ရွာထဲသို့ အဝင်
<ဟိုးမှာမြင်နေရတဲ့ မီးခိုးတလူလူနဲ့ နေရာလေးကို သိပ်သွားချင်နေခဲ့တယ်။
အဲဒီမှာ ဘာတွေ ရှိနေနိုင်လဲ။ အဲဒီနေရာလေးဟာ အဝေးကကြည့်ရတာ ညို့ညို့မှိုင်းမှိုင်းနဲ့။ အဲဒီနေရာ ဟာ ရွာကလေးတစ်ရွာ လို့တော့ ဖြတ်သွားဖြတ်လာရှိဖူးတဲ့ လူတစ်ချို့က ပြောကြတယ်။ အဲဒီရွာကလေး သိပ်သာယာမှာပဲ။ ကျွန်တော်တို့ သိထားဖူးတဲ့ ရွာကလေးတွေရဲ့ ထုံးစံအတိုင်း ရွာသူ/ရွာသားတွေနဲ့ အရမ်းပျော်စရာကောင်းနေမှာပဲ။ ရွာကလူတွေရဲ့ ဒေသိယ ဘာသာစကားတွေကို သင်ယူရင်း အရမ်းပျော်ရွှင်စရာ ကောင်းနေမှာပဲ။
ကျွန်တော် ထင်နေခဲ့မိတယ်။
အရမ်းသာယာလှပတဲ့ ရှုမျှော်ခင်းတွေရဲ့ ဘေးမှာ ချိုချိုသာသာ စကားဝိုင်းဖွဲ့နေကြမယ့် ရွာသူရွာသားတွေ ရှိနေမှာပဲ လို့…။
ကျွန်တော် ထင်နေခဲ့မိတယ်။
ရွာသူ/ရွာသားတွေဟာ ရွာကို ရောက်လာတဲ့ ဧည့်သည်တွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြလိမ့်မယ် လို့။
ရွာအဝင်လမ်းမှာ ဆူးညှောင့်ခလုတ်တွေကို ရွာသူ/ရွာသားတွေက ခုတ်ထွင်ရှင်းလင်း ထားလိမ့်မယ် လို့။
ရွာလမ်းတစ်လျှောက် ခွေးနဲ့ စူးတိုက်သူ မရှိနိုင်ဘူး လို့။
ည လူခြေတိတ်ချိန်မှာ သူခိုး/သူဝှက်တွေ ကို တောင် ကြောက်စရာမလိုဘဲ စိတ်ချ လက်ချ အိပ်နေနိုင်မယ့် ရွာကလေးတစ်ရွာဖြစ်လိမ့်မယ် လို့။
ရွာသူ/ရွာသားတွေဟာလည်း အရမ်းရိုးသားနေကြမယ် လို့။
အဲဒီလိုနဲ့ ကျွန်တော် တစ်ယောက်တည်း အဲဒီရွာကလေးကို အရောက်သွားခဲ့ပါတော့တယ်။
ခရီးသွားတွေရဲ့ထုံးစံအတိုင်း မိတ်ကောင်းဆွေကောင်းနဲ့ ခရီးသွားချင်တာတော့ အမှန်ပါပဲ။
ဒါပေမယ့် ဘယ်သူမှ လူကြုံ ခေါ်တာမျိုး မတွေ့ရပါဘူး။ ရွာကို ဖိတ်ခေါ်ချင်တဲ့သူ တစ်ယောက်မှလည်း မမြင်ရဘူး။ ရွာကို မရောက်ခင်မှာဘဲ အဲဒီရွာကလို့ထင်ရတဲ့ လူတစ်ချို့နဲ့တွေ့တယ်။ ဒါပေမယ့် ကျွန်တော် ထင်ထားသလောက် မဖော်ရွေသလိုပဲ။ အကြောင်းမဟုတ်ပါဘူးလေ။ ရွာသား စစ်စစ် ဟုတ်/မဟုတ်လဲ မသေချာပါဘူးလို့ ကိုယ့်ကိုယ်ကို ဖြေတွေးတွေးလိုက်တယ်။ ဒီလိုနဲ့ ရွာထဲကို သွားဖို့ လမ်းလိုက်ရှာရတယ်။
