Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုးရာသီကိုကြိုက်တယ်

snow whiteJune 28, 20121min108028

ရာသီတွေတိုင်းမှာမိုးရာသီကို ကြိုက်တယ် ဒါပေမယ့် မိုးရာသီလောက် စိတ်ညစ်စရာကောင်းတာမိုးရာသီဘဲရှိတယ် ပျင်းရိစေတယ် အလုပ်ပျက်စေတယ် စိတ်အနှောင့်ယှက်ဖြစ်စရာတွေများတယ် သွားလာရေးခက်ခဲစေတယ် ရပ်ကွက်ထဲကသူတွေဆိုတာ(မရှိဆင်းရဲသားအိမ်ကမိသားစုတွေလည်း စိတ်ညစ်နေကျတာဘဲ )ဓနိဝယ်ရမယ် အိမ်ပြင်ရမယ် အလုပ်သွားရတာလည်းအဆင်မပြေဘူးကားစီးရတာလည်းအဆင်မပြေဘူး နေ့တိုင်းတိုးစီးနေရတဲ့ကြားထဲထီးစိုတွေနဲ့တိုးဝှေ့စီးရတာ ဘယ်လောက်စိတ်ညစ်စရာကောင်းလည်းထိုင်စီးရတဲ့သူတွေလည်းထီးစိုတွေ ကိုကိုင်ပေးထားကျတော့ သူတို့အဝတ်စားတွေလည်း စုနေတာဘဲ  ကဲ့ဒါနဲ့ ဘဲ ကားပေါ်ကစိတ်ပျက်စရာ တွေတဖြည်းဖြည်း နဲံသက်သာလာပါတယ် ကားပေါ်ကဆင်းသွားတဲ့ သူများလည်း နည်းနည်းလျော့ သွားတော့ ထိုင်စရာနေရာလေးလွတ်တာနဲ့စနိုးလည်း ထိုင်ခုံမှာဝင်ထိုင်လိုက်မိပါတယ်   ထိုင်ပြီးတော့သိပမကြာပါဘူး ဆင်းရမယ့်မှတ်တိုင်လည်းရောက် စနိုးဆင်းရမယ့်မှတ်တိုင်မှာဆင်းမယ့်သူများတယ်လေ ကားကလည်းဆင်းမယ့်မှတ်တိုင်ကိုရပ်ပေးပါတယ် ဒါပေမယ့် နေရာကောင်းမှာရပ်ပေးလိုက်တာ ပါ ရေမြောင်းနဲ့တည့်တည့်ရပ်ပေးတော့ ကားပေါ်ကဆင်းတဲ့သူတွေကပြောပြောဆိုဆိုနဲ့ ဘဲကားပေါ်ကဆင်းကျုပါတယ်လေစနိုးလည်းစနိုးအလုပ်ကိုရောက်တော့ တကိုယ်လုံး  စိုရွဲနေတာဘဲ  လေ  ဒါပေမယ့်   ပြောခွင့်ရမယ် တောင်းဆိုလိုရမယ်ဆိုရင်သီကြားမင်းကိုတောင် ဆိုချင်ပါတယ် အလုပ်ပြန်ချန်အလုပ်ဆင်းချိန် ကျောင်းသွားကျောင်းပြန် မိုးမရွာပါနဲ့လို့ တောင်းဆိုချင်ပါတယ်လေ ဒါပေမယ့်မိုးရာသီမရှိရင်လည်း တောင်သူလယ်သမားများအတွက် အဆင်မပြေ မှုတွေ ကြုံရမှာပေါ့လေ ကိုယ့်ဘက်ဘဲ ကြည့်လို့ မရဘူးဆိုတဲ့စကားမှန်ပါလားနော်

 

