ရွာသူ/ရွာသားများ ကိုယ်စိတ်နှလုံးကြည်နှုးနိုင်ကြပါစေ…

























အမှတ်တရ ပုံများဖြင့် ရွာသူ/ရွာသားများ ကိုယ်စိတ်နှလုံးကြည်နှုးနိုင်ကြပါစေ…နောင်လည်းတင်ဆက်ပါဦးမည်…
ခင်တဲ့ ရွှေထီး
အမှတ်တရ ပုံများဖြင့် ရွာသူ/ရွာသားများ ကိုယ်စိတ်နှလုံးကြည်နှုးနိုင်ကြပါစေ…နောင်လည်းတင်ဆက်ပါဦးမည်…
ခင်တဲ့ ရွှေထီး
34 comments
Gipsy
June 16, 2012 at 5:20 pm
၁၄၄ နဲ့ ညှပ်ပူး ညှပ်ပိတ်ဖြစ်နေရတဲ့ ကျုပ်အဖို့ ကြည်နူးစရာပါ…
စေတနာထားတဲ့ အတွက် ကျေးဇူးတင်ပါရစေ…..။
ရွှေထီး
June 16, 2012 at 5:23 pm
ဝမ်းသာပါတယ်ဗျာ…..ကျေးဇူးတင်ပါတယ်..ကို Gipsy ရေ..
ညလေး
June 16, 2012 at 5:28 pm
နှစ်ပင်မကိုင်တဲ…….တစ်ပင်တိုင် ဦးရွှေထီးရယ်….
လှလှပပ ကြီးတွေကို……မျှမျှတတ……အကုန်ကြည့်သွားပါတယ်ရှင်…..
အားပေးရင်း…ငေးရင်း…..မျှပေးတဲ.ရှု.တောင့်အစုံလေးတွေကို……..မရမကပညာယူသွားပါဂျောင်း….
စိန်ဗိုက်ဗိုက်
June 16, 2012 at 5:30 pm
တိုရွှေထီးရဲ့ ရှုမငြီးတဲ့ လက်ရာအစုံလုံကို လက်ခုပ်တီးအားပေးသွားပါတယ်ဗျား..
အောက်ဆုံးက ပွဲကျနေတဲ့ အဖွဲ ့ကိုကြည့်ရတာ ကိုယ်ပါရောပြီး ရီချင်သွားသဗျာ.
ဟဟဟဟဟ..
စဂါးမစပ်
ပုတ်သင်ညိုက အူးလေး တစ်ခါတင်ဖူးပြီးသွားသလိုဘဲနော်.. 🙄
ရွှေထီး
June 16, 2012 at 5:38 pm
ဟုတ်ပါတယ် ကိုစိန်ဗိုက်ဗိုက်ရေ….အားလုံးပြန်စုစည်းတင်ပြပေးထားတာပါ…
water-melon
June 16, 2012 at 5:42 pm
ဟဲ့ဟဲ့ အရင် ပုတ်သင်ညှိက ငါတို့ ထန်းရည်နဲ့မြည်းဖို့
အမြည်းလိုတုန်းက ရိုက်သတ်လို်က်ပြီအေ့
အခုကောင်က နောက်တစ်ကောင်
ဒီတစ်ကောင်ကိုတော့ ကြော်စားရမယ်
ဒါနဲ့ ရေခွက်တစ်ခွက်ယူသွားတယ် ထန်းရည်သောက်ဖို့ခွက်မရှိလို့ 😆
စိန်ဗိုက်ဗိုက်
June 16, 2012 at 5:47 pm
ကာမေသုမိစ္ဆာ ဘာညာ
သူရာမေရယ
အောမီးသောဖော ရှောင်ကျဉ်ပါအိ..
ဂိ
ရွှေထီး
June 16, 2012 at 5:56 pm
အရင်ကောင်က နဲနဲသေးတယ် …အခုကောင်ကပိုကြီးတယ်နော်..
