တစ်လှူမှသည် နှစ်လှူသို့

ကထူးဆန္းJuly 1, 20122min43450

ကထူးဆန်းတစ်ယောက် တစ်တောင်ကို ကုလားထိုင် လက်တန်းပေါ်ထောက် မေးကိုလက်ဖဝါးပေါ်တင် မျက်စီပိတ်၍ စဥ်းစားခန်းထုတ်သည် ။ မျက်မှန် အသာမ၍မျက်စိမှိတ်၊ နှာရိုးထိပ် အား နှိပ်နှယ်ရင်းလည်း စဉ်းစားသည် ။ ထိုသို့လုပ်ကာလုပ်ကာ စဉ်းစာ နေသည်မှာ ခြောက် ရက်ခန့်ရှိပြီ။

လုပ်သင့် ။ မလုပ်သင့် ။

ပြောသင့် ။ မပြောသင့် ။

ပြောလိုက်လို့စိတ်ဝမ်းတွေ ကွဲကုန်လျှင်လည်း ဒုက္ခ ။

နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည် ။

မပြော မပြီး မတီး မမည် ။

ပြောလိုက်မည် ။ ပြောလိုက်မည် ။

နောက်ဆုံး အတီးခံရလည်း ဦးပေ တစ်ယောက်လုံးပြောထားတာ ရှိသည် ။ ဒါနဲ့ လျှောချရမှာဘဲ ဟု စဥ်းစားလိုက်မှ ဆုံးဖြတ်ချက်ခိုင်မာသွားသည် ။

x x x x x x x x x x x x x x x x x x x x x x x x x x x x

့ ဇွန်လ သုံးဆယ် ရက်နေ့သည် ကထူးဆန်းတို့ ရခိုင်သွေးချင်းတို့ ကို လက်ဆောင်ပေးရအောင်ဆိုကာ အလှုခံသော နောက်ဆုံး ရက် အဖြစ် မှုလ က သတ်မှတ်ထားသော ရက်ဖြစ်သည် ။

မနေ့က အထိ ရွာသူ ရွာသားတို့၏ သွေးချင်းတို့ အပေါ် စာနာစိတ်နှင့် စေတနာတို့ ကိုမျက်ဝါးထင်ထင် တွေ့ခဲ့ရသည် ။

စုစုပေါင်း ၈၄ ဦးမှ လှုဒါန်းခဲ့ပြီး အလှုငွေ ၃၅၆၆၈၀ဝ ကျပ် ( သုံးဆယ့်ငါးသိန်း ခြောက်သောင်း ခြောက်ထောင် ရှစ်ရာ ကျပ် တိတိ) ရရှိခဲ့ပြီးဖြစ်သည် ။

ထိုအချိန်တွင် အစကတည်းက ယိုင်တိုင်တိုင် ဟု ကိုယ့်ဟာကိုယ် နောက်ပြောင် ရေးခဲ့သော ကထူးဆန်း သည် စကားနောက် တရားပါ တကယ်ပင် ယိုင်တိုင်တိုင်ဖြစ်နေမှန်း လွန်ခဲ့သော ခြောက်ရက် က သိခဲ့သည် ။

အဲ့ဒါ ကတော ကထူးဆန်း ကောက်ခံရငွေ အချို့ ကို ခွဲဝေ လှုဒါန်းလိုစိတ် ပေါ်ပေါက်လာခြင်းပင်ဖြစ်သည် ။

x x x x x x x x x x x x x x x x x x x x x x x x x x

ရွာသား ကြီး ကိုထွန်းဝင်းလတ် ၏ one candel စေတနာရှင် လူငယ်များ အဖွဲ့၏ လှုပ်ရှားမှု့ ပုံရိပ်များ သည် ကထူးဆန်းကို လေပေါမနေနဲ့ ဟု သတိပေးနေသည့် ပမာ ။

ချောင်းကိုလည်းဖြတ်ရသည်။

ကိုထွန်းဝင်းလတ် တို့ မိုးထဲရေထဲ တစ်ရွာဝင် တစ်ရွာထွက် တောအုပ်ကိုတိုး ချောင်းကို ကျော်ဖြတ် ကာ ရွာငယ် များ မှ သွေးချင်းများထံ အရောက်သွားကာ ခလေးငယ်တို့ အတွက် တတ်နိုင်သမျှလှုဒါန်းနေသည် မှာ အားကျစဖွယ်။ ဂုဏ်ယူစရာ။

ကိုထွန်းဝင်းလတ် ၂၄ ရက် ဇွန်လ မှာ တင်လာတဲ့ one candle စေတနာရှင်လူငယ်များ အဖွဲ့၏ ခရီးစဉ်(၄) https://myanmargazette.net/132880/travel ထဲက ဓါတ်ပုံတွေ ကို တွေ့တဲ့ အချိန်မှာ အဲ့ဒီရွာလေးအကြောင်း မေးဖြစ်ခဲ့ပါသည်။

ရွာ ဆိုင်းဘုတ်

ရွာလေးရဲ့ အမည်က မှုလခေါင်တုန့်စည်ရွာ ဖြစ်ပါသည်။
မူလခေါင်တုန့်စည်ရွာလေးသည် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်
မော်လူးဒေသတွင် တည်ရှိပါသည်။ ရွာလေးမှာ မော်လူးမှ မိုင်
၂ဝကျော်ကွာဝေးပြီး နွေရာသီနှင့် ဆောင်းရာသီတွင် ဆိုင်ကယ်လမ်း
သစ်ထုတ်ရေးကားလမ်းပေါက်ပါသည်။မိုးရာသီတွင် နွားလှည်း ခြေကျင်ဖြင့်သာ
သွားလာကြရပါသည်။
ရွာလေးမှာ ကုန်းဘောင်ခေတ်ကတည်းက
တည်ရှိခဲ့သောရွာလေးဖြစ်မည်ဟု ခန့်မှန်းရပါသည်။ သို့သော်
သမိုင်းအထောက်အထား ခိုင်ခိုင်မာမာ ရှာဖွေတွေ့ရှိခြင်းမရှိသည့်အတွက်
သေချာမပြောနိုင်သော်လည်း ပါးစပ်ရာဇဝင်များ အမြောက်အများရှိနေခဲ့ပါသည်။
ရွာလေးသည် မြန်မာသက္ကရာဇ် ၁၃၂ရခုနှစ်တွင် သောင်းကျန်းသူများ၏
မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်. တစ်ရွာလုံးဘုန်းတော်ကြီးကျောင်းပါ
မကျန် မီးလောင်ခဲ့သောလည်း ပုံတွင်ပါရှိသည့် မြန်မာသက္ကရာဇ်
၁၃၁၃ခုနှစ်တွင်ဆောက်လုပ်ခဲ့သော သိမ်ကျောင်းလေးမှာ
မီးစွဲလောင်ခြင်းမရှိပဲကျန်ရှိခဲ့ပါသည်။ သိမ်ကျောင်းလေးကိုဆောက်လုပ်စဉ်က
၂၈၁ကျပ် ၁ဝပဲသာကုန်ကျကြောင်း မှတ်တမ်းတွေ့ရှိရပါသည်။
တစ်ရွာလုံး
မီးလောင်ပြာကျခဲ့သဖြင့် ရွာသူရွာသားများ ၎င်းရွာလေးနှင့်
၅မိုင်ခန့်ကွာဝေးသော နားမကျိုင်းရွာလေးသို့ ပြောင်းရွေ့လာခဲ့ကြရပါသည်။
၁၉၉၁ခုနှစ်တွင်မှရွာလေးသို့ ပြန်လည်ပြောင်းရွေ့လာခဲ့ကြပါသည်။
ရွာသူရွာသားအများစုမှာ ရှမ်းဗမာများဖြစ်ကြပြီး လယ်ယာလုပ်ငန်း
မုဆိုးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြ၏။

