Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်းဂေဇက်မှသည်……………မန္တလေး အလင်းဂျာနယ် ( ရောက်တတ်ရာရာ စကား)

htet wayJune 22, 20121min45516

ဒီနေ့ ကျွန်တော်ပျင်းပျင်းရှိတာနဲ့ ဂျာနယ်တိုက်တခုက အယ်ဒီတာ တစ်ယောက်ကို ဖုန်းဆက်ပြီး ကျွန်တော်ပေးထားတဲ့ စာမူတစ်ပုဒ်ရွေးပယ်ကိစ္စမေးမိပါတယ်။ ဆရာမက
“ အကိုရယ် ညီမတို့ဂျာနယ်က ခုဆို သတင်း ဦးစားပေးပါ သတင်းဆောင်းပါးတွေရေးပေးစေချင်ပါတယ်ကျမ ကလည်းရသစာပေ သမားပါ ကျမတို့က ရသစာပေကို ….”
ဂျာနယ်တစ်ခုမှာ သူ့မူအရ ရွေးခြင်းမရွေးခြင်းကို ဆင်ခြေပေးလို့မရပါဘူး အယ်ဒီတာတစ်ယောက်ဟာ သူကြိုက်ရင် သူရွေးမယ် မကြိုက်ရင်မရွေးဘူး ဒါ သူ့လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။ဒီအယ်ဒီတာက ကျွန်တော်နဲ့ ခင်ပါတယ် သူ့ခမျာ ကျွန်တော့်စာကို ပယ်ရမှာ အားနာနေပုံရပါတယ်။ ဒါကြောင့် ကျွန်တော်ကပဲ ဘာရယ် မဟုတ်ပါဘူး
မေးကြည့်တာပါ ။ စိတ်အနှောက်အယှက်မဖြစ်ပါနဲ့ လို့ပြန်ပြောရင်း ရှေ့ဖြစ်နောက်ဟောင်းတွေပဲ ပြောမိပါတယ်။
ကျွန်တော်ပြောချင်တာက စာမူတစ်ပုဒ်ဟာ ဂျာနယ်ရဲ့ မူပေါ်မူတည်ပါတယ် သူ့မူနဲ့ မကိုက်ရင် မရွေးပါဘူး။သောကြာမဂ္ဂဇင်းက ကိုသောကြာကို ကျွန်တော်သဘောကျပါတယ်
တခါက ကျွန်တော် ပေးထားတဲ့ စာမူတွေကိုရွေးပယ်မေးမိပါတယ်။သူက ဘာမှ မပြောပါဘူး ကျွန်တော့်စာမူကိုပဲပြန်ပေးလိုက်ပါတယ် ပြီးမှ ဆရာကို ထက်ဝေး သောကြာမှာရေးတာ အပုဒ်၃ဝကျော်လောက်ရှိမယ် ထင်ပါတယ် ခင်ဗျား အခု စာမူတွေက တို လွန်းတယ်ဗျာ နည်းနည်းရှည်ရှည်လေးရေးစေချင်ပါတယ်။
( တကယ်တော့ ကျွန်တော်က လူလယ်ကျတာပါ ဂေဇက်မှာကျွန်တော်ရေးတဲ့ စာတွေ ကိုပဲ ပြန်ကူးထုတ်ပြီးပေးတာပါ။)ကျွန်တော် စာရေးတဲ့ မဂ္ဂဇင်းက မန်းဂေဇက်ပါ
ကျွန်တော့်ကွင်းက ဂေဇက် ပါပဲ။ ထိုနည်းတူစွာ ကျွန်တော်လေးစားရတဲ့ လူတွေက ဂေဇက်မှာရှိနေပါတယ်။
ကျွန်တော်စာပေအပေါ်ရူးသွပ်ခဲ့တဲ့ ကာလမှာ အပယ်ခံရတဲ့ စာမူတွေ မနည်းပါဘူး။ ငါ့စာမူကကောင်းရဲ့ သားနဲ့ ပယ်ရသလားလို့လည်း မတွေးမိပါဘူး။ ဘာကြောင့်ဆိုတော့ ကျွန်တော် က စုတုပြု အဆင့်ပဲရှိတာပါ။တလောက စာရေးဆရာ အသင်း ညီလာခံ တက်မယ့် သူငယ်ချင်းက ခင်ဗျားက စာရေးဆရာလည်း ဟုတ်
