(ဒီဆောင်းပါးဟာ ပုဂံခေတ်နှောင်းပိုင်း (၁၂၈၃) မြန်မာ-မွန်ဂို စစ်ပွဲများ(အပိုင်း ၁) နဲ့ (အပိုင်း ၂) ရဲ့အဆက်ဆောင်းပါး ဖြစ်ပါတယ်။) နောက်တော့ နရသီဟပတေ့မင်းက လက်နက်ချဖို့ စဉ်းစားပြီး ရှင်ဒိသာပါမောက်ကို ငြိမ်းချမ်းရေးအတွက်နဲ့ သံတမန်အဖြစ် ကူဗလေခန်ရှိရာ တိုင်ကူး(ဝါ)တယ်တူ(ယခု ပီကင်း) ကိုလွှတ်ပါတယ်။ ဆရာတော်ဟာ ယူနန်က ယချည်(Yachi) မှာဝါဆိုပြီးမှ ပီကင်းကို ဆောင်းလယ်မှာ ရောက်သွားပါတယ်။ ရှင်ဒိသာပါမောက်နဲ့ ကူဗလေခန်တို့ အမေးအဖြေ ပြောပုံဆိုပုံတွေကိုတော့ ကျောင်းသုံးစာအုပ်တွေမှာလည်း ပြဌာန်းထားလို့ အသေးစိတ် မရေးတော့ပါဘူး။ အနှစ်ချုပ်ကတော့ တိုင်းပြည်မှာ လူမရှိရင် ဘာမှလုပ်လို့ မရဘူး။ ဒါကြောင့် စစ်သည်ရဲမက်တွေ ပြန်ခေါ် လူတွေပြန်ခေါ် ကောက်ပဲစိုက် ပြီးမှအခွန်သိမ်းဖို့လာပါ ဆိုတဲ့ ရှင်ဒီသာပါမောက် စကားကို မွန်ဂိုဘုရင်ကြီး သိပ်ကြိုက်ပြီး ငြိမ်းချမ်းရေး ရခဲ့ပါတယ်။ […]