Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စနစ်မှာအပြစ်ရှာ System

တရုတ်အကြောင်းပြောရင် သူ့နိုင်ငံ တဟုန်ထိုး စီးပွားရေးကြီးထွားပုံ မပါမပီးဘူး။ ဟုတ်လည်းဟုတ်တယ် နှစ်စဉ်တိုးတက်နှုန်း ပျမ်းမျှ ၉%တောင်ရှိသဒဲ့။ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလိုက်တဲ့ ၁၉၈ဝနှောင်းပိုင်း ဂစဒယ်လို့ အများသိဒယ်။ ဓဂယ်ဒေါ့ ၁၉၇၈ခုနှစ် ကူမြူနစ်စနစ် အထွဋ်အထိပ် ရောက်နေဂျိန်မှာ အစပြုဂဲ့ဒါဆို ရွှီးဒယ်ထင်ဂျလေမလား။ အဲဒီအချိန်ဟာ တရုတ်တနိုင်ငံလုံး ဘုံစုပေါင်း လယ်ယာစိုက်ပျိုးရေး လုပ်နေဂျိန်ဂျီး။ မြေရှင် လယ်ပိုင်ရှင် မရှိ၊ လယ်လုပ်သူ လယ်မပိုင်ဘူး၊ နိုင်ငံဒေါ်ဂပိုင်ဒယ်။ ယုတ်စွအဆုံး ကိုယ့်ခြေလက်သွား အစိတ်အပိုင်းများဂိုတောင် နိုင်ငံပိုင်လို့ သတ်မှတ်တဲ့ ဘုံစနစ်၊ မလိုက်နာရင် တန်ပြန်တော်လှန်ရေးသမားဆိုပြီး ကွက်မျက်ပစ်တယ်။

သဂျီးပေါဒေါ့ လူဒွေကိုပြင်ရမဒဲ့… (ဓာတ်ပုံ နိရဉ္စရာသတင်း)

