များတို ့က သိသိကြီးနဲ ့ ချဲနေဒါ..တိုရင်ပေက မသိလို ့ချဲတာ အပစ်မချိ..

  • ahnyartamar

    June 10, 2012 at 4:12 pm

    လျှပ်စစ်မီးကိစ္စပဲဆိုပါတော့ ။ ဥပမာလေးတစ်ခုနဲ ့ပြောပြပါမယ် ။ ဂျပန်မှာ နျူကလီးယား Facility တွေပျက်သွားတယ် ။ အဲဒါနဲ ့ကြောက်လန် ့ပြီးတော့ နျူကလီးယား Plant တွေ အကုန်လုံးပိတ်လိုက်ရတယ် ။ အခု၄ဝကျော်မှာ ၂ခုပဲမောင်းတယ် ။ ဂျပန်နိုင်ငံတွေမှာ မီးမပျက်ဘူး ။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုက ခြိုးခြံချွေတာလို ့။ မလိုတဲ့နေရာမှာ မီးတွေအကုန်ပိတ်တယ် ။ အကုန်လုံးချွေတာတယ် ။ အဲဒီအခါကျတော့ Plant ၄ဝမှာ ၂ခုပဲမောင်းနေတာတောင်မှ မီးမပျက်ဘူး ။ အဲဒီတော့ ကျွန်တော်ပြောချင်တာ ၊ တစ်ကယ့်စေတနာနဲ ့ပြောချင်တာက ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ ။ အားလုံးအဆင်ပြေသွားပါမယ်

    ကိုကြီးပေရေ…ဦးကိုကိုလိူင်ရဲ့စကားမှာ ဂျပန်နဲ့ ဥပမာပေးပြီးပြောသွားတာကောင်းပါတယ်။ နောက်ပြီး အဲဒီအချိန်တုန်းက ဂျပန်မှာ သဘာဝဘေးအန္တရာယ် အကြီးအကျယ် ကျရောက်နေတာပါ။ ဒါကြောင့် ဂျပန် ပြည်သူလူထုက ခြိုးခြံချွေတာခဲ့တာပါ။ ဒါပေမယ့် ကျတောတို့ဆီမှာက တဆိတ်ရှိ အများပြည်သူကို ပွင့်ပွင့်လင်းလင်းမပြောပဲ သူတို့ (အာဏ နဲ့ တာဝန်ရှိသူ) သဘောနဲ့သူတို့ လုပ်လိုက်ကျတာချည်းပါပဲ။ အခုကိစွမှာလည်း ကျတောတို့ဆီမှာ သဘာဝဘေးအန္တရာယ် ကျရောက်နေတာမဟုတ်ပါဘူး။ Plan B ကောင်းကောင်းမရှိချင်းပါ။

    တစ်ကယ့်စေတနာနဲ ့ပြောချင်တာက ဖယောင်းတိုင်တွေကိုကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ ။ အားလုံးအဆင်ပြေသွားပါမယ်

    သူပြောတာက ဖယောင်းတိုင်မီးကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်တဲ့ သူတွေကို အပြစ်တင်သလိုဖြစ်နေတယ်။
    တကယ်ဆို ဒီထက်ပိုပြီး အပြုသဘောဆောင်တဲ့ စကားမျိုးနဲ့ ပြောင်သင့်ပါတယ်။ သူ (ဦးကိုကိုလိူင်) ဟာ အရပ်စကားနဲ့ပြောရရင် Sunday Talk မှာကတည်းက ပရိတ်သတ်ရှိပြီးသားပါ။

