ပုဂံခေတ်နှောင်းပိုင်း (၁၂၈၃) မြန်မာ-မွန်ဂို စစ်ပွဲများ(အပိုင်း ၃)
(ဒီဆောင်းပါးဟာ ပုဂံခေတ်နှောင်းပိုင်း (၁၂၈၃) မြန်မာ-မွန်ဂို စစ်ပွဲများ(အပိုင်း ၁) နဲ့ (အပိုင်း ၂) ရဲ့အဆက်ဆောင်းပါး ဖြစ်ပါတယ်။)
နောက်တော့ နရသီဟပတေ့မင်းက လက်နက်ချဖို့ စဉ်းစားပြီး ရှင်ဒိသာပါမောက်ကို ငြိမ်းချမ်းရေးအတွက်နဲ့ သံတမန်အဖြစ် ကူဗလေခန်ရှိရာ တိုင်ကူး(ဝါ)တယ်တူ(ယခု ပီကင်း) ကိုလွှတ်ပါတယ်။ ဆရာတော်ဟာ ယူနန်က ယချည်(Yachi) မှာဝါဆိုပြီးမှ ပီကင်းကို ဆောင်းလယ်မှာ ရောက်သွားပါတယ်။ ရှင်ဒိသာပါမောက်နဲ့ ကူဗလေခန်တို့ အမေးအဖြေ ပြောပုံဆိုပုံတွေကိုတော့ ကျောင်းသုံးစာအုပ်တွေမှာလည်း ပြဌာန်းထားလို့ အသေးစိတ် မရေးတော့ပါဘူး။ အနှစ်ချုပ်ကတော့ တိုင်းပြည်မှာ လူမရှိရင် ဘာမှလုပ်လို့ မရဘူး။ ဒါကြောင့် စစ်သည်ရဲမက်တွေ ပြန်ခေါ် လူတွေပြန်ခေါ် ကောက်ပဲစိုက် ပြီးမှအခွန်သိမ်းဖို့လာပါ ဆိုတဲ့ ရှင်ဒီသာပါမောက် စကားကို မွန်ဂိုဘုရင်ကြီး သိပ်ကြိုက်ပြီး ငြိမ်းချမ်းရေး ရခဲ့ပါတယ်။
ငြိမ်းချမ်းရေးရတယ် ဆိုပေမဲ့ မြန်မာတွေက လက်ဆောင်ပဏ္ဏာ နှစ်စဉ်ဆက်ပြီး အငြံ့ခံရမယ့် သဘော ဖြစ်သွားတာပါ။ ဘာလို့လဲဆိုတော့ မွန်ဂိုတွေက သူတို့တိုက်လို့ ရတဲ့နိုင်ငံ တော်တော်များများကို သူတို့ ဆွေသားမျိုးသားတွေ ဖြစ်စေ ဩဇာခံမင်းတွေဖြစ်စေ ထားပြီး ပိုင်ပိုင်နိုင်နိုင်ကို အုပ်ချုပ်တာပါ။ အခုလည်း အငြံ့ခံမယ့်သဘော ပြောလို့ လက်ခံတာဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ မွန်ဂိုတွေက ချီတတ်လာကတည်းက ပုဂံမှာ သာသနာပြုဖို့ ဆိုပြီး ရဟန်းသံဃာတွေပါ တပါတည်း ခေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကူဗလေခန်ဟာ အဲဒီအချိန်မှာ ဗုဒ္ဓရဲ့ အယူအဆတွေကို နှစ်သက်နေပြီ ဖြစ်ပါတယ်။ရှင်ဒိသာပါမောက်နဲ့ အမေးအဖြေလုပ်တော့လည်း ဒီအချက်ဟာ ထင်ရှားပါတယ်။ ပုဂံနေပြည်တော်နဲ့ မြန်မာအများစုရဲ့ အဲဒီအချိန်က ဗုဒ္ဓဘာသာကို နားလည်နေပုံကို ကိုယ်တိုင်တွေ့မှ အံ့ဩပြီး သူတို့တောင် ပြန်ပြီးသင်ရတော့မလို ဖြစ်သွားတယ် ထင်ပါတယ်။
ပုဂံက မြန်မာတွေ ဗုဒ္ဓစာပေတွေကို ကျွမ်းကျင်တာကလည်း အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ဘာသာတခုကို အခုမှ စတင်ပြီး ယုံကြည်ကာစ လူတွေဟာ ယုံကြည်တာကြာပြီ ဆိုတဲ့သူများထက် ပိုပြီး လေးနက်တတ်ပါတယ်။ဥပမာ ဆင်းရဲသားတဦးဟာ ကြိုးစားလို့ သူဌေးဖြစ်လာတဲ့အခါ တန်ဖိုးကို ပိုသိသလိုပေါ့။ မိဘဘိုးဘွားတွေ ရှာထားပြီးသားနဲ့ ချမ်းသာသူကျတော့ ရှေးလူကြီးတွေ ဘယ်လိုရှာဖွေ စုဆောင်းခဲ့တယ် ဆိုတာ အလွယ်တကူ သဘောမပေါက်လို့ မလေးနက်တဲ့ သဘောပေါ့ဗျာ။
ဘယ်လောက်တောင် ဗုဒ္ဓစာပေတွေကို နှံ့စပ်သလဲဆိုတော့ ယောကျာင်္းတွေ မဆိုထားနဲ့ မိန်းမသားများတောင် အချင်းချင်းတွေ့လျှင် “သင်အဘယ်ကျမ်းဂန်ကို နားလည်သနည်း အဘယ်မျှလောက် နှုတ်တတ် အာဂုံဆောင်ထားသနည်းလို့” မေးလေ့ ရှိတယ်တဲ့။တကြိမ်မှာ အဲဒီလို အမေးခံရတဲ့ အမျိုးသမီးငယ် တယောက်က “ငါ့မှာ သားငယ် သမီးငယ်များနှင့် အိမ်မှုကိစ္စများရှိလို့ များများမလေ့လာနိုင် အာဂုံမဆောင်နိုင်ပါ။ သမန္တပဌာန်းကျမ်းမှ ကုသလတိက် မျှသာ နားလည်နိုင်ပြီး နှုတ်တတ်ဆောင် နိုင်ပါတယ်” လို့ပြောပါတယ်တဲ့။ (ပဌာန်းကျမ်းမှ ကုသလတိက်ဆိုသည်မှာ ယခု ပထမကြီး ပထမကျော်အဆင့်မှ နားလည်နိုင်တဲ့ ကျမ်းစာလို့ သိရပါတယ်။လုံးဝမရသေးပါ။ နားလည်ဖို့ ကြိုးစားရန် စိတ်ကူးရှိပါတယ်။တနေ့နေ့ပေါ့။)
နောက်ပြီး မွန်ဂိုတပ်တွေနဲ့ ပါလာတဲ့ မာကိုပိုလိုက မြန်မာနိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုတွေကို The Golden Land လို့မှတ်တမ်းတင်ခဲ့ရာမှ အနောက်တိုင်းသားတွေ မြန်မာနိုင်ငံကို စပြီး စိတ်ဝင်စားလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မွန်ဂိုတွေက သူတို့နယ်မြေအဖြစ် ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်ဖို့ စီစဉ်ခဲ့ပုံ ရပါတယ်။ အခုလို သူတို့ကို အငြံ့ခံမယ့်သဘောမျိုးပြောလို့ ကျေနပ်ပြီး ကူဗလေခန်က စစ်ကိုရပ်လိုက်ပါတယ်။
နရသီဟပတေ့ မင်းကလည်း မွန်ဂိုတွေပြန်ပြီ ကြားလို့ ပုဂံကို ပြန်ချင်ပါတယ်။ ပြန်ရင်ကောင်း မကောင်းကို မိဖုရားစောနဲ့ တိုင်ပင်တော့ မိဖုရားစောက မင်းကြီး ဆန်အံ့သည်ကား လွယ်၏။ နောက်လိုက်နောက်ပါ နည်းလို့ ရန်သူရှိမှာ စိုးရပါတယ်။ မင်းကြီးကား ပြည့်ဝမ်းကို ဖောက်သကဲ့သို့ သူဌေး သူကြွယ်တွေကို သတ်ပြီး ဥစ္စာကို ယူခဲ့ပါတယ်။ သူ့သားမယား သူ့သမီးတွေကို သိမ်းယူခဲ့ပါတယ်။ အဆိုးဆုံးက ပြည်စွယ်ကို ချိုးတာနဲ့တူတဲ့ သူရဲကောင်းတွေကို သတ်ဖြတ်ခဲ့ပါတယ်လို့ မင်းကြီးလုပ်ခဲ့ဖူးသမျှ အမှားတွေကို လျှောက်ပါတယ်တဲ့။
(ရာဇဝင်ကြီးတွေမှာ နရသီဟပတေ့ဟာ အောက်မြန်မာနိုင်ငံ ပုသိမ် ဒလကို ပြေးတယ်လို့ ရေးပေမယ့် ဒေါက်တာသန်းထွန်းရဲ့ ကျောက်စာလေ့လာချက်မှာတော့ ပြည်အနောက်ဘက် လှည်းကျဆိုတဲ့ အရပ်ဖြစ်ပါတယ်တဲ့။ ကွဲပြားတဲ့ အမြင်ကို တင်ပြခြင်းပါ။ မွန်ဂိုတွေလက်က ထွက်ပြေးတာတော့ သေချာပါတယ်။)
ဟင်းခွက် ၃၀ဝ နဲ့ပွဲတော်တည်တဲ့ နရသီဟပတေ့မင်းက နောင်တတွေရလို့ပေါ့။ ဒါပေမယ့် ပုဂံကို ပြန်လာပါတယ်။ ပြည်အရောက်မှာ သားတော်သီဟသူ ကျွေးတဲ့ အဆိပ်ကိုစားပြီး နတ်ရွာစံပါတယ်။ ပြည်စားသီဟသူလည်း ဖခင်ကို လုပ်ကြံနိုင်ပေမယ့် ပုဂံမှာ မင်းမပြုနိုင်ခင် ပဲခူးကို တိုက်ရင်း ကျဆုံးသွားပါတယ်။ ဒလစားကျော်စွာက ပုဂံထီးနန်းမှာ ဆက်ခံပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ အနော်ရထာမင်းကြီး တည်ထောင်ခဲ့တဲ့ ပုဂံအင်ပါယာကြီး ပြိုကွဲသွားပါပြီ။ ကျော်စွာဟာ ပုဂံတဝိုက်မှာပဲ အာဏာရှိပါတော့တယ်။ ပြိုကွဲတာမှ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတာပါ။
နောက်ပြီး ကျော်စွာဟာ ရုပ်သေးဘုရင်လို့ ပြောလို့ရပါတယ်။ နရသီဟပတေ့ လုပ်ကြံခံရတဲ့ အခါမှာ ပုဂံထီးနန်းမှာ တရုတ်လိုလားတဲ့ မင်းသားကို နန်းတင်ဖို့ တရုတ်စစ်တပ်ကြီးဟာ ဒုတိယအကြိမ် ရောက်ရှိလာပါတယ်။ မင်းသား ရဲစိန်တိမာ(Esem-Temur) ဟာ ဗိုလ်ချုပ်အနေနဲ့ လိုက်ပါလာပါတယ်။ တရုတ်လိုလားတဲ့ ရွှေနန်းရှင်ကို ပုဂံမှာ ၃ဝ မေ ၁၂၈၉ မှာမင်းမြှောက်လိုက်ပါတယ်။(ကိုးကား ဒေါက်တာသန်းထွန်း မြန့်မာ့သမိုင်းပုံ)
နောက်ပြီး မွန်ဂိုတရုတ်တပ်တွေလည်း တကောင်းမှာ တပ်စွဲထားလိုက်ပါတယ်။ ဒါမှလည်း သူတို့ ဩဇာခံမင်းကို သူတို့စိတ်ကြိုက် စောင့်ကြည့်နိုင်မှာပါ။ The golden land လို့ မာကိုပိုလို မှတ်တမ်းတင်တဲ့ နိုင်ငံကို သူတို့အနေနဲ့ လက်လွှတ်မခံပါဘူး။(မြန်မာတွေ အနေနဲ့ အလွန်စောတဲ့ အချိန်ကတည်းက အမျိုးသားရေးစိတ်ဓတ် ရှိနေပြီ ဆိုတာကို နောက်ပိုင်းမှာ ထင်ထင်ရှားရှား တွေ့ရပါတယ်။)
အဲဒီအချိန်မှာ အင်အားကြီးလာတာက အင်္သခယာ ရာဇသင်္ကြန်နဲ့ သီဟသူဆိုတဲ့ ရှမ်းညီနောင်သုံးဦး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းတပါးရဲ့ရန်ကြောင့် မြို့တော်ပျက်သွားတာနဲ့ သီးခြားနိုင်ငံငယ်တွေ ဖြစ်သွားတတ်တာ ရှေးခေတ်ထုံးစံပါ။ ရာဇဝင်ကြီးတွေမှာ ရှမ်းဗမာ ညီနောင်သုံးပါးလို့ ရေးကြပါတယ်။ ဘာလို့လဲဆိုတော့ အဖေက ရှမ်းစော်ဘွားကြီး အမေက ဗမာသူကြွယ်သမီး တို့ကနေ ဆင်းသက်တယ်လို့ ရေးပါတယ်။ နောက်ပိုင်း ကျောက်စာလေ့လာချက် တွေမှာတော့ ဒီညီနောင်သုံးဦးဟာ သူတို့ကိုယ်သူတို့ မြန်မာမင်းတွေ အဖြစ်ဂုဏ်ယူရေးထိုး ခဲ့တယ်လို့ သိရပါတယ်။
