etone နောက်ကလိုက်ခြင်း(ပစ်သူတစ်ဆယ် ဖွသူငါး သိမ်းသူတစ်)
(ခ)အမိူက်ပုံကိုပွအောင်ဖွသူများ
(ဂ)ထူးမခြားနား …………………………
သူတို့ဆီက စည်ပင်သာယာ
“etone နောက်ကလိုက်ခြင်း
(ပစ်သူတစ်ဆယ် ဖွသူငါး သိမ်းသူတစ်)”
ဒီနေ့မနက် ရး၃ဝလောက် ဆိုင်ကယ်နဲ့အလုပ်ကိုအသွား ၃ရလမ်း၈၄လမ်းဒေါင့်မှာ စည်ပင်သာယာအမုူိက်သိမ်းတဲ့ကားက အမိူက်ပုံ်ကိုပြောင်သန့်နေအောင်သိမ်းနေတာ
အဝေးကလှမ်းတွေ့နေရပါတယ်။
သူတို့ကားလေးထွက်သွားလို့မှ မကြာသေးဘူး အဲဒီပြောင်သန့်နေတဲ့နေရာလေးကို
ကောင်ကလေးနှစ်ယောက်က ခြင်းကြားကြီးနဲ့အမိူက်တွေ လာပစ်သွားတော့
မိနစ်ပိုင်းလေးအတွင်း သန့်ရှင်းနေတဲ့နေရာက အမိူက်ပုံပြန်ဖြစ်သွားပါတယ်။
ခက်တာက အဲဒီနားမှာ အမိူက်ထည့်ဘို့ ဘာပုံးမှ မရှိတာပါဘဲ။
အဲဒီမြင်ကွင်းလေးမြင်တော့ အချိတ်အဆက်တွေလွဲနေတဲ့ အမိူက်ပစ်သူနဲ့
အမိူုက်သိမ်းသူ ကို ညီအောင်ညှိပေးချင်စိတ်ကလေးပေါ်လာပါတယ်။
အဲဒါလေးတွေမြင်တော့ ကျနော်စိတ်ထဲမှာဟိုတစ်ရက်က etone ရဲ့
အမိူက်ပုံးနဲ့ပါတ်သက်တဲ့ပိုစ်လေးကို သူရေးနေကျ
မန်းလေးဂေဇက်မှာရော ထာဝရသူငယ်ချင်းများဆို်က်မှာပါဖတ်လိုက်ရပါတယ်။
ဒီအမိူက်ပြဿနာက အတော်လေးကို အုံးစားရတဲ့ပြဿနာလဲဖြစ်ပါတယ်။
နေရာတကာမှာ ဒီ အမိူက်ကိစ္စက အတော်ကြီးမားတဲ့ပြဿနာဖြစ်ပါတယ်။
အမြင်မတော်ဘူး အနံ့အသက်မကောင်းဘူး ကျန်းမာရေးနဲ့မညီညွတ်ဘူး ဆိုတဲ့ခေါင်းစဉ်များ
အောက်မှာ ခေါင်းမဖော်နိုင်ရှာတာကတာ့ “စည်ပင်သာယာ” ပါဘဲ။
သူက ကျနော်တို့ဆီက သန့်ရှင်းရေးအခွန်တွေကောက်ခံထားတော့ သူ့တာဝန်ဖြစ်သွားတာပေါ့။
ဟိုနားမှာ အမိူက်ပုံကြီး ဟီးနေတာဘဲ ဆိုပြန်ရင်လဲ “စည်ပင်သာယာ”က လာမှမသိမ်းတာ။
အမိူက်ပုံကြီးနားက အိမ်တွေ အနံ့အသက်ဆိုးလို့ နေုလို့မရဘူးလို့ သတင်းစာ ပြည်သူ့အော်သံ
ကဏ္ဍမှာပါလာပါရင်လဲ “စည်ပင်သာယာ” ကလာမှမသိမ်းတာဆိုတဲ့အသံဘဲထွက်လာပါမယ်။
အမိူက်ဆိုတာနဲ့ “စည်ပင်သာယာ” က ပြေးမလွတ်တဲ့သူဖြစ်သွားပါတယ်။
ဟိုးအရင်က ဆိုရင် မန်းလေးမြို့က ရပ်ကွက်တွေရဲ့ လမ်းဒေါင့်တိုင်းလမ်းဒေါင့်တိုင်းမှာ
အမိူက်ထည့်ဘို့ သံစည်ပိုင်းကြီးတွေလာချထားပေးပါတယ်။
အရပ်ထဲကလူတွေကလဲဒီအမုူိက်ပုံးထဲကို အမိူက်တွေထည့်ကြပါတယ်။
မနက်ကိုးနာရီလောက်ဆိုရင် ဒီသံစည်ပိုင်းကြီးထဲက အမိူက်တွေကို စည်ပင်သာယာက လာသယ်ပြီးသားပါ။
ကျနော်မှတ်မိသလောက်မြို့လယ်ရပ်ကွက်တွေမှာ အမိူက်ပုံမြင်မကောင်းတာမရှိသလောက်။
ဈေးနားတွေမှာတော့ မြင်မကောင်းတဲ့အမိူက်တွေ့ရှိတတ်ပါတယ်။
ဒီအမိူက်ကလဲ ည ညလာသိမ်းတော့မနက်ဆိုရင် မရှိတော့။
အမိူက်တွေနဲ့ပွထနေတဲ့ရပ်ကွက်တွေလဲရှိပေမယ့်နည်းတယ်လို့တော့ပြောလို့ရပါတယ်။
လူဦးရေကလည်းအခုလောက်မများသေးတာပါ ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေကတော့ မန်းလေးမြို့ နေရာအတော်များများမှာ အမိူက်ပုံတွေမြင်မကောင်းအောင်ဖြစ်လာပါတယ်။
စည်ပင်သာယာက ဒီအမိူက်ကို မသိမ်းဘူးလားဆိုသိမ်းပါတယ်။
ကျနော်ကြားရသလောက်ဆိုရင် ဆိုင်ကယ်တစ်စီးနဲ့အမိူက်ပုံကိုပါတ်ကြည့်ဘို့ ဝန်ထမ်းသီးသန့်ခန်ထားတယ်ပြောပါတယ်။
အမိူက်ပုံတွေ့ရင်သိမ်းဘို့အတွက်သူကပြန်ညွှန်ကြား အဲလောက်အထိကို ပြည့်စုံအောင်လုပ်ထားတယ်လို့ သိရပါတယ်။
ဒါပေမယ့်လက်တွေ့မှာတော့ ဝန်ထမ်းကဘဲမရောက်တာလား
ရောက်ပါရဲ့နဲ့မျက်စေ့မှောက်သွားတာလားတော့မသိဘူး လမ်းမကြီးကနေသိပ်မဝေးတဲ့
လမ်းကြိုလမ်းကြားမှာ အမိူက်ပုံတွေက ရှိနေပြန်ပါတယ်။
တစ်ဖက်ကလှည့်တွေးကြည့်မိတာ့ ခန့်ထားပိုင်ခွင့်ရှိတဲ့အမိူက်သိမ်းတဲ့ဝန်ထမ်းအင်အားနဲ့
