Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗိုက်ကလေးကို မွေးတဲ့နေ့

black chawJune 12, 20121min165076

မန္တလေး ဂဇက်မှ မိဘပြည်သူ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ ရှင်… အဲ….ခင်ဗျာ။
ဟေးဟေး… ဒီတစ်ခါလည်း skynet ရဲ့ နှုတ်ခွန်းဆက် စတိုင်အသစ်လေးနဲ့ နှုတ်ခွန်းဆက်သလိုက်တာပါ။
ဒီနေ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ဟာ ကျွန်ုပ်တို့ ရွာကြီး၏ ဆယ်လစ်ဗျစ်တီ စာရင်းဝင် ဗိုက်ကလေး (ခေါ်) စိန်ဗိုက်ဗိုက် (ခေါ်) ပေါက်စိန်ဗိုက် (ခေါ်) ပေါက်ဖေါ် ၏ (–) နှစ်မြောက် မွေးနေ့မင်္ဂလာဖြစ်ကြောင်း ရွှေတိဂုံဘုရား ရင်ပြင်ထက်မှ သတင်းထောက်တစ်ယောက်က သတင်းပေးပို့သွားပါသည်။ ဟဲဟဲ…မွေးနေ့ရှင် ကိုယ်တိုင်က သတင်းထောက်ဖြစ်နေတာပါဗျာ။ ပေါ့ပေါ့ပါးပါး လေးလေးနက်နက် ရှိလှသော ချဉ်ငံစပ် ကွန်းမန့်လေးများဖြင့် ကျွန်ုပ်တို့ ရွာသူားအပေါင်းအား စိတ်အညောင်းအညာပြေစေခဲ့သော မွေးနေ့ရှင် ပေါက်ဖေါ်အတွက် မွေးနေ့ဆုတောင်းလေးများ ချီးမြှင့်ကြပါရန် အကျိုးမျှော်လျက် နှိုးဆော်လိုက်ရပါသည် တမုံ့တကားတည်း။
မွေးနေ့ရှင် ပေါက်ဖေါ်တစ်ယောက် ဆော်ကြည် ထီပေါက်ပြီး နိဗ္ဗာန်ကို အမြန်ဆုံးရောက်ရပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ မွေးနေ့လက်ဆောင်အဖြစ် ဘီအီးတစ်သေတ္တာ ပေးပို့လိုက်ပါမည်။
ပျော်ပျော်ရွှင်ရွှင်
ဘလက်

76 comments

  • Azzurri

    June 12, 2012 at 1:24 pm

    ဗျို့ …ကိုဗိုက်ခ်
    ဟက်ပီးဘတ်ဒေးဗျာ…
    ညကျမှ ၂ပိုင့်လောက် ကစ်ပီး ချီးယားစ် တော့မယ်..
    😀

  • ဦးဦးပါလေရာ

    June 12, 2012 at 1:26 pm

    အဲဒါကြောင့် မနေ့ကတည်းက ပျောက်နေပါတယ်မှတ်တာ

    သူ့မွေးနေ့ ကျွေးရမွေးရမှာကြောက်လို့ တဆိုင်ဆိုင်မှာ တကိုယ်တော်ကျင်းပနေတာဖြစ်မယ်..။

    ယနေ့မှစ အသက်၁၂ဝတိုင် ဘယ်လောက်သောက်သောက် မမူးပါစေသတည်း…. 😀

    • ဦးဦးပါလေရာ

      June 12, 2012 at 1:39 pm

      ဟင်…
      အဲလိုဆုတောင်းရင် အကြွေးတွေ အရမ်းတင်ကုန်မှာပေါ့..
      ပြန်ပြင်မယ်… ပြန်ပြင်မယ်…

      ယနေ့မှစ အသက်၁၂ဝတိုင် ဘယ်လောက်မူးမူး အိမ်ပြန်ရောက်ပါစေသတည်း…..
      သူ့အိမ်ကိုလဲ အရူးမက ဘယ်တော့မှ မမှတ်မိတော့ပါစေသတည်း….

    • စိန်ဗိုက်ဗိုက်

      June 13, 2012 at 7:45 pm

      မှတ်မိချင်တဲ့အခါ မှတ်မိပြီး မမှတ်မိချင်တဲ့အခါ မမှတ်မိပါစေနှင့် သတည်း..

