Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြင်ကောင်းလား ?

etoneJuly 4, 20121min98867

 

 

 

 

ဖေ့စ်ဘွခ်ပေါ်မှာတွေ့တဲ့ အိန်အိန်းနဲ့ မော်ဒယ်မလေးတွေရဲ့  Sexy ပုံတွေပါ ။

ခေတ်ရေစီးကြောင်း ဘယ်လိုပဲပြောင်းပြောင်းပါ  မောင်နှမ ၊ သားမိ ကြည့်လို့ သင့်တော်တဲ့ ပုံမျိုးတော့ဖြစ်သင့်ပါတယ် ။

အခုတော့ဖြင့် မြင်ကောင်းလား လို့ မေးရတော့မလိုပါပဲ ။

အရင်ကတည်းက အခွေတွေထွက်ခဲ့ဖူးတဲ့ အိန်အိန်းရဲ့ အနုပညာလှုပ်ရှားမှူတွေကို သဘောကျပါတယ် ၊ ခေတ်မှီအကမျိုးစုံလည်း အကလည်းကောင်း ၊ အဆိုလည်းကောင်းပေမယ့် အခုလို ပုံမျိုးထုတ်ပြီး ပရိတ်သတ်ရှေ့ချပြတာတော့ …………. မနှစ်သက်ပါဘူး ။

ဓါတ်ပုံဆရာရဲ့ idea လား ၊ သရုပ်ဆောင်တွေရဲ့ idea လား မဝေခွဲတတ်ပေမယ့် ဒီလိုပုံမျိုးရိုက်ပြခြင်းအားဖြင့် ပရိတ်သတ်ကို အဖော်ချွတ်ကြိုက်တဲ့ လူတွေဆိုတဲ့အမြင်နဲ့ ပါးပါးလေးစော်ကားလိုက်သလိုပါပဲ ။ ဒီလိုပုံမျိုးကို ပရိတ်သတ်တယောက်အနေနဲ့  ရှုံ့ချပါတယ် ။

 

 

67 comments

  • Khaing Khaing

    July 4, 2012 at 10:13 am

    မအိတုံ ……. ဒါကလည်း ဒီခေတ်မှာဒီလိုရိုက်မှလူစိတ်ဝင်စားတာကိုခံရတာလေ …… ရိုက်သူရော အရိုက်ခံ သူနှစ်ယောက်လုံးရဲ့ဆန္ဒလို့ပြောချင်တယ် ……. နံမည်မကြီးသေးတော့ နံမည်ကြီးအောင် အမျိုးမျိုးဖော်ပြ တဲ့သဘောလို့ထင်မိတယ် ……… နံမည်ကြီးသွားတဲ့မင်းသမီးတွေကတော့ အခုလိုပုံတွေကို ရိုက်ခဲပါတယ် … ချွင်းချက်မိုးဟေကိုမပါ ………

    • ပစ်စလက်ခတ် မျက်ရည်

      July 4, 2012 at 10:34 am

      အေးဗျာ ..ဟုတ်တယ်…
      ယိုသူမရှက် မြင်သူရှက်ကြီး …
      တချို့ပြောပါတယ်…

      နာမည်ကြီးလည်းမဟုတ်..ကြည့်လို့လည်းမကောင်း ရက်နဲ့…
      မဖွယ်မရာ ပုံဂျီးကိုရိုက် ပီး အကောင့် ပရိုဖိုင် တင်လိုတင်..
      စောင့်ကြွားကြွား မက်ဆေ့ ရေးလိုရေး နဲ့ …

      အဲ့သလိုကို မထော်မနန်းဗျာ ….
      ပြောပြန်ရင်လည်း … သေခိုင်းဦးမယ်…
      ချဉ်ပါတယ်အေ..

      • Khaing Khaing

        July 4, 2012 at 1:44 pm

        အော် ……. င့ါသမထားပါလား …….. အခုတောင်မျက်ရည်တွေ ပစ်စလက်ခတ်ကျနေတာ ပြောလိုက်ရရင်တော့ မျက်ရည်တွေ ဘူးသီးလုံးလောက်ကျသွားဦးမယ် … ကိုယ့်ပရိုဖိုင်ကိုယ်တင်တာ ကိုယ်ရှိလို့ကိုယ်ကြွားတာ မုဒိတာလေးပွားပေးလိုက်ပါကွယ် ……. ညည်းလည်း ဘာကြီးကိုင်ထားမှန်းကိုမသိ ဘာကြီးကိုင်ပီးကြည့်နေတယ်မသိ ….. ခိခိခိ

  • ဘဲဥ

    July 4, 2012 at 10:19 am

    ကန်းဒယ် အဲ့လေ ကောင်းဒယ် :mrgreen:

  • mamanoyar

    July 4, 2012 at 10:27 am

    ဘာပဲဖြစ်ဖြစ် ရိုးရိုးရိုက်ရင်လဲ
    ပရိတ်သတ်စိတ်ဝင်စားမှုကို ရယူနိုင်ပါတယ်
    အခုလို အရိုက်ခံပြီးမှ ကျော်ကြားလာတဲ့
    ကျော်ကြားမှုမျိုးကို သူတို့မို့လိုချင်တယ်

