Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သစ်မွှေး အမေးအဖြေ ကဏ္ဍ (၅)

Wai Aung Chan MyoJune 22, 20121min3406

On Fri, Jun 22, 2012 at 10:48 AM,xxxxx wrote:
>
> Hi Bro,
>
> I read your ” သစ်မွှေး” post and interest on that and I would like to know more detail about on that?
> for example ,
> 1.) your plants is over 1 year old (base on your post price $2k) , If so I only need to wait for another 2 – 2.5 years?
> 2.) What is the % that we can lose in first 1 year?
> 3.) Can I get the book also 🙂
> Thanks
>
> Regards,
> xxxx
>

မင်္ဂလာပါ ကိုxxရေ

ကျနော်ကိုယ်တိုင်ရေးထားတဲ့ သစ်မွှေးနဲ့ပတ်သတ်တဲ့ စာအုပ်ကို attached လုပ်ပြီး ပို့လိုက်တယ်နော်။ (ပုံတွေတော့ မပါဘူး connection အခက်အခဲကြောင့်ပါ)
ကျနော့်ပျိုးပင်တွေက ၁နှစ်သားရှိပါပြီ။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက စိုက်ထားတာပါ။ ဗီဇကြောင့်၎င်း၊ နေရောင်၊ ရေ၊ လေ စသဖြင့် ရရှိမှုကွာတာကြောင့်၎င်း၊ အပင်ဆိုဒ်ကွာရတာပါ။
ကျနော်စာအုပ်ထဲမှာတော့ ပြည့်ပြည့်စုံစုံ ရှင်းပြထားပါတယ်။ အပင် ၃နှစ်သားမှာ ဆေးထိုးလို့ ရပြီလို့ဆိုလိုတာက အဲ့ဒီအချိန်မှာ အစောဆုံးဖြစ်နိုင်တယ်လို့ပြောတာပါ။ ဒါပေမယ့် ရောင်းရင် ဈေးသိပ်မရနိုင်သေးပါဘူး။
တပင်ကို ပျမ်းမျှ ၁ဝသိန်းလောက်ရဖို့ဆိုရင် စိုက်သက် ၄နှစ်နဲ့ ၅နှစ်လောက်မှာ ဆေးစထိုးပါမယ် နောက် တစ်နှစ်ခွဲအကြာမှာ အဆီထုတ်ယူပြီး ရောင်းလို့ ရပါပြီ။ အဲဒီတော့ အစောဆုံး ၅နှစ်ခွဲပေါ့ဗျာ
ဒါက ဈေးကောင်းလိုချင်ရင်ပြောတာပါ။ ကံကောင်းရင် သိန်း၂ဝအထက်အထိရနိုင်ပါတယ်။
အချိန်နဲနဲစောင့်ရင် ငွေနဲနဲပဲရမယ်၊ များများစောင့်နိုင်ရင်တော့ အပင်ပိုထွားတဲ့အတွက် ငွေပိုရနိုင်မယ်လို့ပြောချင်တာပါ။
တချို့စီးပွားရေးသမားတွေကတော့ ကိုယ့်အပင်ရောင်းချင်တာနဲ့ ၃နှစ်အတွင်းဘယ်လောက်ရမယ်စသဖြင့် ပြောကြပါတယ်။

ဒါကို တချက်သတိပြုစေချင်ပါတယ်။

ရာသီဥတုဖောက်ပြန်လွန်းရင်တော့ ၁၀ဝ မှာ ၅ပင်လောက် အဆိုးဝါးဆုံးထိနိုင်ပါတယ်။
အဲ့ဒီအတွက် ကြိုတင်ကာကွယ်နည်းတွေ၊ လက်ငင်းအရေးပေါ်ကာကွယ်နည်းတွေရှိပါတယ်။
စာအုပ်ထဲမှာ ပြည့်ပြည့်စုံစုံရေးပြီးသားဖြစ်တဲ့အတွက် စာအုပ်ဖတ်ပြီး မရှင်းတာရှိရင် ပွင့်ပွင့်လင်းလင်းမေးမြန်းနိုင်ပါတယ်။

ခင်မင်စွာဖြင့်
ကိုဝေအောင် (စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး)

6 comments

  • first april

    July 2, 2012 at 11:45 am

    အစ်ကို့ရဲ့ စေတနာကို အရမ်းကျေးဇူးတင်ပါတယ်။ သစ်မွှေးအကြောင်းကို လေ့လာချင်လို့ online မှာရှာကြည့်တာ အစ်ကို့ဆီကပဲ တော်တော်များများသိရပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အစ်ကို့ရဲ့ သစ်မွှေးစာအုပ်ကိုလိုချင်ပါတယ်။ သစ်မွှေးစိုက်ဖို့အတွက် စိတ်ဝင်စားလို့ပါ။ ကျေးဇူးတင်ပါတယ်။

