မိစ္ဆာဒိဋ္ဌိ…

ကျွန်တော်သိတဲ့ ရွာကြီးတရွာ…
အဲဒီရွာကြီးဟာ ဒီနေ့ခေတ်မှာ မြို့တွေနဲ့ ကားလမ်းတွေလဲ ပေါက်နေပါပြီ။ ပညာရေးကလဲ ရွာမှာတင် အထက်တန်းပညာရေးအထိ ရှိနေပါပြီ။
ဘာသာရေးကိုကြည့်ရင်လဲ ဘုန်းကြီးကျောင်းများစွာနဲ့ အဆင့်အတန်းမြင့်တဲ့ ဘာသာရေး အဆောက်အဦးကြီးတွေနဲ့ ရွာကြီးတစ်ရွာပါ။
ကျေးလက်ကျန်းမာရေးလဲရှိ။
လျှပ်စစ်မီး.. အင်တာနက်.. အားလုံးပြည့်စုံနေတဲ့ရွာကြီး။
အဲဒီရွာကြီးထဲက ဒီနေ့ခေတ်လူတွေရဲ့ အသိ။
ကျွန်တော် အံ့ဩမိတာလေး တစ်ခု။

အဲဒီရွာကြီးမှာ လူငယ်တစ်ဦး နှလုံးရောဂါလား.. ဝက်ရူးပြန်ရောဂါလားမသိဘူး။ ရှိနေတယ်။ တခါတလေ သတိလွတ်သလိုဖြစ်တတ်တယ်။ အဲဒီအခါ သူ့ကိုဖက်ထားရင် သက်သာပျောက်ကင်းသွားတတ်တယ်။ အမြဲတမ်းတော့လဲ ဖြစ်နေတာမဟုတ်ဘူး။ တစ်ခါ တစ်ခါပါ။

အဲဒီလူငယ်.. တစ်ခါမှာတော့ ဆိုင်ကယ်စီးရင် ရောဂါပေါ်လာခဲ့တယ်။ သတိလွတ်သွားတယ်ထင်ပါတယ်။ အလွန်အင်မတန်ပြင်းထန်တဲ့ အရှိန်နဲ့ ဆိုင်ကယ်ကို စီးလာတယ်။ သူ့ကိုယ်သူ သတိလွတ်ပြီး ထိမ်းမရသလိုဖြစ်နေပုံပဲ။
လမ်းဘေးက လူတွေ ဘေးကိုပြေး။ နောက်ဆုံးတော့ လမ်းဘေးက တိုင်ကြီးကို ဝင်တိုက်လိုက်တယ်။
ဒဏ်ရာတွေ ပြင်းထန်သွားတယ်။ ချက်ခြင်း အနီးဆုံးမြို့လေးက ဆေးရုံကိုပို့လိုက်တယ်။ မရတော့ပါဘူး။ ဆေးရုံမှာတင် ဆုံးသွားတယ်။
ရွာကို အလောင်းပြန်သည်လာခဲ့တယ်။ အလောင်းကို ရွာထဲသွင်းပြီး အိမ်မှာပြင်လိုက်တယ်။

အဲဒီနေ့မှာ.. တစ်ဦးတစ်ယောက်လို့ပဲ ဆိုပါစို့.. လူရယ်. ဘုန်းကြီးရယ် မပြောတော့ပါဘူး။ အဲဒီသူကပဲ ပြောတယ်ဆိုပါစို့
အလောင်းကိုရွာထဲအထိ သည်လာလို့ ဒီနေ့ဆိုင်ကယ်တိုက်မှုရင်လဲ ထပ်ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မိုးကြိုးတွေရင်လဲ ပစ်လိမ့်မယ်တဲ့။

တရွာလုံး ဆူ သွားတယ်။ တောထဲသွားနေတဲ့ ဆိုင်ကယ်တွေ လိုက်ခေါ်ကြတယ်။
ကျောင်းသွားမယ့် ကျောင်းသားတွေ ခြေကျင်သွားကြရတယ်။ တချို့က ကျောင်းအထိ ဆိုင်ကယ်လိုက်ယူကြတယ်။
ပြောတဲ့အတိုင်းတော့ ဘာမှဖြစ်မလာခဲ့ပါဘူး။
ဒါပေမယ့် ပြီးမသွားသေးဘူး။
ရွာထဲက လူတွေက မိရိုးဖလာ ကြားဖူးနားဝ စကားတွေရော… ဆရာတွေရော.. ဘာတွေရော.. အားလုံးလက်ခံလိုက်ကြပုံကြ…
““ဒီလိုလုပ်တဲ့အတွက် မိုးခေါင်တာတွေ ဖြစ်လိမ့်မယ်တဲ့။ ရွာကို ထိခိုက်လိမ့်မယ်တဲ့။””