  • TTNU

    July 4, 2012 at 10:32 am

    အိတုန်ရေ..
    အမြင်မတော်တာသေချာပါတယ်။
    မဖော်ပြဘဲနဲ့ နာမည်ကြီးတာကို ပို လေးစားပါတယ်။
    ခက်တာကသူတို့လေးတွေက လေးစားမခံချင်တာပါပဲ။

    ပုံ(၂)က မိန်းကလေးဆိုရင် ဘယ်လိုနည်းနဲ့မှ
    အကောင်းဆိုတာကို လက်ခံနိုင်စရာမရှိတော့ဘူးပဲ။
    ခက်တာက သူတို့လေးတွေက မကောင်းလဲရပါတယ် ဖြစ်သွားပြီနော်။ :mrgreen:

    • etone

      July 5, 2012 at 8:36 am

      တီချယ်ကြီးရေ … မဖော်ပြပဲနဲ့ နာမည်ကြီးအောင် မစွမ်းဆောင်နိုင်တော့လို့ပဲ ဖြစ်မယ် ….
      တီချယ်ပြောသလို မကောင်းလဲ ရပါတယ် ဆိုတာမျိုး ဖြစ်သွားလို့ ဖြစ်မယ် ….. ။

  • water-melon

    July 4, 2012 at 10:36 am

    ဟုတ် မြင်ကောင်းပါတယ်
    အဲလောက်နဲ့တော့ သူတို့အနေနဲ့တော့ မဆန်းတော့ပါဘူး
    ဘာလို့လဲဆိုတော့ ဒီထက်ဆိုးတာတွေရို်က်ပြနေလို့ပါ

  • water-melon

    July 4, 2012 at 10:38 am

    ကျန်သွားလို့
    မြန်မာမော်ဒယ်သရုပ်ဆောင်တွေလဲ တဖြည်းဖြည်းနဲ့ အနောက်တိုင်းစံချိန်မှီလာပါကြောင်း
    နောက်ဆို အပြာတွေအနီတွေ ပေါ်တင်ထွက်လာဖို့ မကျန်တော့ပါကြောင်း

    • Khaing Khaing

      July 4, 2012 at 1:45 pm

      ဖရဲမကတော့ အဲဒီလိုရိုက်ဖို့အတွက် ကျင့်နေကြောင်း ခိုင်လုံတဲ့သတင်းရပ်ကွက်က ရထားပါကြောင်း ……… ခစ်ခစ်ခစ်

  • etone

    July 4, 2012 at 10:41 am

    အခုလေးတင် ဘော်ဒါတစ်ယောက်က လှမ်းပြောတယ် … ဘယ်ဗွီစီဒီမှာ ဆိုပဲ .. အိန်အိန်းနဲ့ကောင်မလေးတယောက် သရုပ်ဆောင်ထားတာ ရိုက်ချက်တွေက လန်ထွက်နေတာပဲတဲ့ …. ရိုက်ကွင်းက ရေချိုးခန်းထဲအထိပါတယ်တဲ့ …. အကျီ င်္တွေပခုံးလျောပြလိုပြ … စကတ်တွေမပြလိုပြနဲ့ … မိသားစုတွေ အားလုံးထိုင် ကြည့်နေရင်းတောင်ရှက်လို့ … တခြားသီချင်းဘက်ကျော်လိုက်ရသတဲ့ … ။

    ဘာသီချင်းလဲတော့မသိဘူး … သေချာအောင် ဖုန်းဆက်ပြီး ပြန်မေးလိုက်ဦးမယ် … ကြည့်တော့မကြည့်ဖူးသေးဘူး ။ 🙄

    • TNA

      July 4, 2012 at 2:31 pm

      အိမ်းအိမ်းရဲ့ မင်းနဲ့ချစ်တာပါ။ တော်တော်ကိုဆိုးပါတယ်။ သူတို့ကတော့ sexy အနုပညာမို့ခံစားပေးပါတဲ့။ ဒီပုံထဲကကောင်မလေးပဲ။ အဲဒီ VCD ရိုက်ရင်းရိုက်ထားတာဖြစ်မယ်။ ပို့လိုက်မယ်လေ။

  • ရဲစည်

    July 4, 2012 at 11:03 am

    အဲလာက နန်းသီရိမောင် ဆိုလားဘဲ
    သင်္ကြန်တုန်းက မျက်မှန် အပေါ်တလက် အောက်တလက် တပ်ထားတဲ့သူလေ
    အိန်အိန်းရဲ့ အဲလက်စ် သီချင်းနောက်ခံနဲ့ ရိုက်တဲ့ အခွေမှာလဲ သူကလေးဘဲပေါ့
    ခုပုံကလဲ သူကလေး ပါဘဲကွယ်…. 😀

    ကျုပ်တို့ကတော့ မကြိုက်ဘူးလဲ မပြော
    ကြိုက်တယ်လဲ မပြောပါဘူးအေ
    လုပ်သင့်လား မလုပ်သင့်ဘူးလား ဆိုတာက သူတို့ရဲ့ စဉ်းစားချင့်ချိန် ဉာဏ်အပေါ်မှာဘဲ မူတယ်ပါတယ်
    ဘယ်သူလဲတော့ မသိဘူး ပြောဖူးတယ်
    လိုင်စင်ပေးဖို့ ကိစ္စ
    အဲလာဆို သူရို့လဲ ရှုကြည်လေးလို ကမာ္ဘကျော်ဖို့ လမ်းစတွေ ပေါ်လာနိူင်ကြောင်း….. 😛