    • Wai Aung

      July 3, 2012 at 8:22 am

      ဟုတ်ကဲ့ပါ။
      ကျနော်ကလည်း အခုလို သစ်မွှေးအကြောင်းစိတ်ဝင်စားလို့ ဝမ်းသာပါတယ်။
      စာအုပ်ကို email နဲ့ ပို့လိုက်ပြီနော်။
      ခြံကိုလည်း လာလေ့လာဖို့ ဖိတ်ခေါ်ပါတယ်။

      ခင်မင်တဲ့
      ကိုဝေအောင် (စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး)

  • Ko Latt

    August 16, 2012 at 2:06 pm

    သစ်တောဘက်က မိတ်ဆွေ တစ်ယောက်က သူစိုက်ပျိုးထားတဲ့ သစ်မွှေး ပင် အကြောင်းတွေ ခဏခဏပြောနေလို့… စိုက်ပျိုးဖို့ကိုလည်း တိုက်တွန်းနေတာနဲ့ အင်တာနက်မှာ ရှာဖွေကြည့်လိုက်တာ အစ်ကို ဝေအောင် တင်ပြရှင်လင်းထားတဲ့ Post တွေပဲ အများဆုံးတွေ့ရပါတယ်…အခု သစ်မွှေးစိုက်ဖို့ကို တော်တော် စိတ်အားထက်သန်နေပါတယ်…အစ်ကိုက သစ်မွှေး စိုက်ပျိုးရေး စိတ်ဝင်စားတဲ့ ဝါသနာရှင်တွေကို အစ်ကို ကိုယ်တိုင်ရေးထားတဲ့ သစ်မွှေးစာအုပ်အကြောင်း ဖြန့်ဝေပေးနေတာ သိရလို့ တတ်နိုင်ရင် ကျွန်တော်လည်း လိုချင်ပါတယ်ခင်ဗျာ…
    အစ်ကိုတင်ပြထားတဲ့ Post တွေကို ဖတ်ရတဲ့ အတွက် ဗဟုသုတ တိုးပွားလို့ အရမ်းကို ကျေးဇူးတင်ရပါတယ်…
    kyawzinlatt.jlc@gmail.com

    • Wai Aung

      August 31, 2012 at 7:40 pm

      ဟုတ်ကဲ့ပါ
      ပြန်စာနောက်ကျတဲ့အတွက် ခွင့်လွတ်ပါဗျာ
      ကျနော် စာအုပ်ကို email ပို့လိုက်ပါပြီ
      နောက် မရှင်းလင်းတာများရှိရင်လည်း mail ပို့ရင်ပဲဖြစ်ဖြစ်၊ phone နဲ့ပဲဖြစ်ဖြစ်
      ကိုယ်တိုင် ခြံသို့လာရောက်လေ့လာရင်ပဲဖြစ်ဖြစ် ဖိတ်ခေါ်ပါတယ်ဗျာ

      ခင်မင်တဲ့
      ကိုဝေအောင်
      (စိမ်းလန်းသစ်မွှေး)

  • yan naing

    January 30, 2013 at 2:15 am

    တကယ်ကျေးဇူးတင်တယ်အကိုရာ။ အပင်ပျိုးထားတာ၄ လသားရှိနေပီ။ ဘာဆက်လုပ်ရမှန်းမသိတော့။ အင်တာနက်ကဟိုရှာဒီရှာလုပ်နေရတာကြာပီလေ။ ကြို့ပင်ကောက်ကပါ။ စိုက်လို့ရမရ။မသိသေးပါ။ ဘယ်သူမှလည်းအားမပေး။ ဘယ်မေးမေးမသိသေးတော့ ခက်နေတာ။ အကိုရေ။ ကျေးဇူးပြုပြီးကူညီပါ။ အစ်ကို ပို့ကိုဖတ်ရတာခုပထမဆုံးပါ။ အားရင်တော့ပို့ပေးပါဦးစာအုပ်ကို။yncc.ccny@gmail.com ပါ။
    ကျေးဇူးတင်လျှက်။

  • Wai Aung

    March 11, 2013 at 1:21 am

    ပြန်စာနောက်ကျလို့ ခွင့်လွတ်ပါဗျာ
    ကိုရန်နိုင်ဆီကို စာအုပ်ကို မေးလ်ပို့လိုက်ပါတယ်
    မရှင်းတာရှိလဲ ပွင့်ပွင့်လင်းလင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

    ခင်မင်တဲ့
    ကိုဝေအောင်
    စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး

Leave a Reply