သူတို့ဆီအရောက်………………ကျယ်ဂေါင်သို့အဝင်
“သူတို့ဆီအရောက်…………(ကျယ်ဂေါင်)သို့အဝင်”
ထမင်းစားပြီးကွတ်ခိုင်ကထွက်လာတဲ့အခါ ပိုသာယာလာသလိုပါဘဲ၊
တောင်တန်းတွေရဲ့ရင်ခွင်ထဲကို ဝင်ပြီးလမ်းကလေးတွေဖောက်ထားပါတယ်။
တောင်ပေါ်အရောက်အောက်ပြန်ငုံ့ကြည့်တော့ ဖဲကြိုးလေးကို ချထားသလို မြင်ရ။
မိုးတိမ်ခိုး မှောင်မှောင်က တောင်ရဲ့အထက်မှာစီးမိုးလို့နေပါတယ်။
ညနေပိုင်းရောက်လေ မိုးတိမ်ညိုတွေက များလာပါတယ်။
အဆင့်ဆင့်အထပ်ထပ် တောင်ကုန်းတွေပေါ်မှာတော့ နေအလင်းရောက်ရနေတဲ့အပိုင်းက အစိမ်းလွင်လွင်
တိမ်အုပ်ကြောင့်အရိပ်ကျနေတဲ့ အပိုင်းက အစိမ်းညို့ညို့။
တစ်နေရာအရောက်မှာတော့ စိမ်းမြတဲ့အလယ်က မြေနီလမ်းကလေး…..
(ဒီအချိန်တွေဆို အမြဲတွေ့နေကျပါ……………..
မြေနီလမ်းကလေးကို မင်းသတိရပါ……………………………….)ဆိုတဲ့ ဘိုဖြူသီချင်းက ရင်ထဲကိုအပြေးအလွှား
ရောက်လာပြန်ပါတယ်။
ဒီနေရာလေးရောက်တော့ လမ်းနံဘေးမှာ လယ်တဲလေးတွေ တွေ့ရတာစိတ်လာပါတယ်။
လူနေအိမ်ခြေနဲ့နီးတဲ့တစ်နေရာမှာတော့ ဆိုင်ကယ်ကယ်ရီသမားတို့ရဲ့ လုပ်ငန်းခွင်လေးကိုလှမ်းမြင်ရပါတယ်။
ဒီတစ်ခါတင်ထားကြတာကတော့ မီးသွေးအိတ်တွေပါ။
အတော်လေးသွားမိတော့ လမ်းမှာကားတွေတန်းစီရပ်နေပါတယ်။
ကျနော်တို့လဲဆက်သွားမရတော့ ကားခဏရပ်။
စုံစမ်းစပ်စုလုပ်တော့ မိုင်းခွဲမှာမို့စောင့်ခိုင်းထားတာပါတဲ့။
ဒီလမ်းခရီးမှာက လမ်းဘေးက ကျောက်ဆောင်ကို ခွဲပြီးလမ်းခင်းကျောက်ယူတဲ့အခါ
မိုင်းခွဲရပါတယ်။
အဲလိုအချိန်မျိုးမှာ လမ်းအသွားအလာ ခဏပိတ်ထားပါတယ်။
ကျနော်တို့ရပ်တဲ့နားမှာ တောင်ကုန်းအမြင့်နှစ်ခု။
အရှေ့ဘက်မှာတော့ လုပ်လက်စတောင်ယာနဲ့တောင်ကတုံးလေး။
အနောက်ဘက်ကိုရိုက်မယ်လို့လှမ်းအကြည့်။
ကောင်မလေးနှစ်ယောက်က အပေါ်တက်သွားတာမြင်လိုက်တော့ သဘောပေါက်သွားတာနဲ့ ကင်မရာအသာသိမ်းလို်က်ရပါတယ်။
သိပ်မကြာခင် တအုန်းအုန်းနဲ့မိုင်းခွဲသံတွေကြားရ။
ခန့်မှန်းခြေရှစ်ချက်လောက်ထင်ပါတယ်။
ခဏနေတော့ကားလေးတွေ ထွက်ခွင့်ရတော့ တအိအိ။
