ကျနော်ပစ်ခဲ့တဲ့ ငှက်
တိုက်တိုက်ဆိုင်ဆိုင် …ငှက်ရိုက်ဖြစ်ပါတယ်…
SLR ပြန်မကောင်းသေးပါ …
သည်နေ့ အိပ်ချိန်ထဲက ဖဲ့ပြီး ပြင်ပေမယ့်… firmware ပြဿနာ မကင်းသေးပါ….
ဆိုင်ပို့ ဖြစ်မယ် ထင်ပါတယ်…
သည်တော့လည်း ..ငါအပြားကြီးပေါ်ကနေ ရသလောက် ရိုက်ထားတာလေး တင်ဖြစ်ပါတယ်…
အလင်းရောင်သာ ကောင်းနေရင် …Zoom မဆွဲဘူးဆိုရင် …အနှီ 5MP ဟာအတော်လေး မဆိုးလှတဲ့ ကင်မလာ ဖြစ်ပါတယ်…
အဲ့သည့် အကြောင်း ကြုံမှ ရေးပါဦးမယ်…


မထင်မှတ်ဘဲ ရိုက်ဖြစ်သွားတဲ ပုံတွေပါ ….
အဲ့သည့်နေ့က …ဘော်တနီကယ် ဂါးဒင်း ဆိုပီး သွားလိုက်တာ …
အဲ … လက်မှတ်ဝယ်တော့မှ သူနဲ့ ကပ်လျက် ဇူး ကိုပါ ဝင်လို့ရသတဲ့ …
သည်တော့ အပင်တွေလျောက်ကြည့် ..ဘာမှ နားမလည်မယ့်အတူတူ အကောင်တွေပဲ လျောက်ကြည့်ဖြစ်တဲ့နေ့ ဆိုပါတော့..
သိတဲ့အတိုင်း အကောင်ကမှ …ငှက် ငှက်မှန်း ခြင်္သေ့ ခြင်္သေ့မှန်း ခွဲသိသေးတယ်…
အပင်နဲ့ ပါတ်သတ်တဲ့ ဗဟုသုတ ကနည်းပါးလေတော့ …
ဘယ်မှာပေါက် ဘယ်လောက်ရှားပြီး ဘယ်လိုတန်ဖိုးရှိတယ်ဆိုတာ မသိလေတော့ …
အပင်ဘက် သိပ် မကြည့်ဖြစ်ခဲ့ကြောင်းပါ…
ညနေပိုင်း … ချစ်စရာ့အရွယ် တင်ပါမယ်. ..ပုံ၂ဝကျော် ရထားပြီး …
၂၆ရက်နေ့ည အထိ ..ဖလက်ရှ်နဲ့ ရှော့ခ်ဝေ့ဗ် …ပြသနာရှာနေလို့ …
ရှိသမျှ ဘရောက်ဇာတွေ …အကုန် ပြန် စစ်နေရပါတယ်…
တခုတော့ ရသွားပြီမို့ စိတ်အေးနေပါတယ်…
ခုရက်ပိုင်း ခရီးက ပုံတွေ တင်ပါဦးမယ်…
စုတ်ပြတ်သတ်လို့ လှည့်မကြည့်ချင်တဲ့ ဒက်စတွတ်ကို ပြင်ရင်း
တော်သေးဘီ…
အချိန်ကုန်နေတဲ့
ဂီ
53 comments
ခပ်မိုက်မိုက် ကောင်မလေး
June 27, 2012 at 11:06 am
ဝါးးးးးးးးးးးးးးးးးးးးး
အရမ်းမိုက်ပြီး..အရမ်းကိုလှတာပဲ…
ဂီ….ဘယ်မှာသွားရိုက်ထားတာလဲဟင်…
တကယ်လှတယ်…
နောက်ထပ်လည်း…..
ထပ်ရိုက်ပြီးတင်ပေးဦးနော်….
ခင်တဲ့…မိုက်လေး…။
Azzurri
June 27, 2012 at 11:11 am
Higashiyama doushokubutsuen
🙂
F2.4
iOS 100
Round about near focus 4mm to 8mm
ခပ်မိုက်မိုက် ကောင်မလေး
June 27, 2012 at 11:07 am
သေချာကြည့်တော့…
တော်တော်လေးကို အံ့ဩဖို့ကောင်းတယ်…
သူ့ရဲ့အတောင်တွေက…
ထူးဆန်းတယ်….