  • ညလေး

    June 12, 2012 at 1:28 pm

    ဦးဗို်က်ရယ်……..“ပျော်ရွှင်ဖွယ်ကောင်းသောမွေးနေ”.ဖြစ်ပါစေနော်…….
    ဦးဦးဖျားဖျား ပြောပေးထှာ…….ဘာကျွေးမှာလဲ
    မုန်.ဟင်းခါးလေးတော့ လုပ်ပါနော်…..

  • Ma Ei

    June 12, 2012 at 1:29 pm

    ဗိုက်ကလေးရေ…
    မွေးနေ့တစ်ရာတိုင်
    ကောင်းကျိုးလိုရာဆန္ဒပြည့်စုံပါစေကြောင်း
    ဆုမွန်တောင်းပေးပါတယ်…

  • စနေ

    June 12, 2012 at 1:30 pm

    စိန်ဗိုက်ပေါက်လေး ……
    မွေးနေ့မှာ ပျော်ရွှင်ပါစေ ….. 😀

  • Shwe Ei

    June 12, 2012 at 1:31 pm

    ဘာမုန့်မှမကျွေးဘဲနဲ့ မွေးနေ့ဆုတောင်းဘယ်လိုပြောရပါ့။
    မွေးနေ့မှာဖြစ်ချင်တာဖြစ်ပါစေ ပေါက်စိန်ဗိုက်ရေ 😀

  • အရင့်ရောင်

    June 12, 2012 at 1:35 pm

    ယနေ့မှစပြီး
    ဆန္ဒနဲ့ဘဝ တစ်ထပ်တည်း
    တစ်သားတည်းကျပါစေကြောင်း
    ဆုတောင်းပဏ္ဍာခြွေလိုက်ပါသည်………
    ခင်တဲ့
    အရင့်ရောင်

  • Azzurri

    June 12, 2012 at 1:36 pm

    ကိုဗိုက်တော့ ..အတော် မျက်ခုံးလှုပ်နေလောက်ပီထင့်..

    ဘယ့်နှယ့် ဆုတောင်းတယ်လည်း ပြောသေးတယ်
    နိဗ္ဗာန် မြန်မြန် ကြွခိုင်းတဲ့လူနဲ့ ..မုန့်ဟင်းခါးစားချင်တဲ့လူ နဲ့..
    ရှေ့ လူက ၁၂ဝ ပါဆို နောက်ကနေ ၁၀ဝ ဆိုပီး အနှစ်၂ဝ
    ဖြတ်ချ တဲ့လူနဲ့ …
    😀
    အာ.. ဟိ…
    အရဂါး စတာပါဗျာ ..
    သည်နေ့ မွေးနေ့ ဆိုရင်တော့ ကျုပ်ရှာကြည့်တာ…
    အင်တာ ရှေ့တန်း က ဒီယေဂို မီလီတို နဲ့
    မွေးနေ့တူ ဖြစ်ပါဂျောင်း

    လက်ချောင် ပါးလိုက်ပါရဇေ…

    • Ma Ei

      June 12, 2012 at 1:55 pm

      မောင်ဂီရေ…
      မြန်မာပြည် သက်တမ်းနဲ့ တစ်ရာဆို များတောင်နေသေးကွယ်…
      အသောက်သမားများအတွက် တစ်ရာတိုင်နေဘို့ခက်ပါမယ်…
      ဒါကြောင့်..
      မွေးနေ့တစ်ရာတိုင်
      ကောင်းကျိုးလိုရာဆန္ဒပြည့်စုံပါစေကြောင်း
      စိတ်ရင်းစေတနာမှန်နဲ့
      ဆုမွန်တောင်းပေးထားတာပါ…
      အပြောင်အပျက် မလုပ်လိုက်ပါနဲ့ကွယ်…

  • etone

    June 12, 2012 at 1:46 pm

    ဗိုက်ကလေး ဗိုက်ကြီးထဲက ထွက်တဲ့ အမှတ်တရနေ့လေးပဲ ……….. ။ :mrgreen:

    ဗိုက်ကလေးရေ … မွေးနေ့မှစလို့ နှစ်တရာတိုင်အောင် … ကျန်းမာ ၊ပျော်ရွင်ခြင်းတွေနဲ့ ပြည့်စုံပါစေနော် … ။
    ပုလင်းလည်း မပျောက် ၊ ခေါင်းလည်း မနောက်ပဲ .. သောက်နိုင်ပါစေလို့ ……. ဆုတောင်းရင်းးးးးးးးးးးးးးး 😀