တွေ့ပါပြီ။ ရွာလမ်း။ ရှုပ်ထွေးတယ် ထင်ရပေမယ့် လမ်းကတော့ ဖြောင့်ဖြူးပုံရပါတယ်။ ရွာသားတွေကို တွေ့မြင်နေရပေမယ့် တစ်ယောက်မှ လှမ်းပြီး နှုတ်မဆက်ဘူး။ ကျွန်တော်က စပြီး နှုတ်မဆက်တာလဲ ပါမှာပေါ့လေ။ ဒီလိုပဲ ဖြစ်မှာပါ။ ဒီရွာသူ/ရွာသားတွေက နည်းနည်း စည်းစောင့်တယ်ထင်တယ်။ ဒီလိုနဲ့ ရွာတွေရဲ့ ထုံးစံအတိုင်း သူကြီးဆီကိုတော့ သွားတွေ့ရမှာပေါ့။ အဲဒီမှာ စပြီး ဒုက္ခရောက်တော့တာပါပဲ။ သူကြီးဆီသွားဖို့ လမ်းမရှိဘူး။ ဘယ်ကသွားရမှန်းလည်း မသိဘူး။ သူကြီးဆီသွားစရာလိုသလား။ မလိုဘူးလားလည်း သေသေချာချာ မသဲကွဲဘူး။ အဲဒါနဲ့ ရွာထဲမှာ လျှောက်သွားနေလိုက်တယ်။
ရွာထဲမှာ လူတွေ တော်တော်များများနဲ့ တွေ့တယ်။ ဒါပေမယ့် ထူးဆန်းနေတယ်။ ရွာက လူတွေ တော်တော်များ မျက်နှာဖုံးတွေ စွပ်ထားကြပါကလား။ သူတို့ မျက်နှာဖုံးတွေ လိုက်ခွာဖို့လည်း မဖြစ်နိုင်တော့ မျက်နှာဖုံးတွေအတိုင်းပဲ နှုတ်ဆက်ရတာပေါ့။ မျက်နှာဖုံးနဲ့ လူတွေက သူကြီးနဲ့ သိတယ် ဆိုပဲ။ ကျွန်တော်လည်း တစ်ခါမှ သူကြီးကို မမြင်ဖူးဘူး။ သူကြီး ဆိုတာ ခြောက်လုံးပြူးကြီး ကိုင်ထားတဲ့ နှုတ်ခမ်းမွေး ထောင်ထောင်နဲ့ လူကြီးများလားပေါ့။
ကျွန်တော် စဉ်းစားကြည့်တယ်။ ဒီအတိုင်း ရုပ်အမှန်နဲ့ လမ်းလျှောက်နေရင်တော့ ရွာထဲမှာ တစ်ခုခုများဒုက္ခတွေ့နိုင်သလားပေါ့။ မျက်နှာဖုံးနဲ့ လူတွေတွေ့ရဖန်များလာတော့လည်း မျက်နှာဖုံးစွပ်မထားတဲ့သူဟာ အရှုးကြီးလိုဖြစ်နေတယ်။ ဒါနဲ့ ကျွန်တော်လည်း ကိုယ်ကိုယ်တိုင်ချုပ်လုပ်ထားတဲ့ မျက်နှာဖုံးတစ်ခု ကောက်တပ်လိုက်တယ်။ အံမယ်…ဒီလိုမှ အဆင်ပြေသွားတယ်။ ရွာထဲကို လူအသစ်ဝင်လာတာကို ရွာထဲက သူတွေက အရေးတယူလည်း မလုပ်ကြပါဘူး။ သူတို့ဟာ သူတို့ ခပ်တည်တည်ပဲ။ တစ်ခါတစ်လေတော့ စကားနည်းနည်းပြောကြတယ်။
ရွာထဲမှာ မထင်မှတ်ထားတဲ့ အရာတွေ တော်တော်များပါတယ်။ ကျားတွေ၊ ဆင်တွေ၊ ခြတွေ တွေ့ရတယ်။ အသားစားသတ္တဝါတွေ၊ မြေခွေးတွေလည်း ဒုနဲ့ ဒေးပါပဲ။ တစ်ခါတစ်ခါ ရွာထဲလမ်းသလားရင် သူတို့ သိမှာတောင်ကြောက်ရတယ်။ တစ်ခါတစ်ခါ ရွာထဲမှာ ရုတ်ရုတ်သဲသဲဖြစ်ရင် ရွာပြင်တောင် ခဏထွက်နေရတယ်။ ဒုတ်စာ၊ ခဲစာ မိမှာစိုးလို့။ တစ်ခါတစ်ခါလည်း သူကြီးရဲ့ နှစ်လုံးပြူးသံလို့ ယူဆရတဲ့ အသံတွေလည်း ကြားရတယ်။
