Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ညက ကြည့်လိုက်ရတဲ့ လိုက်ဖ်ရှိုး :P

etoneJuly 2, 20121min101443

ကျွန်မဒီရက်ပိုင်းအတွင်း ပစိပါးစပ်များလာတာ ၊ အသက်အရွယ်ကြီးလာလို့ပဲ ၊ အပျိုကြီး ကျွဲမြီးတိုဘဝရောက်နေလို့ပဲလား ၊ သဘာဝကိုက စိတ်အလိုမကျတဲ့ အချိန်မို့လားမသိ ၊ စာရေးမယ်ချည်း စဉ်းစားလိုက်လျှင် ဝေဖန်ရေးနဲ့ လေကန်ရေးတွေချည်းဖြစ်ဖြစ်နေတယ် ။ ကိုယ်တိုင်ကမှ  ပါဖတ်မဖြစ်ပဲ ဝေဖန်ရေးနဲ့ လေကန်ရေး လုပ်ဖို့ မသင့်တော်ပေမယ့် …. ဝါသနာကိုက ထိန်းမရတာကြောင့် ရေးမိပြန်ပြီဗျို့ ….. ဝေဖန်ရေးလို့ မမြင်ပဲ ..လေကန်ရေးလို့မြင်ပေးပါလို့ … သက်ဆိုင်သူများကိုတော့ အားနာနာနဲ ့ပဲ မှားတာရှိလျှင် ဝန္ဒာမိလို့ကြိုတင်ပြောထားပါရစေလားနော် ။

%%%%%%%%%%%%%%

မနေ့ညက ဆယ်နာရီ ဆယ်မိနစ်အချိန်ကနေစပြီး MRTV 4 ရဲ့ လိုက်ဗ်ထုတ်လွှင့်ပြသတဲ့ အစီစဉ်တစ်ခုကို စိတ်ဝင်တစားကြည့်မိခဲ့ပါတယ် ။ နာမည်ကြီး ဓါတ်ပုံစတူဒီယိုတစ်ခုကနေ လုပ်တဲ့ ပွဲဖြစ်ပြီး ၊ သတို့သမီးဝတ်စုံလေးတွေ နဲ့ သူတို့ရဲ့ ဖန်တီးမှုကို ခင်းကျင်းပြသတဲ့ ခမ်းနားတဲ့ ပွဲတစ်ခုပါပဲ ။  စတိတ်စင် အပြင် ဆင်ကစလို့ ၊ ပါဝင်ကိုယ်ဟန်ပြသူလေးတွေကလည်း နာမည်ကြီး သရုပ်ဆောင်တွေကနေအစ ၊ တက်သစ်စမော်ဒယ်လ်လေးတွေ အဆုံး ၊ အများကြီးပါဝင်ပြီး အတော်လေး ခမ်းနားအောင် တင်ဆက်ပြသပေးထားတာပါ ။ မြန်မာ့မင်္ဂလာဆောင်ဝတ်စုံ ထိုင်မသိမ်းနဲ့ ခြုံပဝါအရှည်ကြီးတွေနဲ့ မော်ဒယ်၊သရုပ်ဆောင်တွေကလည်း … အလှချင်းပြိုင်လို့ပေါ့ ။ မြင်ရတာ အရမ်းကို ကျက်သရေရှိပြီး ချက်ချင်းမင်္ဂလာဆောင် လုပ်ချင်စိတ်တောင်ပေါက်သွားတယ် … တကယ် .. တကယ် .. အဟိ  😛  ပုဝါကြီး တစ်စ တစ်စက … ၁၈တောင်ရှည်သတဲ့လေ … ။ မြန်မာ့ရိုးရာ ဘိတ်သိတ်နဲ့ ရေစင်သွန်းပြီး စုလျားရစ်ပတ်တဲ့ မင်္ဂလာဆောင်ကိုလည်း သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့ သူ့အမျိုးသားတို့က သရုပ်ဆောင်များ ၊ မော်ဒယ်လ်များခြံရံပြီး သရုပ်ပြသွားတာ တကယ်ကြည့်ကောင်းခဲ့ပါတယ် ။ အခါတော်ပေးကို … နာမည်ကြီး အငြိမ့်ဆရာမကြီး ဒေါ်အေးအေးမြင့်က သီဆိုတာလည်း အလွန်လိုက်ဖက်လွန်းလှပါတယ် … ။ အ ဲ့ဒီအစီစဉ်ပြီးတော့ … မြန်မာမင်္ဂလာဆောင်ဝတ်စုံနဲ့ တတွဲခြင်း တတွဲခြင်း လက်ချင်းချိတ်ပြီးထွက်လာတဲ့ မင်္ဂလာမောင်နှံအဖြစ်သရုပ်ဆောင်တဲ့ မော်ဒယ်လ်တွေ သရုပ်ဆောင်တွေကလည်း ဒီပွဲကို ပိုမိုစည်ကား စေပါတယ် ။ အဲ့ဒီနောက်မှာ တယောက်ချင်းစီ မြန်မာထိုင်မသိမ်း ဒီဇိုင်းစုံအရောင်စုံကိုဝတ်ပြီး သရုပ်ပြကြတာလည်း ဒီပွဲရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ ။

