Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အန္တာရယ်မီးတစ်စ မကြီးထွားစေချင်

thu thu . sittweJune 15, 20121min46111

ခြေနှစ်ချောင်း မကယ်ကောင်း တဲ့ …. ဒီစကားတစ်ခွန်းကို ကျွန်မအလေးထားရကောင်းမှန်း မသိခဲ့ပါ … အရိုးသားဆုံးဝန်ခံရလျှင် ဒီစကားနှင့်ပတ်သက်ပြီး ဆန့်ကျင်ဘက်အမြင်ရှိခဲ့ပါတယ်။ ကြင်နာသနားခြင်း၊ ညှာတာထောက်ထားခြင်းဟာ လူ့ကျင့်ဝတ်ဟု အမြဲတစေ ခိုင်မာစွာ ယုံကြည်ခဲ့ပါတယ်။

 

အခုအချိန်မှာတော့ ကျွန်မအလေးမထားခဲ့မိသော ရှေးလူကြီးများ ဆိုမိန့်ခဲ့သည့် ဒီစကားတစ်ခွန်းရဲ့ အတိမ်အနက်ကို တှုန်လှုပ်ခြောက်ခြားဖွယ် လက်ခံရတော့မယ့်အနေအထားတစ်ခုကို ကျွန်မတို့ ရခိုင်တိုင်းရင်းသားတွေ မျက်ရည်စက်လက်ဖြင့် ရင်ဆိုင်နေကြရပါသည်။ ကျွန်မ အသက် ၄ နှစ် ၅ နှစ်အရွယ်မှာ ကျွန်မအဖွားရဲ့အမေ ကျွန်မရဲ့အဖီးဆီက ဒီစကားတစ်ခွန်းကို ကြားရတော့ နားလည်းမလည် လက်လဲ လက်မခံချင်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲလို့ မေးမိတော့ အဖီးကပြောတယ် … သူ့ရဲ့ဒုက္ခတွေကို သူနဲ့အတူ ကိုယ့်အိမ်ထဲကို သယ်ယူလာလိမ့်မယ် … တစ်ချိန်မှာ ကိုယ့်အိမ်ကိုပါ ဒုက္ခပေးလိမ့်မယ်တဲ့ … မှန်လိုက်တဲ့စကား အဖီးရယ် … ခုချိန်မှာတော့ အဖီးဒီစကားကို ဘာကြောင့်ပြောရတာလဲဆိုတာကို နားလည်ပါပြီ … ဒီရိုဟင်ဂျာတွေ ကျွန်မတို့ ဘိုးဘေးဘီဘင် အဆက်ဆက် ဘယ်လောက်တောင် ဒုက္ခပေးခဲ့လို့ ဒီလိုစကားမျိုးကို ချန်ထားခဲ့တာလဲဆိုတာ ကိုယ်ချင်းစာနားလည်ခဲ့ရပါပြီ … အဖွားအပေါ် အမြင်လွဲခဲ့တဲ့ သမီးမိုက်ကို ခွင့်လွှတ်ပါလို့တောင် မတောင်းပန်ရဲလောက်အောင် ဖြစ်ရပါပြီ ..

 

အခုအချိန်မှာတော့ ဘိုးဘွားဘီဘင်အဆက်ဆက် ထိန်းသိမ်းလာခဲ့တဲ့ကျွန်မတို့ရဲ့အိမ်၊ သွေးရင်းသားရင်းတို့ရဲ့အသက်အိုးအိမ်၊ ကျွန်မတို့မျိုးရိုး၊ ကျွန်မတို့လူမျိုး၊ ကျွန်မတို့တိုင်းရင်းသားညီအစ်ကိုတွေ၊ ကျွန်မတို့တိုင်းပြည် ယခုကြုံတွေ့နေရတဲ့ .. နောက်တစ်ချိန်မှာ ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် .. ကြိုတင်တားဆီနိုင်မည့် နည်းလမ်းကောင်းများကို သတိကြီးစွာ အမျှော်အမြင်ရှိစွာ လိမ်မာပါးနပ်စွာ ဖြေရှင်းရမယ့် လေးပင်သည့်တာဝန်တစ်ရပ်က ကျွန်မတို့ ပခုံးပေါ်ကို ရုတ်တရက် ပြုတ်ကျလာသလို ခံစားလိုက်ရပါတယ်။