မြန်မာဆိုတဲ့ အခေါ်အဝေါ်ကလည်း ဒီခေတ်မှာ စတင်ပေါ်ပေါက်လာတယ်ဆိုတဲ့ အဆိုရှိပါတယ်။ ဘာလို့လဲဆိုတော့ မွန်ဂိုတရုတ်တပ်တွေကို ပြန်တိုက်ရမှာမို့လို့ နိုင်ငံတွင်းက အရွယ်ကောင်း မြန်တဲ့ မာတဲ့ ယောကျာင်္းများ ထွက်ကြပါလို့ လှုံ့ဆော်ခဲ့လို့ပါတဲ့။ အဲဒီခေတ်မှာပဲ “မြံမာအလုံး အကြေအညာ အလုံးစုံအောင်သော သီဟသူရမည်သော ဆင်ဖြူသခင် တရားမင်းကြီး” ဆိုတဲ့ ကျောက်စာတွေမှာ မြန်မာဆိုတဲ့ ဝေါဟာရကို အစောဆုံးတွေ့ရတယ် လို့ဆိုပါတယ်။ ထားပါတော့။ ဒီညီနောင်သုံးပါးဟာ ရှမ်းတွေပဲဖြစ်ဖြစ် ဗမာတွေပဲဖြစ်ဖြစ် နှစ်ဘက်သွေးတွေ တဝက်စီပါတဲ့ လူတွေကဦးဆောင်ပြီး ရှမ်းတွေနဲ့ ဗမာတွေ ပေါင်းပြီး တရုတ်တပ်တွေကို ပြန်တိုက်တယ် ဆိုတော့လည်း နှစ်ဘက်ဆွေမျိုးများ အနေနဲ့ ကျေနပ်စရာကြီး ပဲမဟုတ်လား။ တကယ်တော့ တိုင်းပြည်နဲ့ ရာဇဝင်မှာ တကယ်လိုအပ်လာရင်လည်း ရှမ်းလူမျိုးများက ဗမာတွေနဲ့ လက်တွဲပြီး ရှမ်းဓားတွေကိုင်ကာ ရှေ့ဆုံးမှ ထွက်ခဲ့သူတွေပါ လို့ချီးကျူးလိုက်ပါတယ်။ တကယ်လည်း မှန်ပါတယ်။
မြင်းစိုင်းက ရှမ်းဗမာညီနောင် သုံးဦးကလည်း အင်အားကြီးလာပြီး သူတို့အနေနဲ့ တရုတ်ဆန့်ကျင်ရေး ကိုလှုံ့ဆော်လာတဲ့ အခါမှာ ကျော်စွာက စိုးရိမ်ပြီး သူ့ကိုပုဂံမင်းအဖြစ် ထပ်မံအသိအမှတ်ပြုဖို့ တကောင်းမှာ တပ်စွဲထားတဲ့ မွန်ဂိုတွေဆီမှာ စာတောင်းတဲ့အခါမှာ မွန်ဂိုဘုရင်က အသိအမှတ်ပြုကြောင်း စာထုတ်ပေးလိုက်ပါတယ်။ ၁၂၉၈ မှာဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို မြင်းစိုင်းမှာ ကျောင်းရေစက်ချပွဲ ရှိတယ်လို့ လှည့်ပတ်ခေါ်ပြီး နန်းချလိုက်ပါတယ်။ တချို့အမြင်ကလည်း ပုဂံကို ဝင်တိုက်ပြီးမှ သူ့ကိုပါသတ်ပြီး နန်းချတာလို့ ဆိုပါတယ်။ ကွဲပြားတဲ့ အမြင်ဖြစ်ပါတယ်။
နိုင်ငံခြား ဩဇာကို ပယ်ရှားဖို့ အမျိုးသားရေးလှုံ့ဆော်ပြီး တရုတ်ခန့်တဲ့မင်းကို နန်းချကာ ပုဂံနန်းမှာ စောနစ်ကို ဆက်ပြီး မင်းမြှောက်ပါတယ်။ ဒါပေမယ့် သူဟာ နာမည်ခံပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၁၃၀ဝ ပြည့်မှာ မြင်စိုင်းကို တရုတ်စစ်တပ်ကြီး တတိယအကြိမ် ရောက်လာပါတယ်။ ဒါပေမယ့် မြင်းစိုင်းကို မရောက်ခင်ကတည်းက လမ်းမှာ မြန်မာတွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ တွေ့ရတယ်လို့ ဆိုပါတယ်။ မြင်းစိုင်းကို ရောက်တဲ့အခါ မွန်ဂိုတွေက မြို့ကိုဝန်းရံပြီး တိုက်ခိုက်ပါတယ်။ မြန်မာတွေကလည်း မြို့ကိုဗဟိုပြုပြီး ပြန်လည်တိုက်ခိုက်ပါတယ်။ မြို့ရိုးပေါ်မှ လေးမြှား လောက်လွှဲ ကျောက်တုံး တွေနဲ့ပြန်လည် တိုက်ခိုက်ရာမှာ မွန်ဂိုတွေ မြို့ကိုမစီးနိုင်ရုံမက တိုက်ပွဲငယ်တခုမှာ မွန်ဂိုတွေဘက်က အကျအဆုံးဟာ ၅၀ဝလောက် အထိရှိတယ်လို့ သိရပါတယ်။(ကိုးကား သန်ထွန်း ၇၅ မွေးနေ့လက်ဆောင်၊ ရှာရှာဖွေဖွေ မြန့်မာ့သမိုင်း အတွဲ-၂) မှတ်ချက် တရုတ်မှတ်တမ်းမှာလည်း ဒီလိုပဲပါလို့ ဒါသူတို့ကိုယ်တိုင် ဝန်ခံတာ ဖြစ်ပါတယ်။
နောက်ပြီး ကျနော်တို့ခေတ်က ၉ တန်း ၁ဝတန်းလောက်မှာ သင်ရတဲ့ ငါးစီးရှင်ကျော်စွာရဲ့ ကာချင်းဟာ အဲဒီအကြောင်းကို စိတ်အားတတ်ကြွဖွယ် ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ “တရုတ်လာသည် ရိုင်ရိုင်လော ရိုင်ရိုင်၊ မြှားမိုးရွာသည် ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်” ဆိုတဲ့ ကာချင်းဖြစ်ပါတယ်။ အဲဒီခေတ်က မြန်မာစစ်သည်တွေရဲ့ စစ်ချီတေး ဖြစ်ပါတယ်။ မွန်ဂိုတွေ လာတိုက်တုန်းက စစ်မြေပြင်မှာ လင်းတတွေ ကျနေတာ မွန်ဂိုမြင်းသည်တွေ ပျားပန်းခတ်မျှ အသိန်းအသန်း ဝန်းရံနေတာတွေကို ပေါ်လွင်စေပါတယ်။
အင်းဝခေတ်က ဧချင်းတခုမှာလည်း ဒီအကြောင်းကို သေသေချာချာ ဖွဲ့ဆိုထားတယ်လို့ သိရပါတယ်။ မြင်းစိုင်းဟာ ကျုံးမြောင်း အပြည့်အစုံရှိတဲ့ မြို့ဖြစ်ကြောင်း ဆင်များ လောက်လွှဲကြီးများ ကျောက်မောင်းကြီးများ ရှိကြောင်း(တရုတ်မှတ်တမ်း ကလည်း ဒီလိုပဲ ဆိုပါတယ်) မြင်းစီးကျွမ်းကျင်လှသော မွန်ဂိုတရုတ် စစ်သည်များရောက်လာကြောင်း စစ်ဝတ်တန်ဆာများ ပြိုးပြိုးပြောင်ပြောင် ရှိပြီး လေးမြှားလက်နက်တွေ ကိုင်စွဲကြောင်း ရေးဖွဲ့ထားပါတယ် လို့သိရပါတယ်။ ထိုစစ်တပ်ကြီးကို ရှမ်းဗမာ ညီနောင်တို့က “ဦးလည်လည်ဖြတ် နိုင်အောင်သတ်” ခဲ့တယ်လို့ ဆိုပါတယ်။
ပင်းယခေတ်နောက် နှစ်ပေါင်း ၂၀ဝ ကျော်လောက်မှ ပေါ်ထွန်းတဲ့ မင်းတရားရွှေထီး လက်ထက်အထိ မြန်မာတွေက ဒီကိစ္စကို ဂုဏ်ယူကြတယ်လို့ သိရပါတယ်။ ပင်းယသီဟသူနဲ့ အမျိုးတော်ရတာကိုလည်း ဂုဏ်ယူတယ်လို့ သိရပါတယ်။ အဲဒီခေတ်က အင်အားအကြီးဆုံး မွန်ဂိုတွေကို ခုခံနိုင်ခဲ့သူကိုး။ မင်းတရားရွှေထီး ဧချင်းမှာ “ကျော်သောင်းနတ်လူ သီဟသူဟု ဆင်ဖြူလွလွ တစီးရသည် စသည့် ဘိုးဘေး မျိုးတော်ရှေး” ဆိုပြီးတောင် ဂုဏ်ယူခဲ့တယ် လို့သိရပါတယ်။ အဲဒီတိုက်ပွဲမှာ သင်ပွင်း တောင်ဖြူ တောင်ချွန်း ဆိုတဲ့တောင်တွေမှာ စစ်သည်တွေ ပြည့်နေတယ်လို့ ဆိုပါတယ်။ လေးမြှားမီးပေါက်တွေ ပစ်ခတ်နေကြောင်း မွန်ဂိုစစ်သူကြီး သုံးယောက်ဟာ သံကိုယ်ကျပ်အကျီကို ဝတ်ဆင်ထားတယ်လို့ သိရပါတယ်။ တံခါးနားသွားပြီး တံခါးကို ပုဆိန်နဲ့ ပေါက်ခွဲ့တဲ့ အခါမှာ မြန်မာတွေက ပြန်လည်တိုက်ခိုက်ကြောင်း ရေးသားထားတယ်လို့ သိရပါတယ်။
အဲဒီအချိန်မှာ မြန်မာတွေနဲ့ အတူတူပါဝင် တိုက်ခိုက်ပေးတဲ့ စစ်ဗိုလ်ကြီး နာမည်ကတော့ ဗိုလ်နေပူပါတဲ့။ ဟုတ်ပါတယ် နေကအရမ်းပူပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုက အထက်ပိုင်းက ပူအိုက်ခြောက်သွေ့ပြီး အောက်ပိုင်းက ပူအိုက်စိုစွပ်ပါတယ်။ ဒီရာသီဥတုကို ဒီဒေသသားတွေက ခံနိုင်ပေမယ့် အအေးပိုင်း ဒေသဖြစ်တဲ့ မွန်ဂိုလွင်ပြင်က လူတွေအတွက် ရေရှည်မှာ အခက်အခဲ ရှိလာပါတယ်။ ရာသီဥတုကို မခံနိုင်သလို တကယ်တိုက်တော့လည်း အရင်တုန်းကလို မလွယ်တော့လို့ သူတို့ကစပြီး ငြိမ်းချမ်းရေး ခေါ်ပါတယ်။ “ငါတို့ ပုဂံမင်းရိုးကို နန်းတင်လို၍ လာပါသည်” ဆိုတဲ့ ရာဇဝင်က စကားဟာ သူတို့ကစပြီး ကမ်းလှမ်းတာ ဖြစ်ပါတယ်။ မြန်မာတွေကလည်း ပုဂံမင်း မရှိတော့ပြီလို့ ပြန်ကြားလိုက်ပါတယ်။
စစ်ပြေငြိမ်းရေး ဆွေးနွေးတော့ ဘာသဘော တူညီချက်တွေ ရှိသလဲဆိုတာ တရုတ်မှတ်တမ်းကရော မြန်မာမှတ်တမ်းကပါ အသေးစိတ် မဖော်ပြပါဘူး။(ဒါပေမယ့် ကျနော့်စိတ်ထင် အသေးစိတ် သဘောတူညီချက်တွေ ရှိမယ်ထင်ပါတယ်။ စာရေးသူရဲ့ အမြင်ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းကိစ္စတွေမှာ ထင်ရှားပါတယ်။) မြန်မာတွေ အနေနဲ့ကလည်း အမှန်အတိုင်း ပြောရရင် စစ်ကိုရပ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာတွေရဲ့ အင်အားဟာ ဒီအချိန်မှာ အကောင်းဆုံး အခြေအနေ မရှိတော့ပါဘူး။ နောက်ပိုင်း မြင်းစိုင်းဟာ ရေရှည်မှာ ခံစစ်အနေအထား မကောင်းပါဘူး။ အလောတကြီး တည်ရတဲ့ မြို့ဖြစ်ပါတယ်။ အမှန် မြို့တော်လုပ်ချင်တာက အင်းဝပါ။ အကြောင်းကြောင်းကြောင့် အင်းဝကို မြို့တည်တာ မအောင်မြင်လို့ မြင်စိုင်းကို တည်တာဖြစ်ပါတယ်။
မြန်မာရာဇဝင်တွေမှာတော့ မွန်ဂိုစစ်သည်တွေ ပဏ္ဏာကာရယူ၍ပြန်ကြောင်း လောက်ပဲရေးပါတယ်။ ထူးခြားတာက မွန်ဂိုတွေဟာ မြန်မာနိုင်ငံထဲက ဆုတ်ခွာတဲ့ အခါမှာ သူတို့တကောင်းမှာ တပ်စွဲထားတဲ့ တပ်တွေကိုပါ ရုပ်သိမ်းပြီး ပြန်သွားတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံ အထက်ပိုင်းကို သူတို့ပိုင် အဖြစ်ကျေညာပြီး သူတို့က တကောင်းမှာ သေသေချာချာ တပ်စွဲထားတာပါ။ မွန်ဂိုတပ်တွေဟာ ပြန်ရောက်တဲ့ အခါမှာ ရလာတဲ့ လက်ဆောင်ပစ္စည်းတွေကို မွန်ဂိုဘုရင်ကိုဆက်ပြီး စစ်နိုင်ခဲ့ကြောင်း လျှောက်တင်ပေမယ့် မွန်ဂိုဘုရင် မကျေနပ်လို့ ဦးဆောင်တဲ့ စစ်သူကြီးတွေ ကွပ်မျက်ခံရတယ် လို့သိရပါတယ်။ အရင်က မြန်မာနိုင်ငံကို တရုတ်ပိုင်ပြည်နယ် ချဲန်မိန်(Chiang-Mien) အဖြစ် ကြေညာထားတာကိုလည်း ရုပ်သိမ်းပါကြောင်း ၄ ဧပြီ ၁၃၀၃ မှာကြေညာပါတယ်။(ဒေါက်တာသန်းထွန်း မြန့်မာ့သမိုင်းပုံ) မြန်မာနိုင်ငံထဲကိုလည်း နောက်ထပ်တပ်တွေ မလွှတ်တော့ပါဘူး။
