Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သစ်မွှေးကဏ္ဍ အမေးအဖြေ (၁)

Wai Aung Chan MyoJune 18, 20121min2252

ကျနော့်ထံ စာဖြင့်ရေးသားဆက်သွယ်ကြသူများနှင့် သစ်မွှေးအမေးအဖြေ ကဏ္ဍများကို အခန်းဆက်တင်ပြသွားပါမည်။

 

ကိုဝေအောင် ခင်ဗျား
သစ်မွှေးနှင့် ပတ်သက်သော ကိုဝေအောင်၏ စာများအား online ထက်တွင် ဖတ်ရှုမိပါသောကြောင့်
သိလိုသော အကြောင်းများအား မေးမြန်းလိုက်ပါသည်။
သစ်မွှေး ၄ ပေအထက် လုံးပတ်ရှိသော အပင်တစ်ပင်လျှင် အဆီထွက်ရှိမှုပမာဏမှာ ပျမ်းမျှအားဖြင့် မည်မျှ
ထွက်ရှိနိုင်ပါသနည်း။ အပင်လိုက်ရောင်းလျှင် အဘယ်မျှ တန်ဖိုးရှိနိုင်ပါသနည်း။
အရွယ်ရောက်ပြီး ၃ ပေ၊ ၄ ပေ အထက်ရှိသောသစ်မွှေးပင်များအား အပင်လိုက် ရောင်းလျှင် တရားဥပဒေနှင့်
အညီ ရောင်းလျှင် မည်မျှ ရနိုင်ပါသနည်း။ ရောင်းချခွင့်ရော ရှိပါသလား။
အကယ်ရွေ့ ရောင်းချခွင့်ရှိပါက မည်သည့်နေရာဌာနသို့ ဆက်သွယ်ရပါမည်နည်း။
သိလိုသော အချက်အလက်များအား ပြန်ကြားပေးစေလိုပါသည်ခင်ဗျား။
လေးစားစွာဖြင့်
xxx

 

ဟုတ်ကဲ့

အခုလို စိတ်ဝင်တစား သိလိုသည်များကို မေးမြန်းသည့်အတွက် ကျေးဇူးတင်ပါသည်။

သစ်မွှေးပင်ကို လုံးပတ်တစ်ခုတည်းသိရုံနှင့် အဆီမည်မျှထွက်ရှိနိုင်သည်ကို ကျနော် အမှန်အတိုင်း မခန့်မှန်းနိုင်ပါ။ သို့သော် အပင်၏ သစ်မွှေးဆီထွက်ရှိနိုင်မှုကို အကြမ်းဖြင်းတွက်နိုင်ရန် အချက်အလက်အချို့ကို ဖော်ပြလိုက်ပါသည်။

သစ်မွှေးပင်သည် မှိုဆေးထိုးပြီး အဆီထုတ်ရသည်ကို ကိုxxx သိရှိပြီးဖြစ်မည် ထင်ပါသည်။ သစ်သားတို့မည်သည် မခုတ်ခင် (အစို) အလေးချိန်မှာ ခုတ်ပြီး (နေပြပြီး) အခြောက်၏ အလေးချိန်ထက် ပိုသည်ကိုလည်း သိရှိပြီးဖြစ်မည် ထင်ပါသည်။

သစ်မွှေးသစ်သားအခြောက် တစ်ကုဗပေ (၁’x ၁’x ၁’) လျှင် ၂၅ ပေါင် (၁၁.၄ ကီလိုဂရမ်) လေးသည်။

သစ်မွှေးဆီ ၁လီတာရရှိရန် သစ်မွှေးသစ်သားစပေါင်း ၁၅ဝ ကီလိုဂရမ်ခန့် အသုံးပြုရသည်။ ကိုxxx၏ အပင် အမြင့်ကို မသိရ၍ အသေးစိတ် မတွက်ပြနိုင်သည်ကို ခွင့်လွှတ်ပါ။

သစ်မွှေးဆီ ၁၂စီစီ (1 tola) လျှင် ၁၅၀၀၀ဝ မှ ၃၀၀၀၀ဝ အထိရရှိနိုင်သောကြောင့် သစ်မွှေးဆီ ၁လီတာလျှင် ၁၂၅သိန်း မှ ၂၅ဝသိန်း အထိရရှိနိုင်ပါသည်။

ရနှစ်သား(ဆေးထိုးပြီး) အပင်၏ သစ်မွှေးစထွက်ရှိမှုသည် ၂၅ ကီလိုဂရမ်ခန့်ရှိသည်။

သစ်မွှေး(ဆေးထိုးပြီး)ကို အပင်လိုက်ရောင်းချခြင်းထက် အဆီထုတ်ရောင်းချမှုက ပို၍ တွက်ချေကိုက်ပြီး သယ်ယူပို့ဆောင်ရလည်း လွယ်ကူသည်။

သစ်မွှေးပင်သည် မှိုဆေးမထိုးထားပါက ဈေးကွက်အတွင်းရောင်းရန် မလွယ်ကူပေ။

လွန်ခဲ့သော ၂နှစ်ခန့်က တရုတ်များက တခြံလုံးပုတ်ပြတ်အနေဖြင့် ဝယ်နေသည်များကို ကြားဖူးခဲ့ပါသည်။

