Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သတင်းစာတန်ခိုးနဲ့အမျိုးဂုဏ်တက်စေသည် (ကြေးမုံဦးသောင်း)

kaiJune 18, 20121min41011

သတင်းစာတန်ခိုးနဲ့အမျိုးဂုဏ်တက်စေသည် အမှတ်(၂) – ပညာရှင်ကြီးယောမင်းကြီးဦးဘိုးလှိုင်

‘အစ်မ၊နှမ၊သမီးကစ၍ဆက်နှင်း၊ လက် ဆောင်သွင်း၍၊စိုးမင်းချစ်မြတ်၊ထိုအမတ်သည်၊ အတတ်မရှိ၊သတိ္တကင်းကွာ၊ဘုန်းကြီးလာမူ၊ ပြည်ရွာပျက်ကြောင်းတည်း။’
ဘုရင်ကိုသမီးဆက်သပြီး နေရာရရှိနေသူ ညံ့ဖျင်းသောအမတ်တဦးအား ပြစ်ပြစ်နှစ်နှစ် ဝေဖန်သောကဗျာကိုရေးသည်။ ထိုကဗျာကို ညီလာခံတွင်ဖတ်ပြသည်ကို ထောက်ရှု၍ယောအတွင်းဝန်ဦးဘိုးလှိုင်၏ သတိ္တကိုခန့်မှန်းနိုင်၏။ အမတ်တဦး၏ သမီးကိုကောက်ယူထားသောဘုရင်အဖို့ ရာဇအိန္ဒြေပျက်သွားကာလက်သုံး တော်လှံကိုဆွဲမိသည်။
‘ဟဲ့၊ငလှိုင်၊ ဒီလှံကိုကြည့်စမ်း၊ ဘယ်သူကိုင် တဲ့လှံလဲ။’
‘အရှင်၏ခမည်းတော်ကိုင်ဆောင်တော်မူတဲ့လှံဖြစ်ပါ၏ဘုရား။’
‘ငါ၏ခမည်းတော်သည်ဒီလှံနှင့်မည်သူ့ကိုစီရင်သနည်း။’
‘ကျွန်တော်မျိုး၏ကျေးဇူးရှင်အဖကိုစီရင်ပါ ကြောင်း။’
‘ဤလှံတော်ဖြင့်မောင်မင်းကိုစီရင်ခြင်း ခံလို သည်လော။’
‘စီရင်တော်မူပါဘုရား။ ‘ဦးဘိုးလှိုင်ကရင်ကို ကော့ပေးသည်။
ဘုရင်ပုဂံမင်းသည်မိမိဖခင်လက်ထက်ကပင် ခန့်ထားခဲ့သောဝန်ကြီးကို သေဒဏ်မပေးရက် သဖြင့်ထောင်ဒဏ်ပေးခဲ့သည်။ တနှစ်ကြာမှ နိုင်ငံခြားဆက်ဆံရေးအတွက်သူ၏အကူအညီ ကိုလိုသဖြင့်ထောင်မှထုတ်ကာ မူလရာထူးကို ပြန်ပေးသည်။
သူ၏ထူးချွန်လှသောပညာအရည်အသွေးအရ ယောမြို့ကိုစားရသောယောမင်းကြီးသည်သာယာဝတီမင်း ၊ပုဂံမင်း နှင့် မင်းတုန်းမင်းအထိ မင်း၃ဆက်ကသူကောင်းပြုခဲ့ရာတွင်သက်ဦးဆံပိုင်ဘုရင်များထံ အမှုထမ်းနေပါလျက်မိမိမှန်သည်ယူဆချက်ကိုပွင့်လင်းစွာပြောလေ့ရှိ သောကြောင့် မကြာခဏရာထူးမှဖယ်ရှားခြင်း၊ ဖမ်းဆီးခြင်းတို့ကိုခံခဲ့ရလေသည်။
