လွမ်းရိပ်ဆင်တဲ့ညနေခင်းလေး……………………



လွမ်းဘွယ်ရာ ဝန်းကျင်

တိမ်ရောင်စုံယှက်သန်း
ရေပြင်မှာရောင်စုံလွှမ်း
ခင်ဝမ်းသီချင်းလေးသတိရမိပါတယ်
(လွမ်းထုဖွဲ့ဆင်…………….ခဲ့ပြီ)တဲ့

ဒါပေမယ့်လွမ်းအောင်လုပ်တာခြင်းတော့တူတယ်

ပုဇွန်ဆီသွေးနဲ့တန်ဆာဆင်





ရောင်စုံအလင်းစက်တွေက ကျနော်ကိုနုတ်ဆက်


ကျနော်ကသာအမြင်တွေစောင်းနေတာလေ…………………


“လွမ်းရိပ်ဆင်….ညနေခင်း”
ညနေခင်းခြောက်နာရီကျော်ကျော်လောက်အလုပ်ကပြန်လာတဲ့တစ်ရက်။
မရွာဘဲ အုံ့မှိုင်းနေတဲ့ မိုးတိမ်တွေကြောင့်ကောင်းကင်က မိူင်းရီ။
ဆိုင်ကယ်စီးလာရင်းကနေအနောက်ဘက်ကောင်းကင်ကိုကြည့်မိတော့
ဝင်လုဆဲနေမင်းက မြေကမ ္ဘာကိုလက်ဆောင်ပေးတဲ့ အလင်းစက်တွေကြောင့်
တိမ်ညိုတွေတောင် အရောင်ပြောင်းလို့ စိုလက်တောက်ပလို့နေပါတယ်။
ဒါဆိုရင်တော့ တက်သေးအင်း ရေပြင်ရယ် မင်းဝံတောင်တန်းရယ် တိမ်ရယ်လှနေတော့မှာဘဲဆိုပြီး
အဲဒီကန်စပ်ကို အပြေးအလွားသွားရပါတော့တယ်။
မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ့်ကို ရင်သပ်ရှု့မောလို့ ဆိုရအောင် ပုဇွန်ဆီရောင်တောက်ပ။
အပြာရောင်နုနုတွေကတော့ကန်ရေပြင်ပေါ်ကို ဆင်းသက်။
အိပ်တန်းပျံ ငှက်ကလေးတွေကလဲ ကောင်းကင်ပန်းချီကားကိုနောက်ခံထားလို့ ပျံသန်း။
ကြည့်မဝ ရူ့မဝ။
ကမ်းဘေးမှာတစ်ကိုယ်တော်လေလွင့်ခြင်းလုပ်နေတဲ့ အုန်းပင်လေးက လဲ
လေအလာမှာယိမ်းနွဲ့လှူပ်ယှား။
တနေ့တာမောပန်းခဲ့ စိတ်ရှုပ်ခဲ့သမျှတော့ ပေါ့ပါးလို့လန်းဆန်းသွား။
ဒါပေမယ့် ကြည့်နေရင်းက လွမ်းတော့လွမ်းသလိုလို………………..
ဘယ်ကိုလွမ်းမှန်းမသိတာကတော့ အတော်ခက်တယ်ပြောရမယ်ထင်တာပါဘဲ။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရာများ။
(29-6-2012)
17 comments
မောင်ပေ
June 29, 2012 at 8:35 am
လွမ်းစရာအတွက် အခက်တွေ့နေရင်
မထိတထိပတ်သက်ဖူးခဲ့တဲ့ လေဒီအားလုံးကိုလွမ်းကြည့်ဗျာ
ကို သာ
June 29, 2012 at 9:11 am
ကိုပေါက်ရဲ.လမ်းသလားခွင့်ရနေတာနဲ.လက်ဆော့ခွင့် ( ကင်မရာစွမ်းပြခွင့် )ကို ကိုသာ အားကျတာ။
ကြည်ဆောင်း
June 29, 2012 at 9:14 am
Orange Colour Photo ပေါ့နော်…
မမ အညာသူ
June 29, 2012 at 9:24 am
ကိုပေါက်ကတော့ပုံတွေတစ်နေ့တစ်မျိုးမရိုးနိုင်အောင်ပါပဲ
လက်ရာမြောက်ပါတယ်
mocho
June 29, 2012 at 9:34 am
လူတိုင်းရဲ့ လက် တကမ်းမှာ ရှိ နေတဲ့ အာရုံဦး အလှ၊ ဆည်းဆာအလှတွေ ကို ခံစားဖို့ မေ့လျောနေတဲ့ သူေတွေ ကို ခံစားတတ်တဲ့ သူတွေ က လက်ဆင့် ကမ်းပေးတော့ လည်း………
သဘာဝရှုခင်း အလှ တွေ ကို နှစ်သက်တဲ့ မိုချို က တဝကြီး ကြည့် ရှု ခံစားသွားပါတယ် လေးပေါက်ရေ။
mamanoyar
June 29, 2012 at 9:40 am
ကိုပေါက်ရေ အားပေးသွားပါတယ်ရှင်
ပုံလေးတွေက တကယ့်ကို လှပပြီး လွမ်းစရာကောင်းတယ်
aye.kk
June 29, 2012 at 10:21 am
