Facebook အတု သတိပြုရန်
Facebook အတု သတိပြုရန်
ပုံမှာ မြင်တွေ့နေရတာကတော့ Facebook အတု ဖြစ်ပါတယ်။
Log in ဝင်မိတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်ကတော့ မိမိ Facebook အကောင့်၊ ကိုယ်ပိုင်ပြုလုပ်ထားသော Fan page များအားလုံးကို ဆုံးရှုံးရမှာ ဖြစ်ပါတယ်။
အကယ်၍ Password များများစားစားမထားတတ်သော သူများဆိုရင် G-talk, twitter စသည်ဖြင့် တစ်ခုပြီးတစ်ခု အဖောက်ခံရမှာ ဖြစ်ပါတယ်။ အကယ်၍ ရည်ရွယ်ချက်ရှိရှိနဲ့ ခိုးတာခံရမယ်ရင် အကောင့်ပိုင်ရှင်ရဲ့ ဂုဏ်သိက္ခာကျဆင်းအောင်သော်လည်းကောင်း၊ အခြား ရည်ရွယ် ချက်ဖြင့်သော်လည်းကောင်း အဖျက်ဆီးခံရ မှာ ဖြစ်ပါတယ်။
အမည်မသိ Hacker များက ယင်း Facebook အတု link ကို Facebook chatting တွင်လည်းကောင်း၊ Message ပို့ခြင်းဖြင့်သော်လည်းကောင်း၊ G-Talk တွင်လည်းကောင်း ပေးပို့တတ်ပါတယ်။
ပုံမှန် Facebook log in page မှာ-
Facebook logo, Sign UpFacebook helps you connect and share with the people in your life,,Facebook Login,Email:Password: တို့အပြင်၊ English (US) ကဲ့သို့သော ဘာသာစကား ရွေးချယ်မှု၊ Facebook © 2012Mobile · Find Friends · Badges · People · Pages · About · Create an Ad · Create a Page · Developers · Careers · Privacy · Cookies · Terms · Help စသည်ဖြင့် Option ပါရှိမည် ဖြစ် သည်။
Facebook အတုမှာ ခပ်ရိုးရိုးရှင်းရှင်းဖြင့် category အလွန်နည်းနေသည် ကို တွေ့ရသည်။ ထို့ကြောင့် page အတုအား အလွယ်တကူ သိရှိနိုင် ပါသည်။
ဥပမာ- Page တစ်ခုအား ယခုကဲ့သို့ link ပေးပို့ပါသည်။
Dear Admin. Please can you have a look at my Blog that i have written about the wonderful country of myanmar. I hope you will like it and please feel free to advertise your page on my blog.
http://65121………
http:// နောက်တွင် ပုံမှန်မြင်နေကျ အင်္ဂလိပ် အက္ခရာများ မဟုတ်ပဲ 12345 စသည်ဖြင့် ဂဏန်းသင်္ချာဖြစ် နေတတ်ပါတယ်။
Link ပေးပို့သူဟာ Hacker ကိုယ်တိုင်လည်း ဖြစ်နိုင်ပြီး၊ အခိုးခံ (Hack ခံ) လိုက်ရသော တစ်ဦးတစ်ယောက် လည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် စာဖတ်သူတို့ အကောင့်/Page များထံ ရောက်ရှိလာနိုင်သဖြင့် ကြိုတင်လေ့လာ သတိထားနိုင်စေရန် သတင်းပေးအပ်ပါသည်။
Source : International News For Myanmar Facebook
Shared by thettantcho
12 comments
ညလေး
July 2, 2012 at 2:24 pm
ကျေးကျေးပါဂျင့်….ဒါပေမယ့်ဖွင့်မရတာ…တစ်နှစ်လောက်ရှိနေပြီထင့်.
အဟင့်ဟင့်….ပရုပ်လိုင်းမို.လို..
မဂွတ် ထော်
July 2, 2012 at 2:28 pm
ခုလိ်ုသတိပေးတဲ့တွက်
ကျေးဇူးပါ
etone
July 2, 2012 at 3:36 pm
အထူးဆန်းပါလား .. သတိပေးတဲ့အတွက် ကျေးဇူးပါတော် …
ဖေ့စ်ဘွခ်တို့ဘာတို့ကို ရုံးနဲ့ အိမ်မှာလောက်ပဲ သုံးတာဆိုတော့ … မသိတဲ့ နေရာကနေတော့ မဝင်ဖြစ်လောက်ဘူး ။ ဒါပေမယ့် သတိဆိုတာ ပိုတယ်မရှိဘူး … သတိထားရမယ် ။
thar ag
July 2, 2012 at 5:47 pm
သတိပေးလို့ကျေး ဇူးတင်ပါတယ်
ဝမ်းတွင်းရူး
July 2, 2012 at 5:59 pm
ကျေးဇူးပါဗျာ။တလောက ကိုကက်ပတိန်အမေရိကားက ကျနော့်ဖေ့စ်ဘွခ်ကို
DDos နဲ ့ဆော်နေတယ်ပြောတော့ တခါမှမကြားဖူးတဲ့နည်းပါလား အံ့ကြနေ
တာဗျာ။
Oo Oo
July 2, 2012 at 9:47 pm
ဖေ့ဘွတ်အတု..ဂျီမေးအတု တွေရှိနေတာကြာပေါ့..
မန်းဂေဇက်အတုတောင်တွေ့ဖူးတယ်..သုံးနေကြမို့ ထူးခြားချက်တွေကို သတိထားမိတာ..မယုံမရှိနဲ့
the best
July 2, 2012 at 11:33 pm
အသိပေးတဲ့အတွက် သတိလေးနဲ ့နေပါ့မယ်။
mona smile
July 3, 2012 at 8:49 am
တဂျီး….ရွာတားတွေကို တုံးခေါက် လိုက်တော့…FB အတု.Gtalkအတု..အကုန် တုကုန်ပီ….မိုနာ တို့ ရွာ ကို အတု လုပ်ရင်…တဂျီး ဘုံပျောက်မယ်နော်…..
water-melon
July 3, 2012 at 9:12 am
ဖော့ဘုတ်မသုံးတာကြာပြီတော့
အဟီ
ကျေးဇူးပါ
ခပ်မိုက်မိုက် ကောင်မလေး
July 3, 2012 at 10:54 am
အခုလို သတိပေး…
ရှင်းပြထားတဲ့အတွက်…
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ…။
snow white
July 5, 2012 at 8:25 pm
တော်တော်လေးဗဟုသုတရတဲ့ပို့စ်လေးပါဘဲ မှတ်သားသွားပါတယ် တို့လည်းအလုပ်မှာသုံးတာဆိုတော့ အကောင့်ကိုအပါမခံနိုင်ဘူး သေချာလုပ်ထားပါ့မယ် နောက်ဗဟုသုတရဖွယ်လေးများရှိရင်လည်းရေးသားတင်ပြပေးပါအုံးနော်
Mr admin
September 11, 2012 at 6:41 am
kalink ရေ Page အတုနဲ့အစစ်နဲ့ကို ဒီအတိုင်းပုံနဲ့ခွဲပြလို့မရပါဘူး Link (URL) နဲ့ ခွဲခြားပြမှ သိမယ် ..
နို့မ်ို့ဆိုရင် ပုံကအတူတူဘဲလေ ….. နောက်ပြီး Desktop တစ်ခုလုံး phishing လုပ်ခံလိုက်ရတဲ့ အခါမျိုးတွေကျရင်ကော 😉