တိုးပွားများပြားလာတဲ့ လူဦးရေက စွန့်ပစ်လိုက်တဲ့အမိူက်အင်အားမမျှတလို့လားလို့ပေါ့။
ဒါပေမယ့်လည်း လမ်းဘေးမှာအလုပ်မရှိ အကိုင်မရှိလူတွေကိုတောင်ခေါ်ပြီး
စည်ပင်သာယာက နေ့စားဝန်ထမ်းခန့်ပြီး အမိူက်သိမ်းခိုင်းတယ်ဆိုပြန်တော့
ကျနော့် မတွေးတတ်တော့ပါဘူး။
ဉာဏ်မှ မမှီတာကိုးဗျ။
အခုလက်ရှိအနေအထားမှာ မန်းလေးမြို့မှာလူဦးရေများ တော့ အိမ်ထောင်စုတွေများလာ။
အဲဒီအခါမှာ နေစရာနေရာလည်းရှားလာပါတယ်။
ဒီလိုအပ်ချက်ကို ဖြေရှင်းတဲ့အနေနဲ့ လူများများနေနိုင်တဲ့ တိုက်ခန်းတွေပေါ်ပေါက်လာပါတော့တယ်။
အရင်က မြေတစ်ကွက်မှာမိသားစုတစ်စုနေရာကနေ တိုက်ခန်းတွဲတစ်တွဲမှာ မိသားစုအများကြီး
နေနို်င်တဲ့ အနေအထားကိုအလိုလိုရောက်သွားပါတယ်။
အဲဒီမှာအမိူက်ပြဿနာစပါတော့တယ်။
တိုက်ခန်းနေလူတွေအတွက် အမိူက်သွန်စရာ နေရာပေးထားပေမယ့် အပေါ်ထပ်နေသူများက
အောက်ဆင်းမသွန်ဘဲနောက်ဘေးလမ်းကြားထဲကို အလွယ်တကူပစ်ချလိုက်ပါတော့တယ်။
အဲတော့နောက်ဖေးလမ်းကြားက အမိူက်ပုံဖြစ်သွားပါတော့တယ်။
နောက်ဒီလိုတိုက်ခန်းတွေအတွက် အမိူက်ပစ်စရာနေရာ သီးသန့်မရှိတာများပါတယ်။
ရှိပြန်ရင်လဲ အမိူက်မှန်မှန်လာမသိမ်း။
တိုက်ခန်းနဲ့နီးတဲ့မြေကွက်လပ်တွေမှာ အမိူက်တွေနဲ့ပွထလို့နေပါတယ်။
အမိူက်လာပစ်တဲ့သူများကလဲ အမိူက်ပုံနားမှာ ပြီးစလွယ်ပစ်သွားပါတယ်။
ပလပ်စတစ်ကောက်တဲ့ အမိူက်ကောက်တဲ့သူများကလဲ သံချွန်တစ်ချောင်းနဲ့
စိတ်တိုင်းကျ ပွထနေအောင်မွှေပြီး သူလိုချင်တာရအောင်ရှာပါတယ်။
အမိူက်ကောက်သူလေးငါးယောက်လာရင် လေးငါးခါ ပြန့်ကျဲ ကုန်ပါတယ်။
နောက်အမိုက်ပုံနားမှာ မှီတင်းနေထိုင်တဲ့ ခွေးအပေါင်းကလဲ အမိူက်ပုံမှာ
စားစရာလာရှာပါတယ်။
အဲဒီနားနေသူက မွေးထားတဲ့ ဆိတ်၊နွား၊ဘဲ၊ကြက်၊ဝက် စတဲ့သတ္တဝါများကလဲ
နုတ်သီးနဲ့ထိုး ခွာနဲ့ယက် ခြေထောက်နဲ့ယက်လို့ အစာရှာစားရင်း ပိုင်ရှင်မဲ့
အမိူက်ပုံကို စိတ်တိုင်းကျ ဖွကြပါတယ်။
အစကတည်းက မှန်မှန်မသိမ်းတဲ့ အမိူက်ပုံက ပွစာကျဲပြီးလူမြင်မကောင်းဖြစ်ကုန်ပါတော့တယ်။
ဒီ၂၀၁၂ခုနှစ်မှာတော့ မြန်မာနိုင်ငံက ကောင်းသောအပြောင်းအလဲတွေကို ကြုံတွေ့ရပါတယ်၊
အစိုးရအပြောင်းအလဲဖြစ်တယ်၊
အဲတော့ အစိုးရဝန်ထမ်းတွေလဲ ပုံစံပြောင်းတယ်။
စည်ပင်သာယာကလဲ အရင်ထက်ပိုအလုပ်လုပ် လာပါတယ်။
တက်သိမ်းအင်းကန်ပါတ်လမ်းမှာဆိုရင် ကဖေးချိုချိုရဲ့တောင်ဘက်တစ်ပြလောက်ကနေ
ဟိုးအရှေ့ထိပ်ထိ အမိူက်တွေဖုန်တွေကို သန့်နေအောင် မနက်ငါးနာရီလောက်ကတည်းက
နွေမိုးဆောင်း သုံးရာသီစလုံးသန့်ရှင်းရေးမှန်မှန်လုပ်ပါတယ်။
ကျနော်ကလဲ မနက်တိုင်းလမ်းလျောက်သူတို့ကလဲေ န့စဉ်မပျက် သန့်ရှင်းရေးတွေလုပ်ပါတယ်။
မနက် ရး၃ဝလောက် ကျနော်အလုပ်သွားပြီဆို်ရင်လဲ ၈၄လမ်းတစ်လျောက် မှာ တောင်ကနေမြောက်
35လမ်းထိ လမ်းဘေးမှာရှိသမျှအမိူက်တွေ ပြောင်ရှင်းနေအောင်အမိူက်တွေသိမ်းကြပါတယ်။
ညပိုင်းမှာဆိုရင်လဲအ မိူက်တွေကို နေ့စဉ်သိမ်းပါတယ်။
ညကိုးနာရီလောက်ထိကို စည်ပင်သာယာသန်ရှင်းရေးဝန်ထမ်းတွေအလုပ်လုပ်ကြတာလဲအမှန်။
နောက်ညပိုင်း ၈း၃ဝလောက်ဆိုရင် ၃၄လမ်းနဲ့၈၁လမ်းဒေါင့်မှာရှိတဲ့အမိူက်ပုံကို အမိူက်ကားကလာသိမ်းပါတယ်။
အဲဒီအချိန်မျိုးဆိုရင် အင်မတန်လေးစားစရာကောင်းတဲ့မိသားစုတစ်ချို့က အဲဒီအမိူက်ကားဆီကို
ဆိုင်ကယ်တွေကားတွေနဲ့လာပြီး အိတ်ကြီးအိတ်ငယ်နဲ့အမိူက်တွေပစ်ကြပါတယ်။
၃၅လမ်း၈၁နဲ့၈၄ကြားမှာဆိုရင်လဲ ညပိုင်းဆိုရင် စည်ပင်သာယာအမိူက်ကားက ပုံမှန်လာပြီးအမုူိက်သိမ်း
တော့ အဲဒီပါတ်ဝန်းကျင်တစ်ဝိုက်ကလူတွေက အမိူက်ကားဆီကို အမိူက်တွေလာပစ်တာကို မြင်ရပါတယ်။