  • ဇောက် ထိုး

    June 10, 2012 at 7:17 pm

    လေးစားပါတယ် ဦးပေ။ လောကမှာ သူများတွေမှားတာကို မြင်ဖို့သိပ်မခက်ဘူး။ ဒါပေမယ့် ကိုယ်မှားတာကို မြင်ဖို့က သိပ်ခက်တယ်။ အတ္တက ကွယ်ထားတယ်ဗျ။ ဒါက ပထမအခက်။ နောက် ကိုယ်မှားသွားတဲ့ကိစ္စကို ထုတ်ဖော်ဝန်ခံဖို့က တော့ သိပ်သိပ်ကိုခက်တယ်ဗျ။ လူတော်တော်များဟာ အမှားတွေကို အမှားတွေထပ်ကျူးလွန်ပြီးဖုံးဖိကြတယ်။
    ဘုရားက ရဟန်းတွေအပြစ်တွေကျူးလွန်ရင် အာပတ်ဖြေရမယ်။ အဲဒီလိုအာပတ်ဖြေ ဒေသနာကြားတယ်ဆိုတာ တကယ်တော့ ဘာမှားမှတ်လဲ။ ကိုယ့်အပြစ်ကိုကိုယ်ဝန်ခံတာပဲ။ ဒါပဲ။
    ဒီနေရာမှာ ကြုံလို့ လေးလေးစားစားထပ်ပြောခဲ့ချင်ပါတယ်။ လောကမှာ ဖြတ်ညပ်ကပ်ဆိုတာတွေဟာ သိပ်ကြောက်စရာကောင်းတယ်။ ဘယ်ဖြတ်ညပ်ကပ်မှ မရိုးသားဘူးလို့ထင်မိတယ်။ ဖြတ်ညပ်ကပ်ဆိုတာ အညစ်ဆုံးနည်းနဲ့ တဖက်လူကို အဆိုးဆုံးဒုက္ခပေးနိုင်တယ်။
    ဥပမာ…. မကြည့်ရ ….ဆိုတဲ့စာလုံးလေးကို… မတစ်လုံးထဲဖြုတ်ကြည့်လိုက်။ ကြည့်ရ ဖြစ်သွားတယ်။ ခံရတဲ့သူတွေမှာလဲ မသက်သာဆုံးပဲ။ ဦးပေကို လေးစားပါတယ်ဗျာ။

  • သားဦး၊မြေးဦး

    June 10, 2012 at 7:40 pm

    လောလောဆယ်တေ့ ဖေ့စ်ဘွခ်စာမျက်နှာထဲက မှူးဇော်
    ကိုတော့ အတော်လေး လေးစားမိပါတယ်။အချိန်နဲ ့တပြေး
    ညီ အလုပ်လုပ် သတင်းထုတ်ပြန်ပေးနိုင်လို ့ပါ။

  • “ဘီလူးကြီး”ogre

    June 10, 2012 at 8:24 pm

    အင်းကောင်းပါလေ့ ကောင်းပါလေ့
    ကျုပ်လဲ မီးပျက်လို့ ဖယောင်းထွန်းပြီး အိမ်ထဲမှာပဲ နေနေ ပါတယ် ဗျာ
    ဒီလူကြီး ဒါကြောင့် သမတ အကြံပေးဖြစ်တာနေမယ်ဗျ…ဟုတ်ရဲ့လား ကိုပေ။။။

    • မောင်ပေ

      June 10, 2012 at 8:33 pm

      မပြောတတ်တော့ပါဘူးဗျာ ။
      ကျုပ်က အခုမှ အပြည့်အစုံ ဖတ်ရလို ့၊ ပြန်ရှဲလိုက်တာပါ ။

  • chityimhtoo

    June 10, 2012 at 10:56 pm

    တောင်းပန်ချင်ရင်လည်းသူသိအောင်သွားတောင်းပန်ပါလားဗျာ။လူတွေဖယောင်းတိုင်ထွန်းတာ အလကား
    တော့မဟုတ်ဘူး။လုပ်သမျှသာတောင်းပန်ရရင် ကျုပ်တို့ တစ်နေ့တစ်နေ့အားမှာမဟုတ်ဘူး

  • surmi

    June 11, 2012 at 12:29 am

    မိတ်ဆွေမီဒီယာဆရာတစ်ဦးကပြောဘူးတယ် ။
    ဖွပေးမှ တဲ. ..။ သိပ်ငြိမ်နေရင် ရောင်းအားမကောင်းဘူး တဲ. …..။
    ခုလဲ ရခိုင်ပြည်နယ်ကသတင်းကို ဦးစားပေးတင်တဲ.ဆိုက်တွေကြည်.ပါလား …ဝင်လို.တောင်မရဘူး ။
    ဆိုတော. ….မီဒီယာသမားက ဈေးကွက်အရနဲနဲတော. ဟော.ဖြစ်အောင်ရေးမယ်ထင်တယ် …။

  • MaMa

    June 11, 2012 at 7:51 am

    ဂျပန်ကိစ္စက နိပွန်မာစတာဂိ ပြန်လာမှ မေးကြည့်ရဦးမယ်။
    သူတို့ရော ဖယောင်းတိုင်ထွန်းပြီး နေကြသလားလို့။

