ဘာကိုရွေးကြမလဲ?
လူတွေနေထိုင်တဲ့
ကမာ္ဘကြီးကို
လူတွေက ဖျက်ဆီးဖို့
ကြိုးစားနေကြတာလား………..?
တိုက်ရိုက်တစ်မျိုး
သွယ်ဝိုက်လို့ တစ်ဖုံ
ဒုက္ခမျိုးစုံခဲ့ရပြီ ! ။
လူသားတွေရဲ့ ကိုယ်ကျင့်တရား
တဖြည်းဖြည်းနဲ့ တိုက်စား
စာရိတ္တတွေပျက်ပြားလို့
ဖြစ်ပွားလာတာစစ်ပွဲတွေ!!…….
မရပ်မနားပဲ ခရီးနှင်နေတဲ့
သိပ္ပံပညာတီထွင်မှုတွေ
အကောင်းတွေရှိသလို
ဆိုးကျိုးတွေလဲ ကြုံနေရပြီ ! ။
“CO2″ တဲ့ !
လူတွေကို ချက်ချင်းမရူးစေနိုင်ပေမဲ့
ကမာ္ဘကြီးပျက်စီးဖို့
တစ်နေရာကသူပါတယ်…………။
မြောက်ဝင်ရိုးစွန်းက
ရေခဲတွေအရည်ပျော်တဲ့ အခါ
ကျွန်းနိုင်ငံတွေ ဘယ်လိုနေမှာလဲ….?
Polar ဝက်ဝံလေးတွေရော
ဘယ်သွားကြမှာလဲ……….?
လူတိုင်းဟာ
တစ်နေ့မှာ သေကြရမှာပေမဲ့
ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတာမို့
1997 ” တိုကျို မှ သည်
2009 ” ကိုဖေဟေဂင် ” အထိ
ဘယ်လောက်များ
အကောင်အထည်ဖော်ခဲ့ကြပြီလဲ……..?
” အပူမီးတွေ ” နဲ ” ငြိမ်းချမ်းရေး ”
ကဲ့ မိတ်ဆွေ !
သင်ဘာကိုရွေးမှာလဲ…………?


မှတ်ချက်။ ။ ကျွန်မ blog အတွက် သူငယ်ချင်းတစ်ယောက်က ရေးပေးထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကှဗျာဖြစ်ပါတယ်..။ ကိုယ်တို်င်ရေထားတာ မဟုတ်တဲ့အတွက် Copy Paste အဖြစ်သတ်မှတ်နိုင်ပါတယ်..။
8 comments
mocho
June 23, 2012 at 12:40 pm
ကမ္ဘာကြီးရဲ့ စိမ်းလန်းမှုကို ခုချိန်က စပြီး မထိန်းသိမ်းရင် ကိုယ်တွေ ကံတောင်းရင်မှီ နိုင်သေးတဲ့နောက် အနှစ် ၅ဝ လောက်ဆိုရင် တော်တော်အခြေ နေ ဆိုးသွားပါလိမ့် မယ်။ ကျမတို့နိုင်ငံမှာ သစ်လုံးပုံ ကြီးတွေ၊ မီးသွေးပုံ တွေမြင်တိုင်း ပြုန်းတီး သွားတဲ့သစ်တော တွေ ပြေးမြင်မိသလို၊ တခါသုံးဝါးတူလေးတွေ တွေ့တိုင်း ဝါးတောကြီးတွေ ပြုန်းတီးသွားမှာ စိုးရိမ် မိပြန်တယ်။
pazflor
June 23, 2012 at 2:07 pm
ဖတ်ဖူးတာလေးပြန်ပြောကြည့်တာပါ။ ဒီ စက်မှူ့သိပ္ပံပညာတွေ မထွန်းကားခဲ့ရင်လည်း သဘာဝဝန်းကျင်က ထိခိုက်နေဦးမှာဘဲ။ ပလတ်စတစ်တွေ မကောင်းဘူးပြောတယ်နော်၊ ပလတ်စတစ်တွေသာ မပေါ်ခဲ့ဖူးဆို၊ ထုပ်ပိုးသယ်ပိုးပစ္စည်းတွေအတွက် သစ်တွေဝါးတွေကို ပိုခုတ်ပြီးသုံးရမှာပါ။ ဟိုက်ဒရိုကာဗွန်က ရတဲ့ ရေနံသဘာဝဓါတ်ငွေ့တွေကိုသာ မသုံးနိုင်ခဲ့ဘူးဆိုရင် သစ်ပင်တွေပိုအခုတ်ခံရပြီး စွမ်းအင်အတွက် အသုံးပြုနေကြရမှာပါ။ နျူကလီးယား မကောင်းဘူးပြောကြတယ်နော်၊ သူမရှိရင် လည်း အခုလိုနေတဲ့လျှပ်စစ်တွေဘယ်ကရမလည်း၊ အတိအကျမသိပေမဲ့ ဖွံဖြိုးပြီးနိုင်ငံတော်တော်များများမှာ သူ့ကအရမ်းအရေးပါပါတယ်။ အဲ့တော့ အဆိုးဘက်ချည်းလည်းမဟုတ်ပါဘူးခင်ဗျ။ ကိုယ်နိုင်ငံနောက်ကျနေရင်တော့ နောက်မှာကျန်ခဲ့ပြီး ခံသွားရမှာဘဲခင်ဗျ။
myanmarcitizen
June 23, 2012 at 2:32 pm
အားလုံး ကိုယ်စီ ကိုယ်စီ အသိစိတ်ရှိရှိထိန်းသိမ်းဖို့လိုပါမည်။
စိန်ဗိုက်ဗိုက်
June 23, 2012 at 3:21 pm
ဂျီးဒေါ်အနေနဲ ့သဘာဝပတ်ဝန်းကျင်ထိန်းသိ်မ်းရေးကို စိတ်ရော ကိုယ်ရော ဝင်နွှဲနေတာလေး သတိထားမိပါတယ်.
ဆက်လက် ဆင်နွှဲနေပါခင်ဗျား..
ကျေးဇူးပါ
we R one
June 23, 2012 at 3:25 pm
ဒီနေ့ U-22 ပွဲမှာ Green Volunteer သွားလုပ်မလို့ လိုက်ကြအုံးမလား.. ဗျို့
mamanoyar
June 23, 2012 at 8:27 pm
လိုက်ကြအုံးမယ်…. ဗျို့းးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မောင်ပေ
June 23, 2012 at 8:02 pm
“သဘာဝပတ်ဝန်းကျင်ထိန်းသိ်မ်းရေး” …
အင်မတန်မှကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါ ။ ကျုပ်တို ့ဆီမှာလဲ ၊ နိုင်ငံသားတိုင်း သိလာအောင် ၊ ပါဝင်ချင်စိတ် ဖြစ်လာအောင် အသိပေးလှုံ ့ဆော်ဖို ့၊ ဝီအာဝမ်း လို ပညာရှင်တွေ အများကြီးလိုအပ်နေပါတယ် ခင်ဗျား။
we R one
June 25, 2012 at 8:54 am
ပညာရှင်မဟုတ်ပါဘူး ကိုမောင်ပေရယ်.. အခုမှ လေ့လာတုန်းရှိသေးတာပါ..။