မြန်မာတွေကလည်း သွားပြီး အငြံ့ခံရတာတွေ ဘာတွေ မရှိတော့ပါဘူး။ တခုတော့ ရှိပါတယ်။ ပုဂံအင်ပါယာ ပြိုကွဲသွားလို့ မြန်မာနိုင်ငံ အနေနဲ့ သီးခြားတိုင်းငယ် ပြည်ငယ်များအဖြစ် ပြိုကွဲသွားပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းက တနိုင်ငံ မြန်မာနိုင်ငံအောက်ပိုင်းက တနိုင်ငံ ရခိုင်ပြည်နယ်က တနိုင်ငံ စသည်ဖြင့်ပါ။ ရခိုင်ပြည်ဟာလည်း ပုဂံခေတ်ကတည်းက လက်ရှိမြန်မာနိုင်ငံရဲ့ အဝန်းအဝိုင်းပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နရသီဟပတေ့ကို ပုန်ကန်တဲ့ မစ္ဆဂီရိစားဆိုတာ လက်ရှိကျောက်ဖြူခရိုင်ပါ။ ဒီလိုပြောတာဟာ သွေးတူသားတူလို့ သဘောထားလို့ ပြောတာဖြစ်ပါတယ်။ အနိုင်ကျင့်ပြီး ပြောတယ်လို့ ထင်မှာစိုးလို့ ဖြစ်ပါတယ်။ ကျနော်အရင်ဆောင်းပါးမှာ ပြောဖူးသလို လူတွေဟာ အရေးကြီးရင် သွေးနီးရာချိုတယ် ဆိုတာကို အခုလေးတင် ထပ်ပြီးတွေ့လိုက်လို့ ဖြစ်ပါတယ်။
တကယ် ပြဿနာတတ်တော့ အရင်တုန်းက ဆဲတာတွေကို မေ့ပြီး ဗမာတွေက ရခိုင်တွေဘက်က နာပေးခဲ့တာကို သေသေချာချာ တွေ့လိုက်ရလို့ပါ။ ရှမ်းလူမျိုးတဦးကလည်း ရခိုင်ပြည်နယ်က ကိစ္စကို ပြောရင်းနဲ့ လက်တွေပါတုန်လာတာကို အနီးကပ်ကို တွေ့လိုက်လို့ပါ။ ဒီလိုပဲ အခြား ချင်းတို့ ကရင်တို့ ဖြစ်ခဲ့ရင်လည်း ဒီလိုပဲ ဗမာနဲ့ အခြားလူတွေက နာကြအုန်းမယ် လို့ထင်ပါတယ်။
အဲဒီလို တကွဲတပြားစီ ဖြစ်သွားတဲ့ အခြေအနေတွေကို သမိုင်းပညာရှင်များက ကွဲပြားနိမ့်ကျနေသော မြို့ပြနိုင်ငံများ မှတ်တမ်းတင်ကြပါတယ်။ အဲဒီလို ကွဲပြားနိမ့်ကျနေတဲ့ အခြေအနေတွေကို ဖောက်ထွင်းပြီး အင်အားကြီးတဲ့ လက်နက်နိုင်ငံကို မြန်မာတွေ တခါပြန်တည်ထောင်ဖို့ နှစ်ပေါင်း ၂၀ဝ ကျော်ကြာခဲ့ပါတယ်။ အတိအကျဆိုရင် ပုဂံခေတ်ကုန်ချိန် အေဒီ ၁၃၀ဝ လောက်ကနေ ဘုရင့်နောင် ပေါ်ထွန်းလာတဲ့ အေဒီ ၁၅၅၁ အထိနှစ်ပေါင်း ၂၅ဝ ကြာခဲ့ပါတယ်။
အားပေးဖတ်ရှုတဲ့ အတွက်ကျေးဇူးတင်ပါတယ်။
(မှတ်ချက် မွန်ဂိုတွေဟာ တရုတ်ပြည်ကို စိုးမိုးအုပ်ချုပ်ခဲ့တာ ဂျင်ဂစ်ခန်လက်ထက် ၁၂၂ရ လောက်ကနေ ၁၃၆၈ အထိနှစ်ပေါင်း ၁၄ဝလောက်ကြာကြာ အုပ်ချုပ်ခဲ့ပါတယ်။ ကူဗလေခန်လက်ထက် ကစတွက်မယ်ဆိုရင်တောင် ၁၂၇၁ ကနေ ၁၃၆၈ အထိ ၉ရနှစ်လောက်တောင် အုပ်စိုးခဲ့ပါတယ်။ ၁၃၆၈လောက်မှာ မွန်ဂိုတွေ အင်အားနည်းလာမှ တရုတ်တွေက ပြန်တော်လှန်နိုင်တာ ဖြစ်ပြီး မင်ခေတ်ကို တည်ထောင်နိုင်ခဲ့ပါတယ်။ မွန်ဂိုတွေ တရုတ်ပြည်ကို အုပ်စိုးစဉ်မှာ အသားငါးခုတ်တဲ့ ဓားတောင်အိမ်တိုင်းစေ့ မထားရတာတို့ လမုန့်ပွဲတော်တို့ ဘာတို့ကတော့ တရုတ်ရှေးရာဇဝင်ကို မြန်မာပြန်ထဲမှာ ဖတ်ဖူးပါတယ်။ ပိုရေးတာလည်း ဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ ပန်းပဲပညာ တတ်ပြီးသား လူတွေကို ဒီလိုလုပ်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။တရုတ်ရာဇဝင်တွေကလည်း တခါတလေ ပြောင်းပြန်ရေးတာတွေ ရှိတတ်ပါတယ်။ အလျှင်းသင့်ရင် ပြောပါမယ်။)
50 comments
မောင်ပေ
June 16, 2012 at 6:58 pm
“(ပဌာန်းကျမ်းမှ ကုသလတိက်ဆိုသည်မှာ ယခု ပထမကြီး ပထမကျော်အဆင့်မှ နားလည်နိုင်တဲ့ ကျမ်းစာလို့ သိရပါတယ်။လုံးဝမရသေးပါ။ နားလည်ဖို့ ကြိုးစားရန် စိတ်ကူးရှိပါတယ်။တနေ့နေ့ပေါ့။)”
လေးစားပါတယ် ကိုစံလှကြီးခင်ဗျား ။
အစ်ကို ့ပိုစ့်များကို အမြဲဖတ်ရှူနေသူ
မောင်ပေ
San Hla Gyi
June 17, 2012 at 8:56 am
ကိုပေရေ
အမြဲတမ်းလာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဦးဦးပါလေရာ
June 16, 2012 at 7:20 pm
အရင်က ခပ်ကြမ်းကြမ်းလောက်ကြားဖူးဖတ်ဖူးထားတာပါ..။
အခုလို သိုင်းသို်င်းဝိုင်းဝိုင်း ဆက်စပ်ပြီးသိလိုက်ရတာ ကျေးဇူးတင်ပါတယ်။
ဒီပိုစ့်က မွန်ဂိုကျူးကျော်မှု့အကြောင်းရေးတာဆိုတော့ မွန်ဂိုကိုပဲ ဦးတည်ပြီး ပြောစရာတခုရှိပါတယ်။
မြန်မာပြည်ကို လက်လွှတ်လိုက်တာ သိပ် မလွယ်လွန်းဘူးလား…။
အဲဒီအချိန်မှာ သူတို့အင်အားနည်းလာတာ၊ အခက်အခဲရှိလာတာရော မဖြစ်နိုင်ဘူးလား ဆိုတာပါပဲ..။
တကယ်တော့ မြန်မာနိုင်ငံဆီကိုကလဲ လမ်းပမ်းခရီးက အဲဒီအချိန်တုန်းကတော့ တော်တော်ခက်ခဲကြမ်းတမ်းမယ် လို့ ယူဆမိပါတယ်။
ကျုပ်ရဲ့အမြင်တခုမှာတော့ ….
ပထဝီအနေအထားတွေက တိုင်းပြည်ကို တည်ဆောက်ပေးတယ်…
ပထဝီအနေအထားတွေက တိုင်းပြည်ကို ကာကွယ်ပေးတယ်…
ပထဝီအနေအထားတွေက တိုင်းပြည့်ကံကကြမ္မာကို ဆုံးဖြတ်ပေးတယ်…
မြန်မာနိုင်ငံဆိုတာ တိုင်းရင်းသားနယ်ပယ်တွေကို
အလကားနေရင်း အကြောင်းမဲ့ ဆွဲစိထားပြီးဖြစ်လာတာမဟုတ်…
ဘုံကံကြမ္မာ ဘုံအကျိုးစီးပွားအတွက် စုစည်းမိထားတာလဲ ဖြစ်နိုင်ပါတယ်…။
အင်း … စိတ်ကူးယဉ်ဆန်တဲ့ ကောက်ချက်တခုပေါ့…..
San Hla Gyi
June 17, 2012 at 8:57 am
ဦးဦးပါလေရာရေ
ကျနော့်အနေနဲ့တော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပေမယ့် သူတို့ဩဇာခံမင်းကို နန်းတင်တာ မြန်မာပြည်ထဲမှာ လာရောက်တပ်ချပြီး စောင့်ကြည့်နေတာတွေကို ထောက်ပြီး အလွယ်တကူ လက်လွှတ်တယ်လို့ မထင်ပါဘူး။ နောက်ပြီး ကူဗလေခန် လက်ထက်မှာ မွန်ဂိုတွေရဲ့ အင်အားဟာ အထွတ်အထိပ် ရောက်နေပြီး သူ့နောက်ပိုင်း ဆက်ခံတဲ့မင်းတွေ လက်ထက်မှာ မွန်ဂိုအင်ပါယာဟာ ၄ပိုင်းလောက် ကွဲသွားပေမယ့် ဒါဟာ ၁၃၃ဝ တဝိုက်ကျမှစပြီး အင်အားနည်းလာတာပါ။ မြန်မာပြည်ကို လာတိုက်တုန်းက သူတို့ရဲ့ အင်အားက အကောင်းဆုံး အခြေအနေပါ။ မြင်းစိုင်းကို ဝိုင်းတိုက်တာ ဇန်နဝါရီ ၁၃၀၁ ဖြစ်ပြီး မြန်မာပြည်က တပ်ခေါက်ပြီး ပြန်တော့ ဧပြီ ၁၃၀၁ လို့သိရပါတယ်။ ၂ကျော် ၃ လနီးပါး အပြင်းအထန် ဝိုင်းတိုက်တဲ့ သဘောပါ။ အဲဒီအချိန်က(မွန်ဂိုတွေ အင်အားကောင်းစဉ်က) သူတို့ စစ်ဆင်ရေးတွေ မျှော်မှန်းသလောက် မအောင်မြင်ပဲ မသိမ်းပိုက်နိုင်တာ ရှားရှားပါးပါး ဒေသ ၂ခုပဲ ရှိတယ်လို့ သိရပါတယ်။ မြန်မာနဲ့ ဂျပန်ပါ။ ဂျပန်ကတော့ မွန်ဂိုတွေက ကုန်းတွင်းပိုင်းသားတွေ ဖြစ်လို့ ပင်လယ်ရေကြောင်း ကျွမ်းကျင်မှု မရှိပဲ သဘောင်္တွေ မုန်တိုင်းမိပြီး ပျက်ကုန်လို့ပါ။ မြန်မာတွေကိုတော့ ဝိုင်းတိုက်ပေမယ့် အပြီးသတ် မသိမ်းပိုက်နိုင်ပါ။
ဦးဦးပါလေရာ ပြောတာ ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ Geopolitics ဖြစ်တဲ့ ပထဝီနိုင်ငံရေး ကအရေးကြီး ပါတယ်။ မြန်မာပြည်ရဲ့ ပထဝီက ၃ဘက် ၃ တန်မှာ တောင်တန်းတွေ ကာရံထားပြီး အခြား ၁ ဘက်ကတော့ ပင်လယ်ပြင်ကြီးက အနားသတ် ပေးထားပါတယ်။ ဒီအနေအထားတွေက ဒီဒေသမှာ တခုတည်းသော နိုင်ငံကိုပဲ ထူထောင်ဖို့ ခွင့်ပြုထားပါတယ်။ ဒါကျနော့်ရဲ့ one Myanmar policy ခေါ်မြန်မာဟာ တနိုင်ငံတည်းဆိုတဲ့ မူဝါဒပါ။
NAJA
June 16, 2012 at 8:19 pm
တစ်ချို ့အချက်ကလေးတွေသိချင်လို့ပါ ကိုစံလှကြီး
မြန်မာတွေ အရင်က နန်းစိုက်ဖို့ နေရာရွေးရင် ပထဝိအချက်အလက်တွေကို ဘယ်လောက် ခေတ်မှီအောင် တွက်ချက်ပြီးရွေးနိုင်ကြသလဲ၊ ဘယ်အချက်အလက်တွေထည့်သွင်းပြီးရွေးလေ့ရှိလဲဆိုတာလေးပါ.. ဗေဒင်ကိန်းခန်းတွေရဲ့အရေးပါမှုကရောဘယ်လောက်ရှိနိုင်မလဲ..
အင်္ဂလိပ်တွေမန်းလေးနန်းတော်ကြီးကိုသိမ်းပြီးတဲ့အချိန်မှာ သူတို့အတွက်နန်းတော်ကြီးဟာ အပြစ်တွေအတော်များများရှိတယ်လို့သိရပါတယ်.. ဥပမာ လေဝင်လေထွက်မကောင်းတာ၊ မီးသတ်စနစ်လုံးဝမမရှိတာမျိုးတွေပါ.. အုပ်ကိုနဲနဲပဲသုံးပြီး ကျွန်းသားတွေနဲ့ပဲဆောက်ထားတာ တွေပါ၊
အဆောက်အဦးတွေထဲ ရွှေကျောင်းကြီးတစ်ခုပဲ သဘောကျကြတယ်ဖတ်ဖူးလို့..
မြန်မာတွေရဲ့ ပုဂံခေတ်မှသည် ကုန်းဘောင်နှောင်းအထိ ဗိသုကာအဆင့်အတန်း ကိုနဲနဲလောက်ခြုံသုံးသပ်ပြပါလားဗျာ..