အဲဒီရွာကြီးမှာ နှမ်းတွေစိုက်ထားတယ်။ နှမ်းတွေအောင်မြင်ဖို့က တမိုးလောက်အသဲအသန်လိုနေပြီ… ဒီတမိုး ရွာမှ နှမ်းတွေကလဲ ရမှာ။
ခုထိ မိုးက မရွာသေးဘူး။
ရွာသူ ရွာသားတွေ တယောက် တပေါက် ပြောလာကြပြီ.. “တောက် မိုးမရွာတာ ဒင်းတို့ကြောင့်”။
မျက်စောင်းတွေ ခုတ်လာကြပြီ..
ပြောတဲ့သူတွေ.. ခုတ်တဲ့သူတွေ မှာကော ကောင်းပါ့မလား။
အခုတ်ခံ အပြောခံရတဲ့ သူတွေမှာရော စိတ်ချမ်းသာပါ့မလား။
တရွားလုံး စည်းလုံးချစ်ခင်ကြတဲ့ လူ့ငြိမ်းချမ်းမှုလေး… မှားယွင်းတဲ့ အသိအမြင်လေးက ခုတ်သတ်ပစ်လိုက်ပြီ…

ဒီအသိအမြင်ဟာ ဘုရားပြခဲ့တဲ့ အသိအမြင်လား။ လူတွေကို ဆင်းရဲစေတဲ့ အသိအမြင်လား။ ချမ်းသာစေတဲ့ အသိအမြင်လား။

ဒီနေ့ အထက်တန်းဆိုတဲ့ ပညာရေးကကော လူ့အသိအမြင်တွေကို တိုးတက်ဖို့ အထောက်အကူမပြုနိုင်ကြပါလား။
ဒီနေ့ မြန်မာ နိုင်ငံ စာသင်မှုတွေဟာ စာသင်မှုတွေမှာပဲ လမ်းဆုံးနေကြပြီး ပညာသင်မှုအထိ မရောက်ကြပါလား။
မြန်မာနိုင်ငံ စာတတ်မြောက်ရေးနဲ့.. ပညာတတ်မြောက်ရေး အတူတူလား။
စာသင်ကျောင်းဆိုတဲ့ နာမည်နဲ့ အညီ စာတွေကိုပဲ သင်နေကြပါလား။

လူ့ဘဝ တသက်လုံးလိုလို တာဝန်တွေယူပြီး ကိုးကွယ်ဆည်းကပ်ခဲ့ရတဲ့ ကိုယ့်ဘဝရဲ့ လမ်းညွှန်သူတွေကကော….

ပညာဆိုတာ အကြောင်းမှန်ကို “သိ”ခြင်းတဲ့။ မိုးမရွာခြင်း အကြောင်းမှန်က ဒါမျိုးလား။
ဒီရွာမှာ ဒါမျိုးဖြစ်လို့ မိုးမရွာဘူးဆိုရင် ဟိုဘက်ရွာတွေ ဘာဆိုင်လို့လဲ သူတို့ ရွာတွေ ရွာပါ့တော့လား။ ဒီရွာက ဒါမျိုးလုပ်လို့ အပြစ်ရှိတာဆိုရင် တမြို့နယ်လုံးနဲ့ဘာဆိုင်လို့လဲ။ ကျန်တဲ့ မြို့နယ်ထဲက ရွာတွေ ရွာပါတော့လား။
မိုးကြိုးဆိုတာ ဘာကြောင့် ပစ်တာလဲ။
မြို့ကြီးတွေပေါ်မှာ အလောင်းတွေ ဒီလိုသည်နေကြ.. ဖြတ်နေကြ.. ကူးနေကြ.. သန်းနေကြ.. တာပဲ မဟုတ်လား။
ရုပ်ဝတ္ထု ပစ္စည်းတွေ တိုးတက်လာပေမယ့် .. လူ့အသိတွေ မတိုးတက်သလိုပါပဲလား။
ကျွန်တော်တို့ ဒီနေ့ စာသင်ကျောင်းတွေမှာ လူငယ်လူရွယ်တွေအားလုံး စာသင်နေကြတာဟာ စာတတ်ဖို့။ ဘွဲ့ရဖို့။ အလုပ်ရဖို့။ အတွက်ပဲလား။ အမှားအမှန်ဝေဘန်နိုင်တဲ့ ပညာရှိဖို့အတွက် မပါကြတော့ဘူးလား။