 

အပြင်ကနေပြီး လူသားချင်း စာနာထောက်ထားမှုမရှိဟုပြောလာသည်ကို ကြားရသည့်အခါ ခံပြင်းဒေါသထွက်မိတာ အမှန်ပါ။ သွေးချင်းညီအစ်ကိုတွေကို သတိပေးချင်ပါတယ်။ ဒေါသကို ထိန်းပါ။ လိမ်မာပါးနပ်ပါ။ အိမ်ရှင်ကို ဧည့်သည်က နှင်ထုတ်ခြင်းသည် အမှန်တရားမဟုတ်ပါ။ ကျွန်မတို့၏ စစ်မှန်သော သစ္စာတရားအတွက် မွန်မြတ်သောစေတနာအတွက် ကိုယ့်အိမ်ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ အခွင့်အရေး ၁% လောက်ပင်ရပါစေ ယုံကြည်ချက်ရှိစွာ ရဲဝံ့စွာ၊ ခိုင်မာစွာ၊ ရင်ဆိုင်သွားကြရအောင်ပါ။

 

အပြင်ကနေပြီး ကျွန်မတို့အပေါ် လူသားချင်းစာနာထောက်ထားမှုမရှိဘူးလို့ ပြောနေကြသူများကို ကျွန်မအနေနဲ့ တစ်ခွန်းပဲပြောချင်ပါတယ် … စာနာထောက်ထားမှုရဲ့ ပင်ရင်းအဓိပါယ်က ကိုယ်ချင်းစာမှုပါ .. ကိုယ်ချင်းစာတရားကို အခြေခံပြီးမှ စာနာထောက်ထားမှုကို ပြုလုပ်နိုင်မှာပါ (ကိုယ်ချင်းစာတရား ထားနိုင်ကြပါစေ) ကိုယ်နဲ့မဆိုင်လို့ ကိုယ်ချင်းမစာနိုင်ဘူးဆိုလျင်တောင် အနိုင်ကျင့် တွန်းအားပေးသလို မဖြစ်အောင် ဆင်ခြင်ပေးပါဟု အနူးအညွတ်တောင်းပန်လိုပါတယ် …

 

မကူညီချင်နေပါ .. မနှောင့်ယှက်ပါနဲ့ … ကျွန်မတို့ ယခုရင်ဆိုင်နေရသော အခက်အခဲမျိုး နောင်တစ်ချိန်မှာ တခြားတိုင်းပြည် တခြားဒေသမှာ မကြုံရပါဘူးလို့ ဘယ်သူက အာမခံချက်ပေးနိုင်မှာလဲ .. ဘာပဲဖြစ်ဖြစ် စေတနာမှန်နဲ့ သတိပေးချင်ပါတယ် .. မီးဆိုတာ ကူးတတ်ပါတယ် .. မြန်မာပြည်အနှံ့ ကမ္ဘာမြေအနှံ့ မီးစ မီးဖွားတွေ အများကြီးပါ .. တိုက်ခတ်လာမဲ့လေနဲ့ အထောက်အကူပြုနိုင်မယ့် လောင်စာများကို တိတ်တဆိတ် စောင့်ဆိုင်းလျက်ရှိပါတယ်။ ဒီမီးသာ မငြိမ်းနိုင်လျှင် ဘယ်ရွေ့ ဘယ်မျှအထိ ဝါးမြိုသွားမည်ကို မည်သူတစ်ဦးတစ်ယောက်မှ တိကျစွာ ကြိုတင်ခန့်မှန်းနိုင်မည်မဟုတ်ပါ။

 

မီးစနဲ့ ကောက်ရိုး အတူထားခြင်းကလဲ မီးရဲ့အန္တရာယ်ကို မထီမဲ့မြင် ပေါ့ဆမှုမျိုးရယ်လို့ မြင်မိပါသည်။ သတိကြီးစွာ ထားရမှာပါ။ မီးတစ်စကို ကောက်ရိုးပုံပေးပြီး လောင်စာဆီမလောင်းမိအောင် ဆင်ခြင်ပေးကြပါ။ ဒီခြိမ်းခြောက်နေသော မီးအန္တရာယ်ကို အပြုသဘောဖြင့် ဆန္ဒမှန်ဖေါ်ထုတ်ပြီး တားဆီးပေးကြပါ။