San Hla Gyi
June 17, 2012 at 8:58 am
အမလေးဗျာ
ကိုနာဂျာရဲ့ မေးပုံမေးနည်းက ကျနော်လေးစားတဲ့ ပညာရှိကြီးတယောက်နဲ့ တဖြည်းဖြည်း တူလာသလိုပါလားဗျ။ အမေရိကန် ပညာရှိကြီး တဆူပါ။ ပုံဂံခေတ်ကနေ ကုန်းဘောင်ခေတ်အထိ ဗိသုကာအဆင့်အတန်း ဆိုတာက ကွန့်မန့်လောက်နဲ့ ဖြေလို့မရတဲ့အပြင် ကျနော်ကလဲ ဗိသုကာပညာနဲ့ အလှမ်းဝေးသူမို့ အခြားဗိသုကာပညာရှင်တွေ ရေးတာက ပိုကောင်းပါလိမ့်မယ်။ ကျနော်သိသလောက် ပုဂံဟာ အတွင်းပိုင်းကျပြီး မြစ်ရေတိုက်စားခြင်း မှကာကွယ်ပါတယ်။ နောက်မြန်မာတွေက အရေးနိမ့်တယ်လို့ ထင်တဲ့ ကိစ္စတွေ အပြီးမှာ မြို့တော်ကို ပြောင်းရွှေ့လေ့ ရှိပါတယ်။ လူသစ် စိတ်သစ်နဲ့ ဘဝသစ်စမယ် ဆိုတဲ့ သဘောလည်း ပါပါတယ်။ ဗေဒင်ကိန်းခန်းကတော့ မပါမဖြစ်ပေါ့။ ဥပမာ ပင်းယကိုတည်တော့ တို့မင်းဘုန်းတန်း အရှည်ချမ်းဖို့ ရွှေပန်းရပေသည် ဆိုတဲ့ တဘောင်လိုပေါ့ဗျာ။ နောက်ပြီ အင်္ဂလိပ်တွေ သဘောမကျဖူး ဆိုတာက သူတို့ရေးတဲ့ စာအုပ်တွေထဲမှာ ဖြစ်မယ်ထင်တယ်။ အဲဒီအချိန်မှာ သူတို့က ကြားနေမဟုတ်တော့ဖူးဗျာ့။ မြန်မာတွေနဲ့ ပြိုင်ဘက်တွေ ဖြစ်နေပြီ။ ဒီတော့ မြန်မာတွေကို အခွင့်အရေးရတာနဲ့ နှိမ်ဖို့ကြိုးစားလေ့ ရှိတယ်။ အဲဒီမကောင်းတဲ့ နန်းတော်ကြီးကိုပဲ ဒုတိယကမ္ဘာစစ်တုန်းက အမြှောက်နဲ့ပစ်တာ မြို့ရိုးကြီးက မဖြုံလို့ ပေါင် ၅၀၀ဝ ဗုံးကြီး ၂လုံးလောက် ကျုံးထဲကို ပစ်ချလိုက်မှာ မြို့ရိုးကြီး ပွင့်သွားတယ်လို့ ဖတ်ရဖူးတယ်။
hein htet
June 16, 2012 at 8:29 pm
အောင်မလေး..ကိုယ့်လူရဲ ့မျှော်လိုက်ရတာ..နောက်ကို မြန်မြန်ရေးဗျာ… 😀 .. ကုလားတွေကို စိတ်နာတဲ ့ကြားတဲ ့ကတောင် ခင်ဗျားစာ ကို တော်တော် မျှော်နေတာဗျား..(အားပေးချက်)
San Hla Gyi
June 17, 2012 at 8:58 am
အင်း ပထမဆုံး အားပေးတဲ့လူလား မသိပါဘူး။ မြန်မြန်ရေးချင်ပေမယ့် ရေးဖို့မလွယ်လို့ပါ။ ကိုယ်ရေးကိုယ်တာ လေးတွေကောပေါ့။ နောက်ပိုင်းတောင် ရေးဖြစ်ပါ့မလား မသိပါဘူး။ ရေးတော့ ရေးဖြစ်အုံးမယ် ထင်ပါတယ်။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သားဦး၊မြေးဦး
June 16, 2012 at 9:44 pm
“”ဟင်းခွက် ၃၀ဝ နဲ့ပွဲတော်တည်တဲ့ နရသီဟပတေ့မင်းက နောင်တတွေရလို့ပေါ့။ ဒါပေမယ့် ပုဂံကို ပြန်လာပါတယ်။
ပြည်အရောက်မှာ သားတော်သီဟသူ ကျွေးတဲ့ အဆိပ်ကိုစားပြီး နတ်ရွာစံပါတယ်။ ပြည်စားသီဟသူလည်း ဖခင်ကို
လုပ်ကြံနိုင်ပေမယ့် ပုဂံမှာ မင်းမပြုနိုင်ခင် ပဲခူးကို တိုက်ရင်း ကျဆုံးသွားပါတယ်။””
မြန်မာ့သမိုင်းက ခုလိုဘာဘဲနော်။သမိုင်းထဲမှာကို ထီးနန်းရဖို ့အကုသိုလ်တွေ တနင့်ကြီးလုပ်ခဲ့ကြတယ်ဗျ ။
San Hla Gyi
June 17, 2012 at 8:59 am
ကိုသန်းထွဋ်ဦးရေ
မြန့်မာ့သမိုင်းက ခုလိုပဲလို့ ပြောရင်မှားမယ် ထင်တယ်ဗျ။ အင်္ဂလိပ်မှာလဲ အရင်တုန်းက bloody မေရီခေါ် သွေးဆာတဲ့ မေရီဆိုတာ ရှိခဲ့ဖူးတယ်ဗျ။ အခြားလူမျိုးတွေလဲ ဒီအတိုင်းပဲဗျ။ ပဒေသရာဇ်စနစ်ကိုဗျ။ အာဏာရဲ့ ဆွဲအားကို မခံနိုင်ကြဘူးဗျ။ စနစ်ကြောင့်ဗျ။ စနစ်ကြောင့် မဟုတ်ဘူးဆိုတဲ့ ပညာရှင်တွေနဲ့ နောက်ပိုင်းဆွေးနွေး ရအုံးမယ်။
kai
June 17, 2012 at 5:02 am
ကိုရင်စံလှကြီးက.. ဦးကုလားရာဇဝင်တွေလည်း.. ကိုးကားတယ်လို့ထင်တယ်.
အဲဒါနဲ့.. ဦးကုလားဆိုတာ..ဘယ်လိုလူကြီးလည်း သိချင်မိတာပါ..။ အဆင်ပြေရင်.. ရေးပြပါဦး..။
ကုလားဆိုတာကြီးပါနေတော့..တကယ်ကုလားကြီးလား.. အိနိ္ဒယဇာတိနွယ်လား.. မြန်မာစစ်စစ်ကြီးလား ဆိုတာရောပေါ့..
သေချာတာက.. ကုလားဆိုတာ.. နှိမ်ချခေါ်ဆိုတာ မဟုတ်ဖူးဆိုတာပါပဲ..
ဆောင်ပုဒ်လေးနဲ့ဆို..
“(ဦး)ကုလားစကား .. ကိုးကား မြန်မာများ.” ပေါ့..
သမိုင်းစိတ်ဝင်စား..စာရှည်တွေရေးပေးနေတဲ့.. ကိုရင့်ကို.. တချိန်ချိန်မှာ.. ယူအက်စ်.. ပညာတော်သင်.. လျှောက်ခဲ့ရင်.. ထောက်ခံဖို့..အခွင့်အလန်းရရင်.. ထောက်ခံပေးချင်မိပါတယ်..
ပညာရေးအခြေခံသာရှိမယ်ဆို.. တကယ်ပြောတာ…။
Azzurri
June 17, 2012 at 6:18 am
ကျုပ်ကိုရော…
ပလေးဘွိုင်မဂ္ဂဇင်းမှာ ဖိုတိုဂလပ်ဖာ လုပ်ဖို့ …ထောက်ခံမပေးဂျင်ဝူးလား ဟင်င်င်င်င်င်
San Hla Gyi
June 17, 2012 at 9:01 am
ကိုဂီ
ခင်ဗျားက တိတိ္ထဆရာကြီးတွေရဲ့ အရည်းကြီးလမ်းစဉ်တွေကို အားကျနေပြီလားဗျ။ ဟဲ ဟဲ အဲဒါဆိုရင်တော့ အဲဒီမဂ္ဂဇင်း အခြေစိုက်တဲ့ နိုင်ငံက တိတ္ထိဆရာကြီးတွေကို အားကိုးပေတော့ဗျို့။
Azzurri
June 17, 2012 at 6:58 pm
ကိုစံလှကြီးရေ…
ကျနော် သဂျီးကို ဝင်နောက်ယုံရေးခဲ့ပေမယ် ့
အစ်ကို့ ပိုစ့်ကို ကျနော် လေးလေးစားစား ဖတ်သွားကြောင်း
မပြောဖြစ်ခဲ့လို့ ခု ပြန်လာပြောတာပါ….
ကျနော် စိတ်ဝင်စားပေမယ့် မလေ့လာ မလိုက်စားနိုင်တဲ့ ရပ်ဝန်းတခုမှာ
အစ်ကိုက ကျနော် အလွန်လေးစားတဲ့ သုတေသီတယောက်ဖြစ်နေတာကိုတော့…
ကျနော် ဝန်ခံရင်း ဦးညွှတ်ပါရစေဗျာ…
လေးစားပါတယ်အစ်ကို…
ခင်တဲ့
ဂီ..
ps. အနှီ အနုပညာ တစ်ရပ်အကြောင်းလေး အေးအေးဆေးဆေးဖြစ်တဲ့အချိန်ကျရင်
ဆွေးနွေးကြတာပေါ့ဗျာ …
San Hla Gyi
June 17, 2012 at 9:54 pm
ကိုဂီရေ
ကြိုက်တယ်ဆိုလို့ ကျေးဇူးပါ။ သုတေသီတယောက် ဆိုတာကတော့ ကျနော်မပြောဘူးနော် ကိုဂီ။ ကိုဂီနှယ့် ပညာအခြေခံနည်းလို့ ဆရာတော်ကြီး ကျောင်းက ဖတ်ဖူးတဲ့ စာတိုပေစကလေးတွေ အားကိုးရေးပါတယ်ဆိုမှ။ စာတိုပေစဆိုပေမယ့် သမိုင်းလေးတွေလည်း ပါတယ်ဗျ။ ဦးတော့ မညွှတ်လိုက်ပါနဲ့ဗျာ။ တော်ကြာ မိမိကိုယ်ကို အထင်ကြီးသော ဒေါသကြီးသော ဂျီတြိ ဘုဝနာ ဒိတျဓမ္မရာဇ် လောကပဝရ မဟာဓမ္မရာဇာဘွဲ့ခံ ဘိုးတော် ဦးစံလှကြီး မင်းတရားကြီးအကြောင်း အတွဲလိုက် ဆောင်းပါးတွေ ထွက်လာမယ်ထင်တယ်။
အနှီအနုပညာတော့ မသိဘူး။ အနီအနုပညာကတော့ ခင်ဗျားကွန်မန့်ကလေးဟာ ကျနော်အခုရေးနေ တုန်းတောင် အလကားနေရင်း အနီရောင် ဖြစ်နေတယ်ဗျ။ ခင်ဗျားက ကျနော့်ကို လေးစားတယ် ပြောတာကိုးဗျ။ ဒီပုံအတိုင်းဆိုရင် နောက်ဆို ခင်ဗျားကွန်မန့်တွေ ပို့စ်တွေ တော်တော်နီဖို့ ရှိတယ်ဗျ။ ဒီလိုပဲ အပိုင်း ၂ မှာလာဖတ်ပြီး လာဆွေးနွေးသူတွေ အားလုံး ယာဉ်ယာဉ်ကျေးကျေး ပြောတာတောင် ကွန်မန့်တွေ အကုန်နီနေတယ်ဗျ။ သဘောပြောတာပါဗျာ။ ပွိုင့်တောင် ကျနော်က သိပ်အရေးကြီးတယ်လို့ မထင်လို့ ကွန်မန့်တွေကို တော်တော်ရှည်ရှည်ရေးတာပဲ။ အနီတွေ အစိမ်းတွေကို သိပ်ဂရုမစိုက်ပါဘူး။
Azzurri
June 17, 2012 at 11:13 pm
ဝမ်းမနည်းနဲ့ အစ်ကိုရေ နီတာတွေက ကျနော့်ကြောင့် ပဲဆိုတာ ၉၀% လောက်
သေခြာတော့သကိုး …
ဘယ့်နှယ့်ဗျာ ဆုတောင်း မကောင်းပုံများပြောပါတယ်…
ဆံပင် အရှည်ထားတယ်နော်… ဂျောနီဒက်ပ်နဲ့ အလွန်တူသတဲ့ စွပ်စွဲကြတာများဗျာ
ရစရာမရှိဘူး … နွေရောက်လို့ စိတ်ညစ်ပီး …ဆံပင် အတို ညှပ်ပါတယ်.. .ဘယ့်နှယ့်
ဂျိမ်စ်း ဒင်းမ်း တဲ့ကွယ်…..
သနားကြပါ ပိတ်သတ်ကြီး
ကိုယ်ချင်းလည်းစာကြပါ…
တူတယ်ထင်ရင်လည်း တူတယ်ပဲမှတ်ပါ ..မဖွကြပါနဲ့
တိုရင် ဒိမ်းင်း ရှည်ရင် ဒပ်ပ် လို့ ကျနော်လည်း အကြမ်းဖျင်းမှတ်ထားပါ့မယ်…
ဒါပေသိ …ခုတလောတော့ …
နည်းနည်း ဆင်ခြင်ပေးကြပါ ပိတ်သတ်ကြီး …
ကျနော် အားနာလို့ပါဗျာ ကျနော့်ကို ရှည်ရင် ဒက်ပ် တိုရင် ဒိမ်းမ်
လုပ်နေကြ ပြောနေကြတာ ကျနော်က စိတ်မရှိပေမယ့် ….