ကဗျာဆရာလည်း ဟုတ် သတင်းစာ ဆရာလည်း ဟုတ်ဆိုတော့ ဘယ် အသင်းဝင်ဝင်အဆင်ပြေတယ်တဲ့ ..။ဒီစကားကို ကျွန်တော် ဘဝင်မကျမိပါဘူး ။ကျွန်တော်ဟာ ဘာမှ မယ်မယ်ရရ စာကောင်းပေမွန်ရေး နိုင်သေးတာလည်း မဟုတ်ပါဘူး။နောက်တခုက အခုထိ အရေး အဖွဲ့ လိုနေပါသေးတယ်။ကျွန်တော် မဂ္ဂဇင်းမှာပါတဲ့ ကဗျာတွေဟာလည်း ခုတွေးကြည့်ရင် ရှက်စရာကောင်းလောက်တဲ့ အချစ်ကဗျာတွေပါပဲ။သရုပ်မှန်ကဗျာနည်းပါတယ် ဘဝကဗျာနည်းပါတယ်။နောက်တစ်ခုက ဟာသတွေပါ။ ဟာသဆိုတာ ရေးရတာ
မလွယ်ဘူးလို့ေြ့ပာပေမယ့် တကယ်တန်းကြတော့ လူ့ဘဝကို ဘာတွေကောင်းကျိုးပြုခဲ့လို့လည်းလို့ ပြန်တွေးပြီး အားငယ်မိပါတယ်။နောက်မူခင်းဝတ္ထုတွေ ကလောင်ခွဲနဲ့ရေးခဲ့တယ်
မူခင်းတွေကတော့ ဆင်ခြင်တတ်သူတွေအတွက် အနည်းငယ်လေး သုတရပေမယ့် ကျွန်တော်ကတော့ အားရစရာမကောင်းခဲ့ပါဘူး။ ဒီဝတ္ထုတွေ ရဖို့ အတွက် ကျွန်တော်
သိက္ခာတွေပဲ့ခဲ့ရပါတယ်။ ရဲစခန်းသွားပြီး လူတွေရဲ့ တောင်ထင်မြောာက်ထင်ခံရပါတယ်။
စာကောင်းပေမွန်ဆိုလို့ နည်းနည်းပဲရေးနိုင်ခဲ့သေးတယ် ဘာမှ မဟုတ် ။စာရေးဆရာလို့ နာမည် တပ်နိုင်လောက်တဲ့ လူမဟုတ် သေးပါ။ ကျွန်တော်ကိုယ်ကျွန်တော်လည်း တခါမှ စာရေးဆရာ ပါလို့ ဂုဏ်မယူခဲ့ဖူးပါ။ကျွန်တော်သည် ကချိကချောက်စာရေးသူတစ်ဦးဟုသာ သုံးနုန်းခဲ့ဖူးပါတယ်။
ကျွန်တော် စာရေးပါတယ် ။ အဓိက မန်းဂေဇက်ကနေစပြီး အဆက်ပြတ်တဲ့ စာရေးတဲ့ ဘဝကို ပြန်ယူပါတယ်။မန်းဂေဇက်ဟာကျွန်တော် ရဲ့ ဘူမိနက်သန်ဖြစ်ပါတယ် ။
မန်းဂေဇက်ကရွာသားတွေ စာဖတ်ပရိသတ်တွေ ဟာ ကျွန်တော့် ကျေးဇူးရှင်တွေပါ။သူကြီးဟာကျေးဇူးရှင်ပါ။
အခုဆို ကျွန်တော် သိပ်ရေးချင်တဲ့ အင်တာနက် ဇာတ်လမ်းးကို ကျွန်တော် မန်းဂေဇက်မှာ ပြီးခဲ့သော တစ်လကရေးခဲ့ပါတယ်။ တစ်ကနေကိုးထိ။ (၂၂.၆.၂၀၁၂)ရက်နေ့
သောကြာနေ့ထုတ်မှာ မန္တလေး အလင်းဂျာနယ်မှာအင်တာနက် ဇာတ်လမ်း(၃) ဒီဝတ္ထု ပါလာပါတယ်။ ဂျာနယ်က ရွေးလိုက်တဲ့ အတွက် အယ်ဒီတာချုပ် ဆရာဦးတင်ကိုအောင်ကိုကျေးဇူးတင်ပါတယ်ခင်ဗျား။
ဆိုခဲ့ပြီးသည့်အတိုင်းမန်းဂေဇက်ကတော့ ကျွန်တော့်ရဲ့ ဘူမိနက်သန်ဖြစ်ပါကြောင်း ကျေးဇူးတင်ထိုက်လို့ ကျေးဇူးစကားပြောလိုက်ပါတယ်ခင်ဗျား။