ကိုယ်လုပ်သလောက် မခံစားရမှဒေါ့ ဘယ်သူမှ အလုပ်ကြိုးကြိုးပမ်းပမ်း မလုပ်ဘူး၊ အကုန်လုံး ဖရီးချိုင်းနား ဖြစ်ကုန်ဒယ်။ အကျိုးဆက်အားဖြင့် အထွက်နှုန်းကျဒယ်၊ အငတ်ဘေးစိုက်တယ်၊ လူဒွေ သိန်းသန်းချီသေဒယ်။ ဒီလိုနဲ့ ၁၉၇၈ခုနှစ် ဆောင်းတွင်းမှာ Xiogang ပြည်နယ် ရွာလေးတရွာရဲ့ လယ်သမားဒွေဟာ အန္တရာယ်များလှဒဲ့ လျှို့ဝှက်အကြံစည် တခုဂို အကောင်အထည် ဖော်လိုက်ကြတယ်။ ညနေပိုင်း ငါးနာရီလောက်မှာ လယ်သမား ဆယ့်ရှစ်ယောက်ဟာ အိမ်တခုမှာ စုဝေးပြီး ရွာစုပေါင်း လယ်ယာမြေကို ဝေပုံချ ခွဲဝေယူ ကိုယ်ပိုင်စိုက်ပျိုးဖို့ သဘောတူဂဲ့ဂျဒယ်။ သဘောမတူသူအချို့ဂ high voltage ကို သွားကိုင်သလိုဖြစ်မယ်လို့ သတိပေးတယ်။ ပြောမဲ့သာပြောတာ သူတို့တဦးမှ လျှပ်စစ်မီး မမြင်ဖူးဘူး။ ကြားဖူးနားဝနဲ့ ဓာတ်လိုက်သေတာဂို ဥပမာပေးဒါ။ သဘောတူဂျက်ရဒေါ့ လယ်မြေခွဲဝေမှု စာချုပ်လုပ်တယ်။ စာချုပ်အဆုံးမှာ အကယ်၍ တဦးဦး အကွပ်မျက်ခံရရင် ကျန်ဂဲ့ဒဲ့ခလေး အရွယ်ရောက်သည်အထိ ကျန်သူများဂနေ ကျွေးမွေးစောင့်ရှောက်ပါမယ်လို့ ဂတိခံဝန်ဂျက် ထည့်ထားဒယ်။ အဆုံးစွန်တွက် လုပ်ကြရဒါဘာ။
နောက်တော့ လယ်သမားအသီးသီး သူပြိုင်ငါပြိုင် ရုန်းလိုက်ကြတာ ရိပ်သိမ်းရာသီမှာ လယ်အထွက်နှုန်း ပြီးဂဲ့ဒဲ့ ငါးနှစ်စာ စုစုဗောင်းထက် ပိုသွားလို့ အာဏာပိုင်ဒွေဆီ သဒင်းရောက်သွားဒယ်။ ကံကောင်းဂျင်ဒေါ့ ငှက်ကထဂျီး မော်စီတုန်းသေလို့ တိန်ရှောက်ဖိန် တက်လာဒယ်။ သူ့အကြောင်းဂလည်း သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ မျှော်လင့်ချက်မဲ့ရာဂနေ ပြန်တက်လာဒဲ့ comeback story ဖြစ်တယ်။ တိုတိုပေါရင် သူဂ ပြုပြင်ရေးသမား၊ ပါတီတွင်း ဖြုတ်ထုတ်သတ်ပွဲမှာ ဂျောင်အထိုးခံရပြီး နောက်တော့ နေရာပြန်ရဒယ်။ မော်စီတုံးလည်းသေရော သူဂေါင်းဇောင်ဖြစ်တယ်။ ပစ္စည်းမဲ့ဘုံစနစ် ဆန့်ကျင်လုပ်ခဲ့တဲ့ လယ်သမား ဆယ့်ရှစ်ဦးအတွက် ဘုရားမဒါပဲ။ အပြစ်ပေး မခံရဘူး.. သူတို့လုပ်ဆောင်ပုံဂို အတုယူပီး နိုင်ငံနဲ့တဝှန်း လယ်ယာစိုက်ပျိုးရေး ပုံစံအသစ်အဖြစ် ချပေးဒယ်။ ကိုယ်စိုက်သမျှ ကိုယ်သုံးဂွင့်ပေးဒယ်။ (အပြင်ဂို ရောင်းချဂွင့် ရှိသေးဟံ မတူဘူး)။ အခြားလိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးများလည်း လုပ်လိုက်တာ တရုတ်နိုင်ငံ စီးပွားရေး မိုးပေါ်ထိုးတက်သွားတယ်။ အဲဒီအချိန်ဂ စလို့ သန်းငါးရာသော တရုတ်ပြည်သူတွေရဲ့ဘဝ ဆင်းရဲဒွင်းဂနေ လွတ်မြောက်သွားဒယ်။ အဲဒီ လယ်သမားဒွေ ချုပ်ခဲ့ဒဲ့ စာချုပ်မူရင်းဂိုတောင် ပြတိုက်မှာ သိမ်ဆည်းထားဒယ်။