ကျနော်နဲ့ တကယ် ရုပ်ချင်းတူတဲ့ ဂျုလော ကို အားနာလွန်းလို့ သည်စကားတွေ
သည်မှာရပ်ပေးကြပါ ပိတ်သတ်ကြီးခင်ဗျား…
ခင်တဲ့
ဂီ
ကိုစံလှကြီးရေ…
အဆဲခံထိလည်း …
အရသာရှိရှိဆဲခံထိဖို့ ကြိုးစားလိုက်မိတယ်ဗျား …
ps. အစ်ကို စိတ်ဝင်စားမယ်ထင်တယ်…
ကျနော် နာပိုလီယွံန်နဲ့သူအိ စစ်သူဂျီးတွေ အကြောင်း နည်းနည်းဖတ်ဖူးတယ်ဗျ …
ကြုံရင် ရေးရအောင် ပွားရအောင်နော….။
ပုံ
ဂျော်နီဒက်ပ်လို့ စကီချောချောလေးဒွေ ထင်မှတ်နေလို့တိုင်ပတ်နေတဲ့
ဂီ
San Hla Gyi
June 18, 2012 at 9:47 pm
အင်း ကိုဂီရေ
ကျနော်ပြောတာက ကိုဂီကြောင့် ကျနော်နီမှာ မဟုတ်ပါဘူး။ ကျနော်ပို့စ်ကို လာအားပေးတဲ့အတွက် ကိုဂီနီသွားမှာပါ။ အဲဒါကို ပြောတာပါ။ ကျနော် သေချာအောင် ထပ်ပြီး Strongly highlight လုပ်ပါတယ်။ တကယ်တော့ နီနေတယ်ဆိုတာလဲ အဲဒီလူရဲ့ စိတ်ဝင်စားမှုကို ပြတာပါဗျ။ တခါတလေ ကျိုးသင့်ကြောင်းသင့် ပြောတဲ့စကားတွေ နီနေပြီဆိုရင် ခင်ဗျာလေးတွေမှာ အခံရခက်တဲ့ ဝေဒနာလေးတွေ ရှိကြောင်း သိသာတာပေါ့ဗျာ။ တကယ်ကို ဝမ်းမနည်းပါဘူး ကိုဂီရဲ့ တကယ်ပြောတာပါ။
San Hla Gyi
June 17, 2012 at 9:00 am
ဒဂျီးမင်း
ပြောစရာလေးတွေ ရှိနေတုန်း အခုလို ကြွရောက်လာတဲ့ အတွက် ကျေးဇူးပါ။ ကျနော်သိသလောက် ဦးကုလားဆိုပေမယ့် မြန်မာကြီး တယောက်လို့ သိရပါတယ်။ ဆက်ပြီး ရှာဖွေပါအုံးမယ်။ စဉ့်ကိုင်သူဌေးရဲ့သား ဦးကုလားဆိုတော့ မြန်မာသူဌေးသူကြွယ် တယောက်ရဲ့ သားပေါ့ဗျာ။ စာရှည်တွေရေးတာကတော့ ကျနော်က တိုတိုတုတ်တုတ်လေးတွေ ရေးရတာ အားမရလို့ဗျ။ ပွိုင့်က အရေးမကြီးပါဘူးလို့ လည်းထင်လို့ပါ။ ယူအက်စ် ပညာတော်သင် လျှောက်ရင်ထောက်ခံချင်ပါတယ် ဆိုလို့ ကျေးဇူးပါ။ ဒါပေမယ့် မခံယူဝံ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်က ပညာအခြေခံ နည်းလို့ပါ။ မြန်မာပြည် ၁ဝတန်းတောင် မအောင်ပါဘူး။ တဂျီးမင်းတို့လို YIT ကျောင်းရဲ့ နွေးအေးကင်တင်းထဲမှာ စိုးမြင့်ကြော်စားခဲ့ဖူးသူတွေကို ယှဉ်လို့မရပါဘူး။ ထားလိုက်ပါ။ အဲဒါတွေက ကျနော်အဓိက ပြောချင်တာ မဟုတ်ပါဘူး။
အခုကွန်မန့်ကို မကျေနပ်ရင် ဖျက်ပစ်နိုင်သလို မှားတယ်ထင်ရင်လည်း ချက်ချင်းဆွေးနွေး နိုင်ပါတယ်။ ဒဂျီးမင်းကို ပို့စ်တော်တော်များများ မှာကျနော် သတိထားမိနေတာ ကြာပါပြီ။ “ဂေါတမဗုဒ္ဓ” တို့ “ဂေါတမဘုရား” တို့ဆိုတဲ့ အသုံးအနှုန်းတွေကို မြိန်ရည်ယှက်ရည် သုံးစွဲနေတာ တွေ့ပါတယ်။ မှားတော့ မမှားပါဘူး။ ဒါပေမယ့် အသုံးအနှုန်းကို ဆင်ခြင်စေချင်ပါတယ်။ တဂျီးမင်း ဘာဘာသာဝင်လဲ ဆိုတာ ကျနော်မသိပါဘူး။ လူလူမျိုး လူဘာသာဝင် တယောက် ထင်ပါတယ်။ ကျနော်အနေနဲ့တော့ ဒဂျီးမင်း အဲဒီလို ခေါ်တိုင်း ဗုဒ္ဓဘာသာ မြန်မာတွေကို လေးစားသင့်တယ်လို့ ထင်ပါတယ်။ ကိုယ့်မိဘဘိုးဘွား နာမည်ကို ရွယ်တူသူငယ်ချင်း တယောက်က ကိုယ့်ရှေ့မှာ နာမည်ရင်းအတိုင်း ခေါ်ရင် အခံရခက်သလိုပေါ့။
နောက်ပြီး နာနာ(သံတွဲ) ဆိုသူရဲ့ ပို့စ်မှာ ဒဂျီးမင်းက ကျနော့်မှာ “ကိုရမ်ကျမ်းမြတ်” ရှိပါတယ်လို့ ပြောသွားလို့ပါ။ ကိုရမ်ကျမ်းလို့ မခေါ်ပဲ ကိုရမ်ကျမ်းမြတ်လို့ တောင်ခေါ်နိုင်ရင် မြန်မာတွေ ကိုးကွယ်တဲ့ ဘုရားရှင်ကိုလည်း သူတို့ခေါ်သလို မြတ်စွာဘုရားရှင်လို့ မခေါ်နိုင်ရင်တောင် ဂေါတမဘုရားရှင် ဆိုတဲ့ အသုံးအနှုန်းလေးတွေ နဲ့ခေါ်သင့်တယ် ထင်ပါတယ်။ Justice ပါ။ ကျနော်လဲ ဆောင်းပါးတပုဒ်မှာ ယေရှုလို့ မခေါ်ပဲ သခင်ယေရှုခရစ်တော်လို့ လေးလေးစားစား ခေါ်ခဲ့ဖူးပါတယ်။
နောက်ပြီး တဂျီးမင်းပြောတဲ့ ဂေါတမဗုဒ္ဓရဲ့ အောင်ခြင်းတွေထဲမှာ သည်းခံတာ မပါဘူးဆိုတဲ့ ငါ့စကားနွားရ ပြောတာမျိုးကိုလည်း ဆင်ခြင်ပါ။ မြတ်စွာဘုရားရှင်က သူ့ကို ကိုးကွယ်သူတွေထဲမှာ ဘုရင်တွေ အများကြီး ပါပေမယ့် ဘယ်ဘုရင်ကိုမှ မွန်မြတ်တဲ့ ဘာသာရေးစစ်ပွဲ ဆင်နွဲရမယ်လို့ မဟောခဲ့ပါဘူး။ လာပြိုင်တဲ့ လူတွေကသာ စကားကို လှည့်ပတ်ပြောတတ်တဲ့ တိတိ္ထသာဝကတွေ ဖြစ်တဲ့အတွက် ရှုံးကုန်ကြတာပါ။ နောက်ဆက်ဆွေးနွေးပါ့မယ်။ အခုပြောတာတွေ မှားနေရင် ချက်ချင်း ဆွေးနွေးနိုင်ပါတယ်။ ပထမဆုံးအကြိမ် ဝါနင်ပေးပါတယ်။
ဆူး
June 17, 2012 at 9:15 am
သဂျီး ဆိုတာ ဂျီးထူ တဲ့ ဂျီး ကို ယူသုံးထားတာပါ။
ကိလေသာ ဂျီး မိစာ္ဆဒိဌိဂျီး အဲဒါတွေကို ရည်ညွန်းတာပါ။
သဂျီး ဆိုတဲ့ အသုံး ဆူး က စသုံးခဲ့တာပါ။
မသိတဲ့ သူတွေက စာလုံးပေါင်း မှားနေတယ် ထင်နေကြတာပါ။
ဒီလို ပြတ်ပြတ်သားသား ပြောတဲ့ လူတွေ အားနည်းနေခဲ့တာ ကြာပြီ။ ကြိုဆိုပါတယ်။
ပြတ်ပြတ်ပြောတဲ့ လူ တယောက်တလေ ရှိခဲ့ရင်တော့ မေးလေး ပွတ်ပြီး ဟဲဟဲ ဟဲဟဲ နဲ့ စကားလမ်းကြောင်း ပြောင်းပစ်တတ်တာ ခဏခဏ ကြုံဖူးပါတယ်။
kai
June 17, 2012 at 12:57 pm
အခုပြောတာတွေက.. ကျုပ်ကိုတိုက်ရိုက်ဝါနင်ပေးပြောနေတာဖြစ်ပေမဲ့.. သဘောတူသည်ဖြစ်စေ.. မတူသည်ဖြစ်စေ.. တချို့နေရာတွေမှာ.. ပြန်ပြောလေ့မရှိပါဘူး..
ဒါကို.. အရှုံးပေးနေတယ်လို့တော့.. မယူဆစေချင်ပါဘူး..။ သည်းခံနေတယ်လို့လည်း.. မထင်စေချင်ပါဘူး..။ ဥပေက္ခာလို့.. ယူဆချင်ဆပေါ့..
ဒီစကားကို… ဆူးမမကိုရောပြောချင်တာပါ..။
ထားပါတော့..။
အခုကိစ္စမှာ.. စာတခုကိုတော့.. ကိုးကားပေးပါ့မယ်.။
ကျုပ်မှာ.. ပိဋိကတ် သုံးပုံ ကနေ.. မဟာယာနကျမ်းတွေအထိ.. ပြစရာတွေတပုံတပင်ရှိပါတယ်.
ဦးကုလားအကြောင်းလည်း.. တကယ်မသိလို့.. မေးတယ်..မထင်ပါနဲ့..
အယ်ဒီတာက.. အယ်ဒီတာအလုပ်လုပ်ပေးတာပါ..
ကိုရင့်ကို.. ထိုက်သင့်တဲ့.. Respect (အပြန်အလှန်လေးစားမှု) ပေးပြီးမေးတာပါ..။
စင်္ကာပူမှာ ပါမောက္ခတယောက်ဖြစ်နေရင်လည်း.. ယူအက်စ်မှာ.. ပညာဆက်မသင်ရဘူး.. ဘွဲ့ထပ်မယူနိုင်ဘူးလို့.. မထင်ပါနဲ့..။
ဒီလောက်ပဲ..
http://en.wikipedia.org/wiki/Gautama_Buddha
Gautama Buddha or Siddhārtha Gautama Buddha (Sanskrit: सिद्धार्थ गौतम बुद्ध; Pali: Siddhattha Gotama) was a spiritual teacher from the Indian subcontinent, on whose teachings Buddhism was founded.[2] The word Buddha is a title for the first awakened being in an era. In most Buddhist traditions, Siddhartha Gautama is regarded as the Supreme Buddha (P. sammāsambuddha, S. samyaksaṃbuddha) of our age, “Buddha” meaning “awakened one” or “the enlightened one.” [note 1] Gautama Buddha may also be referred to as Śākyamuni (Sanskrit: शाक्यमुनि “Sage of the Śākyas”). The Buddha found a Middle Way that ameliorated the extreme asceticism found in the Sramana religions.[3]
ဆူး
June 17, 2012 at 1:11 pm
ဟောဟော.. မေးမပွတ်ပဲ ဥပစ်ခါတာလား.. အဟိ.. တိပါဘူးကွယ်..
ဥကို ပစ်ပြီး ခါ လိုက်တော့ လွင့်ချင်ရာ လွင့်ပြီး ကျချင်တဲ့ နေရာ ကျ မှာပေါ့။
နောက်မှ ပြန်လိုက်ကောက်ရင် မလွယ်ဘူးနော်..
kai
June 17, 2012 at 1:53 pm
အပေါ်က ကျုပ်မန့်တဲ့အထဲ..
ဆိုတာမှာ.. ပညာရေးအခြေခံဆိုတာ.. သမိုင်းနဲ့ပါတ်သက်တဲ့..ပညာရပ်ကိုပြောတာပါနော..
အခြေခံပညာရေးသဘောသက်ရောက်သွားရင်.. တောင်းပန်ပါကြောင်း.. 🙂
San Hla Gyi
June 17, 2012 at 2:14 pm
အင်း ပြောရအုံးမယ် တဂျီးမင်းရေ
ကျုပ်ပြောတဲ့ အထဲမှာ အဲဒီစကားလုံး မှားသွားတယ်ဗျ။ မသင့်တဲ့ စကားလုံးဖြစ်တယ်။ ဒါကလည်း ကျုပ်ကရေးရင်းနဲ့ စိတ်နောက်ကို လက်ကလိုက်သွားတာပဲ။ ဆောရီးပဲဗျာ ကျုပ်စကားလုံးသုံး တာမှားသွားတယ်။ ပုထုဇဉ်ကိုးဗျ။
ဒါပေမယ့် အကြောင်းအရာတော့ မမှားဘူးဗျို့။ ကျနော် အဓိကပြောချင်တဲ့ အချက်က ဗုဒ္ဓဘုရားရှင်ကို ကိုးကွယ်သူတွေရှေ့မှာ မရိုသေတဲ့ စကားလုံးမျိုး မသင့်တင့်တဲ့ အသုံးအနှုန်းတွေကို တွေ့နေရလို့ပဲ။ အဲဒါတွေကို ကိုရင်တကယ် ပြောခဲ့သလို ကိုရမ်ကျမ်းမြတ်လို့လည်း တကယ်ခေါ်ခဲ့ပါတယ်။ ကိုရမ်ကျမ်းမြတ်လို့ ကိုယ်လေးစားလို့ ခေါ်တာကို အပြစ်မတင်သလို အဲဒီလိုပဲ တခြားကိုးကွယ်သူတွေကို ပုတ်ခတ်တာမျိုးကို ရှောင်စေချင်ပါတယ်။ ပညာရှိ သတိဖြစ်ခဲ ဖြစ်မှာစိုးလို့ပါ။
ကိုရင်တင်ပေးတဲ့ လင့်ခ်က ကျနော်ဖတ်ချင်ပေမယ့် အင်္ဂလိပ်စာ သိပ်မကောင်းလို့ သိပ်တော့ နားမလည်ပါဘူး။ နားလည်သလောက်တော့ ဖြစ်တော်စဉ်ကို ရေးထားတယ် ထင်တာပဲ။ နောက်ပြီး ဘုရားရှင်ဟာ နီပေါနိုင်ငံမှာ ဖွားတော်မူတာနဲ့ပဲ မြန်မာတွေနဲ့ မဆိုင်ဘူးလို့ မပြောပါနဲ့။ ဥပမာ မြန်မာပြည်က ချင်း ကရင် ကချင် စတဲ့တိုင်းရင်းသားတွေ ကိုးကွယ်တဲ့ သခင်ယေရှုခရစ်တော်ဟာ သူတို့ လူမျိုးမဟုတ်သလို မြန်မာနိုင်ငံက မဟုတ်ပါဘူး။ အဲဒါနဲ့ပဲ သွားပြီး သူတို့ရှေ့မှာ မင်းတို့နဲ့ မဆိုင်ဘူးလို့ ပြောပြီး ပုတ်ခတ်လို့ မရပါဘူး။ နောက်ပိုင်း သီးသန့်ပြောတာပေါ့ဗျာ။
အင်း ဒီလို အယ်ဒီတာကြီး တယောက်မှာ ကျမ်းဂန်တွေတော့ အများကြီး ရှိမှာပေါ့ဗျာ။ ယုံပါတယ်။ နောက်ပြီး ဦးကုလားအကြောင်းကို တကယ်သိတယ် ဆိုတာသိပြီးသားပါ။ အယ်ဒီတာကြီးကိုးဗျ။ ဒါပေမယ့် ဒါကလည်း တဂျီးကမေးလို့ ကျနော်ကလည်း လေးစားမှုအနေနဲ့ respect ပေးပြီးပြန်ဖြေတာ ဖြစ်ပါတယ်။ တဂျီးမင်း အမှားတွေကို ထောက်ပြတာကိုလည်း မြင်ထားပြီးသားပါ။ ဒါပေမယ့် အဲဒီလို ထောက်ပြရင်လည်း အခြားလူတွေကို ထောက်ပြသလိုပဲ ကိုယ့်လူက “မြောက်ဦးဟာ ပုဂံထက် အများကြီးစောတာ ဟဲဟဲ ဟဲဟဲ” ဆိုတဲ့ သမိုင်းဆိုင်ရာ တလွဲကြီးဖြစ်တာတွေကို ပြောနေရင်လည်း မျှမျှတတ မှားနေကြောင်း ထောက်ပြနိုင်အောင်ပါ။
ကိုရင်က အခုမှကိုယ်လည်း စကားလုံးမှားတာ ကိုပြောတာကိုးဗျ။ “ပညာရေးအခြေခံသာ ရှိမယ်ဆို တကယ်ပြောတာ” ဆိုတဲ့ စကားလုံးက အမှန်အတိုင်းပြောရင် ဒီလိုနောက်ပိုင်း ပြန်ပြင်တာ မပါရင်တော့ တမျိုးဖြစ်နေတာပေါ့။ ကျနော်ပြောတဲ့ စကားလုံး အမှားတောင် အဲဒီဟာကြောင့်များ ဖြစ်သွားသလားပဲ။ ထားပါတော့ဗျာ။ တကယ်တော့ ဟုတ်လို့ ကျနော်က စိတ်ဆိုးသွားတယ် ထင်တာပဲ။ ကျနော်က ပညာရေးလည်း ချို့တဲ့ခဲ့တာကိုး။ ကျွတ် ကျွတ် အခုမှ မိဘစကား နားမထောင်တာ မှားပေါ့။ သမိုင်းနဲ့ ပက်သက်တဲ့ ပညာရေးရော အခြေခံပညာရေးရော အားနည်းခဲ့တာဗျ။ ရေးတာကလည်း ၈ တန်းလောက်က ဆရာတော်ကြီးတပါးထံမှာ သင်္ကန်းဆီးတုန်း ဆရာတော်ကြီး သိမ်းထားတဲ့ စာအုပ်တွေကို ဖတ်ဖူးတာလေးတွေပါ။ မြန်မာ့လူမျိုးတယောက် ဟာကိုယ့်သမိုင်ကြောင်းကို ကိုယ်ပြောသင့်တယ် ထင်လို့ပါ။ နောက်ပြီး ကျနော်ယုံကြည်တာက အသက်မွေးဝမ်းကြောင်း ဘာပဲလုပ်လုပ် ဆရာဝန်ဖြစ်ဖြစ် အင်ဂျင်နီယာဖြစ်ဖြစ် ရှေ့နေဖြစ်ဖြစ် ကုန်သည်ဖြစ်ဖြစ် ကိုယ့်သမိုင်းကိုယ် သိသင့်တယ် ထင်လို့ပါ။ ကျနော် ပြောတာတွေကို သူတို့က ထောက်ပြတော့လည်း အခြေခံအားနည်းတဲ့ ကျနော့်မှာ အသိသစ်ကလေးတွေ ရနိုင်လို့ပါ။ ကဲ ဒါပါပဲ။
ဆူး
June 17, 2012 at 8:46 am
ဒီပိုစ်လေးကို ဆုံးအောင် ဖတ်ပြီးတဲ့ အခါမှာ ပြောချင်တဲ့ စကားပါ “လေးစားပါတယ်။”
မအ အောင် သမိုင်း သိသင့်တယ် ဆိုတာ တကယ်မှန်ပါတယ်။
စာဖတ်ပျင်းတဲ့ သူမို့ သမိုင်းစာအုပ် အထူကြီးတွေ ကြည့်ယုံနဲ့တင် မဖတ်ချင်တော့ပါဘူး။
ကျောင်းသင်ခန်းစာလိုပဲ တနေ့ တမျက်နှာ နှစ်မျက်နှာ သင်ရင်းနဲ့ နှစ်ကုန်တော့ စာအုပ် တစ်အုပ် ခေါင်းထဲ ရောက်သွားသလိုပဲ.. တခါနည်းနည်း အပိုင်းဖြတ်တင်ပေးတော့ မဖတ်ချင်လို့ လှည့်မကြည့်မိတဲ့ သမိုင်းက အခုတော့ ခေါင်းထဲမှာ တဝဲဝဲ တလည်လည် နဲ့ ဖြစ်လာခဲ့ပါပြီ။
ဒါဟာ မှန်ကန်သော ဖြောင့်ချက်ပါ။
သမိုင်းဆိုတာ သမိုင်းဆရာတွေ များသလို အကိုးအကားနဲ့ ပုံစံမျိုးစုံ တခါနဲ့ တခါ မူကွဲတွေ ဖြစ်နေကြလို့ သမိုင်းဆရာအချင်းချင်းတောင် ရန်ဖြစ်ရတယ် ဆိုတာ သိထားပါတယ်။
အစဆွဲထုတ်မိရင်တော့ နောက်က ဘာတွေ ပါလာမလဲ ဆိုတဲ့ သိချင်စိတ်က.. အမှန်အမှား ငြင်းခုန်တဲ့ စာအုပ်တွေ ကြားမှာ ချာချာ လည်မိတော့မယ် ထင်တယ်။ ဟိဟိ.. 😀
ဆူး သိတဲ့ လမုန့်ထဲ စာညှပ်ပြီး မွန်ဂို ကို တော်လှန်တယ် ဆိုတာ တရုတ်စာ သင်တဲ့ ဆရာက စာသင်ရင်း ပုံပြင်လေး ပြောပြလို့သိထားတာပါ။
ဟင်းချက်ဓါးတွေ အိမ်မှာတောင် မထားရဘူး ဆိုတာကတော့ အဘိုးပြောတာပါ သူငယ်ငယ်က လူကြီးတွေ ပြောပြတဲ့ အိပ်ယာဝင် ပုံပြင်လေးပါ။
အဲဒါလေး ကို ဆွဲစပ်ပြီး သိချင်လို့ အစဆွဲ ထုတ်လိုက်တာပါ။
ကျေးဇူးတင်ပါတယ်။ နောက်ထပ် တင်ပေးမဲ့ သမိုင်း အပိုင်းအစတွေကိုလည်း စောင့်မျှော် ဖတ်နေပါမယ်။
ဆူး
ကိုရင်မောင်
June 17, 2012 at 11:37 am
ကဲ သဂျီး မှတ်ပြီလား ခုမှဆုံးမမဲ့သူပေါ်လာတော့တယ်…ဟဲဟဲ….
