“ချစ် သော ကေ” အ ပိုင်း(၁)
နွေ ဦး ရာ သီ လေး က ၊ အ လွန် ပျော် ရွှင် ကြည် နှူး စ ရာ ကောင်း လွန်း လှ ပါ သည်။
တ ပေါင်း နွေ က အ လွမ်း ဓတ် ခံ ကို အား ဖြည့် လို ့နေ သ ယောင် ယောင် ပင်။
ရွှေ တိ ဂုံ တ ပေါင်း လ ပြည့် နေ ့ ည က ၊ ဘု ရား ဖူး ရန် အ စီ စဉ် ရှိ သ ဖြင့် ပျော် နေ သူ က တော့ ကေ
တ ယောက် ဟု ပြော ရ မည် ဆို လျှင် မှား မည် မ ထင် ပါ ။
အ မြဲ တန်း ရောက် ဘူး သည် ဆို ပေ မဲ့ ၊ တ ပေါင်း လ ပြည့် နေ ့ က ဖူး ခွင့် မ ကြုံ ဘူး သေး ပါ ။ သွား ရ မည် ဆို တော့ ကေ တ ယောက် ရင် တွေ ခုန် ကာ ပျော် လွန်း နေ မိ သည် ။
လူ အုပ် ချင်း ကွဲ သွား နိုင် မည် ကို စိုး သ ဖြင့် ၊ အ ဒေါ် က အ ထပ် ထပ် မှာ နေ ရှာ ပါ သည် ။ လူ ချင်း အ တွဲ မ ဖြုတ် ရန် ။ သေ သေ ချာ ချာ လက် ကို မြဲ မြဲ ကိုင် ဆွဲ ဖမ်း ဆုတ် ထား ရန် ။စိတ် မ ချ နိုင် လွန်း သ ဖြင့် ၊ ပူ ပင် စိတ် လွန် ကဲ မှု တွေ နှင့် အ တူ ၊ အ ဒေါ် က မ လွှတ် ချင် ချင် ဖြစ် နေ ပါ သည် ။
ည နေ ခင်း ထ မင်း စား သောက် ပြီး စီး သည့် အ ချိန် ၊ အ ပြင် ဖက် လှမ်း မျှော် ရင်း ကြည့် မိ တော့ ဗု ဇွန် ဆီ ရောင် တိမ် တောင် ၊တိမ် တိုက် တွေ က မြင် မြင် သ မျှ လှ ပ လွန်း လှ သည် ။ ဒီ အ ချိန် ဆို…..ရင် ပြင် မှာ အ ရမ်း လှ နေ မှာ ဟု စဉ်း စား မိ ရင်း ၊ အ ဒေါ် က ရွှေ တိ ဂုံ စေ တီ အား ၊ ည မှ သာ သွား ရောက် ဖူး မျှော် ရန် ပြော သ ဖြင့် ၊ အိမ် အ ပြင် ဖက် သို ့၊ လှမ်း ငေး မော ကြည့် နေ မိ ခဲ့ ခြင်း ဖြစ် ပါ သည် ။ အောက် ကို ငုုံ ့ကြည့် တော့ ကား သေး ေသေး လူ သေး သေး လေး တွေ ဘဲ လှမ်း မြင် တွေ ့နေ ရ ပြီး ၊တိမ် တွေ က လည်း ကောင်း ကင် ကို ဆေး ပန်း ချီ နှယ် ရေး ခြယ် နေ သ လို ပင် ။ အ ရောင် စုံ တွေ ဖြင့် တောက် ပ နေ တာ ကြည် နှူး ဘွယ် ရာ ကောင်း လွန်း နေ ၍ ၊ ဘယ် ဆီ ကို လွမ်း မှန်း မ သိ အောင် ပင် ၊ စိတ် ခံ စား ရ ပါ သည် ။ အ ချိန် ကို ကုန် အောင် စောင့် နေ ရင်း က ၊ ဘု ရား သွား ဖို ့ အ သင့် ပြင် ဆင် ထား ရန် ၊ အ ဝတ် အ စား လဲ ထား ရန် အ ဒေါ် က လှမ်း ပြော လိုက် မှ သာ အ တွေး ရပ် ပြီး ၊ ကိုယ် လုပ် စ ရာ ကိ စ္စ များ ကို သွား လုပ် လိုက် ပါ သည်။
