ဦးခိုင်သို့ အိပ်ဖွင့်ပေးစာ..ဗုဒ္ဓ၏ အဝတ်ဝတ်နည်း။
ဦးခိုင်ရေ.. မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်နော်။
အဆုံးမသတ်လိုက်ရသေးတဲ့ ကျွန်တော့် ခရီးသွားအတွေ့အကြုံလေးကို ဆက်ပြောချင်လို့ စာရေးလိုက်တာပါ။ ဦးခိုင်သိပ်ပြီးအလုပ် များနေ မလား..
အဲဒီနေ့က ကလေးမလေး ၃-ယောက်နဲ့ကျွန်တော် ထမင်းစားပြီးလို့ ကားပေါ်ပြန်တက်တော့ ကလေးမလေးတွေက ထမင်းဆိုင်ထဲမှာ ပြောထား တဲ့ ဘုရားရဲ့ အဝတ်ဝတ်နည်းပြောဆိုချက်ကိုပြောပါဦးလို့ မေးကြတယ်။
ကျွန်တော်တို့ လေးယောက်က နောက်ဆုံးခုံရှည်ကြီးမှာဆိုတော့ ပြောရတာ လဲ အဆင်ပြေပါတယ်။
ဦးက အဝတ်အစားကြောင်းတွေတော့ သိပ်မသိပါဘူးလို့…ပြောတော့..
ဘုရားလက်ထက်က စကတ်တွေ… လည်ဟိုက်တွေ ဘေးခွဲတွေ မပေါ်သေး တော့ အဲလိုတွေ မဝတ်နဲ့လို့တော့ မမှာခဲ့လောက်ပါဘူးဆိုပြီး ရယ်ကြသေး ဗျ။
ကျွန်တော်က ဟုတ်မှာပါ… ဘုရားလက်ထက်တုန်းက ခုလို စကတ်တွေ ဘေးကွဲတွေ.. လည်ဟိုက်တွေလိုမျိုး မပေါ်သေးဘူးထင်ပါတယ်။
ဘုရားကလဲ အဲဒါမျိုးတွေ လိုက်ပြောမနေပါဘူး။
ဘုရားက တိုတိုနဲ့ချုံမိရုံပြောတာပါ။ နောက် လူတွေအဝတ်ဝတ်တတ်ဖို့ ကိုပဲပြောတာပါ။ မိန်းကလေးအတွက်လို့ သီးသန့်ပြောတာမဟုတ်ပါဘူး။ ဘုန်းကြီးဝတ်ဝတ်.. မယ်သီလဝတ်ဝတ်.. ယောကျာ်းဝတ်ဝတ်.. မိန်းမ ဝတ်ဝတ်..အဝတ်ဝတ်မှုအပေါ်မှာ ထားရှိရမယ့်စိတ်ထားကို ညွှန်ခဲ့ပါတာပါ။
ပဋိသင်္ခါယောနိသော… အဝတ်ဝတ်တော့မယ်ဆိုရင် အဲဒီအဝတ်ဝတ်ရတဲ့ အပေါ်မှာ အသိညာဏ် ဦးစီးပြီးဝတ်ကြတဲ့။ ဘာကြောင့် ဝတ်ရတာလဲဆိုတာ
သီတဿ ပဋိဃာတာယ…. အဝတ်ဝတ်တယ်ဆိုတာ.. အချမ်းဒဏ်တွေ ခံနိုင်အောင်၊ အအေးဒဏ် ကာကွယ်နိုင်အောင် ဝတ်ရတာဖြစ်တယ်တဲ့။ ကိုယ့်ကိုယ်ခန္ဓာကိုယ်ကို အချမ်းဒဏ်တွေက မနှိပ်စက်နိုင်အောင်.. အေးတဲ့ဒဏ်တွေကြောင့် ကိုယ့်ခန္ဓာမှာ ရောဂါတွေမဖြစ်အောင်…ဝတ်ရတာ ဖြစ်တယ်တဲ့။ ဒါဟာ အဝတ်ဝတ်ရခြင်းရဲ့ ပထမအကြောင်းတစ်ချက်ပဲ။ အဝတ်ဝတ်တဲ့အပေါ်မှာ ထားရမယ့် စိတ်ဓာတ်ပဲ။
နောက် ဥဏှဿ ပဋိဃာတာယ= အပူဒဏ်တွေက ကာကွယ်အောင်.. အပူဒဏ်တွေကို ခံနိုင်အောင် ဝတ်ရတာဖြစ်တယ်တဲ့။ ကိုယ့်ကိုယ်ခန္ဓာကိုယ် ကို အပူဒဏ်တွေက မနှိပ်စက်နိုင်အောင်..ပူတဲ့ဒဏ်တွေကြောင့် ကိုယ့်ခန္ဓာ မှာ ရောဂါတွေမဖြစ်အောင်…ဝတ်ရတာ ဖြစ်တယ်တဲ့။ ဒါဟာ အဝတ်ဝတ်ရ ခြင်းရဲ့ ဒုတိယ အကြောင်းတစ်ချက်ပဲ။ အဝတ်ဝတ်တဲ့အပေါ်မှာ ထားရမယ့် စိတ်ဓာတ်ပဲ။
နောက် ဍံသ.. မကသ.. ဝါတာတပ..သရီသပ..သမ္ဖဿာနံ ပဋိဃာတာယ= မှက်. ခြင်. ယင်. နေပူ. မွေ. ကင်း. သန်း. စတဲ့ အန္တရာယ်တွေက ကာကွယ် အောင်… အဲဒီ နေပူ လေပူ ခြင် ယင် စတဲ့ အန္တရာယ်တွေက ကိုယ့်ကို မထိခိုက်နိုင်အောင်.. ဒုက္ခမပေးနိုင်အောင် ဝတ်ရတာဖြစ်တယ်တဲ့။
အဲဒီလို အဝတ်မဝတ်ရင်.. နေပူဒဏ် လေပူဒဏ်တွေ ခြင်တွေ စတဲ့အန္တ ရာယ်တွေက ခန္ဓာကိုယ်ကို အပြင်ကနေ ဒုက္ခပေးနိုင်တယ်လေ။ ဒါကြောင့် အဲဒီ ဒဏ်တွေကနေ ကာကွယ်ဖို့ဆိုတဲ့ အသိစိတ်မျိုးနဲ့လဲ ဝတ်ရတယ်တဲ့။
နောက် ဟိရိ ကောပိဏ ပဋိစ္ဆာ ဒနတ္ထံ.. အရှက် အကြောက်ကို ဖြစ်စေ တတ်တဲ့ ကိုအင်္ဂါ အစိတ်အပိုင်းတွေကို လုံခြုံအောင်ဝတ်တာ ဆိုတဲ့ စိတ်မျိုး လဲရှိရမယ်တဲ့။
ဘုရားပြောခဲ့တာလေးကတော့ ဒါပါပဲ။ အားလုံးကို အတိုချုပ်ရင်..နှစ်မျိုးထဲ လို့တောင်ပြောလို့ရမလားပဲ။
ပထမ တချက်က….ကိုယ်ရဲ့ ခန္ဓာကိုယ်ကြီးကို တည်မြဲဖို့.. ကိုယ်ရဲ့ ခန္ဓာ ကိုယ်ကြီးကို မဆင်းရဲဖို့… ကိုယ်ရဲ့ခန္ဓာကိုယ်ကြီးကို အန္တရာယ် မကျရောက် ဖို့ပဲ။ အဲဒီလို ခန္ဓာကိုယ်ကိုကာကွယ်ဖို့ရာအတွက် အဝတ်ကို ဝတ်ကြရတာ ဖြစ်တယ်ဆိုတဲ့ အသိတရားထားပြီး ဝတ်ရမယ်။