၎င်းရွာလေးမှာ ဆောက်လက်စ ကျောင်းကို ကထူးဆန်း သတိပြုမိပါသည် ။

ဆောက်လုပ်ဆဲမှာ တန်းလန်းရပ်နေသော ကျောင်းကလေး

ဆောက်လက်စကျောင်းဟု ဆိုထားသော်လည်း ဘေးမှာ ပစ္စည်းတွေ စုပုံထားခြင်းမရှိကြောင်း သတိပြုမိပါတယ် ။ ဒါနဲ့ ကိုထွန်းဝင်းလတ်ကိုမေးကြည့် တော့

ဆောက်လက်စကျောင်းလေးမှာ ရှစ်ခန်းနှစ်ခန်းဖြစ်ပါသည်။
ဘုန်းတော်ကြီးမှ ဦးဆောင်ကာ ရွာသူ/သားတို့၏
အင်အားဖြင့်ဆောက်လုပ်နေကြခြင်းဖြစ်ပါသည်။
ဆောက်လုပ်နေဆဲတွင် ငွေကြေးအခက်အခဲကြောင့် ရပ်နားထားရကြောင်း သိရှိရပါသည်ခင်ဗျာ…။ရွာလေးတွင် အိမ်ခြေသုံးဆယ်ခန့်ရှိပြီး မူလတန်း ကျောင်းသား/သူဦးရေ ၃၅ဦးရှိပါသည်။

ကျောင်း အကျယ်အဝန်းက ၁၄၅၈ square feet ခန့်ရှိသည်။
မိုးစရာ သွပ် လည်း မရှိသေးဟုသိရသည် ။

အမိုးဖိုးက အကြမ်းဖျင်း တွက်ကြည့်သည်မှာ သွပ် ၊ သွပ်သံ ၊ ခေါင်အုပ် ခြောက်သိန်းဘိုးခန့် ကုန်မည်ဟု ခန့်မှန်းကြည့်မိသည် ။ အတိအကျတော့မသိ ။ သယ်ယူပို့ဆောင်ရေးစားရိတ်နှင့်ဆို ဒါထက်လည်းပိုကုန်နိုင်သည်။ အတိအကျတော့ တွက်ခိုင်းပြီးမှသာလျှင် သိ ရပေမည်။ အနီးဆုံး မန္တလေးမှ သွပ် ဝယ်ပို့ပေးနိုင်လျှင် မည်မျှ ကောင်းလိမ့်မလဲ။

အဲ့ဒီလို သိလိုက်ရတဲ့ အချိန်က စလို့ ယိုင်တိုင်တိုင် ကထူးဆန်း တစ်ယောက် ရခိုင်အလှုငွေကို ကချင်ပြည်နယ် က ရှမ်း တိုင်းရင်းသား ခလေးများအတွက် ခွဲဝေလှုဒါန်းချင်စိတ် ပေါ်တော့တာပါ ။

x x x x x x x x x x x x x x x x x x x x x x x x x x xx x x x x x

ဒီလိုခက်ခက်ခဲခဲ သွားဖို့တော့ လိုပါမည်။

ကိုထွန်းဝင်းလတ်တို့ အပင်ပန်းခံ အရောက်သွားလှုတာတွေ့တော့ တကယ်လိုအပ်တဲ့နေရာကို တိုက်ရိုက် ရောက်တဲ့ အလှုပါလားလို့ တွေးမိပါသည် ။ မည်မျှချီးကျူးဖွယ်ကောင်းလေစွ ။ မည်မျှ အားကျဖွယ်ကောင်းလေစွ ။ ကိုယ်တိုင်မသွား နိုင်သော်မှ ကိုယ်တိုင်သွားနိုင်သူ အား တစ်တပ်တစ် အားပေးချင်စိတ်များ ဖြစ်ပေါ်မိသည်။

ထိုအချိန်မှာ ဆောက်လက်စကျောင်းတွေ့တော့ တတ်နိုင်သလောက် ပန့်ပိုးချင်စိတ်ပေါ်မိလာသည် ။

ကိုယ့်လိုဘဲ သူများတွေလည်း ပေါ်မိမှာ မလွဲ ဟု ယူဆမိသည် ။

ရွာ့အလှုဖြစ်အောင် ထပ်မံ ဝိုုင်းဝန်းကြရအောင်ကလည်း ယခု မှ ရခိုင်အတွက် ကောက်ခံတုန်းရှိသေးသည် ။ ထပ်ကောက်ခံကြမည်ဆိုလျှင် ရွာသားတို့ လှုချင်သော်မှ လှုရန် ခက်ပေလိမ့်မည် ။

တစ်ဘက်မှ ကြည့်လျှင်လည်း မိုးတွင်းရောက်နေပြီး ကျောင်းမပြီးသေး၍ စာကို အခြားနေရာ၌ သင်နေရသည် ။ မြန်မြန်ပြီးလေ မြန်မြန်ကောင်းလေ ဖြစ်ပေမည်။ နောက် သုံးလေးလ လောက်မှ ထပ်ကောက်ကြရအောင် ဆိုလျှင်လည်း အလှုကောက်ခံပေး နေသော သူများကိုလည်း အားနာလှပြီ။ မိုးထဲရေထဲ ကိုယ့်စားရိတ်ကိုယ်စား ကိုယ့်ဖုန်းဘိုး ကိုယ် အကုန်ခံ၊ ရုံးဖျက် အလုပ်ဖျက်ကြကာ လုပ်ပေးနေသည် ကို အားနာလှပါသည်။

ကျောင်းကလည်း ဆောက်လက်စ ငွေ မလိုက်နိုင်၍ ရပ်သွားသည် ဆိုတော့ အရေးပေါ် သလိုဖြစ်လာသည် ။ ရွာခံ ဒေသခံများလည်း မြန်မြန်ပြီးချင်ကြမှာ မလွဲ ။ ယခု လို တစ်ဘက်မှ အားကိုးရှာစဉ် ၊ အခွင့် အရေး ပေါ်ပေါက်စဉ် ၊ လိုအပ်နေစဉ် လှုသော အလှုသည် ပိုပီတိ ဖြစ်ဖွယ် စိတ်ကျေနပ်ဖွယ် ဖြစ်မည်ဟု ထင်မြင်မိပါသည်။

ထိုစဉ်က စလို့ ရခိုင် အလှုမှ သိန်းသုံးဆယ်ကို ရခိုင် အသင်းသို့လှုဒါန်း၍ ကျန်ငွေကို လိုအပ်သော သွပ်များ ဝယ်ပေးရလျှင် ကောင်းလေစွ ဆိုသော တစ်လှုမှသည် နှစ်လှုသို့ ချင်ခြင်း ကပေါ်ပေါက်လာသည် ။

X x x x x x x x x x x x x x x x x x x x x x x x x x x x x x

ထိုသို့ သော အတွေးမျိုး အချို့လည်း တွေးမိကောင်း တွေးမိမလားဟု မျှော်လင့်မိသည် ။

ပြောရမှာ များ အားနာလို့လား ဟု ။

သို့်သော် ကိုထွန်းဝင်းလတ်က ကျွန်တော့်ကို သတိပေးသည် ။

ရခိုင် အထဲကတော့ မဖဲ့စေချင်ပါ…
ဘာလို့လည်းဆိုတော့ လှူတဲ့သူတွေက ရခိုင်သွေးချင်ေးတွအတွက် ရည်ရွယ်ပီး လှူထားတာမို့
တခြားကို လှူမယ်ဆိုရင် သူတို့တွေရဲ့သဒ္ဓါတရား ပျက်သွားနိုင်ပါတယ်..ဒါဆို
လုပ်ရတဲ့ ကိုထူးဆန်းတို့ အတွက်ရော လှူတဲ့သူတွေအတွက်ပါ စေတနာကနေ
ဝေဒနာဖြစ်သွားနိုင်တာမို့