မင်းတုန်းမင်းလက်ထက်တွင်လည်း ‘ဗြစ် ရေသည်ဆေးခါးကြီးပင်ဖြစ်သည်’ ဟုပြောသ ဖြင့်ဗုဒ္ဓဘာသာဝင်မှန်သမျှ စောင့်ထိန်းရမည့်သူ ရာမေရိယသိက္ခာပုဒ်ကို ကျူးလွန်နိုင်သည်ဟု ပြောဆိုမှုနှင့်ထောင်ကျခံခဲ့ရသေးသည်။
ထိုအချိန်က ရန်ကုန်ထုတ်သတင်းစာများ သည်မန္တလေးတွင် ယောမင်းကြီးထောင်ကျခံရသည်ကို သတင်းအဖြစ်ဖော်ပြကြသည် ။ထောင် မှလွတ်ကြောင်းသတင်းကို၁၈၇၂ခု ဇွန်လ၂၁ ရက်နေ့မြန်မာ့သတင်းစာတွ င်ဖော်ပြရာ၌ထင် မြင်ချက်နှင့်ဖြည့်စွက်ဖော်ပြကြသည်။
‘ယောမြို့စားဟောင်းအချုပ်မှလွတ်လေပြီ။’
အတွင်းဝန်ကျီဝန်ယောမြို့စားဟောင်းက အချုပ်မှလွှတ်တော်မူလေပြီ။ ထိုမင်းသည်လိမ္မာတတ်သိလှ၍မမြင့်ကြာခင်အရာရလိမ့်မည်။ အရာရလျှင်အရက်မသောက်ဘဲနေကောင်းနေလိမ့်မည်ဟုမန္တလေးမြို့တော်မှာပြောကြသည်။
ဦးဘိုးလှိုင်အာဏာရသည်နှင့်တပြိုင်နက် မန္တတလေးမြို့တော်သာယာမှုပြုပြင်ရေးအတွက်အယ်ဒီတာထံပေးစာများ ရေးသားကြရာတွင် ယောမင်းကြီးကိုဦးတည်ကာတိုင်တန်းကြ သည်ကိုဖတ်ရှုရသည်။
‘ကြားရောက်လိုက်ပါသည်မြန်မာသတင်းစာ ဆရာခင်ဗျား။ ကျွန်တော် တို့ ကုန်သည်များ မန္တတလေးမြို့တော်သို့ဆန်တက်သွားရာတွင် ဂုန် တန်ရပ်မှသွားရာလမ်းတို့တွင် ယိုအိမ်သာမရှိ သဖြင့် မိန်းမယောက်ျားများသည် ခေါင်းဘီးပိတ်အောင်ခြုံ၍ လမ်းနားတွင်မစင်စွန့်ကြပါသည် ။နံစော်သည့်ပြင် လွန်စွာရှက်ဖွယ်ကောင်း ပါသည်။
ရန်ကုန်မှသတင်းစာများကို နန်းတော်မှာ ယောအတွင်းဝန်ဖတ်တတ်သည်ဟု ပွဲစားတော်များကပြောကြပါသည်။ သတင်းစာထဲမှာမြင်လျှင်ယောအတွင်းဝန်မင်းတို့ကပြင်ကောင်းပြင်မည်ဟုမျှော်လင့်၍ နောင်နှစ်ခါမနံစော်ရအောင်မဒရပ်၊ပုံပိုင်၊ဘင်္ဂလား၊ရန်ကုန်မြို့များကဲ့သို့သန့် စင်အောင် ခင်ဗျားတို့ကလည်း ပြောလိုက်ပါမည့် အကြောင်း၊ကြားရောက်လိုက်ရပါသည် ‘ဟုစာပို့သူမောင်သန့်စင်က ဖော်ပြထားသည်။

