Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဖေစိတ်မဆိုးပါနဲ့နော် ………………………….

snow whiteJune 29, 20121min73025

အိမ်တစ်အိမ်မှာမိသားစုတစ်စုမှာ မိကောဖကောအရေးကြီးတယ် ဆိုတာ အမှန်ပါဘဲ စနိုးတို့ မိသားစုလေးမှာလည်း အဖေရယ်အမေရယ် မမရယ် စနိုးရယ် မိသားစုလေး(၄)ယောက်    စနိုးမိသားစုမှာစိတ်ဆိုးတက်ဆုံးကအမေ အရာရာဖြည့်ဆည်းပေးတက်တာ ကအဖေ အလိုလိုက်တာ က မမစနိုးကတော့တစ်အိမ်လုံးရဲ့ ဗိုလ်ပါဘဲ ဘယ်သူရာထူးပေးပေးမပေးပေး စနိုးကတော့ ဗိုလ်ဖြစ်သွားပီ အိမ်ဗိုလ်ပြောတာနော် အော်ပြောနေရင်း ဗို်လ်တွေ ကြောင်းပါလာပီ  စနိုးတို့မိသားစုလေး ကပျော်ဖို့တော့ကောင်းတယ် တခါတလေ  တယောက်နဲ့ တယောက် စနောက်ပျော်ပါးစွာနဲ့ဘဲ နေ့တစ်နေ့ပီး တစ်နေ့ ဖြတ်သန်းဘာတာစနိုးအသက် ၂ဝကျော် အောင်ရောက်လာခဲပါပီ  စနိုးငယ်တုံးကတော့ father day,mother day,  ဆိုတာမသိခဲ့ဘူးပေါ့နော်   father day,mother day, တိုရက်ကလေးတွေနေ့စွဲလေးတွေသတ်မှတ်ပေးတော့ အဖေအမေ တွေ အဲ့ရက်လေးတွေမှာသားသမီးတွေ ရဲ့လက်ဆောင်မေတ္တာလေးတွေကိုမိဘတိုင်းမျှော် လင့်မိမယ်လို့စနိုးစိတ် နဲ့နှိုင်းပြီးပြောတာနော်mother day, နေ့က တော့စနိုး  အလုပ်ကပြန်တာနဲ့အမေအတွက် လက်ဆောင်ဝယ် အိမ်ရောက်တာနဲ့ အမေကိုလက်အုုပ်ချီကာစနိုး ဝယ်လာတဲ့ လက်ဆောင်လေးနဲ့ကန်တော့ခဲ့ပါတယ် mother day, ကအမှတ်တရလေးပေါ့နော် အမေမျက်နှာမှာတွေ့လိုက်ရပါတယ် အမေ့မျက်လုံးထဲမှာလည်း ပီတိမျက်ရည်ဝိုင်းနေခဲ့တယ် စနိုးအဲ့နေ့လေးကိုတကယ် ကိုကျေနပ် တယ်အမေကလည်း စနိုးကိုအနမ်းလေးပြန်ပေးတယ်စနိုး တကယ်ကို ပျှော်ရွှင်ခဲ့ရတဲ့ နေလေးပါ father dayကျရင်လည်း အဲ့လိုမျိုးလေးဘဲအဖေကိုလက်ဆောင် လေးနဲ့အမေလိုမျိုးဘဲ လက်ဆောင်ပေးပြီး  အဖေရဲ့ ပျော်ရွှင်နေတဲ့မျက်နှာလေး နဲ့ စနိုးတို့ မိသားစု father dayကိုကျော်ဖြတ်မယ်ပေါ့ တကယ်တကယ်ဖြစ်လာ တာကတော့father day ကိုစနိုးမေ့နေခဲ့တာပါဘဲ  အဖေစိတ်မဆိုးပါနဲ့နော် နောင်နှစ်တွေမှာ အဖေများနေ့ကိုသေချာ အမှတ်ရစွာအဖေကိုအပြုံးပီတိပေးနိုင်အောင် စနိုးကြိုးစားပါ့မယ်  အဖေဒီစာလေးနဲ့ ကျေနပ်စေချင်ပါတယ် စိတ်မကောင်းလည်းမဖြစ်နဲ့နော် ဒီစာလေးကိုစနိုးရဲ့ အဖေကို father day အမှတ်တရ လက်ဆောင်ပေးချင်ပါတယ်  ။