 

ကျွန်မတို့ မဖိတ်ခေါ်ပဲ ရောက်ရှိနေထိုင်နေကြသော ရိုဟင်ဂျာတွေအပေါ် လူသားချင်းစာနာထောက်ထားမှု ထားခဲ့ပါလျက် လူသားမဆန်စွာ ယုတ်မာပက်စက်မှုအပေါ် ကျွန်မတို့ရဲ့ ဆန္ဒအမှန်ကို ပြောရမယ်ဆိုရင် ကျွန်မတို့ရပ်ရွာ ကျွန်မတို့တိုင်းပြည်မှာ ဆက်လက်ပြီး လက်ခံမထားချင်တော့တာ အမှန်ပါ … မြွေးပွေး ခါးပိုက်မပိုက်ချင်တော့ပါ …

မြန်မာပြည်သည် ငါတို့ပြည် … ငါတို့မြန်မာတိုင်းရင်းသားလူမျိုးများ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းစွာနေလိုသည် … တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ဖျက်စီးနေသော ရိုဟင်ဂျာအကြမ်းဖက်သမားများ ငါတို့အလိုမရှိပါ … ငါတို့နိုင်ငံက ထွက်သွားပေးပါ …

နိုင်ငံတော်အကြီးအကဲများကိုလဲ တောင်းဆိုလိုပါတယ် … အမျိုးသားလုံခြုံရေးကို ထိရောက်စွာကာကွယ်ပေးနိုင်မည့် ဥပဒေများ ပြဌာန်ပေးပါ … တရားမဝင်နေထိုင်ကြသောသူများ၊ မရိုးသားသောနည်းဖြင့် နေထိုင်ခွင့်ကို ရယူထားသောသူများကို စစ်ဆေးဖော်ထုတ်ပြီး နိုင်ငံတကာတွင် ကျင့်သုံးနေကြသော ပြည်နှင်မှုမျိုးကို မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံရေးတည်ငြိမ်မှုကို ခြိမ်းခြောက်ခံနေရသော အခုလိုအချိန်မျိုးတွင် လုပ်ပိုင်ခွင့်အပြည့်အဝရယူပြီး လုပ်ဆောင်သင့်ပြီဟု ထင်မြင်မိပါသည်။

ကမ္ဘာအနှံ့နိုင်ငံအသီးသီးမှာ အနေအထားမျိုးစုံဖြင့် ရောက်ရှိနေထိုင်နေကြသော မြန်မာတိုင်းရင်းသား ညီအစ်ကိုများကို ပြောချင်ပါတယ် … အဆင်မပြေမှုတစ်စုံတစ်ရာရှိလျှင် မွေးရပ်မြေကို ပြန်ဖို့ကြိုးစားကြမှာပဲ မဟုတ်လား … တစ်ချိန်မှာ အခက်အခဲကြုံလာရင် ငါတို့အတွက် ပြန်စရာအိမ်ရှိဖို့ လိုမယ်လေ… ကိုယ့်အိမ်ကိုမှ မကာကွယ်နိုင်ရင် အချိန်ကာလတစ်ခုမှာ ငါတို့လဲ ရိုဟင်ဂျာတွေလို နိုင်ငံမဲ့ လူမျိုးမဲ့ ဘဝကို ရောက်သွားလိမ့်မယ် … ငါတို့ မြေးမြစ်တွေရဲ့ဘဝကို ရိုဟင်ဂျာတွေလို နိုင်ငံမဲ့ လူမျိုးမဲ့တွေအနေနဲ့ ဘယ်သူမှရုန်းကန်စေချင်မှာမဟုတ်ဘူး .. အဲဒီလောက်အချိန်ကျရင် ရိုဟင်ဂျာတွေက ငါတို့နိုင်ငံကို ယူသွားပြီးနောက် ငါတို့က ရိုဟင်ဂျာဘဝကို ပြန်ရောက်သွားရင် ဘယ်လောက်တောင် ခံပြင်းရလိမ့်မလဲ??