ပိုပြီးလည်းလျှင်တယ်….ဖမ်းရခက်မယ်နော်…
Gipsy
June 16, 2012 at 5:39 pm
ဟုတ်ပ… သွားတွေတောင် ကျွတ်ကျကုန်မှာစိုးရသေး..အဟေးဟေး…
Myo Min Oo
June 16, 2012 at 6:44 pm
အားလုံးကောင်းပါတယ် နောက်ဆုံး ပုဂံ ပုံကို အကြိုက်ဆုံးဘဲ
ရွက်စိမ်း ဆိုတာလေးတော့ သိပ်မကြိုက်ဘူး
စိတ်ဆိုးရဘူးနော်
etone
June 16, 2012 at 7:30 pm
ကိုရွှေထီးရေ ….ဓါတ်ပုုံပညာကတော့ အံ့မခန်းနိုင်အောင် ဆရာကြီးပါပဲ … ။
တကယ့်ကို ဓါတ်ပုံပညာရှင်တစ်ဦးပါပဲလား …. ကြည့်ရတာလည်း ပုံတိုင်းပုံတိုင်း မရိုးနိုင်တဲ့ ရိုက်ချက်တွေနဲ့ …. မျက်စိထဲ စွဲကျန်စေမယ့် ပုံရိပ်များပါပဲ … ။ အောင်မြင်မှုများစွာရပါစေလို့ ဆုတောင်းပေးပါတယ်နော် …
ကိုရင်စည်သူ
June 16, 2012 at 7:54 pm
ဓါတ်ပုံအားလုံး အမြင်တစ်မျိုးဆန်းနေပါတယ်
ရုပ်သေးရုပ်လေးကို ရိုက်ထားတာ ကြိုက်ပါတယ်။
ဘဲရီးဂွတ်.. ဘဲရီးဘတ်ဒ်..
ဘဲရီးဂွတ်က ပုံတွေကောင်းလို့
ဘဲရီးဘတ်က အဲ့လိုမရိုက်တတ်လို့…
ကဲ သွားပြီဗျာ
ဂွတ်မောနင်း… ဂွတ်နိုက်စ် 😉
ko win
June 16, 2012 at 7:55 pm
ကျေးဇူးတင်လှပါတယ်ဗျာ။ ကျူပ်က ပုဂံမရောက်ဘူးတော့ ပုုံတွေထဲကနေဘဲ အလည်သွားနေရတာဗျ။ ကိုရွှေထီးပုံတွေကနေတစ်ဆင့် အလည်သွားတော့လည်း ကြည်နူးရပြန်တာပါဘဲ။ ကျွန်တော်တော့ ဆင်တစ်ကောင်ဖမ်းသွားသဗျို့။ ဟိုး…ဟိုး..။
ရွှေထီး
June 16, 2012 at 9:29 pm
ဆင်ပဲဖမ်းသွားတာလား ဘီလူးကိုရော အလည်မခေါ်သွားဘူးလား…
ခင်လို့စတာနော်……
ko win
June 17, 2012 at 6:13 pm
ဘီလူးကတော့ ခေါ်စရာမလိုဘူးဟ။ တို့များအိမ်မှာမှန်ရှိတယ်လေ။ ဆင်ကတော့ မဖမ်းလို့မရဘူး။ မြန်မာပြည်မှာ တန်ဖိုးအကြီးဆုံ့းလေ။ ဟေ….ဟေ့
မိုက်ကယ်ဂျော်နီအောင်ပု
June 16, 2012 at 8:27 pm
ကောင်းဘာဒယ်
ဘယ်သူနဲ့မှမတူအောင် သဂျီးဂိုဖါးရမယ်ဆိုရင်ဒေါ့ 😀
ပုံတွေကို ကိုယ့်နာမည်ဟဲဗီးကြီးတွေတတ်ထားတာ သဂျီးမင်းအလွန်နစ်နာဘာဒယ်
( ကျုပ်လောက်နီးနီး တော်တာကိုတော့ ချီးကျူးဘာဒယ် )
ရွှေထီး
June 16, 2012 at 9:31 pm
ကိုဂျော်နီကို မှီဖို့ကြိုးစားရဦးမယ်…..ဟဲ..ဟဲ..
မမ အညာသူ
June 16, 2012 at 9:16 pm
ပုံလေးတွေကအရမ်းမိုက်ပါတယ်…..
ကျောင်းသူဘဝကသူငယ်ချင်းတွေနှင့်သွားခဲ့လာခဲ့တဲ့နေရာလေးတွေပေါ့
နောက်တစ်ခေါက်အညာပြန်ရင်တော့ရောက်အောင်သွားရမယ်…..):
ရွှေထီး
June 16, 2012 at 9:28 pm
ပြန်မယ်ဆိုရင်ကျွန်တော်ကိုပြောလေ…ပုံကောင်းလေးတွေနဲ့လှအောင်ရိုက်ပေးမယ်
ဟဲ..ဟဲ….ကျွန်တော်လည်း မော်ဒယ်မဌားရတော့ဘူးပေါ့… ဝါသနာပါရင်ပြောတာပါ..
