အထုပ္ပတ္တိမဲ့ကြသူများ

htet wayJune 20, 20121min42120

မိုးက တဝေါဝေါရွာ ချနေတယ် ။ ပင်လယ်ကြီး သွန်ချ လိုက်သလို လမ်းမတွေပေါ်မှာ တဝေါဝေါ နဲ့ တောင်ကျချောင်း ရေစီးသလို အနိမ့်ပိုင်းကို စီးလို့ ရေ က ဒူးဆစ်ကျော်လောက်ရှိလို့ ကျွန်တော် ပုဆိုးတိုတိုလေး ဝတ်ထားပြီး လမ်းကို ခဲခဲယဉ်းယဉ်းလျှောက်နေရတယ် အရေးထဲ မီးက ပျက်လို့ ပါလာတဲ့ ဓါတ်မီးကို အားကိုးလိုက်ရတယ် ။အချိန်က ည ဆယ်နာရီကို မိနစ်ပဲ စွန်းသေးတယ်။ လမ်းမတွေပေါ်မှာ လူပြတ်နေတယ် တစ်ချက်တစ်ချက် ဝင်းကနဲ လျှပ်စီး လက်တယ်။
ကျွန်တော်က ညနေကတည်းက အပြင်ရောက်နေတာပါ ။ လူနာ အိမ်မှာ ဆေးကုသပေးရင်း တိုင်းရင်းဆေး ပညာနဲ့ အကြောပြင် အတတ်ပညာအကြောင်း စကားကောင်းနေတာပါ။ ညနေကတည်းက မိုးက ညှို့နေတာကို သိရက်နဲ့ လို့ ကိုယ်ဘာသာ အပြစ်တင်ရင်း လမ်းဆက်လျှောက်လာတယ် ။ ကျွန်တော် ဖြတ်သန်းရတဲ့ နေရာက မြို့ကလေးရဲ့ သချင်္ ိုင်းကို သွားရာ လမ်းကို ဖြတ်ပြန်ရတယ်။သချင်္ ိုင်းဘေးကတော့ မဟုတ်ပါဘူး ။ဆေးရုံကို သွားချင်ရင်လည်း ဒီလမ်းနားကဆက်လျှောက်ရင်ရောက်ပါတယ်။
ကျွန်တော်ဇြတ်သွားရင် လျှပ်စီး ဝင်းကနဲ လက်လိုက်တဲ့ အခါ ကယိမ်းကယိုင်နဲ့ လူနှစ်ယောက် ဖျာလိပ်တစ်ခုကို ထမ်းလို့ ခြေလှမ်းတွေက ယိုင်နွဲ့နေတယ် အရက် မူးနေကြတယ် ထင်ပါတယ်။ သူတို့ ထမ်းလာတာ က ဖျာလိပ်နဲ့ ပတ်ထားတဲ့ လူသေအလောင်းကောင်ကြီးတစ်ခုပါ။အဖေါ်တစ်ယောက်ကလည်း ဓါတ်မီးလေးနဲ့ ဘေးကပါလာ
တယ် ပထမတော့ သ င်္ချို င်းဘက်ကို သွားမယ် ထင်တာပါ ။ လမ်းချိုးမှာ မချိုးဘဲ ဆက်လျှောက်တော့ ဆေးရုံ သွား မယ် ထင်ပါတယ်
အဖေါ်ပါလာသူကို မေးကြည့်တော့ ရန်ဖြစ်လို့ ဓါးခုတ်မှု ဖြစ်တာပါ အခု ရင်ခွဲရုံ ပို့မလို့..တဲ့ ။
ကျွန်တော် အာရုံထဲ ဒေါသတစ်ခုကြောင့် ဖြစ်တည်ခဲ့ရတဲ့ အမှားကိုတွေးမိပါတယ်။နောက်သေကြေ တဲ့ အထိဖြစ်ရတဲ့ အဖြစ်ကိုတွေးရင်း လိုက်ပါသူမရှိ ဆွေမျိုးမရှိ
ဒီလူဟာ အရက်ကို အဖေါ်ပြု ကောင်းမူတွေကို မေ့နေတဲ့ သူလား ။ကိုယ့်အကျိုး သူ့အကျိုး အတ္တဟိတ ပရဟိတ တွေနဲ့ လွတ်မြှောက်နေသူလား တွေးမိပြန်ပါတယ်။
သေသွားတဲ့ သူ့မှာ ကလေးတွေရှိလား ဇနီးရှိလား ဘာကြောင့်ဒေါသနဲ့ ဓါးနဲ့ ဖြေရှင်းရတာလည်း အရက်ဆိုင်မှာ ဖြစ်ကြတယ် ဆိုတော့ ….။
ကျွန်တော်တို့ ဝန်းကျင်မှာ လေးနက်သူတွေ ပညာကြီးသူတွေ လူသားကောင်းကျိုးဆောင်ရွက်သူတွေ ပဲနည်းနေပြီလားကျွန်တော် ဆင့်ပွားတွေးမိပြန်ပါတယ်။