ဒါကတော့ တကယ်ကောင်းတဲ့လုပ်ရပ်ပါဘဲ။
အခုနောက်ပိုင်း ထူးခြားလာတာကတော့ ်နေရာတော်တော်များများ မှာအမိူက်ပစ်ဘို့သံကန်ကြီးတွေချပေးထားပါတယ်။
အချို့နေရာတွေမှာ ဝါးကပ်နဲ့လုပ်ထားတဲ့အမိူက်ကန်တွေချထားပေးပါတယ်။
ဒါပေမယ့် စွန့်ပစ်လိုက်တဲ့အမိူက်ပမာဏနဲ့ အမိူက်ပုံးသဟာဇာတမဖြစ်တော့ အပြင်မှာလျံကြကုန်ပါတယ်။
လမ်းမတန်းတွေမှာသာ အမိူက်ကိုနေ့စဉ်သိမ်းပေ့မယ် လမ်းကြိုလမ်းကြားတေတို့၊
တို်က်ခန်းတွေဘက်တွေတို့မှာ အမိူက်သိမ်းတဲ့ကားက နေတိုင်းလာပြီးမသိမ်းပါဘူး။
လေးငါးရက်တစ်ခါ တစ်ခါတစ်လေ တစ်ပါတ်မှာတစ်ခါလောက်ဘဲအမိူက်သိမ်းတယ်ဆိုပြန်တော့
အမိူက်တွေက မဆန့်လို့လျံကျ။
အမိူက်ကောက်သူက တစ်ခါလာဖွ။
အနီးနားက တိရိစ္ဆာန်တွေက တစ်ခါ ထပ်ဖွ ။
အမိူက်ကပုံ့မှန်မသိမ်းတော့ မြင်မကောင်းအောင်ပွစာတက်။
အမိူက်ပုံကပွနေတော့ အမိူက်လာပစ်တဲ့သူက ပြီးစလွယ်ပစ်၊။
အဲတော့ ပွသထက်ပိုပွ ဆိုတဲ့ဂျာအေးသူ့အမေရိုက်တဲ့ဇာတ်လမ်းဖြစ်လာတာပေါ့။
မန်းလေးစည်ပင်သာယာက အရင်ထက်စာရင် အမိူက်ကိစ္စမှာအများကြီးပိုကြိုးစားပြီး
ဆောင်ရွက်တာလဲအမှန်၊
သို့သော်လမ်းမတန်းတွေမှာသာ အသေအချာ အမိူက်သိမ်းကြ
သန့်ရှင်းအောင်လုပ်ကြပေမယ့်…
တိုက်ခန်းအတွင်းလမ်းတွေ၊လမ်းကြားတွေနဲ့ခေါင်တဲ့နေရာမှာတော့ သေချာမလုပ်ပါဘူး။
မှန်မှန်လဲမလာပါဘူး။
ဒီအခါမှာ အမိူက်ပစ်သူကလဲ စနစ်တကျမပစ်။
အဲတော့လမ်းကြားတွေက အမိူက်တွေပြန့်ကျဲညစ်ပတ်ပေရေ အမိူက်တွေဗလပွ။
နောက်ဖေးလမ်းကြားကြပြန်တော့လဲ စည်းမဲ့ကမ်းမဲ့လုပ်သူတွေကြောင့် မလှမပ။
တုိုက်ခန်းနေထိုင်သူများကလဲ အမိူက်ကိုအလွယ်တကူဘဲ နောက်ဘေးလမ်းကြားကိုပစ်ချ။
ကြာတော့ အမိူက်တွေက ပုပ်ပွလို့အနံ့ဆိုးတွေထွက်နဲ့အတော်စိတ်ပျက်စရာပါ။
ဒီအမိူက်ကိစ္စကို ပြောမယ်ဆိုရင် စည်ပင်သာယာ တစ်ခုထဲကိုဘဲ ဝိုင်းလက်ညှိုုးထိုးလို့မရဘူးလို့ကျနော်ကတော့ယူဆပါတယ်။
သူတို့တာဝန်က အမိူက်ပစ်စရာ နေရာသတ်မှတ်ပေးရမယ်၊
အမိူက်ပစ်စရာနေရာမပေးနိုင်ခဲ့ရင် နေ့စဉ်အချိန်မှန်မှန်အမိူက်ကားလွှတ်ပြီးသိမ်းပေးရပါမယ်
ကိုယ့်အထက်က အရာရှိ တွေအမြဲဖြတ်သွားဖြတ်လာ လုပ်တတ်တဲ့နေရာလောက်ဘဲကွက်ပြီး
သန့်ရှင်းအောင်လုပ်တာထက် လမ်းကြိုလမ်းကြားမကျန် စနစ်တကျနဲ့အမိူက်သိမ်းသင့်ပါတယ်။
ကျနော်တို့နိုင်ငံမှာ တကယ်လိုအပ်နေတယ်လို့ယူဆရတဲ့ အချက်လေးကတော့ ဝန်ထမ်းတိုင်းမှာ
တာဝန်နဲ့အတူ စေတနာဆိုတဲ့စိတ်ဓါတ်ကလေးအဆစ်ထည့်ပြီးလုပ်ပေးဘို့ချင်စိတ်ရှိဘို့လိုနေတာပါ။
စည်ပင်သာယာဘက်က တာဝန်ကျေရုံနဲ့မပြီးသေးပါဘူး။
ကျနော်တို့ပြည်သူပြည်သားများဘက်ကလဲ တာဝန်သိတတ်ဘို့လိုအပ်ပါတယ်။
ကိုယ်သုံးထားတဲ့အမိူက်သရိုက်တွေကို အစိုနဲ့အခြောက်ခွဲပြီးထားမယ်။
စနစ်တကျလုံလုံခြုံခြုံ ထုပ်ပိုးပြီးမှ အမိူက်ပစ်ဘို့သတ်မှတ်ထားတဲ့နေရာမှာသွားပစ်မယ်
တကယ်လို့များ အမိူက်ပုံဘို့အတွက်နေရာမရှိလို့ပေးမထားနိုင်ခဲ့ရင်
အမိူက်ကားမလာသေးခင် ကိုယ့်အိမ်မှာကိုယ် ခဏသိမ်းထားမယ်။
အမိူက်ပုံနဲ့နီးတဲ့သူများကလဲ ကိုယ်မွေးထားတဲ့ တိရိစ ္ဆာန်က အမိူက်ပုံသွားမဖွအောင်
သေချာသိမ်းမယ်။
အမိူက်လာကောက်တဲ့သူဖြစ်ဖြစ် တိရိစ္ဆာန်ဖြစ်ဖြစ် အမိူက်ပုံကိုလာဖွနေတာကိုတွေ့ရင်
တားဆီးမယ် ဆိုရင် အတော်လေးကိုကောင်းလာမယ်လို့ယုံကြည်ပါတယ်။
ကိုယ်နေတဲ့မြို့ ကိုယ်နေတဲ့ရပ်ကွက်သန့်ရှင်းသာယာဘို့က နေထိုင်သူအားလုံးမှာ
တာဝန်အသီးသီး ရှိတယ်ဆိုတာ ကိုတော့ လူတိုင်းသိထားသင့်ပါတယ်။
သိပ်မကြာခင်ရက်အတွင်းက သူများတိုင်းပြည်နယ်စပ်မြို့ ကျယ်ဂေါင်နဲ့ရွှေလီမြို့ဘက်ကိုကျနော်ခဏ