အဂု ဖြစ်ရပ်ကနေ ဘာသင်ခန်းစာ ပေးသလဲ။ စနစ်တခုရဲ့ အရေးကြီးပုံ ပဲ့ပြင်ထိန်းကျောင်းသွားပုံဖြစ်တယ်။ တရုတ်နိုင်ငံ ဘာပြုလို့ တိုးတက်လာတာ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလိုက်လို့၊ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေးစိတ်ဓာတ် လျော့ချလိုက်လို့ မဟုတ်ဘူးလား။ လူတဦးဂျင်း စိတ်နေသဘောထား၊ အပြုအမူများ ကျုပ်တို့ထက် အပုံဂျီးသာဒယ် ပေါမလား၊ နိုးဝေးဗာ။ စီမံခန့်ခွဲမှုပုံစံ ပြောင်းလိုက်တော့ ရေတိုတိုးတက်မှုမှာကို သိသာဒယ်။ အဲဒီလို ပုံစံမှန်ဖို့ကို နိုင်ငံရေးစနစ်က ဆောင်ကြဉ်းပေးဒယ်။ နိုင်ငံစနစ်မှန်ဖို့ဆိုဒါ ကိုယ့်တိုင်းပြည် တခုထဲနဲ့ဒင် မပီးဘူး၊ နိုင်ငံတဂါ ရေစီးကြောင်း ဖြစ်ပေါ်တိုးတက်မှုလည်း ပါသေးဒယ်။ ဥပမာ အာဏာရှင်စနစ် တကမာ္ဘလုံးထွန်းဂါးချိန်မှာ ဒီမိုကရေစီနိုင်ငံ ထူထောင်လို့မရဘူး။
ချမ်းသာလာရင် အမူအကျင့်တွေပါ ပြောင်းလဲသွားဒယ်။ သမားရိုးကျ လုပ်နည်းလုပ်ဟန်၊ အစဉ်အလာများမှနေ သွေဖည်ကုန်ဒယ်။ စီးပွားရေးတိုးတက်တဲ့ မြို့ဂျီးပြဂျီးဒွေမှာ လက်မထပ်ဘဲ အတူနေဒါ သိပ်များဒယ်။ စီးပွားရေး အဆင်ပြေဒေါ့ အလုပ်အကိုင်ပေါဒယ်၊ လုံလောက်တဲ့ အခကြေးငွေရလို့ အရွယ်ရောက်သူဒိုင်း ကိုယ့်ခြေပေါ် ကိုယ်ရပ်နိုင်ဒယ်။ မိဘအိမ်ခွဲနေတဲ့အကျင့် မရှိလည်း အရင်ဂလို မိဘဂနေ အရွယ်ရောက်လာဒဲ့ သားသမီးဂို ချုပ်ကိုင်လို့ မရဒေါ့ဘူး။ သိပ်တင်းကြပ်လာရင် ဟိုဂတာ့တာ လုပ်သွားမှာပေါ့။ ရုပ်ပိုင်း၊ အတွေးအခေါ်ဗိုင်း ပွင့်လင်းကုန်ဒယ်။ အစ္စရေးနိုင်ငံဆိုဒါ ဘာသာဂျီးသုံးခု မွေးဖွားရာ ဂျေရုစလင်မြို့ရှိတဲ့နိုင်ငံ၊ ရန်သူပတ်လည်လဲ ဝိုင်းနေဒယ်။ စနစ်မှန်ဒေါ့ ကွန်ဆားဗေးတစ်နဲ့ လစ်ဘရယ် အတူနေဂျဒယ်။ သိပ္ပံနည်းပညာ တိုးတက်တယ်၊ လူနေမှု အဆင့်မြင့်တယ်၊ ခေတ်မှီဒယ်ပြောပေမဲ့ ကမာ္ဘ့ပေါ်မှာ ဘာသာရေးစိတ်ဓာတ် အမျိုးသားရေးစိတ်ဓာတ် အပြင်းဆုံးနိုင်ငံဗဲ။ အဓိကသော့ဂျက်က နိုင်ငံရေး၊ အုပ်ချုပ်ရေး…..။ စနစ်ကြောင့် မတူကွဲပြားဒဲ့ အသီးအပွင့်များ အလျှိုလျှို ပေါက်ဖွားလာဒါ…။
ချက်မှက်။ အန်ပီအာ ရေဒီယို ပေါ့ကတ်စ်ဟောင်းတခုအား ခံစားပီး ရေးဗာသီ။