အစကတော့ ကထူးဆန်း ဘယ်သူမှ မပြော ပိုစ် အဖြစ်သာ တင်လိုက်မည် ကြံရွယ်သေးသည် ။ သို့သော် ဆိုးတူ ကောင်းဖက် အတူ လုပ်လာပြီးမှ အတွေးခေါင်သူ တစ်ဦး ကထူးဆန်းကြောင့် ကျန်သူများကို အပြစ်မြင် အပြစ်တင်မခံစေချင်ပါ ။ သို့နှင့် ယနေ့ (၁-၇-၂၀၁၂) လူစုံမိတော့ အသိပေးဖြစ်သွားသည်။

ပထမတော့ အားလုံးက ကိုထွန်းဝင်းလတ်လိုပင် စိုးရိမ်ပူပန်ကြသည် ။

ရခိုင်ခေါင်းစဉ်တပ်ပြီးမှ တစ်ခါ အခြားလှုတာ မဖြစ်သင့်ဟု တားမြစ်ကြသည် ။

တကယ်တော့ အမတ်မင်း၊ ကိုရွှေတိုက်စိုး၊ ဘဘဘလက် တို့ကကိုယ်တတ်နိုင်သလောက် ထည့်ဝင်ရန် စိတ်ကူးထားပြီးဖြစ်သည် ။ ကိုအညာတမာ ကလည်း ရခို်င်အလှုကိုမထိဘဲ ကိုယ့်နီးစပ်ရာ ကိုယ် စုလိုက်ကြရင် ဖြစ်သွားမှာပါ ဟုဆို၏ ။

နောင်ဘဝ နတ်ပြည်တက်ကြရာတွင် အငြင်းပွားခြင်း အနုပညာ ရသ ဆက်လက်ခံစားလိုသော ကထူးဆန်းကတော့ နတ်ပြည်မှာ ရွာသူရွာသားများနှင့် ပြန်ဆုံရအောင် ရွာ့ အလှုအဖြစ် အားလုံးစုပေါင်းလုပ်စေချင်သည်။ 😀 သို့သော် နောက်ထပ်လည်း ထည့်ဝင်ကြပါ မပြောလိုဟု အဆိုပြုတော့ ဘဘဘလက်တို့ စုစုပေါင်း အနည်းဆုံး ၈ဝ % ကို ရခိုင်ဒေသ သို့ ထည့်ဝင်ပြီးကျန် ၂ဝ % ကို ကချင်ပြည်နယ် က ရှမ်း သွေးချင်း ကလေးငယ်တို့အတွက် ထည့်ဝင်ကြတာပေါ့ဟု သဘောတူညီချက် ရရှိခဲ့ပါသည် ။

သို့သော် အလှုရှင် ရွာသူရွာသားများ၏ သဘောတူညီချက်က လိုနေသေးပေသည်။

ရခိုင်ခေါင်းစဉ်မှ ရခိုင်ခေါင်းစဉ် ။ ဆုံးဖြတ်ပြီးသား မို့လို့ ခွဲလှုတာ မလုပ်ချင်ပါဆိုလျှင်လည်း ကျွန်တော် ထိုသူ၏ အလူငွေ အပြည့်အဝ ရခိုင်သွေးချင်း များထံရောက်ရှိစေရန် တာဝန်ယူ ပေးလှုပေးပါမည်။ အားနာရန် မလို အသိပေးနိုင်ပါသည်။ ကိုယ့်အတွေးနှင့်ကိုယ် ( ကြော်ငြာဝင်တာ :grin:) ဆိုသည်ကို လုံးဝ နားလည် လက်ခံပါသည် ။

သို့သော် ကျွန်တော်ကတော့ ရွာသူ ရွာသားများအား ယုံကြည်သည်။ ကျွန်တော်တို့မှ အခြားသွေးချင်းများလည်း ရှိပါသည်။

ဆွေးနွေးကြပြီး အဖြေတစ်ခု ကို ထုတ်နိုင်လိမ့်မည် ဟု ။

X x x x x x x x x x x x xx x xx x x x x x x x x x x x x x x x

ရွာသူ ရွာသားတွေကို ထပ်ပြီး ခေါင်းစားစေသည်ဆိုလျှင်လည်း တောင်းပန်ပါသည်။

ဦးပေ စကားနှင့်သာ လျောချလိုပါသည် ။

စေတနာ မှ ဝေဒနာ ဖြစ်အောင် လုပ်မိခဲ့လျှင် ကျွန်တော် ငမိုက်သား ကထူးဆန်း တစ်ဦးထဲ၏ စေတနာ အမှားသက်သက်သာဖြစ်ပါသည်။

(တိုက်တိုက်ဆိုင်ဆိုင် လူစုခွဲပြီးပြန်လာတော့ FM ကနေ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းကို အင်တာဗျုးတာ နားထောင်လိုက်ရပါသည် ။ ရုပ်ရှင် အစည်းအရုံးမှလည်း ကချင်စစ်ဘေးဒုက္ခသည် အမည်တပ်၍ အလှုငွေ ကောက်ခံနေရာမှ ရခိုင် ပဋ္ဋိပက္ခ ပေါ်ပေါက်ခဲ့သောကြောင့် ရခို်င်ဒေသတို့ ၎င်း အလှုငွေမှပင် ခွဲဝေ လှုဒါန်းမည်ဖြစ်ကြောင်း ၊ အားလုံးကလည်း သဘောတူညီလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောနေသည်ကိုနားထောင်လိုက်ရပါသည်)

50 comments

  • ဦးဦးပါလေရာ

    July 1, 2012 at 3:48 pm

    ကျုပ်ကတော့ အခြားရွာသားများရဲ့ တုန့်ပြန်မှု့ကိုလဲ စောင့်ကြည့်ပါဦးမယ်။
    အကယ်၍ ယခုကောက်ခံထားတဲ့ အလှူငွေတွေထဲက ခွဲဝေလှူမှာကို မကြိုက်ကြရင်လဲ…
    မိမိထည့်ဝင်ထားတဲ့ ပမာဏထဲကပဲ အချို့ကို ခွဲပြီး စာသင်ကျောင်းလေးအတွက်အလှူအဖြစ် ခေါင်းစဉ်ပြောင်းလှူမှာပါ။
    ဒါကတော့ ဒုတိယ နည်းလမ်းပေါ့နော…..

    (တကယ်တော့ တတိယ နည်းလမ်းလဲ ရှိသေးတယ်ထင်တာပဲ… 😀 )

  • ဖိုးထောင်

    July 1, 2012 at 3:52 pm

    ရခိုင်အလှူငွေမှ မခွဲစေလိုပါ သီးသန့်ထပ်၍ ကောက်တာကပိုကောင်းမည်ဟုထင်မိပါသည်။

    • htoosan

      July 1, 2012 at 3:59 pm

      နောက်ထပ် နတ်သမီးလေးတွေ တဘက်ငါးရာစီလိုချင်တယ်ပေါ့ … 😀

  • စိန်ဗိုက်ဗိုက်

    July 1, 2012 at 4:05 pm

    ကျော့်အနေနဲ ့ ဝင်ပွားရရင် မသင့်တော်ဘူး ထင်မိတာဘဲဂျာ
    ခေါင်းစဉ်တပ် အားလုံးစီစဉ်ပြီးသားကိစ္စမှာ လူဂျီးတွေအနေနဲ ့ ခလေးကလား ဆန်ရာကျသွားမလား စဉ်းစားမိပါတယ်..
    အားနာနာနဲ ့ပဲ အူုးလေးအန်ခယ်ကိုဂျက်လီတို ့ရဲ့ ပရဟိတအတွက် နောက်ထပ် အလှူငွေ ထပ်ကောက်ရင် ပိုကောင်းမလားလို ့
    ဖဲ့လှူလိုက်လို ့ ဘာမှမထိခိုက်သွားပေမဲ့ ဦးဆောင်သူများအနေနဲ ့ မတိကျဘူးဆိုပြီး နောင်အခါ ပြောစရာတွေ ဖြစ်လာမယ် ထင်မိပါတယ်..
    တစ်ဦးထဲ၊ တစ်ရွာထဲ၊ တစ်ဖွဲ ့ထဲ အလှူငွေနဲ ့ဆိုရင်တော့ အစွန်းထွက်ဖဲ့လှူတာ မပြောပလောက်ပေမဲ့ အများနဲ ့ဆိုတော့
    နဂို ခေါင်းစဉ်အတိုင်းပဲ ဆက်သွားတာ ကောင်းမယ်ထင်ဘာဒယ်..
    အူးလေးအန်ခယ်ကိုဂျက်လီတို ့ လတ်တလော လိုအပ်ငွေကို ရွာ့ဘောဇိများ ခဏစိုက်ထားပြီး
    နောင် တဖြည်းဖြည်းရလာမဲ့ အလှူငွေထဲက ပြန်နုတ်ယူထားလဲ ရဒါဘဲဟာဂျီးဂို..