ကျွန်တော် မိတ်ဆွေတွေထဲမှာ ဒေါသကြီးသူတွေတွေ့ရှိပါတယ်။ လူတိုင်းဟာ စိတ်ကို ထိန်းကွပ်လို့ မလွယ်ကူလှပါဘူး သို့သော် ဗလအားကိုး သိုင်းပညာ အားကိုးနဲ့
ဆိုးချင်တယ် မိုက်ချင်တယ် သတ္တိကို တလွဲသုံးချင်ကြပါတယ်။ဒီမှာကျွန်တော် တွေ့ဖူးတဲ့ လှဝင်းစိန် အကြောင်း ဖျတ်ကနဲ သတိရမိပါတယ်။
လှဝင်းစိန်ဟာ သရက်ကုန်းရွာမှာနေပါတယ်။ သူက နာမည်နဲ့ လိုက်အောင် ရုပ်ကလည်းဖြောင့်တယ် ။
အရက် သောက် ဖဲရိုက်နဲ့ ဘဝကို ပျော်ပိုက်တဲ့ လူတစ်ယောက် မကြာခဏရန်ဖြစ် အနိုင်ကျင့်တတ်တဲ့ လူမိုက်တစ်ယောက်ပါ။ ထူးခြားတာက ဟိုးတုန်းက ဒုတ်ပီးဓါးပီးအဆောင်လက်ဖွဲ့ တစ်ခုရှိတယ်လို့ ပြောကြတယ် ။ရွာသားတွေဆိုတော့ ရှေ့ရိုး အစွဲတွေ ယုံကြတာလည်းပါတော့
သူ့နားကို သိပ်မကပ်ရဲကြသလို ကြောက်ကြပါတယ်။ ဒါကိုပဲ လှဝင်းစိန်က အခွင့်အရေးယူ ပြီး ကြောက်ပါတယ် ဆိုတဲ့ လူတွေကြားမှာ လူစွမ်းကောင်လုပ် ပြနေတယ်။ ဒါကြောင့်လည်း မကြာခဏ အချုပ်ထဲရောက်ပါတယ်။ တခါထောင်ကျသွားတယ် ရိုက်မူနဲ့ ဆိုတော့ မကြာဘူးပြန်လွတ်လာတယ်။
လှဝင်းစိန်မှာ လူရွံ ့လောက်အောင်မိုက်ရိုင်းတာကမိန်းမထည်လဲယူတယ် နောက်တော့ ကိုယ်ဘာသာကိုယ်ရှာစား ဘာတာဝန်မှ မယူဘူး ခက်တာက မိန်းမတွေကလည်းယူကြတယ် ပေါင်းကြတယ်။ ပထမတော့ သူ့အပြောချိုတာရယ် ဟန်ဆောင်ကောင်းတာရယ်ကြောင့်လို့ဗတာ့ ကျွန်တော် ထင်တယ်။သူ့အကြောင်းမသိတဲ့
့တခြားတပါးကကောင်မလေးတွေကို ယူတာပါ။နိပ်စက်တာတွေလည်းကြားရပါတယ် တခါက သူ့မိန်းမကို ရိုက်ထားတာ သတိလစ်တဲ့ ထိပဲ ။ဒီလိုမျိုး ခံရတဲ့ အခါ ဘယ်သူမှ ဝင်မပြောရဲဘူး ကာယကံရှင်ကလည်း မတိုင်ရဲဘူး သူ့ကို အဲ့ဒီ ထိကြောက်ကြတာပါ။
လှဝင်းစိန် ဒီလို ဆိုးသွမ်းနေတဲ့ အချိန်မှာ သူ့အမေရဲ့ နွားကို အတင်းအကြပ်ယူရောင်းပြီး အမေကိုပါးရိုက်လိုက်တာ သူ့မိခင် ရှေ့သွားနှစ်ချောင်းကျွတ်သွားပါတယ်
နွားက နှစ်ကောင်ရှိတာ တစ်ကောင်ရောင်းမယ်လုပ်တော့ သူ့အမေက မလုပ်ဖို့ တားတာပါ ငိုကြီးချက်မတောင်းပန်တာကို လှဝင်းစိန်က ဒီအဖွားကြီး စကားများတယ်ဆိုပြီး ပါးရိုက်လိုက်တာ အမေအိုကြီး သွားနှစ်ချောင်းကျွတ်ခဲ့ရတာပါ။ ဒီကိစ္စက တရွာလုံး ဟိုးလေးတကြော်ကြော် ဇြစ်ခဲ့တယ်။လူတွေက လှဝင်းစိန်ကိုရွံ့ကြတယ် ။
နောက်တော့ လှဝင်းစိန် အကြောင်း သိပ်မကြားမိတော့ ဘူး ထောင်ကျသွားတယ် လို့တော့ ကြားမိပါတယ်။သရက်ကုန်းရွာလည်း လူမိုက်မရှိတော့
တော်တော်လေး ပျော်နေကြတယ် နဂိုက ညဆိုလည်းလှဝင်းစိန်ရန်ကြောက်ရ နေ့လည်း လှဝင်းစိန်နဲ့ တိုးမလား ဆိုပြီး မလွတ်လပ်ကြပါဘူး။ တကယ်လို့ လှဝင်းစိန်နဲ့တွေ့
