Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝန်ထမ်း သန့်ရှင်းရေး လုပ်ဖို့လိုအပ်နေဘီ

ဘဲဥJuly 9, 20121min51418

ဝန်ထမ်းသန့်ရှင်းရေး လုပ်ဖို့တော့ လိုနေဘီ။
ဟုတ်တယ် ဌာနဆိုင်ရာဝန်ထမ်း အောက်ခြေ စာရေး အဆင့်ကနေ ဦးစီးမှုးအဆင့်ထိ အကျင့်ပျက်ခြစားမှုတွေများနေတယ်။ အခုမှ မဟုတ်ပါဘူး ဟိုးးးးးး စစ်အစိုးရလက်ထက်ကတည်းက ပျက်လာခဲ့တဲ့ သောက်ကျင့်တွေ အခုထိကို မပြင်နိုင်သေးဘူး။ ဘာလို့ အကျင့်ပျက်ခြစားတာလဲမေးရင် ရတဲ့လစာနဲ့ မလောက်ငလို့ ။ ဒင်းတို့ဖြေတာနော်။ အဲ့ဒါဆိုဘာလို့ အဲ့ဒီအလုပ်ဝင်လုပ်နေတာလဲလို့ ကျုပ်ကမေးပါရစေဗျာ။ အစထဲက လစာနှုန်းထားတွေ ကြေငြာပီးမှ အလုပ်ခေါ်တာပဲ ။ မသိလို့ဝင်လုပ်နေတာပါ လို့တော့ ဖင်ပိတ်မငြင်းနဲ့ ။ ဒင်းတို့ စရိုက် ဒင်းတို့ စိတ်ဓါတ်တွေနဲ့ အပြင်ကုမ္ပဏီတွေမှာ လာလုပ်ကြည့်ပါ့လား နေ့မကူးပဲ တန်းပြုတ်သွားနိုင်တယ်။
ကျနော်ဘာလို့ဒီလိုပြောတာလဲဆိုရင် အထောက်အထားတွေရှိတယ် ၊ခံလိုက်ရတာတွေရှိတယ်။ သူတို့နဲ့ လုပ်ရတာတွေ ငွေလမ်းမခင်းရင် ဘယ်တော့မှ အဆင်မပြေဘူး (ကိုယ့်ဘက်က အားလုံးပြည့်စုံနေတာနော်) ၊ ငွေမရတဲ့အခါကျတော့ ဟိုဘက်က ပတ်ရစ်လိုက် ဒီဘက်က ပတ်ရစ်လိုက်နဲ့ ဒါသူတို့ ပရိုစီဂျာပါတဲ့ ။ ငွေလည်းပေးလိုက်ရော
မပြည့်မစုံဖြစ်နေတဲ့ဟာတွေကိုတောင်မှ ပြေလည်သွားအောင်ဒင်းတို့က စွမ်းဆောင်ပေးနိုင်တယ် တော်လိုက်တဲ့ သူတွေ ဘယ်လိုကျော်ခွသွားတယ်မသိဘူး ။သူတို့ပြောတဲ့ ပရိုစီဂျာဆိုတာကြီးတောင် ဘယ်ရောက်သွားမှန်းမသိဘူး။
ကျနော်ကြုံတွေ့တာလေးတွေပြောပြမယ်
လုပ်ကွက်လျှောက်တုံးကပေါ့ဗျာ ။
အရင်ဦးဆုံး
မြေစာရင်းရုံးကိုသွားရတယ် မြေတိုင်းစာရေးကို ငါးသောင်း လက်ထောက်ဦးစီးကို ငါးသောင်း မြို့နယ်ဦးစီးမှုးကို တစ်သိန်း
သစ်တောရုံး စာရေးကို နှစ်သောင်း၊ တောအုပ်ကို ငါးသောင်း ၊ဦးစီးမှုးကို တစ်သိန်း
အထွေထွေအုပ်ချုပ်ရေးရုံး စာရေးကို သုံးသောင်း ၊ လက်ထောက်ဦးစီးမှုးကို ငါးသောင်း ၊ ဦးစီးမှုးကို တစ်သိန်း
ပေါ်တင်တောင်းတာနော် ။ ပီးတော့ ရုံးရန်ပုံငွေဆိုပီး လည်ပင်းညှစ်သေးတယ်ဗျာ။ စာရွက်စာတမ်းခဆိုတာတွေက လာသေးတယ်။
ဒါတွေက မြို့နယ်ရုံးတွေရဲ့ပေါက်ဈေးပေါ့ဗျာ.။
လာအုံးမယ် ခရိုင်ရုံး ၊ တိုင်းရုံး ပီးတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ နေပြည်တော်
အားလုံးစာရင်းချုပ်လိုက်ရင် လုပ်ကွက်တစ်ကွက် ရဖို့ သိန်းတစ်ရာကျော်သွားတယ်။ ကိုယ့်ရတဲ့လုပ်ကွက်က ရှုံးမလား မြတ်မလား မသေချာသေးဘူး ပေးလိုက်ရတာတွေကတော့ နင့်နေတာပဲ။
အဲ့လိုမှ ပိုက်ပိုက်မပေးနိုင်ရင်တော့ လုပ်ကွက်ရဖို့ မစဉ်းစားနဲ့တော့ ကိုယ်လျှောက်ထားတဲ့ အကွက် ဘယ်တော့မှ ရမှာမဟုတ်ဘူး ။ အဲ့ဒီတော့ ကျနော်မေးချင်တာက အဲ့ဒီဝန်ထမ်းတွေကို ဘာအတွက်ခန့်ပေးထားတာလဲ ။ ပြည်သူတွေရဲ့ အကျိုးကိုသယ်ပိုးဖို့ အတွက်လား ၊ ပြည်သူတွေကို လည်ပင်းညှစ်ဖို့လား???