16 comments

  • Victory

    June 22, 2012 at 9:50 pm

    ဝမ်းသာဂုဏ်ယူပါတယ်ခင်ဗျာ။
    စာအရေးအသားက အဆင့်တခုမှာရှိနေလို့ (အခုမှမဟုတ်ဘဲ အရင်ထဲက)အရွေးခံခဲ့ရတာပါဗျာ။
    အခုဒီ ကိုထက်ဝေးရဲ့ (အင်တာနက်)ဇာတ်လမ်းလေးကိုလဲ ဒီမှာတင်တုန်းက ဖတ်ဖူးပါတယ်။
    ကျနော်က မန့်တဲ့အလေ့အထနဲသူမို့ မမန့်တော့မမန့်ဖြစ်ခဲ့ပါဘူး။
    ဘာဘဲဖြစ်ဖြစ် (မမန့်လဲဘဲ)အားပေးလျှက်ပါလို့။

  • htet way

    June 22, 2012 at 9:58 pm

    ကျေးဇူးပါဗျာ ကျွန်တော်ဆိုလိုတာက မန်းဂေဇက်ရဲ့ ကျေးဇူးပါ။
    ဆရာတို့ ကျေးဇူးလည်းပါပါတယ်။
    ခုလို ဖတ်ပေး မန့်ပေးတာကိုက လေးစားပါတယ်ဗျာ။

  • မောင်ပေ

    June 22, 2012 at 9:58 pm

    ဒီမှာဖတ်ပြီးသား ဆိုပေမယ့်
    ကိုယ့်ရွာသားချင်း ကွန်ဂရက်ကျူလေးရှင်း လုပ်တဲ့အနေနဲ ့
    ဝယ်ဖတ်မယ်ဗျာ ဆြာထက်ရေ။

  • htet way

    June 22, 2012 at 10:13 pm

    ကျေးဇူးဗျာ လမ်း၄ဝအမှတ် ၁၇ဝ ပထပ်မှာ ဂျာနယ်တိုက်ရှိတယ်
    အဲ့ဒီမှာပဲ ဝယ်လို့ရနိုင်မယ်။
    ဒီလို ပြောတာ ဝမ်းသာတယ်ဗျား

  • kai

    June 23, 2012 at 4:34 am

    ပုံနှိပ်သတင်းစာ..စာရေးသူတွေထဲ.. မြန်မာပြည်က.. အမျိုးသားစာပေဆုရ..စာရေးဆရာကြီးများ အများအပြား..ပါပါတယ်ခင်ဗျား..
    ဝက်ဘ်ဆိုက်ထဲ.. တချို့က.. ရွာသူားများအနေနဲ့လည်း.. ရှိကြပါတယ်..။ လာလည်းဖတ်တယ်လို့.. သိရပါတယ်..
    စကားအတင်းစပ်ပြောရရင်.. တခြားစာနယ်ဇင်းအယ်ဒီတာများလည်း.. ရွာသူားအနေနဲ့ရှိကြပါတယ်လို့..
    =
    ဆိုတော့..
    ဆရာထက်ဝေးရေးနေ..ရှိနေတာကိုလည်း.. မန်းဂေဇက်က.. ဂုဏ်ယူလျှက်ပါလို့.. 🙂