အဲဒီလို အသိတရားထားဝတ်တော့ ဘာဖြစ်လာမလဲ… လှချင်တဲ့စိတ်ကို ရှေ့တမ်းတင် ဦးစားမပေးသင့်ဘူး။ လှဖို့ရာနဲ့ ကျန်းမာရေး ယှဉ်လာတဲ့အခါ ကျန်းမာရေးကို ဦးစားပေးဝတ်သင့်တယ်ဆိုတာ သိလာစေတယ်။
တချို့လူတွေက လှဖို့ကိုဦးစားပေးဝတ်ကြတယ်။ ဥပမာ ဆောင်းတွင်းကြီး မှာ ပါးပါးလှပ်လှပ်လေးတွေဝတ်ကြတယ်။ ခန္ဓာကိုယ်ပေါ်မှာ အဝတ်စ ပါးပါး လေးတို့ တိုတိုလေးတို့ အဝတ်လေးတွေကိုဝတ်ကြတယ်။
နောက် နေပူတဲ့အခါမျိုးမှာကြတော့လဲ တချို့က လှချင်တော့ သိုးမွှေးထည် မျိုးတွေ ဝတ်တဲ့သူတွေလဲ ရှိရဲ့။ နောက် နေပူပူမှာ လှချင်တဲ့စိတ်ကြောင့် အနီရောင်တောက်တောက်ကြီးတွေ ဝတ်လားဝတ်ကြရဲ့။
ဘုရားရဲ့ဆိုလိုရင်းကတော့…မလှချင်နဲ့လို့ပြောတာလဲမဟုတ်ဘူး။ ဘာအရောင် ညာအရောင်လဲ မပြောဘူး။ အထူးအပါးလို့လဲ ခွဲမပြောဘူး။
နံပါတ်တစ်ကတော့ .. အဝတ်ဝတ်တာဟာ ကိုယ့်ကျန်းမာရေးအတွက် ဝတ်ရတာ အဓိကဖြစ်တယ်ဆိုတာပဲ။ အဲဒီစိတ်ကို အဓိကထား ဝတ်ရမယ် လို့ဆိုတယ်။
ဒီနေရာမှာ တစ်ခုသတိလေးရတာပြောမယ်။ ဘုရားက ဒီခန္ဓာကိုယ်ကြီးက အပုတ်ကောင်ကြီးပဲ..ပြစ်ထားလိုက်လို့မပြောဘူး။ ဒီခန္ဓာကိုယ်ကြီးက ဘာမှ အနှစ်သာရမရှိဘူး.. ပြစ်ထားလိုက်လို့ မပြောဘူး။ သေသေချာချာကြည့်… ဒီခန္ဓာကိုယ်ကြီးကို မထိခိုက်ဖို့… မဆင်းရဲဖို့.. သေသေချာချာ ဂရုစိုက်ဖို့ စားဖို့တုန်းကလဲ မှာခဲ့တယ်။ ခုဝတ်ဖို့မှာလဲပြောပြန်တယ်။
ဒီစကားဘာကြောင့်ပြောတာလဲဆိုရင်…ဘုရားက ဒီခန္ဓာကိုယ်ကြီးကို အကောင်းမြင် ပုဂ္ဂိုလ်မဟုတ်ဘူး။ ဘုရားက လူကို အပြစ်မြင်တဲ့ ပုဂ္ဂိုလ်လို့ ထင်မှာစိုးလို့.. တချို့က ဘုရားကို လူညွှန့်တုံးဝါဒလို့တောင် ထင်ကြလို့။ စီးပွားဥစ္စာတွေကို တံတွေးပေါက်လောက်တောင် တန်ဖိုးမထားဘူး ဆိုတာ တွေ.. သေကိုယ့်နောက်မပါဘူးဆိုတာတွေနဲ့ဆိုတော့.. ဘုရားကို တချို့က တမျိုးမြင်ကြတယ်။
နောက်တစ်ချက်က…အရှက်အကြောက်ကိုဖြစ်စေတဲ့ ကိုယ်အင်္ဂါ အစိတ် အပိုင်းတွေကိုလဲ လုံအောင်ဝတ်ကြတဲ့။ ဒါ ဘုရားရဲ အပြည့်စုံဆုံးစကားပဲ။ ဘောင်ဘီရှည်မဝတ်နဲ့လို့ ဘုရားမပြောဘူး။ စကတ် မဝတ်နဲ့လို့ ဘုရားမပြောဘူး.. အရှက်အကြောက်ကိုဖြစ်စေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း တွေကိုလုံအောင်ဝတ်ကြတဲ့။ ဒါပါပဲ…
ဒီတော့ အဝတ်ဝတ်တာဟာ
၁=ကျန်းမာရေးအတွက် ဝတ်တာဖြစ်ရမယ်။
၂=အရှက်အကြောက်တွေလုံခြုံဖို့ဝတ်တာ ဖြစ်ရမယ်။
ဒီနှစ်ချက်နဲ့တော့ ညီနေရမယ်။ လှချင်တာ ပချင်တာတွေ မရှိရဘူးလို့ မပြောဘူး။ အဲဒါတွေကြောင့် အဲဒီလှချင်ပချင်မှုကြောင့်တော့ ကျန်းမာရေးနဲ့ အရှက်အကြောက်ကို မထိခိုက်စေသင့်ဘူး။
အဲဒီလို ဘုရားစကားနားမထောင်ပဲ ဝတ်တော့ ဘာဖြစ်မှာလဲ.. သေပြီးနောက် ငရဲရောက်မှာလား.. မေးစရာရှိတယ်။
မဟုတ်ပါဘူး။ ကိုယ်က လှချင်လွန်းလို့ လှဖို့ရာကိုပဲ ဦးစားပေးပြီး ကျန်းမာရေးနဲ့မညီတာဝတ်ရင် ကိုယ်ပဲ ကျန်းမာရေးထိခိုက်မယ်။ လှချင် တယ်ဆိုတဲ့ စိတ်က.. လှရဲ့လား…လှမှလှရဲ့လား…လိုက်ရဲ့လား.. လှတယ်လို့ပြောတော့ ကြိုက်ခြင်း..ပျော်ရွင်ခြင်း..။ မလှဘူးပြောတော့ စိတ်ညစ်ခြင်း စိတ်ဆင်းခြင်းစတာတွေကို ကိုယ်ပဲ ခံရမှာ။ ဒီနေ့ ကမ္ဘာမှာ လှချင်မှုကြောင့် ဒုက္ခရောက်သေသွားကြတဲ့ မိန်းကလေးတွေအများကြီးပဲ။