  • blackchaw

    June 12, 2012 at 1:56 pm

    နေ့တွက်တော့ ကိုက်ပြီ ဗိုက်ကလေးရေ…။
    ဒီခေတ်ထဲ ဒီလိုပဲ ရှာကြံလုပ်ကိုင်စားသောက်နေရတာပါပဲကွယ်။
    ပို့စ် အတွက် စာလေး ၁ဝ ကြောင်းလောက်ရေးတာက ၃ဝ ။
    အခုကွန်းမန့်လိုလို ဘာလိုလိုဝင်ရေးတာက ၁ဝ ။
    တခြား နင့်ကို ချစ်ကြခင်ကြသူတွေက ဝင်ရေးကြမှာက တစ်ယောက်ကို နှစ်ပွိုင့်နှုန်းနဲ့
    လူ ၅ဝ ပဲထား.. တစ်ရာ၊ ဒီထက်ပိုရေးကြရင် ပိုတွက်ခြေကိုက် ဟေးဟေး။
    စီးပွားရှာတယ်ဆိုတာ အဲဒါ…။
    :mrgreen:

    • Khaing Khaing

      June 12, 2012 at 2:00 pm

      ဗျာကို့ …… ဗျာကို့ ဟိုဘက်ပို့စ်မှာပြောတုန်းက ၆ ကျပ်ပဲရမှာဆို ခုတော့ ၁ဝ ဖြစ်သွားပလား အညိုးညိုးပဲ …… လူဇိုး

      • etone

        June 12, 2012 at 4:02 pm

        ဝေးးးးးးးးးးး လေးဘလက် … မွေးနေ့ဘယ်နေ့ တုန်း … ။
        မမခိုင် ၊ ရွှေတိုက် ၊ မရို့စ် ၊ ကိုသူရ ၊ ကိုကြောင်ဖက်၊ ကိုမတ် … သူတို့မွေးနေ့တွေ ဖေ့စ်ဘွခ်ထဲက ကူးပြီးမှတ်ထားရမယ် …… ။ ကြုံတုန်းလေး …… ခွိခွိ 😛

        • Khaing Khaing

          June 13, 2012 at 3:10 pm

          အဟား မမတုံ သများမွေးနေ့က ဒီဇင်ဘာလ ရက်ကတော့ ဖွဘုတ်က ရက်နဲ့မတူဘူး …. ခစ်ခစ် မွေးနေ့အမှန်ကိုဘယ်မှာမှ မကြေငြာပါဘူး လက်ဆောင်တွေရမှာစိုးလို့ပါ …….(ကြုံကြွား)

  • Khaing Khaing

    June 12, 2012 at 1:58 pm

    အူးအူးဗိုက်ရေ ဟက်ပီးဘတ်ဒေးပါ ……… အော် ငါတို့နှယ် သူ့ကိုသာဒီကနေ မွေးနေ့ဆုတောင်းတွေတောင်းပေးနေ တာ သူကအခုချိန်ဆို သူ့စကီလေးနဲ့ ဘယ်နေရာမှာများနှပ်နေလဲမသိ ပျော်နေမှာပေ့ါ ……. ဒီရွာထဲ တောင်းပေးလိုက်ရတဲ့မွေးနေ့ဆုတောင်း ဘူမှလည်းမုန့်မဝယ်ကျွေးဘူး တန်ဘူးအေ …..

    မွေးနေ့မှသည် နောင်နှစ်ပေါင်းရာကျော် ပုလင်းလေးနဲ့အတူ ပျော်ရွင်စွာ ပေါင်းသင်းပျော်ရွှင်နိုင်ပါစေလို့ …. မုန်ဝယ်ကျွေး ဒါပဲ ……

  • myanmarcitizen

    June 12, 2012 at 2:01 pm

    ဒါဆို အူးဗိုက် နဲ့ ကျွန်တော်နဲ့ကမွေးနေ့တူတာပေါ့။ ကျွန်တော့မွေးနေ့လဲ ဒီနေ့ပဲဗျ။ ခုနှစ်တော့ဘယ်တော့မှပြောဘူးရယ် သတ်ရင်သတ်လိုက် 🙂 ။ အူးဗိုက် ကျမ်းမာပါစေဗျား။ ဆုတောင်းပေးလိုက်ပါတယ်။