ရွာထဲက လူတွေဟာ မျက်နှာဖုံးတွေ တပ်ထားကြပေမယ့် ဗဟုသုတ ပြည့်စုံတဲ့ သူတွေလည်း အများကြီးပါပဲ။ သူတို့ နဲ့ စကားပြောရတာ တန်ဖိုးရှိတယ်။ တစ်ခါတစ်ခါကျတော့လည်း ဘာတွေ ပြောမှန်းမသိတဲ့ သူတွေနဲ့ တွေ့ရတယ်။ တစ်ခါတစ်ခါကျတော့လည်း စကားမပီတဲ့သူတွေ၊ ကျောင်းမနေနိုင်တဲ့၊ ကျောင်းမနေခဲ့ဖူးတဲ့ ကလေးတွေကိုလည်း တွေ့ရသေးတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီရွာကလူတွေ ဖြစ်နေတော့ ဒီရွာသားပဲပေါ့။ ကိုယ်ကိုယ်တိုင်လည်း ဒီရွာသားဖြစ်ချင်နေတော့ ဒါတွေကို သည်းခံရမှာပေါ့လေ။ ဒီရွာသားတွေက တစ်ခုတော့ ကောင်းကြပါတယ်။ တစ်ယောက်ယောက် မှားနေတဲ့ အခါမျိုးမှာ စေတနာ ကောင်းကောင်းနဲ့ ဝေဖန်ထောက်ပြကြတယ်။ ကျွန်တော် အဲဒီတစ်ခုတော့ အရမ်းဝမ်းသာပါတယ်။
ဒီရွာထဲကို မရောက်ခင်က ထင်ထားတဲ့ အရာတွေ တော်တော်လွဲနေတာ တွေ့ရတယ်။ မတတ်နိုင်ဘူး။ ရွာတွေကို ချစ်တတ်တဲ့ ကိုယ့်ရဲ့စိတ်ကိုပဲ အပြစ်တင်ရတော့မယ်။ ဒါပေမယ့် ရွာထဲကတော့ မထွက်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူကောင်း/သူကောင်းတွေလည်း ဒီရွာထဲမှာပဲ ရှိနိုင်တယ် မဟုတ်လား။ ကျွန်တော် ဒီရွာထဲမှာပဲ ခေါင်းချတော့မယ် လို့ စိတ်ကူးလိုက်တယ်။
ဒီရွာထဲကို ရောက်တာ သိပ်မကြာသေးတော့ ရွာအကြောင်းကို ပြောရတာ နည်းနည်းတော့ကြောက်တယ်။ ဒါပေမယ့် ရွာက လူတွေလည်း ခွင့်လွှတ်နိုင်ကြမယ် ထင်ပါတယ်လေ။ မျက်နှာဖုံးစွပ်ထားတဲ့ သူတွေကိုတော့ ရင်းနှီးအောင် မိတ်ဆက်ရဦးမယ်။
တစ်နေ့မှာ ကိုယ်ကိုယ်တိုင်လည်း မျက်နှာဖုံးစွပ် ခွာနိုင်အောင် ကြိုးစားရဦးပါမယ်။
ရွာသူ/ရွာသားများ အေးချမ်းကြပါစေ။
26 comments
htet way
June 21, 2012 at 9:43 pm
ညီလေးရေ …
ကိုယ်ဟာရွာသားပါ မျက်နှာဖုံး တပ်မထားပါ
သားဦး၊မြေးဦး
June 22, 2012 at 10:07 pm
ဆရာထက် ကတော့ဗျာ ဒီရွာထဲက သမားကောင်းတလက်ပီသပါပေတယ်။
ဆရာထက် ဒီနယ်ဖက်ကို လာလည်ပါဗျာ။ဖိတ်ခေါ်ပါတယ်ဗျာ။
မောင်ပေ
June 21, 2012 at 10:16 pm
ကိုမြတ်ကျော်သူ ခန် ့မှန်းတဲ့အတိုင်းပါဘဲ…
ကျုပ်တို ့သဂျီး က နှုတ်ခမ်းမွှေးဖွားဖွားကြီးနဲ ့ဗျ
တော်တော်ခန် ့တာ ( သဂျီး ကျုပ် ကို ပွိုင့်တိုးပေးတော့နော် ဟီဟိ )
ကျုပ်ကတော့ ပကတိမျက်နှာက အရမ်းခန် ့ချောလွန်းလို ့… ဟီဟိ (စကားမစပ် အဲ့လိုပေါတာ) the three stooges ဇါတ်ကားထဲက Larry ရဲ ့ပုံနဲ ့ရုပ်ဖျက်လိုက်တာဘဲ ။