ဓါတ်ပုံဆိုင်ရဲ့ မင်္ဂလာဆောင်ဝတ်စုံကို တီထွင်ဖန်တီးမှုတွေနဲ့ ပေါင်းစပ်ထားတဲ့အစီစဉ်လာတဲ့အခါ ၊မလွတ်တမ်းလေး ငေးကြည့်ဖြစ်သေးတယ်ဘယ်လို creative မျိုးဖြစ်မလဲလို့ပေါ့ … ။ အဲ့ဒီမှာ စတွေ့တာပါပဲ ။ ဆရာဝန်၊အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်က မင်္ဂလာဝတ်စုံဆိုပြီး ဝတ်လာတဲ့အရောင်… အနက်ရောင်ပါ … ။ မြန်မာမင်္ဂလာဝတ်စုံတွေထဲမှာ အနက်ရောင်ကို အဓိက အရောင်အဖြစ်သုံးတာရှားပါတယ် ဒါပေမယ့်လည်း တီထွင်ထားတဲ့ မင်္ဂလာဝတ်စုံဆိုတော့ … စိတ်ဝင်တစား ဆက်ကြည့်မိပါတယ် ။ အဲ့ဒီအဆိုတော်မလေးကတော့ နဂိုကတည်းကမှ သူ့စတိုင် သူများနဲ့ မတူ ၊ တမူထူးနေတာ ပထမဆုံး အယ်လ်ဘမ်စီးရီးကြော်ငြာကတည်းက ပရိတ်သတ် သတိထားခဲ့မိတာပါ ။ ဒီတစ်ခါ မင်္ဂလာဝတ်စုံရှိုးပွဲကိုလည်း အနက်ရောင်ဝတ်လို့ ပရိတ်သတ်ရဲ့ အာရုံကိုညှို့ယူဖမ်းစားလိုက်ပြန်တယ် … ။ အနက်ရောင်ဝတ်စုံပေါ်မှာလည်း ငွေရောင်ဖန်ချောင်း ၊ ခရစ္စတယ်လ်၊ စီးကွင့်န်များကြောင့် ပျိုးပျိုပြတ်ပြတ်ပေါ့ …  ဂါဝန်လား ၊ အကျီ င်္တပိုင်း စကတ်တပိုင်းလားလို့ သေချာကြည့်မမြင်ရတာကမီးရောင်တွေ နဲ့ လင်းလက်နေလို့ပါပဲ … ။ ထူးအနားမှာ သေးသွယ်ပြီး ခြေသလုံးနားကနေ အောက်ခြေ ၊ ခြေမျက်စိနားထိ အဝန်းဝိုင်းသဏ္ဍန်လုပ်ထားတာ .. ရေသူမစကတ်အရှည်ပုံစံမျိုးပါပဲ … အဲ့ဒါမျိုးကြီးကို အနောက်က အမြီးလည်း ပါပါသေးတယ် … ထိုင်မသိမ်းတွေမှာပါတဲ့ .. နောက်မြီး အရှည်ကို ဘာခေါ်ပါလိမ့် .. ရေသီနားဆိုလား … အဲ့ဒါမျိုးကြီးကလည်း ပါသေးတယ် ။ တီထွင်မှုဆိုတော့ တီထွင်မှုလိုပဲ ကြည့်ဖြစ်ခဲ့ပါတယ် ။ မြင်ရတာ အတော် အမြီးမောက်မတည့်တာကတော့ … မြန်မာဆန်ဆန်ဆံတုံး ထုံးထားပါလျှက် ဗိုလ်မတွေ မင်္ဂလာဆောင်လို ခေါင်းမှာ ပုဝါကြီး ခြုံထားတာပါ … သူခြုံထားတာက မျက်နှာရှေ့က ကွယ်ခြုံထားတာမဟုတ်ပဲ ပခုံးမှာ ခြုံတဲ့ ပုဝါ ဆယ့်ရှစ်ထောင်ကြီးကို ခေါင်းပေါ်က ဆံတုံးမှာ တွဲပြီး အနောက်ကို တွဲလွဲခိုကျနေတာမျိုးပါ .. မြင်သာ ကြည့်ပါတော့လေ ။ တီဗွီကနေ ကြည့်နေတဲ့ကျွန်မက .. သူ့ဆံတုံးနဲ့ တွဲချည်ထားတဲ့ ပုဝါကြီး ဘာနဲ့များ ငြိပြီး ဆံတုံးပြုတ်ကျမလဲလို့ ရင်တမမနဲ့ပေါ့ ။ နဂိုကတည်းက ပြုံးလေ့ပြုံးထသိပ်မရှိတဲ့ သူမရဲ့ စတိုင်အတိုင်းပဲ မချိတဲ့မျက်နှာနဲ့ ၊ နှုတ်ခမ်းကို တင်းတင်းစေ့လို့ မဲ့မယောင်ယောင် မျက်ထားမျိုးလုပ်ပြီး ပရိတ်သတ်ကို အိုက်တင်ပေးပါတော့တယ် ။ ခုနကပုဝါအရှည်ကြီး ဆယ့်ရှစ်တောင်စလုံး ပရိတ်သတ်ရှေ့ကိုလည်းရောက်ရော သူ့ပုဝါလိုက်မတဲ့ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေး နှစ်ယောက်ပါ ကပ်ပါလာခဲ့တယ် ။

စတိတ်စင်ရဲ့ အလယ်ကိုလည်းရောက်ရော ထိုအဆိုတော်သရုပ်ဆောင် ဆရာဝန်မလေးက ပရိတ်သတ်ရှေ့မှာ ခဏရပ်ပြီး ဓါတ်ပုံအရိုက်ခံနေပါတယ် ။ တဆက်တည်းမှာပဲ စတိတ်စင်ရဲ့ အနောက်ဘက်က ကုတ်အကျီ င်္အနက် ၊ ဘောင်းဘီအရှည်အနက်နဲ့ အမျိုးသားငယ်လေးနှစ်ယောက် လှောင်ချိုင့်လေးတွေကိုင်ပြီး ခုနက သရုပ်ဆောင်လေးဆီလျှောက်လာကာ တဖက်တချက်စီမှာ တယောက်စီ ဝင်ရပ်နေရာယူကြပါတယ် ။ မြင်ရတဲ့ မြင်ကွင်းကတော့ မင်္ဂလာဝတ်စုံတင်ဆက်မှုမဟုတ်တော့ပဲ ၊ မှော်ဆန်ဆန် ၊ ဂမီ္ဘရဆန်ဆန်နဲ့တောင် တူနေပါတယ် ။ ဒါပေမယ့် ပရိတ်သတ်ကိုတော့ စိတ်ဝင်စားမှု အမြင့်ဆုံးပေးခဲ့ပါသေးတယ် ။ လှောင်ချိုင့်လေးကို ကောင်လေးတစ်ယောက်က ဖွင့်ပေးတော့ သရုပ်ဆောင်မလေးက လှောင်ချိုင့်ထဲ လက်နှိုက်ပြီး အဖြူရောင်ငှက်တစ်ကောင်ကို နှိုက်ယူလိုက်ပါတယ် ။ ခိုလား ၊ ဘာငှက်လည်းလို့တော့ ကျွန်မသေချာမသိပေမယ့် ခိုအရွယ်စားလောက်ပဲရှိပါတယ် ။ သူမနှိုက်ယူလိုက်တဲ့ အချိန် ထိုငှက်က အမွှေးတွေကျွတ်ထွက်သည်အထိ လန့်ဖြန့်ပြီး အပြင်ရောက်တာနဲ့ …. တွန်းတိုက်ပျံပြေးပါတယ် ။ ကျွန်မစိတ်ထင်တော့ သူမက အမှတ်တရ ကဇာတ်ရုံထဲမှာ ငှက်လွှတ်လေသလားပေါ့နော် ။ မဲ့တဲ့တဲ့နှုတ်ခမ်းတွေ ကွေးပြီးပြုံးယောင်ယောင်ဖြစ်သွားတဲ့အထိ သူမ အလှပဆုံး ပြုံးခဲ့တယ် ။ တဆက်တည်းမှာပဲ .. ကျန်တဖက်က လှောင်ချိုင့်ကိုဖွင့်ပြီး သူမထပ်နှိုက်ပြန်တယ် ။ အဲ့ဒီဘက်မှာတော့ ငှက်ဖြူသုံးကောင်(နှစ်ကောင်ကိုတချိုင့်စီလား ၊ သုံးကောင်တချိုင့်၊ တစ်ကောင်တချိုင့်လား … ကြည့်ရင်းနဲ့ မမြင်တော့လို့) ကို နှိုက်ထုတ်လိုက်အပြီးမှာတော့ … ငှက်တွေကြောက်အား လန့်အား ပြေးပြန်ကြရင်း သရုပ်ဆောင်မလေးရဲ့ ကျောက်တွေ အပြွတ်လိုက်နဲ့ အတော်ကြီးတဲ့ နားကပ်ကြီးကို တိုက်ချလိုက်ပါရောလား ။ လှောင်အိမ်နှစ်ခုထဲက တစ်ကောင်တည်းသော ငှက်တစ်ကောင်သာ သူမရဲ့ ညာဘက် ပခုံးထက်မှာ နားနေရင်း … ဖင်လှည့်ခေါင်းလှည့်လုပ်နေလေရဲ့ …. ။ သရုပ်ဆောင်မလေးလည်း ပြုတ်ကျတဲ့ နားကပ်ကို ပြန်မကုန်းကောက်ရဲ … ပခုံးနားမှာ နားနေတဲ့ ငှက်ဖြူရဲ့ နှုတ်သီးကလည်း ပါးလာထိုးမှာစိုးလို့ စိုးရိမ်တဲ့ မျက်ဝန်းတွေနဲ့ ….. တကယ့်ကို ပြဇာတ်ကောင်းတစ်ခုပါပဲ … ။ ကာယကံရှင်မပြောနဲ့ ကြည့်နေရသူတောင် ဘယ်တော့ ငှက်က ပါးထဆိတ်လိုက်မလဲ တွေးပြီး ပူပေးရပါသေးတယ် ။ လှောင်ချိုင့်ကိုင်ထားတဲ့ ကောင်လေးထဲက တစ်ယောက်က သရုပ်ဆောင်မလေးရဲ့နားကပ်ကြီးကို ပြန်ကောက်ပေးတော့မှ … သူမမှာ လူရှေ့သူရှေ့ န ားကပ်ပြန်တပ်ရတာပါ … ။ ပြီးတော့ ပို့စ်တောင် သိပ်မပေးတော့ပဲ …ကောက်ခါငင်ကာပြန်ဝင်သွားပါတော့တယ် ။