  • maungmoenyo

    June 23, 2012 at 8:22 am

    ဆရာထက်ဝေ ရဲ့ရေးချက်တွေ ထိမိတာ သတိထားမိတာကြာပါပကော။ ပြန်မကွန့်နိုင်ပေမဲ့ စာအသွားအလာရေးဟန်တွေကိုအားကျ လေးစားမိပါတယ်။ စာပေဆိုတာ ကဗျာမှ၊ ဆောင်းပါးမှ၊ ဝတ္ထုမှမဟုတ်ပါဘူး။ ပရိသတ် အမျိုးမျိုးရှိသလို၊ စာပေရသ ဟာလည်းပရိသတ်အစုံရဲ့လိုအင်ကိုဖြည့်ပေးရပါတယ်။
    ကိုယ့်စာမူအပါယ်ခံရတာစိတ်မကောင်းစရာဆိုပေမဲ့ တပြိုင်တည်းမှာ ကိုယ်အရည့်အသွေးကိုပါ ပြန်ညှိလို့ကောင်းတဲ့ check and balance မဟုတ်ပါလား။
    ချီးကျူးဘို့ ပိုကောင်းတာက ရာစုနှစ်တဝက်စာလောက် စါပေလွတ်လပ်ခွင့်ဆိတ်သုဉ်းခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲက လိုအင်တွေကို ကလောင်နဲ့ ရင်အေးစေခဲ့တဲ့ များစွာသော အထင်ကရနဲ့အညတရ စာပေတို့ကို ဒီကနေဦးအကြိမ်ကြိမ်ညွှတ်လို့လေးစားမိပါရဲ့….။ မောင်မိုးညို

  • water-melon

    June 23, 2012 at 8:54 am

    သောကြာနေ့ဆိုတော့ မှီပါသေးတယ်
    အပြေးလေးသွားဝယ်ဖတ်ပါအုန်းမယ်
    ဆရာထက်ရေ

  • ကိုခိုင်ရေ
    (စကားအတင်းစပ်ပြောရရင်.. တခြားစာနယ်ဇင်းအယ်ဒီတာများလည်း.. ရွာသူားအနေနဲ့ရှိကြပါတယ်လို့..)
    အဲဒါကတော့ အမှန်တကယ်ပါဘဲ။
    ကျနော်ရဲ့ “ချစ်ခြင်းရဲ့အဆုံးဟာအမုန်းလားကွယ်”ဆိုတာလေးကို
    အယ်ဒီတာတစ်ယောက်က ဒီမှာဖတ်မိလို့ယူပြီး သူ့ဂျာနယ်မှာပုံနှိပ်လိုက်တာကစလို့
    အဲဒီ SHADE ဂျာနယ်မှာ ကျနော်ခုထက်ထိ ပင်တိုင်စာရေးသူ ဖြစ်လာခဲ့ပါတယ်။
    အဲဒီဂျာနယ်လေးက မန်းလေးအခြေစိုက်ဆိုတော့ အထက်မြန်မာပြည်ဘက်(ကလေး မကွေး )ဘက်ကိုဘဲ
    ရောက်ပါတယ်။
    ကျနော်စာတပုဒ်ရေးပြီးရင် ဒီဆို်က်မှာတင်တယ်(အခြားဆိုက်လေးငါးခုကိုလဲတပြိုင်တည်းတင်ပါတယ်)
    ဓါတ်ပုံကတော့ မန်းလေးဂေဇက်မှာတင်ပြီးမှ ဖေစ်ဘုတ်မှာရှယ်ယာလုပ်ပါတယ်)
    ကျန်တဲဆိုက်တွေမှာ ဓါတ်ပုံ(ဖိုတိုအက်ဆေး မတင်ပါဘူး)
    ပြီးမှ ကောင်းမယ်သင့်တော်မယ်ထင်တာလေးကို ဂျာနယ်တိုက်ကိုပေးလိုက်ပါတယ်။
    မန်းလေးဂေဇက်မှာရေးတော့ ကျနော်ရေးတာကို ဖတ်သူများသထက်များလာပါတယ်။
    မိတ်ဆွေလဲ တိုးသထက်တိုးလာတာကတော့ အမှန်ပါဘဲ။
    ကျနော်သိသလောက် ကိုပေါက်နဲ့မန္တလေးဂေဇက်ကို တွဲမြင်ထားကြတာကိုပါဘဲ။
    ကျနော်စိတ်ထဲမှာလဲ ကိုပေါက်(မန္တလေး) ဆိုတာ မန်းလေးဂေဇက်ရဲ့ ပင်တိုင်စာရေးသူအဖြစ်
    ခံယူထားပါတယ်။
    (ဘယ်အချိန်ထိလဲဆိုရင် ကျနော်ကွန်ပြူတာရှေ့ထိုင်နိုင်တဲ့အချိန်ထိရယ်၊သူကြီးက လာမရေးနဲ့တော့ ဆိုတဲ့အချိန်ထိပေါ့)း)