11 comments

  • Oo Oo

    June 15, 2012 at 10:04 pm

    ” ကိုယ့်အိမ်ကိုမှ မကာကွယ်နိုင်ရင် အချိန်ကာလတစ်ခုမှာ ငါတို့လဲ ရိုဟင်ဂျာတွေလို နိုင်ငံမဲ့ လူမျိုးမဲ့ ဘဝကို ရောက်သွားလိမ့်မယ် … ငါတို့ မြေးမြစ်တွေရဲ့ဘဝကို ရိုဟင်ဂျာတွေလို နိုင်ငံမဲ့ လူမျိုးမဲ့တွေအနေနဲ့ ဘယ်သူမှရုန်းကန်စေချင်မှာမဟုတ်ဘူး .. အဲဒီလောက်အချိန်ကျရင် ရိုဟင်ဂျာတွေက ငါတို့နိုင်ငံကို ယူသွားပြီးနောက် ငါတို့က ရိုဟင်ဂျာဘဝကို ပြန်ရောက်သွားရင် ဘယ်လောက်တောင် ခံပြင်းရလိမ့်မလဲ?? ”

    အခုအချိန်မှာမှ ဒီကိစ္စကို စနစ်တကျတားဆီးကာကွယ်ဖို့မကြိုးစားခဲ့ရင် နောင်လာမယ့် နှစ်ပေါင်းတစ်ရာလောက်မှာ ကျနော်တို့မြေးမြစ်တွေဟာ
    လူနဲစု အဖြစ်နဲ့ မူတ်ဆိတ်မင်းသားတို့ သနားမှအသက်ရှင်ခွင့်ရမယ့်လူသားတွေအဖြစ်မျိုး မဖြစ်လာပါဘူးလို့ဘယ်သူပြောနိုင်မလဲ
    တိုင်ရင်းသား > > ကျား (၁)ဦး + မ (၁)ဦး = ပျမ်းမျှ (၄)ဦး
    ရိုဟင်ဂျာ > > ကျား (၁)ဦး + မ (၄)ဦး = (ဘာသာရေးအယူဝါဒအရ > မွေးနိုင်သလောက်မွေး ) ဦး
    နောင် နှစ်ပေါင်း ၁၀ဝ = ???

    • thu thu . sittwe

      June 15, 2012 at 10:17 pm

      ဟုတ်ပါတယ် ဦးဦးရယ် …
      မတူခြားနားတဲ့ life style နှစ်မျိုးအကြားမှာ ကွာဟလာတဲ့ လူဦးရေ ခြားနားချက်က အဓိက ပြသနာပါ …

    • ဆူး

      June 16, 2012 at 10:19 am

      ပျမ်းမျှ တွက်ကြည့်မယ် ဆိုရင် အချိုးက ၄ဆ မှ ၈ဆ ရှိမယ်လို့ ထင်ပါတယ်။
      မိန်းမ ၄ယောက် မွေးနိုင်သလောက် မွေးတာဟာ.. သာသနာ ပြုခြင်း ဖြစ်တယ်လို့ လက်ခံ ယုံကြည်ထားလို့ပါပဲ။

  • burma wantharnu

    June 15, 2012 at 10:27 pm

    ကျွန်တော်တို့နိုင်ငံမှာအစိုးရအား တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားအဖွဲ့များစွာရှိပါတယ် တကယ်လို့များပြည်တွင်းစစ်ဖြစ်ခဲ့လျှင် ဘယ်သူ့အဖေခေါ်ရမှန်း မသိသလို အရမ်းထိက်လန့်စရာကောင်းပါတယ် အဲဒီလိုများပြားလှတဲ့ အဖွဲ့တွေကို သစ္စာရှိ မျိုးချစ်စိတ်ရှိတဲ့ သူပုန်ကလွှက်ပေးလည်းပြန်လါလျှင် ထောင်ကျမဲ့စစ်သားလေးတွေက နှစ်ပေါင်းမျာစွာအကာအကွယ် ပေးနိုင်ခဲ့လျှင် ဘာမဟုက်တဲ့ တောင်ကုက်လို အကြမ်းဖက်မူ့၊ မောင်တောအကြမ်းဖက်မူ့ လောက်က အမှန်တကယ် ဖြစ်စရာအကြောင်း မရှိနိုင်တဲ့အတွက် အသုံးချဖန်တီးနေမူ့ကို သတိထားပြီး ပြည်ထောင်စု နိုင်ငံသားများ ယခင်အတိုင်း ချစ်ခင်စွာ နေပေးပါရန် မေတ္တာရပ်ခံပါသည်။ ပုံ/ ဝံသာနု