အဲ့ဒီမြင်ကွင်းကို အစဆုံး စိတ်ဝင်တစားကြည့်နေခဲ့တဲ့  ကျွန်မကပါးစပ်ဟောင်းလောင်းနဲ့ မှင်သက်မိနေတဲ့ ကိုယ့်အဖြစ်ကိုုယ်ရယ်ချင်မိပြီး … ဝါးလုံးကွဲ အော်ရယ်မိလိုက်ပါတယ် ။ ညသန်းခေါင်နီးပါး တအိမ်လုံးအိပ်နေချိန်အော်ရယ်မိတာကြောင့် အိပ်ယာထဲကနေ လူကြီးတွေဆူသံလေး သဲ့သဲ့ကြားရတော့ …. အဆဲခံထိမှာ စိုးတာကြောင့် တီဗွီအသာပိတ်ပြီး အိပ်ယာထဲ ဒိုင်ပင်ပစ်ဝင် အိပ်လိုက်ရပါတော့တယ် ။ ဪ … လိုက်ဖ်ရှိုးကြည့်ရတာ အရသာက ဂလိုကိုးလို့ .. အိပ်မက်ထဲထိတောင် စွဲသွားခဲ့တယ် …  😛

%%%%%%%%%%%%%%%%%

တလောကလည်း ရှိုးပွဲတစ်ခုကို ပြည်တွင်းမီဒီယာတစ်ခုကနေ လိုက်ဖ်ရှိုးလွှင့်ခဲ့ပါတယ် … ။ အဲ့ဒီမှာ ဒီဇိုင်နာရဲ့ တီထွင်ဖန်တီးမှုနဲ့ဂါဝန်အမြီးတပ်တွေဝတ်ပြီး .. ဂိုက်ပေးကောင်းနေတဲ့ မော်ဒယ်လ်လေးတွေ ခလုတ်တိုက်သူက တိုက် ၊ ကိုယ့် စကတ်တက်နင်းသူက နင်း ၊ ငြိသူက ငြိနဲ့ လိုက်ဖ်ကြည့်ရသူတွေအဖို့ ခဏတာ စိတ်ဖိစီးမှုတွေ ပြေပျောက်ခဲ့သလိုပါပဲ ။

မှတ်မှတ်ရရပါပဲ … နောက်တပွဲမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမျိုးသမီး ၊ ဒေါ်ခင်ကြည်နဲ့ အလုပ်ကိုင်ကိုမေးတော့ ယောင်တောင်ပေါင်တောင် မဖြေတတ်တဲ့ မော်ဒယ်လေးတစ်ယောက်ရဲ့ အကြပ်တွေ့နေတဲ့ မျက်နှာလေးကိုလည်း ပြေးမြင်မိလိုက်သေးတယ် … ။

ကြည့်ရသူအတွက်တော့ ရယ်စရာဖြစ်ချင်ဖြစ်ပေမယ့် စင်ပေါ်မှာ ရောက်နေသူအတွက်ကတော့ အရမ်းကို ထိခိုက်ကြေကွဲရမယ့် ခံစားမှုမျိုးပါပဲ ။ အရင်ကဆို ရှိုးပွဲလာကြည့်သူတွေလောက်သာ ဒီအဖြစ်ပျက်ကို သိကြပြီး အခုလို မီဒီယာတွေကနေတိုက်ရိုက်ပြတော့ တနိုင်ငံလုံးကပါ ထိုအဖြစ်ပျက်မျိုးကို တွေ့မြင်ကြရတော့မှာပါ ။ လိုက်ဖ်ရှိုးတွေကို တိုက်ရိုက်ထုတ်လွှင့်တာ ကောင်းပေမယ့် … မမျှော်လင့်တဲ့ လွဲချော်မှုတွေ ရှိတဲ့အခါ … တခြားနေရာကိုပြောင်းပြတာမျိုး ပြုလုပ်သင့်ပါတယ် ။ တချို့သော ရှိုးပွဲတွေနဲ့ မီဒီယတွေရဲ့ ထုတ်လွင့်ချိန်က အရမ်း ညဉ့်နက်သွားလို့ အဲ့ဒီအစီစဉ်ကြည့်ကြသူ နည်းတယ်ပဲ ထားဦးတော့  ၊ ကျွန်မလို ညဘက်သိပ်မအိပ်တတ်တဲ့ ဇီးကွက်မျက်လုံးနဲ့ ပရိတ်သတ် တစ်ယောက်ရှိစေဦးတော့ … အဲ့ဒီတစ်ယောက်ရှေ့မှာ ရယ်စရာဖြစ်ခဲ့တာပါပဲ ။

နေရာတိုင်းမှာ creative လုပ်တာ ကောင်းပါတယ် … ဒါပေမယ့် ပတ်ဝန်းကျင်၊ ရာသီဥတုနဲ့ အနေထား အဖက်ဖက်က သဟဇာတဖြစ်ရဲ့လားဆိုတာလေး တွေးပြီးမှ creative လုပ်သင့်ပါတယ်လို့ ထင်မြင်မိရင်း …. ဝေဖန်ရေးနဲ့ လေကန်ရေးကို ရပ်နားပါဦးမယ် ။ ။