တံတားနားရောက်တော့ လမ်းအကွေ့မှာမော့ကြည့်မိတော့ အပေါ်ကဆင်းလာတဲ့ကားတွေ အများကြီးတန်းစီနေတာကို တွေ့ရ။
တစ်လှည့်စီသွားနေချိန်ကျနော်တို့ ကားတန်းရဲ့ထိပ်ဆုံးက ကားက မတက်ရဲတော့ ရပ်နေပါတယ်။
အဲတော့ နောက်ထပ်ဆယ်ငါးမိနစ်လောက်စောင့်မှ အပေါ်က ကားတန်းအပြီး ကျနော်တို့ကားဆက်ထွက်လာပါတယ်။
ဒီဘက်ခြမ်းအရောက်မှတော့ လူနေအိမ်ခြေနဲ့ နီးလာသလို တောင်ကတုံးတွေလဲများလာပါတယ်။
လမ်းဘေးက အိမ်တိုင်းရဲ့ဂိုဒေါင်ထဲမှာ ထင်းတွေအပြည့်၊
လယ်လုပ်ဘို့အတွက် သစ်ပင်တွေကို မီးရှှို့ထားတဲ့ တောင်ကတုန်းလေးတွေကလဲ အတော်များပါတယ်။
105မိုင်အရောက်မှာတော့ ကားဆရာက ကားကိုရပ်ပြီး လက်မှတ်တွေသွားပြ။
ခဏနေတော့ ပြန်ရောက်လာ။
သေချာတာကတော့ အရင်လောက်မကြာတော့တာပါဘဲ။
လုပ်ငန်းမြန်ဆန်သွားတဲ့သဘောပေါ့၊
ကားကလေးက ခပ်ဖြည်းဖြည်းမောင်းရင် ညနေငါးနာရီထိုးခါနီးလာပါတယ်၊
ကွတ်ခိုင်နဲ့မူဆယ်ကြားမှာ ဖုန်းလိုင်းက လုံးဝမမိ။
လာကြိုခိုင်းထားသူကို အားနာ။
ဒါနဲ့ဘဲကားလေးက မူဆယ်မြို့ထဲဝင်လာပါတယ်။
အဝငု်တိုးဂိတ်နားရောက်တော့ အပေါ်မော့်အကြည့် ရွှေရောင်ဝင်းနေတဲ့ရပ်တော်မူက တောင်ကုန်းအမြင့်ဆုံးမှာစံပယ်။
သိပ်မကြာခင်းလေးမှာဖုန်းဝင်လာပါတယ်။
စောင့်နေတယ်ဆိုတဲ့အကြောင်း၊
ကျယ်ဂေါင်ကို ဝင်ရမယ့် နန်းတော်ပေါက်မှာကားကလေးရပ်။
လာကြိုသူရှာတော့ မတွေ့။
ကိုယ့်ဘာသာကိုယ်အထုတ်ဆွဲပြီးယာယီဝင်ခွင့်ကဒ်အစိမ်းလေးလုပ်။
အဲဒီနေရာကတော့ အမြဲလူစည်ကားပြီး တန်းစီနေရပါတယ်။
မနက်ပိုင်းဆိုစောင့်ရတာသိပ်မကြာပေမယ့် နေ့လည်ပိုင်း အိပ်စ်ပရက်ကားများ ဆိုက်ချိန်မှာတော့ လူအတော်များပါတယ်။
မြန်မာငွေ ကျပ်တစ်ထောင်ပေးလို်က်တော့ ကျယ်ခေါင်ထဲမှာ (၇)ရက်လည်ပါတ်ခွင့်ရ။
ဒါနဲ့ဘဲဂိတ်ပေါက်ကို ဝင်၊
တရုပ်ဘက်က အပြုံးအရယ်မရှိတဲ့ လူဝင်မူ့ကြီးကြပ်ရေးက ဝန်ထမ်းမ က လူကြည့်ပြီး တံဆိပ်ထုပေး၊
အဲဒီထဲရောက်တော့ မြန်မာဖုန်း CDMA -450 ကဖုန်းလိုင်းမိတော့ ကိုယ့်လူတွေလှမ်းခေါ်
သူတို့ကလဲ ကျနော့်မြင်တော့လက်တွေပြပြီး အပြေးအလွှားလာ.