    • etone

      June 12, 2012 at 4:12 pm

      myanmarcitizenရေ.. ဒီပို့စ်နဲ့တော့ မဆိုင်ပေမယ့် …… ကျွန်မသိချင်စိတ်ပြင်းပျနေတာကြာပြီ ..
      မအောင့်နိုင်လို့ … ရေးမိပါတယ် … အမှားပါက ခွင့်လွှတ်ပါနော် …….. ။
      ယောကျာ်းလေးရေးတဲ့ အသုံးနှုန်းတွေရေးထားပေးမယ့် …. အကောင့်စလုပ်တုန်းက မိန်းကလေးဆိုပြီးမှတ်ခဲ့တယ်ထင်တယ် .. ။ အရုပ်ပုံက … မိန်းကလေးပုံဖြစ်နေလို့ …… ဟီး ။ 😀

      • myanmarcitizen

        June 13, 2012 at 3:09 pm

        ဟင် … တုန်လေးတို့ကလဲ မေ့တပ်လိုက်တာနှော်။ များ … ကိုပဲ လာလာပြီးတော့မေးနေတော့တာပဲ။ ယောက်ကျားပါ စိုနေ။ ဟွန့် နောက်တစ်ခါဆို ချိတ်ချိုးလိုက် တော့မှာ။ အရုပ်ပုံက မိန်းကလေးပုံလား .. သတိတောင်မထားမိဘူး။ ရပါတယ်ဗျ အမှားလဲမပါပါဘူး။ သိချင်လို့မေးတာပဲ။

        ဒီမှာ တစ်ခါဖြေထားပါတယ် တုန်လေး ရေ….
        http://myanmargazette.net/87662/uncategorized-other/copypaste

  • blackchaw

    June 12, 2012 at 2:08 pm

    အော် ပုံသေကားချ မှတ်ထားတော့တာကိုး။
    ကဲ … ကြည့်ကြည့် ဟောဒီမှာ သူကြီးရဲ့ တရားဝင် ကွန်းမန့် ဖတ်ကြည့်ပါဦးဗျာ။

    kai says:
    ပွိုင့်ပေးစနစ် တို့ထိလိုက်ကြောင်း..
    ၁၀/၂ ပြန်ဖြစ်သွားကြောင်း..
    ဒါပေမဲ့.. ပို့စ်တခုမှာ ကော်မန့်တခုပဲ.. ၁ဝရတော့မှာဖြစ်ကြောင်း…
    ကျန်တာ.. ပို့စ်ရှင်ဆီ.. သွားမှာဖြစ်ကြောင်း….

    အဲဒါ….။ :mrgreen:
    မေ့တော့မလို့ myanmarcitizen ရဲ့ မွေးနေ့အတွက်လည်း ဆုတောင်းပေးပါတယ်ဗျာ။
    ဆော်ကြည်ထီပေါက် နိဗ္ဗာန် ရောက်ပါစေ ပေါ့…။
    :mrgreen:

    • စိန်ဗိုက်ဗိုက်

      June 13, 2012 at 7:48 pm

      ဟမလေး သဂျီးရဲ့
      အလာကောင်းပေမဲ့ အခါနှောင်းသွားပါပကောလားဗျာ..

  • Mon Kit

    June 12, 2012 at 2:13 pm

    ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ ဦးဗိုက်လေး..
    တောင့်တသမျှ…. မကြောင့်မကြဘဲ… ရယူနိုင်ပါစေလို့…. 😛

  • water-melon

    June 12, 2012 at 2:16 pm

    မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ
    ချစ်သူလေးနဲ့ပျော်ရွှင်နိုင်ပြီး
    ဘေဘီဗိုက်ကလေးတွေမွေးနိုင်ပါစေ
    ဘီအီးများများသောက်နိုင်ပါစေ
    ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်ပါစေ
    ဆုတောင်းပေးပါတယ်
    နောက်နှစ်ပေါင်းများစွာ ဂေဇတ်ရွာတွင် လှုပ်နိုင် မူးနိုင်ပါစေ

  • မောင်ပေ

    June 12, 2012 at 2:17 pm

    အေးဗျာ…
    ဘာလိုလိုနဲ ့သူတောင် တစ်နှစ်ထပ်အိုသွားရှာပေါ့
    ဟက်ပီ ဘက်ဒေး ပါ ကပေါက်ဖော်ရေ
    ဘဘလက် ကောင်းမှုနဲ ့မွေးနေ ့ဆိုတာကို သိလိုက်ရပါတယ် ။