43 comments

  • mamanoyar

    July 2, 2012 at 2:48 pm

    အင်းးးးးးးးးးးးမမe tone ရေးတာက ပိုစိတ်ဝင်စားစရာ
    ကောင်းနေတယ် ။

  • surmi

    July 2, 2012 at 2:56 pm

    ပြောလိုက် အဲဒီမင်းသမီးကို ဥစ္စာစောင် ့ကားရိုက်မလားလို ့
    အဲဒါဘဲဗျ ထွင်လွန်းရင် ဖင်ချွန်းတယ်ဆိုတာ
    အမြင်ကပ်လို ့မကြည် ့တာကြာပေါ ့ ဘောပွဲပဲကြည် ့တာ

    • etone

      July 2, 2012 at 3:01 pm

      မမနိုရာရဲ့ . … ကြည့်ရလျှင် အဲ့ဒီထက်ပိုပြီး … ဟိဟိ 😛

      ကိုဆာမိပြောမှပဲ ဥစ္စာစောင့်နဲ့ ပိုတူသလို ခံစားရတယ် အဟိ … ။
      မနေ့က တီဗွီနားကို ကင်မရာနဲ့ ကပ်သွားပါတယ် …. အလင်းတွေများပြီး မပေါ်ဘူးဖြစ်နေတယ် … ။ နောက်ပိုင်းတွေပြန်လွှင့်လျှင် အဲ့ဒီလိုဖြစ်တဲ့အခန်းတွေ မပါလောက်တော့ဘူးထင်ပါရဲ့ … 😛

      • mamanoyar

        July 2, 2012 at 3:06 pm

        မမ e toneနော် သူများကို လာပြီးပြောနဲ့
        ငိုလိုက်မှာ………….

  • ပစ်စလက်ခတ် မျက်ရည်

    July 2, 2012 at 2:57 pm

    ပိုက်ချံများ ချိလို့ကတော့ …
    အဲ့တယောက်ရယ်… ပီပါဟိန်းရယ်
    နေဗြဲမာန် ရယ် ပလုံးဖွာထောင်းရယ်ကို
    ၄ယောက်ပေါင်း ၁စီးရီးစ် ထုတ်ပေးချင်တယ်….
    အတော်ရောင်းကောင်းမှာ ..
    ရီရလို့ ..
    အဟိ..

    မျက်ရည်သုတ်ရင်း ဝင်မန့်ပါသည်…
    (တွေးမိပီး ငိုချင်လာပြန်ပါအိ.. ဟင့် ..)

    • Khaing Khaing

      July 2, 2012 at 3:15 pm

      အော် နံမည်ပြောင်းထားတာဘီလူးလဲမှတ်တယ် လတ်စသတ်တော့ ကိုဂီဖြစ်နေတာကို ………

      • ပစ်စလက်ခတ် မျက်ရည်

        July 2, 2012 at 3:17 pm

        လက်မတို့ပါနဲ့ ကွယ်. .. ငိုချင်နေပါတယ်ဆိုမှ…
        ဟင့်..(…မျက်ရည်များ ….)

  • Shwe Tike Soe

    July 2, 2012 at 2:58 pm

    ကျွန်တော်လဲ ကြည့်လိုက်ရတယ်….
    အိပ်ရာထဲဒိုင်ပင်ပစ်ဝင်တဲ့ အဲဒီမော်ဒယ်လေးအကြောင်းလဲ ရေးပါအုံးဗျို……. ဟေဟေဟေ့

    ကျွန်တော်တို.ဆီက ပွဲတွေမှာ အသေးအမွှားလေးတွေ ကို ဂရုမစိုက်ကြတော့ တကယ်ကြတော့ အခက်ကြုံရတာပဲ…
    ပီးတော့ ထိုင်မသိမ်းကြီးတွေ အရှည်ကြီးတွေနဲ. လမ်းလျှောက်ရတာဒုက္ခရောက်နေတဲ့ မော်ဒယ်မင်းသမီးတွေ လဲ ရှိသေးတယ်နော်…… မပြောချင်ပါဘူးအေ..သများအကြောင်း 😛

  • Rose Minn

    July 2, 2012 at 3:01 pm

    ခေတ်ကာလ ရွေ့လျားလာတာလား။ ဘာလားတော့မသိပေမယ့်။ မင်္ဂလာဆောင်ကို အနက်ရောင် ဝတ်တာ မကြိုက်ရေးချ မကြိုက်ပါ။ အနက်ရောင်ကုပ် ဆိုတာ အင်တာနေရှင်နယ် စတိုင်တွေဖြစ်ပေမယ့်။ မြန်မာနိုင်ငံမှာ မင်္ဂလာဆောင် အကျီင်္ အနက်ရောင်ဝတ်တာ မကြိုက်ဘူး။ သူ့ဘာသာခေတ်မှီတဲ့ အီမိုဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့လေ။ မင်္ဂလာယူရမယ့်နေရာမှာ ဗမာအမြင်နဲ့ ကြည့်ရင်တော့မတင့်တယ်ဘူးပေါ့လေ။ မင်္ဂဆောင် မှာ အသုဘ နဲ့ တို်က်တိုက်ဆိုင်ဆိုင် ဖြစ်နေတယ်လို့ခံစားရတယ်။ နောက်က လိုက်နဲ့ နှစ်ယောက်ရုပ်ကလည်း စုန်းလိုလို ကဝေလိုလိုနဲ့ ကြောက်ချာကြီး။ … 😛

    • etone

      July 2, 2012 at 3:06 pm

      အောင်မလေး ကိုဂီ နာမည်ပြော်းထားပြန်ပါပကောလား … မျက်စိများတောင် လည်တယ် … အဲ့ဒီ အဗာတာ ပုံကိုကြည့်ရင်း … ညက မျက်နှာတွေကို ပြန်သတိရမိတယ် .. ဗြဲ ဟဲဟဲ 😛

      အိပ်ယာထဲ ဒိုင်ပင်ပစ်ဝင်တဲ့ အကြောင်းက မီးမပိတ်လို့ အိပ်ယာနိုးတော့ အဆဲခံရပါတယ်ဆိုတဲ့ ဇာတ်ဝင်ခန်းနဲ့ ဆုံး သွားတယ် ရွှေတိုက် …. ကျန်တာကိုယ့်ဘာသာကိုယ် ဆက်စပ်ပုံဖော်ပလိုက် … ဟိဟိ 😀 ထိုင်မသိမ်းတွေနဲ့ … ကြမ်းပြင်က ချောချော ဒေါက်က ချွန်ချွန်တွေနဲ့ .. ဟုတ်တော့ဟုတ်နေတာပါပဲ … သူတို့အစား … အသည်းယားထှာအေ .. :mrgreen:

      မရို့စ်ရော .. ညက ကြည့်လိုက်ရသေးတယ် ထင်တယ် ..အ ဟီး … ။ 😛 ပုဝါလေး တစ်စကို တယောက်တဖက်စီ လက်တဖက်တည်းနဲ့ မတာလည်း စတိုင်ပဲ ထင်ပါရဲ့ 😀

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 3:11 pm

      မျက်လုံးထောင့်စွန်းကို တစ်ရှူးနဲ့ တို့ရင်း ပြောလိုက်ပါဦးမယ်လေ ..ဟင့် …
      ဘိုလိုဝတ်ပီး ဆောင်ကြတဲ့ အတွဲတွေများပြောပါတယ်…
      (တိုက်ဆိုင်ရင် ..ချဉ်လို့ …ဆော်ဒယ် မှတ်ပါ ပိတ်သတ်ကြီး)