28 comments

  • မဂွတ် ထော်

    June 28, 2012 at 12:18 pm

    မိုးရွာနေတုံးမှာလမ်းလျှောက်ရတာ
    သဘောကျတယ်

  • may flowers

    June 28, 2012 at 12:39 pm

    ရာသီတွေထဲမတော့ ဆောင်းရာသီကိုအကြိုက်ဆုံးပဲ………ငယ်ငယ်ကအဖွားတွေရွာကို ကျောင်းပိတ်ရက်

    ဆောင်းရာသီမှာ သွားလည်ကြရင် ညဘက်မီးပုံဘေးမှာ ဝိုင်းထိုင်ကြပြီး ကောက်ညှင်းကျည်တောက်တွေ

    ဖုတ်ပြီး ငါးခြောက်ဖုတ်လေးနဲ့ ရေနွေးကြမ်းလေးသောက်ပြီး လူကြီးတွေပြောကြတဲ့ရှေးဟောင်းနှောင်းဖြစ်

    အကြောင်းလေးတွေ နားထောင်ရတာကို သိပ်သတိရတာပဲ..။

  • King of Secrets (Bo Min)

    June 28, 2012 at 12:39 pm

    ဘယ် ရာသီမဆို သူ. သဘာဝနဲ.သူ ကောင်းတာပါဘဲ၊ မိုးရာသီက စုံတွဲတွေအတွက်ဆို ကွက်တိဘဲ၊ ထီးတစ်ချောင်းအာက်မှာ…..
    ဟီးးး တွေ.ဖူးတာကို ပြောတာပါ။

  • mamanoyar

    June 28, 2012 at 12:42 pm

    မှန်ပါတယ်
    မိုးမရွာရင် တောင်သူလယ်သမားတွေ
    အခက်တွေ့စေတာ အမှန်ပါပဲ စနိုးရေ

  • မမ အညာသူ

    June 28, 2012 at 1:12 pm

    တောင်သူတွေရဲ့ဘဝဟာ
    မိုးပေးမှအဆင်ပြေတာလေ
    ဒါကြောင့်ညာကတော့မိုးရာသီကိုနှစ်သက်တယ်
    မိုးရေတစ်စက်ကြောင့်သစ်ပင်ပေါင်းများစွာကိုအသက်ဆက်ပေးနိုင်တယ်လေ

  • etone

    June 28, 2012 at 2:19 pm

    သိတတ်စအရွယ်ကတော့ မိုးရွာတိုင်း လမ်းပေါ်ပြေးဆော့ ချင်လို့ မိုးရာသီကို ကြိုက်ခဲ့တယ် …

    နားလည်လွယ်တဲ့ အရွယ်ရောက်တော့ …ကျောင်းတက်စရာမလို ၊ နေဖင်ထိုးအောင် အိပ်လို့ရတဲ့ နွေရာသီကိုကြိုက်ခဲ့တယ် ……

    ဆုံးဖြတ်ချက်တစ်ခု ကိုယ်ပိုင်ဉာဏ်နဲ့ ချနိုင်တဲ့ အရွယ်မှာတော့ …. ချစ်သူရဲ့နွေးထွေးမှုနဲ့ နွေးစေခဲ့တဲ့ ဆောင်းရာသီကို ကြိုက်ခဲ့တယ် … ။

    အခုလို အမှားမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့ အရွယ်မှာတော့ …. နွေ ၊ မိုး၊ဆောင်းတွေထက် …. ရုံးမတက်ရတဲ့နေ့ကို ပိုကြိုက်မိတယ် .. အဟီး 😉

    • manawphyulay

      June 28, 2012 at 3:00 pm

      ဒါဆိုရင် ညီမလေးရေ… ဒီလို ဆုတောင်းလေး နေ့ရက်တိုင်း နေ့ရက်တိုင်းက ဆန်းဒေး ဖြစ်ပါစေလို့ပေါ့… 😛

      • etone

        June 28, 2012 at 4:31 pm

        အဟီး .. ဖြစ်ချင်တာတော့ ..ဖြစ်ချင်တာပေါ့ အစ်မရယ် … ဒါပေမယ့်လည်း … ဟိ
        ဆုတောင်းတိုင်းသာ ပြည့်မယ်ဆို … နေ့ရက်တိုင်း လခထုတ်ရက်ဖြစ်ပါစေလို့ ဆုတောင်းမိမှာပဲ .. 😛

