ကျောက်တုံးနဲ့သစ်ပင်ချစ်ခင်တဲ့လူမျိုး…………..

















“ကျောက်တုံးနဲ့သစ်ပင်ချစ်ခင်တဲ့လူမျုးိ”
2010 ခုနှစ်မှာသူတို့ဆီရောက်တော့ လမ်းဘေးပလက်ဖောင်းမှာ သစ်ပင်တွေစိုက်နေတာတွေ့ရပါတယ်။
သစ်ပင်စိုက်တယ်ဆိုတာ ကျနော်တို့ဆီကလိုသစ်ပင်ပေါက်စနလေးကို စိုက်တာမဟုတ်ပါဘူး။
အရွယ်ရောက်ပြီးသားအပင်ကြီးတွေကို ယူလာပြီးစို်က်တာပါ။
ပိန္နဲပင်လေးတစ်ပင်ဆိုရင် အသီးကင်းလေးတောင်ပါလိုက်သေး။
နုတ်လာတဲ့အပင်ဘေးမှာရှိတဲ့မြေကြီးကိုလဲတူးယူလာပါတယ်.။
နောက်တော့အပင်ချစိုက်ပြီး အပင်ကို အဝတ်နက်ကြီးနဲ့ပါတ်ပေးထားခဲ့ပါတယ်။
2012 နောက်တစ်ခေါက်အရောက်မှာတော့ 2010တုံးကအပင်တွေအားလုံးရှင်သန်လို့
အသီးအပွင့်တွေနဲ့မြိုင်ဆိုင်။
(ကျနော်တို့မန်းလေးမှာတော့ ကျွဲဆည်ကန်ဆိုင်ကယ်လမ်းမှာစိုက်ထားတဲ့အပင်တွေက
အပင်ခြောက်တွေဖြစ်လို့သေကုန်တောမြင်ရတော့ ဘာကွာသလဲလို့စဉ်းစားမိပါတယ်)
သူတို့ဆီမှာ နေရာအတော်များများမှာသစ်ပင်တွေနဲ့စိမ်းစို။
သစ်ပင်တွေကိုလဲဂရုစို်က်ကြပါတယ်။
နောက်လမ်းတိုင်းမှာလဲ ပလက်ဖောင်းမှာ သစ်ပင်တွေကအစီအရီ။.
လမ်းကြားမှာဆိုရင် အပင်တွေယှက်နေပုံက မျက်စေ့အေးစရာ။
လမ်းမတန်းမှာတော့ ပန်းခြံကလေးတွေအပင်ပုလေးတွေရှိပြန်ပါတယ်။
နောက်နေရာအနှံ့တွေ့ရတာကတော့ ကျောက်တုံးတွေကို အထိန်းအမှတ်အဖြစ်စိုက်ထားတာပါ။
သေချာတာတစ်ခုတော့ သူတို့လူမျုးိက သစ်ပင်ကိုချစ်ပါတယ်.။
သစ်ပင်စိုက်ရင်း ရာသီဥတုကိုသူတို့ဆီအပါခေါ်ထားလိုက်တော့သာယာတယ်လို့
ဆိုနိုင်ပါတယ်။
သူတို့က ဆိုင်းဘုတ်မထောင်ဘဲ လက်တွေ့ချစ်ပြတတ်ကြတာကိုတော့ အတုယူစရာ။
ကိုပေါက်လမ်းသလားနေသည်
(5-7-2012)
25 comments
surmi
July 8, 2012 at 9:41 am
ဟုတ်မယ်ဗျ တရုတ်ရှေးဟောင်းပန်းချီတွေမှာလဲ ကျောက်တုံးနဲ ့သစ်ပင်တွေ
ဦးစားပေးပုံဖေါ်တာတွေ ့ဘူးတယ်
မောင်ပေ
July 8, 2012 at 9:42 am
ကျုပ် ယောက္ခမ အိမ်ကို ဓါတ်ပုံဝင်ရိုက်ခဲ့တာပါ ကလား
aye.kk
July 8, 2012 at 11:23 am
ကိုပေါက်ရေ…
ဓါတ်ပုံလေးတွေမြင်ရတာ…
သစ်ပင်လေးတွေကစိမ်းစိမ်းစိုစိုလေးတွေနဲ ့…
အဖေ့ကိုပြန်သတိရမိသွားတယ်..