ရင် အနည်းဆုံး အရက်ဖိုးပေးကြရတယ်။ အခန့်မသင့်ရင်ပါးရိုက်ခံရတယ်။ ဒီထက်ဆိုးတာက ပိုက်ဆံပါသလောက်ချေးကွာ ဆိုပြီး ယူတတ်တယ်။ဒါကြောင့်ရွာသားတွေကလည်း
ရှောင်ကြတယ်၊ကြောက်ကြတယ်။
တစ်နေ့တော့ ကျွန်တော် ခြေတောက်ကျိုးတဲ့ သူတစ်ဦးကို ကုဖို့ သရက်ကုန်းရွာကိုရောက်ခဲ့ပါတယ်။ ကျွန်တော်ရောက်တဲ့ ညနေကတည်းက ကျွန်တာ် တည်းတဲ့ လူနာရှင် အိမိဘေးက ဖိုးထွေးဆိုတဲ့ လူက အိမ်မှာမအိပ်ရဲဘူး ဆိုပြီး အထုပ်တစ်ထုပ်နဲ့ ထွက်သွားတာကိုတွေ့တော့ ဘာဖြစ်လို့လည်း လို့ကျွန်တော်မေးမိပါတယ်။ ကျွန်တော်ကိုလာခေါ်တဲ့ လူနာရှင်က လှဝင်းစိန်ပြန်လာပြီ ယနေ့ည ဖိုးထွေးကိုသတ်မယ်လို့ စာပို့လိုက်တယ်
တခါက သူခိုးယူလာတဲ့ အမျိုးသမီးကို ဖိုးထွေးက နိပ်စက်ခံရတာကြည့်ပြီး သနားလို့ အမြင်မှန်ရနေတဲ့ ကောင်မလေးကို
မိဘရပ်ထံပြန်ပို့ပေး ခဲ့ဖူးပါတယ်။ဒါကို ထောင်ကျနေလို့ သူဘာမှ မလုပ်လိုက်ရဘူး အခု ဖိုးထွေးကို သတ်မယ် ဆိုပြီး စာပို့လိုက်တယ်လို့ ပြောတာပါ။
အိမ်ရှင်ကလည်း မျက်စိမျက်နှာ ပျက်နေပါတယ်။ ဆရာရယ် ခက်တာပဲ တဲ့ .. ကျွန်တော်က ပြန်အားပေးနေရပါတယ်။တရွာလုံး မိုးမချုပ်ခင်ကတည်းက တိတ်နေတာပဲ
လှဝင်းစိန်ကို တော်တော်ကြောက်ကြပါတယ်။တဖက်ရွာ အရက်ဆိုင်မှာ ဓါးကြီးကိုင် လို့ေ တွ့တဲ့ လူက တွေ့တယ်ပြောပါတယ်။ကျျွန်တော်က ရဲကို အကြောင်းကြားဖို့
ပြောမိတယ် ဘယ်သူမှ အကြောင်းမကြားရဲကြဘူး ဒီသတင်းပြန်ကြားရင် မလွယ်ဘူးလို့ ပဲ ရွာသားတွေကပြောကြတယ်။
မိုးချုပ်ခါစမှာတော့ တဖက်ရွာ အရက်ဆိုင်မှာ လူမိုက်ကြီး လှဝင်းစိန်ကို အရက် ဆိုင် က ညီအကို သုံးရောက် ဝိုင်းရိုက်သတ်လိုက်တယ် ဆိုတဲ့ သတင်းကြားရပါတယ်
ဖြစ်ပုံက အရက် ဆိုင် မှာ အရက်သောက်ပြီး ဓါး တစ်ချောင်းကိုင်ထားတဲ့ လှဝင်းစိန်ကို မင်းကလည်း ဓါး ချထားစမ်းပါလို့ အရက်ဆိုင်ပိုင်ရှင်ကပြောတော့ မင်း အကြောင်း ဘာပါလဲ ဆိုပြီး ဓါးနဲ့ ထိုးလိုက်တာ ဆိုင်ရှင် ဗိုက်ပွငိ့သွားတယ် ဒီလို ဓါးနဲ့ ထိုးလိုက်တာကို မြင်တဲ့ မြေပေါက်နေတေဲ့ ဆိုင်ရှင်ရဲ့ ညီနှစ်ယောက်က ပေါက်တူးနဲ့ ဝိုင်းရိုက်လိုက်တာ လှဝင်းစိန်သေပါလေရော။
ဒီသတင်းကို တဖက်ရွာက စက်ဘီးနဲ့ လာပြောတာပါ။ ဒီမှာတင်ပဲ တရွာလုံး ပဒူအုံ ကို တုန်နဲ့ ထိုးလိုက်သလို အလျှို လျှိုထွက်လာကြပြီး“ ဟေး”ကနဲအော်လိုက်ကြတယ်။