      ဘယ့်နှယ့် ဘိုလိုဝတ်ရင် မိဘတွေရော .. ဆွေတော်မျိုးတော်အပေါင်းပါ
      ယူရိုပီယွန် ဆု အပြည့်ဖြစ်ရမှာပေါ့ …ခုတော့ .. မင်္ဂလာ စုံတွဲသာ
      ကွက်ကြားမိုး ရွာပီး ..ဆု နဲ့ ဘု နဲ့ …မိဘတွေက နောက်က
      ချိတ်တွေ တိုက်ပုံးတွေ နဲ့ ဟို ဒန် တန့်တန်တန် …ဒန်တန့်တန်တန် …
      ကြီး တီးပီး ဝင်လာတာ အတော် ကြည့်ရဆိုးရဲ့…

      (ငိုလို့ ဝရင် …ပြန်လာခဲ့ပါမယ်အေ … မင်ဂါဆောင်တွေဆို ပြောဂျင်လွန်းလို့ပါ…)

      • etone

        July 2, 2012 at 3:18 pm

        ရူးးးးးးးးးးးးးး တိုးးးးးးးးးးးးးး တိုးးးးးးးးးးးးး အားလူးကြော် .. အဲ မွှားလို့ ..
        ကိုဂီ .. နိုင်ငံရေးတွေ မပြောရဘူး …. ဂနဲ့ နွယ်လာရိုက်လိမ့်မယ် … သူတို့သားလေး တောက်စ်ခေါက်ပြီး ရှေ့ကကျနေတဲ့ဆံပင်လာဆွဲနေဦးမယ် တိုးတိုးပြော … 😛

  • amatmin

    July 2, 2012 at 3:12 pm

    မကြည့်လိုက်ရပါဘူး..အခုမအိတုန်ရေးပြတာ.ကွက်ကွက်ကွင်းကွင်းပါပဲ..
    ဆိုတော့ အကြံပြုရရင်.နောင်ခါ သူတို့ Live လွှင့်ရင် ဒေါ်အိတုန်.မကြည့်နိုင်တဲ့အချိန်ရွေးလွှင့်တာက.
    အရှက်ကွဲပေမဲ့ လူသူမသိပါဘူးဆိုတာလေး. 😛 😛

  • Khaing Khaing

    July 2, 2012 at 3:13 pm

    မမတုံ ညဘက်ပြတာတွေကို မကြည့်ဖြစ်ဘူး အိပ်ရေးပျက်လို့ …… မမတုံရေးပြမှ ကွက်ကွက်ကွင်းကွင်း ကြီးကို မြင်ယောင်မိပီး အူတက်အောင်ရယ်လိုက်ရပါတယ် ……..

    ညဘက်မအိပ် မနက်ကြရင် ဖုန်းခေါ်တာတောင် ကိုကိုဖုန်းခေါ်နေတယ် ကိုကိုဖုန်းခေါ်နေတယ် ကိုကိုခေါ်မကြား အော်မကြား ဘာချင်း-ဆိုလားပဲ ……. မမတုံလည်း ညဘက်မအိပ်တော့ မနက်ဆို ဖုန်းခေါ် ရင်တောင် မကိုင်နိုင်ဘူးနော် ……..

    • etone

      July 3, 2012 at 10:26 am

      ကိုမတ်ရေ … ကျွန်မမကြည့်တဲ့ အချိန် Live show လာလျှင် ဒီထက်ပိုလူသိလိမ့်မယ် .. အဟိ ..
      ကျွန်မက ပြောင်းပြန်လေ … သူများ အိပ်ချိန်ကျမှ အ ိမ်ရောက်ပြီး တီဗွီကြည့်ချိန်က သူများတွေကြည့်တာ နည်းသွားတဲ့ အချိန်မို့ပါ … ။ လိုက်ဖ်ရှိုးတွေကလေ .. စတော့သာ ဘယ်နှစ်နာရီကြော်ငြာထားပေမယ့် .. တကယ်တမ်း … လူတေ ွဝတ်စားပြီး သွားထိုင်နေတာပဲ ရှိတယ် အစီစဉ်စတာ ညဦးပိုင်းရော်ကမှ စတာများတယ် …. ။ စတိတ်ရျှိုးတွေ ၊ လိုက်ဖ်ရှိုးတွေ ၊ ဖရီးရှိုးတွေ ဘာပဲ ဖြစ်ဖြစ် ၊ လက်မှတ်ဝယ်ရလို့ပဲ ဖြစ်ဖြစ် ၊ အလကား ရလို့ပဲ ဖြစ်ဖြစ်သွားကို မကြည့်ဘူး …. စိတ်တွေအိုက်လွန်းလို့ ……… အခုလိုပဲ တီဗွီက ထိုင်ကြည့်တယ် ။ ရှေ့ဆုံးတန်းက ကြည့်ရသလို ကွက်ကွက်ကွင်းကွင်းကို မြင်ရတယ် .. အဟိ 😛

      မမခိုင်နော် … တူညားက အလုပ်လုပ်ရင်း ကြည့်တာပါနော် … ညဘက်မအိပ်တာ မဟုတ်ပါဘူး အိပ်ပါတယ် ဒါပေမယ့် အိပ်ချိန်ကို လျော့ထားတာပါ … ဟိုတခါ မမခိုင်ဖုန်းဆက်တုန်းက တခါလေးပဲ အိပ်ချင်မူးတူးဖြစ်မိတာ တနင်္ဂနွေနေ့မို့ပါ .. တနင်္ဂနွေဆို … အနည်းဆုံး ဆယ့်တစ်လောက်ထိ အိပ်တယ် .. ကျန်တဲ့ ရက်တွေမှာ တနေ့ အိပ်ချိန် 6 နာရီဆိုတာ အများဆုံး မို့လို့လေ … အဟီး 😀

  • myanmarcitizen

    July 2, 2012 at 3:29 pm

    ညက ကျွန်တော်လဲ ငန်းလိုက်သေး အဲ့ ကြည့်လိုက်သေးတယ်။ ငန်းနေရင်း နဲ့ မီးပြတ်လို့ အိပ်လိုက်ရော။ အဲ့လိုဖြစ်သွားတယ်ဟလား … တော်တော်ကို ရီရမှာပဲ … မှတ်အုန်း သူများထက် ဆန်းချင်အုန်း။

    စကားမစပ် ကျွန်တော်က မိန်းကလေးမဟုတ်ပါဘူးဂျ။ သားသားပါ ခင်ည။ (ဘယ် post မှာလဲမသိဘူး တစ်ခါမေးဘူးတယ်ထင်လို့)။ ပြန်ရှာတာမရတော့ဘူး ရှိစေတော့ မရှာတော့ဝူး။

    ဒီမှာတစ်ခါဖြေထားဘူးပါတယ်
    http://myanmargazette.net/87662/uncategorized-other/copypaste

    • etone

      July 2, 2012 at 3:34 pm

      ကျွန်မလည်း ကြည့်နေတုန်း မီးပျက်တော့ အိပ်မလို့ လုပ်နေရာက မီးက ခဏလေးနဲ့ ပြန်လာလို့ .. ပြန်ကြည့်ဖြစ်တာမှာ ခဏကြာတော့အဲ့ဒီအဖြစ်ပျက်ကို တွေ့တာပါပဲ … ။ အော .. ယောကျာ်းလေးမှန်း သိပါပြီ .. ဟီး ။ 😀

  • မောင်လေပေါ

    July 2, 2012 at 3:30 pm

    ဦးနှောက်မှ ကောင်းရဲ့လားမသိဘူး..
    ဂိန်..ဂိန်..