လှေလုပ်နည်းတွေသင်နေကြတယ်။
လှေလှော်နည်းတွေလဲ သင်နေကြတယ်။
ရေလမ်းကြောင်းတွေလဲ သင်နေကြတယ်။
ကောင်းကင်ကြည့်တွေလဲ သင်နေကြတယ်။
ဘာတွေ ဘယ်လောက်သင်သင်.. လိုရာကို မှန်မှန်ကန်ကန်ရောက်ဖို့ ပဲ့ထိမ်နည်း မသင်ခဲ့ရင်…
လှေတွေကြိုက်သလောက်ကောင်း…
အားကောင်းမောင်းသန်ကြိုက်သလောက်လှော်…
ရေလမ်းအပေါ် ကြိုက်သလောက်ကျွမ်းကျင်..…
ပဲ့မပါရင်.. ပဲ့ မထိမ်းတတ်ရင် ပင်လယ်ပြင် ဝယ်လည်နေမှာပါပဲ။
လိုအပ်တဲ့ ပန်းတိုင်ရောက်ဖို့ လွန်စွာခဲ့ယဉ်းပါလိမ့်မယ်။
ဒီနေ့ ရဟန်းသံဃာတွေ ကိုးကွယ်နေကြတာလဲ.. နောင်ဘဝကောင်းစားဖို့ ငရဲမရောက်ဖို့.။ နတ်ပြည်ရောက်ဖို့။ နောင်ဘဝချမ်းသာဖို့။ ဒါတွေအတွက်ပဲ လား။ ဒီဘဝ ရပ်တည်ရှင်သန်မှုမှာ လမ်းမှန်ဖို့အတွက် တွေ မပါကြတော့ဘူးလား။
ဆရာတော်တွေက ပြောကြပါတယ်။ ဒို့ဗုဒ္ဓဘာသာဝင်တွေဟာ မိရိုးဖလာတွေများတယ်တဲ့။ ဒါက ဆရာတော်တွေပြောတဲ့စကား… ဒါလဲဟုတ်တာပဲ။
အဲ …အဲလိုမဟုတ်ဖို့ မိရိုးဖလာကို ကျော်တွေးပြီးဝေဘန်ကြည့်မယ်။ ဆန်းစစ်ကြည့်မယ်။ ဒီတော့လဲ မင်းဟာ အဓမ္မ…တဲ့။
ဒီတော့လဲ ဂွကြတဲ့အနေအထား..
ကျွန်တော် ကြားဖူးပါသေးတယ်။ ကမ္ဘာမှာ ဦးနှောက်တွေဈေးရောင်းပွဲတော်ကြီးကျင်းပနေတာမှာ မြန်မာ့ ဦးနှောက်က ဈေးအများဆုံးတဲ့။ ဘာကြောင့်လဲ ဆိုတော့ “မြန်မာ့ဦးနှောက်က လုံးဝမသုံးရသေးတဲ့ ဦးနှောက်အသစ်ဖြစ်လို့တဲ့”
ဟိုတုန်းက သင်္ချိုင်းက ပစ္စည်းဆို ဘာမှမယူကောင်းဘူးတဲ့။ အော်မလေး..
ဒီနေ့ ရွာတွေမှာ သင်္ချိုင်းကမြေတွေလဲ တချို့က နွားတဲတွေမှာမြေဖို့နေပြီ။
မြို့ကြီးတွေပေါ်မှာဆို.. သင်္ချိုင်းတွေဖျက်တော့ လူ့အုတ်ဂူတွေက အုတ်တွေကို ဝယ်ပြီး တံတိုင်းတွေတောင်ခတ်နေသေး။
အုတ်ခဲကို အုတ်ခဲလို့မြင်ဖို့ သိပ်ခက်နေတယ်။ သင်္ချိုင်းက အုတ်။ ဘုရားက အုတ်။ စီမံထားတဲ့ အုတ်။ ဘာအုတ်.. ညာအုတ်..
တကယ်တော့ အုတ် ခဲက အုတ်ခဲပါပဲ။
မိစ္ဆာဒိဋ္ဌိ..ဆိုတာ ဘာလဲ..
မိစ္ဆာဆိုတာ မှားမှားယွင်းယွင်း.. ။
ဒိဋ္ဌိ=ဆိုတာကတော့ မြင်တာပဲ။
လူသေအလောင်း ရွာထဲသည်လာလို့ ဆိုင်ကယ်တွေ ထပ်တိုက်လိမ့်မယ်။ ရွာမှာ နောက်ထပ်လူတွေ သေလိမ့်ဦးမယ်။
ဒီရွာမှာ မိုးတွေခေါင်လိမ့်မယ်။
မိုးကြိုးတွေ ပစ်လိမ့်မယ်။
မိစ္ဆာဒိဋ္ဌိ- ဆိုတာ မှားမှားယွင်းယွင်း သိမြင်တာ။
အော်…ရွာသူရွာသားများ ခင်ဗျာ။ မိစ္ဆာဒိဋ္ဌိ ၆၂=ပါးဆိုတာ ကြားဖူပါတယ်။ ကျွန်တော်တို့လို လူပြိန်းတွေ နာလည်တဲ့အနေအထားထိ လူတိုင်းနာလည်နိုင်တဲ့အနေအထားမျိုးနဲ့ သိခွင့်ရရင် သိချင်ပါတယ်ခင်ဗျာ… စာလိုသက်သက်ဖြင့် မသိလိုပါ။
ကျွန်ုပ်အား မေတ္တားထားသဖြင့် အကြောင်းအကျိုးပြကာ ပြုပြင်ဆုံးမမည့်သူများ ပေါများပါစေ။