    လူကြီးတွေ ကိစ္စပါလေ..
    ကိုယ့်ဘာသာ ဘီအီးသွားသောက်တာပဲ ကောင်းပါတယ်..
    ဂိန်..ဂိန်..
    ပြောရင်းပြောရင်း ဖောက်သွားမိတယ်..ခွလွှတ်ပါ..

    • ရဲစည်

      July 2, 2012 at 2:51 am

      ကျော်လဲ ကျော့် သောက်ဖော် အာစိ အူးလေး အန်ကယ် သယ်ရင်း ဘော်ဘော် အူးဗိုက် အစိုကို ထောက်ခံပါတယ်
      ဦးဆောင်သူတွေ အနေနဲ့ ရည်ရွယ်ချက်တခု ပြီးမြောက်မှသာ နောက်တခုကို ဆက်လက် အကော်အထည် ဖော်စေချင်ပါတယ် ဒါမှသာ နောက်ကလိုက်သူတွေ အဆင်ပြေမှာပါ ကိုထွန်းဝင်းလတ်နဲ့လည်း ကျော် လွန်ခဲ့တဲ့ရက်များက ဆွေနွေးပီးပါပီ အဲချိန်တုန်းက ရွာကဘယ်သူမှ မသိသေးပါ ကျော်ကတော့ ကျော့်၁ယောက်စာ ၁နိူင်၂ပိုင်လှူဖို့ ပြင်ဆင်ပီးသားပါ သူနဲ့ပြောပီး နောက်နေ့ဘဲ စာရေးကိရိယာ တန်ဆာပလာတွေ ဝယ်ပီး ပို့လိုက်ပါပီ နောက်၁ပတ်လောက်ဆို မန်းလေးရောက်မယ် ထင်ပါတယ်။
      ဒီနေရာမှာ ပြောချင်တာက ကိုလတ်ကြီးတို့ နေရာတွင်မက လူထုစိန်ဝင်း ထောက်ပံ့ပေးနေတဲ့ ဘကကျောင်း ကိစ္စ၊ ဧရာဝတီတိုင်းက လောလောဆယ် NGO တွေမပေးနိူင်သေးတဲ့ ရေချိုပြတ်လတ်နေသော ရွာကိစ္စ ဒါတွေပါ ထပ်တင်ပေးလိုက်ရင် ၁လှူကနေ ၃လှူ ၅လှူအထိ ဖြစ်လာနိူင်ခြေရှိပါတယ် ခုချိန်မှာ ကျော်တို့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေက အာသောကမင်းရှိရင်တောင် ခေါင်းခြောက်နိူင်တဲ့ အနေအထားမျိုးပါ။ နောက်တခုက အွန်လိုင်းထဲ ဖြတ်သွားဖြတ်လာတွေက ဂေဇက်ကို အလှူပတ်ခံနေတဲ့ ရွာကြီးလို့ မြင်သွားနိူင်ပါတယ် ကွန်ဆားဗတစ် အတွေးပေါ့ ခုချိန်မှာ ရွာထဲမှာလဲ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ လိုအပ်နေပါတယ် ရွာလုံခြုံရေး အတွက် ခြံစည်းရိုးခတ်ဖို့ ကိစ္စတို့ လက်ရှိရွာထဲက ယဉ်ကျေးလိမ္မာ သင်တန်းတို့ ဒါတွေအတွက်လဲ မွမ်းမံဖို့ လူကြီးတွေ စီမံပေးစေချင်ပါဒယ်။ လောလောဆယ်မှာ ကိုလတ်ကြီးတို့လဲ မိုးတွင်းကာလ အခက်အခဲကြောင့် အဲဒိဒေသတွေကို သွားလာဖို့ ခက်ခဲနေသေးကြောင်း သိရပါတယ်။
      သို့ဖြစ်ပါ၍ ကျော့် အနေနဲ့ ယခုကိစ္စအား
      သဘောမတူပါဘူးလို့မပြော
      တူပါတယ်လို့လည်း မပြော
      စဉ်းစားကြစေလိုပါတယ်……ဦးဆောင်သူများ(ခရက်ဒစ်တူ ဦးFR) လို့ဘဲ ပြောချင်ပါတယ် ခင်ည

      လစ်ဗရယ် ကွန်ဆားဗတစ် ရောသမမွှေ

  • ဆူး

    July 1, 2012 at 4:08 pm

    ဆူး အနေနဲ့ ဘာမှ မပြောလိုပါဘူး။ အလှူ ၁ခု မှ ၂ခု တင်မကပါဘူး အလှူပေါင်းများစွာကို ဆက်လက် လှုပ်ရှားချင်ပါတယ်။
    ဒီနေ့ တိုင်ပင် ခဲ့တာလေးတွေ ရှိခဲ့တော့ အဲဒီ လို တိုင်ပင်တဲ့ အချက်အလက်ကလေးပေါ် မူတည်ပြီး ဆက်လက်လှုပ်ရှားနိုင်အောင် ကြိုးစား ကြရအောင်။

  • ဖိုးထောင်

    July 1, 2012 at 4:18 pm

    ဘီအီး တန်ခိုးနဲ့တူတယ် အတွေးအခေါ်တကယ်ကောင်း စိန်ဗိုက်ဗိုက်ကြီးတို့ကတော့

  • kyeemite

    July 1, 2012 at 4:37 pm

    ကြိုက်သလိုသာလုပ်ပါလေ..လှူတယ်ဆိုကတဲက
    လိုအပ်နေသူတွေကိုကူဖို့လို့ ရည်မှန်းပီးလှူခဲ့တာပါ..
    လိုအပ်နေသူတွေလက်ထဲတကယ်ရောက်သွားရင်အိုကေပါ..
    ခေါင်းစဉ်သတ်သတ်နဲ့ထပ်အလှူခံရင်တော့ ..ကိုထူးဆန်းတို့
    ခေါင်းမစားတော့ဘူးပေါ့…ငွေလည်းပိုရမယ်လို့ထင်တယ်ဗျာ..
    အလှူသီးခြား ကောက်ခံရင်လဲ ထည့်ပါ့မယ်..နိုင်သလောက်ပေါ့..
    ကိုထူးဆန်းရဲ့စေတနာ..ကိုထွန်းဝင်းလတ်တို့ အဖွဲ့လေးရဲ့
    ကိုယ်ထိလက်ရောက်အပင်ပန်း ခံ အရောက်ပေးလှူနေမှု့တွေကို
    အများကြီးလေးစားပါတယ်ဗျာ..