  • blackchaw

    June 11, 2012 at 8:23 am

    ကျွန်တော့်အမြင်လေး ပြောပါရစေ ကိုပေရေ။
    ဘယ်လိုကိစ္စပဲဖြစ်ဖြစ်

    အမှန်ပြောပေမယ့်
    အပြောမှန်ဖို့ လိုပါတယ် ခင်ဗျာ။

    အခုကိစ္စက ဦးကိုကိုလှိုင်ဟာ ဂျပန်ပြည်သူတွေကို နမူနာယူဖို့
    အမှန်ပြောပေမယ့် ပြောပုံပြောနည်း နည်းနည်းလေး လွဲသွားတယ်လို့ ယူဆမိပါတယ်။
    ဒါကြောင့် ဒီကိစ္စမှာ
    ခင်ဗျားလည်း မမှားပါဘူး။
    ဝိုင်းဆဲကြသူတွေလည်း မမှားပါဘူး။
    အမှန်ပြောပေမယ့် အပြောမမှန်တဲ့ ဦးကိုကိုလှိုင် မှာသာ အနည်းငယ် (မဆိုစလောက် အနည်းငယ်)
    တာဝန်ရှိတယ်လို့ ချင့်ချင့်ချိန်ချိန် ဝင်ပြောပါရစေခင်ဗျာ။
    အဲဒီလိုစကားမျိုး
    ဂီဂီလည်း ပြောခဲ့ဘူးပါတယ်။
    ဂျပန်မှာ သဘာဝဘေးအန္တရာယ်တွေကြောင့် လျှပ်စစ်မီး မလုံလောက်တဲ့အခါ
    ဂျပန်ပြည်သူတွေအားလုံးဟာ ကိုယ့်အသိစိတ်နဲ့ကိုယ်
    မီးအသုံးကို လျှော့ချကြပြီး ဝေငှသုံးစွဲကြတယ်ဆိုတာလေး
    ဂီဂီပြောပြဘူးပါတယ်။
    ဂီဂီ ပြောတုန်းက ချိုချိုသာသာ ပြေပြေပြစ်ပြစ်နဲ့ နားထဲတန်းရောက်ခဲ့ပါတယ်။
    (အင်း … ဂီဂီ မရှိတုန်း မြှောက်ပေးနေမိပြန်ပါပြီ)
    ကျွန်တော်တို့ ပြည်သူတွေလည်း အတုယူသင့်တယ်လို့ ပြောဘူးပါတယ်။
    ဦးကိုကိုလှိုင် ပြောချင်တာနဲ့ ဂီဂီ ပြောချင်တာ အတူတူပါပဲ။
    ဒါပေမယ့် …. ဘယ်သူပဲ ပြောပြော အပြောမှန်ရင် နားထဲရောက်ပြီး
    လိုက်နာချင်စိတ်ပေါက်မှာပါပဲ။
    အပြောမမှန်ရင်တော့ အခုလိုပဲ ဝိုင်းဆဲကြမှာပါပဲ။
    ဘာပဲဖြစ်ဖြစ် ဦးကိုကိုလှိုင်စကားမှာ စေတနာပါတယ် ဆိုတာကိုတော့ ကျွန်တော် မြင်နိုင်ပါကြောင်း…။
    လေးလေးစားစား
    ဘလက်။

  • ကြောင်ကြီး

    June 11, 2012 at 8:40 am

    လူမိုက်အားပေး လုပ်လို့ကပေရယ်..။ 🙄

  • wathanmin

    June 11, 2012 at 10:00 am

    တစ်ကယ့်စေတနာနဲ ့ပြောချင်တာက ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ ။ အားလုံးအဆင်ပြေသွားပါမယ် ” ….. ပါ ။