16 comments

  • စိန်ဗိုက်ဗိုက်

    June 23, 2012 at 8:07 pm

    နားလည်လွယ်အောင် ဥပမာပေးပြီးရှင်းပြထားတာ ကောင်းပါလေ့ အူးဘဇင်းကိုကိုဇောက်ခင်ဗျား
    ဒါကြောင့်လဲ သဂျီးက ကွန်ဆာဗေးတစ် ကိုးဆယ်ရာခိုင်နှုန်းကျော် ရှိတယ်လို ့ ဆိုသကိုးဗျာ..
    ပြောမပြတတ်အောင် ကောင်းတယ်ဆိုတာပါပဲဗျာ..
    နောက်မှ ပြန်လာပါဦးမယ်…
    ကျလိ..ကျလိ..

  • မောင်ပေ

    June 23, 2012 at 8:30 pm

    အင်မတန်ကောင်းတဲ့ ဥပမာလေးတွေနဲ ့သုံးပြီး ရေးပြထားတာပါဘဲဗျာ ။
    အူးဘဇင်းဇောက်ဖလာ့ ၊ အင်မတန် ကျေးဇူးတင်ရှိကြောင်းပါ ဖလာ့။

  • အရီး Khin Latt

    June 23, 2012 at 8:56 pm

    အခုတောင် မြန်မာပြည် က ကလေးတွေဟာ သူတို့ အကျအန သွားနေတဲ့ ရှော့ပင်းစန်တာ တစ်ခု ဟာ အရင်က သင်းချိုင်းမြေ ဖြစ်ခဲ့ ဘူးတာ သိကြမယ် မထင်ဘူး။ 🙄

    မြန်မာပြည်မှာ အိမ်ပြောင်းရင် ရက်ရာဇာ ပြဿဒါး ကြည့်ကြသတဲ့။
    ဒီမှာတော့ အိမ်ပြောင်းတာ ရှေ့နေ နဲ့ အေးဂျင့် က သော့ပေးတဲ့ ရက်၊ ချေးများခွင့်မရှိ။
    ဗုဒ္ဓဟူး မှာခေါင်းမလျှော်ရတဲ့။ လာဘ်တိတ်သတဲ့။
    လျှော်လဲ တိတ်၊ မလျှော်လဲ တိတ်၊ ဘာမှမထူး။