ရောက်ပါပြီ သူုတို့ (တရုပ်လူမျိုး)ရှိတဲ့နေရာကို……………………………
ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ
(13-6-2012)
22 comments
ကိုပေါက်(မန္တလေး)
June 14, 2012 at 9:42 am
ကဲ အထဲတော့ ရောက်ပြီ
လျှောက်လည်ကြမယ်နော့
ဘယ်သူတွေလိုက်အုံးမလဲ
water-melon
June 14, 2012 at 10:17 am
အူးလေးပေါက်
တားတားလိုက်မယ်နော့
တလုပ်မလေးတွေနဲ့ မိတ်ဆက်ပေးနော်
အဟီ
water-melon
June 14, 2012 at 10:21 am
လေးပေါက် ၂၃က ဟိုတယ်က အခုထိတခြမ်းစောင်းတုန်းလား
2007တုန်းကပြင်နေတယ်လို့ကြားလို့
အဲဒါ ရွှေနဂါးဟိုတယ်လား ဟင်
မေ့တောင်မေ့နေပြီ
ရင်ခုန်အောင်လုပ်ခဲ့တဲ့ မူဆယ်သူလေးတွေကိုတော့
ခုထိသတိရစေဆဲပါကွယ်
ညလေး
June 14, 2012 at 10:26 am
လေးပေါက် က ရွှေနဂါး ဟိုတယ်မှာတည်းတာပေါ့အဲ.ဆို……….
ဒါမှမဟုတ်…ရွှေလီထဲက….ဂျင်းချိန်. ဟိုတယ်မှာတည်းတာလားနော်………
လည်လည်တော့မလိုက်တော့ဝူး……….ပါဆယ်လေးပဲ ထုပ်လာပေးပါနော်……..
ရွှာသူားတွေအားလုံးအတွက်ပေါ့…….
water-melon
June 14, 2012 at 10:39 am
ညလေးရေ
ညလေးတည်းမည်ဆိုရင် ဂျင်းချိန်မလို့ 5star ဟိုတယ်မှာဘဲတည်းတည်း
တိုတိုဖရဲ စရိတ်ခံပါမယ်နော်
ညလေးအသံကို ကြားလိုက်မယ် ရင်ထဲအေးချမ်းသွားတာဘဲ
နဖူးပြောင်နေတဲ့ ကိုပေကိုတော့ ရှောင်နော် ညလေး
မောင်ပေ
June 14, 2012 at 1:23 pm
ညလေး ကိုပေ ရှက်တယ်ကွာ
အဟီ
ကိုယ့်ဘာသာကိုယ် စာဖတ်ပြီး တစ်ယောက်ထဲ ထိုင်ရီနေတုန်း ဆိုင်ထဲကလူတွေ ဝိုင်းကြည့် ကြလို ့ပါ
MaMa
June 14, 2012 at 10:30 am
အထဲရာက်ပြီဆိုတာနဲ့ မြင်ကွင်းတွေ ပြောင်းသွားလိုက်တာနော်။
လျှောက်လည်းမယ်ဆိုရင် ထိုင်ရာကမထ လိုက်ခဲ့မယ်။ 🙂
ညလေး
June 14, 2012 at 10:39 am
တီတီဖြဲမရယ်…….ပြင်ပြီးတာကြာပေါ့…….