လူမိုက်တစ်ယောက် သေတာကို အားရဝမ်းသာဖြစ်နေကြပါတယ်။မကြာခင်မှာပဲ ရဲတွေနဲ့ မှုခင်းဆရာဝန်ရောက်လာတယ် ဗိုက်ပွင့်တဲ့ လူလည်းဆေးရုံပို့ပေါ့ ဖမ်းစရာရှိတာဖမ်း အလောင်းကို မြစ်ကမ်းဘေး ခဏချထားတော့ ကျွန်တော် သွား ကြည့်လိုက်ပါတယ်။ မှုခင်းဆရာဝန်လေးက ကျွန်တော်နဲ့ ကျောင်းနေဘက် သူငယ်ချင်းပါ။ အရက်ဆိုင်က ညီကိုတွေ လှဝင်းစိန်ကို ကြောက်ကြောက်လန့်လန့်နဲ့ ဝိုင်းရိုက်လိုက်ကြတာ လှဝင်းစိနန် ပါးစပ်ထဲက သွားတွေ အကုန်ကျိုးနေပါတယ် ပါးစပ်ကြီးက ပွင့်လို့ ။
ကျွန်တော် နားထဲ နွားမရောင်းဖို့ အမေအိုကြီးက တောင်းပန်တာ ဒီအဖွားကြီး စကားများတယ်ဆိုပြီး ပါးရိုက်လိုက်တာ သွားနှစ်ချောင်းကျိုးတယ် ဆိုတာကို ကြားယောင်နေမိပါတယ်။ အတုံအလှဲ့ ဆိုတဲ့ သဘောကို ပြသလိုက်တဲ့ အမှန်တရားတခုပါပဲ။ကျွန်တော် လိုပဲ သေနေတဲ့ လှဝင်းစိန်အလောင်းကို လာကြည့်ကြတာ တရွာလုံးပါ သူတို့ပျော်ကြပုံ ကျေနပ်နေကြပုံရပါတယ် ။ သူတို့ရွာကို ဒုက္ခအမျိုးမျိုး ပေးတဲ့ လှဝင်းစိန်ကို သူတို့ မတွန်းလှန်ခဲ့ကြဘူး။
အခုတော့ တွန်းလှန်နိုင်တဲ့ သူက သတ်လိုက်ပြီ ဆိုပြီး ကျေနပ်နေကြပုံ ရတယ်လို့ ကျွန်တော် က ထင်မိပါတယ်။ လူတွေက တဖြည်းဖြည်း ပြန်သွားကြပါပြီ
ဒီအချိန်မှာပဲေ တာင်းမွေးလေး တစ်ချောင်းနဲ့ အဖွားအိုတစ်ယောက် ဖြေးဖြေးတုန်တုန်နဲ့ လာနေတာတွေ့ရပါတယ်။
ပြီးတော့ အနားကပ်ပြီးကြည့်တယ် လှဝင်းစိန်ရဲ့ နဖူးလေးကို ကိုင်ကြည့်တယ်။အဖွားအိုက မျက်ရည်တွေကျနေတေယ်လို့ ထင်မိပါတယ်
“ သားရယ်…. အမေပြောခဲ့တာ ဝဋ်လိုက်မယ်ဆိုတာ.
ကျွန်တော်ရင်ထဲ အဖွားအိုကိုကြည့်ပြီး နာကျင်မိပါတော့တယ် ။ဒါ လှဝင်းစိန်အမေ သားက ပါးရိုက်လို့ သွားနှစ်ချောင်းကျွတ်အောင်ရိုက်ခံရတဲ့ အမေ.
အော် သားကိုး..ဝမ်းနှင့်လွယ်မွေးခဲ့ရတာကိုး
ကျွန်တော်ပြန်လာတော့ မှောင်နေပြီ ။ ပိန်းပိတ်အောင်မှောင်နေပြီ ။ ကျွန်တော် အမှောင်ထဲ လမ်းလျှောက်နသလို တခါက လှဝင်းစိန် အဝိဇ္ဇာဆိုတဲ့ အမှောင်ထဲကို
ကာလကြာကြာ သူလျှောက်ခဲ့ပြီး အခုတော့ အကျိုးမဲ့ သော လူ့ဘဝကို အပြီး သတ်သွားလေပြီ။
အထုပ္ပတ္တိမဲ့ ကောင်းကျိုးမဲ့ လောက ကို အလှမဆင်ဘဲ အရုပ်ဆိုးစေတဲ့ လှဝင်းစိန်လို လူမိုက်တွေ ဘယ်လောက်ရှိခဲ့လေမလဲ ။ အခု ဖျာလိပ်ပတ်ပြီး ဆေးရုံကရင်ခွဲရုံ
ပို့ ခံရမယ့် သူရော မောင်ဖြူလားမောင်မဲလား ဘယ်ရွာသားလည်း ဘာအသက်မွေးလဲ မိသားစုရှိလား ကျွန်တော် မသိပါဘူး သေချာတာ တစ်ခုကတော့ အထုပ္ပတ္တိမဲ့
နေသူ လောကကောင်းကျိုးမပြုသူ လူမိုက်တစ်ယောက်ပါပဲ လို့ တွေးရင်း မိုးရေ ထဲ ကျွန်တော် ပြန်လာခဲ့ပါတော့တယ်။ ။