ဘု ရား သွား မည် ဖြစ် ၍ ၊ အစ် မ ဖြစ် သူ ၏ လုံ ခြည် နှင့် အ င်္ကျီ ကို ကောက် စွပ် နေ မိ ပါ သည် ။ ဘု ရား က စ ကဒ် ဝတ် သွား ၍ မ ဖြစ် ပါ ။ အ ဒေါ် က လည်း ခွင့် မ ပြု ။
ဖက် ဖူး ရောင် လုံ ချည် နှင့် ရေ ခဲ သား အ င်္ကျီ ဝါ နု နု အ ပေါ် တ ပိုင်း က ဇာ အ ဝါ နု ရောင် ၊ ရင် ပတ် ဖြတ် ဆက် က လေး ကို သာ ကောက် ဝတ် လိုက် ရ ပါ သည် ။ တော် သော အ င်္ကျီ က တ ထည် မျှ ပင် မ ရှိ ။ အစ် မ ၏ အ ကျဉ်း ဆုံး ဖြစ် သည့် အ င်္ကင်္ျီ ၊ ကိုယ် နှင့် တော် သည့် အ င်္ကျီ ကို သာ ယူ ပြီး ကောက် စွတ် လိုက် ရ သ ဖြင့် ၊ အ ဒေါ် က ၊ ကေ့ အား ဘု ရား သွား တာ လုံ လုံ ခြုံ ခြုံ မ ရှိ ဟု ဆို ပြီး လှမ်း မြင် ပြီး ဆူ ပါ သည် ။ ဘု ရား သွား ချင် သည့် စိတ် က လည်း တား ဆီး မ ရ ပါ ။ ဝတ် ၍ တော် သည့် အ င်္ကျီ က လည်း တ ထည် မျှ မ ရှိ ။ အ ခု ဝတ် ရ သည့် အ င်္ကျီ က လည်း ၊ ကေ လုံး လုံး ကြည့် မ ရ သည့် အ ကျင်္ီ ၊ အ လွန် မုံး သည့် အ င်္ကျီ တ ထည် ပင် ။
ထို အ ကျင်္ ီကို အစ် မ ဝတ် တာ မြင် တုံး က ဆို လျှင် ၊ မိ ဘ နှင့် တိုင် ပြော ပြီး တစ် ချိန် လုံး ကဲ့ ရဲ ့နေ တတ် သည့် အ င်္ကျီ တ ထည် ပင်။ ဘု ရား လိုက် ချင် သ ဖြင့် ၊ မ သက် မ သာ ၊ မ တတ် သာ တော့ ဘဲ ထို အ င်္ကျ ီ ကို သာ ၊ ကေ ဝတ် ပြီး လိုက် ခဲ့ ရ ပါ တော့ သည် ။
အ ဒေါ် က ဘု ရား ဆီ မီး ထွန်း ပူ ဇော် ရန် မြေ ခွက် လေး များ ၊ မြေ ခွက် ထဲ တွင် ထည့် ထွန်း ရန် ဖ ရောင်း တိုင် များ ။ ဂြိုလ် သက် မွေး နေ ့ များ မေး ပြီး ၊ ကိုယ် တိုင် ထွန်း ညှိ မီး ပူ ဇော် ရန် ၊ အ သေ အ ချာ ရေ တွက် ၍ ထည့် ပေး လိုက် ပါ သည် ။
မ ဝတ် ဘူး သည့် အ င်္ကျီ ၊ ကို ဝတ် ပြီး လိုက် ခဲ့ ရ သည့် စိတ် ဒုက္ခ ။ ယောက် ကျား လေး ရှပ် အ င်္ကျီ သာ အ ဝတ် များ ပြီး ၊ မိန်း မ ဝတ် ဘ လောက် စ် အ င်္ကျီ က မ ရှိ ။ ရှိ တာ ဝတ် ပြီး လိုက် ခဲ့ ရ သည့် ကေ ၏ စိတ် ဆင်း ရဲ မှု ကား ဖော် ပြ လို ့ပင် မ တတ် စွမ်း သာ နိုင် တော့ ပါ ။
ခက် သည် က ၊ အ ဒေါ် က သူ ၏ သား ဖြစ် သူ နှင့် သား ချွေး မ ထည့် ပေး ပြီး ခါ မှ အ လည် ရောက် နေ သည့် တူ တော် မောင် ပါ လိုက် ခဲ့ ချင် သည် ဟု တောင်း ဆို မှု အ ရ ထည့် ပေး ပါ သည် ။
အ ဒေါ် က..