ဒီလှမှု..မလှမှု..တွေကိုမစဉ်းစားဘူး.. ကိုယ့်ကျန်းမာဖို့.. ကိုယ့်အဝတ်က ပတ်ဝန်းကျင် အနှောက်အယှက်မဖြစ်ဖို့ကိုသာ ဂရုစိုက်ပြီးဝတ်မယ်ဆိုရင် ခုနကပြောသလို စိတ်မှာဆင်းရဲစရာတွေရှိမှာမဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုရင် လူမှာလိုအပ်လို့ ဝတ်သင့်ဝတ်ထိုက်လို့ ဝတ်တာဖြစ်လို့ပဲ။
လှချင်တာတို့…မလှချင်တာတို့…ဆိုတာတွေက ကိလေသာစိတ်လို့ ဆိုရ မယ်။ အဲဒီကိလေသာစိတ်ကိုပဲ လူတွေက လူ့စိတ်လို့ ထင်နေကြတာ။ အဲဒီလို ကိလေသာစိတ်နဲ့ လူ့စိတ်ကို ကွဲဖို့ ဦးက အမျိုးမျိုးပြောနေတာ။
နောက် အရှက်အကြောက်ကိုဖြစ်စေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လုံအောင်မဝတ်တော့ သေပြီးရင် ငရဲရောက်မှာလား…ဒီလိုမဟုတ်ပါဘူး။
ဒို့မြန်မာနိုင်ငံရဲ့ ဒီနေ့ထိ သတ်မှတ်ထားတဲ့ မိန်းကလေးရဲ့တန်ဖိုးတွေထဲက တန်ဖိုးတစ်ခုက လုံလုံ ခြုံခြုံ ဝတ်စားဆင်ယင်မှုပဲ။ (အနောက်နိုင်ငံတွေ မပြောလိုဘူးနော်)
ဒို့နေတဲ့နိုင်ငံ…ဒို့ကျက်စားရာနေရာအရ.. အဲဒီလို မလုံမခြုံဝတ်တော့.. ကိုယ့်တန်ဖိုးကို ကိုယ်ပဲချပစ်သလိုဖြစ်တယ်။
ကိုယ့်တန်ဖိုးကို ကိုယ်တိုင်က ချပစ်လိုက်ပြီဆိုရင်…. ဝယ်သူတွေ များချင်များ လိမ့်မယ်။ လူတွေအုံနေချင် အုံနေလိမ့်မယ်။ ဒါပေမယ့် တန်ဖိုးရှိလို့တော့ မဟုတ်တော့ဘူး။ အဆင့်ပြေရင် အလကားပါ ရမလားလို့ပဲ။ တန်ဖိုး မထား တဲ့ ပစ္စည်းဆိုရင် ဘယ်သူ့မှလဲ တန်ဖိုးတရှိ သိမ်းဆည်းမထား ချင်ကြဘူး။
မိန်းကလေးတစ်ဦးက ဦးကိုပြောဖူးတယ်။ နောင်ဘဝဆိုတာသာ မရှိဘူး ဆိုရင် ကိုယ်ဝတ်ချင်သလို..ကိုယ်နေချင်သလို ဝတ်ပြီးနေပစ်လိုက်မှာတဲ့။ ဒီတော့ ဦးရင်ထဲကတော့ ပြောလိုက်ပါတယ်။ “အဲဒီလိုနေရင် မင်းစုတ်ပြတ် သတ်သွားမှာပေါ့လို့”
လုံလုံခြုံခြုံဝတ်တာ ရှက်တတ်ကြောက်တတ်တာကို တန်းဖိုးထားတဲ့နိုင်ငံမှာ မလုံမခြုံဝတ်တာဟာ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်ချပစ်တဲ့သဘောပဲ။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်ကမှ ချပစ်ရင်… ပတ်ဝန်းကျင်ကဆို ပိုဆိုးမှာပေါ့။ ကိုယ့်ကို ပတ်ဝန်းကျင်က… တန်ဖိုးကိုရှိတဲ့သူလို့ကို သတ်မှတ်မှာ မဟုတ် တော့ဘူး။
ကိုယ်လုပ်တဲ့အတိုင်းကိုယ်ဖြစ်နေတယ်။ ကိုယ်ဝတ်တဲ့အတိုင်း ကိုယ်ဖြစ်နေ တယ်ဆိုတာကိုတော့ မမေ့စေချင်ပါဘူး။
နောက်ဆုံး ဦးနားလည်သလောက် ပြောရရင်…
၁=ကိုယ့်ကျန်းမာရေးကောင်းဖို့အတွက် အဓိကထားဝတ်ပါ။
၂=အရှက်အကြောက်ကိုယ်အင်္ဂါတွေကိုလုံခြုံအောင်ဝတ်ပါ။
၃=ကိုယ်နေတဲ့ နေရာရဲ့ တန်ဖိုးထားတဲ့… ကိုယ်နေတဲ့နေရာနဲ့ လိုက်ဖက် တဲ့ ဝတ်စားမှုမျိုးကို ဝတ်စေချင်ပါတယ်။
လှချင်မှုကို ဦးစားပေးဝတ်ခဲ့ရင်.. လှခြင်း.. မလှခြင်း.. ကဲ့ရဲ့ခံရခြင်း..ချီးမွမ်းခံ ရခြင်း စတဲ့ စိတ်မှာ အပိုအလိုဆင်းရဲတွေ အဝင်ခံရပါလိမ့်မယ်။
တချို့ဆို အဝတ်စားလေးဝယ်ပြီးမှာ မလိုက်ဘူးလို့သူများပြောတာနဲ့ စိတ်ဆင်းရဲနေသူတွေရှိတယ်။
ဒီနေ့မြန်မာနိုင်ငံက နာမည်ကျော်အမျိုးသမီးတစ်ဦး သူ့ရဲ့အဝတ်အစား ကြောင့် သူ့ကိုသူထိခိုက်မှန်းသိလို့ ခုဆို သီလရှင်ဝတ်မယ်ချည်းပြောနေသံ ကြားရတယ်။
နောက်ဆုံးတော့ ကိုယ့်ဝတ်တဲ့အဝတ်ဟာ…
ကိုယ်ရဲ့ကျန်းမာရေးနဲ့ညီညွတ်ရမယ်။
အရှက်အကြောက်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုလုံခြုံစေသင့်တယ်။
ကိုယ့်နေရာ ကိုယ့်ဒေသ နဲ့ လိုက်ဖက်ပြီးကိုယ့်တန်ဖိုးကိုမြင့်တင်နိုင်တဲ့ အဝတ်အစားဖြစ်ရမယ်လို့ ဦးတော့ အဲဒီလိုပဲ ပြောချင်ပါတယ်..