20 comments

  • အလင်းဆက်

    June 20, 2012 at 12:13 pm

    တကယ့်ဖြစ်ရပ်ကလေး လား..၊ ဝတ္ထုတိုလေး တစ်ပုဒ်ပဲ..လား..

    ဖတ်ရတာတော့ …………ရသ မြောက်လိုက်တာဗျာ။

  • htet way

    June 20, 2012 at 12:17 pm

    တကယ်ဖြစ်ရပ်လေးပါဆရာ ကျွန်တော် ဆေးကုသရင်းရောက်ခဲ့တဲ့
    သရက်ကုန်းကျေးရွာလေးကပါ ၁၉၉၅ ခုနှစ်လောက်ကပါ
    ကျွန်တော် ရဲ့ ကိုယ်တွေ့ မှုခင်းတပုဒ်ပါဆရာ
    အဖြစ်အပျက်အတိုင်းရေးထားတာပါ။အိမ်မဲမြို့နယ် သရက်ကုန်းကျေးရွာက တောကြီးစောင်း
    ရွာလေးက အဖြစ်အပျက်ပါ။ကြာတော့ ကြာခဲ့ပါပြီဗျာ

  • မောင်ပေ

    June 20, 2012 at 12:46 pm

    ဝဋ်ဆိုတာ ဘဝမကူးဘူးဆိုတာ တစ်ကယ်မှန်တာပေါ့နော်..
    အထူးသဖြင့် မွေးကျေးဇူးရှင်ကို စော်ကားတာ ပိုဆိုးတာပေါ့ ။
    ဖတ်ရှုအားပေးသွားပါတယ် ဆရာထက် ။

  • mamanoyar

    June 20, 2012 at 1:13 pm

    ကြောက်စရာကောင်းလိုက်တာ
    ဒီလိုလူမိုက်ကြီး သေသွားတာ
    ကောင်းတာပေါ့

  • PaLote Tote

    June 20, 2012 at 1:55 pm

    ဝဋ်မှာအမြဲ ငရဲမှာအပတဲ့ ။ အမှန်ပဲနော် ။ မိန်းကလေးတွေနဲ့ လူတွေကို ရိုက်နှက် နှိပ်စက်လို့ သူလည်း သူများအရိုက်ခံပြီးသေရတယ်။သူသေတော့လူတွေပျော်ကြတယ် ။ အမေကို စော်ကားလို့ သူလည်း သွားကျိုးတယ် ။ နောင်ဘဝသာရှိတယ်ဆို ရင်သူလုပ်ခဲ့တဲ့ မိုက်မဲမှုတွေအတွက် ဆက်ပြီး ဝဋ်ခံနေရအုံးမှာ ။