  • snow white

    June 28, 2012 at 2:33 pm

    မအိတုံရဲ့အတွေးတိုင်းပါဘဲ အမှားမှန်ကို ဝေဖန် ပိုင်းခြားနို်င်တဲ့အရွယ်မှာတော့ …. နွေ ၊ မိုး၊ဆောင်းတွေထက် …. ရုံးမတက်ရတဲ့နေ့ကို ပိုကြိုက်မိတယ် .. အဟီး တူတူပါဘဲ မအိတုံရယ် ညီမလည်းအလုပ်ပိတ်ရက် ဘဲ တွက်နေမိပါတယ် ။

  • ko khin kha

    June 28, 2012 at 2:59 pm

    ဒါဆို မအိတုံနဲ့ စနိုးက နှစ်သစ်တစ်ခုအတွက်ပြက္ခဒိန် အသစ်ထွက်ပြီဆို ၁၂လလုံး ရုံးပိတ်ရက်တွေကို အရင်ဦးဆုံး လိုက်ကြည့်တတ်တယ်နဲ့တာတယ်နော်။

    • etone

      June 28, 2012 at 4:36 pm

      ကိုခင်ခတို့များ …အကြားမြင်ရသလားမှတ်တယ် .. ကွက်တိကို မှန်တော့တာပဲ .. အဟိ .. ။

      ဒါမှ မဟုတ် … အစ်ကိုလည်း … ပိတ်ရက်ကြိုတွက်တဲ့ .. လူမို့လို့ .. မြွေမြွေချင်းခြေမြင်တာမျိုးလား .. ဟိ ဟိ 😛

  • manawphyulay

    June 28, 2012 at 3:07 pm

    အင်း မနောကတော့ ငယ်ငယ်က မိုးရာသီဆို မိုးရေထဲမှာ ဘောလုံးကန်ဆော့ရတာ အနှစ်သက်ဆုံးပဲ။ နည်းနည်းကြီးလာတော့ အိမ်ထဲမှာ ကော်ဖီသောက်ပြီး စာအုပ်ဖတ်ရတာ ပိုနှစ်သက်လာတယ်။ ခုကျတော့ မိုးကော နွေကော ဆောင်းကော အလုပ်လုပ်နေတော့ ရှောင်လွှဲလို့ မရလို့ ဘယ်အရာမှ မနှစ်သက်နိုင်တော့ဘူး ဖြစ်နေပြီ… 😛

  • snow white

    June 28, 2012 at 3:25 pm

    မမမနောကဘောလုံးကန်တယ်တော့ ပြေးမြင်ကြည့် လိုက်မယ် ဘောလုံးကန်ရင်းနဲ့ ဘယ်လောက်တောင်ချောလဲနေမလဲလို့ တို့မကအားနွဲ့တော့လေ နောက်တာနော်ချစ်လို့။

  • Khaing Khaing

    June 28, 2012 at 4:05 pm

    မိုးရာသီမှာ ညဘက်မိုးရွာတာအကောင်းဆုံးပဲ …….. အေးအေးလေးနဲ့အိပ်လို့ကောင်းတယ် ….. အမှန်ဆို ဘယ်ရာသီမှမကြိုက်ဘူး ….နွေဆိုပူတယ် မိုးကလည်း မိုးတွေရွာတယ် ဆောင်းကလည်းအေးတယ် အသားပတ်တယ် ……..

  • myanmarcitizen

    June 28, 2012 at 4:33 pm

    အပြင်ထွက်ရင် ထီးကို သတိထားပြီးရှောင်ကြအုန်း platform မှာက ဈေးသယ်တွေရဲ့ထီး၊ လမ်းသွားတွေရဲ့ ထီး … ထီးပေါင်းစုံနေတဲ့အချိန်ဆို မျက်စိကို မထိုးမိအောင်သတိထားကြအုန်းဗျာ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 28, 2012 at 4:33 pm