    ပြည်သူလူထုက လျှပ်စစ်မီးကို အလင်းရောင်ရဖို့တစ်ခုတည်းကို သာအသုံးပြုနေတယ်လို့ သမ္မတအကြံပေး ဦးကိုကိုလှိုင်ရဲ့ အသိမှာ ရှိနေတာကိုက အံ့ဩစရာပါ။
    မီးမလာရင် ဖယောင်းတိုင်ထွန်းပြီးနေလို့ ပြောတာက သမ္မတအကြံပေး ပြောမှ သိရမယ့်
    ကိစ္စမှမဟုတ်တာ။လျှပ်စစ်မီးမရရင် ဖယောင်းတိုက်ထွန်းရုံနဲ့ မပြေလည်သွားတဲ့
    ဒါ့ထက်မကသောဒုက္ခတွေရှိနေတာကြောင့်မြန်မာ ပြည်သူတွေက ဒီလောက်ပြောနေကြရတာပါ။
    ဥပမာလေးတစ်ခု—မီးမလာလို့ရေမတင်ရတဲ့ဒုက္ခ ( ဖယောင်းတိုင်နဲ့ရေတင်လို့မရပါ။)
    ဒါက အကြီးမားဆုံးဒုက္ခတစ်ခုဆိုတာ ကြုံဖူးသူတိုင်း၊ ကြုံနေရသူတိုင်း သိပေမယ့် ဦးကိုကိုလှိုင်
    ကတော့ ဒီဒုက္ခကို မခံစားဖူးလောက်ပါဘူး။
    လျှပ်စစ်မီးမရရင် ဒီ့ထက်မကသော ဒုက္ခပေါင်းစာစီပြလို့မကုန်တဲ့အတွက် ဖယောင်းထွန်းရုံနဲ့
    မလုံလောက်တဲ့အကြောင်းနဲ့နောက်ကို ဒီ့ထက်ကောင်းသောအကြံဉာဏ်ကို ပေးဖို့နဲ့ မပေးတက်
    ရင်လည်း ပါးစပ်လေးပိတ်ပြီးနေလိုက်ပါလို့။
    ပြည်သူတွေရဲ့ရင်ထဲမှာ ပြောချင်တဲ့စကားကို မပြောရ၊ ပြောခွင့်ရတဲ့သူတွေက ပုံစံမကျတဲ့
    ကိုယ်ချင်းမစာတဲ့စကားတွေကိုတော့နောက်ကို မပြောဖြစ်ဖို့ စဉ်းစားပြီးပြောပါလို့။
    အားလုံးအဆင်မပြေပါဘူးလို့

  • kyeemite

    June 11, 2012 at 10:30 am

    မှန်တယ်..ရဲဘော်ဘလက်ပြောသလိုဘဲ..
    အမှန်ပြောပေမယ့်
    အပြောမှန်ဖို့ လိုပါတယ် ခင်ဗျာ။
    ဒီကိစ္စမှာ ကိုပေအပါအဝင် ဆဲသူတွေမမှားခဲ့ပါဘူး
    လို့ထင်ပါသည်ခင်ဗျား။

  • SkyHeart WinKo

    June 11, 2012 at 4:03 pm

    အများအတွက် ကိုယ့်ငွေ၊ကိုယ့်ချွှေး၊ကိုယ့်သွှေးနှင့် လက်တွေ့မင်းကိုယ်တိုင်လုပ်ခဲ့လျှင် အားလုံးကိုစိက်ဆိုးမိမှာပါ။
    မိုက်တစ်လုံးနိုင်ငံရေးသမားနှင့် YCDC သိစေရန်ကို ဖွင့်ကြည့်စေချင်ပါတယ်။

  • Phaung Phaung

    June 11, 2012 at 4:37 pm

    အူးမောင်ပေရေ…ဦးကိုကိုလှိုင်ပြောတဲ့စကားအပြည့်အစုံကို အစောကထဲကသိပါတယ်။ ဒါပေသည့် နောက်ဆုံး
    တကယ့်စေတနာနဲ့ပြောချင်တာကဆိုတဲ့ စာကြောင်းကိုတော့ ဘဝင်မကျတာအမှန်ပါပဲ။
    သူပြောသလို ပြည်သူကချွေတာသုံးစွဲပြီး ကူညီဖို့လိုအပ်တာမှန်ပါတယ်။ ဒါပေမယ့် “ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေးတွေပိတ်ထားလိုက်ပါ ” လို့ပြောမယ့်အစား ပြည်သူလူထုအနေနဲ့ သည်းခံ
    ပေးဖို့ ဒီထက့်ကောင်းတဲ့စကားလုံးတွေရွေးသုံးရင် ပိုသင့်တော်မှာပါ။ အခုတော့ ဆန္ဒဖော်ထုတ်သူတွေကို ရင့်တာရော/ရိတာရော ပါနေသလိုပါပဲ။ စကားလုံးအရွေးမှားသွားတာပါ။
    ပြည်သူတွေ အမှောင်ညတွေကို ဖယောင်းတိုင်ထွန်းပြီး သည်းခံနေခဲ့ကြတာ ကြာပါပြီ……….။

Leave a Reply