ကြည်နူးစေနံနက်ခင်း………………………………….


ကမ္ဘာမြေလှပ…………………………………………..

ရေပြင်မှာလှိူင်းကြက်ခွပ် ဆော့ကစား……………………..

ဝဠာတစ်ခွင်အုံ့မိူင်း လွမ်းစေခိုင်းရောသလား…………………

ပြာလွင်သော အလင်းစ
ကြက်ခွပ်ထတဲ့ရေပြင်
မြင်ရသူ လန်းစိတ်ရွှင်

ရင်ထဲမှာ သတိရမိတော့ လမ်းသွားရင်းတောင်လေချွန်မိတယ်
(တိမ်ပြာသောနေ့တွင်အသဲများဘဝင် သာယာလန်းဆန်းကြည်ရွှင်)

လေပြေဆော့ တော့ လှိုင်းကလေးနော့
ဗေဒါပင် ကတော့ ခေါင်းလေးမော့………………….





ဒါဆို ကျနော်အမြင်စောင်းတာဘဲဖြစ်မယ်
“ကြည်နူးစေနံနက်ခင်း”
ရွှေလီကပြန်လာကတည်းက ကျနော်အပျင်းထူပြီးလမ်းမလျောက်ဖြစ်ပါဘူး။
လမ်းမလျောက်တာရက်20လောက်လဲရောက်ရောလူလဲထိုုင်းမုူိင်းလို့လာပါလေရေ၊
မနက်မနက်နိုးစက်ပေးထားပြီး အအသံမည်ပေမယ့် အိပ်ယာက မထ။
ကျနာ်က ဆက်အိပ်လို့ရပေမယ့်မဒမ်ပေါက်က ဆက်အိမ်မရတော့
“အိပ်ယာက မထင်ချင်ရင် နှိုးစက်မပေးနဲ့” ဆိုပြီး ဝါဒသဘောထားကြေညာချက်တွေထုတ်ပါတယ်။
ဒီလိုဘဲထမယ်လုပ်လိုက် မထဘဲပြန်အိပ်လုပ်လိုက်တာ ရက်20ကျော်သွားပါတယ်။
အဲဒါနဲ့မဖြစ်ချေဘူးဆိုပြီး တစ်ည စောစောအိပ်။
(ည12နာရီမှာအိပ်တာပါ)
မနက်နှိုးစက်မည်တာနဲ့လူးလဲထလို့လမ်းလျောက်ရပါတော့တယ်။
လမ်းစလျှောက်တဲ့အချိန်မှာ လေအတော်ကလေးတိုက်ပါတယ်။
အဲတော့လဲ ကျနာ်သိပ်အားမစိုက်ရဘဲ မြန်မြန်လျှောက်ဖြစ်သွားပါတယ်။
စလျောက်စမှာ နေကိုကျောပေးပြီးလျှောက်နေတဲ့အတွက်ကောင်းကင်ကြီးဘယ်လောက်လှတယ်ဆိုတာမသိလိုက်ပါဘူး၊
နေထွက်ရာဘက်နဲ့အလျားလိုက်လျှောက်ရတဲ့ နေရာလဲရောက်ရော အာရုံတက်အလင်းရောင်တွေက
လှပစွာ ရေပြင်ပေါ်ကို ကျ။
လေဆော့ တော့လှိုင်းကြက်ခွပ်လေးတွေ ထနေပုံက တကယ်ကိုလှပ ပါတယ်။
ထုံးစံအတိုင်း ပြည်ကြီးမွန်ထိလမ်းလျောက်။
ပြန်လာတော့လဲ ကောင်းကင်ကြီးကလှပမြဲပါဘဲ.။
အရှေ့ဘက်ကရှမ်းရိုးမကိုမြင်ရတာဝိုးတဝါး။
လေဆော့တော့ ကန်ရေပြင်က လှိုင်းတွန့်လေးတွေဖြစ်လို့အတန်းလိုက်ကြီးကမ်းစပ်ကိုအပြေးလာ။
ဗေဒါဒိုက်ပင်တွေကလည်း လှိုင်းပုတ်တော့ တအိအိ။
တကယ်ကြည့်လို့လှတဲ့မြင်ကွင်းဖြစ်ပါတယ်။
ကျနော်အကြာကြီး ဓါတ်ပုံရိုက်ခဲ့တဲ့နေရာက တော့ အနောက်မြောက်ဘက်ကန်စပ် ချိုချိုကဖေးနားမှာပါ။
ကန်ထဲမှာရှိနေတဲ့ ရှင်ဥပဂုတ်ကျောင်းဆောင်လေးက လည်းအထီးတည်း။