မြေညီထပ်မှာ ဘဏ် နဲ.ကျောက်စိမ်း ဝိုင်း
ပေါ်ထပ်တွေမှာတော့ ရှော.ပင်းစင်တာ နဲ. ဟိုတယ်
ဟိုးအပေါ်ဆုံးထပ်မှာတော့……..စားသောက်ဆိုင်ဖွင့်မယ်လို.ပြောသံကြားပါတယ်ရှင်…
water-melon
June 14, 2012 at 10:54 am
နောက်တခါကျရင် အတူတူသွားမယ်နော်
ညလေးနဲ့အတူတူ ရှော့ပင်းထွက်မယ်
ကိုပေကို ညလေးအတွက် ကျောက်လက်ကောက် ဝယ်ခိုင်းရမယ်
အဟီ
Mလုလင်
June 15, 2012 at 11:28 pm
ညလေး ကိုလု ရှက်တယ်ကွာ
အဟီ
ကိုယ့်ဘာသာကိုယ် စာဖတ်ပြီး တစ်ယောက်ထဲ ထိုင်ရီနေတုန်း ဆိုင်ထဲကလူတွေ ဝိုင်းကြည့် ကြလို ့ပါ
(ခရဒစ် တူ တိုတိုပေ)
ကိုပေါက်(မန္တလေး)
June 14, 2012 at 11:02 am
ဖရဲမ မင်းက ရှော့ပင်တော့ လျော်မပေးနဲ့နော်.
ကျနော်က စန်းဟုန်းမှာတည်းပါတယ်။
Ma Ei
June 14, 2012 at 12:58 pm
2000 ခုနှစ်ရောက်တုံးက ဝင်ပေါက်ဂိတ်က ခုပုံမဟုတ်ဘူးရယ်…
သူတို့ဘက်ခြမ်း တောင်တန်းနဲ့ မြစ်ကြားက
ကျောက်စီကားလမ်းကလေး လှတာမှတ်မိတယ်…
ရေတံခွန်သွားမှာလား…
may flowers
June 14, 2012 at 1:30 pm
ပုံလေးတွေကလှလိုက်တာလေးပေါက်ရယ်။ ခုလိုစိမ်းလန်းလှပနေတဲ့ ရှုခင်းပုံလေးတွေကြောင့်
စိတ်ကြည်နူးရပါတယ် ။ ကျေးဇူးပါ လေးပေါက်။ လျောက်လည်တဲ့ နေရာကိုလဲ လိုက်ပါပြီးကြည့်
ချင်ပါသေးတယ်။
ကိုပေါက်(မန္တလေး)
June 14, 2012 at 5:50 pm
ရေတံခွန်ဘက်တော့ မရောက်ခဲ့ဘူးဗျ။
တောင်ပေါ်ရေကန်ရယ် အခုအသစ်တည်နေတဲ့ မြို့သစ်ဘက်ခြမ်းရယ်တော့ ရောက်ခဲ့တယ်။
ရောက်သမျှတော့ တင်ပေးမှာပါ
aye.kk
June 14, 2012 at 6:58 pm
ကိုပေါက်ရေ…
လှပတဲ့ရှမ်းရိုးမ…
တောင်တန်းတွေကိုတွေ ့ခွင့်ရတာကျေးဇူးပါ…။
ဝါဂွမ်းဆိုင်မိုးတိမ်လိတ်တွေ…
တရိပ်ရိပ်တက်နေတဲ့ပုံကတအားလှတယ်..
စိမ်းညို ့တဲ့တောင်တန်းတွေက…
စိတ်ကိုဖမ်းစားထားနိုင်တယ်…။
ကိုပေါက်လိုရိုက်တတ်ချင်ပါ၏..။
လှပတဲ့ဂျယ်ဂေါင်…ရောက်ဘူးချင်ပါ၏..။။
အလင်းဆက်
June 14, 2012 at 7:22 pm
ကောင်း..လှချည်လား…..( ပြေတီဦး.လေသံ )
ရိုက်ချက်တွေကလည်း..ကောင်းလိုက်တာ ။
သဘာဝ ပတ်ဝန်းကျင်ရဲ ့အလှအပကလည်း…အသက်ရှုဖို ့မေ့သွားစေလာက်တယ်…။
pooch
June 14, 2012 at 9:26 pm
