Magic
မှော်
အိပ်မက်နတ်သမီးရဲ့
အနမ်းသစ်သီးကို
မွတ်သိပ်စွာခူးဆွတ်မိသူ……………။
ပန်းမုန်တိုင်းကြားမှာ
အိပ်မက်လှိုင်းတွေထန်ခဲ့ပေါ့။
“ချစ်တယ်” ……….
သူနဲ့တွေ့ရင် ဒီစကားတခွန်းပဲ
ပြောတက်တော့တယ်။
ခွဲခွာခြင်း ပုံပြင်ကို
သူပြောတုန်းက
“ဟိုးရှေးရှေးတုန်းက” လို့မစခဲ့ဘူး။
ကိုယ့်အနာဂတ်က
သူ့လက်ထဲကပန်းအိုးတစ်လုံးပါ
ကံကြမ္မာဆိုတာ
သူစေညွန်ရာပေါ့။
အဲဒီလို ရူးခဲ့တဲ့ကောင်ရဲ့
ညတိုင်း………….
အိပ်မက်တွေရိုင်းခဲ့တယ်။
11 comments
mamanoyar
July 6, 2012 at 2:25 pm
ကဗျာလေးကို အားပေးခံစားသွားပါတယ်ရှင်
aye.kk
July 6, 2012 at 2:29 pm
နှစ်သက်စွာ…
ခံစားမိပါတယ်။။။
ခေတ် လုလင်
July 6, 2012 at 2:39 pm
ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ
emo lay
July 7, 2012 at 4:56 pm
ချစ်တယ်ဆိုတဲ့စကားပဲပြောတတ်တယ်ဆိုပြီးတော့”ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ။”ကျတော့
ဘာလို.ပြောတတ်တာလဲဟင်။
ဇောက် ထိုး
July 6, 2012 at 2:46 pm
သူပြောတုန်းက ဟိုတုန်းကလို့ မပါတော့ ပုံပြင်လို့မထင်ဘဲ တကယ်မှတ်ခဲ့တာလဲ ကိုလုင်အမှား…
ခုတော့ ကိုလုင်ဘဝက သူ့လက်ထဲမှာရှိတဲ့ပန်းအိုးတစ်လုံးဖြစ်သွားတော့ သူခွဲချင်တဲ့အချိန်ခွဲပစ်နိုင်တယ်။..
သူ့လက်ထဲက ခုန်ဆင်းလိုက်….
ခပ်မိုက်မိုက် ကောင်မလေး
July 6, 2012 at 4:24 pm
ပုံပြင်လေးတစ်ပုဒ်…
ဖြစ်ခဲ့ဖူးတာလား…?
အိပ်မက်လို့ပဲ…
ထင်မှတ်ခဲ့မိတာလား…?
ပုံပြင်တွေပြောပြီး…
အိပ်မက်တွေပေးပြီး…
ဒီတိုင်းလေးပဲလွမ်းနေခဲ့ပြီလား…?
မရေရာပါဘူး…
မသေချာပါဘူး….။။။။။။။။။
ညလေး
July 6, 2012 at 5:20 pm
အရူးမှာလည်း…အရူးအိမ်မက်မက်ခွင့်ရှိပါတယ်……
အပေါမှာလည်း..ဒီလိုပါပဲ…..
ဒါပေမယ့်..လူနှစ်ယောက်ရဲ့အိမ်မက်….ထပ်တူမကျရင်တော့…..
လမ်းဆုံးပေါ့….
မောင်ပေ
July 6, 2012 at 9:15 pm
ကဗျာရဲ ့စကားလုံးတွေက စိတ်သဘောထားနူးညံ့လွန်းတဲ့ ကျုပ်ရဲ ့နှလုံးသားကို တစ်ဆတ်ဆတ်တုန်သွားစေခဲ့တယ်ဗျာ ။
ဝမ်းတွင်းရူး
July 6, 2012 at 9:56 pm
မှော်ဆရာက သူ ့ခေါ်နေသလားတဲ့ဗျာ။
maung khinmin
July 7, 2012 at 10:52 am
စီးမျောလိုက်ပါ..သွားပါတယ်
si tone
August 11, 2012 at 4:31 pm
ကဗျာလေးက တကယ်ကောင်းပါတယ်