  • Davit

    June 12, 2012 at 2:20 pm

    မြောင်းတစ်ကာ ကိုဗိုက်….. ဟက်ပီဘက်ဒေးရယ်ဗျာ…………………

  • Crystalline

    June 12, 2012 at 2:20 pm

    ဗျို့………….ဦးဗိုက်
    မွေးနေ့လက်ဆောင်လာပေးတာရှင့်…..ဟင်…မွေးနေ့ရှင်လည်းရှိဘူး… ထားခဲ့ရမှာစိတ်မချလို့ သူများလက်ဆောင်ယူလာပေးတဲ့ ဘီလူးလေဗယ်ကြီးပြန်ယူသွားတယ်…ဒါပဲ..

  • amatmin

    June 12, 2012 at 2:24 pm

    ကိုရင်ပေါက်ဖော်ရေ..
    မင်္ဂလာရှိသောမွေးနေ့ဖြစ်ပါစေ ..ဗျာ.
    ဒါထက်..ဟိုရက်ပိုင်းလေးကတင် ခင်ဗျား ပြောထားပါတယ်..
    ဘီအီးမသောက်ဖြစ်ကြတာ အတော်ကြာနေပီဆို.. 🙂

  • PaLote Tote

    June 12, 2012 at 2:24 pm

    မွးနေ့မှစပြီး ကြုံတိုုင်းရွာမှ အပျိုလေး၊ အပျိုလတ် ၊ အပျိုကြီးများ ၏ အချစ်ကို ဗိုက်ကလေး ပြန်ရပါစေ ။

  • MaMa

    June 12, 2012 at 2:29 pm

    ဗိုက်ကလေးမှ ဗိုက်ကြီး ဖြစ်လာပါစေ။
    (ကြီးပွားတိုးတက်လာတာကို ပြောတာပါ)

    ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပြီး
    သူများကိုလည်း စ နောက်နိုင်ပါစေ။

    ကြပ်ပေး အဲ- မှားလို့ ကြယ်တစ်ပွင့်ပေးထားတဲ့ ကျေးဇူးကလည်း ရှိနေတော့
    မွေးနေ့ရှင်ကို ဘာကျွေးရင်ကောင်းမလဲ စဉ်းစားနေပါတယ်။

    အဖတ်ကျွေးရင် ဂေါက်မယ်။
    အရည်တိုက်ရင်လည်း မှောက်မယ်။

    အဲဒီတော့ စေတနာအပြည့်နဲ့ ဘာမှ မကျွေးပဲ ပြန်ထွက်သွားပါတယ်။

    ဟေ့ လူ- ခင်ဗျားကို စိတ်ကူးနဲ့ ကျွေးဖို့ စဉ်းစားလို်က်ရတာ မောသွားပြီ။
    အအေးသွားသောက်ဖို့ ပိုက်ဆံချေးပေးဘာာာာာာာာာာာာာာာ 😆

  • blackchaw

    June 12, 2012 at 2:29 pm

    ဘီအီး မသောက်ဖြစ်တာကြာရင်
    ညနေ
    ဘီလူး လေဘယ် တစ်လုံးဆွဲထားတယ်။
    ထောက်ကြံ့က ထုတ်တဲ့ ဘီလူး တံဆိပ် တောအရက်ကို ပြောတာပါ…။
    :mrgreen:

  • shwe kyi

    June 12, 2012 at 2:29 pm

    ဦးဗိုက်ရော myanmarcitizenပါ ပျော်ရွင်သောမွေးနေ့ဖြစ်ပါစေ။ ကျန်းမာရွှင်လန်းပါစေ။

  • captainamerica

    June 12, 2012 at 2:32 pm

    ကိုချောက ဘီအီးတစ်သေတ္တာမွေးနေ.လက်ဆောင်ဆိုတော့ ကျွန်တော်က မွေးနေ.လက်ဆောင်
    အဖြစ်အမြည်း မိုးနတ်သူဇာ အထုပ် ၂ဝလက်ဆောင်ပေးလိုက်ပါတယ်။မွေးနေ.မှာပျော်ပျော်ကြီးသုံးဆောင်
    ပါလေ :mrgreen:

  • manawphyulay

    June 12, 2012 at 2:34 pm

    ဒီတိုင်း ဆုတောင်းပေးလို့ရမလဲ။ ကဲ ဗိုက်ကလေးရေ… ဆုတောင်းပြည့်အောင်အတွက် ပွဲလေးတစ်ပွဲတော့ လုပ်ပေးသင့်တယ်နော်။ ဒါနဲ့ အသက်ဘယ်လောက်ပြည့်တာလဲ ပြောပြဦးလေ.. ပျော်ရွှင်စွာနဲ့ လိုအင်ဆန္ဒများ မတောင်းမတပဲ ပြည့်စံပြီး ဘဝများစွာ ဖြတ်သန်းနိုင်ပါစေ…

  • mayjuly

    June 12, 2012 at 2:35 pm

    ပေါက်စိန်ဗိုက် (ခ) စိန်ပေါက်ပေါက် (ခ) ……. (ခ)…….. (ခ) …….
    ဥူးဗိုက် ရေ….
    ” Happy Birthday ” ပါ …
    ယခုမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွား စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ….
    စိတ်သွားတိုင်းကိုယ်ပါ… တောင်းတတိုင်း ပြည့်စုံ … ထီထိုးတိုင်းပေါက် ….
    ဆုတောင်းတိုင်း ရောက် (နိဗာန်)…. ကောင်းခြင်းဝေဖျာ အရာရာ …
    အားလုံးအားလုံးသော ဆန္ဒတွေနဲ့ ပြီးပြည့်စုံပါစေ … 😛

  • marblecommet

    June 12, 2012 at 2:59 pm

    ကိုဗိုက်
    မွေးနေ့ရောက်ပြန်ပြီပေါ့…
    ထူးထွေတော့ပြောတော့ဘူးနော်..
    သမာဓိနှစ်ဆတိုးပါစေ..
    ဒလောက်ပါပဲ..
    …….
    နောက်တစ်ခုက
    နင့်ဘာနင် စေတနာရှိရှိ….မရှိရှိ
    နာ ဒီနေ့ မအားလို့….
    ဒီနေ့အတွက် နောက်နေ့ နင့်ကို
    အကြွေးမှတ်ထားတယ်….ဒါဗဲ..
    လစ်ပျီ……ဝှစ်…..ဝှစ်…

  • Thel Nu Aye

    June 12, 2012 at 3:01 pm

    ဒေါ်စိန်ပေါက်ဗိုက်
    ယနေ့မှစ မွေးနေ့နှစ် ၁၀ဝ တိုင်ပါစေ။ စိတ်သွားတိုင်းကိုယ်ပါလိုရာ ဆန္ဒများပြည့်နိုင်ပါစေ။ သောက်တိုင်းလဲ မူးပါစေ။ ပိုက်ဆံကုန်မှာစိုးလို့ပါ။

    ခင်မင်မှု့များစွာဖြင့်
    အူးလေး သဲနုအေး

  • မွန်မွန်

    June 12, 2012 at 3:16 pm

    တွတ်ပီယောက်ဖ…
    မွေးနေ့မှစပြီး မသေမချင်း အသက်ရှင်သရွေ့ ချန်းမပီးပါစေနဲ့…။ တစ်ခါပီးလိုက်တာနဲ့ ရွာထဲမှာ နံလွန်းလို့…
    😛

  • koko thant

    June 12, 2012 at 3:36 pm

    ဦးဗိုက်ကလေး နောင်နှစ်ပေါင်းတစ်ရာတိုင်ကျန်းမာပါစေ

  • koko thant

    June 12, 2012 at 3:37 pm

    ကျနော်ကအသင်းသားအသစ်တစ်ဦးပါဦးဗိုက်

  • Shwe Tike Soe

    June 12, 2012 at 3:54 pm

    ယနေ.မှစ နှစ်တရာတိုင်.. ပုလင်းတရာကိုင်ပြီး
    အလင်းသာထိုင်….ပျင်းရာဆိုင်
    ပြောင်းကာထိုင်ကာ သောက်နိုင်ပါစေကြောင်းးးးးးးးးး ဆုတောင်လိုက်ရပါတယ်ခင်ဗျာ…

    ဗေးကလိုက်ဆိုတဲ့ ဗိုက်ကလေး
    အပြေးကြိုက်လာမယ့် အမိုက်ကလေးနဲ.
    ကလေးတသိုက်ပါ မွေးနိုင်ပါစေ…………………………….. ဖြောင်းဖြောင်းဖြောင်းးးးးးးးးးးး 😀