18 comments

  • မောင်ပေ

    July 9, 2012 at 12:36 pm

    E goverment စနစ်ကို စရင်တော့ အကျင့်ပျက်ခြစားတာတွေ လျော့နည်းသွားမယ်လို ့တော့ ပြောနေကြတာဘဲ ။ ခက်တာက အီးဂါးဗန်းမန် ့ဖြစ်ဖို ့ဆိုတာကလဲ…. ဝေးသေးသလားလို ့

  • SkyHeart WinKo

    July 9, 2012 at 12:52 pm

    နိုင်ငံရေးငါမသိဘူးကွာ တိုင်းပြည်တိုးတက်ဖို့အတွက်
    အတ္တမရှိဘဲ တကယ့်လက်တွေ့လုပ်နေသူတွေ ပေါင်းပြီး
    တည်ဆောက်ကြပါ၊ ဥပမာ ယခင်က (ပင်လုံစာချုပ်မှလွတ်လပ်ရေး၊ လွတ်လပ်ရေးမှပါတီစုံ)
    ယခု(လက်တွေ့လုပ်နေသူတွေ ပေါင်းမှဒီမိုကရေစီ၊ဒီမိုကရေစီမှပါတီစုံ) အားလုံးနည်းလေးမှားနေသလိုဘဲနော်။
    အရီးကြီးခေတ်ဆိုတာ ရှိခဲ့တဲ့အတွက် ငါကိုယ်တိုင်မျိုးမစစ်ပေမဲ့ လူစစ်ဖို့ လူပီသဖို့တော့လိုတယ် အမြဲဆန်းစစ်နေတယ်ကွာ၊
    ငါတို့ကတာဝန်အရဆိုတာ မင်းမိသားစုအတွက်ပါ တိုင်းပြည်အတွက် မဟုက်ပါဘူး ပြန်ဆန်းစစ်ပါအုံးကွာ။ မင်းကောလူသားတွေအတွက် သွားကြားထိုးတံ တန်ဘိုးလောက် လုပ်ပြီးပြီလါး၊ တိုင်းပြည်ဖျက်မဲ့ ငါကဘာကောင် ဘာရာထူးကွ ငါကခေါင်းဆောင်ကွ ဆိုတဲ့ဝေလေလေစုန်းပြူးတွေဖယ်ရှားပြီး လက်တွဲကြပါ၊
    ကောလဟာလနဲ့ အာချောင်မယ်ဆို ဝေးဝေးနေပေးပါ၊
    မင်းကတကယ်ဘဲ တာဝန်အရဘဲဖြစ်ဖြစ် မျိုးချစ်စိက်နဲ့ဘဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်ဖို့ လုပ်မယ်ဆိုရင်
    (ရှေ့ကသွားရင်အီးမပေါက်နဲ့ နောက်ကလိုက်ရင် ဖိနပ်မနင်းနဲ့ကွာ အရမ်းစိက်ဆိုးတယ်)
    ငါတို့နိင်ငံက ကမာ္ဘမှာအရမ်းနောက်ကြနေပြီ အချိန်မရှိပါ။
    လူသားအကျိူးပြုဂီတဥယျာဉ် (၀၉၅ဝ ၈၂၈၀၈) တာမွေလူမိုက်ကြီး ဝင်းကိုလှိုင်
    JJ (CLUB) နားမှာနေတယ်………
    http://www.facebook.com/media/set/?set=a.482823941733642.110392329.100000181218020&type=3&l=a6af18c97d