15 comments

  • မောင်ပေ

    June 22, 2012 at 8:55 am

    ကြေးမုံတို့က ပျောနေဘီ….
    မြန်မာနိုင်ငံပြုပြင်ပြောင်းလဲတာ စောနေသေးလို့ ဒဲ့….
    လုပ်ကြဘာအုန်း ဗျ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 22, 2012 at 9:24 am

    ဒါဂဒေါ့ ဆယာကြောင်ဂျီးရယ် စနစ်ဆိုတာကိုလုပ်တာလူ
    စနစ်ဆိုတာကိုလိုက်နာတာ လူ စနစ်ဆိုတာကို မလိုက်နာတာလူ
    ဥပမာမြန်မာနိုင်ငံက ဟိုစနစ်လည်းကောင်းဘာဒယ် ဘာတဲ့ စရိတ်မျှပေးဘာဆိုလား ဆေးရုံမှာရေးထားတာ
    အလွန်ကောင်းတဲ့စနစ်ပါ
    ပေးပါလို့ပြောတာကို မပေးဘူး ပေးတာကိုလည်း ဝိုင်းဘတ်ကြတယ် ဆိုတော့ကာ
    အချုပ်အနေနှင့်ပြောရရင်တော့ ဒီလောကကြီးထဲ
    ကျနော် မိုက်ကယ်ဂျော်နီအောင်ပု လို လူတွေ တော်တော်များများရှိသင့်ဘာဒယ်
    ကိန်ကိန်

  • surmi

    June 22, 2012 at 11:19 am

    ကိုအောင်ပုပြောသလို လူကြောင် ့ဆိုပါတော ့
    ဘယ်လိုဖြေရှင်းကောင်းမလဲ

  • စိန်ဗိုက်ဗိုက်

    June 22, 2012 at 11:48 am

    စနစ်လဲ မကောင်းဘူး.
    လူလဲ မကောင်းဘူး..
    တိန်.. ..
    ( ကိန်မလို ့ပဲ အပေါ်က ပုတ်ဂိုက အရင်ကိန်သွားလို ့ )

    အဟမ်း..အဟမ်း..
    ခရော….ထွမ်….ဂလု..

    ဒီလိုဗျ..
    အရင်က မွဲခဲ့တာ စနစ်ကြောင့်..ဖြစ်တယ်..
    အခုမွဲဆက်မွဲနေမယ်ဆို လူတွေကြောင့်ဖြစ်တယ်..

    ဘေးက ဘီအီးပုလင်းအား ခံစားပီး ရေးဗာသီ။

  • အရီး Khin Latt

    June 22, 2012 at 3:24 pm

    မနေ့ က ယူကေ ပါလီမာန် မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွား တယ်။
    “ဒီအချိန်ဟာ မြန်မာပြည် ကို ပြုပြင်ပြောင်းလဲဖို့ အတွက် အခွင့်အကောင်းဆုံး အချိန် ဘဲတဲ့၊
    ဒီတစ်ခါ မှာ မှ အဲဒီ အခွင့်အရေး ကို ကောင်းကောင်း မယူလိုက်နိုင်ရင် ဒီလို အခွင့်မျိုး ထပ်ရနိုင်ဖို့ နောင် နှစ်ပေါင်းများစွာ ထပ်စောင့် ရပါဦးမယ်တဲ့။”

    မြန်မာပြည်ကို ချစ်သူတိုင်း၊ တိုင်းပြည် ကို တိုးတက် စေလို သူတိုင်း၊ ဆင်းရဲနေတဲ့ လူထု ကို ကယ်တင်လိုသူတိုင်း သတိထားပြီး အားလုံး စည်းစည်းလုံး လုံး နဲ့ အလုပ်လုပ် ဖို့ အချိန်ရောက်နေပါပြီ။
    ကျွန်မတို့ တိုင်းပြည်မှာ ဖြစ် ခဲ့ပြီးတဲ့ နှစ်ပေါင်း များစွာမှာ လူတွေ ရဲ့ စိတ်ဓာတ် ဘယ်လောက် ပျက်ခဲ့ ကြလဲ။
    ဒါကို နှစ်ပေါင်း များစွာ ထပ်ပြီး ဖြုန်းပစ် မယ် ဆိုရင် မြန်မာလူမျိုး ဆိုတာပါ ပျောက်မှာ။
    မြန်မာပြည် ဆိုတာပါပျောက်မှာ။