    • etone

      July 4, 2012 at 11:33 am

      ကိုရဲစည်ပြောမှ သင်္ကြန်မှာ မျက်မှန် အပေါ်၊အောက် တလတ်စီ တပ်ထားတဲ့ ကောင်မလေးမှန်း သိတော့တယ် ။ ခေတ်ဆန်တာက ခေတ်ဆန်တာ နားလည်လို့ ရတယ် … ခေတ်မှီဦးမလား .. နားလည်ပေးနိုင်တယ် .. အခုဟာက .. လူမြင်ကွင်းမှာ တော်သလင်းဇာတ်မခင်းခင်ပုံလိုလို တူနေတယ် … ။ 👿

  • ahnyartamar

    July 4, 2012 at 11:08 am

    မetone ရေ…
    ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မောင်နှမ ၊ သားမိ ကြည့်လို့မသင့်တော်တဲ့ ပုံမျိုးပါ။ ဒါပေမယ့် ရှေ့မှာက ဟိုတယောက်လေ -ိုး ေ-ာ -ို က အဲဒီလို၊ အဲဒီထက်ဆိုးတဲ့ အရာတွေလုပ်ပြပြီးမှ နာမည် ပိုကြီးသွားတာဆိုတော့…………………ခက်တယ်ဗျာ။

  • Crystalline

    July 4, 2012 at 11:08 am

    မြင်ကောင်းလားလို့မေးတော့လည်း မကောင်းဘူးပဲပြောရမှာပဲ.. မော်ဒယ်တွေရဲ့အသွင်အပြင်ရယ် ဝတ်ထားတဲ့ကပိုကရို့အဝတ်အစားရယ်က ဘာသဘောနဲ့ ရိုက်ထားမှန်းမသိပေမယ့် အထင်အမြင်သေးစရာပုံပဲထွက်နေတယ်.. အဲဒီနေရာမှာ ကာဆီးလက်စ်နဲ့သူ့အမျိုးသမီးဆိုရင်တော့ ကြည့်ကောင်းရင်ကောင်းနေမှာ 🙂

  • pan pan

    July 4, 2012 at 11:11 am

    ကြောက်စရာကြီး
    ရိုင်းတယ်နော် ပုံတွေက
    နူးနူးညံ့ညံ့လေး တစက်မှမခံစားရဘူး

  • ငပွကြီး

    July 4, 2012 at 11:12 am

    မြင်ကောင်းလား ဆိုတော့ ဂလု …
    လုံးဝမြင်လို့ ဂလု ..မကောင်းပါဘူး..ဂလု..
    ဒါမျိုး သရုပ်ပျက်တာတွေကို ဂလု…
    လုံးဝ ဂလု…ကန့်ကွက်ပါတယ်..ဂလု..ဂလု..
    ရေသွားသောက်လိုက်ဦးမယ်…ဂလု..
    ပြီးမှ ဆက်ပြောမယ်…ဂလု…
    အမောတောင်ဖောက်လာပြီ…ဂလု…

  • htoosan

    July 4, 2012 at 11:20 am

    ုမြင်ကောင်းလား ..
    ရိုးသားစွာဝန်ခံပါသည်။
    ကောင်းပါသည် ။
    တင်တဲ့သူကော..
    ရေးထားတာကော…
    😀 😀

  • htoosan

    July 4, 2012 at 11:22 am

    ကျန်သွားလို့ .. တင်သင့်လားလို့ မေးရင်တော့ မတင်သင့်ပါဟုဖြေပါမည် … 😀

  • မွန်မွန်

    July 4, 2012 at 11:23 am

    မွန်မွန့် သူငယ်ချင်း စက်ထဲမှာရှိတယ် အစ်မ။ အချိန်မရလို့ မကြည့်ရသေးဘူး။ မနက်ဖြန် ပြောပြမယ်။ 🙂
    ဒီရက်ပိုင်းလည်း ဘာတွေ ကြားနေရမှန်းကို မသိပါဘူး အစ်မရယ်။ နာမည်ရမယ်ဖြင့် မကြံသေးဘူး။ အင်တာနက်ပေါ် ရောက်နေပြီ။
    ဟိုနေ့က Channel 7 ကလွှင့်တဲ့ Fashion 7 မှာ အိတ်ကြော်ငြာတဲ့… တိုလိုက်တာဖြင့် ပေါ်တော့မယ်… အခုခေတ်က ကိုးလို့ကန့်လန့်ပုံတွေ ရိုက်မှ နာမည်ကြီးမယ်လို့ ထင်နေကြလားကို မသိတော့ပါဘူး။ အကောင်းဆုံးပို့စ်က sexy ပို့စ် ဖြစ်နေပြီ…

  • ညလေး

    July 4, 2012 at 11:24 am

    ဟမလေးဗျ………
    ဘာကြီးလဲဝေ……..
    လေပါတယ်…….ချဉ်ပါတယ်…..
    နာမည်ကလည်း..နန်းတဲ့…….လဲသေလိုက်ချင်တယ်…..
    ဖြုတ်ပလိုက်ချင်တယ်…….အဲ့ “နန်း ”ကို…..ဟွန်း…..