MaMa
June 16, 2012 at 9:34 pm
အမှတ်တရ မော်တော်ပေါ်မှ…ဆိုတဲ့ ပုံလေးကို ကြည့်ပြီး ဝင်းဦးရဲ့ ရေချိုးဆိပ်ဆိုတဲ့ သီချင်းလောတောင် ကြားယောင်လာမိတယ်။ 🙂
MaMa
June 16, 2012 at 9:48 pm
အမှတ်တရ မော်တော်ပေါ်မှ…ဆိုတဲ့ ပုံလေးကို ကြည့်ပြီး ဝင်းဦးရဲ့ ရေချိုးဆိပ်ဆိုတဲ့ သီချင်းလေးတောင် ကြားယောင်လာမိတယ်။ 🙂
ရွှေထီး
June 17, 2012 at 9:03 am
မမရေထဲ ဆင်းကူးချင်စိတ်တွေ ပေါက်လာပြီ…ဟော ပြောရင်းဆိုရင်း ရေထဲကိုဒိုင်ပင်ခုန်ဆင်းသွားပါတယ်ခင်ဗျား….
ဟီး…ခင်လို့စတာနော်
ကိုပေါက်(မန္တလေး)
June 16, 2012 at 11:18 pm
ကျနာ်ကတော့ အောက်ဆုံးပုံကြိုက်တယ်။
ဘာလို့လဲဆိုတော့ ကျနာ်လူပုံကောင်းကောင်းမရိုက်ဘူးလို့။
အခုလိုပျော်စရာကောင်းအောင်လေးပြောတာပါ။
ရွှေထီး
June 17, 2012 at 8:59 am
ဟုတ်ပါတယ် ကိုပေါက်ရေ….ကျွန်တော်ရွာမင်္ဂလာဆောင်ဓါတ်ပုံသွားရိုက်ရင်း အမှတ်တရ ရိုက်ခဲ့တာပါ..
သူတို့ကို အမှတ်တရ ဓါတ်ပုံရိုက်ပေးပါတဲ့…ကောင်းပြီ အကုန်လုံး အဲ့ဒီမှာထိုင်ပြီး၊ ကျွန်တော့်ကို ကြည့်ပြီး
ရယ်ပါလို့ပြောတော့၊ သူတို့က ဘယ်လိုရယ်ရမှာလဲတဲ့၊ မရယ်တတ်ဘူးတဲ့၊ ရှက်တဲ့သူတွေလည်းပါမှာပေါ့လေ…..၊အဲဒါနဲ့ ကျွန်တော်လည်း ဒီလိုရယ်ဆိုပြီး ကင်မရာကို လည်ပင်းလွယ်… လက်နှစ်ဖက် ခါးထောက်ပြီး….အသားကုန် ရယ်ပြတော့တာပဲ (ပေါတယ်နော်)…
အဲ့ဒီတော့မှ သူတို့အားလုံးက ကျွန်တော့်ကိုကြည့်ပြီး အားရပါးရရယ်တော့တာပဲဗျို့…အခုကြတော့ ဘာလို့ရယ်လဲလို့မေးတော့…ဓါတ်ပုံဆရာရယ်တဲ့ပုံက ရယ်ဖို့ကောင်းတယ်တဲ့ဗျို့..ဒီပုံလေးက ကျွန်တော်ပြည်ကြည့်မိတိုင်း ရယ်ချင်မိတယ်….၊ တစ်ခါတစ်လေ ဓါတ်ပုံဆရာတွေလည်း ပေါရမယ့် အချိန်ရောက်တော့လည်း ပေါ၊ ဖောရမယ့် နေရာကျလည်းဖော… ၊ဝမ်းရေးတွက်မှလား…
ကျွန်တော့် ပုံလေးကိုကြည့်ပြီး ရွာသားတွေ ရယ်ချင်စိတ်၊ ကြည်နှုးစိတ်ဖြစ်သွားတယ်ဆိုရင်ကို ကျွန်တော်ဝမ်းသာပါတယ်…အခုတလောရွာထဲမှာ..စိတ်ညစ်စရာ၊စိတ်ရှုပ်စရာ၊ဝမ်းနည်းစရာတွေကြား မှာကျွန်တော့်ပုံလေးတွေကြည့်ပြီး စိတ်ကိုကြည်နှုးပျော်ရွှင်စေချင်မိတာ ကျွန်တော့်စေတနာအမှန်ပါ….
အဲဒါကြောင့် ကွန်နက်ရှင်မကောင်းတဲ့ ကြားက မရရအောင်တင်လိုက်တာပါ….