ကိုမြတ်ကျော်သူ ရေ… မျက်နှာဖုံးစွပ်တယ် မစွပ်ဘူး ၊ ဟန်ဆောင်တယ် ဟန်မဆောင်ဘူး ဆိုတာကတော့ ၊ ဒီလောကထဲမှာ သူ ့နေရာနဲ ့သူ ၊ အဆင်ပြေသလို လုပ်လိုက် မလုပ်လိုက် လုပ်နေရတာဘဲမလားဗျ ။
ကိုပေါက်(မန္တလေး)
June 21, 2012 at 10:45 pm
ကိုမြတ်သူ ကြာကြာနေရင် ဒီထက်ပိုပျော်လာမှာပါ။
အင်တာနက်မှာ စာရေးနေသူအတော်များများက မျက်နှာဖုံးတွေနဲ့ပါ။
ဒါပေမယ့် လူသိရှင်ကြားမျက်နှာဖုံးခွာရဲတဲ့သူတွေလဲရှိပါရဲ့.
Oo Oo
June 21, 2012 at 11:08 pm
ကြိုဆိုပါ၏ဗျာ..
ကိုမြတ်ကျော်သူ ဝင်လာတဲ့အချိန်က ရွာကိုသူပုန်တွေဝင်စီးနေချိန်နဲ့တိုက်ဆိုင်သွားတယ်ထင်ပါ့..
သူပုန်ရန်ကို ရုန်ရင်းဆန်ခတ်ကာကွယ်ပြေးလွှားရင်း ကျနော့မျက်နှာဖုံးလေးတောင်ကျပျောက်သွားတယ်ဗျ
အခုထိပြန်ရှာလို့မတွေ့သေးဘူး…ဟီးး
ရွာသားတွေကဖေါ်ရွေတတ်ကြပါတယ်… လူကောင်းမှန်း လူဆိုးမှန်းမသိမသိရသေးခင် အရင်အတွေ့အကြုံ
တွေအရ အကဲခပ်လေ့လာနေကြလို့ အပြည့်အဝမဖေါ်ရွေကြသေးတာဖြစ်မှာပါ။
အဟဲ.. သဘောကော မနောကော ကောင်းတဲ့ သူကြီးကတော့
ခြောက်လုံးပြူးမကိုင်နိုင်သေးဘူးဗျ (ဘိုင်ပြတ်နေလို့ ..အဟီးး)
နှစ်လုံးပြူးကိုတော့လက်က မချ အမြဲကိုင်ထားတတ်တယ် (ပျောက်သွားမှာစိုးလို့..ဟီးး).
ဒါပေသိ .. သူက ဒီမိုတရားသမားဆိုတော့ကာ..
နူတ်ခမ်းမွှေးစစနဲ့ လူရှိန်အောင်နှစ်လုံးပြူးကြီးကိုင်ထားတတ်ပေမယ့်..ပစ်ဘူးဗျ (ကျည်နှမျောလို့ ..အဟီး)
(သူကြီးရေ.. စတာနော် စိတ်ဆိုးနဲ့..ဟီးး)
ကိုမြတ်ကျော်သူလည်း နောက်တော့ပျော်သွားမှာပါ..အဟဲ .. (သူကြီးမလာခင် လစ်ပြီ ..ဖွတ်ချက် ဖွတ်ချက် )
ကိုရင်မောင်
June 21, 2012 at 11:42 pm
ကြိုဆိုပါတယ် ကိုမြတ်ကျော်သူ ရေ
ပို့စ်တွေတင်ပါ…အားပေးပါ့မယ်
pan pan
June 22, 2012 at 9:12 am
ကြိုဆိုပါတယ်ရှင်
ကဗျာကိုလည်းချစ်တယ်၊ အတွေးအခေါ်၊ ဝေဖန်တာကိုလည်း နှစ်သက်တဲ့လူမို့လားမသိ စာလုံးလေးတွေလှပြီး ရေးချင်ပြောချင်တာလေးတွေ သွယ်ရေးသွားတယ်နော်ဆရာရေ 🙂
ဒါနဲ့ မဆီမဆိုင် ထပ်ကလိုင်လိုက်ဦးမယ်
“တစ်ခါတစ်ခါကျတော့လည်း စကားမပီတဲ့သူတွေ၊ ကျောင်းမနေနိုင်တဲ့၊ ကျောင်းမနေခဲ့ဖူးတဲ့ ကလေးတွေကိုလည်း တွေ့ရသေးတယ်။ ”
သားသားဂီတို့၊ မီးမီးဖြဲတို့၊ တူလေးဗိုက်ဗိုက်တို့ လေးတန်းပဲရောက်နေပြီ
ကျူရှင်လည်းထားတာတောင်… 😛
စိန်ဗိုက်ဗိုက်
June 22, 2012 at 11:55 am
ရှရာမ..ရှရာမ..