ရောက်ခဲ့ပါတယ်။
မနက်အစောခြောက်နာရီလောက်ဆိုရင် ရွှေလီတံတားထိပ်မှ အမိူက်သိမ်းနေတဲ့အမျုးိသမီးတစ်ယောက်ကိုတွေ့ရပါတယ်။
သူ့မှာ ဆိုက်တွဲလေးပါ ပါတယ်၊
ဆိုက်တွဲပေါ်မှာ ပုံးလေးတစ်ပုံးပါတယ်။
သစ်ကိုင်းကိုအရွက်တွေချွေပြီး တံမျက်စည်းအဖြစ်အသုံးချတာလေးပါတယ်။
ကျယ်ဂေါင်မြို့က မန်းလေးမြို့ကရပ်ကွက်ကြီး တစ်ကွက်စာလောက်ဘဲရှိပါတယ်။
ဒါပေမယ့် လမ်းအပြတိုင်းအပြတိုင်းလောက်မှာ
ဆိုက်တွဲရယ် ပုံးတစ်လုံးရယ် သစ်ကိုင်းတံမျက်စီးရယ်ပါတဲ့ ဝန်ထမ်းတစ်ယောက်စီကိုတွေ့နေရပါတယ်။
လမ်းကိုအရှေ့နဲ့အနောက်အစုန်အဆန်သွားနေတာပါ။
သူတို့ဆီကလမ်းဘေးတွေမှာအရိပ်ရအောင်သစ်ပင်တွေစိုက်ထားတော့ သစ်ရွက်ကအမြဲကြွေနေပါတယ်။
ဒါပေမယ့်လမ်းမပေါ်မှာမြင်မကောင်းအောင်တော့ စုပုံမနေပါဘူး။
လမ်းကြားမှာတော့ အမိူက်သံပုံးတွေချထားပေးပါတယ်.။
အမိူက်ပစ်သူကလဲ အဲဒီသံပုံးတွေထဲကိုအမိူ်က်တွေသွားထည့်ပါတယ်။
အမိူက်မဆန့်လို့ဘေးကျနေတာရှိပေမယ့် လူမြင်မကောင်းလောက်အောင်တော့လဲမဟုတ်။
လမ်းမပေါ်မှာအမိူက်ပစ်ချသွားသူမရှိသလောက်။
ရွှေလီဘက်ရောက်ပြန်တော့လဲ လမ်းဒေါင့်တွေမှာ အမိူက်ထည့်စရာပုံးလေးတွေချထားပေးပါတယ်။
ဆိုက်တွဲနဲ့ တံမျက်စီးလှည်းနေတဲ့ အဖွဲ့ကိုလည်းရွှေလီလမ်းမကြီးပေါါ်မှာနေ့ခင်းတစ်နာရီလောက်မှာ
တွေ့ခဲ့ရပါတယ်။ကျနော်တို့အားလုံးအတုယူဘို့ကောင်းပါတယ်။
မြို့သန့်ရှင်းအောင် တာဝန်ယူထားရတဲ့ စည်ပင်သာယာကလဲ သူ့တာဝန်သူကျေအောင်လုပ်၊
ကျနော်တို့လို့ မြို့သူမြို့သားတွေကလဲ စည်းနဲ့ကမ်းနဲ့ အမိူက်ကိုစွန့်ပစ်မယ်ဆိုရင်
သတိပေးဆိုင်းဘုတ်တွေထောင်စရာ မလိုတော့ပါဘူး။
လက်ရှိမှာတော့ ဆိုင်းဘုတ်က ဆိုင်းဘုတ် အတိုင်းဘဲရှိပြီး ဘယ်သူလိုက်နာတာမတွေ့ရပါဘူး.။
ဆိုင်းဘုတ်ထောင်ပြီး သတိပေးရတယ်ဆိုမှ တကယ်မလုပ်ကြသေးလို့ဆိုတာ ကိုဖော်ပြနေသလိုပါဘဲ။
ကျနော်တွေးလာလိုက်တာ ၃၅လမ်းမီးပွိုင့်နားရောက်လာပါတယ်။
မီးပွိုင်က နီနေလို့ အရှိန်ရှော့ပြီး စီးအလာ ကျနော်ကို တစ်ခုခုလာစင်သလိုခံစားရလို့ကြည့်လိုက်တော့
ကျနော့် ဘက်ဘက်လက်မောင်းမှာရော ရင်ဘတ်မှာပါကွမ်းသွေးတွေ။
မီးနီရာကနေ အစိမ်း ကိုအပြောင်း အရှိန်မရှော့ဘဲမောင်းလာတဲ့ စစ်ကိုင်းကားခေါင်မိုးပေါ်မှာထိုင်လိုက်လာတဲ့
လူက စည်းမဲ့ကမ်းမဲ့ထွေးလွှတ်လို်က်တဲ့ ကွမ်းသွေးတွေလာစင်တာပါ.။
ကဲဒီလိုမျိုးဖြစ်လာခဲ့ရင်ဘယ့်သူများသွားတိုင်ပြီးအရေးယူခိုင်းရမလဲမသိဘူးဗျာ။
ဦးထုပ်မပါဘဲမောင်းလာတဲ့ဆိုင်ကယ်တွေကို ငေးကြည့်နေတဲ့ ယာဉ်ထိန်းကိုဘဲသွားတိုင်ရမလား။
မထသ ရုံးကိုဘဲသွားတိုင်ရမလား။
စည်ပင်သာယာကိုဘဲသွားတိုင်ရမလား၊
ရပ်ကွက်ရုံးကိုဘဲသွားတို်င်ရမလား။
တကယ်စစ်စစ်ပေါက်ပေါက် တွေးကြည့်တော့ တိုင်စရာနေရာမရှိပါဘူး။
လောလောဆယ်တော့ ကျနော်အိမ်တစ်ခေါက်ပြန်ရပါမယ်။
အဝတ်လဲရပါမယ်။
အလုပ်ကတော့ သေချာပေါက်နောက်ကျတဲ့အတွက် မြန်မာငွေ ကျပ်ငါးရာ ဖိုင်းတပ်ခံရပါမယ်။
ပြောသာပြောရတယ် နေ့စဉ်လုပ်ရတဲ့အလုပ်ဆိုတာ ဟိုလိုလုပ်ဒီလိုလုပ်လို့
ညွန်ကြားလို့သာလွယ်တာ တကယ်လက်တွေ့လုပ်ဘို့တော့ ခက်ပါသဗျာ၊
ကဲ ….ဘယ်လိုလုပ်ကြရင်ကောင်းမလဲနော်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(3-7-2012)
32 comments
ဦးဦးပါလေရာ
July 4, 2012 at 6:41 am
အမှိုက် စည်းကမ်းမဲ့ပစ်တာကို ဥပဒေထုတ်ပြီး ခပ်စပ်စပ်လေး အရေးယူမှ ဖြစ်မှာပါ..။
(အရေးမယူခင် အလုပ်ဖြစ်တဲ့ အမှိုက်သိမ်းစံနစ်တော့ အရင်လုပ်ထားရမှာပေါ့)