    ဒါပေမဲ့ ပြသနာက အဲဒီ အစွဲ တွေ က စွဲတဲ့ သူရဲ့ စိတ်ကို လုံခြုံမှု/ မလုံခြုံမှု ပေးနေတာပါ။
    ဒါကို ဖျောက်ဖို့ ဆိုတာ သိပ်တော့ မလွယ်ဘူး။

    ဒီတစ်ခါ စာတွေ ကိုလဲ အထူး အားပေးသွားပါတယ်။

  • ဇောက် ထိုး

    June 24, 2012 at 6:36 am

    ဦးဗိုက်နဲ့ ဦးပေ..
    ဝိုင်းထောက်ကြပေ
    ငါ့မှာလေ ပျော်ရွှင်မိ..
    စွဲလမ်းတမိ။
    တွေ့ရှိတဲ့ သူတို့စာ…
    ဖတ်ပြီးတဲ့ခါ..
    ဟဲဟဲ ကွာ ပြောမယ်ပေါ့
    လော့အင်ကို ဆော့။
    ဟော့တော့လို့ ငြီးရပြီ
    လိုင်းကျသွားပြီ…
    ဟင်းဟင်းနော် နေနှင့်အုံး
    “တောက်” ခေါက်လို့ဆုံး….

  • ဇောက် ထိုး

    June 24, 2012 at 6:44 am

    ဘယ်သွားနေတာလဲ အရီးရယ်။ ကျုပ်ကို ဥပေက္ခာများထားလိုက်သလားလို့။
    ပြောချင်တာက ဗုဒ္ဓဘာသာ ဆိုပြီး.. ဗုဒ္ဓဘာသာအတွက် အသက်တွေတောင် ပေးဝံ့ကြပြီး
    ဗုဒ္ဓပြောတာလဲ ဘာမှမသိ။ လိုက်နာမှုလဲ မရှိ။ တကယ်စိတ်မကောင်းလွန်းလို့ပါ။
    စိတ်လုံခြုံမှု ပေးတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ်တွေ ပျောက်သွားတယ်။
    ကိုယ့်လုပ်လို့ဖြစ်လာတာတွေကို ကိုယ်လုပ်လို့လို့ မထင်တာတွေဟာ လောကမှာ အနစ်နာဆုံးပဲ။
    ခု ကိစ္စမှာ လူတွေအထင်လွဲ.. အမြင်လွဲ နဲ့ စိတ်ဝမ်းတွေ ကွဲလာရင် ဘယ်လောက်များ လူ့ငြိမ်းချမ်းမှု တွေ ထိခိုက်မလဲ။

  • mggwa

    June 24, 2012 at 10:03 am

    လိုင်စင်သိမ်းမှာစိုးလို့ မော်တော်ပီကယ်တွေကို ပေးတာက “အာလကေ”တဲ့။
    အမှုနိုင်အောင် တရားသူကြီးကို ပေးတာက “ဝမ်းတေဘယ်”တဲ့။
    ဟိုဟာ ဒီဟာကြောက်လို့ ပေးရတာက “လဘက်ရည်ဖိုး”တဲ့။
    အရှင်ကြီးတွေ ကိုင်မှာကြောက်လို့ နတ်ကတော်ကို ပေးတာကြတော့ “ရေစင်ဘိုး”တဲ့။
    နောင်ဘဝကောင်းစားအောင် ဘုန်းကြီးတွေကို ကျွေးရတာကတော့ “သပိတ်သွပ်”တဲ့။
    ကျောင်းအမှုကိစ္စတွေအတွက် သံဃနာယကကို ပေးရတာကိုတော့ . . . . . . .
    “နဝကမ္မ ကပ်တာပါ”တဲ့။
    တို့ ဘုန်းကြီးတွေ ဘယ်တော့မှ လာဘ်မစား . . . (ဝိနည်းထိုရ်တာပါ။)
    ဒါပေမယ့် တပည့်လိမ္မာ ဆရာအာပတ်လွတ်ဆိုတော့ . . . ဆိုတော့ . . . ဆိုတော့ . . .
    “နဝကမ္မပဲ ကပ်ရတာ”တဲ့။