ထပ်ကြည့်မိလို့…..
တော်တယ်ဗျာ….
ရိုက်ချက်တွေလန်းတယ်….။
ညလေး
June 27, 2012 at 11:14 am
ကဝေပျိုတို.အသည်းစွဲ…
ဒေါင်းမလေးရဲ.အသည်း……
ခိုက်ဒယ်ဗျ…..
လိုက်ချင်တယ်…..အောက်ဒိုး
Wow
June 27, 2012 at 11:27 am
ဂီဂီတို့တော့ ပစ်စရာ စိုင်ကုန်တော့ ဒေါင်းဘက်လှည့်သွားရှာဘီ….
😛
Ma Ei
June 27, 2012 at 11:31 am
ဒေါင်းကလေးပုံလေးတွေလှလိုက်တာ…
အရောင်အသွေး၊ပုံစံလေး လှမှလှ…
ခရီးက ပုံတွေ စောင့်မျှော်ပါဦးမယ်…
မွန်မွန်
June 27, 2012 at 11:38 am
အရမ်းလှတာပဲ..နောက်ဆုံးနှစ်ပုံကို အရမ်းကြိုက်တယ်…
နောက်တစ်ခါကြုံရင် ဒေါင်းကို နောက်ဘက်က ရိုက်ပေးပါလား..မမြင်ဖူးလို့… 🙂
အော်..ဒါနဲ့..စကားမစပ်…”လျှောက်ကြည့်” လို့ပြင်ပေးနော်…
မှော်ဆရာ
June 27, 2012 at 11:42 am
ဟယ် … သူ တောင့်တပုံကလဲ တမျိုးပါ့လား
mayjuly
June 27, 2012 at 11:54 am
အော် မွန်မွန် ရယ် နောက်ဘက်ကရိုက်တဲ့ပုံ ကြည့်ချင်တယ်ဆိုပါလား..ဟိဟိ
ဂီဂီ က ရိုက်တော့ရိုက်လာမယ်ထင်တယ်..ဒါပေမယ့် တူရိုက်တဲ့ပုံ တူမကြည့်ရဲလို့ မတင်တာဖြစ်မယ် … 😛
mayjuly
June 27, 2012 at 12:03 pm
ဥူးလေး ဂီ … မီး ကြိုက်တဲ့ပုံလေးတွေ ကူးယူခွင့် ပြုပါနော်…
အကုန်လုံးနီးပါးပဲ ကြိုက်တယ် ဆိုတော့ .. 😀
Khaing Khaing
June 27, 2012 at 11:42 am
SLR ဆိုတာ တို့သိတာ saipan leader လား အဲကောင်ကမရှိတော့ဘူး ဖျက်ပလိုက်ပီလေ ….. ဟဲ ဟဲ တိတာကိုဝင်ရွှီးတာ …….
ပုံထဲမှာ အောက်ဆုံးကဒေါင်းပုံလေးကတော့ အတော်လှတယ်ရှင့် ….. တစ်ကိုယ်လုံးကိုမြင်ရတယ် … ဒ့ါပုံရိုက်တာတောင် ဒေါင်းမှရွေးရိုက်တယ် လူကိုလဲ ဒေါင်းလိုလူကိုရှာမကြိုက်နဲ့ကိုဂီရေ ….. အရှေ့ကလှပေ မယ့် အနောက်ကတော့ …….. ဒေါက်ကလက် ဒေါက်ကလက် ………
mocho
June 27, 2012 at 11:51 am
လက်ဖျားကို ခါ သွား ရလောက်အောင် တော် ပါပေတယ်။ ဒေါင်း မြီး ဖြန့်ထားတဲ့ ပုံက မန်းဂေဇတ် လိုဂိုနဲ့ တထေရာထဲ ပဲ။
ဒေါင်း ကို အမြီး ဖြန့် အောင် ဘာလုပ်လိုက် ရသေးလဲ မောင်ဂီရေ။
Azzurri
June 27, 2012 at 11:56 am
ဘာမှ မလုပ်ရပါဘူးဗျာ …

ပုံအားလုံး ၁ကောင်ထဲပါပဲ …
ဒေါင်းဆိုတဲ့ အမျိုးက အလွန်ပဲများတာ ကလား …
လူတွေ ဝိုင်းကြည့်တာနဲ့ပဲ ..လှည့်ပတ် က တော့တာ ပဲ
အဲ ..ဒေါင်း အမလေး ပုံ မရိုက်လိုက်ရဘူး ..အဲ့ကောင်
လိုက်ရန်စွာနေလို့ လေ… ဒေါင်းအမ ..လူရှေ့ ထွက်လာရင် လိုက်ဆိတ် တယ်..