ိကျွန်တော်တို့လူမျိုးတွေက အမှိုက်စည်းကမ်းမဲ့ပစ်တာ တော်တော်ကျင့်သားရနေပြီ ကိုပေါက်ရေ..။
htoosan
July 4, 2012 at 7:01 am
လေးပေါက်ရေ.. အမှိုက်ပြဿနာက စည်ပင်ကိုဘဲ လက်ညိုးထိုးလွဲချနေလို့ ကတော့ ဘယ်တော့မှ ပြီးသွားမဲ့ ပြဿနာ မဟုတ်ပါဘူး ။
လေးပေါက်ပြောသလို ပစ်တဲ့ သူတွေလည်း စည်းကမ်းရှိရန် အလွန်လိုပါသည် ။
အချိန်နဲ့ ပုံမှန်ပစ်ရင် စည်ပင်ညလာသိမ်းသွားတဲ့ အတွက် သိပ်ရုပ်မပျက် မမြင်ရနိုင်ပါဘူး ။
ရ မိုင်ပြည်လမ်း က တေးနုယဉ်လမ်း နဲ့ ပါရမီ မီးပွိုင့်နားမှာ အမှိုက်ပုံ နှစ်ခုရှိပါတယ် ။ နေ့ဘက်ဆိုမြင်ရခဲပါတယ် ။
ညနေကျမှ အမှိုက်လာ ပစ်တဲ့ အတွက် ညနေပိုင်းလောက်ကစလို့ အမှိုက်ရှိပေမဲ့ ညဘက် ကားလာသိမ်းသွားတဲ့ အတွက် ရုပ်ပျက်လောက်အောင် မမြင်ရပါဘူး။
တေးနုယဉ်လမ်းထဲမှာ အမှိုက်ပုံ မတွေ့ရပါဘူး ။ နေ့စဉ် ညနေ ၅ နာရီမှာ အမှိုက်လှည်းနဲ့ လာသိမ်းပါတယ် ။အိမ်တိုင်းကလည်း ကိုယ့် အမှိုက်ပုံးလေးတွေ အမှိုက်လှည်း ခေါင်းလောင်းခေါက်သံကြားတော့မှ အိမ်ရှေ့ ထွက်ပြီး ချထားပေးပါတယ် ။ အမှိုက်သိမ်းသူက သွန်ယူသွားပါတယ် ။ ပြီး အဲ့ဒီ့လှည်းကို လမ်းထိပ်မှာ ရပ်ထားပြီး ည မှောင်မှ အမှိုက်ပုံ သွားထားပြီး ကားလာတဲ့ အခါ သွန်ပေးပါတယ် ။ အဲ့ဒီ့ အမှိုက်သိမ်းခြင်းကို ရပ်ကွက်သာယာရေး က လုပ်ပေးပါတယ် ။ တစ်အိမ်ကို တစ်လ ၁၀၀ဝ ကောက်ပါသည် ။
စကာင်္ပူက တိုက်ခန်းတွေမှာ အမှိုက်ပစ်တဲ့ chute တွေ တိုက်တိုင်းမှာပါပါတယ် . အမှိုက်ကို အဲ့ဒီ့ chute ကနေ ပစ်ချရုံပါဘဲ ။ အောက်ဆုံးမှာ အမှိုက်လှည်းခံထားပါတယ် ။ အဲ့ဒီ့တော့ အမှိုက်မတွေ့ရတော့ပါဘူး ။
ဒီက တိုက်ခန်းတွေကတော့ ကန်ထရိုက် အမြတ်ရဖို့သာ ကြည့်ထား စည်းကမ်းသတ်မှတ်ရင်လည်း လာတ်စားနဲ့ ဆိုတော့ ………………
လူလားစံနစ်လား ငြင်းကြရင်းဘဲ ……
လေးပေါက် လောလောဆယ်တော့ အကျီပြန်လဲလိုက်ပါဦး …. 😀
water-melon
July 4, 2012 at 7:01 am
တစ်ဦးတစ်ယောက်ချင်း စည်းကမ်းရှိမယ်ဆိုရင်တော့
ပိုကောင်းတာပေ့ါ
အခုက သူဌေးတွေရောခွေးတွေရော စည်းကမ်းမရှိတာဆိုးတယ်
ကားအကောင်းစားကြီးစီးပြီး ကားပေါ်ကနေကွမ်းသွေးထွေးတော့ ဘယ်လိုပြောရမလဲဟင်
Khaing Khaing
July 4, 2012 at 2:41 pm
အခုမှ အူကြောင်ကြောင်လုပ်မနေနဲ့ ……. နံပါတ် ၁ဝ ပုံကညည်းလေ …. ဖွတုန်းကဝင်ဖွပီ အခုတော့သူတော်ကောင်းဟန်ဆောင်နေတယ် ………
MaMa
July 4, 2012 at 8:02 am
စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့လူကိုပဲ အပြစ်တင်ရမလား။
အမှိုက်ပုံးတွေ မရှိတာကိုပဲ အပြစ်တင်ရမလား။
အမှိုက်မှန်မှန် မသိမ်းတာ အမှိုက်သိမ်းစနစ် မပြည့်စုံတာတွေကိုပဲ အပြစ်တင်ရမလား။
သူများကို အပြစ်တင်ဖို့ပဲ စဉ်းစားမိနေတယ်။
the best
July 4, 2012 at 8:38 am
တစ်ဦးတစ်ယောက်က အားလုံးထိ ကိုယ်ချင်းစာတတ်ရင်
မြန်မာပြည် သာယာပြီပေါ့။
TNA
July 4, 2012 at 9:05 am
ဘိုးစဉ်ဘောင်ဆက်အမှိုက်နဲ့ပါတ်သက်လာရင် ဘာဖိအားမှမရှိပဲနေလာတဲ့ မြန်မာလူမျိုးတွေဟာ အခုမှ စည်း နဲ့ကမ်းနဲ့လဲနေခိုင်းရော ဘယ်လိုမှအဆင်မပြေတော့ပဲ စိတ်ဖိစီးမှု့တွေဖြစ်နေကြတာ တော်တော်လေးစိတ် မကောင်းစရာပါ။ ကျန်တာတွေသာပြင်လို့ရမယ်။ ဒီအမှိုက်ကတော့တော်တော့်ကိုအတိုက်အခံလုပ်ယူရအုံးမှာ ပါ။ အဆင်ပြေရင်တော့ ရပ်ကွက်ထဲကလူတွေ၊ အမှိုက်သိမ်းသမားတွေနဲ့စကားပြောထားတာလေးတွေကို ပိုစ့် တခုအနေနဲ့တင်ပါအုံးမယ်လေးပေါက်ရေ။
မောင်ပေ
July 4, 2012 at 9:19 am
အလွန်အင်မတန်မှ မှန်လှ၏
အမှိုက် နဲ့ပတ်သက်တိုင်း စည်ပင်သာယာအသုံးမကျဟု ပြစ်တင်မှုများ ရပ်သင့်ပါပြီနော