ပြော ပြော ဆို ဆို ဖြင့်….အား လုံး က မာင် နှ မ တွေ ဘဲ ၊ နယ် က ရောက် နေ သူ တော သူ စစ် စစ် ကေ က တော့ ဘယ် မှ မ သွား တတ် ၊ မ လာ တတ် ပျောက် သွား လို ့ က တော့ မ ဖြစ် ။ သူ ့ အ ဖေ ကို တော့ ငါ ကြောက် သည် ဟု ပြာ ပါ သည် ။ ကေ့ အား ကြည့် ပြီး ၊ အစ် ကို တွေ လက် ကို သေ သေ ချာ ချာ ဖမ်း ဆုတ် ပြီး ဆွဲ ထား နော် ။ လက် ကို မ လွှတ် နှင့် ဟု ပြော ပါ သည် ။ ချွေး မ ဖြစ် သူ (၉) လ အ ရွယ် က လေး ကို ပါ ၊ ဘု ရား ခေါ် သွား ချင် သည် ဟု တောင်း ဆို ခဲ့ သ ဖြင့် ၊ ချွေး မ က က လေး တ ဖက် နှင့် ဖြစ် နေ ၍ မောင် ဝမ်း ကွဲ တော် သူ ထံ ၊ ကေ့ အား လက် ဆွဲ ထား ထား ရန် ၊ တ ပေါင်း လ ပြည့် နေ ့ ဖြစ် ၍ ဘု ရား မှာ အ နယ် နယ် အ ရပ် ရပ် က ဆင်း လာ ကြ ပြီး ၊ ဆီ မီး တစ် ထောင် ပူ ဇော် ထွန်း ညှိ ကြ သ ဖြင့် လူ က ကြက် ပျံ မ ကျ စည် ကား သိုက် မြိုက် နေ မည် ဖြစ် ၍ ကေ့ အား မ ပျောက် အောင် လက် ဆွဲ ထား ဟု တာ ဝန် ပေး ပါ တော့ သည် ။
ကေ က အ င်္ကျီ နှင့် အ နေ ရ ခက် နေ သည် က တစ် မျိုး ၊ ကိုယ် နှင့် က အ ဒေါ် နှင့် ဘဲ ပတ် သက် သည် ။ အ ဒေါ် ယော က်ျား ဘက် က တော် သူ တူ နှင့် က ဘာ မျှ မ ပတ် သက် ။ တစ် ပူ ပေါ် တစ် ပူ ဆင့် ၍ စိတ် ညစ် နေ သူ က ကေ ဖြစ် ပါ သည် ။ ပေါက် သည့် န ဖူး မ ထူး တော့ သည့် အ တူ တူ ၊ လိုက် ချင် တုံး က တ ကဲ ကဲ ၊ နန်း မ တော် မယ် နု ထက် သဲ ဆို သ လို ၊ အ မျိုး မျိုး ဝေ ဖန် ခံ ရ မည် စိုး ၍ လိုက် ခဲ့ မိ ပါ တော့ သည် ။
ဖူး မျှော် ချင် ခဲ့ သည့် ရွှေ တိ ဂုံ အား လှမ်း မြင် ရ သည့် ခ ဏ ၊ စိတ် ဆင်း ရဲ မှု တို ့ အ ဝေး သို ့ လွင့် စင် ထွက် ပြေး ကွယ် ပြောက် သွား ခဲ့ ပါ သည် ။ တန် ခိုး ကြီး လှ သည့် မြတ် ရွှေ တိ ဂုံ အား လှမ်း မြင် မြင် ချင်း ပင် ၊ လက် စုံ ဆယ် ဖြာ လက် အုပ် ချီ လျှက် က အ ဝေး မှ ပင် အ ရင် လှမ်း ဖူး လိုက် မိ ပါ သည် ။