    ဒါတွေဟာ . . . .
    ဘယ်အသိအမြင်ကနေ ပေါက်ဖွားလာတဲ့ အမှုတွေပါလဲကွယ်လို့ . . . . .။

  • ဇောက် ထိုး

    June 24, 2012 at 11:12 am

    ဟာဗျာ “ဦးဂွ” လုပ်ချလိုက်ပြီ။
    အားလုံးကို တိတိကျကျ အဖြေပေးရသော်…
    ၁=ရလိုမှု။
    ၂=ကြောက်မှု
    ၃=ယုံကြည်မှု။ ဒါပဲ။ အဲဒီကနေ ပေါက်ဖွားလာတာဘာ။

  • koko thant

    June 24, 2012 at 11:44 am

    သိပ်ကောင်းတဲ့စာလေးပါ ကိုကိုဇောက် ဆက်ရေးပါ အားပေးပါတယ်ဗျာ
    ဒါပေမဲ့ကျနော် တစ်ခုပြောချင်တာက ဒီလောက်ဖွံ့ဖြိုးတိုးတက်တဲ့ရွာက ဘာလို့ ဒီ မဟုတ်က ဟုတ်က ပြောနေတဲ့ ဒီလူရဲ့စကားကို ယုံကြရတာလဲ ဆိုတာ ကျနော်စဉ်းစားလို့မရဘူး ကိုကို ဇောက်ရယ်
    အဲ့လိုယုံကြ တဲ့သူတွေကြောင့် ဒီလိုလူက နာမည်ကြီနေတာနေမှာပါ ဒါ့ကြောင့် ကျနော်က ကဟုတ်က ဟုတ်ကပြောတဲ့သူ ကိုတော့ အပြစ်မမြင်ပါဘူး ယုံကြတဲ့သူတွေကိုပဲအပြစ်တင်ချင်ပါတယ် ဒီလိုယုံတဲ့သူတွေ ကလည်း ဦးနှောက်မရှိတဲ့သူတွေပဲဖြစ်မှာပါ
    ကျနော်ကြားဖူးတာလေးတစ်ခုပြောပြရဦးမယ် နယ်ကရွာတစ်ရွာမှာ နှစ်လုုံး သုံးလုံး ပေးတယ်ဆိုပြီးနာမည် ကြီးနေတဲ့ ဘုန်းကြီးတစ်ပါရှိတယ် နှလုံးသုံးလုံးပေးတယ်လို့ကြားတော့ လူတွေကလည်းလာလိုက်ကြတာ ကျောင်းဝင်းအတွင်း ပြည့်နေ တာပါ ဘုန်းကြီး ကကြာလာတော့ စိတ်ညစ်ပြီး လူတွေအားလုံးကို ပြန်ကြ လို့ပြောလိုက်တယ်၊ဒါကိုလူတွေက ဘုန်းကြီးနှလုံးဂဏန်းပေး တယ်ဆို ပြီး “ပြန်ကြ” ကိုဗေဒင်လိုတွက်ရင် ၅၂ ဆိုတဲ့ ဂဏန်းထိုးကြတယ် တိုက်ဆိုင်တော့ အဲ့ဒီ၅၂ ပဲ ထွက်သွားရာကနေ ဘုန်းကြီးလည်းအလိုလိုနေရင်း တန်းခိုးရှင် ဖြစ်သွားတာပေါ့ဗျာ
    ကိုကိုဇောက်ရဲ့စာထဲကလို ဘုန်းကြီးမှန်းမသိ လူ မှန်းမသိတဲ့သူရဲ့ စကားကို ယုံနေလို့ ကတော့ အဲ့ဒီ ဖွံ့ဖြိုးတိုးတက်နေတဲ့ရွာက ရှေ့ဆက်ပြီး တိုးတက်ဖို့ရာလမ်းမမြင်ပါဘူး
    လူတွေအားလုံး မိမိကိုယ်ကိုယ် ယုံကြည်ပြီး မိမိ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်နိုင်ပါစေ
    မှတ်ချက်၊ ၊ ဘုန်းကြီး တိုင်းကို မပြောလိုပါ ပြောသောစကားများအမှားပါရင် ခွင့်လွတ်ပါ

  • စိန်ဗိုက်ဗိုက်

    June 24, 2012 at 2:27 pm

    အူးဘဇင်းဇောက်ပြောတဲ့ မိစ္ဆာဒိဋ္ဌိ ၆၂=ပါးဆိုတာ အူးဘဇင်းကိုကိုဇောက်ပဲ အကျယ်လင်းပါဦးဗျာ..