အဖေကသစ်ပင်စိုက်တာအရမ်းဝါသနာပါတာမို ့လေ…။။။
ကိုပေါက်(မန္တလေး)
July 8, 2012 at 6:04 pm
ကျနော်လဲ သစ်ပင်စိုက်တာ ဝါသနာပါ ပါတယ်။
သို့သော် ခြံနဲ့ဝင်းနဲ့ မနေနိုင်သေးဘူး မမအေးရေ။
same kyaw
July 8, 2012 at 11:28 am
ကောင်းတာအတုယူတတ်ရင် ကောင်းပါတယ်။စိမ်းလန်းသော တောအုပ်ကလေးးနဲ့တံတားနဘေး ကဘွန်ဇိုင်းပင်လေးပုံက မျက်စိအေးစေတယ်။အကြိုက်ပုံလေးတွေဘဲ ။အားပေးပါတယ်။
emo lay
July 8, 2012 at 2:27 pm
ကျောက်တုံးပြတိုက်ဖွင့်မလို ့လား။
ကိုပေါက်(မန္တလေး)
July 8, 2012 at 6:05 pm
ဒီကျောက်တုံးတွေက ရောင်းစားလို့ခက်တဲ့ကျောက်တုံးပါ.
လှပပြီးဈေးကွက်ဝင်တာတွေက တင်ပြီးတာ ကြာပေါ့ မအီမိုလေးရယ်
ညလေး
July 8, 2012 at 2:50 pm
အဲ့ကျောက်တုုံးတွေ………ဘယ်ကရလဲသိလား.=??????
ကိုပေါက်(မန္တလေး)
July 8, 2012 at 6:06 pm
အမလေး………………..ဒါများသိပါ့။
မြေကြီးထဲက ရတာလေ.
ဇောက် ထိုး
July 8, 2012 at 3:14 pm
ကျောက်တုန်းနဲ့သစ်ပင် ချစ်ခင်တဲ့လူမျိုး…
သစ်ပင်ကို တော်တော်စိုက်မှ…
မိုးကျလိမ့်ဗျိုး…………..
MaMa
July 8, 2012 at 8:54 pm
စားပင် သီးပင်စိုက်ရတာလည်း ကြိုက်တယ်။
ပန်းပင်စိုက်ရတာလည်း ကြိုက်တယ်။
ကိုယ် စိုက်ထားပျိုးထားလို့ သီးရင် ပွင့်ရင် အရမ်းပျော်ဖို့ ကောင်းတာပဲ။
အရင်တုန်းက အလုပ်မှာ ခေါ်ထားတဲ့ တစ်ယောက်က သစ်ပင်စိုက်ဝါသနာပါလို့….
အဲဒီတုန်းကတော့ အပင်တွေ တော်တော်စုံသွားသေးတယ်။
ခုတော့လည်း မစိုက်တတ်တော့ ကိုယ့်လက်ထဲ ရောက်ရင် တာရှည်မခံတာက များတယ်။
နှင်းဆီပန်းတွေစိုက်ထားတာ တစ်အိုးပြီးတစ်အိုး သေကုန်တာ ၂အိုး လောက်ပဲ ကျန်တော့တယ်။ 🙁
padonmar
July 8, 2012 at 11:06 pm
သစ်တောနဲ့သစ်ပင်ချစ်ခင်တဲ့လူမျိုး
ဆိုတာ ဆိုင်းဘုတ်ထဲဘဲရှိတယ်လို့
တည့်တည့်ကြီးပြောလိုက်လေသလား။
ကိုပေါက်(မန္တလေး)
July 9, 2012 at 8:41 am
မပဒုမ္မာရေ တကယ့်ကို တည့်တည့်ကြီးပြောထားတာပါ
(သူတို့က ဆိုင်းဘုတ်မထောင်ဘဲ လက်တွေ့ချစ်ပြတတ်ကြတာကိုတော့ အတုယူစရာ။)
ဒီလိုလေးရေးထားပါတယ်။
မြန်မာပြည်မှာတော့ ဆိုင်းဘုတ်တွေနေရာတကာမှာတွေ့။
လက်တွေ့တော့မလိုက်နာ။
ပြဘို့မလို လုပ်ဘို့လိုတယ်လို့ ခံစားရပါတယ်။
ဖိုးထောင်
July 9, 2012 at 1:05 am
အနော်က မန့်မလို့ ဦးဦးဇောက်ထိုးက မန့်သွားပြီ
ကျောက်တုံးသစ်ပင် ချစ်ခင်တဲ့ လူမျိုး သစ်ပင်ကိုစိုက် ရွှေထိုက်(ရွှေထိုက်စိုး မဟုတ်ပါ) ကို ထိုး ဟီဟိ
shwe kyi
July 9, 2012 at 11:38 am
လေးပေါက်ရေကြည့်ရတာစိမ်းစိုပြီးအေးချမ်းနေတာပဲ။ အတုယူရမယ် အတုယူရမယ်။
အပြောမဟုတ်လက်တွေ့လုပ်ကြရမယ်။
myanmarcitizen
July 11, 2012 at 2:07 pm
သစ်သောနှင့်သစ်ပင်
ချစ်ခင်တဲ့လူမျိုး
ကျွန်းပင်ဆို အသားကုန်ခုတ်
တောပြုတ်လို့ပြုန်း
အဲ့လိုသာပြောလိုက်ချင်တော့တယ် 🙂
ကိုပေါက်(မန္တလေး)
July 11, 2012 at 2:23 pm
ဝါးပင်တွေလဲရှိတော့ဘူးလေကွယ်…….