ပျော်ရွှင်ကြပါစေ ……ခင်တဲ့ ရွှေထီး
Crystalline
June 17, 2012 at 12:15 pm
အရင်အားပေးဖူးတဲ့ပုံလေးတွေပါပြန်ပြီး တစ်စုတစ်စည်းထဲကြည့်ရတာ သဘောကျတယ်. အောက်ဆုံးပုံလေးကတော့တကယ့်ကိုအသက်ဝင်ပါတယ်…ဒီရက်ပိုင်းမှာ စိတ်အတော်လေနေတဲ့ကျမကို ပြုံးမိစေပါတယ်..
metallic
June 17, 2012 at 2:37 pm
ရေချိုးဆိပ်ပုံလေး
ပန်းနွယ်
ရွက်ခြောက်
ဝိုင်းရယ်နေကြတဲ့ပုံလေးတွေကြိုက်တယ်
ပုံအားလုံးက ကောင်းမှန်းသိသာပါတယ်
ကျနော်ကသိပ်ပြီးလေးလေးနက်နက်စဉ်းစားစရာမလိုပဲ
ထင်လင်းမြင်သာတဲ့ပုံတွေကိုသာ ကြိုက်တဲ့အကျင့်ရှိလို့
ကျေးဇူးပါ
kyeemite
June 17, 2012 at 3:54 pm
ဓါတ်ပုံဆြာကောင်းတစ်ယောက်တိုးလာပါလား…
ပုံကောင်းလေးတွေကို တဝကြည့်သွားပါဂျောင်း..
ဒီလိုကွန်မကောင်းတဲ့ကြားက ပုံတွေအများကြီးတင်တာလည်းအံအြနေပါဂျောင်း..
ခင်တဲ့..ကြီးမိုက်။
kai
June 17, 2012 at 4:00 pm
ပုံတွေ.. တခုမကျန်ကြိုက်တယ်..
အောက်ဆုံးက.. ရယ်နေကြတဲ့ပုံများ.. တယောက်ဆီက.. အဓိပ္ပါယ်တခုစီပေးနေတာလို့.. ထင်မိတာ..
အင်း..
ဓါတ်ပုံပညာများ.. မကုန်နိုင်ပါလား..
ရွှေထီး
June 17, 2012 at 5:26 pm
သူကြီးကြိုက်ရင်ယူပါ…ဖားထားရမယ်လေ…အလိုက်သိရမှာပေါ့…နာမည်တပ်ထားတာပြန်ဖျက်ပေးမယ်လေ….ပြီးရင် သူကြီးရဲ့ သတင်းစာထဲထည့်ပေးပေါ့…
အဟီး..
ကိုပေါက်(မန္တလေး)
June 17, 2012 at 4:40 pm
သူကြီး ကြိုက်ရင် အကုန်သာဝယ်
တစ်ဆယ်ဆိုလဲမြန်မာငွေနဲ့တွက်ရင် မနည်းပါဘူး။
သူကြီးဝယ်ရင် ရတဲ့ငွေအလှူထဲ ထည့်မယ်နော်။
ရွှေထီး
June 17, 2012 at 5:28 pm
ကိုပေါက်ရေ တကယ်ရောင်းလို့ရမယ်ဆိုရင်…ရောင်းလို့ရသမျှ အကုန်လှုတယ်….အလှု့ရှင်နာမည်လေးတော့တပ်ပေးပါနော်….
ခင်တဲ့ ရွှေထီး…
တေလေ
June 17, 2012 at 5:01 pm
ဒီအရိပ်လေး အေးချမ်းလို်က်တာ
တခြားအရိပ်တွေက ပူလောင်လွန်းတယ်
ဒေါသမောဟ မာန်မာန တွေထောင်လွှား ထို အရိပ်များ ။
သားဦး၊မြေးဦး
June 17, 2012 at 6:21 pm
မြစ်ဆိပ်က ရေချိုးနေတဲ့ပုံရယ် လိပ်ပြာလေးတွေရော လှပါတယ်
ကိုရွှေထီးရေ
ရဲစည်
June 17, 2012 at 9:31 pm
တစ်ပုံချင်းစီကို အချိန်ပေးပြီး ခံစားသွားပါတယ်။
လက်ရာကလဲ ကောင်းသမို့ နောင်လဲ အချိန်ရရင် ထပ်တင်ပေးဖို့ တိုက်တွန်းလိုပါတယ်။
လက်မထောင် အားပေးသွားပါတယ်ဗျို့