    ရာသီတွေထဲမှာတော့ ဆောင်းရာသီကိုအကြိုက်ဆုံးပါပဲ…..
    ဒါပေမယ့်… မိုးရာသီက လိုအပ်ချက်တွေ တော်တော်များများပေးတယ်….
    သစ်ပင် ပန်းပင်လေးတွေ အတွက် ရေအလကားရတယ်….
    စိမ်းလန်းတဲ့ သဘာဝအလှတွေ မိုးရာသီမှာ ရှိတယ်….
    တောင်သူဦးကြီးများ အတွက် စိုက်ခင်းတွေ အတွက်…
    မိုးးးးးးးးဆိုတာ အရမ်းလိုအပ်တယ်…..
    ခုချိန်မှာဆိုရင်…..မိုက်လေးတို့ ရွာနဲ့တော်တော်များများရွာတွေမှာ….
    မိုးးးးးးးးးးးးကိုအရမ်းလိုအပ်နေပါတယ်….
    မိုးးးးးရာသီက ကလေးလေးတွေအတွက် ပျော်ရွှင်စရာတွေလည်းပေးတယ်လေ….
    မိုးးးးးးးထဲမှာ လျှောက်သွားမယ်..ကစားမယ်……..
    မိုးးးးးးးးးရေစိုနေတဲ့ အရသာကိုခံစားမယ်………
    မိုက်လေး…တို့ကျောင်းသူဘဝမှာဆိုရင်…….
    စက်ဘီးလေးနဲ့ မိုးးးးးးးးးးရေထဲမှ အပြန်ဆိုရင် အရမ်းပျော်ဖို့ကောင်းတယ်……..
    ဒါတွေက….မိုးးးးးးးးးရာသီမှာ ပဲရနိုင်တဲ့ ပျော်ရွှင်စရာ……
    သဘာဝက ပေးတဲ့ လက်ဆောင်လေးပါ………..
    ဒါကြောင့်…….မိုးးးးးးးးးရာသီကို မိုက်လေးးးးးးးးလည်းကြိုက်ပါတယ်……
    မိုးးးးးးးးရာသီက သူ့နေရာနဲ့သူ ကောင်းကျိုးးးးးဆိုကျိုးးးးးးပေးတယ်ဆိုပေမယ့်…..
    မြန်မာနိုင်ငံရဲ့..ရာသီ (၃) ခုအလီလီမှာ……
    များသောအားဖြင့် လိုအပ်နေတဲ့ ရာသီတစ်ခုဖြစ်တာကြောင့်……
    အကောင်းဆုံး အနေနဲ့ မြင်တွေးကြည့်သင့်တယ်လို့ ထင်ပါတယ်…….။

  • မစ္စတာ တောက်တဲ့

    June 28, 2012 at 4:51 pm

    ကျနော်လည်း ရာသီတွေထဲမှာ
    မိုးရာသီကို အကြိုက်ဆုံးပဲ …
    ဘာလို့လဲဆိုတော့လေ
    မိုးအေးအေးနဲ့ ဆေးလိပ်လေးများ ခဲလိုက်ရရင် …
    အတော်ကို ကောင်းတဲ့ အရသာပဲဗျ ..
    ဒါကြောင့် မိုးတွင်းကို ကြိုက်ဒါဘာ ..
    ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့ ..
    ဟုတ်ဖူးဘား …

    • စိန်ဗိုက်ဗိုက်

      June 28, 2012 at 4:57 pm

      နာတော့ မကြိုက်ဘူးဟဲ့
      အိမ်ခေါင်မိုးက လုံတာမဟုတ်ဘူး..ဟဲ့
      ဘေးနံရံကလဲ ဆွေးနေဘီ..ဟဲ့
      မိုးရွာရင် ငုတ်တုတ် ထိုင်နေရတာဟဲ့..