မြန်မာသတင်းစာအမျိုးမျိုး ရန်ကုန်တွင် စတင်ပေါ်ပေါက်ရာတွင် မြန်မာစာဖတ် ပရိ သတ်တို့သည် ပြုပြင်သင့်သည်ဟုထင်မြင်မျှ အယ်ဒီတာ ထံပေးစာအများ ရေးလေ့ရှိကြ သည်။ ရန်ကုန်တွင် အင်္ဂလိပ်အစိုးရကပြုပြင်စေ လိုသည့်ကိစ္စများကို စာရေးကြသောအခါ စာ ရေးသူတို့က မိမိတို့သည်အခွန်ထမ်းများဖြစ်သဖြင့်ရေးပိုင်ခွင့်ရှိသောကြောင့် ရေးသားပေး ပို့ပါသည်ဟု နိုင်ငံသားတို့အခွင့်အရေးကိုဖော် ထုတ်ရေးလေ့ရှိကြသည်။ သတင်းစာများသည်သက်တမ်း၃နှစ်တာအတွင်းလူ့အခွင့်အရေးကို စတင်ဖော်ညွှန်းကြသဖြင့်တိုးတက်မှုမြန်သည်ဟုဆိုရပေမည်။
မန္တလေးပြုပြင်ရေးတင်ပြချက်အများသည် ယောမင်းကြီးထံဦးတည်ရေးလေ့ရှိကြသည်သာမက မန္တလေးနန်းတော်ယောမင်းကြီး၏ရုံးတွင်ဖြစ်ပွားသော အမှုများကိုလည်းသတင်းအဖြစ်ဖော်ပြလေ့ရှိကြသည်။

၁၈၇၁ခုနှစ်စက်တင်ဘာလကမြန်မာ့ဂေဇက်သတင်းစာတွင် နန်းတော်တွင်း ယောမင်း ကြီးရုံးတွင် စုရုံးလာရောက်လေ့ရှိသောနိုင်ငံ ခြားသားများတွင် သိုးဆောင်းလူမျိုးကုန်သည် ၂ဦးတို့ကျီစားကြရာမှ ခိုက်ရန်ဖြစ်ပွားကြ သည့်သတင်းကို အကျယ်ရေးထားသည်ကို  ဖတ်ရှုရသည်။
‘နာရီဝက်ထိုးသတ်လုံးထွေး၍ပြီးသောအခါအလုံး အရပ်ပိန်ပိန်မြင့်မြင့်လူမှာမျက်လုံးတဖက်ကိုထိုးမိသဖြင့်အပုံကြီးနာသည်၊ ဆရာဝန်များကမကန်းရုံသာကျန်တော့သည်ဟုဆိုသည်။’
အမှုကိုမင်းတုန်းဘုရင်ကြားသိသဖြင့် နန်း တော်သို့ခေါ်၍စစ်ဆေးပြီးနောက်အပြစ်မပေး ဘဲခွင့်လွှတ်တော်မူသည်။ ရန်ဖြစ်သူများနန်း တော်မဝင်ရဟုပိတ်တော်မူသည်။
ထို့ပြင်အခင်းဖြစ်စဉ်က နန်းတွင်း အစောင့် များမရှိသဖြင့် တာဝန်လစ်သောကြောင့်ကျော ကိုထောင်းရန်မြန်မာအစိုးရကစီရင်သည်။ အထောင်းခံရသူတို့က’အင်္ဂလိပ်ချင်းရန်ဖြစ်သည့်အတွက်နှင့် ငါတို့အထောင်းခံရသည်။ ကျောကံဇာတာတက်လှဟန်ရှိသည်’ ဟုပြောကြသည်။
ရန်ဖြစ်သူတဦးကမိမိမှာ နန်းတော်တွင်း မဝင်ရသဖြင့် အိမ်မှာငိုနေမိပါသည် ။ရွှေမျက်နှာ တော်ဖူးပါရစေဟုအသနားခံသည်။ ရွှေနန်း ရှင်ကခေါ်တွေ့ပြီး နောက်တခါရန်ဖြစ်ဦးမည် လောဟုမေးသောအခါ ‘ဘယ်သူပင်ဆဲဆဲ၊ဘယ် သူပင်ထိုးထိုးသတ်သတ် ကျွန်တော်မျိုးခံ၍သာနေပါမည်။ နောင်တခါရန်မဖြစ်ဝံ့ပါ’ဟု လျှောက်သည်ဟုအသေးစိတ်ရေးသည်။
မြန်မာနိုင်ငံတဝက်ကိုသိမ်းထားသောအင်္ဂလိပ်တို့၏ ပျော့ကွက်ကို မြန်မာသတင်းစာကသရော်စာနှင့်  ရေးသားဖော်ပြသည်မှာ သတင်းစာတို့တည်ဦးစကပင်နယ်ချဲ့ဆန့်ကျင်ရေးစတင်လုပ်ဆောင်ကြသည်ဟု ဆိုရပေမည်။