  • P chogyi

    July 4, 2012 at 11:24 am

    ကိုယ်ဘာသာနေရင် ဘယ်သိပါ့မလဲ
    တင်တဲ့သူရှိလို ကြည့်ရ/သိရတာ
    တင်လို့ကြည့်မိတာပါ
    ကောင်းကောင်းမြင်ရပါတယ်

  • blackchaw

    July 4, 2012 at 11:29 am

    လူတိုင်းကတော့ နာမည်ကြီးပြီး အောင်မြင်ချင်ကြတာပဲ ဗျာ။
    အောင်မြင်မှုဆီသွားရာလမ်းကတော့ မတူကြဘူးပေါ့…။
    တချို့က
    လှေကားထစ်က တစ်ထစ်ခြင်းတက်ကြတယ်…
    တချို့က
    ရွေ့လျားစက်လှေကားနဲ့ တက်ဖို့ကြိုးစားကြတယ်…
    တချို့က
    ………………..။
    တချို့က
    ………………..။
    မတူညီသော အောင်မြင်မှုဆီသွားရာလမ်းတစ်ခု အဖြစ်
    ခွင့်လွှတ်ပေးနိုင်ရင် ခွင့်လွှတ်ပေးပြီး
    အရမ်းကြီး ဟိုက်လိုက် မလုပ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ် အီးတုန်းရေ..။
    အခုလို ဟိုက်လိုက်လုပ် ဖေါ်ပြလိုက်တော့ …
    ဘေးထွက်ဆိုးကျိုး ရှိတယ်လို့ ထင်မိတာပါပဲ… အစ်မရယ်…။
    မောတယ်
    ရေလေးတစ်ခွက်လောက်တိုက်
    အင်း
    အနိစ္စ အနိစ္စ အနိစ္စ
    အပုတ်ကောင်ကို ရုပ်ဆောင်နေကြတာပါလား..
    အင်း
    ဝါတွင်းမတော့ ဒီလို ပုံတွေ မတင်ကြဖို့ တောင်းဆိုချင်ပါတယ် အစ်မရယ်….။
    ငါးပါးသီလလေး ကျိုးပေါက်သွားမှာ စိုးလို့ပါ…။
    အော် အနိစ္စ…။

    • etone

      July 4, 2012 at 11:47 am

      ဦးဘလက်ရေ … အစားကောင်းစားရလျှင် မိတ်ဆွေကောင်းတွေကိုလည်း သတိရတတ်သတဲ့ .. ဒီတစ်ခါလည်း အစားကောင်း .. အဲ … ပုံကောင်းလား မကောင်းလား သိဘူး … မြင်တော့… ကိုယ့်ရွာသူ၊ရွာသားတွေ … မမြင်မှာစိုးလို့ … အရင်းအတိုင်းဖွလိုက် … အဲ .. အရင်း တိုင်းပြလိုက်ပါတယ် … ။ ရေသောက်ပြီး ကြည့်ကြပါကုန် .. ခွိခွိ … ။ 😛

  • surmi

    July 4, 2012 at 12:12 pm

    နာသကွာ
    ညကမျက်မှန်ကျကွဲသွားတာ
    ဘာမှမြင်ရဘူးဗျို ့

  • Phaung Phaung

    July 4, 2012 at 12:16 pm

    လုံးဝမြင်မကောင်းပါဘူး… ကန့်ကွက်ပါတယ်…ရှုံ့ချပါတယ်…
    အဲလောက် sexy ဖြစ်နေတာတော့ အားမပေးပါဘူး…
    လူငယ်တွေပျက်စီးခြင်းလမ်းကြောင်းပေါ်လျှောက်နေကြတာပါ…
    စိတ်ကုန်တယ်….. 🙁

  • Yin Nyine Nway

    July 4, 2012 at 12:20 pm

    မြင်ဘီ မြင်ဘီ
    ချိတ်ညစ်ထှာအေ…
    လုပ်ခိုင်းတိုင်း လုပ်တာနေမှာပေါ့
    အတူတူတွဲရိုက်တဲ့ ကောင်မလေးကိုပဲ စဉ်းစားမရတာ
    ဖစ်မှာ တင်ခံရမှာတော့ဟယ်….
    ရအုန်းမယ် လင်ကောင်းသားကောင်းတော့ …..

  • လတ်လတ်

    July 4, 2012 at 12:36 pm

    ကလေးတစ်ယောက်အနေနဲ.ဆိုရင် မသင့်တော်ဘူးပေါ့…
    လူငယ်တစ်ယောက်အနေနဲ.ဆိုရင် နှိပ်သဟ ပေါ့………..
    လူကြီးတစ်ယောက်အနေနဲ.ဆိုရင် မြင်မကောင်း ရှုုမကောင်းတွေပေါ့…..
    ဒါနဲ. ဇဂါးမစပ် ဒုတိယဘဲကြီးက ဆံပင်စည်းထားတာပါလားအေ့……..