ယခုကျနော်၏ ပျိုးပင်များသည် ၁နှစ်မပြည့်သေးသော်လည်း ၃ပေအရွယ်ရောက်နေပြီ ဖြစ်သည်။

ပျိုးပင်များကို၎င်း၊ သစ်မွှေးအဆီခဲများကို၎င်း၊ သစ်မွှေးဆီများကို၎င်း  ဥပဒေနှင့်အညီ ရောင်းချလိုပါလျှင် သက်ဆိုင်ရာ သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ကို ရယူကာ ရောင်းဝယ်မှုပြုလုပ်ရပါမည်။

 

ကျနော်သည် သစ်မွှေးကို ကိုယ်တိုင်စိုက်ပျိုးကာ ပျိုးပင်များကိုလည်း ရောင်းချနေသူ ဖြစ်ပါသည်။

သို့သော် သစ်မွှေးပင်များကို မဝယ်ယူနိုင်သေးပေ။

သို့ပေမယ့် ကိုမင်းခက်ခိုင်၏ မေးခွန်းများကို တတ်နိုင်သရွေ့ဖြေဆိုခဲ့ပါသည်။ နောက်ထပ်သိလိုသည်များကိုလည်း ပွင့်လင်းစွာ မေးမြန်းနိုင်ပါသည်

ခင်မင်တဲ့

ကိုဝေအောင် (သစ်မွှေးချစ်သူ)
09 49348896, 09 73070035, 09 5136753, 09 49275907.
email: waiaungchanmyo@gmail.com

 

ခြံလိပ်စာ သန်လျင်-ကျောက်တန်းကားလမ်းမဘေး(ဂြိုလ်တုဆက်သွယ်ရေးဝင်းအနီး)၊ ပျဉ်ထောင်ချောင်းရွာ၊ နတ်စင်ကုန်း မှတ်တိုင် (ကျိုက်ခေါက်ဘုရားမှ ၆မှတ်တိုင်မြောက်) တွင်ဆင်း၍၊ ဆိုင်ကယ်ကယ်ရီဂိတ်တွင် သစ်မွှေးခြံကို ပို့ပေးပါဆိုရင်……

 

2 comments

  • လူ ဟား

    June 19, 2012 at 11:24 am

    ကိုဝေအောင်ခင်ဗျား… သစ်မွှေး ပျိုးပင်များကို ဘယ်လို ရောင်းပါသလဲ… အကယ်၍ ဝယ်ယူမည်ဆိုပါက နည်းပညာများရော အခမဲ့ ပံ့ပိုးပေးပါမည်လား…။ အေးချမ်းတဲ့ ရှမ်းပြည်နုယ်လို ဒေသတွေမှာကော စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသလား ကျေးဇူးပြု၍ ဖြေကြားစေလိုပါတယ် ခင်ဗျာ..။

    • Wai Aung

      June 19, 2012 at 12:22 pm

      ဟုတ်ကဲ့ပါ
      ပျိုးပင်တွေကို ၁ပေကို ၅၀ဝနှုန်းနဲ့ ၂ပေကနေ ၄ပေကျော်အထိရှိပါတယ်
      ၂ပေမှ ၂ပေခွဲကို ၁၀၀ဝကျပ်
      ၂ပေခွဲမှ ၃ပေကြားကို ၁၃၀ဝကျပ်
      ၃ပေမှ ၃ပေခွဲကြားကို ၁၅၀ဝ ကျပ်
      ၃ပေခွဲမှ ၄ပေကြားကို ၁၈၀ဝ ကျပ်
      ၄ပေအထက်အပင်များကိုတော့ ၂၀၀ဝကျပ်နှုန်းပါ။
      ပျိုးပင်အားလုံးက မြစ်ကြီးနားမျိုးဖြစ်တဲ့ Aquilaria Agllocha မျိုးတွေပဲဖြစ်ပါတယ်

      ကျနော်က သစ်မွှေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာအားလုံးကို ဒီဆိုဒ်မှာတင်ပြထားပါတယ်။
      နည်းပညာပိုင်းဆိုင်ရာကို ကျနော်ဘက်က လုံးဝ Free ပေးထားပါတယ်။

      ရှမ်းပြည်လို တောင်ကုန်းဒေသတွေမှာမှ မဖြစ်ရင် တခြားနေရာတွေ ဘယ်ဖြစ်မလဲဗျာ။။
      မြန်မာပြည်အနှံ့ ရေမဝပ်တဲ့နေရာမှန်သမျှ စိုက်လို့ရပါတယ်။
      တောင်ကြီးကားဂိတ်အရောက် တင်ပေးလို့ရပါတယ်။ သယ်ပို့ခတော့ အကိုတို့ပေးရမှာပေ့ါနော်။

      နောက်ပိုင်းသိချင်တာများကိုလည်း မေးလ်ပို့ပြီးပဲဖြစ်ဖြစ်၊ ဖုန်းဆက်ရင်ပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် မေးမြန်းနိုင်ပါကြောင်း။။။

      ခင်မင်တဲ့
      ကိုဝေအောင်
      ခြံလိပ်စာ- သန်လျင်-ကျောက်တန်းကားလမ်းမဘေး(ဂြိုလ်တုဆက်သွယ်ရေးဝင်းအနီး)၊ ပျဉ်ထောင်ချောင်းရွာ၊ နတ်စင်ကုန်း မှတ်တိုင် (ကျိုက်ခေါက်ဘုရားမှ ၆မှတ်တိုင်မြောက်) တွင်ဆင်း၍၊ ဆိုင်ကယ်ကယ်ရီဂိတ်တွင် သစ်မွှေးခြံကို ပို့ပေးပါဆိုရင်……
      Ph: 09 49348896, 09 73070035, 09 5136753, 09 49275907.

Leave a Reply