    ကိုထက်ဝေးရေ
    ကိုယ်စာမူလေးကို ပုံနှိပ်စာလုံးနဲ့မြင်ရရင် ပီတိဖြစ်တာအမှန်ဗျ။
    ဒါကစာရေးသူခြင်းဆိုရင်ပိုနားလွယ်မယ်။
    ဂေဇက်မှာ ပုံနှိပ်ခံရတော့ ကိုခိုင်ပို့ပေးတဲ့ သတင်းစာ စကရင်ပေါ်မှာမြင်ရပါတယ်။
    ကို်ယ့်အတွေးလေးတွေ အဝေးကလူတွေဖတ်ရပြီပေါ့။
    ကိုထက်ဝေး စာမှာလာပြီး မဆိုင်တဲ့ကိုယ်ရေးကိုယ်တာ တွေပြောမိတာကို တော့ခွင့်လွှတ်ပေတော့။
    ကျနော်ပြောချင်တာက စာရေးဝါသနာပါသူတစ်ယောက် ကိုယ့်စာလေးပုံနှိပ်ခံရရင် ဖြစ်လာတဲ့ ခံစားချက်
    ပီတိလေးကိုပြောပြချင်တာက အဓိကပါ။
    ကိုထက်ဝေးရေ
    တစ်နေရာမှာပုံနှိပ်ပြီးရင် နောက်တစ်နေရာဆက်ပို့ပေတော့ ။
    အရင်လိုမခက်ခဲတာသေချာတယ်။
    ရန်ကုန်ထုတ်ဂျာနယ်က ပိုပြီးစောင်ရေများတယ်။
    ပိုပျံ့နှံ့တယ်။
    အခုခေတ်မှာစာမူပို့လို့ကောင်းတာတစ်ချက်က အီးမေလ်းကနေပို့ရင်ရတာပါဘဲ။
    စာတိုက်ကနေတစ်ဆင့်သွားစရာမလိုတော့ဘူးလေ။
    ဆရာထက်ရေ ရသရေးသူရှားလာတယ်ပြောတယ်။

    တကယ်လို့ ဆန္ဒရှိမယ်ဆိုရင် Shade ကို ဒီလိ်ပ်စာအတိုင်း
    mailshade2011@gmail.com
    စာမူပို့ပေးလိုက်ပါ။
    ကျနော်မိတ်ဆက်ပေးထားမယ်နော်။
    ဒီထက်ပိုအောင်မြင်ပါစေ။

  • စိန်ဗိုက်ဗိုက်

    June 23, 2012 at 11:56 am

    အူးလေးတို ့လို ( အပြင်မှာကော ရွာထဲမှာပါ ) အမှန်အကန် ရေးနေတဲ့လူတွေရှိတာ ဂုဏ်ယူပါတယ်ဗျား..
    ကျနော်လဲ ဝမ်းဒေးတော့ အူးလေးတို ့လို ဖြစ်အောင် ကြိုးစားချင်ပါသေးတယ်..
    နာမည်ကျော် စာရေးဆရာများ များများပေါ်ထွက်လာပါစေဗျား..