အ ဒေါ် ချွေး မ က ပါး စပ် မှ ရုတ် တ ရက် နှုတ် သ ရမ်း လိုက် ခါ ။ ငါ့ မောင် က ဘု ရား ဖူး ချင် တာ မှ ဟုတ် ရဲ ့ လား ။ ဘု ရား ဖူး ရင်း လိတ် အု ပါ တူး မ လို ့ လား ဟု မ ထင် မှတ် ဘဲ ပြော လိုက် သော စ ကား ကြောင့်။ အစ် ကို မှ သူ ့ မိန်း မ အား လွန် စွာ ဒေါ ကန် သွား ပါ သည် ။ သူ ့မိန်း မ အား ဒေါ သ ဖြင့် လှမ်း ကြည့် ရင်း နှင့် မင်း ကို ဒီ လို မိန်း မ စား မျိုး လို ့ အစ် ကို လုံး ဝ မ ထင် မှတ် ထား မိ ဘူး ဟု ပြော ပါ သည် ။
အစ် ကို မိန်း မ လည်း ပါး စပ် ပိတ် ရက် ဖြစ် သွား ခဲ့ ရ ပါ တော့ သည် ။ အား လုံး လည်း ဓါတ် လှေ ခါး တွင် စီး ရ တော့ မည် ဖြစ် ၍ လူ အုပ် ထဲ တွင် တိုး ဝှေ့ ယင်း နှင့် ပင် ၊ နှစ် ခြမ်း ကွဲ သွား ပါ သည် ။ ဓါတ် လှေ ခါး ထဲ အ ရောက် တွင် တော့ ၊ အ ဒေါ် တူ က ကေ့ အား မ ထင် မှတ် ပဲ ရင် ခွင် ကြား ထဲ ဆွဲ သွင်း လိုက် ပါ သည် ။ အ ခြား လူ များ နှင့် ထိ မိ သွား မှာ စိုး ၍ ဟု ပြော ပါ သည် ။ ကေ့ အား ရင် ပတ် ကြီး ဖြင့် မိုး ပြီး ၊ လူ အ များ နှင့် မ ထိ မိ စေ ရန် ကာ ထား ပေး ပါ သည် ။ ကေ က လည်း လူ အ များ ကြား ညှပ် နေ ခါ လှုပ် ၍ ပင် မ ရ တော့ ပါ ။ တစ် ခါ တစ် ခါ အ ဒေါ် ၏ တူ ၊ မျက် လုံး များ အ ကြည့် က ကျ ရောက် လာ ခါ ၊ ရ ရဲ ့လား ဟု တော့ မေး ပါ သည် ။
ကေ က ပြန် ဖြေ မည့် စ ကား မ ရှိ ပါ ။
ဘု ရား ဖူး ချင် သည့် ၊ စိတ် ဒု က္ခ ဖြစ် ပါ သည် ။
ဓါတ် လှေ ခါး ဖွင့် ဖွင့် ခြင်း ပင် ၊ လက် နှင့် ကေ့ အား ဖမ်း ဆုတ် ထား လျှက် က လမ်း လျှောက် ယင်း နှင့် ပင် ဘု ရား ရင် ပြင် သို ့ ရောက် လာ ကြ ပါ သည် ။
လ က်ျာ ရစ် တ ပါတ် ပတ် ပြီး မှ ၊ မွေး နေ ့ နံ ဂြိုလ် ခွင် အ ရပ် ၌ ဆီ မီး ထွန်း ညှိ ပူ ဇော် ခဲ့ ယင်း ။ ထို နေ ့ က အိမ် ပြန် ရောက် တော့ မော မော နှင့် အိပ် ပျော် သွား ပါ သည် ။ အိပ် မ ရ သူ က တော့ အ ဒေါ် ၏ တူ ပင် ဖြစ် ပါ သည် ။ အ ဒေါ် က ကေ့ ဓါတ် ပုံ အ လှ များ အား အ တော် များ များ ကို ကေ့ အ ဖေ က ပေး ထား သည် ကို ၊ ကေ က လုံး ဝ မ သိ ရှိ ထား ပါ ။ အ ဒေါ် တူ က ဓါတ် ပုံ များ ကို မ မျှော် လင့် ထား ပဲ နှင့် ဘီ ဒို ထဲ ရှိ အ င်္ကျီ အား အ ဒေါ် မှ ယူ ခိုင်း ခဲ့ သ ဖြင့် ဓါတ် ပုံ များ ထွက် ကျ လာ ခါ ၊ တွေ ့ မြင် သွား ယင်း ၊ အ ဒေါ် အား အစ် အောက် ပူ ဆာ ခါ ၊ ထို ည က မ ရ မ က မေး မြန်း ခဲ့ သည် ဟု ပြော ပြ ပါ သည် ။