ဒါတွေက ဘုရားပြောခဲ့တဲ့ ဝတ်မှုအပေါ်ထားရမယ့် စိတ်ထားပါ။ ဒါပေမယ့် ဦးကတော့ လိုတိုး ပိုလျှော့ဆိုတာမျိုးကိုလဲ လက်ခံသူဖြစ်ပါတယ်လို့။
ဆိုပြီး ကျွန်တော် ပြောလိုက်ပါတယ်ဦးခိုင်…
ဦးခိုင်ရဲ့ကိုယ်စိတ်နှစ်ပါးကို ချမ်းသာအောင် ဆောင်ရွက်နိုင်သူဖြစ်ဖို့ ဆန္ဒပြု ပါတယ်ခင်ဗျာ။
ဇောက်ထိုး
23 comments
စိန်ဗိုက်ဗိုက်
June 30, 2012 at 8:04 pm
ကျော့်မှာ ဘောင်းဘီဒူးပြဲတစ်ထည်ရယ် အင်္ကျ ီဂုတ်ပြဲ တစ်ထည်ရယ် ကလွဲ၍ ဖက်ရှင်ဆန်စရာ တစ်ထည်မှ မစိသောကြောင့်
ဦးဘဇင်းကိုကိုဇောက်ရဲ့ ဗုဒ္ဓ၏ အဝတ်ဝတ်နည်း ဆိုသော ပို ့စ်သည် ဖက်ရှင်မယ်လေးများကို ဖီလာဆန် ့ကျင်သော
ပို ့စ် ဖြစ်ပါသော်လဲ ကျော်နဲ ့တော့ ကွက်တိပဲ ဖြစ်ပါတယ်..။
ဂိန်..ဂိန်..
မောင်ပေ
June 30, 2012 at 8:07 pm
ဦးဦးဖျားဖျားလေး ဆွမ်းလောင်းလိုက်ပါတယ် အူးဘဇင်းရေ
မိန်းမတွေရဲ ့အချင်းဟာ အဆင်း ဆိုတာကို ကြားဖူးပါတယ် ။
“ဒို့မြန်မာနိုင်ငံရဲ့ ဒီနေ့ထိ သတ်မှတ်ထားတဲ့ မိန်းကလေးရဲ့တန်ဖိုးတွေထဲက တန်ဖိုးတစ်ခုက လုံလုံ ခြုံခြုံ ဝတ်စားဆင်ယင်မှုပဲ။ ”
မှန်ကန်တဲ့ စကားပါ ။ မိန်းမတွေရဲ ့တန်ဖိုး ၊ အလှတရား ကို ဖုံးဖုံးဖိဖိထားဖို ့ရာမှာ ၊ ပေါပေါနဲ ့ပြနေရင်တော့ ၊ ကိုယ့်ကို မြတ်မြတ်နိုးနိုးနဲ ့တန်ဖိုးထား တစ်သက်လုံးပေါင်းသင်းမယ့် ကြင်ယာဖက် ကို မလေးစားရာ ရောက်နေသလားလို ့လဲ တွေးမိပါတယ်။ မြန်မာနိုင်ငံအနေနဲ ့ပေါ့ ။ မြန်မာနိုင်ငံလို ့သာဆိုရပေမယ့်လဲ ၊ အရမ်းချမ်းသာတဲ့ အလွှာအတန်းတွေအတွက်ဆိုရင်လဲ ဒီကိတ်စမျိုးက မှန်မယ် မထင်တော့ပြန်ဘူး။
ပြောမယ့်သာ ပြောရတာပါ
ပေါက်ဖော်နဲ ့ကျုပ်နဲ ့တက္ကသီလာပညာသင်ဘဝက ဆိုရင်
ပရက်တီကယ် ဆင်းရတဲ့နေ ့များမှာပေ့ါ
ရင်ဘက်အဟိုက်ကြီးဝတ်လာကြတဲ့ အခန်းဖော်ကောင်မလေးတွေကို မကြည့်ချင်မှအဆုံး မြင်ခဲ့ကြရတာကလား ။ ဟီဟိ
ကျေးဇူးပါနော် အူးဘဇင်း
မောင်ပေ
June 30, 2012 at 8:08 pm
အူးပြီ မှတ်နေတာ
ဟို ပေါက်ဖော်က အူးသွားတယ်ဗျာ
ပထမ ဆုံး လက်မထောင်နေတာတော့ ကျုပ်ကြောင့်ပါဘဲ ခင်ဗျား
စိန်ဗိုက်ဗိုက်
June 30, 2012 at 8:12 pm
ဖက်ရှင်မယ်လေးဒွေတော့ ဝတ်ချင်ဒါ ဝတ်ပါစေလေ….
ရို ့ခမျာ အိုက်ရှာမပေါ့..
ဂိန်..ဂိန်..
(မာမီပုစမှ ကျော်လဲ ဘဝပြောင်းရပါပကောဗျာ..)
ဇောက် ထိုး
July 1, 2012 at 5:44 pm
ဦးဗိုက်လဲ သောက်ချင်သောက်.. သောက်မှုကြောင့် အဆင်ပြေခြင်း… မပြေခြင်းကို ဦးဗိုက်ရမှာလေ။ ဟုတ်တယ်မဟုတ်လား။
ဟဲ…. စီးပွားရေးသမားကြီးတွေနဲ့ လုပ်ငန်းကြီးတွေ တိုင်ပင်ရမှာမို့ စီးပွားရေးအကျိုးအမြတ်ရဖို့ သူတို့ကို ဧည့်ဝတ်ပြုစုရင်း ကိုယ်ပါသောက်တာကို အပြစ်လို့ပြောဖို့ခက်တယ်။
ရှေ့တန်းစစ်မျက်မှာမှာ ဒဏ်ရာအပြင်းအထန်ရထားသူတွေဆိုရင်လဲ ဒဏ်ရာသက်သာအောင် မူးရစ်စေတတ်တာတွေတိုက်ရတယ်။
ှုစတဲ့ ကိစ္စတွေလဲ ရှိတယ်။ အဲဘာသာရေးပြင်းထန်သူတွေကတော့ ကိုယ့်မှာအနာပေါက်လို့ လောက်ကိုက်နေရင်တောင် လောက်မသတ်နဲ့ဆိုတဲ့ သူတွေက ရှိတော့ .. အဲဒီလိုပြောရင် “မိုးပြာသွားမယ်…ခက်တယ်။
ခုလဲ ဖက်ရှင်လေးတွေလဲ သူ့တို့ဘဝအတွက် ဝတ်သင်လို့ဝတ်တာဆိုဝတ်ပေါ့… ဝတ်သင့်လို့ မဟုတ်ဘဲ ဝတ်ချင်လို့ဝတ်တာဆိုရင်တော့ ချင်ဆိုတာ ကိလေသာမို့ ဆင်းရဲမှာပဲ။
ကျွန်တော်မနေ့က ပို့လေးတင်ပြီးယုံရှိသေး… ဦးဗိုက်နဲ့ ဦးပေ စာဖတ်လိုက်ရတယ်။ ကားက စောင့်နေတယ်။ ဦးဗိုက်တို့ ဦးပေတို့ကို ပြန်မပြောရဘူး။ တညလုံး အူယားနေတယ်။
အဲဒီမှာတင် တခုစဉ်းစားမိတယ်။ မမြင်ရရာ ကိလေသာ သူ့ဟာသူငြိမ်းတဲ့။ ငါ ဦးဗိုက်တို့ကို မမြင်ရပေမယ့်…. မငြိမ်းပါလားလို့….