    • Oo Oo

      June 15, 2012 at 10:46 pm

      burma wantharnu ရေ..ကျနော်တို့အခုဆွေးနွေးနေတာက လက်ရှိဖြစ်နေတဲ့ရိုဟင်ဂျာအကြမ်းဖက်မှုကို အမုန်းပွါးပြီး
      တုန့်ပြန်အကြမ်းဖက်ဖို့အတွက်မဟုတ်ပါဘူး..အမှန်တကယ် အမျိုးသားရေးလိုအပ်ချက်တခုအနေနဲ့ဆွေးနွေးနေတာပါ
      အခုကိစ္စကလဲ နိုင်ငံရေးလုပ်စားခဲ့သူတွေ(အစိုးရများအပါအဝင်)ကြောင့် ကျားကွဲလို့ ခွေးအအဆွဲခံနေရတာပါ
      အခုဆိုရင် ရာစုနှစ်နဲ့ချီပြီးကြံကြံခံတည်ရှိခဲ့တဲ့ အနောက်ဖက်တံတိုင်းကြီးဟာ တအိအိနဲ့ပြိုကျနေပါပြီ..ဒီအချိန်မှာ
      ဒီအရေးကို ပေါ့ပေါ့တန်တန်လို့သဘောထားနေတဲ့သူဟာ မြန်မာပြည်သားပီသပါတော့မလား
      တန်ပြန်အကြမ်းဖက်မှုဆိုတာကတော့မိုက်မဲရာကျလို့ လုံးဝ လုံးဝ အားမပေးပါဘူး
      ခေါင်းအေးအေးနဲ့ပြသာနာကို စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့ပဲ လိုအပ်နေတာပါ

  • kai

    June 16, 2012 at 4:49 am

    ဒေါ်အောင်ဆန်းစုုကြည် ခရီးပန် း သတင်းစာရှင်းလင်းပွဲမှာ မူးဝေမှုဖြစ်
    ခရီးပန်းလို့ထင်တယ်၊ ဘာန်း သတင်းစာရှင်းလင်းပွဲ လုပ်ရင်း တန်းလန်း ဒေါ်အောင်ဆန်းစုကြည် မူးပြီး အန်တယ်။ ပွဲရပ်လိုက်ရတယ်။ မနက်ဖြန် ညနေ နော်ဝေ စံတော်ချိန် ၄ နာရီ မှာ အော်စလိုရောက်မယ်။ ၅ နာရီမှာ တည်းခိုရာဟိုတယ်ရှေ့မှာ မြန်မာမိသားစုတွေနဲ့ တွေ့၊ ၆ နာရီမှာ ဝန်ကြီးချုပ်နဲ့ တွေ့၊ ၆နာရီခွဲ သတင်းစာရှင်းလင်းပွဲ၊ ရနာရီခွဲမှာ နော်ဝေဘုရင့်နန်းတော်မှာ ညစာစားပွဲတက်မှာပါ။ စနေ၊ တနဂနွေ အစီအစဉ်တွေက ဆက်တိုက်တွေချည်းပဲ။ အိုင်ရာလန်၊ ဗြိတိန်၊ ပြင်သစ်မှာထိ ဇယ်ဆက်ပြတ်မှာမဟုတ်ပါ။ ( Ye Ni Facebook )

  • အသက်နဲ့မမျှအောင်အလုပ်လုပ်ရတဲ့အခါ လူပင်ပန်း စိတ်ပင်ပန်းကိုဗျ။
    ကျန်းမစေကြောင်းဆုတောင်းပေးရုံမှလွဲ၍ ကျနော်ဘာမှ မတတ်နိုင်ပါဘူးဗျာ