  • နှင်းဆီ ငုံ

    June 28, 2012 at 5:03 pm

    အော် ဒီလောက်တစ်နိုင်ငံလုံး အနှံ့အပြားရွာတဲ့မိုး – ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ပေါ်မှာ ရေတွေလွှမ်းလို့ ဘေးလွတ်ရာကိုခိုလှုံနေရတဲ့အချိန် – မိုးကောင်းမြို့နယ်ထဲက ကျမတို့လယ်ကွင်းမှာတော့ မိုးရေမရလို့ စက်နဲ့ချောင်းထဲကရေကိုတင်ပြီး စပါးစိုက်နေရပါတယ်

  • Nyein Nyein

    June 28, 2012 at 5:18 pm

    မိုးစက်ကလေးတွေကိုလည်း ချစ်တယ်။ မိုးရွာတာကိုလည်းကြိုက်တယ်။ ဒါပေမယ့် ရေစိုမှာတော့ မကြိုက်ဘူး။ မိုးတွေ ဝုန်းဒိုင်းကြဲရွာနေတဲ့အချိန်မှာ အိပ်ရာထဲမှာ စာအုပ်လေးတစ်အုပ်ဖတ် ဘေးမှာ
    ကာ်ဖီပူပူလေးတစ်ခွက်နဲ့။ စာဖတ်လိုက် ကော်ဖီသောက်လိုက်။ အဲလိုလေးနေရတာကိုတော့ ကြိုက်တယ်။ ဒါပေမဲ့ ရာသီတွေထဲမှာတော့ ဆောင်းရာသီကို အကြိုက်ဆုံးပဲ။

  • ဖိုးထောင်

    June 28, 2012 at 5:56 pm

    အော် စနိုးလေးရယ် သူတော်ချင်းသတင်းလွေ့လွေ့ အတိုဂျီးရဲ မိုးကိုအရမ်းဂျစ်တယ် ဟဲဟဲ (ဦးကျောက်လုံး ရီသံ)

  • သားဦး၊မြေးဦး

    June 28, 2012 at 7:22 pm

    မိုးရာသီကို ရောက်လာတော့ အမိုးအောက်မှာ
    လုံလုံခြုံခြုံ မနေရတဲ့ ဒုက္ခသည်တွေအဖို ့—–

  • water-melon

    June 28, 2012 at 8:45 pm

    အမရေး
    ကြိုက်ပါဘူးတော် မိုးရာသီကို
    စိုစွတ်စိုစွတ်နဲ့
    အမလေး ပြောရင်းနဲ့ ကျက်သီးတောင်ထလာပြီ
    များတို့ အချော်တကောက်တွေကတော့ ဆောင်းတွင်းဘဲ ကြိုက်တယ်
    တိုတိုတွေနဲ့ဖက်ပြီး အိပ်လိုက်ရရင် ရှယ်ဘဲ
    အဟတ် အဟတ်

  • TTNU

    June 28, 2012 at 9:03 pm

    မိုးရာသီကိုကြိုက်ပေတဲ့ မြောင်းရေတွေမစီးလေတော့
    မိုးရာသီရယ် မြူနီစပယ်ရယ် နှစ်ခုပေါင်းပြီး နည်းနည်း စီ မုန်းတယ်။ 😥

    အပေါ်ကွန်မင့်ထဲက ဖရဲပြောသလို အချော်တကောက်တွေမှဆောင်းတွင်းကြိုက်
    တာမဟုတ်ပါဘူး။ မန်းလေးကြီးကအိုက်လွန်းလို့ မန်းသားတိုင်းဆောင်းမျှော်ကြတာပါ့။ 😀

  • နေဝန်းနီ

    June 28, 2012 at 9:50 pm

    ရပ်ကွက်ထဲက လူတွေက ဗွက်ထပြီး လမ်းမကောင်းလို့ စိတ်ညစ်ရတယ်…။ ပျံကျဈေးသည်တွေက သူတို့ ကုန် ပလပ်စတစ်အုပ်ထားရလို့ စိတ်ညစ့်ရတယ်…။ မိုးမလုံ စိတ်ညစ်ရတဲ့ ခောတ်ကုန်သွားပြီ…။ ဘာလို့လဲ ဆို သက်ငယ် ဓနိ ဈေးထက် သွပ်ဈေးက သက်သာလို့ သွပ်တွေပဲ မိုးထားကြလို့……..။ ဓနိ သက်ငယ်မိုးတဲ့ ခောတ်မဟုတ်တော့ဘူး…။