  • htet way

    June 20, 2012 at 3:00 pm

    ဆရာမောင်ပေနဲ့ ဆရာမ၊မမနိုရာ ဆရာမ PaLote Tote ခင်ဗျား
    ကျွန်တော် ရဲ့ ကိုယ်တွေ့လေးပါ ခင်ဗျား
    ခုလို အားပေးတာကျေးဇူးပါ

  • အရင့်ရောင်

    June 20, 2012 at 3:41 pm

    ဝဋ်မှာ အမြဲ ငရဲမှာအပ………ဆိုသည်ကြောင့်လည်း
    သံသရာဝဋ်ဆိုရင် ပိုပီးကြောက်စရာကောင်းပါတယ်ဗျာ…….
    အရင့်ရောင်တို့ တောအရပ်တွေမှာလည်း တွေ့ကြုံနေရပါ၏
    မိုက်ပြစ်တွေကို ပေးဆပ်ရမှာပဲလေ………..
    အားပေးဖတ်ရှုတွား၍ နဲနဲလေး ပွါးတွားပါ၏
    အာဟိအာဟိ

  • mocho

    June 20, 2012 at 3:43 pm

    ဆရာရေ
    ဖတ်ရင်းနဲ့ အောက်ဆုံး ပိုဒ် ရောက်တော့ အမေ တယောက်ရဲ့ ခံစားချက် ကို မြင် ယောင် ပြီး မျက်ရည် တောင် တယ်။
    ကျေးလက်တောရွာ တွေ မှာ အဲလို ရွာ အော့ ကြော လန် လူမိုက် တွေ ရှိ တတ်ကြတယ်။ တချို့ ကလည်း အချိန် တန်ရင် အကျွတ် တရား ရ သွား ကြ တယ်။ အဲဒီလို မှ မဟုတ် ရင် တော့ လှဝင်းစိန် လို အဆုံး သတ် သွားကြတာပဲ။ ကျမ တို့ ငယ် တုန်းက ဆို အဖေ တာဝန် ကျ တဲ့ တိုက် နယ် ဆေးရုံကို ဒါဏ်ရာတွေနဲ့ ရောက် လာတဲ့ ရွာ တွေ ကလူမိုက် တွေ ကို ဆေး ကု ပေးရ တာ တွေ ၊ အလောင်း အဖြစ် ရောက်လာလို့ စစ်ဆေး ပေးရတာ တွေ ကြုံ ဖူးပါတယ်။

  • may flowers

    June 20, 2012 at 4:02 pm

    အဲဒီလှဝင်းစိန်လဲ ခုလောက်ဆိုငရဲမှာ ဘယ်လောက်တောင်နောင်တရနေလိုက်မလဲလို့………..မိဘကို

    စော်ကားတဲ့ လှဝင်းစိန်လိုသားမျိုးတွေတော်တော်များများတွေ့ဖူးပါတယ်……….ကျွန်မကတော့သူတို့အ

    တွက် ကြိုသနားနေမိတယ်………..နောင်သံသရာအတွက်ပါ.။

  • pooch

    June 20, 2012 at 5:35 pm

    ကျမကတော့ အဲ့ဒီလှဝင်းစိန်ဆိုတဲ့ လူကို အဟောင်းစားပြီး မျိုးစေ့ ချဖို့ မေ့လျော့သွားတဲ့သူလို့ ပြောချင်တယ်။
    ကံအားကြီးလို့ လူဖြစ်လာရတယ် ။ ဖြစ်လာရတဲ့ခဏမှာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသမျှသူတွေ အကုန်လုံးကို စိတ်ဒုက္ခပေးသွားတယ်။ ရှည်လျားလှတဲ့ သံသရာထဲ ဘယ်လောက်တောင် ဆက်မျောနေမလဲပဲ တွေးမိတယ်။