  • pooch

    July 1, 2012 at 4:41 pm

    ကျမတို့ရွာက လူမူရေးအသိစိတ်ဓာတ်လေးတွေ အရှိန်ရ အားကောင်းလာတာကို ကြိုဆိုရမှာပါ။
    လိုရင်းကတော့ လိုအပ်နေတဲ့နေရာတွေ လူတွေကို ရောက်ဖို့ လှူတာပဲမို့ ကန့်ကွက်ရန်မရှိပါ။ သင့်သလိုစီမံပါ။

    မနေ့ညနေက သွားခဲ့တဲ့ ဆီမီနာမှာ ရခိုင်ဒေသအတွက် လည်း အလှူငွေကောက်တော့ ထည့်ခဲ့ပါသေးတယ်။ ပွဲပြီးခါနီး ၁၅ မိနစ်လောက်ပဲ ကောက်တာကို ရေလိုက်တော့ ငါးသိန်းခွဲ ရပါတယ်။
    ကျမကတော့ ကြုံရင် ကြုံသလို လှူပါတယ်။

    ရွာအလှူကိုလည်း ကိုယ်နိုင်ရင်နိုင်သလောက်လေး အလှူလုပ်တို်င်းပါဝင်နိုင်အောင် ကြိုးစားမှာပါ။
    ဖဲ့လှူဖို့ အဆင်မပြေလို့ သီးသန့်ဝိုင်းမယ်ဆိုလည်း ကိုယ်နိုင်သလောက်ထပ်ထည့်မယ် စိတ်ကူးထားပါတယ်။

  • ရွာစားကျော်

    July 1, 2012 at 4:44 pm

    ရွာသူ/ရွာသားများ (ပို့စ်တင်/ကွန်မင့်ပေးနေကျ)ကတော့ အများအားဖြင့် အထူးပြောစရာ ပြဿနာ မဟုတ်လောက်ပါဘူး..
    အဲ တခါတရံ ဝင်ဖတ်ရင်း အလှူအကြောင်းသိခဲ့ပြီးလှူတဲ့ စာဖတ်သူတို့၊ လက်တို့ပြီး ပြောလို့၊ ဂေဇက်ကလည်း လှူလို့ရတယ်ကြားလို့ လှူလိုက်တဲ့ သူတို့အဖို့ တမျိုးမြင်စရာများ ဖြစ်မလား တွေးပူပါတယ်..
    ကျနော့ သဘောကတော့ နောက် ဒုတိယအလှူ၊ တတိယအလှူ။ ဂေဇက်အလှူတိုင်း ပါဝင်သွားမှာပါ..

  • စိန်ဗိုက်ဗိုက်

    July 1, 2012 at 5:03 pm

    ထုံးစံ အတိုင်း တစ်လှု ဖြစ်နေတာကို တစ်လှူ လို ့ ခေါင်းစဉ် ပြင်လိုက်ပါဦး..
    အရင်တိုင်းပဲ သတိပေးနေရတယ်..
    ဂယ်ပဲ..
    ဂိန်..ဂိန်..

  • hnin phyu

    July 1, 2012 at 5:41 pm

    ကိုထူးဆန်းရေ
    မန္တလေးကနေသွပ်ဝယ်တင်ရမယ်ဆိုရင်ကူညီဖို့အသင့်ပါ။လိုအပ်ရင်ခိုင်းပါ။ကျမလဲတတ်နိုင်သလောက်လှူပါမယ်။အနည်းဆုံး(၅၀၀၀၀)ကျပ်
    စီးပွားရေးအခြေအနေလေးကောင်းရင်လဲအရင်တိုင်းပဲလှူပါ့မယ်။အခုကောက်ထားတဲ့ဟာကိုရခိုင်ကိုပဲလှူလိုက်ရင်ကောင်းမလားလို့

  • ko win

    July 1, 2012 at 5:45 pm

    အားလုံးကောင်းဗျား…လို့ပဲ ဆိုရတော့မယ်ထင်တယ်။ ကထူးဆန်းကြီးရဲ့ စေတနာ၊ သဒ္ဒါတရားကို နားလည်သဘောပေါက်ပါတယ်။ မူလရည်ရွယ်ရင်းအလှူကော၊ ထပ်မံအဆိုပြုတဲ့အလှူပါ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေဖြစ်ပါတယ်။
    မတောက်တခေါက်နဲ့ဝင်ပြီး အကြံပြုချင်ပါတယ်။
    ၁။ရခိုင်ဒေသအလှူငွေမှ ခွဲလှူသင့်/မသင့်ကို မဲခွဲဆုံးဖြတ်သင့်ပါတယ်။
    (မဲခွဲမှုကို လူဦးရေ (သို့) ရက်အကန့်အသတ်ထားပြီး လုပ်ဆောင်မယ်ဆိုလျှင် မှန်လည်းမှန်မြန်လည်းမြန်မယ်လို့ ထင်မိပါတယ်။)
    ၂။တစ်လကို ပုံမှန်တစ်ကြိမ်ငွေပမာဏပုုံသေသတ်မှတ်ပြီး(ဥပမာ-၁၀၀၀) အခြေအနေ၊အချိန်အခါအရ အကူအညီ လိုအပ်နေတဲ့နေရာတွေကို စုပေါင်းလှူဒါန်းကြပါမယ်။
    (ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် အခက်အခဲတော့ရှိနိုင်ပါတယ်။)
    ၃။ယခု ကထူးဆန်းကြီးအဆိုပြုထားတဲ့ နေရာအတွက် ထပ်မံအလှူငွေကောက်ခံဖို့ လိုအပ်တယ်ဆိုရင်လည်း လုပ်ပါ။ လောလောဆယ်ကို အချိန်မစောင့်နိုင်တော့ဘူးဆိုရင်လည်း အူးဗိုက်ပြောသလို ရွာ့ဘောစိတွေကို ခဏစိုက်ထားပေးဖို့ ညှိုနှိုင်းပြီးလုပ်ဆောင်သင့်ပါတယ်။

  • သားဦး၊မြေးဦး

    July 1, 2012 at 5:59 pm

    ဆထက်တပိုး ထမ်းဆောင်နိုင်ကြပါစေလို ့ဆန္ဒပြုပါတယ်ဗျာ။
    အလှုူရေစက်တိုင်း မွန်မြတ်တန်ဖိုးရှိပါပေတယ်။ယခု ရက်
    ပိုင်းအတွင်း မြန်မာပြည်မြောက်ပိုင်း၊အနောက်ပိုင်း၊အရှေ ့ပိုင်း
    ပါမကျန် ကျနော်တို ့ညီနောင်တွေ ဒုက္ခပင်လယ်ဝေနေလိုက်
    ကြတာ နော်။

  • ahnyartamar

    July 2, 2012 at 4:38 am

    ရခိုင်ဒေသမှာ လှူနေတာကတော့ အများကြီးပါပဲ။ သတင်းစာထဲမှာနေ့တိုင်း အင်တိုက်အားတိုက် အလွှာပေါင်းစုံကနေ လှူနေကျတာပါ။ ဒါကြောင့် ကိုထွန်းဝင်းလတ်တို့ဆီကို လိုအပ်သလောက်ခွဲလှူရင်လည်း ကန့်ကွက်စရာမရှိပါ။ သီးခြားအလှူငွေကောက်ခံပါကလည်း တတ်နိုင်သလောက်ပါဝင်ဖို့ အသင့်ပါ။

  • kyawtheinmyint

    July 2, 2012 at 7:12 am

    ကိုထူးဆန်းရေ စာသင်ကျောင်း အတွက် ကျနော်တို့လဲ ထပ်ပြီးလှူပါမယ်။

  • ဦးဦးပါလေရာ

    July 2, 2012 at 7:29 am

    အလှူငွေမှတ်တမ်းပိုစ့် နောက်ရောက်သွားလို့ Link ပြန်ပေးတာပါ ခင်ဗျ.. 😀

    ရခိုင် သွေးချင်းများ ပြန်လည်ထူထောင်ရေး ရရှိငွေ မှတ်တမ်း

    http://myanmargazette.net/129614/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle

  • ဦးဦးပါလေရာ

    July 2, 2012 at 7:31 am

    ကွန်မင့် ပျောက်သွားလို့ ထပ်ရေးတာပါ။

    အလှူငွေမှတ်တမ်းပိုစ့် နောက်ရောက်သွားလို့ Link ပြန်ပေးတာပါ ခင်ဗျ… 😀

    ရခိုင် သွေးချင်းများ ပြန်လည်ထူထောင်ရေး ရရှိငွေ မှတ်တမ်း

    …..http://myanmargazette.net/129614/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle

  • weiwei

    July 2, 2012 at 8:33 am

    တကယ်လိုအပ်တဲ့နေရာကို လှူတာကို ကန့်ကွက်စရာမရှိပါဘူး …
    အလှူဆိုကထဲကိုက လှူပြီးသားပဲဟာ …
    ဖောင်ဒေးရှင်းတစ်ခုလုပ်ထားပြီး ပုံမှန်အလှူငွေထည့်ပြီး လိုအပ်တဲ့နေရာတွေကို သွားလှူကြမယ်ဆိုရင်တော့ ပိုကောင်းမယ်ထင်ပါတယ် … အဲဒါဆိုရင် ခေါင်းစဉ်အများကြီးခွဲလို့ရသွားမယ် ..