  • Novy

    July 2, 2012 at 3:36 pm

    မကြည့်လိုက်ရတာ နာတာပဲ
    ညက အိမ်မက်စုံရာ ကိုအားပေးနေတာနဲ့
    လွတ်သွားတယ်

  • မောင်ပေ

    July 2, 2012 at 3:38 pm

    အိတုန်ရဲ့သရုပ်ဖော် ရီးရဲလစ်ဇင် ရေးချက် အရမ်းကောင်းတယ်ဗျာ
    ဖတ်နေရင်း မျက်လုံးထဲ မြင်လာအောင်ပါကလား

  • awra-cho

    July 2, 2012 at 3:46 pm

    လိုက်ဖ် ရှိုးကို အဲတာမျိူးကြောင့် ကြည့်ချင်တာပေါ့၊ အဆိုတော်တွေ သီချင်းဆိုတာ တိုတိတိုနံ့ ဆိုတော့ မလုံမလဲ တွေ၊ ပျက်လုံးတွေ ဆင်ဆာ မဖြတ်တာ တွေ က နင့်မို့ဆို သွားကြည့်တဲ့သူ ပဲမြင် ရမှာပေါ့ အခုတော့ တန်းတုူဖြစ်သွားတာပေါ့။ ဒါတောင် နှင်းဆီ အငြိမ့် ကို အသံပိတ်ထား တာ၊ လွှင့်ပြီးသားပြန်လွှင့်တာ တွေ လုပ်သေးဗျ။

    • etone

      July 3, 2012 at 10:40 am

      ဗိုက်ဗိုက်ရယ် …
      ဖြူဖြူကိုပြော .. အဲ .. ဟိုအဆိုတော်လေးကိုပြောတာလား .. နာ့ကိုပြောတာလားဟယ် … တစ်လုံးထဲနဲ့ နှစ်ကောင်ထိတယ် .. (ဂဲတလုံးနော် အဟိ) 😀

      မနိုက … မင်္ဂလာဆောင်ဝတ်စုံတွေပြတဲ့ ပွဲဆိုတော့ ဘယ်စိတ်ဝင်စားတော့မလဲ .. အဟဲ .. လိုမှ မလိုတာနော် .. ဟိဟိ (နောက်တာပါ ) …. မနိုရေ ညီမလည်းစောင့်နေတာက ကိုရီးယားကားပါ .. လာမလားလို့ စောင့်နေတာ … အင်တာဗျူးဝင်လို့ ခဏကြည့်ပြီး … နောက်က လိုက်ဖ်ရှိုး တဆက်တည်း လာတော့ မထူးပါဘူးဆိုပြီး မီးပူတိုက်ရင်း တီဗွီငေးဖြစ်သွားတာ … 😛

      ကိုပေရေ …. ရှေ့ဆုံးတန်းမှာ ထိုင်ရတဲ့ လူတွေဆို .. အခုလို ငှက်လွှတ်တဲ့ အဖြစ်ပျက်တင်မဟုတ်ဘူး … မင်းသမီးတွေ ခြေလှမ်းလှမ်းလိုက်တိုင်းထမိန်က ဘယ်ဖုံးများလို့ ရယ်၊ စတိတ်ကို တပတ်ပတ်တဲ့အခါ လက်ယာရစ်ပတ်ရတာကြောင့်ရယ် …… ခြေလှမ်းတိုင်း ၊လွတ်ပြီး ပေါင်တွေအထိ ပေါ်နေတာတွေပါ မြင်ရမှာ …ဟိဟိ … ။

      awra-choရေ .. ပျောက်နေတာကြာပြီနော် … ။
      တကယ်တမ်းလက်မှတ်ဝယ်ပြီးသွားကြည့်လျှင် အဝေးကြီးကနေ သိပ်ပြီး မမြင်သာဘူး ။ လူနံ့တွေကလည်း ရှူရသေးတယ် ။ ဒီတော့ ပိုက်ပိုက်လည်းကုန်သက်သာ ၊ လှဲကြည့် အိပ်ကြည့်လို့လည်းရတဲ့ .. အိမ်ကနေပဲ ကြည့်တော့တယ် ဟိဟိ … ။

  • manawphyulay

    July 2, 2012 at 3:53 pm

    စတိုင်ရှိမှ စတားဖြစ်မှာလေ… သူက သူများနဲ့မတူတဲ့ ပုံစံတွေနဲ့ ပရိသတ်ရဲ့ဆွဲဆောင်မှုကို ရရှိထားသူလေးဆိုတော့လည်း ခု ပါးစပ်ဖျားမှာ ရေပန်းစားနေကြတာပေါ့။ ညီမလေး ပြောပုံက ကြည့်စရာမလိုအောင်ကို ထောင့်စေ့ပြီး ပြည့်စုံတဲ့အပြင် ကွက်ကွက်ကွင်းကွင်းကို မြင်ယောင်နေမိတယ်။ အမလည်း ဖတ်ပြီး ရယ်လိုက်တာ အင်တာနက်ဆိုင်က လူတွေ အမကို ဝိုင်းကြည့်နေလို့ မနည်း မျက်နှာပိုးသတ်ပြီး ကော့မန့်ရေးလိုက်ရပါတော့တယ်… :O 😀

    ဒါနဲ့ တစ်ဆက်တည်း ပရိတ်သတ် မဟုတ်ဘူးနော် ညီမလေး သတ်ပုံအမှန်က ပရိသတ်ဖြစ်ပါတယ်ရှင်။

    • etone

      July 2, 2012 at 3:59 pm

      အစ်မမနောရေ … ထောက်ပြတာ ကျေးဇူး အများကြီးတင်ပါတယ်နော် …
      ကျွန်မရဲ့ စာလုံးပေါင်းသတ်ပုံမှတ်နိုင်စွမ်းက .. မူလတန်းကလေးထက်တောင် နိမ့်ကျနေတာ ရှက်မိပါတယ် … အမှားကို အမှန်ပြင်ပေးလို့ ကျေးဇူးလည်း တင်ပါတယ် အစ်မရေ

      နောက်ဆို ပရိတ်သတ်လို့ မပေါင်း တော့ဘူးနော် ……. ပရိသတ်လို့ပဲ ပေါင်းတော့မယ် ……. ကျေးဇူး x မီလီယံ … ခွိခွိ :mrgreen:

      • AKKO

        July 2, 2012 at 8:50 pm

        ဒါဆို ငါးတန်ပြန်ဆင်းရမယ့်အထဲမှာ ကျွန်တော်လည်းပါမယ် ထင်ပါ့ ။
        ပရိတ်သတ်ကို တသက်နဲ့ တကိုယ် ပရိတ်သတ်လို့ပဲ ပေါင်းခဲ့ဖူးတာကြောင့်ပါ ။
        ပရိသတ်ဆိုတာ အခုမှ သိတော့တယ် ။ မူလတန်းကို ပြန်ဒိုးတာပေါ ဟဲဟဲ 😉

  • Moe Z

    July 2, 2012 at 4:09 pm

    နေဦး အရင်ရယ်လိုက်ဦးမယ်
    😆 😆 😀
    မကြည့်ဖြစ်ပေမယ့် မျက်စိထဲမြင်လာအောင်ရေးနိုင်တယ်နော်
    မမအိတုံရဲ့ ထပ်ဆင့်လိုက်ဖ်ရှိူးကို အားပေးသွားပါတယ် 😆

  • ahnyartamar

    July 2, 2012 at 4:11 pm

    မကြည့်လိုက်ရဘူးကွာ။ ဘောလုံးပွဲမဲနေလို့။

  • Shwe Ei

    July 2, 2012 at 5:24 pm

    အိမ်မှာ တီဗွီ Antenna မတပ်ဘဲနေမိတာ ဒီတခါမှ နောင်တရတော့မလိုဖြစ်နေဘီ။ အဲလို ကဂျိုးကဂျောင် တွေမြင်ရမှာစိုးတာလဲပါတာပေါ့လေ 🙂

    • ရဲစည်

      July 2, 2012 at 6:28 pm

      ဟာ ဒါမှန်းသိရင် စလောင်းပြန်ဆင်ထားပါတယ်ကွာ
      ခုတော့ စလောင်းက ကြက်ဥကြော်ထားလို့ အားတဲ့နေ့မှ ဆေးပီး ပြန်ဆင်တော့မယ်…
      အယ် မေ့လို့ အထိုင်စက်မှ မရှိတာ .. အဲစလောင်းတောင် နာဂစ်တုန်းက ဘယ်အိမ်က ပြုတ်ကျထားမှန်း မသိဘူး ခပ်တည်တည်နဲ့ ကောက်ပီး အိမ်ထဲထည့်ထားတာ
      မှတ်ချက်။ ။ ၂ပေစလောင်းကို ဆိုလိုသည်။

      အန်တီအီးရေ..
      အဲလို သောက်ကျိုးနည်း ဖြစ်သွားတာ ဘယ်သူတုန်းအေ
      ကျော် သိပ်ခိုက်တဲ့ ဟို အိမ်သာဒွေ နေတဲ့ အရပ် စီးရီးဆိုတဲ့ ခေးမလေးလား ?
      ကျော်တို့က အဆက်အသွယ် ပြတ်နေတော့ သေချာ မသိဘူးအေ… အဲလာလေး ဖြေပေးပါ .. ဒန့်..တန့်…တန့်

  • မွန်မွန်

    July 2, 2012 at 5:43 pm

    အဟီး…အစ်မရယ်..မွန်မွန့်မျက်လုံးထဲမှာတော့လေ သူက မထိမထိပြုံးနေတယ်လို့ကို မထင်ဘူး…သူ့ပဝါကြီးနဲ့ လုံချည်ကြီးနဲ့ကြားမှာ ကိုးလို့ကန့်လန့်နဲ့ ထိန်းလျှောက်နေရလို့ စိတ်ဖိစီးနေတယ်လို့ပဲ မြင်မိတယ်…

    ပြီးတော့လည်း အစ်မလိုပဲ ထင်လိုက်သေးတာ…ခိုဖြူကိုများ လွှတ်မှာလားလို့… ဘယ်ဟုတ်မလဲ..သူက ပုခုံးပေါ်တင်ပြီး ပို့စ်ပေးတာပဲ…မွန်မွန်လည်း ကြည့်နေရင်းနဲ့ မောနေတာ…ပါးပဲ ဆိတ်လိုက်မလား…အတောင်ဖြန့်ပြီး ပြန်လိုက်လို့ ခေါင်းပဲ ထိသွားမလားဆိုပြီး… 🙂

  • ဝမ်းတွင်းရူး

    July 2, 2012 at 7:01 pm

    မမအိတုံအကြံပြုချက်“နေရာတိုင်းမှာ creative လုပ်တာ ကောင်းပါတယ် …
    ဒါပေမယ့် ပတ်ဝန်းကျင်၊ ရာသီဥတုနဲ့ အနေထား အဖက်ဖက်က သဟဇာတဖြစ်ရဲ့လားဆိုတာလေး
    တွေးပြီးမှ creative လုပ်သင့်ပါတယ်လို့ ထင်မြင်မိရင်း ….””

  • TNA

    July 2, 2012 at 7:02 pm

    ကြည့်ရင်တောင်ရေးတာလောက်စုံအောင်မြင်ရမှာမဟုတ်ဘူး။ အခုဟာက အားလုံးကို slow motion နဲ့ ကြည့်နေရသလိုပဲ။ ကွက်ကွက်ကွင်းကွင်းကိုမြင်တာ။ အိပ်ရေးမပျက်ပဲ စုံအောင်ကြည့်သွားရလို့ကျေးဇူးပါတုန် တုန်ရေ။ ဒီလိုအကျိုးဆောင်ရသောကြောင့် တုန်တုန်လဲမြန်မကြာ ထိုဝတ်စုံကိုဝတ်ရပါစေလို့ ။

  • ကြောင်ဝတုတ်

    July 2, 2012 at 7:12 pm

    မကြည့်လိုက်ရပေမယ့် ပြောတဲ့ပုံစံကိုမှန်းရရင်
    ဂေါသစ်(စ) မြန်မာစတိုင်ပေါ့ဗျာ
    ရိုးရာဝတ်စုံကို အနောက်တိုင်းစတိုင်ချိုးခဲ့တာ အခုမှတော့မဟုတ်ပါဘူး
    ကိုလိုနီခေတ်ကတည်းက ခေတ်ဆန်ချင်သူများ ရှုးဖိနပ်ကို တိုက်ပုံနဲ့ဝတ်ပြီး
    မာဖာလာလေးတောင် ဝတ်ခဲ့ဖူးသကိုး
    ဒီဇိုင်နာတွေနှိပ်စက်လို့ အနုပညာရှင်အမျိုသားတွေရဲ့တိုက်ပုံမှာ
    ခရစ်စတယ်တွေနဲ့ ပန်းခက်တွေတောင် နေရာယူကြပြီကိုးဗျ
    အခုဆို လွှတ်တော်ထဲမှာတောင် ချိတ်ကတားကားနဲ့ လူကြီးဖက်ရှင်တွေ
    လွှတ်ခေတ်စားနေတာကိုး
    ခွင့်လွှတ်လိုက်ပါကွယ်
    ဖက်ရှင်ဆိုတာ ခေတ်ရေစီးကြောင်းပေပဲ
    တည့်တည့်စီးတာရှိသလို ကွေ့ကောက်စီးတာလဲရှိပေမပေါ့

