ကျေးလက်“မီဒီယာ”

silver heroJuly 9, 20121min3249

ကြောင်တောင်တော်x x x ကို“ရွှေရောင်” ရယ်အလုပ်မရှိသူအားတယ် x x x ဗိုလ်မထားပါတဲ့ စာပေအရာ     x x x ကညာပွေစရာx x x ဇရာထွေလာတဲ့ သူအသက်ရယ်ကြောင့် x x x မျှော်မြင်ကာလိုင်းပြောင်းပါတဲ့ x x x “မီဒီယာ” x x x ဇမ္ဗူတခွင်မှာ x x x တူညီယှဉ်ပြိုင်စရာတွေ x x x မရှိစေချင်တာကြောင့် x x x ပေးလိုက်ပါတဲ့အဓိပဓိ မောင် x x x အောင်မြင်ရာ x x x အောင်မြင်ရာထက်ကောင်းကင်နဲ့ဝေးခဲ့တာကြောင့် x x x မောင်“ဗေထိ” တို့က      x x x  တေး x x ဟေး x x တေးစပ်လို့ပြောင် x x x x“အိုး” x x x ဘာတဲ့

ဇာတ်သဘင်မှ ခွန်းတောက်သဘောလေးကို နတ်သံနှောပြီးပြောပြလိုက်ခြင်းဖြစ်သည်။ မောင်“ဗေထိ”တို့ရွာ လေးက မြို့နဲ့ဆိုလျှင်(၃)မိုင်လောက်ဝေးသည်။ မောင်“ဗေထိ”တို့ရွာလေးတွင် ခောတ်တွေပြောင်းတံခွန်ထူလာ တာကတော့ အင်တာနက်ကို တွင်ကျယ်စွာအသုံးပြုလာတဲ့အလေ့အထပဲဖြစ်သည်။ ဟိုအရင်တုံးက(၃)မိုင်လောက် ဝေးတဲ့မြို့ပေါ် ဈေးသွားဝယ်ခိုင်းလျှင် ဘာဖြစ်လို့၊ ညာဖြစ်လို့နှင့် လူငယ်လေးတွေဆို အိအအိအ၊ လူကြီးတွေဆို ကွိကွကွိကွပေါ့ခင်ဗျ။ ခုတော့ဖြင့် လူကြီး၊ လူလတ်၊ လူငယ်တွေ ဖင်ပေါ့သလားမမေးနဲ့ (၃)မိုင်ခရီးကိုလမ်းလျှောက် သွား တဲ့သူကသွား စက်ဘီးကလေးနဲ့ကတစ်မျိုး ဆိုင်ကယ်နဲ့ကတော့ တစ်ဝီဝီပေါ့ခင်ဗျ။ ပစ္စည်းတစ်ခု၊ နှစ်ခုလောက် ဝယ် ဖို့မနက်ကထွက်သွားရင် ညနေစောင်းမှပြန်လာတတ်ကြသည်။ မြို့ပေါ်မှာက အင်တာနက်ဆိုင်တွေရှိတယ် ဆိုတော့ အင်တာနက်ရဲ့ဆွဲဆောင်မှုတစ်ခုပေါ့။ ပြန်လာနောက်ကျလို့ အိမ်ကဆူရင် ပစ္စည်းက ရှာဝယ်ရတာလွယ်တာ မဟုတ်ဘူးတဲ့၊ မြို့ပေါ်ဈေးဝယ်ခိုင်းတာ ရှာဝယ်ရတယ်ဆိုတော့ မြို့ကအကျယ်ကြီးလို့ ထင်ကြမှာပါ။ တကယ်တော့ နယ်မြို့ကျဉ်းကျဉ်းလေးဖြစ်သည်။