25 comments

  • mamanoyar

    June 29, 2012 at 10:57 am

    စနိုးရေ အဖေများနေ့မှာ အမှတ်တရ အဖြစ်နဲ့
    ဝယ်ပေးတာ ကောင်းပါတယ်
    ဒါပေမယ့် အဖေများနေ့မှမဟုတ်ပါဘူး
    အချိန်တိုင်း ပြုစုစောင့်ရှောက်နိုင်ဖို့က
    အဓိကပါပဲ ကွယ်

  • ဘဲဥ

    June 29, 2012 at 11:06 am

    စိတ်မဆိုးပါဘူး သာမီးလေးရယ်……..
    အာဟိ လစ်လိုက်အုံးမယ်နော် ဝှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • မမ အညာသူ

    June 29, 2012 at 11:08 am

    အားပေးသွားပါတယ်မမစနိုးရေ

  • ko khin kha

    June 29, 2012 at 11:31 am

    father day ကျော်လာပေမယ့်လဲ father day နေ့တုံးကမပေးလိုက်တဲ့ အစား အဖေ့အတွက်သမီး သတိသရဝယ်လာပေးတာပါဆိုပြီး ပေးလိုက်ပါလား စနိုးရယ်။
    ကျွန်တော်ဆို အခု အဖေ့ကိုလက်ဆောင်ပေးချင်ရင်တောင် ပေးလို့မရတော့ဘူးလေ။

  • snow white

    June 29, 2012 at 11:42 am

    စနိုးကလက်ဆောင်ပေးပြီးပါပြီ စနိုးအဖေက လက်ဆောင်ထက်သားသမီးတွေ ရင်ထဲကဖြစ်ပျက်ခံစားချက်ကို သူကသိချင်တာလေ စနိုးအဖေက စာပေလည်းဝါသနာပါလို့ ဒီစာလေးနဲ့အဖေကို လက်ဆောင်ဖြစ်ပေးချင် တာပါ ။

  • snow white

    June 29, 2012 at 11:51 am

    စနိုးကလက်ဆောင်ပေးပြီးပါပြီ စနိုးအဖေက လက်ဆောင်ထက်သားသမီးတွေ ရင်ထဲကဖြစ်ပျက်ခံစားချက်ကို သူကသိချင်တာလေ စနိုးအဖေက စာပေလည်းဝါသနာပါလို့ ဒီစာလေးနဲ့အဖေကို လက်ဆောင်ဖြစ်ပေးချင် တာပါ စနိုးစိတ် ထဲကတောင်းပန်ချင်တာ ပါ။ ကိုခင်ခက အဖေမရှိတော့ဘူးထင်တယ် စနိုးစာလေးကိုလာဖတ်ပေးတာကျေးဇူးတင်ပါတယ် တောင်းပန်တယ်နော် သူများခံစားသွားရမှာကိုမလိုလားပါဘူး စနိုး တို့ကတော့အမေကောအဖေရှိသေးတော့ မိဘမရှိတော့တဲ့သားသမီးတွေကို ကိုယ်ချင်းစာပါတယ် ။

  • ko khin kha

    June 29, 2012 at 11:54 am

    ဒါဆိုရင်တော့ လေးစားပါတယ်စနိုးရယ်

  • King of Secrets (Bo Min)

    June 29, 2012 at 12:11 pm

    စိတ်ဆိုးပါဘူးးး သမီးရယ်၊ ဘယ်တော့မှ မဆိုးဘူး
    အော် ငါ့သမီးက အဖေထက် တစ်လ ကြီးနေပါလား။

  • snow white

    June 29, 2012 at 12:19 pm

    ဗိုလ်မင်းနင်ငါ့ကိုရန်လို်က်စနေတာလား နင်ကိုငါအမြင်ကပ်လာပီနော် အဖေထက်ဘယ်သူက တစ်လကြီးနေလို့လဲ သေချာလည်းစာကိုပြန်ဖတ်စာမဖတ်တက်ဘူးလား။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 29, 2012 at 12:28 pm

    အမေ များနေ့ကိုလူတိုင်း အသိများသလို….
    ဂရုစိုက်ချစ်ခင်ကြသလို……
    အဖေ များနေ့ ကိုလည်း လူတိုင်းမမေ့တတ်တဲ့…..
    ဂရုစိုက်ချစ်ခင်ကြမယ့်…….
    သားသမီးများဖြစ်ပါစေလို့………
    မိုက်လေး.. လည်းဆုတောင်းပေးပါတယ်…..။