San Hla Gyi
June 17, 2012 at 2:36 pm
ကိုရင်မောင်နဲ့ ဆူးရေ
လာရောက်အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ သဂျီးမင်းကို မနောက်ကြပါနဲ့ဗျာ။ အမှန်တော့ ကျနော်က သူကြီးပြောတဲ့ “ပညာရေးအခြေခံသာရှိမယ်ဆို……..တကယ်ပြောတာ” ဆိုတဲ့ စကားလုံးလေးကို အဓိပ္ပါယ်ကောက် လွဲသွားလို့ သူ့ကိုလည်း ဝါနင်ပေးတယ်လို့ ပြောမိတာပါ။ ကျနော်ရဲ့ မရင့်ကျက်မှုပါ။ တကယ်လည်း ဟုတ်နေတာကိုး။ အဲဒါကြောင့် နာလိုခံခက် ဖြစ်တာပါ။ ပစ္စည်းမဲ့ ဒေါသတွေပေါ့ဗျာ။
အမှန်တော့ ဒီပို့စ်ကလည်း ဆူးကိုအကြောင်းပြုပြီး ရေးဖြစ်တာ ဆိုရင်လည်း တစိတ်တပိုင်း မှန်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော် ပထမဆုံးရေးတဲ့ ပို့စ်ကတည်းက ဆူးကဒီအကြောင်းကို မေးပြီး ကျနော်ကလည်း ရေးဖို့ ကတိပြုထားလို့ပါ။
ဆူးရေ ဘုရားရှင်လက်ထက်တော် ကတည်းက ဘုရားရှင်ကို ရှင်ကြီးဂေါတမတို့ ရဟန်းကြီးဂေါတမတို့ ခေါ်တတ်တဲ့ တိတ္ထိပရိဗိုဇ် ဆရာကြီးတွေ ရှိခဲ့ဖူးတယ်တဲ့။ အင်္ဂလိပ်စာအုပ်တွေတော့ မဖတ်ဖူးပါဘူး။ ဆရာတော်ကြီးကျောင်းက မြန်မာလို ရေးထားတဲ့ စာအုပ်တွေကို ဥဏ်မီသလောက် ဖတ်ဖူးတာပါ။
တချို့ တိတ္ထိဆရာကြီးတွေကျတော့လည်း အခုတမျိုး တော်တော်ကြာတမျိုး စကားကို လှည့်ပတ်ပြီး ပြောတတ်သတဲ့။ နောင်ကြုံရင်ရေးပါ့မယ်။ ဆူးက နောက်သမိုင်းအပိုင်းအစ တွေကိုမျှော်လင့်တယ် ဆိုလို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျနော်နောက် ၂ ပုဒ် ၃ ပုဒ်လောက် ရေးပြီးရင်တောင် ရေးဖြစ်ပါတော့ မလားမသိဘူး။ ရေးချင်လည်း ရေးဖြစ်မယ်ပေါ့လေ။ မသေချာသေးဘူး။
နောက်ပြီး ကိုရင်မောင်နဲ့ ဆူးလည်း ကျနော်သူကြီးကို ရှင်းပြထားတာလေးကို သေသေချာချာ ဖတ်ကြည့်ပါအုံး။ ကျနော့် သဘောထားလေးပါ။
kai
June 17, 2012 at 3:20 pm
… ဂေါတမဆိုတာ.. မျိုးရိုးနာမယ်ဖြစ်ပြီး.. ဗုဒ္ဓမဖြစ်ခင်က သိဒ္ဓတ္ထဂေါတမအမည်ရင်းဖြစ်ပါတယ်..။
ဗုဒ္ဓ ရဲ့အဓိပ္ပါယ်က နိုးထခြင်း ၊ အလုံးစုံကို သိမြင်တော်မူသော သဗ္ဗညု မြတ်စွာဘုရားလို့ အဓိပ္ပါယ် ရတာပါ ။
အင်္ဂလိပ်လို..
“Buddha”, meaning “awakened one” or “enlightened one”တဲ့..
ကိုယ့်ကိုယ်ကိုယ်.. ဗုဒ္ဓလို့ကြွေးကျော်သူတွေ…. အိနိ္ဒယမှာ..အများကြီး.. ရှိခဲ့ပါတယ်..။
ဆိုတော့.. သိသာထင်ရှားအောင်.. ဂေါတမဗုဒ္ဓလို့.. ခေါ်နိုင်မယ်လို့.. ထင်ပါတယ်..။
ဂေါတမဗုဒ္ဓဆိုတာ.. ဘာအဓိပ္ပါယ်လည်း သိသာစေဖို့ပါ..။
ဝိကီအပါအဝင်.. မြန်မာကနေ ဘာသာပြန်တဲ့.. အင်္ဂလိပ်လိုစာတွေတော်တော်များများမှာလည်း.. Gautama Buddha လို့ပဲသုံးကြပါတယ်..။
နောက်တခုက.. အင်တာနက်ထဲကနေ.. နှိုက်လာတဲ့..အောက်ကစာတန်းပါပဲ..
အနီးအနားက.. ရခိုင်တွေမေးကြည့်တော့လည်း.. မြောက်ဦးဟာ..ပုဂံထက်စောတယ်ချည်း ပြောချဲ့ကြတာပါ..
မှားနေသလား.. သေချာမသိပါ..။ အုပ်တွေကို.. ကာဗွန်စစ်ဆေးရင် အဖြေတခုထွက်မလားပါပဲ..။
နောက်ကျန်ရစ်အောင် ပြောထားချင်တာလေးတခုက..
ကိုရင့်ကို.. အခြေခံပညာရေးအဆင့်လို့.. ဘယ်တုံးကမှမထင်ထားသလို.. နှိမ်ချပြောချင်တဲ့စိတ်လည်း.. မရှိကြောင်းပါပဲ..
သစ္စာစကားပါ..။
San Hla Gyi
June 17, 2012 at 5:03 pm
အင်း ကောင်းလှပါပြီ တဂျီးမင်းရေ
ကျနော်တို့ရဲ့ မူလချည်တိုင်ကိုပဲ ပြန်သွားရအောင်။ ကျနော်လဲ သူကြီးကို ဂေါတမဗုဒ္ဓလို့ ဘုရားရှင်ကို ခေါ်တာမမှားကြောင်းနဲ့ အသုံးအနှုန်းကို ဂရုစိုက်စေခြင်းကြောင်း သာပြောခဲ့တာပါ။ ကျနော်တို့ ဘာသာစကားမှာ အသုံးအနှုန်းက အရေးကြီးသလို အသုံးအနှုန်းကို ကြည့်ပြီးလဲ ပြောသူ ရေးသူရဲ့ အတွင်းစိတ်ဓတ်ကို အကဲခတ်နိုင်ပါတယ်။ အင်း အမှန်အတိုင်း ပြောရရင် သူကြီး သစ္စာစကားတွေ ဘာတွေ မပြောပဲနဲ့တောင် ကျနော် သူကြီးရဲ့ အတွင်းစိတ်ကို အခုစာတွေ ဖတ်ပြီး နားလည်နေသလားပဲ။ ကျနော့် အထင်လည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ ဥပမာဗျာ တဂျီးနာမည်က ဦးခိုင်ဆိုပါတော့။ ဦးခိုင်တွေလဲ အများကြီးရှိမှာပေါ့ဗျာ။ အဲဒါကို မြန်မာစကားတတ်တဲ့ သူကြီးသားသမီးကို သူ့ရွယ်တူ သူငယ်ချင်းက သူ့ရှေ့မှာ ဟဲ့နင့်အဖေ မောင်ခိုင် နေကောင်းလားလို့ မေးလိုက်ရင် သူစိတ်အနှောင့်အယှက် ဖြစ်နိုင်တာပေါ့။(သူက မြန်မာလိုတတ်ရင်ပေါ့) ဘာလို့လဲဆိုတော့ ဒီစကားလုံးကို သူက ကောင်းကောင်းခံစား နိုင်တာကိုး။
အဲဒီလိုပဲ သူကြီးက ကိုရမ်ကျမ်းမြတ်လို့ သုံးလိုက်ရင်လည်း ကိုရမ်ကျမ်းလို့ ပြောရင်ရရဲ့သားနဲ့ “မြတ်” ဆိုတဲ့စကားလုံးလေးကို တကူးတက ထည့်ပြောလိုက်တာနဲ့ သူကြီးမှာ ကြည်ညိုစိတ် ရှိနေတယ်ဆိုတာ သိသာပါတယ်။ မကန့်ကွက်ဘူးနော် အထင်မလွဲနဲ့။ မှန်ပါတယ်။ အဲ အဲဒီလိုပဲ သူကြီးပြောခဲ့သလို “အောင်ခြင်း၈ပါးတဲ့ ဂေါတမဗုဒ္ဓများ တခါမှ သီးခံ သီးခံဆိုပြီး အရှုံးမပေးခဲ့ဘူး။ နိုင်အောင်ကိုလုပ်တယ်” အဲဒ ီစကားလုံလေးက ကောဘာအဓိပ္ပာယ်ပါလဲ ခင်ဗျာ?။ ပျော်လို့ ဗုဒ္ဓဘာသာဝင်တွေကို နောက်တာလား?။ စကားလုံးတွေဟာ လူရဲ့အတွင်းစိတ်ကို ပြနေပါတယ် တဂျီးမင်း။ အဲဒီ စကားလုံးလေးကိုတော့ နောက်ပိုင်း သီးသန့်ဆောင်းပါးနဲ့ ရှင်းကြတာပေါ့ဗျာ။ အခုတော့ အကျယ်ချဲ့ရင် ရှည်မှာစိုးလို့ပါ။
ရခိုင်သမိုင်းကတော့ ကျနော်သိသလောက် ပထမဓညဝတီခေတ် ဒုတိယဓညဝတီခေတ် လေးမြို့ခေတ် မြောက်ဦးခေတ်လို့ ကျနော်က သိထားတော့ မြောက်ဦးက နောက်ဆုံးခေတ်ပါ။ သူကြီးပြောတဲ့ ဝီကီလိခ်ထဲမှာလဲ အေဒီ ၁၄၀ဝ ကျော်တဝိုက်လောက် ပြထားသလိုပဲ။ ထားပါတော့ဗျာ။ ကျနော် မှားနိုင်လို့ နောက်ပိုင်း ဒီကိစ္စပြောကြတာပေါ့။ အခုတော့ ကိုယ့်ဆွေကိုယ့်မျိုးတွေလည်း မောနေလို့ပါ။ မြောက်ဦးက အမျိုးတွေ ခဏလေးပါ အခုဟာက စကားလုံး အသုံးအနှုန်းကိစ္စပါ။
နောင်ကျန်ရစ်အောင် ဟုတ်လား။ ဘာကို ကျန်ရစ်ရမှာလဲ တဂျီးမင်းရဲ့။ အဝေးကြီး ရှိပါသေးတယ်။ ပြောရင်းနဲ့ စကားတွေက ပေါ်လာပြန်ပြီ။ သစ္စာစကား ပြောစရာ မလိုပါဘူးဗျာ။ ခုန ပြောသလို ပြောတဲ့ ရေးတဲ့ အထဲက အမှန်အမှားကို အကဲခတ်နိုင်ပါတယ်။ သူကြီးမှာ အဲဒီလိုစိတ်ဓတ် မရှိမှန်း သိပါတယ်။
Mလုလင်
June 17, 2012 at 5:44 pm
very good,… very bad ..