သူ့ လူမကြည့်မှာ စိုးလို့ … အဲ့လို ပါ ဆို…
Crystalline
June 27, 2012 at 12:24 pm
အဖိုသတ္တဝါတွေစိတ်ပုတ်ပုံများနော်…… :-0
Moe Z
June 27, 2012 at 12:30 pm
အံမယ် သဂျီးရဲ့ အဗေတာလောက်မလှပဲနဲ့များ
တော်တော်ပဲများတဲ့အကောင် 😆
marblecommet
June 27, 2012 at 12:54 pm
ကင်ပြီး
ကစ်လိုက်ရလို့
ကတော့ကွာ
ဟိုလူတွေကို
သတိရလိုက်ထှာ…….
ကြောင်ဝတုတ်
June 27, 2012 at 2:59 pm
ကိုကမ်းရေ…. ဒေါင်းပြီဗျ…ဟိ
ဒီလူတွေကို သတိရတဲ့အတွက်ကျေးဇူးတင်ပါတယ်…
ကြောင်ဝတုတ်
mocho
June 27, 2012 at 12:56 pm
တို့တွေ များ တိရိစ္ဆာန် ရုံ ခဏ ခဏသွားတာ ဒေါင်း အမြီး ဖြန့်တာ တခါမှ ကြုံ ဖူးဘူး။
mocho
June 27, 2012 at 12:56 pm
တို့တွေ များ တိရိစ္ဆာန် ရုံ ခဏ ခဏသွားတာ ဒေါင်း အမြီး ဖြန့်တာ တခါမှ ကြုံ ဖူးဘူး။ အနောက် က ကြည့် ဖူးချင်တာ။
မွန်မွန်
June 27, 2012 at 1:02 pm
အဟဲ့..အဖော်ရပြီကွ…(ဒေါင်းအမြီးဖြန့်ချိန် အနောက်က ကြည့်ချင်သူများ)..
Azzurri
June 27, 2012 at 1:22 pm
အနောက်ကိစ္စ အတော် စိတ်ဝင်စားသူများသကိုး …

ကျုပ်လား ..အနောက်က ပစ်တော့ ပစ်တယ် ..
ဒါပေသိ…ဒေါင်းတော့ မဟုတ်ဘူးဗျို့…
အာဟိ
ဒက်ဂလောက်
char too lan
June 27, 2012 at 2:10 pm
တယ်လှသကိုးးးးး
အရင်နှစ်ကရထားတဲ့ ဒေါင်းဖြူကိုမြင်လျှင်.. ဘာပုတယ်ညာပုတယ်ဆိုတဲ့မေလ်းထဲက
ဒါမျိုး ဒေါင်းဖြူစီးရီးလေးနဲ့ တွဲကြည့်ရင် ပိုလှမှာနော် …
မ သွားတယ်ဗျို ့…………. 🙂
water-melon
June 27, 2012 at 2:23 pm
ညနေပိုင်း … ချစ်စရာ့အရွယ် တင်ပါမယ်. ..ပုံ၂ဝကျော် ရထားပြီး …ဆိုတော့
တင်တော့မယ်ပေါ့
အဟီ လက်ရာတွေကြည့်ရတော့မယ်
ဌက်ကြော်စားမယ် ဘီဘီနဲ့မြည်းမယ်
kyeemite
June 27, 2012 at 2:27 pm
ကိုရင်ဂီ..အောက်ဆုံးကဒေါင်းပုံလေး
ကူးထားလိုက်သဗျို့…အဲလိုဒေါင်းပုံဆောင်ထားရင်..ဒေါင်းတယ်ဆိုဘဲ(ဖဲ)
လစ်ပီဗျို့..ဖဲဝိုင်းကို..