အ ဒေါ် က မ တတ် သာ သည့် အ ဆုံး ဖွင့် ဟ ခါ ပြော ပြီး ၊ ပါး စပ် ပိတ် ထား ခိုင်း သည် ကို ကေ သိ လိုက် ရ ပါ သည်။
ဓါတ် ပုံ များ တွေ ့ ရ စဉ် က ၊ လွန် စွာ အံ့ အား သင့် လျှက် ကြက် သေ သေ သွား မိ ခဲ့ သ လို ဖြစ် သွား ခဲ့ သည် ဟု အ ဒေါ် ၏ တူ က ပြော ပြ ပါ သည် ။ ကေ နှင့် အ ဒေါ် တူ တို့ နှစ် ယောက် က ၊ တစ် အိမ် ထဲ တွင် မ ထင် မှတ် ဘဲ လာ ဆုံ ကြ ပါ သည် ။
မ နက် ရောက် တော့ ၊ အ ဒေါ် က မ နက် ခင်း စား ရန် ကော် ဖီ မုန် ့ကျွေး တော့ ။ အ တူ ဆုံ ကြ ပါ သည် ။ မ နက် ခင်း အ ဒေါ် တို ့ မိ သား စု က ဝန် ထမ်း တွေ ဆို တော့ ကိုး နာ ရီ ထိုး အ ပြီး ၊ အ သီး သီး ရုံး သွား သ ဖြင့် အိမ် မှာ နှစ် ယောက် သား အိမ် စောင့် ဖြစ် မှန်း မ သိ ဖြစ် ခဲ့ ကြ ပါ သည် ။ ဖတ် စ ရာ များ ဂျာ နယ် ၊ သ တင်း စာ ၊ ဝထ္ထု စာ အုပ် များ အ ပြင်း ပြေ ဖတ် ရန် မ နက် ထဲ က အ ဒေါ် က စား ပွဲ ပေါ် တွင် လာ ချ ထား ပေး ခဲ့ ပါ သည် ။
အ ဒေါ် တူ က တော့ စစ် တု ရင် သွား ရှာ လာ ခဲ့ ခါ ၊ စစ် တု ရင် ဆော့ ရန် အ ဖော် ညှိ ပါ တော့ သည် ။
ကေ က လည်း စစ် တု ရင် ဝါ သ နာ အိုး ဆို တော့ အ ဖော် ညှိ ဖို ့မ လို ။ နှစ် ယောက် သား ရှုံး သည့် သူ က န ဖူး ထိတ် အား လက် နှင့် တောင့် ကြေး ဆို ခါ က စား ကြ ပါ တော့ သည် ။ မ ဆော့ ခင် တော့ နာ မည် မေး ကြ ၊ မိတ် ဖွဲ ့ ကြ နှင့် လိပ် စာ တွေ အ သီး သီး မေး ကြ ရင်း…..၊ အ ဒေါ် တူ က အ ရင် မေး ပါ သည် ။
နာ မည် ဘယ် လို ခေါ် လည်း ဟင်…
“ကေ”..ပါ။
တ ကယ် လား ဟု ထပ် မေး ပါ သည် ။
အိမ် က ပေး ထား သည့် နာ မည် မ ဟုတ် ။ အိမ် က ပေး သည့် နာ မည် က ရုပ် ဆိုး သည် ။ ကိုယ့် ဘာ သာ ကိုယ် ကြိုက် ၍ ပေး ထား တာ ဟု ဖြေ မိ ပါ သည်။
ဒါ ဆို ရင် ကို ့ နာ မည် လည်း ပြော ပြ ဦး လေ….။
ကိုယ့် နာ မည် က“သု ခ” ပါ ။