very good တာကတော့ သမိုင်းကြောင်း (ဦး SanHlaGyi) ပိုစ့်ကိုဖတ်ရတာ ပျင်းစရာ မကောင်းဘူး ဆိုတာရယ်….. ဆယ်တန်း ကျတာ သမိုင်း နဲ့ပေါ့ .. :-(/။
very bad ကတော့ ခေါင်းလောင်း ကြီးအကြောင်း … လုံးဝမရေးတာရယ် …
တော့ ကရင်စီတူ .. ငါ ကော်ပီ လိုက်တယ်ကွာနော့ …
San Hla Gyi
June 17, 2012 at 6:37 pm
ကိုMလုလင်ရေ
လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခေါင်းလောင်းကြီး အကြောင်းကိုတော့ ရေးတော့ ရေးပါ့မယ်။ ဒါပေမယ့် မရေးတာက ကျနော့်အကြောင်းနဲ့ ကျနော်မို့ပါ။ ခင်ဗျားတကယ်သိသွားရင် ကျနော့်ကို သနားသွားမှာပါ။ အဲဒီအကြောင်းက အခန့်မသင့်ရင် ဆွေတွေ မျိုးတွေနဲ့ သေခန်းပြတ်တွေ ဘာတွေတောင် ဖြစ်သွားနိုင်တယ်။ နောက်ပြီး အခုတလောလဲ ကုလားတွေကိစ္စ ဆောရီး သနားစရာကောင်းတဲ့ ကြင်နာသင့်တဲ့ ရိုဟင်ဂျာလူမျိုးတွေ ကိစ္စကြောင့် ဆွေတွေ မျိုးတွေ ပြန်စည်းလုံးနေတာ လေးတွေတွေ့နေလို့ပါ။
Mလုလင်
June 17, 2012 at 7:16 pm
ဒါဆိုလဲ ရေးခိုင်းတော့ပါဘူးဗျာ … ကျေးဇူးတင်ဘာဒယ်။စည်းလုံးနေတာတော့ အမှန်ပဲဗျို ့ …..။
San Hla Gyi
June 18, 2012 at 9:46 pm
ကို M လုလင်ရေ
နောက်တော့ အခြေအနေတွေ အေးဆေးသွားရင် ရေးတာပေါ့ဗျာ။
Mလုလင်
June 19, 2012 at 2:45 am
အမာခံ ပရိတ်သတ် စစ်စစ်ကြီးပါဗျာ … ရေးချင်တဲ့အခါ ရေး .. ရေးတာနဲ့ ဖတ် ပါ့မယ် …
San Hla Gyi
June 19, 2012 at 9:07 pm
ကို M လုလင်ရေ
အဲဒီလို ပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
pooch
June 17, 2012 at 8:37 pm
ပိုစ့်ကို နောက်ကျမှ ဝင်ဖတ်မိတာ ကွန်းမန့်တွေကြောင့် ပိုတောင်မှ ဖတ်ရတာ ရသစုံသွားပါတယ်။
သူကြီး ကတော့ သူကြီးပါပဲ လို့။ တခါတခါ ပရိုု ၂ ယောက် ၃ ယောက်လောက် ပွားထားတယ်လို့ကို ထင်မိပါတယ်။
ကိုစံလှကြီး ရွာထဲ ရောက်လာတာ အလွန်ဝမ်းသာတယ်။ မသိသေးတာတွေ မရှင်းသေးတာတွေကို ပြန်ဖြည်မိလို့ရယ်။ ဒီလိုပြောပြနိုင်တဲ့သူရှားလို့ရယ်။
နောက်လည်း ဒီထက်ပိုရေးပေးစေချင်ပါတယ်။
ကိုစံလှကြီးစာတွေကို ကျမ သိမ်းလေ့ရှိပါတယ်။ လိုအပ်ရင် ပြန်ဖတ်လို့ရအောင်ပါ။
San Hla Gyi
June 17, 2012 at 10:15 pm
မ pooch ရေ
ရသစုံ ဖတ်ရတယ်ပြောလို့ ကျေးဇူးပါဗျာ။ အမှန်တော့ ကျနော် အခုနည်းနည်း စိတ်မကောင်း ဖြစ်နေသလိုပဲ။ ဒါပေမယ့် ကျနော်ပြောတဲ့ ကိစ္စတွေဟာ ကျနော်သတိထား မိနေတာ တော်တော်ကြာကြာ ရှိပြီဗျ။ အကြိမ်ကြိမ် ထပ်ပြီး ဒီလိုပဲ ဂေါတမဗုဒ္ဓလည်း လမ်းပဲလျှောက်ရတာတို့ ဘာတို့ ပြောနေတာ ခဏခဏပဲ။ မပြောရင် မဖြစ်တော့ဘူးလို့ ထင်လို့ ပြောလိုက်ရတာပါ။
မ pooch ကျနော်ရေးတာတွေကို သိမ်းတယ်ပြောရင်တော့ သေချာပြီဗျို့။ မ pooch ရဲ့ပို့စ်တွေ ကွန်မန့်တွေ တောက်လျှောက်နီဖို့ ရှိတယ်ဗျ။ အခုတောင် ဆူးရဲ့ စာလေးတွေ နီနေပြီဗျို့။ ကျနော့်ကို တိုက်ခိုက်ရင်တော့ အကျိုးအကြောင်း မခိုင်လုံလဲ စိမ်းတယ်ဗျ။ အမှန်တော့ လုပ်တဲ့လူတွေ ခမျာလဲ သနားတော့ သနားစရာပါ။ ကျနော်ထင်တာ သူတို့မှာ ရပ်တည်ချက် မခိုင်မာတော့ ပုတ်လဲပုတ်ခတ်ချင် မှန်နေတာတွေတော့လဲ မပြောရဲရှာဘူး။
ဒီကြားထဲ စကားကို လှည့်ပတ်ပြောပြီး ဆယ့်ရှစ်တွေ ဆယ့်ကိုးတွေ လုပ်တာက ရှိသေးတယ်။ အဲဒီပို့စ်တွေကို ပြန်ကြားချက် ဆောင်းပါးတွေ ရေးရရင်တော့ နာတော့မယ်။ သီတဂူဆရာတော်ကြီး တရားကို အပိုင်းလေးတွေ ရေးပြီး အဟုတ်ကြီးထင်တာက ရှိသေးတယ်။ တော်ကြာ ဂျီတြိ ဘုဝနာ ဒိတျ ဓမ္မရာဇ် လောကပဝရ မဟာဓမ္မရာဇာ ဘွဲ့ခံ ဘိုးတော် ဦးစံလှကြီး မင်းတရားကြီးက ရွာသိမ် ရွာငယ် ဇနပုဒ်မှ ပုန်ကန်သူများကို ဆင်တပ်ကြီးဖြင့် နင်းချေတော်မူခန်းတွေ ဘာတွေဖြစ်လာအုန်းမယ်။ ဟဲ ဟဲ အလကား နောက်တာပါဗျာ။ ပျော်အောင် နောက်တာပါ။
အမှန်တော့ မ pooch ရေးရင် ကျနော့်ထက် ပိုကောင်းမှာပါ။ သစ္စာစကားပါ။(သစ္စာပြုပါတယ် ဟီး ဟီး)
တကယ်ပါ ကျနော် ကွန်မန့်ကို ကြည့်တာနဲ့ အကဲခတ်နိုင်ပါတယ်။(မိမိကိုယ်ကို အထင်ကြီးသော ဘုရင်ကြီး ဦးစံလှကြီး)
နောက်လဲ အားပေးပါဗျာ။
သဲနှင်း အိမ်
June 17, 2012 at 10:19 pm
ကျမလည်း ရန်ဖြစ်ချိန်မှ ရောက်ရောက်လာမိတာ ခက်သား ကိုစံလှကြီးရယ်။ ရှင်ကြီး ဂေါတမဆိုပြီး တချို့လူတွေ သုံးနှုန်းနေတာတွေလည်း ဖတ်မိဖူးတယ်ဗျ။ ကျမက ဗုဒ္ဓဘာသာဝင်ဆိုတော့ နည်းနည်းတော့ Sensitive ဖြစ်မိတာ အမှန်ပါပဲ…။ တချို့လူတွေ ကိုယ့်အိမ်က အဖေအမေကို အိမ်က အဘိုးကြီး၊ အဘွားကြီး အဲလိုသုံးတာတွေ ကြားဖူးတယ်။ အတော်လေးကို နားကလောတာပါ။ နာမည်တွေအကြောင်း ပြောရင်းနဲ့ စကားမစပ် ရန်ကုန်မှာရှိတဲ့ ဗိုလ်ရွဲလမ်းဆိုတာ အရင်တုန်းက မောင်ခိုင်လမ်း လို့ ထင်တာပဲ။ (သူကြီးကို ရွဲ့တာတော့ ဟုတ်ဘူးနော်) အဲဒီ မောင်ခိုင်ကရော ဘယ်လိုဖြစ်တာလဲရှင်။ ဘာကြောင့် ဦးခိုင် မဖြစ်ရတာတုန်း။ သိရင်ပြောပြပါလားရှင်။ ကျမက တကယ်မသိလို့မေးတာပါနော်။ ဖြေနိုင်ရင်
ပေးစရာဆိုလို့ စတိုးဆိုင်က အကြွေမရှိလို့ ပြန်အမ်းတဲ့ သကြားလုံးပဲရှိတယ်။ သူများတွေလို ဆုကြေးတွေ ဘာတွေတော့ မပေးနိုင်ဘူးရှင်။ ဒါနဲ့ ခုပို့စ်လေးက ဖတ်ရတာ အတော်လေး ဗဟုသုတ ရပါတယ်။ ဆက်ရေးရန် ကျန်တာတွေကိုလည်း အကြွေးမထားပါနဲ့ ဆက်ရေးပါဦးရှင်။
လေးစားခင်မင်စွာဖြင့်
ကြောင်ကြီး
June 18, 2012 at 9:37 am
သဂျီးဃ မူစလင်လေ..။ ဆော်ဒီနိုင်ငံ မက္ကာမြို့ကနေ အယာတိုလာ အိုစမာ အဗ္ဗဒူလာ မာမူဘာဘူ အားရမားဒစ္စကိုဒန်းဆားဘွဲ့ ရခဲ့ဒယ်။ အစ်နေ့ဆို မုတ်ဆိတ်မွှေးကြီး တဖားဖားနဲ့ အာရပ်ဝတ်ရုံကြီးဝတ်ပီး ဂျပန်ကနေ ဈေးကြီးပေး အင်ပို့သွင်းလာဒဲ့ ကိုဘေးနွား အရှင်လတ်လတ်ကို လည်လှီးနေဒါများ နေရောင်အောက်မှာ ဓါးတလက်လက်နဲ့…. ကျောင်းဆရာဂျီး.. 😮
ကိုပေါက်(မန္တလေး)
June 18, 2012 at 3:30 pm
အခေါ်အဝေါ်နဲ့ပါတ်သက်လို့တစ်ခုတော့ ပြောချင်ပါတယ်။
ဘယ်လိုခေါ်ဝေါ်သုံးနုန်းတယ်ဆိုတာထက်
ဘယ်လိုပုံစံ ဘယ်လို့လေသံ နဲ့ခေါ်လိုက်တယ် ကပိုအရေးကြီးတယ်ထင်ပါတယ်။
သာမန်ရိုးရိုးဘဲခေါ်တာလား လှောင်ပြောင်ချင်တာလား နှိမ့်ချခြင်တာလား
ချစ်ခင်ရင်းနှီးတဲ့လေသံနဲ့ခေါ်တာလား ချစ်လို့စချင်တာလား
သက်သက်မဲ့ဖားတဲ့လေသံနဲ့ ခေါ်လိုက်သလားဆိုတဲ့
ခေါ်သူပြောသူရဲ့ စိတ်ထဲက အတိမ်အနက်ကသာ အဓီကကျတယ်လို့ မြင်မိပါတယ်။
(စိတ်တော့မရှိပါနဲ့ ဒီကော်မင်းလေးကို ဟိုဘက်ပိုစ်မှာလဲ ဒီအတိုင်းမန်းခဲ့ပါတယ်။)
San Hla Gyi
June 18, 2012 at 9:46 pm
မသဲနှင်းအိမ် ကိုကြောင်ကြီး နဲ့ ကိုပေါက်ရေ
အလည်ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ၃ယောက်စလုံးကို တပေါင်းတည်း အားလုံး ရှင်းပြချင်လို့ပါ။ ရှင်းပြပါရစေ ရှင်းပြပါရစေ ခင်ဗျာ့။
ကိုပေါက်(မန္တလေး)
June 18, 2012 at 10:32 pm
ဘိုစံရှင်းတာကို နားထောင်ချင်ပါတယ်ဗျို့။
San Hla Gyi
June 19, 2012 at 8:54 pm
ကိုကြီးပေါက်ရေ ဘယ်ကလာ စိတ်ရှိရမှာလဲ ကိုကြီးပေါက်ရ။ ကျနော်က ပြောချင်နေတာပါ။ မဆွေးနွေးခင် ဘုရားရှင်ဟာ ဘာလူမျိုးလဲတို့ ဦးကုလားတို့ ကုလားကို ကုလားလို့ခေါ်တာ ကောင်းသလားတို့ ဆိုတဲ့ ကိစ္စတွေဟာ ဒီကိစ္စနဲ့ အဓိကမဆိုင်တဲ့အတွက် ဒီမှာခဏဖယ်ထားလိုက်ပါတယ်။ နောက်မှ သီးသန့်ဆွေးနွေးပါ့မယ်။
အားလုံးပဲ ဒီလိုပါ။ကျနော်က မြန်မာ-မွန်ဂိုစစ်ပွဲ အကြောင်းကို သိတာလေးတွေ ချရေးပြီး လက်သွေးပါတယ်။ အဲဒီမှာ သူကြီးက ဦးကုလားအကြောင်း သိချင်ပါတယ်လို့ မေးပါတယ်။ ကျနော်ကလည်း သဘောရိုးနဲ့ မေးတယ် ထင်မိပါတယ်။ အဲဒီတော့ ကျနော်ကလည်း သိသမျှ အကြမ်းလေး ပြောမိပါတယ်။ ဒါပေမယ့် သူကြီးလို အဖေအမေနာမည် တွေပါမသိပါဘူး။ အဲဒီမှာ သူကြီးက ယူအက်စ် ပညာတော်သင်ဆု အကြောင်းပြောပြီး “ပညာရေးအခြေခံသာရှိမယ်ဆို……တကယ်ပြောတာ” လို့ပြောပါတယ်။ သူက အရင်စပြောတာ ဖြစ်ပါတယ်။
အဲဒီမှာ ကျနော်စကား မှားသွားပါတယ်။ ဘာလို့လဲဆိုတော့ ပညာအခြေခံ ချို့တဲ့သူမို့ သူကြီးက ပညာရှိဆန်ဆန် စေတနာနဲ့ ပြောတဲ့စကား ကိုတမျိုး ထင်သွားပါတယ်။ နောက်ပြီး သူကြီး ပြောတတ်တဲ့ ဂေါတမဗုဒ္ဓများ တခါမှ သီးခံ သီးခံဆိုပြီး အရှုံးမပေးခဲ့ဘူးတို့ ဘာတို့ဆိုတဲ့ စကားလေးတွေကို အမြင်မကြည်တာ ပါပါတယ်။