    လက်ရှိ အခြေအနေမှာ အခု စိုးရိမ် နေတဲ့ ရိုဟင်ဂျာ ဆိုတာ ထက် ကိုယ့်ပြည်တွင်းက လက်တစ်ဆုတ်စာ အာဏာရှင် တွေ ကို ပိုကြောက်ရမှာ။
    သူတို့ က စနစ်ကောင်း အတွက် မလိုလား နေတဲ့ လူ တွေ။

    စနစ် ကို အပြစ်ရှာပါတယ်။
    စနစ်မကောင်း ပါဘူး။
    စနစ် ကို ပြင်ရပါမယ်။
    ကောင်းတဲ့ စနစ် ကို ရအောင် လုပ်ကြရပါမယ်။

    ဒါပေမဲ့ အဲဒီ စနစ် ဆိုတာ မကောင်းလို့ ပြင်ဖို့ ကြိုးစား နေတဲ့ “လူ” တွေ ကို နှောက်ယှက် နေတာ “ပျက် နေတဲ့ စနစ်” က မဟုတ်ဘူး။
    စနစ်ကောင်း ရမှာ ကို မလိုချင်တဲ့ “လူ” တွေ။

    ဒီတော့ ဘာကို အရင်ပြင် ရမှာလဲ။

    တောက်(စ်) 👿
    (မူရင်း- ဂဂ)

    • Azzurri

      June 22, 2012 at 3:29 pm

      ဟိုဘက်မှာအကြွေဇိနဲ့ပစ်နေတယ်တဲ့

      ပြင်တာတွေကို

      အာ. ဟိ

  • mocho

    June 22, 2012 at 6:41 pm

    လူကောင်းမှ စနစ် ကောင်းနိုင် မည်ဖြစ်၏။ လူမကောင်းသရွေ့ အလကားပဲ။ ဘာတဲ့စာတောင်ရှိသေး။
    လူကိုခင်လျှင်မူကိုပြင်သည်၊ လူကိုမုန်းတော့ မူကိုသုံးသတဲ့။ ကျမတို့ရုံးမှာ တုန်းက သုံး တဲ့ စကားပါ။

  • MaMa

    June 22, 2012 at 6:45 pm

    ဘုံလယ်ယာမြေစနစ်ကနေ လယ်ယာမြေခွဲဝေမှု စတင်လုပ်ကိုင်ဖို့ စိတ်ကူးရဖို့ ခက်တယ်။
    ရတဲ့ စိတ်ကူးကို အကောင်အထည်ဖော်နိုင်ဖို့က ပိုခက်တယ်။
    တဦးဦး အကွပ်မျက်ခံရရင် ကျန်ဂဲ့ဒဲ့ခလေး အရွယ်ရောက်သည်အထိ ကျန်သူများဂနေ ကျွေးမွေးစောင့်ရှောက်ပါမယ် ဆိုတဲ့ Plan B ကိုပါ တပါတည်း ချမှတ်လိုက်ခြင်းဖြင့် သူတို့ရဲ့ စီမံကိန်းကို စောင့်ရှောက်ထားတယ်။
    တော်လိုက်တဲ့ လယ်သမားတွေ။
    အခုလို ပြုပြင်ပြောင်းလဲရေးဖြစ်ပြီး နိုင်ငံတော်အတိုင်းအတာထိ အကျိုးကျေးဇူးတွေ ခံစားရတာကြောင့်
    စွန့်ဦးတီထွင်သူ လယ်သမား ၁၈ ယောက်ကို ကောင်းကောင်း ဂုဏ်ပြုသင့်တယ်။
    သမိုင်းမှာ မှတ်တမ်းတင်ထားသင့်တယ်။ 🙂

  • pooch

    June 22, 2012 at 6:55 pm

    ဂျေရုစလင်မြို့ မှာ စနစ်မှန်လို့ လက်ဝဲ လက်ယာ အတူတူနေကြတယ် ဆိုတာ လည်း ဟုတ်တာပဲ ။ ရှိတဲ့ စနစ်ကောင်းကို လိုက်နာနိုင် လိုက်နာတတ်တွေ လူတွေကြောင့်ဆိုရင်လည်း ပြောလို့ရတာပဲ။