ဟိုး အရှေ့ဘက်က ကန်စပ်မှာ ငါးမျှားချိတ်မပါ၊ပိုက်ကွန်မပါ အုပ်ဆောင်းမပါတဲ့ တံငါသည်လေးကလည်း
ငါးရိုက်ဘို့ထွက်လာပါတယ်။
ဟိုးအဝေးက ပြည်ကြီးမွန်ရော ဆောက်လက်စသစ်သားစင်ကြီးရော ရေလည်ခေါင်က ကျောင်းဆောင်လေးက ငြိမ်သက်။
လှုပ်နေသူကတော့ လှိုင်းထတဲ့ရေပြင်ရယ် ငါးရှာနေတဲ့ ကိုတံငါရယ် လက်ဆော့တဲ့ကျနော်ရယ်ပေါ့။
ဘယ်လိုဘဲပြောပြော ကျနော်နဲ့ အတော်ကြာဝေးကွာနေတဲ့ ကန်ရေပြင်နံနက်ခင်းလေးက တော့လှပလျှက်ပါဘဲ။
မောင်ပုအကြိုက်ထန်းပင်စောင်းစောင်းလေးတွေကလဲလှပ။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ
(28-6-2012)
19 comments
မောင်ပေ
June 28, 2012 at 8:35 am
မကျေနပ်ဘူး
မောင်ပု အကြိုက်ကြ ထည့်ပေးတယ်
မောင်ပေ့ အကြိုက်ကြ မပါဘူး
ကိုရင်မောင်
June 28, 2012 at 8:47 am
ခုလိုလှပတဲ့နံက်ခင်းမျိုးမတွေ့ရတာကြာပါပေါ့……
ဆရာပေါက်ရယ်…..
မမ အညာသူ
June 28, 2012 at 9:29 am
ရိုက်ချက်ကတော့
တကယ်ကောင်းပါတယ်
mamanoyar
June 28, 2012 at 9:35 am
ဓါတ်ပုံတွေကြည့်ရတာ
စိတ်ချမ်းသာဖို့ တကယ်ကောင်းပါတယ်
ဘယ်ကိုလွမ်းလို့ လွမ်းရမှန်းတောင် မသိတော့ဘူးးးးးးးးး
mocho
June 28, 2012 at 9:44 am
နံပါတ် ၁ ကိုကြည့် ရတာ အရောင် တွေ စုံ တဲ့ သက်ငြိမ် ပန်းချီ ကားတစ်ချပ် ကို ကြည့် ရ သလို ပါပဲလား ။မနက် ခင်း ရဲ့ သဘာဝ အလှ တွေ ကို မခံ စားရတာ အတော် ကြာပါပြီ။ကျမလည်း လေး ပေါက် နဲ့ အတူတူပဲ … မနက် ၊မနက် လမ်းထ လျှောက်မယ် ဆိုပြီး နှိုးစက် ပေးပြီး မထလို့ အဲလို အပြောခံရတယ်။
ခပ်မိုက်မိုက် ကောင်မလေး
June 28, 2012 at 9:49 am
မောနင်း….
နံနက်ခင်း ရဲ့ အလှတရားတွေနဲ့….
ပြည့်စုံနေတဲ့………….
ပင်လယ်ပြင် နှင့် ထွန်းသစ်ရောင်ခြည်..
အရမ်းလိုက်ဖက်ပြီး….
ရိုက်ချက်တွေက အလန်းပဲနော်….
လက်ရာ ကောင်းပါတယ်….
ခုလို ပုံလေးတွေတင်ပြပေးထားတဲ့…
ကိုပေါက်ကို ကျေးဇူးတင်ပါတယ်နော်….။
ကြည်ဆောင်း
June 28, 2012 at 11:19 am
ကြည်ဆောင်းလဲ တူမ(10) တန်းတနှစ်လုံး နှိုးစက်အစောကြီးပေးထား၊ သူကမထ ၊ ကိုယ်ကအိပ်မရနဲ့ တနှစ်လုံးလုံး ဒုက္ခခံခဲ့ရတာ သတိရမိပြီး မဒမ်ပေါက်ကို စာနာမိပါရဲ့ လေးပေါက်ရေ …
နှစ်ရောင်စပ်ကန်ရေပြင်လေးကို ကြည်နူးနှစ်သက် အားပေးသွားပါကြောင်း ။
Nyein Nyein