weiwei
July 4, 2012 at 9:51 am
တရုတ်ပြည်မှာဆိုရင် တရုတ်တွေက စည်းကမ်းမရှိပါဘူး … အလွယ်တကူ အမှိုက်ပစ်ချင်တဲ့သူတွေများတယ် … ဒါပေမယ့် အမှိုက်ပုံးတွေက များလွန်းတော့ အမှိုက်ပုံးထဲထည့်ဖြစ်သွားတာပဲ … သန့်ရှင်းရေးဝန်ထမ်းတွေကလဲ ၂၄ နာရီ စောင့်ကြည့်ပြီး သိမ်းနေတော့ အမြဲတမ်းသန့်နေပြီး စည်းကမ်းရှိနေကြသလို ထင်ရပါတယ် …
ရန်ကုန်မှာကတော့ …
တစ်ရက် လှည်းတန်းက စိန်ဂေဟာကို ဈေးဝယ်သွားရင်း လမ်းမှာ အအေးဝယ်သောက်မိလို့ အအေးဗူးက လက်ကကိုက်လျက်နဲ့ ပါသွားတယ် .. အဲဒါနဲ့ အပေါက်ဝမှာ အအေးဗူးကို လွှင့်ပစ်လိုက်ချင်လို့ ဘယ်မှာ အမှို်က်ပုံးရှိလဲလို့ တာဝန်ကျတဲ့အစောင့်ကိုမေးတော့ ဒီမှာ အမှိုက်ပုံးမရှိဘူးတဲ့ … ကျွန်မ အရမ်းစိတ်တိုသွားမိတယ် … အဲဒီအအေးဗူးအလွတ်ကို လက်ကိုင်အိတ်ထဲထည့်ပြီး ဈေးဝယ်ရပါတယ် … အိမ်အပြန်လမ်းမှာလဲ အမှိုက်ပုံးမရှိပြန်တော့ အိမ်အထိ (တိုက်ခန်း ၄ ထပ်ပေါ်) သယ်သွားရတယ် … ကျွန်မတို့အိမ်ယာဝင်းက ညနေ ၅ နာရီကနေ ရ နာရီ အမှိုက်ပစ်ချိန်သတ်မှတ်ထားလို့ နောက်တစ်နေ့ အမှိုက်ပစ်ချိန်အထိ အဲဒီအအေးဗူးကို အိမ်ပေါ်မှာ သိမ်းထားလိုက်ရပါတယ် … အဲဒီလောက်တောင် အမှိုက်ပစ်ရတာ ခက်ခဲတာမို့ လူတော်တော်များများက တွေ့ရာနေရာမှာ ကြုံသလိုပစ်ကြတာကို အပစ်တင်ရ ခက်ပါတယ် …
mamanoyar
July 4, 2012 at 9:55 am
မှန်ပါတယ်ရှင် တကယ်တော့ စည်ပင်ဝန်ထမ်းတွေ
အပြစ်မတင်သင့်ပါဘူး သူတို့အရမ်းအလုပ်လုပ်ကြပါတယ်
သူတို့ချည်းပဲ လိုက်လုပ်နေလို့လည်း မဖြစ်ပါဘူး အမှိုက်
စွန့်ပစ်သူတွေကိုုယ်တိုင် လိုက်နာဖို့လိုပါတယ်ရှင်။
snow white
July 4, 2012 at 10:31 am
အလုပ်လုပ်ရဆုံးကစည်ပင်သာယာဝန်ထမ်းတွေ လစာထုတ်ရက် ကျရင်မပေးချင်ကျတာ ကစည်ပင်ဝန်းထမ်းတွေကိုလစာပေးဖို့ကို တော်တော်လေးနောက်ကျမှပေးတယ် ဘာလို့လည်းဆိုတော့ စည်ပင် ဝန်းထမ်းတွေအရင်လစာထုတ်နေလို့ဘဲ စနိုးဟိုတလောကလစာထုတ်ရက် လကုန်ရက်ပေါ့နော် ဆိမ်ကမ်းသာလမ်းဘက်ကသွားတာ လူတွေများကြီးဘဲ စည်ပင်သန့်ရှင်း ရေးဝန်ထန်းတွေတန်းစီနေတာတွေ့တယ် ဘာလည်းလို့ စပ်စုကြည့်လိုက်တာ လစာထုတ်ဖို့စောင့်နေတာပါတဲ့ စနိုးဝယ်ချင်တာတွေဝယ်ပီးပြန်လာတဲ့ထိ တယောက်တောင်မလျော့သေးပါဘူး လစာပေးဖို့ကို အဲ့လောက် ကြာအောင် ဘာလုပ်နေကျလည်းတောမသိဘူး အလုပ်လုပ်ရဆုံးလစာရရင်နောက်ကျဆုံးက စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေပါဘဲ။
aye.kk
July 4, 2012 at 10:49 am
ကိုပေါက်ရေ…
ကျမတို ့နိုင်ငံမှာ…
စည်းကမ်းမဲ့အမှိုက်စွန် ့ပစ်မှုတွေတွေ ့မြင်ရတာစိတ်မချမ်းသာလှပါဘူး..
တခါက..
ကိုယ့်မျက်စေ့ရှေ့မှောက်၊သန် ့ရှင်းနေတဲ့လမ်းမကြီးပေါ်မှာ…
မိန်းမကြီးတစ်ယောက်က၊ကလေးလက်ကိုဆွဲပြီးငှက်ပျောသီးအခွံနွှာပြီးလမ်းပေါ်ကိုပစ်ချတော့..
စိတ်ထဲမှာယားကျိကျိနဲ ့အဲဒီမိန်းမကိုဆဲချင်မိသွားတယ်..
စိတ်ကိုမနည်းထိန်းလိုက်ရတယ်…။အဲဒါနဲ ့အင်္ကျီဝတ်ထားတာကမြန်မာမဟုတ်တော့
ကိုယ့်စကားလည်းသူနားလည်မှာမဟုတ်ဘူးပေါ့နော်..
အဲဒီမိန်းမလက်ကိုဆွဲပြီးပစ်ချလိုက်တဲ့ငှက်ပျောအခွံကို..
လက်ထဲပြန်ထဲ့ပေးပြီးအမှိုက်ပုံးရှိရာပြပေးလိုက်ရတယ်….။
နောက်ပြီးသူ ့ကိုလည်း၊ဘာသာစကားနားလည်တဲ့သူနဲ ့
ဒဏ်ရိုက်ခံရနိုင်တယ်ဆိုပြီး၏ပြောပြခိုင်းလိုက်ရတယ်။
အမှန်တကယ်ဆိုရင်…
ငယ်ငယ်ကအမြဲရွတ်ဆိုရတဲ့…
မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်…
မှသည်အားလုံးကောင်းအောင်ကြိုးစားရင်း…
စည်းကမ်းနဲ ့စနစ်ကျနမှုရှိဘို ့အတွက်ဆိုရင်..