“သု ခ” ……နှစ် လုံး တည် လား ။
ဒု က္ခ ရဲ ့ ဆန် ့ ကျင် ဖက် ပေါ့ ၊နာ မည် က လှ တယ် နော် ၊ ယုံ စေ ချင် ရင် ၊ မှတ် ပုံ တင် ပြ လေ ၊ ပြ မှ ယုံ မယ် ဟု အစ် ကို သု ခ အား စ နောက် မိ လိုက် ပါ သည်။
အစ် ကို သု ခ က တော့ ၊ တ ကယ် ထင် မှတ် သွား ခါ ၊ မှတ် ပုံ တင် သွား ယူ လာ ပြီး ၊ ထုတ် ပြ ခဲ့ ပါ သည် ။
ဒါ ဆို နာ မည် အ စစ် က “သု ခ”ပေါ့ နော် ။ ကာ ရံ ညီ သွား အောင် ၊ ဦး ဘ ချစ် ရဲ ့ ချစ် ဒုက္ခ တော့ မ ဖြစ် စေ နဲ ့ ဦး နော် ဟု နောက် လိုက် မိ ပါ သည် ။ နှစ် ဦး သား လည်း သ ဘော ကျ စွာ ဖြင့် ပင် ပြိုင် တူ ရယ် မော လိုက် မိ ကြ ယင်း….။
အ ဒေါ် နေ ့ ခင်း ရုံး ဆင်း ပြန် လာ ချိန် အ ထိ ၊ နှစ် ယောက် သား စစ် တု ရင် ထိုင် ဆော့ နေ ကြ ပါ သည် ။ သူ ရှုံး လိုက် ကိုယ် နိုင် လိုက် နှင့် နှစ် ယောက် သား န ဖူး ပြင် တွေ ရဲ ရဲ နီ တွတ် သွား ကြ ပါ သည် ။ န ဖူး ပြင် အား ၊ အား မ နာ တမ်း တောက် ခဲ့ ကြ ခြင်း ဖြစ် ၍ ၊ နှစ် ဦး သား လုံး ၏ ၊ န ဖူး များ ကျိန်း စပ် ကုန် ကြ ပါ သည် ။
နေ ့ ခင်း အ ဒေါ် ရောက် လာ တော့ ထ မင်း ပြင် ကျွေး ခဲ့ ပါ သည် ။
ထ မင်း စား ပြီး ချိန် ၊ အစ် ကို သု ခ က၊ ရုတ် တ ရက် ခ ဏ ပျောက် သွား ပါ သည် ။
အ ဒေါ် ရုံး မ ဆင်း ခင် ၊ လေး နာ ရီ မ တိုင် မီ လေး တွင် ၊ ဓါတ် ပုံ လေး တ ပုံ အား ၊ မှန် ဘောင် အ ဝိုင်း လေး ပြု လုပ် ပြီး ၊ ယူ လာ ပြ ပါ သည် ။ ဘယ် သူ ့ ပုံ လည်း သိ ချင် လား ဟု မေး ပါ သည် ။ မှန် အောင် ပြော နိုင် ရ မယ် ဟု ဆို ပါ သည် ။
ကို သု ခ က ..
ကေ့ အ ကြိုက် လိုက် ခါ ၊ ကေ လို ့ဘဲ ခေါ် ပါ သည် ။
ကေ က တော့ သူ ့ ကို အစ် ကို သု ခ ဟု သာ သုံး နှုံး မိ ပါ သည် ။
အစ် ကို သု ခ တ ယောက် ပျောက် သွား တာ ၊ ဘာ လုပ် နေ လည်း မှတ် တယ် ။ ကြိုး စား ပမ်း စား ဓါတ် ပုံ မှန် ဘောင် အ ဝိုင်း လုပ် ပြီး ၊ ဓါတ် ပုံ ထည့် နေ တာ ကိုး …ဟု ပြော မိ လိုက် ပါ သည် ။
အစ် ကို သု ခ က….
မှန် အောင် ပြော နိုင် လျှင် ပေး မည် ဟု ပြော လျှင်…..