June 28, 2012 at 11:24 am
ပန်းချီဆန်ဆန် ပုံလေးတွေလည်းကြိုက်တယ်။ ပုံအောက်က ကဗျာဆန်ဆန်စာလေးတွေလည်းကြိုက်တယ်။
လေးပေါက်ရေ…….. ဓာတ်ပုံလေးတွေကူးသွားတယ်နော်။ ကူးခွင့်ပြုပါ။
မဂွတ် ထော်
June 28, 2012 at 11:43 am
အရမ်းလှတယ် ပုံလေးတွေကြည့်ရတာကြည်းနူးစရာပဲ
ကျေးဇူးတင်ပါတယ်
may flowers
June 28, 2012 at 1:40 pm
လေးပေါက်ရေ အားပေးသွားပါတယ်……..ပုံ-၆ နဲ့နောက်ဆုံးပုံ -၁၂ ထန်းပင်လေးတွေကိုသဘောကျတယ်။
ဖိုးထောင်
June 28, 2012 at 3:01 pm
အူးပေါက် မရောင်းချင်ချင် ရောင်းချင်ချင် အဲဒီပုံတွေအကုန်လုံး ကျနော့်ရောင်း ရော့ဓါတ်ပုံဖိုး ၂ ကျပ် ပေး ၁ဝ ပြန်အမ်း သွားတော့မယ် ကစ်လိုက်ဦးမယ်
ကိုပေါက်(မန္တလေး)
June 28, 2012 at 5:57 pm
ကိုဖိုးထောင်ရေကျေးဇူး
မပေးဘဲယူသွားတာထက်စာရင် 2ကျပ်ထားခဲ့တာတော်သေးတာပေါ့
water-melon
June 28, 2012 at 6:28 pm
နေသာသာနေ့ တစ်နေ့ ဆန်းဒေးမှာကွယ်
တူများတွေ လက်ဆက်ကျတယ် ရှစ်တလေးရယ်
ဒူ တန် ဒူ တန်
အူးသေးချင့်
များလေ အူးသေးကို အရမ်းအားကျတာဘဲ
ဒတ်ပုံတွေက အရမ်းလန်သယ်ဂျာ
ဖင်တဲ့ ဘယဲမ
ကိုပေါက်(မန္တလေး)
June 28, 2012 at 6:36 pm
အိမ်စောင့်နတ်က နှင်တော့ အိမ်ကို အိပ်ချိန်ကလွဲရင်မကပ်နို်င်
ဆိုင်စောင့်နတ်က နှင်တော့ အလုပ်ထဲမှာဖင်မမြဲ
မြို့စောင့်နတ်က နှင်တော့ သူများမြို့ရွာရောက်
အင်း ဂေဇက်စောင့်နတ်က ဘယ်ချိန်များနှင်မလဲလို့ တွေးပြီး ပူနေရတာနော်
အလင်းဆက်
June 28, 2012 at 7:34 pm
အိုး……လှလိုက်တဲ ့ ပုံတွေ…။
ကောင်းလိုက်တဲ ့ရိုက်ချက်တွေ….
အား..ကျ လိုက်တာ ဗျို ့.။
snow white
July 5, 2012 at 7:05 pm
မင်္ဂလာနံနက်ခင်းမင်းသတိရရင် တစ်ခေါက်သာလှမ်းလာခဲ့စေချင် ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါသော နံနက်ခင်းလေးပါ..
ကိုပေါက်(မန္တလေး)
July 5, 2012 at 10:46 pm
ဟုတ်ပါဘူးအေ
ဒီဇင်ဘာနံနက်ခင်း မင်းသတိရ ရင် အမှတ်တရနေရာဟောင်းမင်းအရောက်သာလာစေ့ချင်
(ဗစ်တာခင်ညို)
Mလုလင်
July 5, 2012 at 10:55 pm
နံပါတ် ၁ ပုံ အတွက် လက်မ တစ်ချောင်း ပါဗျို ့ ………။
ကိုပေါက်(မန္တလေး)
July 5, 2012 at 11:09 pm
ကောင်းဆို မင်းပြောသလို ကွက်လပ်မကျန်အောင် ဂရုစိုက်ရိုက်တာလေ လုလင်ရဲ့