ကိုပေါက်ရေ..
လှပတဲ့သဘာဝညနေခင်းအလှတွေ..
လေးလေးနက်ရှူ ့မြင်ရင်းခံစားအားပေးသွားပါတယ်။
ရင်ထဲကဖြစ်လာတဲ့ကဗျာလေးပါ….
အလွမ်းတွေက…
တိမ်တောင်နှယ်..
မြင်မြင်သမျှရယ်…
လွမ်းရိပ်ကယ်ဆင်နေပြန်တော့..
နေညိုညိုညနေခင်းရယ်က….
လွမ်းဆင့်ဆင့်ရင့်လှတယ်လေး။။။
ဖိုးထောင်
June 29, 2012 at 11:08 am
လွမ်းစရာကောင်းလိုက်တာ အူးပေါက်ရယ်
AKKO
June 29, 2012 at 7:22 pm
ကိုပေါက်ရဲ့ ပုံတွေကပိုပိုပြီးလက်ရာတွေကောင်းကောင်းလာတယ် ။
ကောင်းကင်ပြင်ကြီးကိုကြည့်ရင်း လွတ်လပ်မှုကို ခံစားမိသလိုပဲ ။
ကိုပေါက်(မန္တလေး)
June 29, 2012 at 9:51 pm
ကျနော့်အားတိုင်းလက်ဆော့ထားတော့ တင်စရာပုံတွေအများကြီးရှိနေပါ၏။
တစ်နေ့ကို ဓါတ်ပုံပိုစ်တစ်ခု နေ့တိုင်းမှန်မှန်ကြီးတင်မည်ဟု ဆုံးဖြတ်ထားပါ၏
မစ္စတာ တောက်တဲ့
June 29, 2012 at 10:25 pm
အဲ့ဒီလို ညနေခင်းတွေက
သားသားရဲ့ ရင်ဝ ကို ဆွ …
အလွမ်းတွေလည်း ဝေကာကျ ..
တစ်ချိန်က ချစ်သူလေးကို တမ်းတ
မှန်းဆ .. လွမ်းရ ..
နှလုံးသားလည်း ကြွေကာကျ ….
( သေဟ !!!!!!! ) 😀
ဖေဂျီးတွေ ပုံလေးတွေကို ခံစားရင်း
အထက်က ကဗျာလေးကို စပ်မိသွားပါကြောင်း …….
Mလုလင်
June 30, 2012 at 1:35 am
ကာလာ တွေ မိုက်တယ်ဗျာ .. ပြင်မထား မှန်း သိတော့ ပိုတောင် အံ့ဩ ရသေးတယ်။
ကိုပေါက်(မန္တလေး)
June 30, 2012 at 9:31 am
ကင်မရာထဲမှာဖန်ရှင်ကို ယူသုံးထားတာတော့ဒီကာလာကိုရပါတယ်.
ဖိုတို့ရှော့တော့ မသုံးတတ်ပါဘူးကွဲ မတတ်လို့မသုံးတာပါ။
amatmin
June 30, 2012 at 10:22 am
အလွမ်းဓါတ်ခံရှိလို့လားမသိပါဘူး.
ကြည့်ရင်းနဲ့ အတော်လွမ်းလိုက်ရသဗျ.. 🙂
တိမ်ရောင်စုံယှက်သန်းတဲ့ နံပါတ် ၄ ကိုသဘောတွေ့သဗျ..
မွန်မွန်
June 30, 2012 at 10:49 am
ပုံအားလုံးကို ကြိုက်တယ် လေးပေါက်…
နံပါတ် ၉ က တိမ်ပန်းချီကို အကြိုက်ဆုံးပဲ…
မွန်မွန်က ဆည်းဆာချိန်တွေကို အရမ်းချစ်တာ…နယ်မှာနေတုန်းကဆို ညနေတိုင်း တံတားပေါ်ကနေ မြစ်ရဲ့အလှနဲ့ နေဝင်ချိန်ကို ကြည့်ဖြစ်တယ်… လေကလေးက တဖြူးဖြူးနဲ့…အရမ်းကြည်နူးဖို့ကောင်းတာပဲ…
မမြင်ရတာ ကြာပြီဖြစ်တဲ့ နေဝင်ချိန်အလှကို ကြည့်ခွင့်ရလို့ ကျေးဇူးပါ..လေးပေါက်…
သားဦး၊မြေးဦး
June 30, 2012 at 1:47 pm
ကိုပေါက်ရေ နံပါတ်(၃-၉)ပုံလေးတွေ အတော့်ကိုလှပါတယ်ဗျာ။
ကိုပေါက်လက်ရာကိုတော့ အံ့မခန်းပါဗျား။
ကိုပေါက်(မန္တလေး)
June 30, 2012 at 5:02 pm
နဂိုရ်လှပတဲ့နေရာလေးကို ပိုလှတဲ့အချိန်မှာ အချိန်ကိုက်ရောက်သွားတာရယ်
ဆရာ့ဆရာများကျေးဇူးနဲ့ ကင်မရာထဲက ဖန်ရှင်တွေကို လက်ဆော့ မိတာရယ်
ကံကောင်းတာရယ်ကြောင့် ဒီလှပသောပုံလေးများကို မိတ်ဆွေတွေဆီကို
အရောက်ပို့ပေးခွင့်ရတယ်လို့ခံယူပါ၏။
မြန်မာစကားပုံကိုယူရမယ်ဆိုရင် မစွမ်းတဲ့ကိုပေါက်ကို နတ်မ တာကြောင့် ပုံကောင်းလေးတွေရသပေါ့