  • ဇောက် ထိုး

    June 24, 2012 at 3:03 pm

    ဦးဗိုက်ကလဲဂျာ.. သားသားက စာလိုပဲ သိနေလို့ ပြောဒဲ့ဟာကို. ရပါဒယ်လေ။ သူငြားပြောတာတော့ စောင့်ဦးမှာ။ ဘယ်သူမှ ပြောမှ သားသားပြောမှာ။ ဒါပဲ။

    ကိုကိုသန့်ရေ… ကိုကိုသန့်ပြောတဲ့ ဟာမျိုးတွေက ဒို့မြန်မာ ဒို့သာသနာမှာ ပေါမှပေါပါကွာ။
    နှလုံးပေး။ ဗေဒင်ဟော။ ဓာတ်ရိုက်။ ယတြာညွှန်ပြ။ ဒါတွေကို ဘုရားက လုံးဝလက်ခံတာ မဟုတ်ပါဘူး။ ဇာတ်တော်တွေ.. မောင်ပါပ လို့နာမည်မှည့်တာတွေ။ ဘုရားက လူသာ အဓိက ဝါဒပါ။
    ဒါပေမယ့် အဲဒီလို ဘုရားဟောနဲ့ကန့်လန့်ကြီးဆန့်ကျင်ကြတဲ့ သူတွေကိုတော့ တခါမှ အဲဒီအလုပ်ကြောင့် ထောင်ကျတယ် မကြားဖူးဘူး။ အဓမ္မလို့ တခါမှ သတ်မှတ်တာလဲ မတွေ့ဖူးဘူး။
    အဲဒီအလုပ်တွေနဲ့ပတ်သက်လို့ ဘုရားက ဘယ်လောက်တောင်ပြောခဲ့သလဲဆိုရင်.. စာထဲရှာကြည့်ပေါ့။
    အဲ… ဒါပေမယ့် တရားကြောင်းလေးများ မဝေဘန်နဲ့ မဆွေးနွေးနဲ့.. မင်းတော့ အဓမ္မဖြစ်တော့မှာပဲ။

    • မဟာရာဇာ အံစာတုံး

      June 24, 2012 at 3:13 pm

      အဟင်း .. ဟင်း ..
      ၆၂ ပါးကို ဦးဇောက်ထိုးက သိချင်တယ် ဆိုပါစို့ ..
      အဟင်း .. ဟင်း …
      ဒါဆို ကျုပ် ပြောလိုက်ရမလား ..
      အဟွတ် .. အဟွတ် …
      ချောင်းကလည်း ဆိုးလိုက်တာ ….
      ပြောတော့ပါဘူးဗျာ … (သိမှ မသိတာ)
      😀
      ___________

      ဦးဇောက်ထိုးရေ ..

      ကျနော်တို့ မြန်မာတွေ အမြင်မှားနေကြတာကတော့ ..
      တော်တော် ဆိုးသဗျ ..
      ဦးဇောက်ထိုး ပြောခဲ့သလို ..
      ရွာပြင်ကအလောင်း ရွာထဲ မသွင်းကောင်းတာရော ..
      သေပြီးတဲ့လူ ခုနှစ်ရက်ပြည့်တဲ့အထိ အိမ်နား လည်နေတယ် ဆိုတာရော ..
      ဘုရားဟော တရားတော်နဲ့ကို မကိုက်ညီဘူးလို့ ကျနော်က မြင်တယ်ဗျ …
      မြန်မာ လူမျိုးတွေက ၃၁ ဘုံမှာ သရဲဘုံ (ပြိတ္တာဘုံ) ကိုပဲ ထင်ထင်ရှားရှား မြင်ကြ၊ ကြောက်တတ်ကြတယ်လို့ ထင်တာပဲဗျာ ….