  • ဆူး

    June 16, 2012 at 10:24 am

    ဒီအချိန်မှာ ပြတ်ပြတ်သားသား လုပ်သင့်ပါတယ်။
    မနေ့က မလေးက မြန်မာ သံရုံးရှေ့မှာ ရိုဟင်ဂျာတွေ ဆန္ဒပြတယ်လို့ သတင်းတခုမှာ ဖတ်လိုက်ရပါတယ်။
    မလေးလို နိုင်ငံမှာ သူတို့ နေထိုင်ခွင့်ရပြီး သူတို့ အမျိုးတွေကိုပါ ခေါ်သွင်းနိုင်ဖို့ ကြိုးစားသင့်တယ်။

    မြန်မာနိုင်ငံမှာ သူတို့ နေထိုင်ခွင့်ရဖို့ လုပ်ခြင်းဟာ မူဆလင် ခြေမချနိုင်တဲ့ နိုင်ငံတွေ မရှိရလေအောင် မူဆလင်နိုင်ငံတွေက တမင် မခေါ်တာလေများလာလို့ တွေးမိပါတယ်။ ဘာသာရေး ပဋိပက္ခတွေ ကို ရည်ညွန်းတဲ့ စကားတွေ မဖြစ်ရလေအောင် ဆက်မပြောတော့ပါဘူး။
    ဘင်္ဂလားဒေရှ် ကိုယ်တိုင်က အရှုပ်ထုတ်တွေ လက်မခံနိုင်ဘူး အတိအလင်း ငြင်းထားတယ် ဆိုတော့.. မြန်မာက ဖိအားပေးခံရဖို့ ကိန်းများနေပြီပေါ့။

    မြန်မာတွေ စည်းလုံးသင့်တယ်။

    • thu thu . sittwe

      June 16, 2012 at 10:53 am

      မြန်မာတွေ စည်းလုံးသင့်ပြီ …
      မျိုးချစ်စိတ်ဓါတ်ကို အခြေခံပြီး ကိုယ့်တာကိုယ်လုံဖို့ တာဝန်ယူကြရတော့မယ့်အချိန်ရောက်နေပြီ … ခေါင်မိုးမလုံရင် မိုးဒါဏ်ခံရလိမ့်မယ် … ဖောင်ဒေးရှင်းမကောင်းလျှင် ယိုင်နဲ့ပြိုလဲသွားလိမ့်မယ် …

  • Phaung Phaung

    June 16, 2012 at 11:57 am

    မသူသူပြောတာတွေကို အားလုံးထောက်ခံပါတယ်။ ရခိုင်လူမျိုးတွေရဲ့ ဆန္ဒသဘောထားတွေကို သမ္မတကြီး
    သိအောင် တင်ပြပြီး ဒီရိုဟင်ဂျာတွေကို တိုင်းပြည်ကနေနှင်ထုတ်နိုင်မှသာ ရင်အေးရမယ်ထင်ပါတယ်။ အဲလို
    မဟုတ်လို့ဆက်ထားရင် အခွင့်သာရင်သာသလို ရခိုင်တွေကို အမှည့်ချွေချွေနေမှာ မြင်ယောင်နေမိပါတယ်။
    ဒီလိုဆို ရခိုင်လူမျိုးတုံးသွားမှာပေါ့။ ကျွန်မလည်း မြန်မာပြည်ထဲမှာ ဒီရိုဟင်ဂျာတွေ ဆက်မရှိနေစေချင်တော့ပါ
    ဘူး။

  • အမေ့သား -ကြောင်ပါး

    June 16, 2012 at 12:43 pm

    ဦးဦးပြောတာမှန်ပါတယ်ဗျာ ရခိုင်မှာဆိုရင် သူ့တို့ပြည်နယ်အဖြစ်အုပ်ချုပ်ခွင့်တောင်တောင်းတယ်တယ် ဟူး တော်တော်မလွယ်တဲ့ကိစ္စ ဦးဦးတွက်ပြထားတဲ့အတိုင်းသာဆိုရင် တွေးတောင်မတွေးရဲဘူး

Leave a Reply