  • Nyein Nyein

    June 29, 2012 at 1:02 pm

    မမစနိုးရေ……… တကယ်လေးစားပါတယ်။ အမေများနေ့၊ အဖေများနေ့ကို ဘယ်နေ့တွေလည်းဆိုတာ တကယ်မသိပါဘူး။ 😳 ဖေဖေနဲ့ မေမေ့ မွေးနေ့တွေကို သိတော့ မွေးနေ့တွေမှာပဲ အရင်ဆုံးထိုင်ကန်တော့တယ်။ ပြီးတော့ မွှေးမွှေးပေးတယ်။ နောက်ပြီး မုန့်ဝယ်ကျွေးတယ်။ အဲလောက်ပဲလုပ်ဖြစ်ပါတယ်။ အဆင်ပြေရင် အမေများနေ့၊ အဖေများနေ့ကို ပြောပြပေးပါလားဟင်။ ကျေးဇူးတင်ပါတယ်နော်။

  • mayjuly

    June 29, 2012 at 1:49 pm

    အဖေ စိတ်မဆိုးပါဘူး သမီးလေးရယ် ..
    အမြဲပြောနေကျ ဖေဖေ့ စကားလေး …
    သတိရ တမ်းတ မိပါတယ်….

  • koko thant

    June 29, 2012 at 1:55 pm

    မိဘတွေအပေါ်ထားတဲ့ စနိုးရဲ့ စိတ်ကိုလေးစားပါတယ်ဗျာ ကျနော်လည်းစနိုးလို စိတ်မျိူး ထားနိုင် အောင်ကြိုးစားပါ့မယ်ဗျာ

  • etone

    June 29, 2012 at 2:18 pm

    အားကျစရာပါပဲ .. စနိုးရေ … ။
    ကျွန်မတော့ … မိဘတွေရဲ့ အာဘွားပေးခံရဖို့ မပြောနဲ့ …….. မျက်နှာချင်းဆိုင်ဖို့ အချိန်တောင် အတော်နည်းတယ် …. ။ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းပြည့်ခဲ့လို့ …. အဖေက စကားမပြောဘူးလေ … ။ အမေနဲ့တော့ … စကားပြောမယ်ဆို …. သူလည်းသူ့အလုပ်နဲ့သူရှုပ် ၊ ကိုယ်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်ဆိုတော့ …. တပတ်လောက်ကြိုချိန်းရတယ် …….. ။ 😛

    • surmi

      July 1, 2012 at 1:01 am

      ကျုပ်သမီးဆို ခတ်နာနာလေးရိုက်ပစ်လိုက်မှာ …။ ဘယ်.နယ် အဖေ.ကိုတောင် စကားမပြောဘူး
      ဆိုလား …..ဟင်း …။

  • manawphyulay

    June 29, 2012 at 3:18 pm

    စနိုးက အဖေချစ်သမီးထင်တယ်နော်။ အဖေများနေ့မှမဟုတ်ပါဘူး ညီမလေးရယ်။ နေ့တိုင်း ပြုံးပျော်နိုင်အောင် စနိုးက ဖန်တီးပေးလို့ရတာပဲနော်။

  • ဇောက် ထိုး

    June 29, 2012 at 3:31 pm

    အဖေရဲ့ ဂုဏ်သတ္တိထဲမှာ သားသမီးတွေက အဖေထက် အမေကို ပိုချစ်ပေမယ့် အဖေတွေက တကယ် မနာလို မဖြစ်ကြဘူးတဲ့။

  • snow white

    June 29, 2012 at 3:32 pm

    မအိတုံအဖေတွေအမေ တွေကတစ်နေရာမအိတုံကတစ်နေရာဆီဖြစ်နေလို့လား ဟုတ်လားစပ်စုကြည့်လိုက်အုံးမယ် ။တွေ့ရင်တစ်ပတ်ကြိုချိန်းရတယ်ဆိုတော့လေ။