  • Mon Kit

    July 4, 2012 at 12:39 pm

    မြင်လို့မတောင်းပါဘူးချင့်…..:(

  • kai

    July 4, 2012 at 12:47 pm

    အနုပညာကို.. မုဒိန်းကျင့်နေတဲ့ပုံတွေပေါ့..
    ဖေါ်တာလည်းမဟုတ်.. ချွတ်တာလည်းမဟုတ်..
    ဘယ်အဆင့်သတ်မှတ်ရမှန်းမသိ.. ကန့်လန့်လုပ်..ပရိသတ်ကိုစော်ကားထားတဲ့ပုံတွေပါ.

    အနောက်တိုင်းစံချိန်ပါလို့ ပြောရင်.. အနောက်နိုင်ငံသိက္ခာကျနေပါ့မယ်..
    အနိစ္စ…

    • kai

      July 4, 2012 at 1:50 pm

      ကိုယ့်မန်းတာကို.. ပြန်မန်းတာ.. :mrgreen:

      ဆိုတော့..
      မချွတ်ရတော့ဘူလား.. ဆက်စ်စီမလုပ်ရတော့ဘူးလား.. ဖြစ်မယ်..
      လုပ်နိုင်ပါတယ်..။ လုပ်ကြပါစေ.
      ဒါပေမဲ့..
      ဆိုင်ရာကာလံဒေသံနဲ့ပေါ့..

      အဆိုတော်က.. ဆိုင်ရာပုံလေးနဲ့..
      ရုပ်ရှင်မင်းသားက.. မင်းသားအတိုင်းအတာနဲ့..
      ချွတ်ချင်ဖေါ်ချင်တဲ့..မိန်းကလေးကလည်း.. သူ့နေရာနဲ့သူဖြစ်သင့်တာပါ..
      ယူအက်စ်မှာတော့.. ပလေးဘွိုင်းရှိတယ်..။ ပန့်ဟောက်စ်ရှိတယ်..။ လုံးဝဆက်ဆံနေတဲ့ပုံတွေမှ ရိုက်ချင်သပဆိုလည်း.. မဂ္ဂဇင်းတွေရှိပါတယ်..။

      ဆိုင်ရာနယ်ပယ်မှာ..ပရော်ဖက်ရှင်နယ်(ပရို) ဖြစ်ကြစေချင်ပါတယ်..
      ပရိုက..သူ့ပရိုတန်းကို.. စည်းကျော်ရင်.. ပရိသတ်က.. ဒဏ်ပေးသင့်ပါတယ်..

      စကားအတင်းစပ်..
      နာမယ်ကြီးကလည်း.. အိန်အိန်းတဲ့လား.. 😕

      • etone

        July 4, 2012 at 2:01 pm

        အံမယ် .. ဒီမို သဂျီးတောင် ဒီလို ဆိုတော့လည်း … မြန်မာမျက်စိ နည်းနည်း ပြန်ရှိလာပြီ .. အဟိ 😛

        မြန်မာနိုင်ငံမှာ သဂျီးတို့လို ဘလေးဘွိုင်းလိုမျိုးတွေ မရှိသေးတာကြောင့် … အဲ့ဒီဘက်ကို ကူးချင်နေတာတွေ .. မကူးနိုင်ပဲ ကိုးလို့ ကန့်လန့် ဖြစ်နေရတာ ဖြစ်မယ် … ။ မီလီယံဘစ်ဇနက်နော် … အဲ့ဒါမျိုးပြန်လာထုတ်ပါလား … အတော်ရောင်းကောင်းဦးမှာ … 😛 😛

        နာမည်က .. အဲ့လိုရေးထားတာတွေ့တာပဲ … ။အခွေထွက်ဖူးတယ် … တစ်ခွေလား နှစ်ခွေလားပဲ … ။ အတော်သင့်တော့ ပရိတ်သတ် သိလိုက်ပါတယ် … လူကလည်း ငယ်ပါတယ် ။ သီချင်းဆိုတာလည်း ဆယ်ကျော်သက်လေးတွေ သဘောကျတယ် ။ ကတာလည်း အရမ်းတော်တယ် … အန်ဒါဂရောင်းကတာလည်း အရမ်းမိုက်တယ် … ဒါပေမယ့် .. မမိုက်တာကတော့ … ဒီပုံတွေပဲ … 🙄

  • သူရဇော်

    July 4, 2012 at 12:47 pm

    အိတုံရယ် မြင်လို့ကောင်းလားဆိုတော့ ဘယ်လိုပြောရမလဲ……. မြင်လို့ကောင်းပါတယ်ဗျ
    ခိခိ…….ရေငါးခွက်တောင်ကုန်သွားတယ်

  • မမ အညာသူ

    July 4, 2012 at 12:52 pm

    မြင်ကောင်းဝူးးးးး
    မြင်ကောင်းဝူးးးးးး

  • manawphyulay

    July 4, 2012 at 12:53 pm

    သေချာ ကြည့်ထား နောက်ဆို ဂျာနယ်မျက်နှာဖုံးတွေမှာ ဒီလိုပုံတွေ လာမယ်လို့ ဆိုလိုထားတာ ဖြစ်ရမယ်။ မြင်လို့မကောင်းပေမယ့် ကြည့်မိတော့လည်း မြင်လို့ကောင်းသွားပြန်ရော…