စိန်ဗိုက်ဗိုက်
July 1, 2012 at 5:51 pm
ကျော်ကတော့ မြင်ရမှ ကျေနပ်တာ..
စကားမစပ်..
ငါ ဆိုတာမရှိ
ငါစွဲလေးတွေ ဖြုတ်ရေးပါနော်..။
ဂိန်..ဂိန်..
ဇောက် ထိုး
July 1, 2012 at 5:46 pm
ဦးပေ.. ဟိုတုန်းက လူတစ်ယောက်ထဲ အပြေးပြိုင်တာ အဲဒီလူ ဒုတိယ ရသွားသတဲ့။။
တစ်ယောက်ထဲ ဘာကြောင့်ဒုတိယ ရတာလဲဆိုတော့… ပန်းဝင်ခါနီး ကျောက်ခဲ ခလုပ်တိုက်သွား တော့ ကျောက်ခဲက လွင့်စင်ပြီး ပန်းအရင်ဝင်သွားလို့တဲ့…
ကျောက်ခဲကို စိတ်မနာစမ်းပါနဲ့ဗျာ။
သားဦး၊မြေးဦး
June 30, 2012 at 10:00 pm
ဆင်းရဲလွန်းလို ့ပါဗျာ။မသေးမျှင် အမတွေလေဗျာ။
ဇောက် ထိုး
July 1, 2012 at 5:35 pm
ကိုအချစ်ဦး နဲ့ အနှစ်ဦးကြီးကလဲဗျာ….
ငွေဆင်းရဲတာ… ဘာမှ ဒီလောက်မဟုတ်ပါဘူးဗျ…
ဟုတ်သင့်သလောက်တော့လဲ ဟုတ်ပါတယ်။
အဲ….စိတ်တော့ မဆင်းရဲစေနဲ့ဗျ။
ကျုပ်တို့ဘုရား တခါမှာ တဝါတွင်းလုံး ဆွမ်းခံမရလို့ မြင်းစာဂျုံတွေကို ဘုဉ်းပေးရတယ်။ အစားဆိုးချင် ဆိုးမှာပေါ့ဗျ… အစားဆိုးတဲ့ ဒုက္ခဆင်းရဲ ခံစားရမှာပေါ့။ ဒါပေမယ့် စိတ်မဆင်းရဲဘူး။ ခန္ဓာကိုယ်က ဆာ စားလိုက်မှာပဲ။ မဆာ မစားဘူးပေါ့။ ဒုံးမဝေးစမ်းပါနဲ့ ကို့လူရာ။ ဟဲဟဲ… ဦးဂွမ်တီလေသံဖမ်းကြည့်တာ… စိတ်မဆိုးနဲ့နော်…
kai
July 1, 2012 at 3:58 am
အခြေအနေ..နေရာဒေသ..အချိန်အခါတည်မှီပြီး ပြောင်းလဲနေမှာတွေရှိပါတယ်..
ဥပမာ..။
ဂျပန်က.. ဂျပန်မိန်းကလေးတွေဟာ.. ဟောလိဝုဒ်နဲ့… ချမ်းသာသူတွေအနေများတဲ့..ယူအက်စ်..လော့စ်အိန်ဂျလိစ် ဘေဘရီဟေးလ်ရပ်ကွက်လိုနေရာကို.. လာငှားနေပြီး.. မနက်တိုင်း.. မပေါ့မပေါ်အားကစားဝတ်စုံနဲ့.. အဲဒီရပ်ကွက်ပန်းခြံလာပြီး.. အားကစားလာလုပ်လေ့ရှိပါတယ်..
တချိန်ချိန်..တနေ့နေ့မှာ.. ချမ်းသာတဲ့သူတဦးဦးနဲ့ ညိသွားပြီး.. ဒင်နာဖိတ်..တူတူသွားလာရင်း.. အိမ်ထောင်ဖက်ဖြစ်သွားတဲ့အထိ ကြိုးစားကြတာပေါ့..
ဘဝနောင်ရေးအတွက် ကြိုးစားကြတာပါ..
ဒါဟာ.. သူ့ပုဂ္ဂလိကအခွင့်အရေးဖြစ်ပြီ…ဥပဒေနဲ့.. လူစည်းကမ်းအရ.. တရားပါတယ်..။
နောက်တခုက..
အလုပ်အကိုင်အခွင့်အလန်း…ရှု့ထောင့်..
အမြင်လှတာမျိုး.. မပေါ့တပေါ်ဝတ်တာမျိုး.. ပူလောင်တာမျိုးဝတ်ကြရင်.. အဲဒီပစ္စည်း.. အဝတ်အစား..အလှကုန်တွေရောင်းရတာပေါ့..
ရောင်းရတော့.. ငွေလည်ပတ်မှုဖြစ်တာပေါ့..
ငွေလည်ပါတ်တော့.. အလုပ်အကိုင်အခွင့်အလန်းတွေဖြစ်.. နောက်..
အလုပ်ကိုယ်စီ..ဝင်ငွေကိုယ်စီနဲ့.. လူနေမှုအဆင့်အတန်းတွေမြင့်လာတာပေါ့..
ဒီလိုနဲ့.. ကမ္ဘာကြီး..ခေတ်တွေနဲ့အလိုက်… တိုးတက်လာတာဖြစ်ပါတယ်..
ဘာသာရေးရှုထောင့်နဲ့.. နိုင်ငံရေးရှုထောင့်ဟန်ချက်ကျကျ..
လက်ယာ(ကွန်ဆာဗေးတစ်)နဲ့.. လက်ဝဲ(လစ်ဘရယ်) အချိုးညီညီကစားစေတဲ့အခါ.. လူတွေရဲ့.. လူနေမှုအဆင့်အတန်း… တိုးတက်ပါတယ်..
ယဉ်ကျေးမှုအဆင့်အတန်းမြင့်လာပါတယ်..
ငြိမ်းချမ်းပါတယ်..။
ဘာသာရေးအတွေးအခေါ်ဟာ.. လက်ယာဖက်ပါ..