တားတား ရှာတင်ရတာ ပျင်းလာဘီ..
ကာလသား အူးပေရီးတို ့လို ထန်းတောထဲသွားမူးချင်လို ့ ရှကီဖိုး နားရှယ်လောက် ချီးဘာ
ဘဲဥ
June 22, 2012 at 12:00 pm
ဘိုက်ဘိုက်ရေ့ ညန်ညန်လာဂဲ့ နာဒို့စောင့်နေဒါကြာလှဘီ
pan pan
June 22, 2012 at 9:56 pm
ဗိုက်ဗိုက်ရယ်…အသက်ကဖြင့်မနေ့တစ်နေ့ကမှာ ၉နှစ်ပြည့်တာကို
မွေးနေ့တောင် ဝိုင်းဆုတောင်းပေးလိုက်ရသေး
ဘယ့်နှယ်ကာလသားလူပျိုတွေနဲ့ ထန်းရည်သောက်ချင်ရတာတုန်း
အဲလိုကြပ်ကြပ်လုပ် သိလား
၉နှစ်အရွယ်က ၆၉နှစ်ပုံပေါက်နေဘီ
ကလေးက ကလေးလိုမနေချင်ဘူး
ဂုထိလဲ ဂျဂါးတောင် ပီအောင်ကြောတတ်ဘဲနဲ့ အာဟိ 😆
မမ အညာသူ
June 22, 2012 at 9:43 am
ကိုမြတ်ကျော်သူရေ
လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ရှင်
ညာကမျက်နှာဖုံးစွတ်မထားတဲ့ဂေဇတ်ရွာသူတစ်ယောက်ပါပဲ…….
အားပေးနေမယ်နော်……….
thar ag
June 22, 2012 at 12:31 pm
ကြိုဆိုပါတယ် ကိုမြတ် ကျော်သူရေ ကျွန်တော်ကတော့ပို့ တခါမှမတင်ရသေးတဲ့ ရွာသားမဟောင်းတဟောင်းပါ တင်ရင် အခုရက်ပိုင်း ကဒုတ်တွေခဲတွေကို ကြောက်တာလဲပါတယ် ဒါ ကြောင်ရှောင်နေတာပါ အရေးအသားကလဲမကောင်မှန် ကိုယ်ကိုယ်လဲသိပါတယ် အစဉ် လေးစာလျှက်ပါ
thar ag
June 22, 2012 at 12:32 pm
ကြိုဆိုပါတယ် ကိုမြတ် ကျော်သူရေ ကျွန်တော်ကတော့ပို့ တခါမှမတင်ရသေးတဲ့ ရွာသားမဟောင်းတဟောင်းပါ တင်ရင် အခုရက်ပိုင်း ကဒုတ်တွေခဲတွေကို ကြောက်တာလဲပါတယ် ဒါ ကြောင်ရှောင်နေတာပါ အရေးအသားကလဲမကောင်မှန်း ကိုယ်ကိုယ်လဲသိပါတယ် အစဉ် လေးစာလျှက်ပါ
mayjuly
June 22, 2012 at 12:39 pm
ဟမလေးလေး မျက်နှာဖုံးစွပ် ထားတယ်ဆိုပါလားးး..