    • ဆူး

      July 2, 2012 at 9:02 am

      မနေ့က လုလင် မင်္ဂလာ နှစ်ပတ်လည်မှာ ဖောင်ဒေးရှင်း လုပ်ဖို့တော့ တိုင်ပင်ထားကြပါပြီ။ မကြာခင်မှာ လုပ်ဖြစ်မလားတော့ မသိသေးပါဘူး။ လုပ်ဖြစ်ကြမယ် စိတ်တူ ညီကြမယ် ဆိုရင်တော့ အားလုံး ကို အသိပေးပြီး တရားဝင်ကြေညာပြီး ဖိတ်ခေါ်ပါမယ်။

  • etone

    July 2, 2012 at 8:59 am

    ကိုထူးဆန်းရေ … အလှူလုပ်တာ ကောင်းတာလုပ်တာပါပဲ ။
    လှူသင့်တဲ့နေရာတွေကို လှူတာ ….ကောင်းမှု လုပ်တာတွေချည်းပါပဲ ။
    ဒီတော့ .. သပ်သပ်ပဲ အလှူငွေထပ်ကောက်ကောက် ၊ ကောက်ခံထားပြီးသားထဲကပဲ 80% နဲ့ 20%ခွဲ လှူလှူ … အလှူရှင်တွေဘက်က သဘောထားကွဲလွဲမှုမရှိပဲ … အဆင်ပြေမယ်လို့ ထင်ပါတယ် ။

    မဝေပြောသလို ဖောင်ဒေးရှင်းဖက်လှည့် တွေးခဲ့ဖူးသေးတယ် … သူက အနည်းဆုံးတည်ထောင်ငွေ သိန်း(၇၀)နဲ့ အထက်မှရမယ်ဆိုလားပဲ …. ။

    ကိုကြောင်ဖက်တို့ပြောသလို …. လစဉ်ပုံမှန်အလှူငွေထည့်ဝင်ပြီး ဖြည့်လှူတဲ့ စိတ်ကူးလေးကလည်း မဆိုးဘူးပဲ … ။
    ဘယ်အလှူပဲ လုပ်လုပ်ပါ တတ်နိုင်သလောက်ပါဝင်လှူဒါန်းမှာပါ ။

  • မောင်ပေ

    July 2, 2012 at 9:22 am

    ဆြာထွန်းဝင်းလတ် ဟာ ကျုပ်လေးစားမိတဲ့ လူတစ်ယောက်ပါ
    သူလုပ်နေတဲ့ ပရဟိတတွေမျိုး ကျုပ်အနေနဲ့လုပ်ဖို့မလွယ်သေးပါ
    သူနဲ့တစ်ခါဘဲတွေ့ဖူးပါတယ်
    အဲဒီတုန်းက သူတို့ ပရဟိတ အဖွဲ့အတွက် အလှူငွေ မြောက်များစွာ ထည့်ဝင်လှူဒါန်းမယ့် ရန်ကုန်က စေတနာရှင်တွေဆီ အသွားမှာပါ။
    မှတ်မှတ်ရရ အိတုန်နဲ့ရွာသူားတွေ စုပေါင်းပြီး ဂေဇက်ရဲ့ပထမဆုံး အလှူပွဲ လုပ်ခါနီးပါ
    ဆြာထွန်းဟာ သူတို့အဖွဲ့ကို လှူနိုင်ကြောင်းမပြောပေမယ့် နှစ်သောင်းကျပ် လှူဖြစ်ခဲ့ပါတယ်။
    အခု ကိုထူးဆန်း ပြောလာတဲ့ အစီအစဉ်ကို သဘောကျ လက်သင့်ခံပါတယ်
    နိဗ္ဗာန်မရောက်ခင် နတ်ပြည်မှာ အတူတူပြန်ဆုံကြပါစို့

  • mamanoyar

    July 2, 2012 at 9:29 am

    လေးစားပါတယ်ရှင်

  • Shwe Ei

    July 2, 2012 at 9:54 am

    ဘယ်လိုလှူမလဲ ဘယ်လောက်ခွဲလှူချင်လဲ သိပါရစေဗျာ။ လှူတဲ့ကိတ်စကိုတော့ ကန့်ကွက်စရာမရှိပါဘူး။ လောလောဆယ်အရေးတကြီးလိုအပ်နေကြတဲ့ နေရာတွေချည်းဖြစ်နေတော့ urgent နဲ့ important ခွဲပြီး plan ချစေလိုပါတယ်။

  • ကြည်ဆောင်း

    July 2, 2012 at 10:31 am

    စလှုကတည်းကစေတနာသုံးတန်ပြဌာန်းပြီးသားဖြစ်လို့ ကြိုက်သလိုလှုနိုင်ပါတယ်၊ တကယ်လို့ ကျောင်းအတွက်သက်သက်
    အလှုငွေကောက်ခံရင်လဲ လှုအုန်းမှာမို့ ဂေဇက်ကနေ အချက်သာပေးလိုက်ပါ။

  • Shwe Tike Soe

    July 2, 2012 at 11:09 am

    ကိုထွန်းဝင်းလတ် ပရဟိတလုပ်နေတဲ့ ရွာကကျောင်းလေး အလုံးစုံပြီးစီးသွားစေချင်လိုက်တာဗျာ………………..

    အလှုရှင်တွေလဲ များများသိပါစေ…အဲလို လူမသိသူမသိ ကြိုးပမ်းနေရတဲ့ ရွာလေးတွေ အများကြီး ရှိကြသေးတယ်…ကျွန်တော်တို.မသိလို.သာ…..

    အားလုံးသဘောတူရင် လှူမယ် မတူရင်တော့…နောက်ထပ် ဆက်ပီး အလှူထပ်ပြီး အလှူထပ်လုပ်ကြမယ်ဗျာ… အိုကေလား

  • ahnyartamar

    July 2, 2012 at 11:13 am

    သဂျီးမင်းခဗျာင်္း….ရခိုင် သွေးချင်းများ ပြန်လည်ထူထောင်ရေးရရှိငွေ မှတ်တမ်း ပို့စ်လေးကို သွားရောက်လှုဒါန်းမည့် ရက် (၈-၇-၂၀၁၂) နေ့ထိ စတက်လုပ်ထားလို့ ရမလားဗျာ။ အားလုံးမြင်သာ ထင်သာစေဖို့ပါ။
    ပို့စ်မရှိတော့ရင် နောက်ထပ်လှူမဲ့လူတွေ၊ မသိသေးတဲ့အလှူရှင်တွေ အလှူပြီးသွားပြီထင်မှာစိုးလို့ပါ။

  • မဂွတ် ထော်

    July 2, 2012 at 12:51 pm

    နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည် ။

    မပြော မပြီး မတီး မမည် ။

    ပြောလိုက်မည် ။ ပြောလိုက်မည် ။

  • ပစ်စလက်ခတ် မျက်ရည်

    July 2, 2012 at 12:55 pm

    မျက်ရည်တွေကြားက လက်မထောင်သွားပါတယ်ဗျာ…
    ဟင့် …
    ကျုပ်လုပ်ပေးနိုင်တာရှိရင်လည်း ပြောကြပါ….
    ဟင့် ဟင့် …
    တတ်နိုင်တဲ့ဘက်က ဝိုင်းပါ့ ဝန်းပါ့မယ်လေ…

    (…ရှိုက်သံများ …..)