    အရီးပြောတဲ့ စနစ်ကောင်းကို မလိုချင်ပဲ နောက်ပြန်ချင်တဲ့ လူတွေကြတော့ရော ဘယ်နှယ့်လုပ်ရပါ့ 😕

  • ရဲစည်

    June 22, 2012 at 10:50 pm

    စနစ်ဆိုလို့ပါ….. ကျုပ်နဲနဲဝင်ပါကြည့်မယ်…..ဆိုတာထက် ဝင်မေးကြည့်တာပါ……….။

    စနစ်အောက်မှာ လူရှိတာလား
    လူအောက်မှာ စနစ်ရှိတာလား
    ဥပဒေကို ဘယ်သူကရေးလဲ
    ရေးတဲ့အခါ
    စနစ်ကိုကြည့်ပီး ရေးတာလား
    လူတွေကို ကြည့်ပီး ရေးတာလား

    စနစ်ဆိုတာ စစအကောင်အထည်ဖော်ခြင်း အနစ်နာခံရတယ် ဒါကြောင့် စ+နစ်=စနစ်လို့ခေါ်တယ် အဲဒါကျုပ်သီအိုရီ
    ဥပမာ ချီးပါပီးရင် ဖင်ကို(ရေ၊စက္ကူ၊ဒုတ်)နဲ့ သန့်စင်ရတာ
    စနစ်ကြောင့် လူတွေလိုက်လုပ်တာလား
    လူတွေကြောင့် စနစ်ပုံစံဖြစ်လာတာလား

    တခါတလေမှာ စနစ်နဲ့လူ တိုက်ရိုက် အချိုးကျပေမဲ့
    တခါတလေမှာ ပြောင်းပြန်အချိုးကျတယ်………..
    အထက်က ဂျော်နီကြောင်ကြီးပို့စ်နဲ့ မိုက်ကယ်အောင်ပု ကွန်းမင့်ဖတ်ရတာ မြင်သာထင်သာရှိတယ် လေးဇားဒယ်ဗြာ အတည်….

    ဟိုတလောက ကျုပ်တို့ မြန်မာပြည်မှာ ကားကိစ္စတော်တော်ဟော့တယ် ပိုက်ဆံမရှိဘူး အလုပ်မကောင်းဘူး အရောင်းအဝယ်မကောင်းဘူးကြီး ညဉ်းနေသူတွေ ဒီကိစ္စပေါ်လာတော့ သောက်ပိုက်ဆံတွေ ဘယ်ဂျားထဲက ထွက်လာသတုန်း။လက်ရှိအစိုးရရာ ကုန်ခဲ့တဲ့အစိုးရပါ ကျုပ်တို့တိုင်းပြည်က လူဒွေသောက်ကျင့်ကို တဖက်ကမ်းခပ်ကျွမ်းတယ် ….ဆိုတော့ဂါ
    သဂျီးတို့ အမေဒစ်ကန်မှာ
    အရီးလတ်တို့ အင်လန်မှာ
    မိုက်ကယ်အောင်ပုတို့ ဖင်လန်မှာ
    ဂျော်နီကြောင်ကြီးတို့ ဟောလန်မှာ
    ကြေးမုံဂျီးတို့ ချီနားမှာ
    ဖုန်းကျော်တို့ ဩဇီမှာ
    ကျုပ်နေတဲ့ ဆိုမာလီးယားမှာ
    အစိုးရက လူတွေရဲ့ အခြေအနေကို သိနေရင်တောင်မှ စနစ်ဆိုဒါဂျီးကို ဖောဖောသီသီ မကွန့်ကြဘူး…စည်းဆိုတာထက် လူတွေကို ကြောက်တာပိုများတယ်(ဒါကျုပ်ရဲ့ ခြေသလုံးအိမ်တိုင် အတွေးအခေါ်)
    လွန်ခဲ့သော ရာစုနှစ်တွေက အူရောပမှာ ကျုပ်တို့လို သူတောင်းစားတွေနဲ့ ကျုပ်ရဲ့တတိယမြောက်ရည်းစားလို ပြည့်တန်ဆာဒွေကို မြို့ထဲမှာ အတည်တကျနေရာပေးပီး အသိအမှတ်ပြုထားပေးတယ် အဲဒါစနစ်ကြောင့်မဟုတ်ဘူး လူဒွေကြောင့်……………….. 🙂
    အထက်က ကိုကြောင်ကြီးပို့စ်မှာ ဆန့်ကျရင် သတ်ခံရမှာ သိတာတောင် လယ်သမားတွေ အနစ်နာခံပီး စနစ်ကို ဖန်တီးခဲ့ကြတယ်
    ကျုပ်မနှစ်က သင်ခဲ့ရတဲ့ ဖတ်စာမှာ ဦးနာအောက် အကြောင်းပါတယ် စနစ်ကို အနစ်နာခံပီး ဖေါ်ဆောင်ပေမဲ့ သောက်သုံးမကျတဲ့
    လူတွေက မလိုက်လာတော့ အစိုးရက နိူင်သွားတယ် ဒါကျုပ်အတွေး….
    ဒီတော့ ကျုပ်တိုနိူင်ငံသားတွေ သောက်တင်းတုပ် အစိုးရကို မကောင်းကြောင်းပြော လွှဲချကြ ပြီးရင် ဟိုလူထုခေါင်းဆောင်ဆိုတာကို
    ဖြစ်ချင်တာတွေ ဇွတ်လုပ်ခိုင်း ကိုယ်တိုင်က အုတ်ရောရော ကျောက်ရောရော အခြေအနေဟန်မှ လက်ထောင်တဲ့ သောက်ကျင့်တွေ
    မြန်မြန်ပြင်မှရမယ် နိူ့မဟုတ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး ဒါဗြဲ….
    ကျုပ်လဲ စာဖတ်သလိုလိုနဲ့ ဝတ္ထုခိုးဖတ်လိုက်အုံးမယ် ဪစနစ်…စနစ် အဲယောင်လို့ လူဒွေ….လူဒွေ 🙁

