Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လယ်တောသူအလှမယ် (Miss Farmer Contest) ပြိုင်ပွဲကျင်းပမည်

manawphyulayJuly 5, 20121min78220

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း
လယ်တောသူအလှမယ် (Miss Farmer Contest) ပြိုင်ပွဲကျင်းပမည်
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၏ ပထမအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီ အစည်းအဝေး အထိမ်းအမှတ်အဖြစ် လယ်တောသူအလှမယ် (Miss Farmer Contest) ပြိုင်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်သည်။
နေ့ရက် – ၁၅၊ ၇၊ ၂၀၁၂ (တနင်္ဂနွေနေ့)
အချိန် – မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ
နေရာ – မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ
မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ပဏာမမယ်ရွေးပွဲကို ဇူလိုင် ၆ ရက် (သောကြာနေ့) မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ ပန်ဒါဟိုတယ်တွင်ကျင်းပမည် ဖြစ်သည်။
ပြိုင်ပွဲတွင် ပထမဆု ကျပ် (၁၀) သိန်း၊ ဒုတိယဆု ကျပ် (၈) သိန်း၊ တတိယဆု ကျပ်(၆) သိန်းနှင့်အတူ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီး သွားရောက်ခွင့်ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်များအား နှစ်သိမ့်ဆုများနှင့်အတူ အခြားဆုများကိုလည်း ချီးမြှင့်မည် ဖြစ်သည်။
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း
ဖုန်း – ၂၁၈၂၆၆၊ ၂၁၈၂၆၇၊ ၂၁၈၂၆၈၊ ၂၃၀၁၁၂၈၊ ၂၃၀၁၁၂၉

20 comments

  • စိန်ဗိုက်ဗိုက်

    July 5, 2012 at 3:06 pm

    လယ်တောသူအလှမယ်ဆိုတော့..
    စဉ်းစားရခက်သား..လယ်တောသူအတော်များများက လယ်ကွင်းထဲဆင်း နေပူမိုးရွာလေတိုက်ခံပြီး ဆင်းနေရတာဆိုတော့..
    သဘာဝအလှကိုရွေးမှာလား..လူအလှကို ရွေးမှာလား….ဘာကိုရွေးမှာလဲ
    အင်း..
    အဲဒါတော့ ကိုယ်တိုင် ဝင်ပြိုင်ကြည့်မှ သိပေမပေါ့လေ..

    စာရင်းသွားပေးဦးမယ်..
    စီနီယာ နံပတ်တစ် ဒေါ်စိန်ဗိုက်
    စိတ်ကြီး ခနောင်တို ကျေးရွာ
    ဂိန်

  • ko win

    July 5, 2012 at 3:21 pm

    တီဗိုက်..သွားမပြိုင်နဲ့လေ။ လယ်တောသူလေးတွေကို အခွင့်အရေးပေးလိုက်ပါ။
    နော်…..နော်လို့…

    • စိန်ဗိုက်ဗိုက်

      July 5, 2012 at 3:35 pm

      အို.
      ကျုပ်က ဂယ်ထင်ပြီး ထမိန်တောင် ခါးတောင်းကျိုက်ပြီးဘီ..
      စိတ်ကြီးဒယ်နော်..ဟင်း.ဟင်း..
      မနဲပြန်လျှော့လိုက်ဦးမယ်..
      ထမိန်နဲ ့စိတ်ကို..
      တိန်..

      • ko win

        July 5, 2012 at 3:44 pm

        ဟော..ဟော…လျော့သွားဘီ…လျော့သွားဘီ။
        ခွက်ထဲက။
        နော့်တွက်တောင် ချန်ဘူး။ ဟင့်…

  • mayjuly

    July 5, 2012 at 3:40 pm

    အော် MG မှာလားလို့ ပြိုင်မလို့ ..

    😀

  • Khaing Khaing

    July 5, 2012 at 3:41 pm

    ဒါဆို ကိုMလုလင်တို့ကိုလက်တို့မှပဲ ……… သူတို့အတွက်အခွင့်အလမ်းကောင်းတစ်ခုပါပဲ …….

  • ho leo

    July 5, 2012 at 3:45 pm

    လယ်တောသူတွေဆိုတော့ မြန်မာလူမျိုးစစ်စစ်တွေဗျ
    တော်တော်လှမယ်ထင်တယ်
    သနပ်ခါး ပါးကွက်ကြား၊ ထမီတိုတိုကို ဝတ်၊ အနွေးထည်နဲ့ဆိုတော့
    fashion ကလည်းမိုက်မယ်။
    ငွေကြေးအကုန်အကျလည်းမယ် ဆိုတော့တကယ်လို့ဆုရခဲ့ရင်
    အမြတ်ပဲ
    အစ်မတွေကို
    သွားပြိုင်ခိုင်းရမယ်

    • laypai

      July 5, 2012 at 4:02 pm

      ho leo မှာ အမ တွေ ရှိတယ် ပေါ့၊
      သိရတာ ရွာသားတွေ အတွက် အားတက်စရာ။

      ကဲ ရွာသားတို့ ရေ၊ အမတွေ ရှိတယ် ဆိုတဲ့ သတင်းကောင်းလေး ကြားတယ်နော်။ ဝါမဝင်ခင်လေး အားထုတ် လိုက် ကြ။

      နောက်တာ နော် ho leo.