  • ဦးဦးပါလေရာ

    June 20, 2012 at 5:46 pm

    လူမိုက် ဆိုတာ
    အဲဒီနေရာ အဲဒီရာထူးရနေတုန်းတော့ တော်တော်အရသာရှိပုံရပါတယ်။

    ခက်တာက အဲဒါက သိပ်မကြာတတ်ဘူး…။

    ကျုပ်ငယ်စဉ်က ကျုပ်ကို အနို်င်ကျင့်/စော်ကား/ရန်မူ တဲ့သူ တချို့ကို
    တနေ့ သတ်ပစ်ရမယ့်လူတွေအဖြစ် စာရင်းလုပ်ထားဘူးတယ်။
    အဲဒါ တကယ်တော့ဘယ်ဖြစ်နိုင်ပါ့မလဲ…
    ကျောင်းတက်လိုက်၊ ရည်းစားထားလိုက်၊ မိန်းမယူလိုက်၊ ကလေးမွေးလိုက်နဲ့
    (သူများသတ်ဖို့ထားလို့) ကို်ယ့်ဟာကိုယ် လုံးလည်လိုက်နေတာ…

    တော်တော်အသက်ကြီးမှ အဲဒီလူတချို့ကိုပြန်တွေ့တော့…
    သူတို့က လူမိုက်လဲမဟုတ်တော့ဘူး၊ ဘာမှလဲမဟုတ်တော့ဘူး
    သူတို့ကို ဘယ်သူမှအလုပ်မပေးဘူး၊ ဘယ်သူမှ မကူညီဘူး၊ ဘယ်သူမှမသနားဘူး
    လမ်းဘေးမှာငတ်နေပြီး သေလဲမသေနိုင်ဘူး…။
    အင်း….
    အမုန်းတွေစုမိသွားကြရှာတာ……..

  • mocho

    June 20, 2012 at 6:45 pm

    မကျေရည် တောင် ဝဲ တယ် ရေး တာ ၊ ဝဲ ပြုတ်ကျန် သွားတယ်။

  • htet way

    June 20, 2012 at 7:31 pm

    ညီလေး အရင့်ရောင်
    အကိုလည်း အဲ့ဒီညနေက မအီမလည်ကြီးဖြစ်လို့
    လာမိတာမှားပြီလားပေါ့ကွာ။ခုပြန်တွေးကြည့်တော့လည်း ..အင်း………..။
    ဆရာမ mocho
    မျက်ရည်ဝဲမိတယ်ဆိုလို့ လေးစားမိပါတယ် ကျွန်တော်လည်း အဖွားအိုကိုကြည့်ပြီး
    မျက်ရည် ဝဲခဲ့ရပါတယ်ဗျား။
    ဆရာမmay flowers
    လှဝင်းစိန်လိုလူတွေ ခုထိရှိနေသေးပါတယ် နောက်တော့လည်း ပါးပါးလာမှာပါလို့မျှော်လင့်မိပါတယ်
    ဆရာမpooch
    သံသရာဆိုတာ သူမသိခဲ့ဘူးလေ။ လူတွေကို စိတ်ဆင်းရဲအောင်လုပ်တဲ့ လှဝင်းစိန်သေတာတောင်
    အဖြစ်ဆိုးနဲ့ ဆရာမပြောသလို သံသရာမှာ ဆက်မျောနေမှာပါ။
    ခုလို ခံစား အားပေးတာ ကျေးဇူးတင်ပါတယ် ဆရာ ၊ဆရာမတို့ ခင်ဗျား။