နှင်းဆီ ငုံ
July 11, 2012 at 3:19 pm
ဟီးးး သစ်ပင်တွေခုတ်တဲ့သူတွေထဲမှာ ငုံ့အဖေလည်းပါတယ် အဲ့ဒါ အမေ့ကို အဖေကသစ်ပင် တစ်ပင်ခုတ်ပြီးရင် အမေက 10 ပင်ပြန်စိုက်လို့တော့ ပြောထားတာပဲ အဖေခုတ်တာက ငုတို့ အင်ကြင်းတို့ပေါ့ ပြန်စိုက်တော့ ကုက္ကိုပေါ့ အဲ့လိုတော့ကွာသွားတယ် ….
ကိုပေါက်(မန္တလေး)
July 11, 2012 at 9:57 pm
တော်သေးတာပေါ့ မယ်နှင်းဆီရယ် ဆူးပုတ်တို့ ကင်ပွန်းတို့ ပြည်ပန်းညိုတို့ဘဲ ပြန်မစိုက်လို့
ဘာစိုက်စိုက် ကျနော်တို့လိုမြေမရှိလို့မစိုက်တာထက်စာရင်တော်သေးသပေါ့
myanmarcitizen
July 12, 2012 at 5:29 pm
သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်။ တစ်တော့လုံးခုတ် ထောင်မကျဘူး။
ကြောင်လေး
July 13, 2012 at 9:00 am
သစ်တစ်ပင်ခုတ်ထောင်သုံးနှစ်
တစ်တောလုံးခုတ်သူ သူဌေးမြန်မြန်ဖြစ်……….ခွစ်ခွစ်ခွစ်
ko win
July 12, 2012 at 6:35 pm
ဟုတ်ပ။ တစ်တောလုံးခုတ်ထောင်မကျဘူး။ ဒါပေမယ့် ၃x၂ နှစ်ချောင်းသယ်တာ ထောင်ကျတယ်။ တကယ်။
ကိုပေါက်(မန္တလေး)
July 12, 2012 at 10:58 pm
ခိုးကူးခွေဖမ်းသလိုပေါ့။
ဆိုင်ခန်းအပြည့်ငှားဖွင့်တဲ့သူက မပါဘဲ လမ်းဘေးမှာချရောင်းတဲ့သူကပါသွားတာ။
ဒါကြောင့် ဟစ်တလာက ပြောခဲ့ဘူးတယ်၊
လုပ်စရာရှိတာကို ကြီးကြီးကျယ်ကျယ်လုပ်တဲ့
ဟုတ်လားတော့မသိဘူး။
TTNU
July 12, 2012 at 11:34 pm
ကိုပေါက်ရေ…
အင်ကြင်းကျောက်တွေမဟုတ်လား။
ရွှေလီမှာဈေးကွက်ကောင်းနေတယ်လို့ ဂျာနယ်ထဲမှာ
ဖတ်လိုက်ရတယ်။
ကိုပေါက်(မန္တလေး)
July 13, 2012 at 9:23 am
မာမီရေ
ကျနော်တို့ဆီက အင်ကြင်းကျောက်အကြမ်းကို ပြန်အချောကိုင်ပြီးတော့ဆိုင်ပေါ်ရောက်သွားရင်
အရမ်းတန်ဘိုးကြီးသွားပါတယ်