  • Pitbull

    June 29, 2012 at 6:49 am

    သများလဲ မိုးရာသီကို ကြိုက်ပါတယ်ချင့်
    မိုးတွင်းဘက်ဆို အပေါ့အပါးကိစ္စက လွယ်တယ်ချင့်
    သများဆို မိုးသည်းသည်းရွာလို့ကတော့ ဆွဲပလိုက်တာဘဲ
    အပေါ်က အခြောက်မစစ်တဲ့ ဖရဲသီးကတော့ ဆောင်းကြိုက်မှာပေါ့ ဆောင်းတွင်းက အေးလို့ ဒင်းဖက်အိပ်နေလဲ အန်ဒရယ်မှ မရှိတာ သများနဲ့ တွေ့လို့ကတော့ နွေ၊မိုး၊ဆောင်း ပျားတုပ်သွားမယ်….. အယ် ပါဆင်နယ်တွေ ပါကုန်ပီ……………………..
    အားပေးသွားပါတယ် ရှဉ့်…..
    ခုလောလောဆယ် မန့်ရင်းတန်းလန်း မိုးတွေရွာလာပီ ထီးကမပါတော့
    ထမိန်ခြုံပီး ပြေးပီရှဉ့် …………….. လယ်တီဆရာတော် ဟောဖူးတယ် ရှက်တာက မျက်နှာတဲ့ ….. 🙂
    မဆိုင်မဆိုင် ဘုန်းကြီးပါ ဆွဲထည့်သွားတယ် အူးဇင်းဇောက်ထိုးလာရင်တော့ ကွိုင်မှာ သေချာတယ် 🙂

  • MaMa

    June 29, 2012 at 6:59 am

    မိုးရာသီကို ကြိုက်တယ်။
    တောမှာနေတုန်းက ရေကြီးရင် လမ်းတွေကို ရေလွှမ်းပြီး တစ်မြို့လုံး အင်းလေးလို လှေနဲ့ သွားရလို့။
    (သွားရေးလာရေးခက်ခဲတာ၊ ရေကျသွားတဲ့အခါ လမ်းတွေပျက်တာတွေ ထည့်မစဉ်းစားရင်) 😀
    အခုတော့ အပြင်မထွက်ရပဲ အိမ်မှာနှပ်နေလို့ရရင် ကြိုက်တယ်။
    ဒီလို မဟုတ်ပဲ အပြင်ထွက်ရရင်တော့ မိုးရာသီကို အမုန်းဆုံးပဲ။
    ထီးဆောင်ထားရတဲ့ ဒုက္ခ
    ထီးဆောင်းရတဲ့ ဒုက္ခ
    လမ်းလျှောက်ရင် ရွှံ့ဗွက်စင်တဲ့ ဒုက္ခ
    မိုးစိုတဲ့ ဒုက္ခ
    အဲဒီလို ဒုက္ခတွေနဲ့ လွတ်လွတ်လပ်လပ် ပေ့ါပေ့ါပါးပါး မရှိဘူးလို့ ခံစားရလို့။ 🙁

  • ဦးဦးပါလေရာ

    June 29, 2012 at 8:01 am

    မနေ့က မနက်ကတည်းက မိုးမိပြီးစိုစွတ်စွတ် အောက်သိုးသိုးဖြစ်လာလို့ ဒီပိုစ့်ခေါင်းစဉ်လေးမြင်တော့
    တရက်တော့ သပိတ်မှောက်ဦးမယ်စဉ်းစားပြီး အခုမှ မန့်တာ … 😀

    တကယ်လို့များပေါ့လေ..
    ညဖက်မိုးရွာပြီး နေ့ဖက် မိုးအုံ့တဲ့နေ့မျိုးတွေဆိုရင်တော့ မိုးရာသီကိုကြိုက်ပါတယ်။
    ဆိုတော့…. မိုးရာသီရက်တွေထဲက သုံးပုံတပုံလောက်တော့ ကြိုက်ပါတယ် လို့ …… 😀

Leave a Reply