  • htet way

    June 20, 2012 at 7:43 pm

    ဆရာဦးဦးပါလေရာ ခင်ဗျား
    လူမိုက် ဆိုတာ
    အဲဒီနေရာ အဲဒီရာထူးရနေတုန်းတော့ တော်တော်အရသာရှိပုံရပါတယ်။
    ခက်တာက အဲဒါက သိပ်မကြာတတ်ဘူး…။
    ကျွန်တော် ဒီစကားလေးကို သိပ်ကြိုက်မိပါတယ်။လူမိုက်တွေ မကြာဖို့ပါပဲဆရာ။
    သူတို့က လူမိုက်လဲမဟုတ်တော့ဘူး၊ ဘာမှလဲမဟုတ်တော့ဘူး
    သူတို့ကို ဘယ်သူမှအလုပ်မပေးဘူး၊ ဘယ်သူမှ မကူညီဘူး၊ ဘယ်သူမှမသနားဘူး
    လမ်းဘေးမှာငတ်နေပြီး သေလဲမသေနိုင်ဘူး…။
    လူမိုက်တို့ရဲ့ သွားရာလမ်းကို ပြလိုက်တဲ့ ဆရာ့စကားကို မှတ်သားလိုက်မိပါတယ်။
    ကျွန်တော် ဘဝမှာ မိုက်တာဆိုလို့တော့ လူအထင်မကြီးတဲ့ အလုပ်တွေကို ရွေးမိတာပါဆရာ
    ကျွန်တော့်အိမ်သူက ကျွန်တော့သားကို အိပ်ယာဝင်ပုံပြင် ပြောပြတယ် သားရယ်…
    တခါက သူခိုးတစ်ယောက် က စာရေးဆရာအိမ်ကို ဝင်ခိုးတယ် ဒီတော့ သားက ဘာတွေခိုးလည်းမေမေဆိုတော့ …အော်သားရယ် သူခိုးက ခိုးစရာမရှိလို့ သူ့မှာ
    ပါလာတာတဲ့ ပုဆိုးလေးချွတ်ပေးလိုက်ရတယ်တဲ့ ။
    ကျွန်တော် မိုက်တာကိုပြောပါတယ် ။ကျွန်တော်ရွေးချယ်တဲ့လမ်းမှာ အမှားနှစ်ခု။
    သို့သော် ..ကျွန်တော်ကျေနပ်နေပါတယ်။
    ခုလှဝင်းစိန်အကြောင်းလေးက တခါက ကျွန်တော် ဆေးသွားကုတဲ့ ရွာလေးက အဖြစ်ပါဆရာ
    ဖြစ်ရပ်မှန်လေးပါ ။ဒီတုန်းက ကျွန်တော် ဒီအကြောင်း မရေးမိခဲ့ပါဘူး။
    လေးစားပါတယ်ဆရာ
    ဆရာ ကျန်းမာရွှင်လန်းပါစေလို့ မေတ္တာပို့သ လိုက်ပါတယ် ခင်ဗျား။

  • Crystalline

    June 20, 2012 at 8:47 pm

    ဆရာရယ်…အမေအိုကြီးကို သနားလိုက်တာ..မိဘများက သားသမီးဆိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေ အပြစ်မမြင်တတ်ကြပါဘူး…သူ့အတွက်ဝမ်းနည်းတဲ့သူကတော့ သူ့အမေတစ်ယောက်သာရှိမယ်ထင်ပါတယ်..

  • ahnyartamar

    June 20, 2012 at 9:49 pm

    ဆရာထက်ရေ…အကုသိုလ်လုပ်တဲ့သူဆိုတော့၊ ချက်ချင်းဒုက္ခခံစားရတာပေါ့။
    မဆိုင်ပေမယ့် ကျတော့အဘ အမြဲဆိုခိုင်းတဲ့ လကာင်္လေး ဆိုပြခွင့်ပြုပါ။
    “ခန္တီမူလ၊ မာန်ကိုချ။
    ဒေါသကိုပယ်၊ မေတ္တာလွယ်။ တဲ့

  • YE YINT HLAING

    June 21, 2012 at 5:20 am

    ဖတ်ရတာ ရသ မြောက်သလို အမေကြီး ကိုလည်း သနားသဗျာ ! “ သားရယ်…. အမေပြောခဲ့တာ ဝဋ်လိုက်မယ်ဆိုတာ.” အနေဆိုး အသေဆိုး တဲ့ သူ့သားကို ကြည့်ပြီး ပြောနေတဲ့ ပုံစံ ကို မျက်လုံးထဲ မြင်မိသဗျာ!

  • htet way

    June 21, 2012 at 9:25 am

    ဆရာCrystallineခင်ဗျား
    ကျွန်တော်လည်း သူ့အမေကို သနားလိုက်တာ။ တကယ်တော့ လူမိုက်အမေရဲ့ အဖြစ်က ကြေကွဲစရာပါ။
    ဆရာYE YINT HLAING ခင်ဗျား
    ခုလို ဝင်ရောက် ဖတ်ရှု့အားပေးတာကို ကျေးဇူးတင်ပါတယ်။

  • htet way

    June 21, 2012 at 9:28 am

    ဆရာ ahnyartamar
    “ခန္တီမူလ၊ မာန်ကိုချ။
    ဒေါသကိုပယ်၊ မေတ္တာလွယ်။
    မှတ်သားလိုက်ပါတယ်ဆရာ။
    ဆရာကျန်းမာပါစေ

  • maung khinmin

    June 27, 2012 at 12:13 pm

    ရသရှိရှိ…ထိထိမိမိနဲ့..ဆွဲဆောင်မှုအရမ်းကိုရှိပါရဲ့ ဆရာ
    ဖြစ်ရပ်မှန်ဆိုတော့…ပိုလို့တောင်….ဆင်ခြင်ဖွယ်ကောင်းလှပါတယ်ဆရာ

Leave a Reply