  • etone

    July 5, 2012 at 4:02 pm

    အစ်မ မနောရေ … လယ်တောသူဆိုပြီး … လယ်တောသူနဲ့ တူအောင်တော့ ပြိုင်ကြမယ် မထင်ဘူး … ။
    တစ်ခါမှ တံမြက်စည်းတောင် မလှည်းဖူးတဲ့ လက်တွေနဲ့ .. ရေမချရသေးတဲ့ အဝတ်တွေဝတ်ပြီး နှုတ်ခမ်းနီးဆိုး ၊ ပါးနီးဆိုး လာကြလိမ့်မယ် … ။ ပြိုင်ပွဲဝင်တဲ့ လူတွေနဲ့ ခေါင်းစဉ်နဲ့ … ကိုက်ညီမှုမရှိတာတော့ … ရယ်ရတယ်နော် .. ဒီလောက်ပိုက်ဆံ ဆုတွေ ပေးမယ့်အတူတူ ၊ သဘာဝကျကျ ဟန်ကျကျ အပင်ပန်းခံပြီးအလုပ်လုပ်ရတဲ့ .. လယ်ထဲက လယ်တောသူတွေကိုပဲ ပြိုင်ခိုင်းသင့်တယ် … ။ 😀

    • ဟိန်း ဝင်း (ထားဝယ်သား)

      July 5, 2012 at 4:47 pm

      မမအိတုံ ရေ …
      အဲဒီ လိုဆိုတော့ MCC မှာပြိုင်လို့မရဘူးခင်ဗျ ….
      လယ်ကွင်းတွေမှာ ပြိုင်ခိုင်းရင်ကောင်းမလားလို့ ….

      • etone

        July 6, 2012 at 11:38 am

        အဟီး ကောင်းသားပဲ .. လယ်ကွင်းထဲ ဇာတ်စင်ဆောက်ပြိုင်ခိုင်းကြည့်ပါလားနော် … ။
        လယ်တောသူလေးတွေ အမည်ခံပြီး မော်ဒယ်မတွေတော့ လုပ်စားဦးမှာပါပဲ … ဟူး .. စိတ်မောဒယ် 🙄

  • snow white

    July 5, 2012 at 4:16 pm

    မိုက်တယ်ပြိုင်ပွဲကဆုငွေတွေတော့စိတ်ဝင်စားသား မပြိုင်ချင်ပါဘူး ဒီလောက်ချောတဲ့သူကဆုရမယ်ဆိုတာသိပြီး စနိုးသူဌေးထိုင်ငိုသွားလိမ့် မယ် သူအလုပ်ကထွက်မှာဆိုးလို့လေ စနိုးဆုရသွားရင်အလိိုလို producer တွေလိုက်လာမယ် သရုပ်ဆောင်လုပ်ခိုင်းနေရင် စနိုးခုလုပ်နေတဲ့ အလုပ်ကနေထွက်ရမှာပေါ့ မထွက် ချင်သေးဘူး လစာတိုးခံနီးနေပြီ ဒါကြောင့်ဝင်မပြိုင်တော့ဘူးနော်…….

  • lazy boy

    July 5, 2012 at 4:46 pm

    လယ်တောသူအလှပြိုင်ပွဲဆို တော့ရွာထဲကလယ်ထဲမဆင်းဘူးတဲ့
    အလှမယ် မမတွေပြိုင်ရင်ဆုရမှာသေချာပါတယ်၊၊…….

  • ဝမ်းတွင်းရူး

    July 5, 2012 at 5:56 pm

    လယ်ကွင်းထဲဆင်းပြီး ကုန်ကြမ်းရှာမယ်။
    ဘယ်သူလိုက်မလဲ သံတွဲသားတို ့။

  • P chogyi

    July 6, 2012 at 10:17 am

    မော်ဒယ်တွေ ဝင်ပြိုင်ရင်တော့ သူတို့ပဲဆုရမှာ
    သူတို့က တိုတိုဝတ်ပြီး
    ကုန်းလိုက်ကော့လိုက်
    လုပ်နေတာအကျင့်ရနေပြီ (ဟဲဟဲ)

  • ho leo

    July 6, 2012 at 11:10 am

    P chogyi ရေ အဲ့ဒါဆိုရင်တော့ထွက်လာတဲ့ခွေတွေကတော့
    တော်တော်ရောင်းကောင်းဦးမယ်နော်
    ဝယ်စရာ မလိုတော့ဘူးပေါ့နော်

    တစ်မျိုးမထင်နဲ့နော် နောက်တာပါ

  • mamanoyar

    July 6, 2012 at 11:12 am

    တကယ့်လယ်တောသူ အစစ်တွေပဲ ပြိုင်ရင်ကောင်းတာပေါ့
    နိုရာသွားပြိုင်ရင် ပထမရမှာသေချာတယ်
    ပါးကွက်ကြားလိမ်းတာတော့ ပိုင်တယ်

  • manawphyulay

    July 6, 2012 at 3:15 pm

    တောသူတောင်သားဘဝ တကယ့်အနှစ်သာရကို ပြိုင်မှ ဆုပေးသင့်တယ်။ ဆုရရှိတဲ့သူကလည်း ဒီလိုမှသာ ထိုက်တန်စွာ ရရှိမယ်လို့ မြင်မိတယ်။ ခုက ဘယ်လိုလူမျိုးတွေက ဘယ်လိုပုံစံနဲ့ ပြိုင်မလဲဆိုတာ အတော့်ကို စိတ်ဝင်စားဖို့တော့ ကောင်းတယ်နော်။

Leave a Reply