ဘူတွေပါလိမ့်…နာလဲ တိချင်လိုက်တာ…
Nyein Nyein
June 22, 2012 at 12:41 pm
Warmly welcome ပါ ကိုမြတ်သူကျော်ရေ………………. ငြိမ်းလည်း ရွာထဲရောက်တာမကြာသေးပါဘူး။ ရွာထဲက လူတွေက ခင်ဖို့ကောင်းသလို စေတနာလည်းရှိကြပါတယ်။ သို့ပေမဲ့လည်း သို့ပေမဲ့ပေါ့နော် စုန်းပြူးဆိုတာလေးတွေလည်းရှိတာပေါ့။ ဦးဗိုက်ကိုတော့ သတိထားနော်။ သူက ဘီအီးပဲဝယ်တိုက်ခိုင်းနေတာ။ နောက်ကြုံရင် ကိုယ်ကအရင် ဝယ်တိုက်ခိုင်းလိုက်သိလား။ ငြိ်မ်းပြောတယ်လို့မပြောနဲ့နော်။ ရှူး…………… တိုးတိုး။
Shwe Tike Soe
June 22, 2012 at 1:16 pm
မျက်နှာဖုံးစွတ်ထားကြတယ်ဆိုတာ သများကိုများစောင်းပြောနေလားမသိဘူးဟယ်….
ဒီအခွက်ကို ပို.စ်တွေမှာ မမြင်ဘူးဘူးလား သွားးးးးးးးးးးးးလူဆိုးးးးးးးး
ရွာထဲကို တိုတိုက တိတ်တိတ်ကလေး တက်တက်လာပြီး တောက်တောက်တောက် လုပ်သွားတော့ ဘယ်တိမလဲလို.
ဟော့ အခုတော့ ကျမသိပီ…………….. ကိုမြတ်ကျော်သူရေ ဝယ်လကမ်းပါတော်…….. 😀
mamanoyar
June 22, 2012 at 1:41 pm
အားပေးပါတယ်ရှင်
သမီး ကြီး
June 22, 2012 at 1:56 pm
ရွာထဲကို မန်ဘာ ဝင်ထားတာကြာပေမယ့် စာတွေပဲ လိုက်ဖတ်ဖြစ်တယ်…ခင်စရာကောင်းမယ့်သူတွေ အများကြီးလည်း ရှိပါတယ်…..ကိုမြတ်ကျော်သူရဲ့ ….မီးမီးလည်း..အသစ်လေးပါ…စာတော့ ဟိုမရောက်..ဒီမရောက်ရေးပေမယ့်… တစ်ခါမှ ဘယ် ဆိုက် ကိုမှ တင်ဖူးသေးဘူး…:D
Khaing Khaing
June 22, 2012 at 1:57 pm
မျက်နှာဖုံးကမစွပ်လို့ ခဲနဲ့အထုခံရတယ် ကိုမြတ်ကျော်သူရေ ကြင်တာလည်းခံရမယ် ဒါကြောင့်စွပ်ထားတာပါအေ …….. တစ်မျိုးမထင်ပါနဲ့……….. တစ်ခါတစ်လေတော့လည်း မျက်နှာဖုံးကို ခွာပီးနေကြည့်တယ် အဟဲ အဲအချိန်ဆိုရင်တော့ အရေးပေါ်ခဏတက်ရတာပေ့ါ …..
hein latt
June 22, 2012 at 2:04 pm
တားတားဂ ညတ်နှာဖုံးစွတ်ထားပါဝူး ချိုလိမ်လေးပဲချို.ထားယာဘာရို…ရို…ရို….
မွန်မွန်
June 22, 2012 at 2:07 pm
ကိုမြတ်ကျော်သူရေ…
အစ်ကိုထင်ထားတာတွေက အကုန်မဟုတ်တောင် တော်တော်များများကတော့ ရွာထဲမှာ ရှိနေပါတယ်။ တစ်ခါတစ်လေတော့ ရွာပြင်က ပတ်ကြည့်နေရတာက ပိုကောင်းသလိုပဲ။ 🙂
ဖွတ်ငပျင်း
June 22, 2012 at 4:46 pm
ရွာ့အပြင်တော့ ပတ်မကြည့်နဲ့ . . အဲဒမှာ ကျားဆိုးဂျီးဒွေ ချိတယ် . .