 

မှတ်ချက်။  ။ ၂၀၀၈ ဇန်နဝါရီလထုတ် မန္တလေးဂေဇက်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။ တဆင့်ကူးယူ ဖေါ်ပြလိုသူများ ခရက်ဒစ်အပြည်အဝပေး၍ ဖေါ်ပြရပါမည်။ ဆရာကြီးကြေးမုံဦးသောင်း၏ နောက်ဆုံးစာများဖြစ်ပါကြောင်း..။

11 comments

  • kai

    June 18, 2012 at 3:42 pm

    ဆရာလူထုုစိန်ဝင်း ဆုံးတယ်ကြားတော့..
    … ဆရာ.. မန္တလေးဂေဇက်မှာ စာမရေးသွားဖြစ်ပါလား.. စိတ်ဖြစ်မိပါတယ်..

    တကယ်တော့…
    ပုံနှိပ်ထုတ်ဝေသက်တမ်း.. ၆နှစ်ရှိလာပြီဖြစ်တဲ့.. မန္တလေးဂေဇက်မှာ.. ဆရာကြေးမုံဦးသောင်းရော.. ဆရာဦးတင်မိုးရော..( မဆုံးခင်)ရေးသွားဖြစ်ခဲ့ကြတာပါ..။
    ယူအက်စ်မှာ.. ပုံနှိပ်ထုတ်ဝေတဲ့… သတင်းစာဆိုတော့.. သူတို့နောက်ဆုံးလက်ရာတွေက.. ဆိုင်ရာ.. စာကြည့်တိုက်တွေမှာ.. မော်ကွန်းကျန်ရစ်ခဲ့တာပေါ့..

    အဲဒါနဲ့.. စိတ်ကူးပေါက်ပြီး..
    ဆရာကြေးမုံဦးသောင်းလက်ရာ.. အမှတ်တရ..ပြန်ရှာပြီး.. ပြန်တင်လိုက်တာဖြစ်ကြောင်းပါနော..
    ဖတ်ကြည့်ကြပါလို့..။

  • Davit

    June 18, 2012 at 5:34 pm

    ခုမှဖက်လိုက်ရလို့ ကျေးဇူးပါ။
    ဒါနဲ့စကားမစပ် ပြည့်လေရော့ 199 ကနေ 200……….. 😉

  • MaMa

    June 18, 2012 at 5:47 pm

    ဆရာကြီးကြေးမုံဦးသောင်းရဲ့ စာကို အမှတ်တရ ပြန်ရှာပြီး တင်ပေးလို့ သဂျီးကို ကျေးဇူးတင်မိတယ်။

    (ဆရာလူထုုစိန်ဝင်း ဆုံးတယ်ကြားတော့..
    … ဆရာ.. မန္တလေးဂေဇက်မှာ စာမရေးသွားဖြစ်ပါလား.. စိတ်ဖြစ်မိပါတယ်..)