အခြေခံမူလတန်းပညာသင်ရိုးတန်းမှာသင်ကတည်းကကို…
အရိုးစွဲအောင်ရိုက်သွင်းသင်ကြားထားပေးဘို ့အဓိကလိုအပ်တယ်လို ့လည်းထင်မြင်မိပါတယ်။
ကြည်ဆောင်း
July 4, 2012 at 11:41 am
ပစ်သူ သိမ်းသူ အချိုးညီ မှ သန့်ရှင်းလှပ မြို့ရွာအလှ ဖြစ်နိုင်ပါတယ်။
အရင်ဆုံးကိုယ့်ဖာသာ ကိုယ် စည်းကမ်းရှိအောင်နေကြရမှာပါ။
ဒါမှ . . တစ်ယောက်ကစ တစ်ရာဖြစ်သွားမှာပါ . . ။
shwe kyi
July 4, 2012 at 2:19 pm
မဝေဝေပြောတာမှန်ပါတယ်။ အမှိုက်ကိုဘယ်ပစ်ရမယ်မှန်းမသိတာနဲ့ အိတ်ထဲပဲထည့်သယ်ခဲ့ရတာတွေများပါပြီ။ အခုတော့ အမှိုတ်ပုံးလေးတွေ ဟိုတစုဒီတစုတော့တွေ့နေရပါပြီ။
အားလုံးပဲကိုယ့်တာဝန်ကိုယ်သိကြမယ်ဆိုရင် အကောင်းဆုံးပါပဲရှင်။ စည်းကမ်းသည်လူ၏တန်ဖိုးပေါ့။
King of Secrets (Bo Min)
July 4, 2012 at 3:43 pm
အော်၊ ဆိုင်းဘုတ်ခင်ဗျာ၊ သနားပါတယ်၊ ဩဇာမတိုးရှာဘူး
etone
July 4, 2012 at 3:56 pm
လေးပေါက်ရေ ….
အမှိုက်သိမ်းတာ စည်ပင်က အခွန်ယူထားလို့ တာဝန်ရှိတယ်ဆိုပေမယ့် ….. မိမိက စွန့်ပစ်လိုက်တဲ့အမှိုက် မိမိမှာလည်း တာဝန်ရှိတယ်ဆိုတာ လူတွေမေ့လျော့နေတတ်ကြတယ် ။
လူတွေလေ .. စာတတ်ပါတယ် ဘယ်လောက်ပြောပြော ၊ အမှိုက်မပုံရဆိုတဲ့ ဆိုင်းပုဒ်အောက်အမှိုက်လာပုံတာ .. အတော် ဂွတီး ဂွကျ နိုင်သလိုပဲ လေးပေါက်ရယ် … ။ ဆုပေး ဒဏ်ပေးစနစ်လုပ်လည်း ခဏတာပဲ ထိန်းလို့ရမှာ … ကိုယ်တိုင်စိတ်ထဲ စွဲမြဲပြီး သဘောပေါက်ကာ ဆင်ခြင်မှသာ ပျောက်ကွယ်သွားနိုင်မယ့် ကိစ္စမျိုးနော် … ။ အမှိုက်ကိစ္စက စိတ်မောစရာချည်းပါလား .. လေးပေါက်ရေ … ။
ခပ်မိုက်မိုက် ကောင်မလေး
July 4, 2012 at 4:09 pm
လူတွေကလည်းစည်းကမ်းရှိသင့်ပါတယ်….
မြန်မာပြည်မှာ အမှိုက်ပစ်တာတွေ…
နေရာတော်တော်များများတွေ့ရတယ်ဗျ….
ဆိုင်းဘုတ်တွေချိတ်ထားတာတောင်…
အမှိုက်ပစ်တယ်ဆိုတော့ဗျာ….
မချိတ်တဲ့နေရာတွေဆို ပစ်ချင်ရာပစ်…
ဖွတော့တာပေါ့..ဖွတော့ပွတာပေါ့နော်…
ပွတော့မြင်မကောင်းဘူးဗျာ..
မြင်မကောင်းတော့…ကဲ့ရဲ့ခံရတယ်..
ကဲ့ရဲ့ခံရတော့ သိက္ခာကျတယ်….
အင်းးးးးးးးးးးးးးဒါမြန်မာပြည်ပဲ……
တိုးတက်လာတဲ့ ခေတ်မှာ အမှိုက်ပစ်တာလေးလည်း…
စည်းကမ်းရှိပြီး လိုက်နာကြမယ်ဆိုရင်…
ပတ်ဝန်းကျင်လည်းလှမယ်…လေထုညစ်ညမ်းမှုလည်းနည်းမယ်….
လှပဝေစည်မြန်မာပြည်လည်းဖြစ်လာမှာပေါ့ဗျာ…
အမှိုက်ပစ်တာလေး ဝိုင်းဝန်းထိန်းသိမ်းမယ်ဆိုရင်..
တော်တော်လေးအဆင်ပြေလိမ့်မယ်….။။။။။။။။။။။
ကိုပေါက်(မန္တလေး)
July 4, 2012 at 4:19 pm
(အော်၊ ဆိုင်းဘုတ်ခင်ဗျာ၊ သနားပါတယ်၊ ဩဇာမတိုးရှာဘူး)
မေးကြည့်တော့ စာလုံးပေါင်းမှားနေလို့ ဒဏ်ခတ်တဲ့အနေနဲ့ပစ်တာတဲ့ဗျ။
ခပ်မိုက်မိုက် ကောင်မလေး
July 4, 2012 at 4:26 pm
အော်..အော်….
မှတ်သားလောက်ပါတယ်ဗျာ….
အဟက်အဟက်….
စိန်ဗိုက်ဗိုက်
July 4, 2012 at 4:27 pm
နံပတ် လေးပုံမြောက်က ရှိုင်ကယ်နဲ ့ တရဲဂျီး..
ဟမငေး..ကြောင်းတယ်..
ဗျဲ…
စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေကို လိုက်ဖမ်း ဒန်ငွေကောက် အဖွဲ ့ ဖွဲ ့ဖို ့ အစိုတင်သွင်းဘာဒယ်..
ဂိန်..ဂိန်..
P chogyi
July 4, 2012 at 5:03 pm
စည်းကမ်းသည် လူ၏တန်ဘိုး ဆိုတဲ့အတိုင်း
ပစ်တဲ့သူကော၊ သိမ်းတဲ့သူကော၊ ဖွတဲ့သူရော
ကိုယ်စီကိုယ်စီအသိစိတ်နဲ့
စည်းကမ်း စနစ်တကျ ပစ်၊ ဖွ၊ သိမ်းကြမယ်ဆိုရင် အဆင်ပြေသွားမှာပါ
ဟဲဟဲ- ပုံတွေက စုံစုံလင်လင်ပဲနော် အမှိုက်ကောက်ရင်း ရိုက်ထားတာလား
(စတာ-စိတ်မဆိုးနဲ့နော်)
P chogyi
July 4, 2012 at 5:05 pm
စည်းကမ်းသည် လူ၏တန်ဘိုး ဆိုတဲ့အတိုင်း
ပစ်တဲ့သူကော၊ သိမ်းတဲ့သူကော၊ ဖွတဲ့သူရော
ကိုယ်စီကိုယ်စီအသိစိတ်နဲ့
စည်းကမ်း စနစ်တကျ ပစ်၊ ဖွ၊ သိမ်းကြမယ်ဆိုရင် အဆင်ပြေသွားမှာပါ
(ပြောရင်းနဲ့ တစ်ရူးပေပါလေး လွှင့်ပစ်လိုက်မိပြီ၊ ဘယ်သူ့မှမပြောနဲ့နော်)
ဟဲဟဲ- ပုံတွေက စုံစုံလင်လင်ပဲနော် အမှိုက်ကောက်ရင်း ရိုက်ထားတာလား
(စတာ-စိတ်မဆိုးနဲ့)
ကိုပေါက်(မန္တလေး)
July 4, 2012 at 5:17 pm
ကျနော်က တရုပ်သိုင်းကားထဲကလို သူတောင်းစားဂိုဏ်းချုပ်ကြီးပါခင်ဗျာ
ကိုပေါက်(မန္တလေး)
July 4, 2012 at 5:20 pm
(နံပတ် လေးပုံမြောက်က ရှိုင်ကယ်နဲ ့ တရဲဂျီး..