    • MaMa

      July 2, 2012 at 6:19 pm

      ဝေးဝေးနေမှ။
      တော်ကြာ နှပ်ညှစ်ရင် မလွတ်ပဲ နေမှာစိုးလို့ 😆

    • အရီး Khin Latt

      July 2, 2012 at 8:08 pm

      တစ်ခါရှုံးသွားပါတယ်။
      မျက်ရည် က မရပ်တော့ ဘူး။
      အမှန်က ဖလား လွဲတာကြောင့် မို့ နဲနဲ၊ ဘီယာခွက် နဲ့ လွဲတာ မို့ က များများ ပါဟယ်။
      ဟွန်း မသိရင် ခက်မယ်။ 😉

      • ပစ်စလက်ခတ် မျက်ရည်

        July 2, 2012 at 8:11 pm

        အိုလ်းဘရန်ဒီတွေ ..စကော့စမ်းရေတွေ ပြောင်းသောက်နိုင်ပါသေးရဲ့ဗျာ …
        ဟင့် ..
        ခုတော့ ..ခုတော့ …
        ၂နှစ်တခါလောက် … ကျတဲ့ မျက်ရည်ပါ. ..
        ၂၀၀၆ ၁ခါပဲ ပီတိမျက်ရည်ကျဖူးပါတယ်…

        ပြောရင်း ….
        ရှိုက်ချင်လာပြန်ဘီ ..

        ဟင့် ဟင့် …

  • ko khin kha

    July 2, 2012 at 2:57 pm

    ကိုထူးဆန်းရေ—-။အလှုကတော့ ဘယ်လှုလှုပါ။လှုရတဲ့အခြေအနေ သုံးမျိုးရှိပါတယ်၊
    ၁။ လူသားချင်းစာနာလို့ အရေးပေါ်အခြေအနေတစ်ခုကြောင့် လှုကြတဲ့အလှု၊
    ၂။လိုအပ်ချက်တွေရှိနေလို့ ပံ့ပိုးထောက်ကူ လှုကြတဲ့အလှု
    ၃။ကုသိုလ်ရေးအတွက် ပြုလုပ်သောအလှုတဲ့။
    ဥပမာ-နာဂစ်မုန်တိုင်းကြောင့်လှုကြတဲ့အလှုမျိုး၊ ယခုရခိုင်ကိစ္စအလှုမျိုးက နံပါတ်(၁) နဲ့ အကျုံးဝင်တဲ့အလှုပါ။ ကိုထူးဆန်း ရေးပြတဲ့ ကျောင်းလှုမယ့်ကိစ္စက နံပါတ်(၂)နဲ့ အကျုံးဝင်တဲ့အလှုပေါ့။
    အဲဒီနံပါတ် ၁-၂ နှစ်ခုလုံးကလှုမှု့ရေးအလှုတွေပါမို့ ဘယ်လိုဘဲလှုလှုပါဗျာ။

  • shwe kyi

    July 2, 2012 at 3:07 pm

    လိုအပ်တဲ့နေရာမှန်သမျှလှူတာကောင်းပါတယ် ဦးဘလက်တို့နဲ့တသဘောတည်းရှိကြောင်းပါ။

  • MaMa

    July 2, 2012 at 6:14 pm

    အများဆန္ဒကိုပဲ လိုက်နာပါမယ်။
    ဒါပေမယ့် ကျောင်းအတွက် သီးသန့်အလှူခံရင်လည်း ၆သိန်းဆိုတဲ့ ပမာဏဟာ လူအများဝိုင်းလိုက်ရင် လွယ်ကူမယ်လို့ ထင်မိပါတယ်။
    အဲဒါကြောင့် သီးသန့်အလှူခံရင်လည်း အဆင်ပြေနိုင်တဲ့အကြောင်းလေး လက်တို့ချင်ပါတယ်။ 🙂

  • AKKO

    July 2, 2012 at 7:29 pm

    ကိုထူးဆန်းတို့ ကောင်းသလို ကြည့်စီစဉ်ကြပါ ။
    အလှူဆိုကတည်းက တတ်နိုင်သမျှှ လှူဒါန်းမှာပါ ။ အများဆန္ဒအရလုပ်တဲ့နေရာမှာ ဘာမှကန့်ကွက်စရာမရှိပါဘူး ။ ဂေဇက်ကလုပ်သမျှ လှူဒါန်းဖို့ သဒါ္ဓရှိပြီးသားပါဗျာ ။

  • အရီး Khin Latt

    July 2, 2012 at 8:04 pm

    ကိုယ်က ဦးဆောင်ပြီး လုပ်နိုင်သူ မဟုတ်တာက တစ်ကြောင်း၊ ဒီမိုကရေစီ ချစ်သူ ဖြစ်တာတစ်ကြောင်းမို့ အများသဘော အတိုင်း လိုက်နာရန် အသင့်ပါဘဲ။ 🙂
    (ဟိ ဟိ အမှတ်ကပ်ယူ တွားတာ)

  • char too lan

    July 2, 2012 at 8:29 pm

    ဘယ်လိုပဲကောက်ကောက် ဘယ်လိုပဲလှူလှူ
    လိုအပ်တဲ့နေရာမှာ ကိုယ်တိုင်မသိ မသွားနိုင်တဲ့နေရာတွေလဲဖြစ်နေ
    သေသေချာချာလဲစီစဉ်လှူပေးတယ်ဆိုတော့လဲ ကျေးဇူးတင်ကျေနပ်ပီတိ ဖြစ်ရပါတယ်
    အခုကတော့ ထပ်ကောက်ရင်လဲ ထပ်လှူကြမှာမို့ အများနဲ့လုပ်ရတာဆိုတော့
    ရခိုင်သွေချင်းများအတွက်ရည်စူးထားတဲ့လက်ဆောင် ရခိုင်ကိုပဲပေးလိုက်တာအကောင်းဆုံးလို့
    မြင်မိလို့ ပြောမိပါတယ်။ (လွန်တာရှိ ဝန်တာမိပါ..)
    တော်ကြာရခိုင်ပြည်နယ်အလှူရရှိငွေစုစုပေါင်းကို အက်ပ်ဒိတ်လုပ်နေတဲ့သူတွေပါ
    ကျနော်တို့လုပ်တာနဲ့ ခေါင်းစားသွားပါအုံးမယ် + ?? – ??? + = – = :mrgreen:
    တိုင်းမူးကိုထောက်ခံသွားတာပါ.. 😀

  • padonmar

    July 2, 2012 at 8:47 pm

    ဘယ်လိုလှူလှူ ကန့်ကွက်ရန်မရှိပါ။
    ထပ်ကောက်ရင်လည်း နိုင်သလောက်ထပ်လှူပါမည်။

    • amatmin

      July 2, 2012 at 11:04 pm

      လိုတိုရှင်းလေး ပြောမဲ့သူနောက်ကို
      အသာလေးမျှောလိုက်ဖို့ချောင်းနေတာ.. 😛
      အခုအန်တီပဒုမ္မာပြောသလိုပါပဲဗျာ… 🙂

  • Crystalline

    July 3, 2012 at 7:05 am

    လူကြီးတွေအဆိုပြုတာကိုကျမအနေနဲ့ကတော့ကန့်ကွက်စရာမရှိပါဘူး..ဘာလို့လဲဆိုတော့ လှူကတည်းက ရခိုင်သားချင်းတွေအတွက်ရယ်မဟုတ်ပဲ..အကူအညီလိုအပ်နေသူတွေ အတွက်လှူခဲ့တာဖြစ်လို့ပါ..