  • Rose Minn

    July 4, 2012 at 12:53 pm

    တို့ ဗမာ မော်ဒယ်တွေ sexy လုပ်ချင်ရင် weight ထိန်းသင့်တယ်။ သူများ လိုလိုက်တုမှတော့ သူများလို့ ပြင်းပြင်းထန်ထန် လျှော့ပေါ့ကွယ်။ သူများနိုင်ငံက မော်ဒယ်တွေ က ဘယ်လိုခန္ဒာကိုယ်ဆိုတာ အရင်လေ့လာ ကြည့်သင့်တယ်။ သူများနိုင်ငံက မော်ဒယ်တွေ ဘယ်လို အပြင်းအထန်လေ့ကျင့် ခန်းတွေ လေ့ကျင့်လဲ ဆိုတာ လိုက်လေ့လာ ကြည့်အုံး။ ပြချင်ရင်လည်း လှလှလေး ပြပေါ့ကွယ်။ ပြချင်တာ က လှတာမဟုတ်ပဲ ရွံစရာ။ အခု ဟာက အဆီတထပ်အသားတထပ်။ ဗိုက်ကလည်းပူသေး။ မြင်ရတာ ရွံထှာ အန်ချင်တယ်။ မော်ဒယ်အဆိုတော် ကောင်ကလေး က လည်း အခြောက်လိုလို ဘာလိုလိုနဲ့။ တော်တော်တွဲချင်စရာ။

  • Rose Minn

    July 4, 2012 at 12:54 pm

    တို့ ဗမာ မော်ဒယ်တွေ sexy လုပ်ချင်ရင် weight ထိန်းသင့်တယ်။ သူများ လိုလိုက်တုမှတော့ သူများလို့ ပြင်းပြင်းထန်ထန် လျှော့ပေါ့ကွယ်။ သူများနိုင်ငံက မော်ဒယ်တွေ က ဘယ်လိုခန္ဒာကိုယ်ဆိုတာ အရင်လေ့လာ ကြည့်သင့်တယ်။ သူများနိုင်ငံက မော်ဒယ်တွေ ဘယ်လို အပြင်းအထန်လေ့ကျင့် ခန်းတွေ လေ့ကျင့်လဲ ဆိုတာ လိုက်လေ့လာ ကြည့်အုံး။ ပြချင်ရင်လည်း လှလှလေး ပြပေါ့ကွယ်။ ပြချင်တာ က လှတာမဟုတ်ပဲ ရွံစရာ။ အခု ဟာက အဆီတထပ်အသားတထပ်။ ဗိုက်ကလည်းပူသေး။ မြင်ရတာ ရွံထှာ အန်ချင်တယ်။ မော်ဒယ်အဆိုတော် ကောင်ကလေး က လည်း အခြောက်လိုလို ဘာလိုလိုနဲ့။ တော်တော်တွဲချင်စရာ။ ငါဖြင့် ခေတ်မမှီချင်တော့ ပါဘူးလေ။ 🙂

  • မောင်ပေ

    July 4, 2012 at 12:56 pm

    18+ တွေ ကြည့်ဖြစ်ရင်
    အခုပုံထဲကလို ချက်မှာ ၊ ဟိုနေရာမှာ… ဒီနေရာမှာ…
    “အကွင်းတွေ” ၊ “အသီးတွေ” ဖောက်စွပ် ဖောက်တပ်ထားကြတာ ကို မြင်ခဲ့ဖူးတယ်
    အခုတော့ ကျုပ်တို ့ဆီက မော်ဒယ်တွေလဲ လိုက်လုပ်ကုန်ကြဘီ ဆိုတော့
    အိမ်းးးးးး .. မပြောတတ်တော့ပါဘူး

    • Foreign Resident

      July 4, 2012 at 1:02 pm

      မောင်ပေရေ
      အခုခေတ် သမီးလေးတွေက ၊
      အောက်မှာ နားကွင်း တပ်ရုံမကဘူး ၊
      အနီ အစိမ်းတွေပါ ဆေးဆိုးကုန်ကြပြီ ။
      မယုံရင် OG တွေကို မေးကြည့်ကြ ။

      • etone

        July 4, 2012 at 1:21 pm

        အဲတော့ .. အဘဖော …
        တစ်သက်နဲ့ တစ်ကိုယ် အခုမှပဲ ကြားဖူးတယ် …. ဆံပင်ဆိုးတာပဲ မြင်ဖူးပါတယ် .. အခုလို အနီတွေ အစိမ်းတွေ ဆိုးတာတော့ ပထမဆုံးကြားဖူးတာပါပဲ … ဘယ်သူ့ကို အလှပြဖို့ပါလိမ့် …. ။
        တကယ့်ကို လိုက်မမှီတော့ဘူး … အဘရယ် ….. ။ ခေတ်ဟောင်းမှာပဲ ကျန်နေခဲ့တာပဲကောင်းပါတယ် … 🙄

        • မောင်ပေ

          July 4, 2012 at 1:45 pm

          မအိတုန်ရေ
          နားနဲ ့မနာ ဖဝါးနဲ ့နာပါခင်ဗျား
          ၂၀၁ဝ လောက်က စတာထင်ပါရဲ ့
          နို ့သီးခေါင်း ဆေးဆိုးပေးသည် တို ့ဘာတို ့ညာတို ့
          ခေတ်ပေါ်မဂ္ဂဇင်းတိုင်းမှာ ကြေငြာခဲ့တာတွေ ့ခဲ့ဖူးမှာပါ
          အဘဖောပြောတဲ့ ဆေးဆိုးတယ်ဆိုတာကိုတော့
          အတိအကျ မသိဘူးဖြစ်နေတယ်
          အဘဖောရေ
          ကိုယ်တိုင်ဘဲ လာရှင်းပြလှည့်ပါအုန်းဗျို ့
          ဟီဟိ