ဟမငေး..ကြောင်းတယ်..
ဗျဲ…)
မောင်ဗိုက်သူ့ပုံပါါရင် တရားစွဲမယ်ဆိုလို့ မနည်းဖျောက်ထားရတာအေ့
pooch
July 4, 2012 at 6:19 pm
အိုးဘို ဟိုးအနောက်ထဲတွေရော သွားရိုက်ပါ့လား လေးပေါက် ဒီထက်လှတယ်
ကိုပေါက်(မန္တလေး)
July 4, 2012 at 6:31 pm
မယ်ပုရယ် ပြဿနာမရှာပါနဲ့။
ရောက်ဘူးပါတယ်။
တော်ကြာ ကျူးတွေဝိုင်းရိုက်လို့ပြေးပေါက်မှားနေပါအုံးမယ်။
ဝမ်းတွင်းရူး
July 4, 2012 at 6:40 pm
့သန် ့ရှင်းလုပ်တာမယ် တောင်ကြီးစည်ပင်အတော့်
အလုပ် လုပ်သဗျ နော်လေးပေါက်ရေ
ရွှေ မင်း သား
July 4, 2012 at 7:43 pm
ဟုတ်ပါတယ် ကျနော် တို့ပါတ်ဝန်းကျင် သာယာ လှပ ဖို့ ဆိုတာ ကျနော်တို့နဲ့ လဲ အများကြီးဆိုင်ပါတယ်။ ကိုယ့်ပါတ်ဝန်းကျင် သန့်ရှင်းနေဖို့ ဆိုတာ ကိုယ်တိုင်ပါဝင်ဆောင်ရွတ်သင့်ပါတယ်။ အမှိုက်လိုက်သိမ်းဖို့ မဟုတ်ပေမယ့် အနည်းဆုံး အမှိုက်ကို စနစ်တကျ ပစ်သင့်ပါတယ်။
နောက်ပြီး ကိုယ်တာဝန်လွှတ်ပြီးရော ဆိုပြီး စည်ပင်ကို ဘဲ အပစ် ထိုင်ပြော နေမယ့် အစား စနစ်တကျ အမှိုက်ပစ်တတ်အောင် လုပ်ကြရင် ပိုကောင်းမယ်။
စည်ပင် က အလုပ်လုပ်တာ မှန်ပေမယ့် အမြင်မတော်တာလေး ကတော့ စည်ပင်အမှိုက်ကားက ၉ နာရီ နောက်ပိုင်း အမြဲပြည့်နေတာဘဲ လမ်းမှာ တွေ့တွေ့နေရတယ်။ ဒီတော့ အလုပ်ကို မနိုင်သေးဘူးလို့လဲ ကောက်ချက်ချလို့ရပါတယ။် ပစ်သူ၊ ဖွသူ၊ သိမ်းသူ အားလုံး စည်းကမ်းတကျ ဝိုင်းဝန်း လုပ်ဆောင်ကြရင် အားလုံးအဆင်ပြေသွားမှာပါ။
အလင်းဆက်
July 4, 2012 at 8:30 pm
တကယ့် သဘာဝ ပဲ.။
အဲဒီ လို ကြွပ် ကြွပ် အိတ်တွေ ပလူ ပျံနေတာ မြင်ရင်….ဘာကို စိတ်တိုမှန်းမသိ တိုမိတယ် ။
padonmar
July 4, 2012 at 10:44 pm
အမှိုက်စနစ်တကျပစ်ဖို့အရေးမှာ ကြွပ်ကြွပ်အိတ်ဘာရောင်ညာရောင်နဲ့မှ ဆိုတော့ ကြွပ်ကြွပ်အိတ်ဖိုးအကုန်မခံချင်တဲ့ အိမ်ရှင်မတွေက လူခြေတိတ်ချိန် အိမ်နောက် အိမ်ဘေးပစ်ကြပြန်ရော။
အရင်နှစ်တွေက သမိုင်းလမ်းဆုံ မိုးတွင်းရေလျှံတာ ကလေးတွေမျောပါဖူးတယ်။သမိုင်းချောင်းကို ရှင်းလိုက်ပြီးတော့ အဲဒီဒုက္ခမတွေ့ရတော့ဘူး။
အခုမြင်နေရတာ သမိုင်းချောင်းထဲမှာ အမှိုက်တွေ ဘောလောဘောလောနဲ့မျောလို့ မကြာခင် သမိုင်းလမ်းဆုံရေပြန်လျှံလိမ့်မယ်။
htoosan
July 5, 2012 at 7:31 am
ကျွန်တော်က အန်တီပဒုမ္မာ etone ပိုစ်မှာ မန့်ထားတာဘဲ ခဏခဏ သတိရပါသည် ။
ကားသမားတွေကို မျက်နှာပူသည် ဆိုတာလေး ….. ပြေးပြီ……….
မင်းပြည့်ရှိန်
July 5, 2012 at 1:48 am
အမှိုက်ကစ ပြဿဒ်မီးလောင် တဲ့…
အမှိုက်တောင် စည်းနဲ့ ကမ်းနဲ့ မပစ်နိုင်ကြလို့..
ပြဿဒ်မီးလောင် နေတာ…..
ကိုယ့်ပြဿနာ ကိုယ်မရှင်းဘဲ…. လမ်းဘေး လွှင့်ပစ်တတ်ခဲ့တာ။
ကိုယ် ပစ်တဲ့ အမှိုက်ကြောင့်…
ကိုယ်ဖွတဲ့ အမှိုက်ကြောင့်….
ကိုယ့်ပတ်ဝန်းကျင် ညစ်ညမ်း စေ.. ရောဂါဘယ ထူပြောစေသလို..
ကိုယ်စည်းကမ်း မရှိလို့…. ဖြစ်လာတဲ့ ပြဿနာတွေ…
နောက်ဆက်တွဲ မှားယွင်းမှုတွေက….
အမှိုက်က စလို့…. ပြဿဒ်ထိအောင်….
အောက်ခြေ အမှိုက်မှသည်……….. အုပ်ချုပ်ရေး… ဥပဒေပြုရေး… တရားစီရင်ရေး မဏ္ဍိုင်များထိ……
ဪ… စည်းကမ်း စည်းကမ်း….
အမှန်တော့… ဗမာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့တာ…
စည်းကမ်း ပျောက်လို့…. ထီးနန်း ပျောက်ခဲ့တာ….