    အဲဒီလို စိတ်မကောင်းမဖြစ်ရလေအောင် လက်စမ်းစာပေတွေကို ခုကတည်းက စုဆောင်းသိမ်းဆည်းထားလိုက်ပါ။ 😉

  • စိန်ဗိုက်ဗိုက်

    June 18, 2012 at 6:18 pm

    အဲဒီအဘကြီးခုရှိသေးရင်
    ခုခေတ် သတင်းစာတွေကို ဘယ်လိုမြင်ပါသလဲ မေးချင်တယ်ဗျာ…

  • မောင်ပေ

    June 18, 2012 at 8:02 pm

    သဂျီး ကျုပ်ကတော့ ပိန်းတိန်းတိန်းဘဲ ။
    ကြေးမုံဦးသောင်းရဲ ့စာဆိုလို ့“ဘီလူးတို ့ရွာ ” နဲ ့ “ ဗမာခေတ်မှကြေးမုံသို ့” ဆိုတဲ့ နှစ်အုပ် ထဲ ဖတ်ဖူးတာ ။
    အဲဒီနှစ်အုပ်ထဲဖတ်ဖူးတာနဲ ့တင် ကြေးမုံဦးသောင်းရဲ ့စာအရေးအသား နဲ ့တွေးခေါ်ပုံ ၊ သူလုပ်ခဲ့ပုံလေးတွေ ကို အရမ်းသဘောကျ လေးစားမိတယ်ဗျာ ။
    ကြေးမုံဦးသောင်း က အမေရိကန်မှာ ဆုံးတာလားဗျို ့။

    • kai

      June 18, 2012 at 10:56 pm

      အမေရိကန်ဆိုတာ.. နေရာဒေသအမည်မဟုတ်ပါဘူး..။ ယူအက်စ်မှာနေတဲ့.. နို်င်ငံသားများကိုခေါ်တာဖြစ်ပါတယ်နော..

      Americans
      en.wikipedia.org/wiki/Americans
      Americans, or American people, are the citizens of the United States of America. The country is home to people of different national origins.

      ဆိုတော့..
      ဟုတ်ပါတယ်..။ ဆရာကြေးမုံဦးသောင်း.. အမေရိကမှာ အမေရိကန်အနေနဲ့ဆုံးတာပါ..။ သူ့စာတွေက.. အဲဒီတုံးက..မြန်မာစာပေစိစစ်ရေးရုံးက.. ပိတ်ထားတယ်လေ..
      သူထောင်သွားတဲ့..သူ့သတင်းစာ ကြေးမုံကိုတော့.. အခုအစိုးရရော..ရှေ့အဆက်ဆက်အစိုးရဆိုသူတွေကရော.. ဝါဒဖြန့်သတင်းစာအဖြင့် ယူသုံးခဲ့ကြတယ်..။ ယူသုံးနေဆဲပဲ..။

  • အရီး Khin Latt

    June 18, 2012 at 8:54 pm

    ဘယ်လောက်ညံ့ သလဲ ဆိုတော့ အဲဒီလို မြန်မာ့သတင်းစာသမိုင်း တွေကို မဖတ်ဖူးခဲ့ဘူး။

    တောက်(စ်) (မူရင်း – ဂဂ)
    မီဒီယာတွေ အချွန်ကောင်း တာ အခု မှ မဟုတ်ဘဲကိုး။
    အဲဒီတုန်းက လဲ ” ကော”(ကောလဟာလ) တွေ ရှိမရှိ သိချင်သား။ 🙄 😉