  • ရွာစားကျော်

    July 2, 2012 at 7:48 pm

    ဒေါ်အိတုံ စာနဲ့ရေးပြောတဲ့ ရီပလေးကို ကြည့်ပြီး နားကပ်လေးတောင် စကရင်ထဲက ထွက်ကျလာတော့မလိုဘဲ ကွက်ကွက်ကွင်းကွင်းကို အဖြစ်အပျက်ကို မျက်လုံးထဲ မြင်ယောင်တယ်.. ဟီး ဟီး
    မဲမဲကျော်သိန်းလေးမှ ဟုတ်ပါလေစဗျာ

  • tharli kar

    July 2, 2012 at 9:24 pm

    ဒေါ်အိတုံခင်ဗျား….
    ဝေဖန်ချင်တဲ့စိတ်ဓါတ်ကိုတော့…ကြိုဆိုပါတယ်။
    လေကန်ချင်တဲ့သဘောကိုလည်း…နားလည်ပါတယ်။
    သို့သော်…………
    လေကန်ရေးနဲ့ပါတ်သက်လို့ သာလိကာအနေနဲ့ တောင်းပန်ချင်တာက
    သေသေခြာခြာဂရုစိုက်ပေးပါ…..နော်…..
    ပါတ်ဝန်းကျင်အခြေအနေကိုကြည့်ပြီး…..
    ကန်သင့်၊ မကန့်သင့်……………..
    လွှတ်သင့်၊ မလွှတ်သင့်…………….ဟင့်……..

  • Crystalline

    July 3, 2012 at 8:14 am

    ဒီဇိုင်နာတွေကလည်း ဖက်ရှင်တီဗွီက ဒီဇိုင်နာတွေရဲ့ဒီဇိုင်းကို ပုံတူကူး ဖြတ်ညပ်တာကပ်ကူးတာလွန်သွားတော့ မော်ဒယ်ဒုတ်ခရောက်ပြီးပေါ့.. ခင်ဘုဏ်းတို့မင်္ဂလာဆောင်မှာလည်း အနက်တွေဝတ်တာတွေ့လိုက်တယ်..

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 3, 2012 at 10:14 am

    နောက်ဆို ဒီထက်ဆိုးတာတွေ လာအုံးမယ် …

  • kyeemite

    July 3, 2012 at 10:21 am

    ကျုပ်တော့အဲလောက်ညနက်သန်းကောင်
    စောင့်မကြည့်ပါဘူးဗျာ…ဒါနဲ့ဇကားမစပ်..
    AKKO က ငါးတန်းပြန်ဆင်းမယ်ပြောနေတယ်..
    အဖေါ်ရှိလို့တဲ့…ဟဲဟဲ..တူနှစ်ကိုယ် ငါးတန်းမှာဘဲနေရ နေရပေါ့..
    အဟိ..လစ်ပီဗျို့……………..

    • etone

      July 3, 2012 at 10:45 am

      အင်းပေါ့ … ဦးမိုက်ကြီးက ကျန်းမာရေး အရေးထားတယ် … အိပ်ရေးပျက်ခံလို့ မရဘူး .. ဟီးဟီး 😀
      ငါးတန်းတော့ ပြန်မဆင်းတော့ပါဘူး ဦးမိုက်ရယ် …. ပုစွန်တန်းဆို နည်းနည်းတော်သေးတယ် … ပုစွန်ထုတ်ဈေးကောင်းတယ် .. ဟိဟိ …. ။

      တူနှစ်ကိုယ်တဲအိုပျက်မှာ ပုစွန်ထုတ်ပဲ ဖုတ်စားရ စားရ … ဟိဟိ 😆

  • Phaung Phaung

    July 3, 2012 at 12:37 pm

    etone ရေးပြမှပဲ ကွက်ကွက်ကွင်းကွင်းကိုမျက်စိထဲမြင်သွားတော့တယ်… ညကမကြည့်လိုက်ရပေမယ့် … etone ရေးတာဖတ်ရတာပိုတန်သွားတယ်….ရီလိုက်ရတာ… မျက်စိထဲပြန်ပြန်မြင်နေလို့ ပြုံးစိစိဖြစ်ဖြစ်သွားတယ်…

  • Ma Ei

    July 3, 2012 at 1:19 pm

    အိတုန်လေး အပြောနဲ့တင်
    အပြုံးမဲ့မဲ့လေးကိုမြင်မိတယ်…
    ပြင်လွန်း ထွင်လွန်းတဲ့သူပေါ့…
    သမီးလေးကတော့ သူ့ကိုကြိုက်တယ်…

    • etone

      July 3, 2012 at 1:36 pm

      အစ်မဖောင်းဖောင်းရေ .. သူများကို ရေးဖို့ဆို မျက်လုံးကြီးပြူး့ပြီး ကြည့်ထားတာ .. အဟိ… ။ သူ့အကြောင်းရေးမှန်းသာ သိလျှင် ကြိမ်ဆဲနေလောက်ပြီ ဟိဟိ … 😛

      အန်တီအိရယ်… သမီးလည်း ခေတ်လူငယ်ပါ မင်္ဂလာဆောင်မှာ အနက်မဝတ်ရဘူးဆိုတဲ့ အယူကို လက်မခံပါဘူး ဒါပေမယ့် .. မင်္ဂလာဆောင်လာတဲ့ လူတွေ ဘာရောင်ဝတ်ဝတ်ပါ ။ မင်္ဂလာ သတို့သမီးဝတ်စုံကတော့ အနက်နဲ့ဆိုတာ … လုံးဝကြည့်မကောင်းဘူးလို့ ထင်ပါတယ် ။ အနက်ကို တခြားအရောင်နဲ့ လည်း စပ်မချုပ်ဘူး ။ … စီကွင့်စ်တွေသာ ငွေမှင်ရောင် ထိုးထားတာ …. တကယ့်ကို .. မြင်ရတာ ကိုးလို့ ကန့်လန့်ပဲ … ။ ကလေးတွေတော့ ကြိုက်ကြတယ် … သူ့အသံနဲ့ ပြူးပြ ၊ ပြဲပြတာတွေကြောင့်လို့ ထင်ပါတယ် … ။

  • snow white

    July 8, 2012 at 6:53 pm

    မမအိ ညီမလေးလည်း ကြည့်လိုက်ရတယ် အဲ့ လိုက်ဖ်ရှိုး ညီမတို့သားမိ နှစ်ယောက်ကြည့်မိတယ် ညီလေးတို့သားမိနှစ်ယောက်ရယ်တာကို အိမ်ကအဖေကဘာဖြစ်တာလည်းလို့မေးတော့ အဲ့ ဒါသရုပ်ဆောင်တဲ့ နာမည်ကိုအမေကပြောလိုက်တယ် သူကလုပ်လိုက်ရင် တကယ့်ရယ်စရာတွေဘဲတင်ပြတော့တာဘဲတဲ့လေ စနိုးတို့လည်းအဲ့နေကရယ်ရတယ်မမအိရယ်…

Leave a Reply