လက်ယာဖက်ကသူတွေက..သူ့အလုပ်သူလုပ်..ပြောကြရမှာပါ..
လက်ဝဲဖက်က.. လွတ်လပ်ခေတ်မှိသူ.. လွတ်ပြန့်သူတွေပါ..
သူတို့က.. လက်ယာစွန်းကိုကန့်ကွက်ပြီး.. ညှိနှိုင်းပြီး..လက်ဝဲဖက်ပြန်ဆွဲကြပါတယ်..
အဲဒီလိုနဲ့.. လူထုအများစုက… အလယ်ဖက်ရွေ့ကြမှာပေါ့..
.. အစွန်းစွဲကင်းတဲ့..အလယ်ဖက်ကနေ.. လူ့ယဉ်ကျေးမှု..ဘဝ.. အသိုင်းအဝန်းကို.. ဆွဲတင်ပါတယ်..။
အဲလို…
စကားအတင်းစပ်..
နတ်ပြည်မှာ.. ဒိဗ္ဗစက္ကုရှိတဲ့..နတ်တွေက.. အဝတ်ဘယ်လိုဝတ်မလည်းနော..
ကိုယ်တုံးလုံးတွေနေမှာလားဟင်င်င်င်…
ဝတ်ထားလည်း…မြင်ချင်တာကို.. ဖောက်ပြိးမြင်ရတယ်ဆို…ဆို… ဆို…..
နတ်ပြည်မှာ.. မုဒိန်းမှုတွေ ပေါလားဟင်င်…
မောင်ပေ
July 1, 2012 at 9:24 am
အာဖရိကမှာတော့ ပေါတယ်
သဂျီး မေးတဲ့ဟာ
ဇောက် ထိုး
July 1, 2012 at 5:24 pm
ဒီစာတွေကို ရေးတော့ စကတ်တွေ ဂါဝန်တွေ.. လည်ဟိုက်တွေ ရေးလို့ကတော့ သူကြီးခိုင်က စပြီးတွယ်လိုက်ကြမယ့်ဖြစ်ခြင်းဆိုတာကို မြင်လို့ အတော်ကိုလွတ်အောင် ကြိုးစားခဲ့တာပဲ။
ထင်တဲ့အတိုင်း တန်းနေတာပဲ။ ဟီးးးးးးးးးးးးဒါပေမယ့် သေချာတာ တစ်ခုပြောပါဆိုရင်
ကျွန်တော် ပျော်တယ်။ တကယ်ပျော်တာ။
အဲ..နေအုံး ပြောတော့ပြောဦးမယ်။ အခြေအနေ..နေရာဒေသ..အချိန်အခါတည်မှီပြီး ပြောင်းလဲနေမှာတွေရှိပါတယ်..ဆိုတဲ့ ဦးခိုင်ရဲ့ စကားကို ကျွန်တော်က သိပ်လက်မခံသေးဘူး။
ကျွန်တော် သိထားတာက ဘုရားရဲ့ စကားဟာ နေရာတိုင်းမှာ အချိန်တိုင်းမှာ အမြဲမှန်ရမယ်လို့ ခံယူထားတာဗျ။ အချိန်တိုင်း နေရာတိုင်း မမှန်ရင် ဘုရားစကားမဟုတ်ဘူးလို့ သိထားတယ်ဗျ။
ဂျပန်က မိန်းကလေး သူ့ဘဝတိုးတက်ဖို့ နေရာအလိုက် မပေါ်တပေါ် ဝတ်ပြီး သူ့ဘဝတက်လမ်း ကျိုးစားတာ လူ့စည်းကမ်းအရ.. ဥပဒေအရ တရားပါတယ်။ ဟုတ်ကဲ့…
အဲဒါမျိုးကို ဘုရားကလဲ “မတရားမှု”လို့ မဆိုလိုဘူးထင်ပါတယ်ခင်ဗျ။
အဲဒီလို ရည်ရွယ်ချက်နဲ့ အဲဒီလိုဝတ်ချင်းကြောင့် အဲဒီသူမှာဖြစ်တဲ့ စိတ်ဟာ လွတ်လပ်ငြိမ်းချမ်းမှုကို ပေးတဲ့ စိတ်လို့တော့ တထစ်ချပြောဖို့ခက်မယ်ထင်ပါတယ်ဦးခိုင်။
ဘာကြောင့်လဲဆိုရင်… အဲဒီလိုဝတ်တာကိုယ်က.. မရိုးသာခဲ့ဘူး။ မြူဆွယ်မှုပါတယ်။ အဲဒီစိတ်က လူ့ကို ချမ်းသာ ဆင်းကို ဖြစ်စေတော့မှာပဲ။
ကျွန်တော်မြင်တာလေးပြောကြည့်ဦးမယ်ဗျ။ ဦးပေကြီးက ကျောက်သူဋ္ဌေး… ငွေတွေကလဲ ပေါမှပေါ။ သူစားချင်ရာစား.. သူသောက်ချင်သလိုသောက်… သူနေချင်သလိုနေ.. ဥပမာ ဘိန်းစွဲနေပေမယ့် ငွေတွေက ပေါ တော့ ဘိန်းရူချင်ရူ… အဲဒီလိုနေနေရတာကို ဦးပေချမ်းသာ တွေခံစားနေရတယ်လို့ ကျွန်တော် မခံစားမိပါဘူးခင်ဗျ။
ဒုက္ခဆိုတာ ခံစားမှုဆိုးတာ ကောင်းတာ ကိုမခေါ်ဘူး။ အဖြစ်ဆိုးတာ ကောင်းတာပဲ ခေါ်တယ်လို့ ကျွန်တော်ခံယူပါတယ်။ ဦးပေကြီး ဘိန်းသမားဖြစ်နေတာ… ခံစားမှုအရတော့ သူ့ခလို့ပြောချင်ပြောနိုင်မယ်။ ဒါပေမယ့် သူ့အဖြစ်ကတော့ မကောင်းတော့ပါဘူး။
ဟောလီးဝုဒ်က လူတွေအခြင်းခြင်း … သူတို့နေနေကျပုံစံအတိုင်း နေနေကြခြင်းကို ဘာမှ ပြောမရပေမယ့်.. အဲဒီက လူတစ်ယောက်ကို ကိုယ်ဘက်ပါလာအောင် မြူဆွယ်တာမျိုး ဖြစ်လာရင်တော့ အဲဒီမြူဆွယ်မှုဟာ ဥပဒေအရ တရားပေမယ့်… မြူဆွယ်သူဟာ မြူဆွယ်ခြင်းကြောင့်.. (စိတ်မရိုးသားခြင်းကြောင့်) ချမ်းသာ ဆင်းရဲဆိုတဲ့ အရာကို သူရတော့မှာပဲ။