    ပြန်လည်ဖော်ထုတ် ပေးလို့ ကျေးဇူးပါ သူကြီး ရယ်။

  • ကိုခိုင်ရေ
    ဆရာလူထုစိန်ဝင်းစာတွေကိုပုံမနှိပ်လိုက်ရလို့ ဝမ်းနည်းတယ်ဆိုရင်
    ဆရာဦးအောင်သင်းရဲ့ စာတွေကို ပုံနှိပ်ဘို့အချိန်မီသေးတယ်။
    ဆရာဦးအောင်သင်းရဲ့လူငယ်တွေအပေါ်မှာထားတဲ့သဘောထားတွေကို ပျံ့နှံ့စေချင်ပါတယ်။
    ဆရာလူထုစိန်ဝင်းစာတွေကိုလဲ ပုံနှိပ်ပေးရင်လဲ ရပါသေးတယ်။
    ခေတ်မှီတဲ့စာတွေ လိုက်နာစရာစာတွေမို့ပါ။
    အကောင်အထည်ဖော်စေချင်ပါတယ်.သူကြီးရေ

  • blackchaw

    June 19, 2012 at 12:10 am

    အခု ကျွန်တော်တို့အိမ်မှာ နေ့စဉ်ယူတဲ့ သတင်းစာက
    ကြေးမုံသတင်းစာပါ။
    အဲဒီ ကြေးမုံ သတင်းစာကို တည်ထောင်ခဲ့သူကြီး နဲ့
    မိတ်ဆက်ပေးတာ ကျေးဇူးပါ သူကြီးရေ။
    မှတ်မှတ်ရရ ဆရာလူထုစိန်ဝင်း ရေးတဲ့စာကို
    ချိုပေါ့ကျ ၁၁ မှာ ကျွန်တော် ကိုးကားခဲ့ဘူးပါတယ်။

    စာနယ်ဇင်းသမားဆိုတာ နှောင်ကြိုးမဲ့ နိုင်ငံရေးသမား
    ဘယ်နိုင်ငံရေးပါတီ ဘယ်အစိုးရအဖွဲ့အစည်းရဲ့ အသုံးချခံ လက်ကိုင်တုတ် အဖြစ်မခံရပါဘူး

    အခု ဆရာလူထုစိန်ဝင်းဆုံးပြီဆိုတာသိရလို့ နှမြောတသ ဝမ်းနည်းမိတယ် ဆိုတာလေး ပြောပါရစေဗျာ။

  • maungmoenyo

    June 19, 2012 at 8:52 am

    ရန်ကုန်ကမခွာခင် ကုန်သည်လမ်းမှာ အင်္ဂလိပ်စကားပြောသင်တန်းဖွင့်ထားတဲ့ ဆရာ့ကိုသွားတွေ့လိုက်ပါအုံးကွာဆိုတဲ့ အဖေ့စကားကြောင့် သွားတွေ့စကားပြောဖြစ်လိုက်ပါသေးတယ်။ လူငယ်တွေရဲ့မျက်စေ့ကိုဖွင့်ပေးပြီး ကမ္ဘာနဲ့ရင်ဘောင်တန်းစေချင်တဲ့ စေတနာဒလဟောစိတ်ဓါတ်ကိုချီးမွန်းမိပါတယ်။ မြန်မာနိုင်ငံစစ်တွင်းက နိုင်ငံတကာစာအုပ်စုဆောင်းရာမှာဝါသနာထုံတဲ့ အဖေ့အကြောင်း ပြောရင်းက သူလမ်းညွှန်လို့ စာပေဗိမ္မာန် မျက်နှာချင်းဆိုင်လမ်းကြားထဲက ကုန်လှောင်ရုံလိုအခန်းထဲက တောင်ပုံရာပုံ တွေ့ရတဲ့ စာအုပ်စုဆောင်းသူ (အမည်မမှတ်မိတော့) ဆီရောက်သွားပါသေးတယ်။ ကမ္ဘာ့စာပေလောကမှာတောင်ဂန္ဓဝင်မြောက်မဲ့ စာအုပ်ကျမ်းကြီးတွေ မယုံနိုင်ဘွယ်တွေ့ခဲ့ရပါတယ်။ ခုချိန်အဲ့ဒီစာအုပ်တောင်ပုံရာပုံတွေဘယ်ရောက်နေပါလိမ့်။

Leave a Reply