  • မြတ်ကျော်သူ

    July 9, 2012 at 2:06 pm

    မနေ့က အကျင့်ပျက်ခြစားမှုပပျောက်ရေး ဥပဒေကြမ်းထွက်လာတယ်…
    ထုံစံအတိုင်း သာမန်လူတွေ နားမလည်တဲ့ ဖွဲ့စည်းပုံ ဥပဒေထဲကလို ဝါကျတွေ သုံးထားတယ်…
    ဒါပေမယ့် မရှိတာထက် ရှိတာက ပိုကောင်းတာမို့…
    အဲဒီဥပဒေကြမ်းအတည်ဖြစ်ပြီးရင် အကျင့်ပျက်ခြစားမှုကို ဘယ်အတိုင်းအတာထိ အရေးယူမလဲ
    စောင့်ကြည့်ရဦးမယ်ဗျို့…..

  • kai

    July 9, 2012 at 2:56 pm

    သန့်ရှင်းရေးလုပ်ပြီးရင်.. ဝန်ထမ်းတောင်ကျန်ပါ့မလားစဉ်းစားနေမိတယ်..
    အနိစ္စ…

    • ဘဲဥ

      July 9, 2012 at 3:42 pm

      ဇဂါးမစပ်
      ဗျို့ တဂျီးမင်း တားတားကို ဘယ်တော့ ရာထူးတိုးပေးမှာလဲဗျ :mrgreen:

  • နေဝန်းနီ

    July 9, 2012 at 3:19 pm

    အကျင့်ပျက် ခြစားတာမဟုတ်ဘူး ဘဲဥ ရေ့…..။ အဲဒါခေါက်ရိုးကျိုးနေတာကွ…။ ဘယ်လိုမှပြင်လို့ရမှာမဟုတ်ဘူး….။ တို့ဗမာ စကား တစ်ခုရှိသားပဲ…။ ငါတင်ထား….။ သကြားတောင်လာပြင်လို့ ရမှာမဟုတ်ဘူးဟ….။ တစ်ခုတော့ရှိတယ်…။ ဇော်ဝင်းထွဋ် သီချင်းလို ………. အားလုံး ” အသစ်က ပြန်စ” ……..ဟားဟား…။

  • ဘဲဥ

    July 9, 2012 at 3:19 pm

    အဲ့ဒီ အကျင့်ပျက်ဝန်ထမ်းတွေကို အရင်ဆုံး စံပြအနေနဲ့
    အလုပ်ဖြုတ် ၊ထောင်ချ ပြင်းပြင်းထန်ထန် ကြပ်မတ်ပေးဖို့ ကောင်းနေဘီ ။ ခက်တာက ဘယ်သူမှ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်ဘူး ။ လေဘာဒယ်ကွာ ……….. ဟူးးးးးးးးးးးး မောပါ့

    • mayjuly

      July 9, 2012 at 4:35 pm

      ထိထိရောက်ရောက်မစွမ်းဆောင်နိုင်တာမဟုတ်ဘူး ….

      စွမ်းဆောင်နိုင်မယ့် လူကိုက အကျင့်ပျက်နေဒါ….

      အဲတော့ ကာ ..ပိတ်ကားပေါ်မှာ ဆက်လက် ရှု စားတော် မူပါ့ ပေါ့ …..

  • etone

    July 9, 2012 at 3:22 pm

    အောင်မလေး ဘဲဥရယ် …. ဖြေးဖြေးသာသာပြောပါဟဲ ့… ။ နာတောင် လန့်ဖြန့်သွားတာပဲ …. ။

    ဟုတ်ပါတယ် ဝန်ထမ်း သန့်ရှင်းရေး လုပ်ဖို့ လိုအပ်ပါတယ် ။ ဒါပေမယ့် ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးဘူး ဘဲဥရဲ့ ၊ ဝန်ထမ်းတိုင်း နီးပါးဂွင်ရှိလျှင် ရှိသလို လုပ်စားနေကြမို့ … အကုန်လုံးသား ဖြုတ်သွားလျှင် အလုပ်တွင်ကျယ်မှာ မဟုတ်ဘူး ။ လည်ပတ်လို့မရနိုင်တော့ဘူး ။ ဒါ့ပြင် တစ်ယောက်တည်း သူသိ ၊ သူတတ် လုပ်ထားတော့ သူသာ မရှိလျှင် မဖြစ်သလိုပဲ လုပ်ငန်းတွင်း ကြိုးကိုင်ထားသူတွေလည်း ရှိတယ် …. ။ ဒါတွေကြောင့်သူတို့ လုပ်ခွင့်ရပြီး မပြုတ်ပဲ ဖြစ်နေကြတာ … ။