ဒီပို့စ်တင်ပြီး ချက်ခြင်းခရီးသွားခဲ့တာ။ ခုပြန်လာချက်ခြင်းရေးရတာ။ အမှတ်ရရင် ရေးဦးမယ်။
နတ်ပြည်မှာ နတ်တွေက ဒိဗ္ဗစက္ခု အဘိညာဉ်ရတော့ နတ်တွေ အဝတ်ဘယ်လိုဝတ်လဲဆိုတာက တော့…
သူတို့မြင်ချင်ရင် မြင်လို့ရပြီး… သူတို့မမြင်ချင်တဲ့အခါ မမြင်အောင် လုပ်လို့ရပါတယ်။
ဒါက ကျွန်တော်သိတဲ့နတ်တွေပါ။ စာထဲမှာပါတဲ့ တချို့နတ်တွေကြတော့ နတ်သားအကြိုက် အတိုင်း နတ်သမီးတွေက ဝတ်စားပြောဆိုနေပေးတာတဲ့။ အဲဒါအမှန်ပါပဲ။ ဦးခိုင်အနေနဲ့ မယုံခြင်လဲ ယုံလိုက်ပါ။
ဟုတ်ပါတယ်။ နတ်တွေက အဝတ်ဝတ်ထားလဲ မြင်ချင်ရင် မြင်လို့ရပါတယ်။ အခန်းထဲရောက် ရင် သူတို့သဘောပါ။
နတ်ပြည်မှာ မုဒိမ်းမှု ပေါသလား ဆိုတဲ့ ဦးခိုင်ရဲ့အမေးကို ကျွန်တော်ဖြေရရင်… ပေါမယ့်ပုံပေါ်ပါတယ်။ ဒါပေမယ့် နတ်တွေဆိုတော့ မုဒိမ်းမှုလို့ သိပ်ပြီး သိပ်ပြီးတောင် မှတ်မနေတော့ပဲ… အစဉ်အလာလိုတောင် ဖြစ်သွားမလားပဲ… သိကြားမင်းလို ပုဂ္ဂိုလ်က နတ်မလေးနဲ့နေတာမျိုးကြတော့ သွားပြီးတိုင်စရာနေရာလဲ မရှိတော့ သိကြားရဲ့ မယားငယ်အဖြစ်နဲ့ပြီးသွားနိုင်ပါတယ်။
သိကြားရဲ့ မယားငယ်ဖြစ်တယ်ဆိုတာလဲ စိတ်ဆင်းရဲခြင်း ဆင်းရဲနေမှာပါ။ ဒါပေမယ့်လဲ အဲဒီဆင်းရဲမှုကို ချမ်းသာလို့တောင် ထင်ကြလောက်ပါတယ်။
မှတ်ထားကွ… ဇောက်ထိုးတဲ့… ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
kai
July 3, 2012 at 3:06 am
ကြည့်ရတာ..
ကိုယ်တော်ဇောက်အပြောနဲ့.. ကျုပ်အပြောကို.. လောကီ..လောကုတ္တရာ အမြင်တွေလို့ခွဲပြောရမယ်ထင်တယ်..
–
ကမ္ဘာ့တချို့ဒေသတွေမှာ.. အရှက်အကြောက် ဖြစ်စေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းဆိုတာကို. .အဓိပ္ပါယ်ဖွင့်ပုံမတူပါဘူးနော…
ဒါတောင်.. နားမှာ”လင်ဗန်း”နားကွင်းမတပ်ထားရင်”ရှက်စရာ”ဆိုတဲ့.. အာဖရိကန်မျိုးနွယ်စုတွေအကြောင်း.. မပြောရသေးဘူး..
ချက်ဆိုတာ.. “နက်”မှ..” မြတ်”တယ်ထင်တာမို့.. ချက်ပြရတဲ့သူတွေအကြောင်း..မပြောရသေးဘူး..
သားမြတ်”ကြီး”မှ.. အိမ်ထောင်”နိုင်”တယ်ထင်တာမို့.. ပြရတဲ့.. မျိုးနွယ်တွေအကြောင်း.. မပြောရသေးဘူး..
မျက်နှာမှာ..ပရဲ(ဆေးမှင်)”ထိုး”မှ.. “လှ”တယ် ထင်တာမို့.. ထိုးပြရတဲ့.. မျိုးနွယ်တွေအကြောင်း.. မပြောရသေးဘူး..
ဇောက် ထိုး
July 3, 2012 at 7:42 am
နေဦးဗျ ဦးခိုင်း ကျွန်တော် လောကီနဲ့လောကုတ် ကျွန်တော်အမြင်ကိုရှင်းပြဦးမယ်။ ခုဒီစာက နောက်ထဲရောက်နေတော့ မရေးတော့ဘူး။
ယဉ်ကျေးမှု အရ မတူပေမယ့် ကောင်းတော့ မကောင်းဘူးထင်ပါတယ် ဦးခိုင်ရယ်။ ဒီလိုနေတာနဲ့ ဝတ်စားတာ ကျန်းမာရေးရှုဒေါင့်ရော ဟိုရှုဒေါင့်ရော ဝတ်စားတာက ပိုပြီးလူကိုအကျိုးပြုမယ် ထင်ပါတယ်။
လူတစ်ချို့ရဲ့ ယုံကြည်မှုနဲ့ သတ်မှတ်ချက်အရ မဝတ်ကြတာဆိုရင်တော့ အဲဒီလူတစ်ချို့ရဲ့ ယုံကြည်မှုနဲ့သတ်မှတ်ချက်နဲ့ပဲ ဆိုင်မှာပါ။
အမှားအမှန်နဲ့အကျိုးပြုမပြုကတော့ စဉ်းစားရမယ်။ ဦးခိုင်က ဒီလိုအမြင်တွေရှိပေမယ့် ဦးခိုင်ရေးတဲ့ ဒီလိုအမြင်တွေကို မဖတ်ရဘူးဗျာ။
ကျေးဇူးပဲ ဦးခိုင်ရေ…ဒီရက်ပိုင်းမှာ လိုင်းက လုံးဝမကောင်းဘူး။ တရက်ခွဲလုံးလုံးလောက် မရပြန်ဘူး။
mggwa
July 1, 2012 at 9:31 am
အော် . . . ဒါနဲ့ . . ဒါလေးလည်းသိချင်လို့ဗျ . . . ။
ဒီခေတ်မှာသာ ဗုဒ္ဓပွင့်ခဲ့မယ်ဆိုရင် . . .