Azzurri
June 27, 2012 at 2:37 pm
ကူးပါဗျာ
ဖဲတော့မကစားလို့မသိ
ဒေါင်းတာတော့ ဇက်ကျိုးဒေါင်းတာခနခန
🙂
နွယ်ပင်
June 27, 2012 at 2:30 pm
အိုးးးးးးးးးး လှလိုက်တာ ..
သဘောကျလို့ ကူးယူသွားပါကြောင်းးးးးးးးးးးး
ဘဲဥ
June 27, 2012 at 2:54 pm
ဒေါင်းကြော်လေးနဲ့ ဘိုက်ခေးရဲ့ မြွေဘွေးသားကြော်လေးနဲ့ ဘီဘီလေးနဲ့ ဆိုရင် အဟေးဟေးးးးးး
manawphyulay
June 27, 2012 at 3:05 pm
မီးမီး အဲ ဒေါင်းလေး လိုချင်ရယ်… ဝယ်ပေး ဝယ်ပေး ဦးဦးဂီ၊ ဝယ်မပေးပဲနဲ့ လာမပြနဲ့ နိုလိုက်မယ်။
pooch
June 27, 2012 at 3:33 pm
ဓာတ်ပုံပညာနားမလည်လို့ မပြောတတ်ပေမဲ့။ ခံစားရသလောက် လျှောက်ပြောကြည့်မယ်။
ဒေါင်းလေးက ပုံတွေထဲမှာ ကြပ်ညှပ်နေသလိုပဲ။ လွတ်လွတ်လပ်လပ်မြင်ရတဲ့ sense မျိုး မရပါ။
အောက်ဆုံးတပုံပဲ ကြိုက်တယ်။ ကျန်တာ ဘာလိုနေမှန်းမသိပါ။
ဒါမှမဟုတ် ဦးမိုက် မိုတိုထဲကလို ကိုယ်ကပဲ သူများပြတာကို မမြင်မိတာလား မသိ။ 😕
အဲ့ဒါထက်စာရင် ရွှေကျောင်းကိုသာ အကြိုက်ဆုံး။ နာလလည်း မဆိုးပါ။ ရွှေကျောင်းက A ရတယ်ဆို နာလက B ပေါ့။ ဒေါင်းပုံကတော့ C ပါ။ သမင်မျက်လုံးလည်း B ပေါ့။
ညလေးကတော့ A+ ပါ။ ကျိကိုတော့ သနားလို့ A++ ။
TNA
June 27, 2012 at 3:43 pm
ဂီ့ အခုတလော အတော်ရက်စက်နေပါလား။ ငှက်ပစ်လိုက် စိုင်ပစ်လိုက် ခြင်ပစ်လိုက် သမင်ပစ်လိုက်နဲ့။ ကင်မလာကြီးနဲ့ပြောပါတယ်။ တော်သေး ကျည်ဆံမပါလို့။
မိုက်ကယ်ဂျော်နီအောင်ပု
June 27, 2012 at 4:10 pm
ဒေါင်းဆိုဒါ အိုက်ဒလိုအချိန်မှာ အနောက်ဂကြည့်ရင်ဟောင်းလောင်းဂျီးဆိုပြီး
ကျုပ်ပြောမလို့ အပေါ်ဂလူဒေဦးသွားဒယ်
တော်တော်ဆိုးဒဲ့လူဒေ ကျုပ်ပြောဘို့တောင်မကျန်ဒေါ့ဘူး
သူများပြောပြီးပြီဆိုဒေါ့ဂါ
ခင်ဗျားဒို့လည်း ဟန်ရေးပန်ရေးတွေပေးပြီး နောက်ကဟောင်းလောင်းဂျီးမဖစ်ဂျဇေနဲ့လို့
သဘာပတိယောင်ယောင် ပြည်သူ့စစ်ယောင်ယောင် ဝင်ဟောင်ဘာဒယ်
ဂိန်ညောင်ညောင်
မဂွတ် ထော်
June 27, 2012 at 4:23 pm
ှုငှက်လေးတွေအရမ်းလှတယ်
မဂွတ် ထော်
June 27, 2012 at 4:23 pm
ှုငှက်လေးတွေအရမ်းလှတယ်
အတော့ပေး …၁၀
pan pan
June 27, 2012 at 4:44 pm
ဘဂီ ပုံတွေမ,သွားဘီနော်
သာမီးတောင် ကင်မလာတစ်လုံးလိုချင်နေတယ်
အဲလာ ဘဂီတို့ဒ့ါပုံဆြာတွေကြောင့်
ရွာထဲက ဒါ့ပုံဆြာတွေ တစ်ယောက်စီ ပိုက်ပိုက်စုပီး ကင်မလာဝယ်ပေးဘာာာ
Mon Kit
June 27, 2012 at 5:00 pm
ကဗျာဆန်လိုက်တာကွယ်…
အပြာရောင်နဲ့ ဒေါင်းကို ခုမှမြင်ဘူးတယ်…
များသောအားဖြင့် အဖြူရောင် ကိုဘဲသိတာလေ…
ရှမ်းပြည်သား (တောင်ပိုင်း)
June 27, 2012 at 6:11 pm
ဂီကိုသူကြီးတင်းနေပါသည်…..