    ဝန်ထန်းလစာကို မျှော်လင့်ပြီးဝင်တယ်ဆိုတာထက် … ဂုဏ်မျက်နှာကိုကြည့်တာ ဖြစ်ချင်ဖြစ်မယ် ၊အောက်ဆိုက် ရနိုင်ခြေကို မှန်း ပြီး ဝင်တာဖြစ်ချင်ဖြစ်မယ် … အစိုးရလစာကို မက်လို့ ဝင်လာတဲ့ လူ ရာခိုင်နှုန်းဘယ်လောက်ရှိမလဲသိချင်လိုက်တာ ….

    ဘဲဥရေ … ဒီအကျင့်ဆိုးတွေပြင်ဖို့ဆိုလျှင်တောင် ချက်ချင်းကြီး မဖြစ်နိုင်သေးဘူး …. အချိန်တိုင်းတာ တစ်ခုထိရောက်အောင် လူသစ်တွေမွေးထုတ်ပြီး … အကျင့်ဆိုးကို ၊ ဆုပေး ဒဏ်ပေးစနစ်နဲ့ ဖျောက်မှရနိုင်မယ့် … ဒါ့ပြင်ခေါင်းထဲမှာ စာရိတ္တဆိုတဲ့ အရာကို ကောင်းကောင်း ရိုက်ထည့်ပေးနိုင်လျှင်တော့ … အချိန်တခုရောက်လျှင ်ဒီလို စိတ်ဓါတ်တွေ ပျောက်ဆုံးကောင်းပါရဲ့ … ။ 🙄

  • သန့်ရှင်းရေးလုပ်ပြီးရင်.. ဝန်ထမ်းတောင်ကျန်ပါ့မလားစဉ်းစားနေမိတယ်..
    အနိစ္စ…

    ကိုခိုင်ရေ အဲဒါကိုကြောက်နေခဲ့ကြလု့ိတိုင်းပြည်မတိုးတက်တာလဲပါတယ်။
    အဟောင်းသွားရင် အသစ်လာပါမယ်။
    ပြတ်သားဘို့ဘဲအရေးကြီးပါတယ်။

    • Kha Taung

      July 11, 2012 at 12:15 pm

      ဝန်ထမ်းကျန်မကျန်ကိတ်စကိုတော့ထားလိုက်ပါ…နောက်နောင် နောင်ကြဉ်သွားဖို့အရေးကြီးပါဒယ်

  • Khaing Khaing

    July 9, 2012 at 4:06 pm

    ကိုဥရယ် ငါးခုံးမတစ်ကောင်ကြောင့်တော့ တစ်လှေလုံးပုပ်နေတယ်လို့တော့ မထင်ပါနဲ့နော် ….. အခိုင်က အရင်ကအစိုးရဝန်ထမ်းပါ ……. လာဘ်မစားခဲ့ပါဘူး အခိုင့်အလုပ်ကအောက်ဆိုက်မရှိဘူး ဒါပေမယ့် free sideတော့ရှိတယ် အခိုင်က အပြင်ကိုသွားအလုပ်လုပ်တယ် အဟီး လမ်းသလားတယ် တစ်ပတ်တစ်ခါ ရုံးရောက်မှ ဘုရားတက်တယ် ဗိုလ်ချုပ်ဈေးသွားတယ် ဝင်းသူဇာမှာ တန်းစီတယ် ဒါလေးပဲလုပ်တာပါ …… ခစ်ခစ်ခစ်
    ရောမကိုရောက်ရင် ရောမလိုကျင့်ဆိုသလို အခုကုမ္ပဏီလုပ်တော့လည်း သူ့ဟာနဲ့သူ အဆင်ပြေအောင် နေရတာပေ့ါ အစိုးရဝန်ထမ်းတုန်းကလို အကျင့်စရိုက်တွေတော့ မယူလာခဲ့ပါဘူး …….