    • etone

      June 29, 2012 at 4:06 pm

      တပတ်လောက်အချိန်ယူရတယ်ဆိုတာက … အတိသယဝုတိ္တ အလင်္ကာ (စာလုံးမပေါင်းတတ်တော့ဘူးငါးတန်းပြန်သွားမယ် ဟီး )သုံးပြီးပြောတာ …. မိသားစုတွေ နေဝင်နေထွက် အလုပ်လုပ်ရလို့ မျက်နှာချင်း ဆိုင်မယ့်အချိန် နည်းတာကို … ရွဲ့ ပြောတာပါချင် ့ …. ဟိဟိ ……… ။

      အဖေကတော့ .. အတော်တင်းနေတယ် … သူပြောတာနားမထောင်ပဲ ပြန်ပြန် ကွန်ပလိမ်းတက်လို့တဲ့ …… အမြင်ကတ်တဲ့ ပုဒ်မတပ်ပြီး စကားမပြောပဲစိတ်ကောက်နေလေရဲ့ .. ဟီးဟီး … :mrgreen:

  • lynn lynn

    June 29, 2012 at 3:43 pm

    မစနိုးဝှိုက်ရဲ့ မိဘပေါ်ထားရှိတဲ့စိတ်လေးကို လေးစားအတုယူမိပါတယ်။

  • ဖိုးထောင်

    June 30, 2012 at 12:39 am

    အဖေများနေ့ အမေများနေ့ ဆိုတာ တကယ်တော့ ဖက်ရှင်တစ်ခုပါ သားသမီးကျင့်ဝတ်ကို အောက်ခံဘောင်းဘီလို မြဲမြဲဝတ်ထားမယ်ဆိုရင် မိဘနှစ်ပါးစလုံးက ကျေနပ်နေမှာပါ ရာဇကုမာရ် ကျောက်စာရေးထိုးတဲ့နေ့ဟာ အဖေများနေ့မဟုတ်သလို ညွန့်မေ သူ့အမေလာတွေ့တာလည်း အမေများနေ့မဟုတ်ပါ း)

  • AKKO

    June 30, 2012 at 9:26 am

    မားသားစ်ဒေး ၊ ဖားဖ်သားစ်ဒေးဆိုတာတွေက အနောက်တိုင်းနိုင်ငံတွေကနေ ဆင်းသက်လာတဲ့ နေ့ရက်သက်မှတ်ချက်တွေပါ ။ စီးပွားရေးလုပ်ငန်းလုပ်သူတွေအတွက် ဂွင်ကောင်းတာကြောင့် မိဘမေတ္တာကို ခုတုံးလုပ်ပြီး ဒီနိုင်ငံကို ကူးစက်လာတာလို့ပဲမြင်မိပါတယ် ။
    တကယ်တမ်း မိဘကို စေတနာထား ၊ မေတ္တာထားရမယ့်နေ့က အဲ့ဒီလို တနှစ်မှာ တရက်သတ်မှတ်လို့မှ မရတာပဲ ။

  • snow white

    June 30, 2012 at 5:06 pm

    သီတဂူဆရာတော် အရှင်ဉာဏိသရ တောင် အမေများနေ့ အဖေ များ ကိုသတ်မှတ်ပါတယ် ဆရာတော် က တရားဟောတော့ထည့်ပြောသေးတယ် သားသမီးတွေ နေ့ရှိသရွေ ့ မိဘပေါ်သိတက်တဲ့သားသမီးကရှားတယ် တဲ့ ဒီလိုနေ့လေးတွေသတ်မှတ်ပေးထားတော့ ကိုယ်နေ့ရက်တိုင်း ဘာကောင်းကျိုးမှမိဘအတွက် မပြုလုပ်ပေးပေမယ့် အဲ့ရက်လေးမှာမိဘကိုစိတ်ချမ်းသာအောင် ထားပေးချင်းကကောင်းမြတ်တဲ့ ကောင်းမွန်တဲ့စိတ်ဓာတ်ကို ဖြစ်စေတယ်တဲ့ဘယ်နိုင်ငံကဘဲကူးစက်လာပါ အဲ့နေ့လေးတွေ သတ်မှတ်ပေးတဲ့ အတွက် ကျေးဇူးတင် ဆရာတော်ဘုရားက သားသမီးများနေ့တောင်သတ်မှတ်သင့်တယ်လို့ တရားပွဲမှာ ထည့် ပြီးတရားဟောသွားပါတယ် ။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ပေါ့နော် ။

Leave a Reply