လေးပေါက် ရေ အနော်ကတော့ ခရီးသွားလို့ လမ်းမပေါ်မှာ ဆိုရင် အမြဲ တပန်းရှုံးပါတယ်။ ကင်မရာ ကိုင်ဖို့ မပြောနဲ့ လူတောင် အနိုင်နိုင်ပါ။ ကားမူးတတ်လို့ပါ။ ပတ်ဝန်းကျင်ကို လေကောင်းလေသန့်ရဖို့ ပဲ တွေးပြီး ကြည့်နိုင်ပါတယ်။
နောက်ပိုင်း ဆေးသောက်မှသာ အတော်လေး နေသာထိုင်သာရှိလာတာပါ။ ကားပေါ်ကနေ လှမ်းရိုက်တာတောင် ဒီလို ပုံထွက်ကောင်းတဲ့ အတွက် အားကျလှပါတယ်။
Crystalline
June 14, 2012 at 10:05 pm
ကျယ်ဂေါင်ထဲမှာတပတ်တောင်နေခွင့်ရတယ်ဆိုတော့မဆိုးဘူးပေါ့….သမီးတို့သွားတုန်းကတော့ တရက်ထဲကို မန်စီအထိသွားတယ်..သွားရတာခရီးဝေးပြီး ကားခတွေကုန်ပေမယ့်သိပ်ပြီးထူးထူးခြားခြား ရှူ့ခင်းတွေမတွေ့ခဲ့ရဘူး…အမှတ်တရကတော့ အဲဒီမန်စီစားသောက်ဆိုင်ကအိမ်သာပဲ. အိမ်သာထဲဝင်လိုက်တော့ အတန်းလိုက်မှာ အကန့်လေးတွေကန့်ပေးထားတယ်. အရှေ့မှာလည်းအကာမပါဘူး…ဘေးတစ်ဖက်တစ်ချက်မှာလည်း တစ်ပေခွဲလောက်ပဲ အမြင့်ရှိတယ်…. သူတို့တွေကတော့ဟုတ်နေတာပဲ ဂရုတောင်မစို်က်…ကို်ယ်မှာတော့ဒီတိုင်းပြန်ထွက်ခဲ့ရတယ်…
ကိုပေါက်(မန္တလေး)
June 14, 2012 at 10:20 pm
အခုတော့ အစစအရာရာ တိုးတက်သွားတော့ မြိုကြီးတွေနဲ့မခြားပါဘူးဗျာ။
ညလေး
June 15, 2012 at 2:05 pm
Crystalline ရယ် တရုတ်တွေကဒီလိုပါပဲ….
သူလဲကိုယ့် ကိုမမြင်အောင် ကိုလဲသူ.က်ိုမမြင်အောင် ကိုယ့်ဘာကိုမျက်စိမိတ်နားပိတ်…
ခုတော့နဲနဲပြောင်းလဲလာပါပြီ……..
ဒါပေမယ်. အကန်.အကန်.လေးနဲ.ပဲ….တခါးလဲမပါဝူး…..
အဲဒါကြောင်. သူတို.မြို.ထဲဝင်တော့မယ်ဆိုရင်…….အဝသာလွတ်ထားတော့..
ကိုပေါက်(မန္တလေး)
June 15, 2012 at 10:10 pm
ဟိုးအတွင်းထဲမှာတော့ ဘယ်လိုဆိုတာမသိပါဘူး။
ရောက်မှမရောက်ခဲ့တာ။
ကျယ်ဂေါင်နဲ့ရွှေလီကတော့ အတော်လေးကို သန့်ရှင်းသပ်ရပ်ပါတယ်။
ဒါပေမယ့် ယာဉ်စည်းကမ်းကတော့ မန်းလေးနဲ့သိပ်မကွာ မောင်းချင်သလိုမောင်းကြတာပါ။
ကိုပေါက်(မန္တလေး)
June 16, 2012 at 8:41 am
ကြယ်ဂေါင်က သူတို့ တိုင်းပြည်ထဲက မြို့လေးဆိုပေမယ့် ကျနော်တို့ 8ပြ ပါတ်လည်ရပ်ကွက်လောက်ဘဲရှိတာပါ။
အခုအနေအထားမှာတော့ ကျနော်တို့ ရွှေမြန်မာတွေအများကြီးရှိနေတော့ ကိုယ့်မြိုကိုယ်ရွာနဲ့သိပ်မကွာဘူး။
ဘယ်ကြည့်ကြည့် မြန်မာတွေကိုတွေ့နိုင်ပါတယ်.