  • kai

    June 22, 2012 at 11:19 pm

    မြန်မာတွေရဲ့.. ရှေးစွန်းစွဲ ကွန်ဆာဗေးတစ်အစွန်းရောက်တွေကတော့.. ၉၅ရာခိုင်နှုန်းလောက်ရှိမယ်လို့ထင်တယ်..
    သူတို့က.. လစ်ဘရယ်နဲ့ဘက်မညှိပဲ.. အစွန်းနင်း… ဆွဲဆွဲချနေတော့ကာ.. တိုင်းပြည်ဟာ.. ဘာနိုင်ငံရေးစနစ်နဲ့..လုပ်လုပ်.. တိုးတက်လာမယ်မထင်မိပါဘူး..
    ဆိုတော့..
    ကျိန်စာလို့ပဲ.. ပြောချင်ပါတယ်..
    နှစ် ၁၀၀ဝ ကျိန်စာပါ…။ :mrgreen:

    http://myanmargazette.net/131262/uncategorized-other/copypaste
    မှာမန့်ထားတာကို ..ဒီဖက်ဖြတ်ကူးလာတာ.. 🙂

    • surmi

      June 23, 2012 at 12:26 am

      နှစ် ၁၀၀ဝ ကချင်မှကမယ်
      ဘယ်သောအခါမှ မပြီးသောကျိန်စာ

  • maung khinmin

    July 1, 2012 at 2:38 pm

    စနစ်ပြောင်းဖို ့…အမြစ်ဟောင်းကိုလှန်ကြစို ့

  • aye.kk

    August 8, 2012 at 9:15 pm

    ခြစားနေတဲ့သူတွေကို…
    နောက်ထပ်ရာထူးတွေတိုးနေတာတွေ…
    ထပ်မြှင့်တင်တာတွေလုပ်နေတော့၊ပုတ်သင်ညိုဆွဲပြားတတ်သလိုဖြစ်နေတယ်..
    လှည်းဘီးကရှေ ့ကိုသွားရမှာ၊နောက်ပြန်ယက်နေတယ်ဗျို ့…။။

Leave a Reply