ပ ဟေ ဠိ လုပ် နေ ပြန် ပါ ပြီ …
ကြည့် ချင် သည် ဟု ပြော ပြီး ၊ အစ် ကို သု ခ လက် ထဲ မှ အ တင်း ဆွဲ လု ရာ ၊ အစ် ကို သု ခ က လည်း အိမ် ထဲ ရှိ ဧည့် ခန်း အ တွင်း လှည့် ပတ် ပြေး ပါ တော့ သည် ။
မ မျှော် လင့် ပဲ နှစ် ယောက် သား တူ တူ ပုန်း တမ်း ဆော့ နေ သည် နှင့် တူ နေ ပါ တော့ သည်။ ပြေး သူ က ပြေး ၊ လိုက် သူ က လိုက် နှင့် နှစ် ယောက် လုံး ချွေး များ ရွှဲ ရွှဲ စို နစ် ကုန် ပြီး ၊ နှစ် ဦး လုံး မော ဟိုက် ကြ လျှက် က ၊ ဟော ဟဲ ဟော ဟဲ နှင့် အ သံ များ ထွက် သည် အ ထိ ပင် ။ နှစ် ယောက် သား ဆက် မ ပြေး နိုင် တော့ မှ သာ ၊ ဆက် တီ ထိုင် ခုံ တွင် ဝင် ထိုင် လိုက် ကြ ရ ပါ သည် ။
ဆက် တီ ခုံ လေး တွင် နှစ် ယောက် သား ထိုင် ရင်း က ၊ အစ် ကို သု ခ မှ ချွေး များ သုတ် ရန် သ ဘက် တ ခု ထ ယူ ပေး ပြီး ၊ ချွေး များ သုတ် ပစ် ခိုင်း ပါ သည်။
ခ ဏ အ ကြာ တွင် ၊ အစ် ကို သု ခ က ….စ ကား စ လာ ပါ သည်။
မှန် အောင် မ ပြော နိုင် ပါ က ခိုင်း သည့် အ တိုင်း လုပ် ရ မည် ဟု ဆို ပါ သည် ။
ကေ က လည်း မောင် ရင်း နှ မ ၊ အစ် ကို ရင်း ညီ အစ် မ ရင်း စိတ် ထား နိုင် လျှင် လုပ် မည် ဟု ပြော ပြ မိ ပါ သည် ။
ကေ က မှန် အောင် မ ပြော နိုင် ၍ ရှုံး သွား ပါ သည် ။
အစ် ကို သု ခ က ၊ ကေ့ အား မျက် စေ့ မှိတ် ထား နော် ဟု….ပြော ပြီး ၊ စက္ကန့် မျှ ပင် မ ရှိ သည့် လျှင် မြန် ခြင်း နှင့် အ တူ ၊ ကေ့ န ဖူး ပြင် အား တ ချက် မျှ နမ်း လိုက် ပါ သည် ။
ရုတ် တ ရက် အ ငိုက် မိ သွား သည့် သူ က….. ကေ ဖြစ် ပါ သည် ။
ဘယ် နေ ရာ မ ဆို သိ ချင် နေ သည့် ကိစ္စ ၊ တန် ဘိုး ကြီး စွာ ပေး ဆပ် လိုက် ရ သည် ဟု ထင် ပါ သည် ။
ဓါတ် ပုံ က ထင် မ ထား သည့် ၊ ကေ့ ပုံ ဖြစ် နေ ပါ သည် ။
အံ့ အား သင့် စွာ ဖြင့် ၊ ကို သု ခ အား မေး မိ ပါ သည် ။
ကို သု ခ က …..
ဒီ ဓါတ် ပုံ က ဘီ ဒို အံ ဆွဲ ဖွင့် ရင်း အောက် ကို လျှော ကျ နေ ခဲ့ တာ ။ အ ဒေါ် အား ပြန် မ ပေး ပဲ လှ လွန်း သ ဖြင့် သိမ်း ထား ခဲ့ မိ သည် ဟု ဝန် ခံ ပြီး ကေ့ အား ပြော ပြ ခဲ့ ပါ တော့ သည် ။ အ ရင် က လည်း ဓါတ် ပုံ တွေ ထဲ မှာ အ ရမ်း ရင်း ရင်း နှီး နှီး မြင် ဘူး နေ မိ သည် ဟု လည်း ပြော ပြ ပါ သည်။
ဓါတ် ပုံ နောက် ကျော မှန် အ ဝိုင်း နောက် က ၊ သ တ္တှု အ ပါး ကပ် ထား ပြီး နောက် ကျော တွင် နာ မည် လေး ရေး ထိုး ထား ပါ သည်။
“ချစ် သော ကေ” စာ လုံး လေး သုံး လုံး မျှ ပင် ဖြစ် ပါ သည် ။ တ သက် လုံး သိမ်း ထား မည် ဟု ဆို ပါ သည်။
ကေ မှ လည်း အစ် ကို သု ခ နော် ။ စ ကား နောက် တ ရား ပါ ။
မ နက် က ပဲ ပြော နေ သေး တာ နော် ။ သု ခ မ ဖြစ် ပဲ ၊ ဦး ဘ ချစ် ရဲ ့ ချစ် ဒုက္ခ တ ကယ် ဖြစ် သွား မှာ နော် ဟု ၊ အ တည် ပေါက် နှင့် ပင် ထပ် မံ ပြော ပစ် ခဲ့ လိုက် မိ ပါ သည် ။
8 comments
flamingo
July 5, 2012 at 6:30 am
အမရေ…အမရဲ့ ပို့စ်အားလုံးကဖတ်လို့ကောင်းတယ်ဗျ…ကျွန်တော်လဲyahoo game မှာ
အမြဲ chess ထိုးတယ်ဗျ…
ကိုရင်မောင်
July 5, 2012 at 8:41 am
ပြန်မရနိုင်တော့တဲ့ငယ်ငယ်က ကြည်နူးဘွယ်
အဖြစ်လေးတွေ…..