အခုမှ စဉ်းစားကြည့်တော့ သူကြီးဟာ စဉ်းစားတာကို Blind faith ထက်ဦးစားပေးတတ်တော့ တမင်သက်သက် မြန်မာတွေကို စဉ်းစားတတ်တဲ့ အလေ့အကျင့်ရအောင် အမုန်းခံ ငရဲကျမှာကို မကြောက်ပဲ ပြောပေးနေတာကို တွေ့ရပါတယ်။ လေးစားစရာ ဖြစ်ပါတယ်။ မိမိကိုယ် သူတပါးမုန်းမှာ ငရဲကြီးမှာတောင် မကြောက်ပဲ အများအတွက် စဉ်းစားပေးတတ်တာ တကယ့် ဥတ္တမပုရိသလို့ ခေါ်တဲ့ ယောကျာင်္းကောင်း ယောကျာင်္းမြတ်တွေရဲ့ စိတ်ထားဖြစ်ပါတယ်။
အဲဒါကို ကျနော်က စိတ်ထဲတမျိုးထင်ပြီး ခံစားချက်နောက်ကို လိုက်ကာ “ဂေါတမဗုဒ္ဓရဲ့ အောင်ခြင်းတွေထဲမှာ သည်းခံတာမပါဘူး ဆိုတဲ့ ငါ့စကားနွားရ ပြောတာမျိုးကို ဆင်ခြင်ပါ။ ပထမဆုံးအကြိမ် ဝါနင်ပေးပါတယ်။” ဆိုပြီး ကြိမ်းမိပါတယ်။ ဒါကလည်း သူကြီးရဲ့ “ပညာရေးအခြေခံသာရှိမယ်ဆို….တကယ်ပြောတာ” ဆိုတဲ့ ပညာရှိဆန်ဆန် အရေးအသားကို နားမလည်လို့ပါ။
နောက်ပြီး သူကြီးက အရင်ပို့စ်တခုတုန်းက မိတ်ဆွေတဦးက “ကျုပ်က သူကြီးကို လေးစားတယ်ဗျ။ တကယ့်ကို လူပီသတဲ့ လူတယောက်ဆိုတော့” လို့ပြောပြီး နောက်တာကို သူကြီးက “ကျုပ်ကိုတော့ ပြောချင်သလောက်ပြော ရတယ် စိတ်မဆိုးတတ်ဘူး” လို့ပြောသဖြင့် သူရဲ့ သဘောကောင်းမှုကို အခွင့်ကောင်း ယူတာပါ။(ပြောသူအမည် မသေချာပါ။ ရွှေအိမ်စည်ဟု ထင်ပါသည်။ မှားလျှင် ခွင့်လွှတ်ပါ။)
နောက်ပြီး ကျနော်ရေးခဲ့ဖူးတဲ့ စဉ်းစားကြစေလိုပါတယ် (၁၈) တိုင်းရင်းသား အရေးသို့ ပြန်ကြားချက် ဆောင်းပါးထဲမှာလည်း သူစိတ်မဆိုးတတ်ကြောင်းနဲ့ သူအပါအဝင် တချို့ရွာသားတွေက ရေးကြ ဆွေးနွေးကြရင် သိပ် serious မဟုတ် ပေါ့ပေါ့ပါးပါး သဘောထားတတ်ကြတယ်လို့ ပြောသွားလို့ပါ။ အဲဒါလေးပြောထားချင်ပါတယ်နော…….လို့တောင်ပြောသွားပါသေးတယ်။(မင်းသားကြီး ကောလိပ်ဂျင်နေဝင်း လေသံဖြင့်)
တကယ်လည်း သူကြီးမင်း စိတ်မဆိုးဘူးဆိုတာ တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူ့စိတ်နေစိတ်ထားကို အကဲခတ်နိုင်ပါတယ်။ သူက ဒီလိုပြန်ပြောပါတယ်။ “အခုပြောတာတွေဟာ ကျုပ်ကိုတိုက်ရိုက်ဝါနင်ပေးပြောနေတာဖြစ်ပေမဲ့ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ တချို့နေရာတွေမှာ ပြန်ပြောလေ့ မရှိပါဘူး။ ဒါကို အရှုံးပေးတယ်လို့တော့ မယူဆစေချင်ဘူး။ သည်းခံနေတယ်လို့လည်း မထင်စေချင်ပါဘူး။ ဥပေက္ခာလို့ ယူဆချင်ဆပေါ့။ ဒီစကားကို ဆူးမမရော ပြောချင်တာပါ။” စိတ်မဆိုးပေမဲ့ တည်ငြိမ်တဲ့ လေသံနဲ့ ဖြစ်ပါတယ်။ ရဲရင့်ပါပေတယ်။
နောက်ပြီး သူ့ရဲ့ professional ပီသမှုကိုလည်း တွေ့ရပါတယ်။ “ကျုပ်မှာ ပိဋကတ်သုံးပုံကနေ မဟာယနကျမ်းတွေအထိ ပြစရာတွေ တပုံတပင်ရှိပါတယ်။ ဦးကုလားအကြောင်းလည်း တကယ်မသိလို့ မေးတယ်မထင်ပါနဲ့။ အယ်ဒီတာက အယ်ဒီတာအလုပ် လုပ်ပေးတာပါ။ ကိုရင့်ကို ထိုက်သင့်တဲ့ respect(အပြန်အလှန်လေးစားမှု)ပေးပြီး မေးတာပါ။…….ဒီလောက်ပဲ” ဘယ်လောက်များ ကိုယ့်လုပ်ငန်းကို စိတ်ဝင်စားပြီး ဒေါသသံကင်းတဲ့ တည်ငြိမ်တဲ့ လေသံလေးပါလဲ။ အမှန်အတိုင်း ပြောရရင် ကျနော်က ကိုယ့်ကိုကိုယ် စိတ်တိုတတ်ကြောင်း ရှေးက ကွန်မန့်တွေမှာလဲ ဝန်ခံခဲ့ဖူးပါတယ်။ သူကြီးကတော့ သူစိတ်မဆိုးတတ်ကြောင်း အမြဲပြောသလို တကယ်လည်း အပြောနဲ့ညီတာကို တွေ့ရပါတယ်။ ဗုဒ္ဓဘာသာ အလိုအရ ဒေါသကင်းတယ်ဆိုတာ အနာဂါမ်ပုဂ္ဂိုလ်များမှ တတ်နိုင်တာပါ။ ဒါကိုအကဲခတ်မိလို့လည်း ကျနော်က ကိုကြောင်ကြီးကို သူကြီးဟာ စိတ်ကောင်းရှိ သီလမြဲ ဝိပဿနာစွဲ ထူးကဲသူတယောက် ဖြစ်ကြောင်း ၂ခါလောက် ပြောခဲ့တာပါ။
နောက်ပိုင်းသူကြီးနဲ့ ကျနော် အပြန်အလှန်ပြောပုံ ဆိုပုံတွေကိုတော့ ထည့်မရေးတော့ပါဘူး။ ကျနော်ရဲ့ ပို့စ်ကကွန်မန့်တွေထဲမှာ ဖတ်ကြည့်ကြပါ။ ခြုံပြောရရင် စကားလုံးအပေါ် နားလည်မှုလွဲတာပါ။ ကျနော်ရဲ့ ဥဏ်ပညာနဲမှုပါ။
kai
June 20, 2012 at 5:26 am
ကော်မန့်အတွက်.. ကျေးကျေးကမ္ဘာပါနော..
ဒီပြန်စာလေးဖတ်ပြီး.. ကိုရင်လည်း.. professional တယောက်ဆိုတာ သိသာပါတယ်လို့..။
ကျုပ်ဝင်ရေးလိုက်လို့.. ပို့စ်ရဲ့..ဦးတည်ရာလမ်းကြောင်း.. ပျောက်သွားရတာကို စာရေးသူရော.. ဖတ်သူများကပါ.. ခွင့်လွတ်ကြစေလိုကြောင်း..
Win Khaing
June 19, 2012 at 9:26 am
ကျေးဇူးအများကြီးတင်ပါတယ်။ ကိုယ်တိုင်ပတ်သက်ပါဝင်ခဲ့ဖူးသလိုဘဲ့ ခံစားရပါတယ်။
San Hla Gyi
June 19, 2012 at 9:21 pm
ကို ဝင်းခိုင်ရေ
ပထမဆုံးအကြိမ် လာအားပေးသူလို့ ထင်ပါလဲ။ အဲဒီစကားလေးကတော့ ကျနော် အကြိုက်ဆုံးပါပဲ။ ဟုတ်ပါတယ်။ ကျနော်ကိုယ်တိုင် မြန်မာတွေကို ကိုယ်တိုင်ပါဝင်တိုက်ခိုက်နေသလို ခံစားစေချင်ပြီး ဘိုးဘွားတွေ တိုက်ခိုက်နေပုံတွေကိုလဲ မျက်စိထဲ မြင်လာအောင် ရေးပြခဲ့တာပါ။ နောက်ပြီး ခေါင်းဆောင်လုပ်တဲ့ ညီနောင်သုံးပါးဟာ ရှမ်းသွေးနဲ့ဗမာသွေး တဝက်စီလို့ သိရတဲ့အတွက် အမေဘက်က အမျိုးလို့ ပြောလို့ရတဲ့ ဗမာတွေသာမက အဖေဘက်က အမျိုးဖြစ်တဲ့ ရှမ်းလူမျိုးတွေပါ ဝမ်းသာစေချင်ပြီး ကိုယ်တိုင်ရှမ်းဓားတွေကိုင်ကာ အဲဒီအချိန်က ကမ္ဘာတခြမ်းလောက်နီးနီး စိုးမိုးထားတဲ့ မွန်ဂိုတွေကို ဗမာတွေနဲ့အတူ မြင်းစိုင်းနဲ့ ပုဂံတဝိုက်မှာ တိုက်ခိုက်နေသလို ခံစားစေချင်လို့ပါ။ တကယ်လည်း အဖြစ်မှန်ပါ။ ဒီလိုပဲ ငဆောင်ချမ်းခံတပ် တိုက်ပွဲကြီးအကြောင်းကို ရေးပြခဲ့တာက ကချင်ပြည်နယ်က အမျိုးတွေ ဝမ်းသာစေချင်လို့ပါ။ သူတို့ဒေသမှာ တိုက်ခိုက်တဲ့တိုက်ပွဲမှာ သူတို့လည်း ဗမာတွေနဲ့အတူ တိုက်ရမှာ ကျိန်းသေပါတယ်။ ဒါကြောင့် ကိုယ်တိုင် ကချင်ဓားကြီးတွေ ကိုင်ပြီး လှိုင်းလုံးတွေလို တတ်လာတဲ့ တရုတ်တပ်တွေကို ၃လလောက် နေ့မနား ညမနား တိုက်ခိုက်တဲ့ ဘိုးဘေးတွေရဲ့ ပုံစံကို မြင်စေချင်လို့ပါ။ နောက်လဲ အားပေးနိုင်ပါတယ်။ အပိုင်း ၁နဲ့ ၂မှာလည်း ရေးထားပါတယ်။
ဆူး
June 19, 2012 at 9:30 am
ဦးစံ ရေ ရှင်းလင်းချက်လေး စောင့်ဖတ်နေပါတယ်။
ဒီထဲမှာ တောကြောင် ဖြစ်တဲ့ မိုးပြာတွေလည်း ရှိသေးတယ်။
အခုတောင် မူဆလင် ကိစ္စ နည်းနည်း ငြိမ်ပြီ ဆိုတာနဲ့ အကိုက်အခဲ ပျောက်ဆေး သောက်ပြီး စာတက်ရေးနေပြီ။ အသားထဲက လောက်တွေလည်း ရှိသေးတော့ ထိထိ မိမိလေး ရေးတာကို ကြိုဆိုနေပါမယ်။
San Hla Gyi
June 19, 2012 at 9:30 pm
ဆူးရေ
ပို့စ်အသစ်တင်ချင်ပေမယ့် ကွန်မန့်နဲ့ပဲ ရှင်းပြလိုက်ပါပြီ။ ဘာလို့လဲဆိုတော့ ပို့စ်တင်ရင် ကျနော်က သေသေချာချာ ရှင်းပြတိုင်း မုန်းသွားတတ်တဲ့ လူတွေရှိလို့ပါ။ အဲဒီဆူးပြောတဲ့ လူတွေအကြောင်း သတိထားမိပါတယ်။ သူတို့ကိုတော့ ဘေးမဲ့ပေးထားပါတယ်။ လောလောဆယ်ပါ။ ဘာလို့လဲဆိုတော့ ကျနော် သေသေချာချာ ရှင်းပြလိုက်တိုင်း မုန်းတဲ့လူတွေ ရှိလို့ပါ။ နောက်ပြီး ဦးဦးပါလေရာတို့လဲ ဆွေးနွေးနေကြပါတယ်။ ကျနော်က ဘုရားရှင်ရဲ့ တရားတော်ကိုလည်း နည်းနည်းပဲ နားလည်ပါတယ်။
နောက်ပြီး ကျနော့်စိတ်ထင် ကျနော်နဲ့ ဆူးက အသက်သိပ်မကွာလောက်ပါဘူး။ ကျနော်ကတော့ နည်းနည်းကြီး နိုင်တယ်။ ကိုစံလှကြီးလို့ပဲ ခေါ်ပါ။ အမှန်ဆို ကိုပေါက်ကို ကျနော်က ဦးလေးခေါ်လဲ ရပါတယ်။ ဒါပေမယ့် ကိုပေါက်က နုပုံရလို့ အကိုလို့ ခေါ်တာပါ။
three colors
June 19, 2012 at 11:43 am
ကိုစံလှကြီးက သူကြီးအကြောင်း အခုမှသိပုံရတယ်၊ သူဘာ ဘာသာဝင်လဲ ဆိုတာ ကျွန်တော် သိတာကြာပေါ့၊ဗုဒ္ဒ ဘာသာဝင် မဟုတ်ဘူးလေ၊
three colors
June 19, 2012 at 6:27 pm
သူက မွတ်ဆလင် ကုလား။
San Hla Gyi
June 19, 2012 at 9:35 pm
ကို three colors ရေ
သူကြီး ဘာဘာသာဝင်ဆိုတာ ကျနော်မသိပါဘူး။ အမှန်တော့ အခုကိစ္စက သူကြီးရဲ့ ပညာရှိဆန်ဆန် အရေးအသားကို ကျနော်နားမလည်လို့ နားလည်မှုလွဲတာပါ။ ကျနော် ရှင်းပြထားတဲ့ ကွန်မန့်တွေမှာ ဖတ်ကြည့်ပါ။ မူဆလင် ဘာသာဝင်ဆိုလို့ မုန်းစရာမလိုပါဘူး။ ကိုယ့်ကို မတိုက်ခိုက်နိုင်အောင်သာ ကာကွယ်ရမှာပါ။ အခုလဲ ဘုရားရှင်ကို သူကြီးခဏခဏ ပြောတာလေးတွေ တွေ့ရလို့ပါ။ သူကတော့ awareness ရစေချင်တဲ့ စေတနာနဲ့ပါ။ နောက်လဲ အားပေးနိုင်ပါတယ်။