အခုခေတ်ဘုန်းကြီးတွေလို
ပိတ်စအလွန်ကုန်တဲ့ အဝတ်စတွေကို ကို့ရို့ကားယား ပတ်ထားတဲ့ ဖက်ရှင်နဲ့ နေမှာလား . . . ။
ပတ်စအကုန်လည်း သက်သာ၊ ပေါ့လည်းပေါ့ပါးတဲ့ ဘောင်းဘီ၊ အကျင်္ ီ သင်္ကန်းနဲ့ နေမှာလားဆိုတာ ဗုဒ္ဓရှိနေရင် လျှောက်လိုက်ချင်တယ်ဗျာ။
ဗုဒ္ဓခေတ်ထက်စာရင် ဒီခေတ်က အဝတ်ချုပ်လုပ်မှုအတတ်ပညာကို ပိုတိုးတတ်လာတာမို့ အနော် တွေးကြည့်တာနော့။
မကြိုက်ရင်လည်း ဘွားတေး . . . .။
ဇောက် ထိုး
July 1, 2012 at 2:44 pm
မောင်ဂွရေ…. ကျွန်တော် ဖြေတတ်တာပဲ ဖြေပါမယ့်နော်။
ဘုရားရဲ့ အဝတ်ဝတ်တာနဲ့ပတ်သက်ပြီး ညွှန်ပြချက်ကတော့ နှစ်ခုထဲပါဗျာ..
၁=ကျန်းမာရေးအတွက် ဝတ်ရခြင်း…
၂=အရှက်အကြောက် ကိုယ်အင်္ဂါအစိတ်အပိုင်းကို လုံခြုံဖို့ ဝတ်ရခြင်း သာ အဝတ်ဝတ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဆိုတာကို ဘုရားညွှန်ခဲ့ပါတယ်။
မောင်ဂွ ထင်သလိုလဲ ဖြစ်နိုင်ပါတယ်။
ko speaker
July 1, 2012 at 6:05 pm
မောင်ဂွ ပုံဖော်လိုက်တဲ့ ဘောင်ဘီ၊ အကျင်္ ီသင်္ကန်းနဲ့ သပ္ပယ်ထားတဲ့ ဗုဒ္ဓဘုရားပုံတော် ပန်းချီကားရှိရင် ဖူးချင်ပါတယ်။
မစ္စတာ တောက်တဲ့
July 1, 2012 at 12:35 pm
” ချမ်းပူကို ဖျက်
ခြင်မှက်လေနေ
ကင်းမြွေလွဲတုံ
ဟီရိဂုဏ်ကို
လုံပါစေလို
ကိုယ်ကိုစံပါယ်
ဆင်ပြင်မယ်ဟု
စိတ်ဝယ်မသန်း
ဤသင်္ကန်းကို ….. ”
ကျနော် ကျက်ခဲ့ဖူး မှတ်ခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ ….။
(ရေးထားတာ မှားချင်လည်း မှားမယ်ဗျာ၊ နည်းနည်း မေ့နေပီ)
ဒီကဗျာထဲကအတိုင်းလည်း သင်္ကန်းရမ်းတိုင်း ဆင်ခြင်ခဲ့ဖူးပါတယ် …
ဦးတို့ ငယ်ငယ်တုန်းကပါပေါ့ …. အဟီးးးးး
😀 😀
ဇောက် ထိုး
July 1, 2012 at 2:32 pm
ဦးတို့ ငယ်ငယ်တုန်းကပါဆိုတော့ ခုတော့ မဆင်ခြင်တော့ဘူးဆိုတဲ့ သဘောပေါ့နော်။
realman
July 2, 2012 at 10:01 am
အခု ဗုဒ္ဓရုပ်ပွားတော်တွေမှာတွေ့ရတဲ့ သင်္ကန်း ဝတ်ရုံမှုနဲ့ ဘုန်းကြီးတွေရဲ့ ဝတ်ဆင်မှုဟာ ဗုဒ္ဓခေတ်ဝတ်ဆင်မှုနဲ့ တူတယ်လို့ ပြောလို့ရနိုင်ပါ့မလား။
ဗုဒ္ဓရုပ်ပွားတော်ကို ထုလုပ်ကိုးကွယ်တာဟာ ဘုရားပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်းများစွာကြာမှ ဂျိန်းဘုရားရုပ်တုကို အတုယူပြီး ထုလုပ်ကြတာဆိုတော့ သင်္ကန်းဝတ်ဆင်မှုဟာ စဉ်းစားဖို့ကောင်းနေပါတယ်။
ဗုဒ္ဓဝိနည်းမှာပါတဲ့ သေခိယလို့ဆိုတဲ့ သိက္ခာပုဒ်တွေဟာ ဗုဒ္ဓမရှိတော့တဲ့ နောက်ပိုင်းတော်တော်ကြာမှ နောက်ဘုန်းကြီးတွေက ဗုဒ္ဓပဲ သတ်မှတ်ခဲ့သလိုလိုနဲ့ သတ်မှတ်လိုက်တာလို့ဆိုတဲ့ သမိုင်းတွေကလည်း ရှိနေပါတယ်။
မမ အညာသူ
July 2, 2012 at 11:36 am
ခုလိုအကျိုးရှိစေတဲ့စာလေးတွေသင်ပေးတဲ့အန်ကယ်ဇောက်ကိုကျေးဇူးတင်တယ်
ခုခေတ်ကsexyဆန်တဲ့အဝတ်အစားတွေဝတ်စားလာကျတယ်လေ
ညာမျက်စိထဲမှာတော့ဘယ်လိုမှကြည့်ရတာအဆင်မပြေလှပါဘူး
အားပေးနေပါတယ်နော်
ဇောက် ထိုး
July 2, 2012 at 8:47 pm
ဟဲ့ အညာသူ … ငါက ကြည့်သူအဆင်ပြေဖို့.. မပြေဖို့ အပေါ်မှာလဲ သိပ်ကြီး ဦးမတည်ဘူးနော်။
နောက် ဘောင်းဘီ စကက် လည်ဟိုက် မဝတ်နဲ့လို့ မပြောဘူးနော်..
1=ကျန်းမာရေးနဲ့ ညီတာဝတ်။
2=အရှက်အကြောက် ဖြစ်စေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို လုံတာဝတ်။
မလုံတာဝတ်လို့ ဖြစ်လာမယ့် ..စိတ်ရဲ့ ချမ်းသာ ဆင်းရဲ.. ကိုယ်အန္တရာယ် ကိုယ့်ဖာသာခံရမှာ ဖြစ်။
Shwe Tike Soe
July 2, 2012 at 1:24 pm
ကိုယ့်တန်ဖိုးကို ကိုယ်ပဲချပစ်သလိုဖြစ်တယ်။
ကိုယ့်တန်ဖိုးကို ကိုယ်တိုင်က ချပစ်လိုက်ပြီဆိုရင်…. ဝယ်သူတွေ များချင်များ လိမ့်မယ်။ လူတွေအုံနေချင် အုံနေလိမ့်မယ်။ ဒါပေမယ့် တန်ဖိုးရှိလို့တော့ မဟုတ်တော့ဘူး။ အဆင့်ပြေရင် အလကားပါ ရမလားလို့ပဲ။ တန်ဖိုး မထား တဲ့ ပစ္စည်းဆိုရင် ဘယ်သူ့မှလဲ တန်ဖိုးတရှိ သိမ်းဆည်းမထား ချင်ကြဘူး။
ဘာမှတော့ မပြောတတ်ဘူး အဲဒီ စာသားလေးတော့ ကြိုက်တယ်…