မူပိုင်ခွင့်မရှိဘဲသူ့ပုံကိုရိုက်သွားကာအင်တာနက်ပေါ်တင်ထားသည်ကိုကြားရ၏ဟုပြောပါသည်။
ဂီရေသတိထားပါသူကြီးနှစ်လုံးကလူမရွေးဘူးတဲ့……(သေနတ်ပြောပါတယ်)
သူကြီးဒေါ်လှပေးပြီးမဝယ်ဘူးလားဗျဂီရေ့…….
နောက်တစ်ခါပစ်ရင် နာရီလိုချင်တဲ့သူလေးတွေကိုပစ်ပါလား……
မြင်ရတာပေါ့……နောက်ကပစ်ပစ်ရှေ့ကပစ်ပစ်….ပစ်ချင်ရာကပစ်ကြည့်ချင်တယ်…ဟဲဟဲ
Hnin Phyu
June 27, 2012 at 8:02 pm
ကျမတို ့နိုင်ငံရဲ့အောက်ခြေကစပြီးပြင်ယူရမယ် ့အရာတွေပေါ့။ တဖြေးဖြေးနဲ ့အရာအားလုံးဟာတိုးတက်ပြောင်းလဲလာပါပြီ။
Azzurri
June 27, 2012 at 8:17 pm
ဗျာ …..???????
အရီး Khin Latt
June 27, 2012 at 8:54 pm
ဟဲ့ ဘာ “ဗျာ” လဲ။
ရီလိုက်ရတာ။ 😛
သူ က အမှန်ပြောတာ။
မင်း ဒေါင်းက ရှေ့မှာ လှလှပပ အတောင်ဖြန့် က ပြ ၊ နောက်မှာ က မလှပ၊ပေါ်ချင်တာပေါ်။
တို့တွေ နိုင်ငံ ကလဲ အပေါ်က လှလှပပ အတောင်ဖြန့် က ပြ ၊ အောက်မှာ က မလှပ၊ပေါ်ချင်တာပေါ်။
ဟုတ်လား မနှင်းဖြူ။ 😀
ရွာစားကျော်
June 28, 2012 at 11:34 am
ကဲ
သိဘီလား…အပေါ်က လှလှပပ အမြီးလေးတကားကား က ပြ ၊ အောက်မှာ က မလှပ၊ပေါ်ချင်တာပေါ် နေတယ်လို့ ပြောဒါ
မသေမချင်း မှတ်ထား..