    • ဘဲဥ

      July 9, 2012 at 4:17 pm

      အဲ့ဒါဆို အခိုင်လေးက တစ်လှေလုံးကြောင့် ငါးခုံးမတစ်ကောင်ပုပ်သလိုဖစ်နေဒါ့ပေါ့နော်
      ဟိဟိ

  • snow white

    July 9, 2012 at 4:43 pm

    ဝန်ထမ်းကောင်းတွေလည်း ရှိတော့ရှိနေလိမ့်မယ်လို့ထင် တယ် ဒါပေမယ့် ၁၀ဝမှာ၁ယောက် ဟုတ်လားဟင်။။။

    • Kha Taung

      July 11, 2012 at 12:22 pm

      ကျွန်တော်သိတဲ့ ရိုးသားကြိုးစားတဲ့ ဝန်ထမ်းကောင်းတွေအများကြီးကြုံဘူးပါတယ်…အဲ…ဒီတော့ စားဝတ်နေရေးကသီကလင်ဖစ်တယ်ဗျာ..ပြီးတော့အယ်လိုလူတွေကို တခြားကျင့်ပျက်တွေက ရန်သူလို ့မြင်ဒယ်ဗြ..

  • နှင်းဆီ ငုံ

    July 9, 2012 at 4:45 pm

    အကျင့်ပျက် ခြစားနေတဲ့ ဝန်ထမ်းတိုင်းကိုထောင်ချသင့်တယ် ဒါပေမယ့် ထောင်ကဆံ့မှာမဟုတ်ဘူး ဘဲဥရယ် ဒါကြောင့် ဒီအတိုင်းပဲကြည့်နေရတာပါ … ဟိ

  • ကြောင်လေး

    July 10, 2012 at 6:37 am

    အနော်မသန့်တာကိုသန့်အောင်လုပ်ပေးမဲ့သူကြီးမသန့်တော့ အဒူကသန့်အောင်လုပ်ပေးမှာရဲဟင်င်င်င်င်
    အဲဒီမသန့်တဲ့ ဒူကြီးသန့်အောင်ထပ်လုပ်ပေးမဲ့ဒူဂျီးမသန့်တော့ကော အဒူကသန့်အောင်လုပ်ပေးမှာရဲဟင်င်င်င်
    အဲဒီမသန့်တဲ့ ဒူကြီးသန့်အောင်ထပ်လုပ်ပေးမဲ့ဒူဂျီးမသန့်တော့တာကိုသန့်အောင်ထပ်လုပ်ပေးမဲ့ဒူကြီး မသန့်ရင်ကော……..
    အဲဒူဂျီးကို ဒူဂျီးမဲ့ ဒူဂျီးးးးဒူဂျီးးးးဒူဂျီးးးးဒူဂျီးးးး
    နောက်တာပါနော်…….အဲသလိုသန့်စေချင်တာလေးကိုကျေးဇူးတင်ပါတယ်။ သန့်စေချင်သူတွေများများဝိုင်းလုပ်မှရမှာပါ။ အခုချိန်မှာဖြုတ်ထုတ်သတ်လုပ်ဖို့စောများနေသေးလားလို့..
    သူကြီးပြောသလို အလုပ်လုပ်မဲ့သူ (ဟိုခေါင်ကအစ)တစ်ယောက်မှမကျန်အောင်ဖြစ်သွားမဲ့အနေအထားမှာ အတိအကျရှိနေသေးတယ်။ ကိုပေါက်ပြောသလိုတော့လွယ်လွယ်လေးဖြစ်လာမှာမဟုတ်နိုင်။ ကိုဘဲဥပြောထားတဲ့အထဲမှာကို စာရေး၊ဒုဦးစီး၊ဦးစီး၊ပြီးတော့နေပူတော်အထိဆိုတာကြီးပါနေတယ်… ဆို့တော့……ဆိုတော့……. ဘယ်ဒူများကျန်ဦးမှာရဲ ယို့
    အနော်တို့လဲ ကမေး လ် ဆပ်ပြာမွှေးမွှေးလေးနဲ့ ဂျိုးဖြူရေ သန့်သန့်လေးကို စတီးဖလားနဲ့ အားရပါးခပ်ချိုးရင်း သန့်သန့်လေးနေရတဲ့အဖြစ်ကို မသေခင် နေသွားချင်စမ်းပါဘိ…… ဘယ်ဒူလုပ်ပေးနိုင်မရဲဟင်……….

Leave a Reply