ပြန်သတိရမိတော့လွမ်းမောဘွယ်ဖြစ်ရပြန်တာပေါ့လေ…
အားပေးသွားပါတယ်….
ငယ်ငယ်ကအငေးလွန်လို့ ဓါတ်တိုင်ဝင်တိုက်မိတာ
…ပြန်သတိရမိတယ် အေကေကေရေ….
မောင်ပေ
July 5, 2012 at 9:44 am
ခကေ
ခေက
ဘဝတွေ
ဘဝေတွ
လှပေ
လှေပ
ko ko
July 5, 2012 at 12:16 pm
နောက်ထပ် အပိုင်း တွေ ထပ်တင်ပေးပါဗျို ့….
Ma Ei
July 5, 2012 at 12:32 pm
အေးရေ…
တစ်ကယ့် အဖြစ်လေးလား…
ဝတ္ထုဆန်လိုက်တာနော်…
လှလှပပလေးပါဘဲ…
MaMa
July 5, 2012 at 11:17 pm
မအေးရေ-
ဆက်ရန်ရှိသေးတယ် ထင်တယ်နော်။
စစ်တုရင် ထိုးတဲ့သူ၊ ဝါသနာပါတဲ့သူတွေက အင်မတန် ဉာဏ်ကောင်းကြတယ်။
အိမ်မှာလည်း မောင်လေးက အရမ်းဝါသနာပါတယ်။
သူနဲ့ကစားမယ့်သူမရှိလို့ အမတွေကို အတင်းခေါ်ပြီး ကစားတယ်။
ကျမကတော့ ခေါင်းမနိုင်လို့ လုံးဝ ဝါသနာမပါဘူး။
အဲဒါ ကစားနိုင်တဲ့ အမငယ်ကို တစ်ပွဲကစားရင် ၅ကျပ် ၁ဝ ကျပ် ပေးပြီး ကစားကြတယ်။ 😀
pooch
July 6, 2012 at 12:06 am
အန်တီအေး ရေ ငယ်သူတို့အချစ်မို့ ငယ်သူမို့ မသိပါဆိုတဲ့ ကားလေးကို သတိရမိတယ်။
ချက်ကတော့ ခုထိ မကစားတတ်ဖူး။ တခါလောက်တော့ ကစားဖူးချင်တယ်။ သူများတကာတွေ ကမာ္ဘ့ စစ်တုရင်ပြိုင်ပွဲတွေ ဘာတွေ လုပ်နေတာ တီဗွီမှာ လာရင် ဘာတွေ ရွှေ့နေမှန်း မသိလို့ ။ သူတို့ကတော့ သဲကြီး မဲကြီး ရွှေ့နေကြတာ။ ကြည့်ရတာ ကျမက ဉာဏ်မကောင်းလို့ ထင်ပါရဲ့။ 😀
ဆက်ရန်တွေ မျှော်နေပါတယ်။
အရီးခင်လတ်
July 6, 2012 at 5:05 am
အစ်မအေး ရေ
ဇာတ်လမ်းလေး ကို မျက်စိ ထဲမြင်သာအောင် ရေးနိုင်တယ်။
အဝတ်အစား ဆို အရောင်လေးတွေပါ တွဲမြင်နိုင်တယ်။
အစ်မ ဘဝ က သိပ်ပျင်းဖို့ ကောင်းတဲ့ ပုံမပေါ်ခဲ့ဘူး။
အားလုံးမှာ စိတ်ဝင်စား စရာတွေချည်းဘဲ။
နောက်လာမဲ့ အပိုင်း ကို စောင့်နေပါတယ်။ 🙂