        • etone

          July 4, 2012 at 1:55 pm

          အဲ့ဒီလို ကြော်ငြာထားတာတွေတော့မြင်ဖူးပါတယ် … ။
          ဆေးအရောင်သွင်းပြီး ပန်းရောင်လုပ်တယ်ဆိုလား ဘာလားပဲ … ။ သာမန်လူတွေကြားမှာတော့ ရေပန်းမစားဘူး ကိုပေရေ … ။ ဘေးထွက်ဆိုးကျိုးလည်း ရှိတော့ရှိမယ်ထင်ပါရဲ့ ။

          ရန်ကုန်က မြို့လည်ခေါင်မှာ အထွေထွေဆေးခန်း ကြီးတစ်ချို့တွေရှိပါတယ် … အဲ့ဒီမှာ လုပ်ပေးတဲ့ တော်ဝင်နန်းတွင်း မင်းသမီးလေးနာမည်ပေးထားတဲ့ … ဆားဗစ်ကိုကြားရတာနဲ့တင် … ဘယ်လိုပါလိမ့်ဆိုပြီး အူလည်လည်ဖြစ်ဖူးတယ် …. ။ အိမ်ရောက်တော့ ပြန်မေးကြည့်မှ … အဲ့ဒါ ဘာလုပ်တဲ့ ကုသနည်းဆိုတာလည်း သိခဲ့ရတယ် … ။ ကိုယ်မကြားဖူးတော့လည်း အဆန်းပေါ့လေ … ။ 🙄

        • pooch

          July 4, 2012 at 5:20 pm

          အီး … ဟုတ်ပါ့။
          အနီ တွေ အစိမ်းတွေ တဲ့ ။ ခုမှ ကြားဖူးတယ် လိုက်လို့မမှီအောင်ပါပဲ။
          သဘာဝကို လွန်ဆန်ပြီး လုပ်ကြရင်တော့ သက်ဆိုးရှည်မယ် မထင်ပါဘူး။
          သေမထူး နေမထူးဘဝတွေမို့များ ထင်တိုုင်းကြဲနေကြသလား မသိဘူး။

          ခေတ်သိပ်မှီတဲ့ ကိုရီးယားမှာတောင် နာမည်ကြီး 4 minutes အဖွဲ့ထဲက တယောက်ရဲ့ ကကွက်တွေက လွန်တယ်ဆိုပြီး သူတို့ဆီမှာ သိပ်မကြာခင်က ကြေငြာပြီးသားပွဲတပွဲကို ပိတ်ခံရဖူးတယ်။ လေဒီဂါဂါပွဲတွေဆိုလည်း အာရှနိုင်ငံတချို့မှာ ၁၈ နှစ်အထက်မှ ကြည့်ရတာတို့ ပွဲပိတ်ခံရတာတို့ ကြားဖူးတယ်။

      • water-melon

        July 4, 2012 at 6:48 pm

        အနီအစိမ်းကမလှပါဘူး
        ရွှေရောင်လေးဆိုတော်သေး
        အဟီ

  • မဂွတ် ထော်

    July 4, 2012 at 12:58 pm

    ဒီလိုပုံတွေကိုအင်တာနက်တွေပေါ်လျှောက်တင်ကြလို့ပဲ
    လူငယ်တွေပျက်စီးကြ ရိုင်းစိုင်းကြတာများပါတယ်
    တကယ်တမ်းတော့ဒီလိုတွေ မတင်သင့် မလုပ်သင့်
    ဘူးလို့ထင်ပါတယ်
    ကို့မှာ နှမ မရှိတောင် မွေးထုတ်ထားတဲ့ မိခင်ဆိုတာရှိပါ်တယ်
    ကိုယ်ချင်းစာတဲ့စိတ် ရှိရင် ကို့အမေကိုမြင်လိုက်ပါ
    ဒါပဲပြောချင်ပါတယ် …ပြောတာ ရိုင်းရင်ခွင့်လွှတ်ပေးကြပါ

    • etone

      July 4, 2012 at 1:14 pm

      မဂွတ်ထော်ရယ် … အိုးက မပူ စလောင်းက ပူသလို ဖြစ်နေပါပကောလား … ။
      ရိုက်တဲ့ လူကတောင် အရှက်မရှိအရိုက်ခံပြီး ပါ့ဘလစ် လုပ်ထားသေးတာပဲ … တင်တဲ့လူက နှမသားချင်း စာနာရမတဲ့လားဟင် .. ။ ကိုယ်တိုင်တောင် မောင်နှမ ၊ သားမိအတူကြည့်ဖို့ မသင့်တော်အောင် လုပ်ပြနေတဲ့ ပုံတွေကို နှမသားချင်း စာနာခိုင်းတာကတော့ … သူတို့ အမျိုးများ တော်နေသလားလို့တောင် သံသယာဖြစ်မိပါရဲ့ .. ။ 🙄