အောက်ဆုံးပုံလေး ဒေါင်းသွားတယ် ဒါဗျဲ
မိုက်ကယ်ဂျော်နီအောင်ပု
June 27, 2012 at 8:39 pm
ဟုတ်ပါတယ်ဗျာ
ဒါ စစ်အစိုးရမှာတာဝန်ရှိပါဒယ်ဗျာ
ဒီတစ်ခါ
တကယ်ဖင်ပိတ်ပြေးဘီဗျို့
Hnin Phyu
June 27, 2012 at 8:10 pm
ငှက်ပစ်တာနဲ့ ကွန်ပစ်တာ ဘယ်ဟာပိုကောင်းလဲ။
Mလုလင်
June 27, 2012 at 8:24 pm
ဘာလို့များ ပြင်နေရ သေးသတုန်း ဗျာ …. Mark III ထွက်နေမင့်ဟာ ..။
ahnyartamar
June 27, 2012 at 8:30 pm
ငရဲကြီးမှာမကြောက်ဘူးလား…တချိန်လုံး သတ္တဝါတွေကိုပဲပစ်နေတော့တာပဲ။
အရီး Khin Latt
June 27, 2012 at 8:56 pm
သူကြီး ကို စိတ်နာ၊ သူ့ကို ရိုက် မရ။
ဒီတော့ သူ့ လိုဂို ကို မှန်းပြီးရိုက် လိုက်တာ လို့ အတပ် စွပ်စွဲ လိုက်ပါကြောင်း။ 😎
MaMa
June 27, 2012 at 9:11 pm
ဒေါင်းမြီးစိမ်းလို့ပဲ မြင်ဖူး ကြားဖူးတာ။
အခုဒေါင်းက စိမ်းပြာရောင်ဖြစ်နေသလားလို့။
အရောင်တော်တော်ဆန်းတဲ့ပြင် တော်တော်လည်းလှတယ်။
ဒါပေမယ့် ဒေါင်းမြီးကတော့ ကျိုးတို့ကျဲတဲ ဖြစ်နေသလားလို့။ ါ်ဏ
သားဦး၊မြေးဦး
June 27, 2012 at 10:08 pm
ငါအပြားကြီးက အတော့်ကိုရုပ်ထွက်ကောင်းနေပါရော့လား။
ကိုဂီ့ လက်ကြောင့်နေမှာဗျ။
ရဲစည်
June 28, 2012 at 5:04 am
ဖွတ်၊ မြွေ၊ လိပ်၊ ဒေါင်း မစားကောင်းတဲ့ ကရင်နဲ့ ကယားဘက်မှာ အဲလိုပြောကြတယ် ကြားဖူးတာပါ….. 🙂
ဒေါင်းမှာတော့ ဥဒေါင်းနဲ့ ခွပ်ဒေါင်း ၂မျိုးရှိတယ်တဲ့ ဒါလည်း ကြားဖူးတာပါ……. 🙂
မြန်မာပြည်မှာတော့ အဲဒါထက်ထူးတဲ့ ဖွတ်ဒေါင်းတွေဘဲ ရှိတယ်တဲ့ အဲဒါလဲ ကြားဖူးတာပါဘဲ 🙁
ဒီတော့ ….. ဟိုတော့
အဲလိုလှပါတယ် ဆိုတဲ့ ဒေါင်းတွေ အမွှေးပြောင်နေချိန် သူများနဲ့ မတူအောင် ရိုက်ပီးတင်အုံးမယ်….
ပြောသာ ပြောတာပါ ကိုယ်တိုင်လဲ ဖင် How long နဲ့ပါဘဲ ….. 🙁
ကြည်ဆောင်း
June 28, 2012 at 9:22 am
ဒေါင်းက ခေါင်းကနေ ကိုယ်လုံးအထိ အပြာရောင်ဖြစ်နေတော့ ဒေါင်းမြီး ကလည်း အပြာရောင်နဲ့ ဖက်ရှင်တော်တော်ကျတယ် ၊ တခြား အရောင် ဆိုရင်ရော… ဒေါင်းမြီးကလိုက်ဖက်ညီညီ ဖက်ရှင်ကျမှာလား သိချင်သား ….
Azzurri
June 28, 2012 at 9:41 am
http://en.wikipedia.org/wiki/Peafowl
blackchaw
June 28, 2012 at 12:03 pm
ချက်ပြုတ်ကြော်လှော်ပြီး အမြည်းလုပ်လို့ရလားဟင် ????

အပျော်ဝင်နောက်သွားပါတယ် ဂီဂီရေ။
နေဝန်းနီ
June 28, 2012 at 12:45 pm
ဟေ့ ငါ့ ငုံးလေးကို မပစ်ရဘူးနော်……။ ဒါပဲ……
snow white
June 28, 2012 at 6:39 pm
တကယ်ကိုလှပါတယ် တကယ့်ကိုကြိုက်ပါတယ် ကူးလို့မတက်လို့ မရသေးဘူး တကယ်ကို ကူးချင်ပါတယ်ကွန်နရှင်ကကျနေတယ် ပုံလေးတွေကတော်တော်လေးကိုလှတယ်။