  • thar ag

    June 24, 2012 at 4:37 pm

    နယ် တွေတော် တော် များများ မှာ ဒီလို အကျင့်မျိုးတွေကို တွေ့နေရပါတယ် ရွာကိုဖြတ်မသယ်ရတာတို့ ရွာထဲကိုအဝင် မခံတာတို့ ရှိနေတုံးပါ

  • မမ အညာသူ

    June 25, 2012 at 12:02 pm

    စာလေးကတကယ်အနှစ်သာရရှိပါတယ်……..
    အဲအစွဲတွေကိုဖြောက်ဖျက်ဖို့ကခဲရင်းပါတယ်……..
    ညာလဲအဲဒါတွေကိုယုံတယ်တော့မဟုတ်ပါဘူး.
    ဒါပေမဲ့အသက်နိုင်ဆုံးတော့ရှောင်ချင်တယ်.
    ညာလဲမိစ္ဆာဒိဋ္ဌိအစွဲတွေကိုလုံးလုံးမဖြောက်နိုင်သေးဘူးထင်ပါတယ်…….
    အားပေးနေပါတယ်နော်..အန်ကယ်ဇောက်………

  • ရှင်းသန့် နွယ်

    June 25, 2012 at 1:51 pm

    အန်ကယ်ဇောက်ရေ….
    “ထန်းသီးကြွေခိုက် ကျီးနင်းခိုက်” ဆိုသလိုပေါ့…..
    လူတွေမှာ ဖြစ်နိုင်တယ်မဖြစ်နိုင် ဘူးဆိုတာဆင်ခြင်စဉ်းစာနိုင်ကျတာပဲလေ.
    တစ်ချို့ကမဟုတ်တာကိုလဲအဟုတ်ထင်ကျတယ်..
    အစွဲ တွေရှိတော့ပိုဆိုးတာပေါ့…. သူပြောတာဆို ဟုတ်ကိုဟုတ်တယ်
    မှန်ကိုမှန်တယ် အဲလိုလူတွေကလဲ မရေတွက်နိုင်အောင်လေ……..
    ရှင့်သန့်လဲ မိစ္ဆာဒိဋ္ဌိ အယူတွေကင်းစင်အောင်ဖျောက်ဖျက်ဖို့ကြိုးစားရင်း
    အန်ကယ်ဇောက်ရဲ့ post တွေကို အားပေးနေပါတယ်ရှင်….

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 2:06 pm

    ခုပြောခဲ့တဲ့အကြောင်းအရာတွေမှာ…
    အယူအဆတွေဟာ မကောင်းတဲ့…
    အကျင့်တစ်ခုဖြစ်နေတယ်…
    ဒါက သဘာဝမကျဘူးနော်…
    လူတွေ တွေးတတ်ဖို့လိုတယ်…။
    စည်းလုံးညီညွတ်မှုတွေနဲ့…..
    တည်ဆောက်ထားတဲ့ရွာလေးမှာ..
    မှားယွင်းတဲ့ အသိအမြင်စိတ်လေးက
    လွဲချော်သွားခဲ့တာ နှမြောစရာကောင်းတယ်..။
    ဘာပဲဖြစ်ဖြစ် …………………….
    တိုးတက်ခေတ်မှီ လာတဲ့ရွာလေးမှာ..
    ဘာမဟုတ်တဲ့ အယူအဆလေးကြောင့်…
    စိတ်မှာစွဲထင်မသွားစေချင်ဘူး….။

  • Passing By

    June 25, 2012 at 9:50 pm

    အဟီး ..
    တတ်လည်း တတ်နိုင်ကြတဲ့သူတွေ ..
    မချင့်မရဲ့လည်း ဖြစ်မိတယ် .. ဘာလို့ ငါတို့လောက် မတွေးနိုင်ကြတာလဲလို့ ..
    ဘုရားရှင် တောင်မှ ကျွတ်တန်၊ တဲ့သူကိုဘဲ ချွတ်ပေးခဲ့တယ်လို့ တွေးတွေးပြီး စိတ်ဖြေရတယ်ဗျို့ ..
    ပြီးတော့ ဟဲဟဲ ..
    တချို့ က ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သော်ငြား .. အတွင်းစာသားတွေကို နားမလည် ..
    နားလည်သော်ငြား မကျင့်နိုင်မကြံနိုင်ဖြစ်တာတွေ ကြားတွေ့နေရတော့ ..
    ကျွတ်ချိန်တန်ရင် ကျွတ်လိမ့်မယ်လို့ဘဲ တွေးတွေးမိလျက် .. ! ! !
    (သူတို့ထက်ဉာဏ် ပိုပြီးရင့်ကျက်တယ်လို့ ထင်မိလို့ ပြောကြည့်တာပါ .. သူတို့က ဒါတွေကို သိလို့ တမင်လုပ်တယ်ဆိုရင်တော့ .. လည်း xxxxxxxxxxxxxxxxxxxxxxxxxxxx)

Leave a Reply