      ကို့မှာ နှမ မရှိတောင် မွေးထုတ်ထားတဲ့ မိခင်ဆိုတာရှိပါ်တယ်
      ကိုယ်ချင်းစာတဲ့စိတ် ရှိရင် ကို့အမေကိုမြင်လိုက်ပါ
      ဆိုတာကတော့ .. မဆီမဆိုင် ထည့်ရမ်းပလိုက်တာပါပဲ … အမေတွေ နှမတွေ ရှိခဲ့လျှင်တောင် လူရှေ့မှာ လျှပ်ပေါ် လှော်လီ ဖင်ပြခေါင်းပြ မလုပ်ပြခဲ့လို့ ၊ ဓါတ်ပုံ အရိုက်မခံခဲ့လို့ …. နှိုင်းစရာကို မလိုတဲ့ အနေထားပါ ..
      အမေလို ၊ နှမသားချင်းလို .. တန်ဖိုးထား ခံစေချင်လျှင် … တန်ဖိုးရှိအောင် နေပါ … ။
      ဟိုဒင်း ဆန်ဆန် လုပ်ပြလျှင် အဝှာသာသာ အဆင့်တန်းလို့ပဲ .. မျက်စိနဲ့ မြင်ရုံနဲ့ သတ်မှတ်ခံရပါလိမ့်မယ် … ။

      ဖတ်လိုက်ရတဲ့ ကော့မန့်ပေါ်မူတည်ပြီး စာပြန်လိုက်တာမို့ စကားတွေကြမ်းသွားလျှင်တော့ ဆောရီးပါ ။

  • snow white

    July 4, 2012 at 1:12 pm

    ကြည့်ရတာတကယ့်စိတ်ပျက်စရာကြီး သူလည်းနာမည်မတက်ပါဘူး နာမည်ကျနေပါတယ် နာမည်တော့တက်တယ် အိန်းအိန်းsexyလိုင်းဘက်ရောက်သွားပီလို တော်တော်များများပြောနေကျပီလေ အဲ့ဘက်တော့နာမည်ကြီးသွားတာပေါ့။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 1:13 pm

    ဒီလိုပုံစံမျိုးတွေဆိုတာ…
    မကောင်းပါဘူးနော်…
    များသောအားဖြင့်တော့…
    ရိုးရိုးရှင်းရှင်းလေးနဲ့….
    မြန်မာဆန်မှုက….
    သဘာဝအလှဖြစ်ပြီး….
    မြင်သူတကာ အေးချမ်းစေမှာပါ…
    ခေတ်ဆိုတာလည်း ခေတ်ပေါ့နော်..
    လန်းလို့ရပါတယ်..အမြင်မရိုင်းစေနဲ့ပေါ့….။

  • Shwe Yi

    July 4, 2012 at 3:21 pm

    မြင်ကောင်းလား ဆိုတော့ မြင်တဲ့သူတော့ကောင်းတယ်။ မမြင်တဲ့သူမကောင်းဘူး။ ဟီး ဟီး

  • King of Secrets (Bo Min)

    July 4, 2012 at 3:37 pm

    သွားပြီဗျာ၊ ကျွန်တော်တို. လသာ (၁) Central တော့၊ သိက္ခာ အကြီးကြီးကျပါပြီ၊ အဲဒီ ကိုရီးယား စတိုင် သူခိုးကောင်က အနော်တို. ကျောင်းကပါ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ၁ဝ တန်းအောင်သွားတာ။

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 4, 2012 at 4:04 pm

    ကောင်းရင်ကောင်းတယ်မှတ် …. ကောင်းရင်ကောင်းတယ်မှတ် ( စောသက်သီချင်း)

  • kyeemite

    July 4, 2012 at 5:11 pm

    အော်..ကိုယ့်ဘာသာအေးအေးနေပါတယ်..
    ဒေါ်အီးတုံးက တင်လာတော့လဲကြည့်ရတာပေါ့..
    ရောင်းကုန်ဆိုတာ ပြရတယ်လို့ ကြားဖူးပါရဲ့..
    သူတို့ခမျာလဲ ဈေးကောင်းရအောင်ပြတာနေမှာပါကွယ်…
    တို့လို အဖိုးကြီးတွေကတော့..တရားသဘောနဲ့ဘဲရှု့သွားပါသကွယ်..ဂလု..ဂလု..
    ရေလေးတစ်ခွက်လောက်ဗျာ…
    အင်း
    အနိစ္စ အနိစ္စ အနိစ္စ
    အပုတ်ကောင်ကို ရုပ်ဆောင်နေကြတာပါလား..(ကိုဘလက်ပြောတာပါ)
    အင်း..လောကကြီးမလဲ..အဲလိုအပုတ်ကောင်လှလှလေး ရဘို့တောင်မလွယ်ဘူးဗျို့..
    မယုံရင်…ပစ်စလက်ခတ် မျက်ရည် တွေကျနေတဲ့ လူကိုမေးကြည့်…
    အပုတ်ကောင်လှလှမရနိုင်လို့…မျက်ရည်ကျနေရတဲ့ဘဝရောက်နေတာ…

  • woo warr

    July 4, 2012 at 6:39 pm

    အိန်အိန်း ဆိုတဲ့ကောင် မပါရင် ပိုကောင်းပါတယ်…

Leave a Reply