  • may flowers

    June 12, 2012 at 4:17 pm

    မွေးနေ့ရာကျော်နေနိုင်ပြီး………..ဘီအီးလဲများများဆွဲနိုင်ပါစေ..ဆုတောင်းရင်း……အော်မေ့လို့

    အမြည်းကောင်းကောင်းလေးတွေနဲ့ ဘီအီးများများဆွဲနိုင်ပါစေ……….စိန်ဗိုက်ရေ။

  • ကြောင်ဝတုတ်

    June 12, 2012 at 4:31 pm

    ကဲကဲ…
    အစ်ကိုကြီး ဗိုက်ကလေး… မွေးနေ့မှာပျော်ရွှင်ချမ်းမြေ့ပါစေ…

    ညီလေး-
    ကြောင်ဝတုတ်

  • aye.kk

    June 12, 2012 at 4:52 pm

    မွေးနေ ့ရှင်သို ့…
    စိန်ပေါက်ပေါက်..
    အရွှတ်အနောက်..
    ထိရောက်သည်က..
    မောသမျှပြေ..
    မလာရင်မျှော်..
    မပေါ်လာရင်..
    မနေတတ်တော့..
    နက်ပေါ်မှာရှာရတာမော..
    သဘောဖြူအူစင်း..
    ရယ်ခြင်းများစွာလည်းပေးတတ်တော့..
    ခင်သူတွေပတ်လည်ပေါ…
    စာမဖွဲ ့တော့ဘူးနော်..
    ဂေဇက်ရွာရှင်..
    သူကြီးကိုကျေးဇူးတွေလွန်တင်ပါလို ့..
    ချစ်ရတဲ့စိန်ပေါက်ပေါက်ရေ..
    မွေးနေ ့မှသည်နှစ်ပေါင်း
    ၁၂ဝတိုင်ကျမ္မာ,ချမ်းသာ,သက်ရာကျာ်ရှည်ပါစေကြောင်း..
    ဆုမွန်တွေတောင်းချွေယင်း…
    ဂေဇက်မှာလည်းမောင်ရင်းနှမ..
    ရွာ ့ပြင်မှာလည်းဆွေရင်းမိတ်ကောင်း..
    ပေါင်းဖွဲ ့ခါသာနေထိုင်ယင်း….
    စာပေမောင်နှမတွေပေမို ့..
    ချစ်ခြင်းမေတ္တာတွေခိုင်မြဲအောင်..
    ချည်နှောင်ကြမယ်…
    ဂေဇက်မှာရှေ့ဆက်ကြလို ့…
    လက်တွဲညီညာစွာနဲ ့…
    ဒို ့တွေအတူတူလျှာက်လှမ်းသွားကြရအောင်နော။။

  • အရီး Khin Latt

    June 12, 2012 at 5:31 pm

    မွေးနေ့ ဆုတောင်း (၁) မောင်ဗိုက်ရဲ့ ခန္တာကြီး အတွက်
    ကျန်းမာစေ။
    ချမ်းသာစေ။ 🙂

  • အရီး Khin Latt

    June 12, 2012 at 5:31 pm

    မွေးနေ့ ဆုတောင်း (၂) မောင်ဗိုက်ရဲ့ နာမ်စိတ်လေးအတွက်
    စိတ်ရွှင်လန်းစေ။
    နန်းစတော့ပ် ပျော်ရွှင်စေ။

  • အရီး Khin Latt

    June 12, 2012 at 5:32 pm

    မွေးနေ့ ဆုတောင်း (၃) မောင်ဗိုက်ရဲ့ ခန္တာကြီး နှင့် နာမ်စိတ်လေး ပေါင်း အတွက်
    ကျန်းမာစွာဖြင့် အမြဲတမ်း ပျော်ရွှင်စွာ ထထ က နေနိုင်ပါစေ။ 😀

  • အရီး Khin Latt

    June 12, 2012 at 5:32 pm

    မှတ်ချက် –
    သူကြီး ကို စာမေးပွဲ စစ်နေသည်။ 😆

  • pan pan

    June 12, 2012 at 8:44 pm

    ကပေါက်ဖော်

    ကျန်းမာရွှင်လန်း ဘဝင်ချမ်းမြစေသောဝ်

    ရွာထဲမှာ ပုလင်းလေးကိုင်ပြီး ဘယ်လောက်ခါရမ်းရမ်း ခွေးလိုက်ခံရခြင်းမှ ကင်းပါစေ

Leave a Reply