  • ဦးဦးပါလေရာ

    July 3, 2012 at 7:46 am

    ဒီမနက်မှ ရွာပြန်ဝင်လို့ရတော့ ကွန်မင့်တွေ တော်တော်များနေပြီပဲ..
    အခြားအလှူရှင်များလဲ ဝင်ပြောကြပါဦးနော…

  • Ma Ei

    July 3, 2012 at 9:48 am

    ကိုထူးဆန်းရေ…
    အကူအညီလိုအပ်နေသူတွေ အတွက်
    လှူခဲ့တာဖြစ်လို့အဆင်ပြေသလိုစီစဉ်ပါ…
    နောက်ထပ်ခေါင်းစဉ်တပ်ရင်လဲထပ်လှူပါဦးမယ်…

  • kyeemite

    July 3, 2012 at 11:11 am

    ထပ်ပြောပါအုံးမယ်..ကထူးဆန်းရေ့..
    ကျောင်းတွေဖွင့်တဲ့ ရာသီမှာ..အဲဒီကျောင်းလေး
    အမြန်ဆုံး ဖွင့်နိုင်သွားစေချင်မိတယ်…ကလေးတွေစာသင်နေတာမြင်ချင်မိတယ်..
    ဒါ့ကြောင့်..ခေါင်မိုးဖိုးလောက်လောက်အောင်ခွဲလှူတာသဘောတူပါဂျောင်း….

  • Khaing Khaing

    July 3, 2012 at 2:43 pm

    အလှူငွေထည့်ဝင်ကတည်းက မည်သူ့အတွက်မို့လှူပါသည်ဆိုတဲ့စိတ်မျိုးမရှိသည့်အတွက် မည်သည့် နေရာ မည်သူ့ကိုမဆို လှူဒါန်းနိုင်ပါတယ် နိဗ္ဗာန်နပစ္စယောဟေတုဆိုတဲ့ စိတ်ကိုထားသည့်အတွက် အခိုင့်အနေနဲ့ဆို ပြသနာမရှိပါဘူး ……

    တစ်ခုတော့ ပြောချင်တာလေးပါ အခုတစ်လောအလှူတွေကတစ်အားစိပ်တော့ တစ်ချို့ကတတ်နိုင်ကြသလို မတတ်နိုင်တဲ့သူတွေလည်းရှိကြမှာပါ … အဲဒီလိုအဆင်မပြေသေးတဲ့လူတွေအတွက်က အလှူငွေကောက်ခံမယ်ဆို အခက်အခဲလေးဖြစ်နိုင်ပါတယ် ….. သူတို့ကိုအတင်းလာရောက်လှူဒါန်းပါလို့ မပြောပေးမယ် မိမိဝင်ရောက်နေတဲ့ မန်းလေးဂေဇက်မိသားစုရဲ့အလှူတိုင်းကို ပါဝင်ချင်ကြမှာလူတိုင်းပါ ….. ပြီးခဲ့တဲ့ အလှူ တွေမှာပါဝင်ပီး နောက်အလှူတွေကြရင် မပါဝင်နိုင်လို့စိတ်ထဲမှာ မကောင်းဖြစ်ကြမယ့်သူတွေလည်း ရှိမှာပါ …. တစ်ခါတစ်လေ မိမိကပြီးခဲ့တဲ့အလှူတွေမှာ ပါဝင်ခဲ့ပြီး နောက်အလှူတွေကို ပါဝင်ချင်စိတ်ကြောင့် အလှူငွေထည့်ဝင်ချင်ပီး စိတ်ထဲဝန်ထုတ်ဝန်ပိုးဖြစ်နေတဲ့လူတွေလည်းရှိမယ်လို့ထင်ပါတယ်……. ဒါကြောင့်ဘာပဲဖြစ်ဖြစ်ဝင်ရောက် မဆွေးနွေးပေမယ့် တစ်ချို့မှာအဲဒီခံစားချက်လေးတွေရှိသူများအတွက် စဉ်းစားပေးစေလိုပါတယ် ….. မလှူလည်းဘာမှမဖြစ်ပါဘူး ၁ထောင်လောက်ထည့်လည်းဘာမှမဖြစ်ပါဘူးဆိုပေသည့် မည်သူမဆို ကိုယ့်လုပ်တဲ့အလှူ ကိုယ်လှူတဲ့အလှူကို အကောင်းဆုံးအမြင့်မြတ်ဆုံးဖြစ်စေချင်တာ လူတိုင်းစိတ်ထဲရှိမှာ ပါ …….. ဒါကကြွားဝါတာမဟုတ်ပဲ သဒ္ဒါတရားကို အခြေခံတယ်လို့ယူဆမိပါတယ် …….

    အခိုင်ကအခိုင့်ဘက်ကအမြင်လေး တွေးမိတာလေးကို ဆွေးနွေးတာပါ အလှူကိုကန့်ကွက်တာမဟုတ်ပါဘူး မတူနိုင်တဲ့အမြင်လေးတစ်ခုကိုပြောပြချင်တာလေးသက်သက်ပါ …..

    အခိုင်ကိုယ်တိုင်ဒါမျိုးတွေကြုံဖူးလို့ပါ ယခုနှစ်ကျောင်းဖွင့်ခါနီး အခိုင်ကဗလာစာအုပ်တွေ ပေးနေကျ မောင်လေးတစ်ယောက်ရှိပါတယ် သူ့ကိုတစ်နှစ်စာဗလာစာအုပ် စာရေးကိရိယာတွေကို အခိုင်ကပေးနေကျပါ …… ဒီနှစ်တိုက်တိုက်ဆိုင်ဆိုင် သူလာတဲ့အချိန်မှာ အခိုင့်ဘက်က ငွေရေးကြေးရေးအခက်အခဲဖြစ်နေချိန်ဖြစ်နေပါတယ် အခိုင်သူ့ကိုလို အပ်သလောက် ပေါပေါများများမပေးလိုက်နိုင်ဘူး ဒါနဲ့ စာအုပ်တွေကုန်သွားရင် အခိုင့်ဆီကို ထပ်လာယူဖို့ မှာထားလိုက်ရတယ် စိတ်ထဲတော်တော်လေးလည်းမကောင်းဖြစ်ခဲ့ရတယ် နောက်တစ်ချက်က ဝါဆိုသင်္ကန်းကပ်တဲ့အချိန်ရောက်ရင် အခိုင်က အကြီးအကျယ်မဟုတ်တောင် နှစ်တိုင်း သင်္ကန်းကပ်နေကြပါ ……. ဝါဆိုသင်္ကန်းကပ်ချိန်သူများတွေကပ်သလို အခိုင်လည်းသံဃာတော်တွေပင့်ဖိတ်ကပ်ချင်ပါတယ် ပိုက်ဆံအဆင်မပြေတဲ့အချိန်တွေဆို အရမ်းကို ဝမ်းနည်းရတယ် ဒါနဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းကျောင်းကို သင်္ကန်းဝယ်ပီးလှူဖြစ်ခဲ့တယ် …… တစ်ခါတရံမှာ ငွေကထင်သလောက်အဆင်မပြေချိန်တွေဆို အလှူလှူချိန်ရောက်ပေမယ့် မလှူလိုက်ရတာတွေဖြစ်ခဲ့ဖူးပါတယ် ………

    မတူတဲ့အမြင်လေးတစ်ခုကိုတင်ပြမိတာ မှားတာများရှိရင် အားလုံးခွင့်လွှတ်နားလည်နိုင်ပါစေ …..
    အခိုင့်အလှူငွေကတော့ ကြိုက်သလို ကြိုက်တဲ့နေရာမှာလှူနိုင်ပါတယ် …….. နောက်အလှူတွေကိုလည်း အဆင်ပြေသလိုထည့်ဝင်လှူဒါန်းသွားမှာပါ ……..

    ခင်မင်လေးစားစွာဖြင့်
    Khaing Khaing

  • Novy

    July 3, 2012 at 2:58 pm

    ရေများရာမိုးမရွာပဲ
    ရေနည်းရာမှာ မိုးရွာမှာမို့
    ကျေနပ်ပါတယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    July 3, 2012 at 4:13 pm

    အခုလို ခက်ခက်ခဲခဲနဲ့…
    ရှိသမျှ အင်အားလေးနဲ့…
    တည်ဆောက်နေတဲ့ ကျောင်းလေး…
    အမြန်ဆုံး အောင်မြင်စွာ ပြီးစေချင်ပါတယ်…
    တစ်လှူမှ..နှစ်လှူမကပဲ..
    လှူဒါန်းမှု ဦးရေ…ဒီထက်မက..
    ပေါများလာမှာပါ…။

Leave a Reply