ရွာထဲ ကို ဝင်ပါ . . စိတ်ချရပါတယ် ။
သားဦး၊မြေးဦး
June 22, 2012 at 9:26 pm
မြတ်ကျော်သူကို ဒီပို ့စ်လေးနဲ ့မိတ်ဆက်ပေးဖူးပါတယ်။“မြို ့ပျက်တွေထဲက တစ်ခု”
Mratt Kyaw Thu
သဂျန် တုန်းက သံတွဲပြန်တယ်…
အတိုတွေ၊ အပြတ်တွေ အရင်ထက်ပေါလာတယ်…
ရွာကလူတွေလည်း ကိုရီးယားကား စွဲနေကြပြီ…
သဂျန်က ဟိုးအရင်ကလောက် မစည်ဘူး…
သံတွဲ ဈေးကြီးကို မြင်ရတာ စိတ်မကောင်းဘူး…
(ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားတယ်)
ငပလီက အရင်ကလောက် ကျွန်တော့်ကို မကြိုဆိုသလိုပဲ…
(ဈေးလည်း ကြီးသေးတယ်)
ယာယီဈေးမဖွင့်သေး….
ဈေးဟောင်းနေရာ ဈေးသစ်ပုံစံ မရှိသေး…
လူတွေ စိတ်ညစ်နေကြ….
ကွမ်းဆိုင်တွေ နာမည်ကြီးလာကြတယ်….
ဖုန်းပြောတဲ့သူတွေ အများကြီး မြင်ရတယ်…
ဆိုင်ကယ်တွေ အဆင့်မြင့်နေကြတယ်….
ထူးကဲက လဖက်ရည် အရင်အရသာ အတိုင်းပဲ…
အံတော်ချောင်းထဲက ရေတွေ ပိုနည်းသွားပြီ….
မြို့ထဲမှာ အမှိုက်တွေ မတွေ့ရသလောက်ပဲ…
ကြော်ငြာအသစ်တစ်ခုတွေ့တယ်…
(ညဇာဖက်သားအားကေ..Eagle နဲ့ ပျော်ကတ်မယ်..တဲ့)
လူအသစ်တွေ အရင်လောက်မတွေ့ဘူး…(လူဟောင်းတွေလည်း ပျောက်နေကြတယ်)
အော်…
ငါတို့ရဲ့…..
သံတွဲ….
မှတ်ချက်။ ။ ကဗျာမဟုတ်ပါ…(မြင်တွေ့သမျှ ရေးထားခြင်းဖြစ်သည်။)
—————————————–
ဒီစာစုလေးကိုရေးတာက ကျွန်တော်နဲ ့ညီအကိုလိုနေသူ မြတ်ကျော်သူပါ။ပြီးခဲ့တဲ့ သင်္ကြန်မှာ သူ ့ဇာတိရွာလေးဆီပြန်ရင်း
သံတွဲမြို ့အကြောင်းကို သူဝေဖန်သွားတာပါ။သိပ်ကောင်းကါတယ်။အသက်(၂၂)အရွယ် လူလတ်ပိုင်းတစ်ယောက်၊
UNITYဂျာနယ်သတင်းထောက်တစ်ယောက်အမြင်ပါ။သူ ့အမြင်တွေက —–
(၁)မိန်းကလေးတွေ ဝတ်စားဆင်ယင်တာ လျှပ်ပေါ် လော်လီလွန်းကြောင်း
(၂)သံတွ ဲကနေ (၁၀)မိုင်လောက်ဝေးတဲ့ သူ ့ရွာကသူတွေ ကိုးရီးယားကားစွဲကြည့်တတ်နေပီဖြစ်ကြောင်း
(၃)သင်္ကြန်ကာလ မစည်ကားတော့ပုံ၊နှစ်ကူးမင်္ဂလာဆိုတာထက် အရက်သောက်ပွဲဆို အမြင်ကောင်း၊နာမည်ပြောင်းသင့်ကြောင်း
(၄)ဖေဖော်ဝါရီ(၁၁)ရက်နေ ့ကမီးလောင်သွားခဲ့တဲ့ သံတွဲဈေးကြီးဟာနှစ်လ တာကြာခဲ့ပေမယ့် ဘယ်လို ပုံစံပြန်ဆောက်မယ်
ဘယ်သူ ကကန်ထရိုက်ယူမယ်မသိရသေးပုံ၊ဈေးသူားများ စိတ်ညစ်နေပုံ
(၅)ငပလီကမ်းခြေက သူ ့ကိုနွေးထွေးစွာ မကြိုဆိုပုံကို ဒေါသသံလေးနဲ ့တွေးပြပုံ၊
(၆)တမြို ့လုံးမှာ ကွမ်းယာဆိုင်များလာတယ်၊ကွမ်းစားသူများလာတယ်ဆိုပုံ၊