    စာမူခထုတ်ရင် ဘီအီးတော့ တိုက်ကြပါနော..
    တစ်ယောက်မှလဲ မတိုက်ကြဖူးသေးဘူး.. 😀

  • htet way

    June 23, 2012 at 2:02 pm

    သူကြီးမင်းရဲ့ စကားကို ဖတ်ရတာ ဝမ်းသာမိပါတယ်။လေးစားပါတယ်သို့သော် ကျွန်တော်က
    ကချိကချောက်ပါ။
    ကိုပေါက်ကိုလည်း ကျေးဇူးပါ။
    ကျွန်တော် ဖုန်းဆက်ပါအုံးမယ်။
    ကိုစိန်ဗိုက်ဗိုက် အရက်တော့ မတိုက်ပါရစေနဲ့ လက်ဖက်ရည် တိုက်ပါ့မယ်

  • mocho

    June 23, 2012 at 2:28 pm

    ကျမ ဆိုရင်စာဖတ်ဝါသနာကြီးတဲ့ စာဖတ်သူ သက်သက် ကနေ ဒီဆိုဒ်ကို ဖတ်ရင်းနဲ့မှ စာရေးချင်တဲ့ ပိုးတွေဝင်လာခဲ့ပါတယ်။ ဘာတွေရေးရမှန်းလည်းမသိတော့ ကိုယ့်အကြောင်းတွေ ကိုယ်ပဲ ဖော်ကောင်လုပ်နေမိတော့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာတို့လို စာရေး ဆရာ အစစ်တွေ ပါ ဝင် ရေးတဲ့ဆိုဒ် မို့လို့ကိုယ့်ကိုကိုယ် ရောယောင်ဂုဏ်ယူမိပါတယ်။

  • MaMa

    June 23, 2012 at 7:51 pm

    ခုတလော မန့်တာတွေ ပျောက်ပျောက်သွားလို့ စိတ်ပိန်နေတယ်။
    ဘိုလိုဖစ်တာလဲ မသိဘူး။
    မန့်ထားတာမတွေ့လို့ ထပ်မန့်ဖို့ကျတော့လည်း ဖီးလ်က မလာတော့ပြန်ဘူး။ 🙁

  • ကျနော်လဲ ခဏခဏကြုံရပါသည်။
    မန်းလိုက်တယ် နောက်ပျောက်သွားတယ်.
    ကျနော်ကတော့ စိတ်ပါရင်ထပ်မန်းလိုက်ပါတယ်။

  • ဦးဦးပါလေရာ

    June 24, 2012 at 6:52 am

    ဒီမနက်မှ ဝင်လို့ရတော့
    မဖတ်ရတဲ့ ပိုစ့်တွေကို တော်တော်များနေပြီ
    ဒီပိုစ့်တက်သွားတာ သိတောင်မသိလိုက်ဘူး ကိုထက်ဝေးရေ..

    ကိုထက်ဝေး စာပေနယ်ထဲ ခြေပြန်ချတာ ဝမ်းသာပါတယ်ဗျာ…

  • htet way

    June 24, 2012 at 7:45 pm

    ဆရာ ခင်ဗျား
    ကျွန်တော် ကြိုးစားနေပါတယ်။
    စာတွေ ရေးချင်လာတဲ့ စိတ်ရှိနေတုန်းရေးနေပါတယ် ဆရာ
    ကျွန်တော့်ကို ခင်မင်အားပေးတဲ့ ဆရာ့ကိုကျေးဇူးတင်ပါတယ်။
    ရန်ကုန်ရောက်တုန်း မတွေ့ရတာတော့ စိတ်မကောင်းဖြစ်မိပါတယ်ဗျား
    ဆရာ ဦးဦး ကျန်းမာ ရွှင်လန်းပါစေ

Leave a Reply