(၇)ဖုန်းတွေကိုယ်စီ ကိုင်လို ့အလုပ်ရှုပ်နေတယ်လို ့မြင်မိပုံ(တကယ်တော့. ဟန်ပြလား၊အလုပ်လုပ်မလို ့ဝယ်လေသလား)
(၈)သူသောက်နေကြ သံတွဲ က ထူးကဲလဘက်ရည်ဆိုင်လေူ အရသာမပြောင်းသေးကြောင်း အာမခံထားပုံ
(၉)တရုတ်၊ယိုးဒယား၊ဂျပန်၊အိန္ဒိယ ဆိုင်ကယ်မျိုးစုံမြို ့ထဲ မြင်ကတ်လောက်အောင်တွေ ့ခဲ့ရပုံ
(၁၀)သံတွဲချောင်းဟာ ရေအတော်နည်းပြီး သောင်ထွန်းနေကြောင်း၊မြစ်ရဲ ့ရေဝေရေလွှဲတွေ ပျက်စီးနေကြောင်းသူပြော
လိုပုံ
(၁၁)မြို ့ထဲမှာ အမှိုက်သရိုက်မတွေ ့ရပုံ
(၁၂)နောက်ဆုံးပြောသွားတာက အရက်ကြေညာကို သူတော်တော် ဒေါသထွက်ပုံရတယ်
““ညဇာဖက်သားအားကေ..Eagle နဲ့ ပျော်ကတ်မယ်..တဲ့””ဒါက ညနေဖက်အားရငEagle အရက်သောက်ပြီး ပျော်ကြမယ်လို ့ပြောတာပါ။ဆိုတော့. အရက်ကို အမုန်းသောက်တာ
ရခိုင်သား၊သံတွဲသား———–
အော် သတိ—-သတိ———
ယခုပို ့စ်လေးအတွက် ညီငယ် မြတ်ကျော်သူ ကိုကျေးဇူးပါ။
http://myanmargazette.net/117510/creative-writing
MaMa
June 22, 2012 at 10:14 pm
ကိုမြတ်ကျော်သူ-
အချို့အချို့သော အသစ်တွေက လက်စွမ်းထက်ထက်တွေ၊ ပရိုလက်ရာတွေမို့
ကြိုဆိုပါတယ်ပဲ ပြောရမလား။
သင်ပြပေးပါလို့ပဲ ပြောရမလား။
ရွာသူားတွေက မျက်နှာဖုံးတွေ စွပ်ထားပေမယ့် စိတ်ရင်းနဲ့ ဆက်ဆံကြပါတယ်။
သဂျီးကို မြင်ဖူး သိဖူးနေကြလို့ ပုံဖော်ပြထားဖူးတာလေး အမြည်းပေးလိုက်မယ်။
ဖတ်ကြည့်ပါဦး။
ငါတို့သဂျီးက ဘယ်လို ပုံစံများ ဖြစ်မလဲ 😕
အသက်ကြီးကြီး ပိန်ပိန်သေးသေး နှုတ်ခမ်းမွှေးဖြူဖြူထူလပစ်နဲ့ ယောင်ထုံးပြီး ကွမ်းစားတဲ့ သမိန်ပေါသွပ်ထဲက တောင်ပုလုမြို့စားကြီး လိုများလား လို့ တွေးနေမိပါတယ်။ 😆
အပြည့်အစုံဖတ်ချင်ရင်တော့ http://myanmargazette.net/99777/creative-writing ကို ဖတ်ကြည့်ဖို့ ကြော်ငြာ ဝင်လိုက်ပါတယ်။ 🙂
surmi
June 23, 2012 at 12:45 am
ခုတလောမုန်တိုင်းဝင်နေလို.ပါ
မျက်နှာဖုံးစွပ်ထားပေမဲ. သဘောကောင်းကြပါတယ်
ပြုံးမပြပေမဲ. မမုန်းတတ်ပါဘူး ။
ဖိုးထောင်
June 23, 2012 at 12:54 am
တဂျီး နှလုံးပြူးကြီးကိုင်တာ တွေ့လိုက်သေးလား အမယ်မင်း အဲဒါဆိုလစ်တော့ မြင်သမျှအကုန်ပစ်တာ
အနော်တို့ကတော့ ကွမ်းစားတော့ မျက်နှာဖုံးစွပ်တော့ဘူး ရွာသူလေးတွေက ဒီအတိုင်းပိုလှတယ်ပြောလို့