မောင်“ဗေထိ”တို့ရွာကလူငယ်တွေပါးစပ်ဖျားမှာ “ကောင်မလေးနဲ့“ချက်”လိုက်တာရင်ခုန်တယ်ကွာ”“ကောင်မ လေးနဲ့“ချက်”တာများတော့ဖုန်းနံပါတ်ရပြီ”ဟိုနားကြည့်လည်း“တချက်ချက်”၊ ဒီနားကြည့်လည်း“တချက်ချက်”နှင့် ရွာအတွင်းမှာတော့“ချက်ချက်”သံညံပြီခင်ဗျ။ ရှေးလူကြီးများပြောစကား၊ “သက်ကြီးစကားသက်ငယ်ကြား”၊ ယခုခေတ် တွင် “သက်ငယ်စကား သက်ကြီးကြား”ရတော့မည်။ “အဘရေ အင်တာနက်သတင်းဝက်(ဘ)ဆိုဒ်တွေမှာတင်ထားတဲ့ သတင်းတွေတော်တော်ကောင်းတယ်။ ဟိုနေရာ ဟိုဟာတွေဖြစ်၊ သည်နေရာမှာသည်ဟာတွေဖြစ်တယ်” သင်းတို့က လေးတွေ ပြောစကား မယုံကြည်ပါ။ သို့သော် တစ်ပါတ်တစ်ခါထွက်တဲ့ဂျာနယ်တွေမှာ သူတို့ကြိုပြောပြတဲ့သတင်းတွေ ပါလာတော့ အင်တာနက်ကိုလူကြီးတွေပါ စိတ်ဝင်စားလာကြသည်။ စာပေဝါသနာပါသူတို့အတွက်လည်း သက်ငယ် စကားသက်ကြီးကြားရပြန်ပြီ “ဝက်(ဘ)ဆိုဒ်တစ်ခုကိုစာရေးလို့တော်တော်ကောင်းတာ၊ အဲဒီထဲမှာကဗျာတွေရေးတင်၊ စာတွေရေးတင်ကြရင်းအချို့ဆိုစာရေးဆရာ၊ ကဗျာဆရာတွေတောင်ဖြစ်ကုန်ကြတယ်” နဂိုကတည်းကရွာမှာ နဘေတို့ ကာရံတို့နဲ့စကားပြောတတ်သူများရှိရာ ကဗျာဝါသနာပါသူ၊ စာပေဝါသနာပါသူတို့အတွက် မျှော်လင့်ချက်ရောင်ခြည် သန်း ခဲ့ပြန်သည်။

မောင်“ဗေထိ”တို့ရွာတွင် အင်တာနက်မှာ ပါးစပ်ဖျားရေပန်းစားနေသဖြင့် မြို့ရောက်တုန်းအင်တာနက်ဆိုင်သို့ ဝင်ကြည့်ခဲ့သည်။ ဆိုင်ထဲတွင် “ဗေထိ” တို့ရွာသားများ၊ လူကြီး၊ လူငယ်၊ လူလတ် အစုလိုက်၊ အပြုံလိုက် တွေ့ရသည်။ နားကြပ်လေးတွေနားမှာတပ်ပြီး ဟန်ပါပါနှင့်ထိုင်ကြည့်နေကြသည်။ သူတို့ကြည့်နေသည်ကို “ဗေထိ”နားမလည်၍ တစ်ယောက်ချင်းစီကြည့်တာတွေ လိုက်မေးရသည်။ သူတို့ပြန်ဖြေကြတာတွေ “ဗေထိ”နားမလည်ပါ။ ဒေါက်တာလွဏ်း ဆွေသတင်း၊ သစ်ထူးလွင်သတင်း၊ ဒေါက်တာချက်ကြီး၊ ရွှေမြန်မာတို့အပန်းဖြေရာ၊ facebook၊ G-mail၊ gtalk၊ vzo ချက်  “အိုး” ဗေထိ ခေါင်းရှုပ်သွားပြီ၊ ဆက်ပြောသေးတယ် အများကြီးဘဲ မမှတ်နိုင်တော့ပါ။ ရွာသို့သာပြန်ခဲ့တော့ သည်။

အခုတလော“ဗေထိ”တို့အင်တာနက်ရွာသားတွေအခြေအနေတမျိုးပြောင်းနေကြသည်။ သူတို့ပါးစပါများမှာသတင်း စကားတွေသာကြားနေရသည်။ တချို့ဆိုလျှင် တစ်အိမ်တက်၊ တစ်အိမ်ဆင်း သတင်းအကြောင်းများကိုရေသောက် ပြောနေကြသည်။ အင်တာနက်သုံးသူများ ဟိုနားတစ်စု၊ သည်နားတစ်စုနှင့် ဘယ်သတင်းဝက်(ဘ)ဆိုဒ်က ဘယ်လို၊ ဘယ်ဟာကပိုကောင်းသည်။ ရွာတွင် ဘယ်သူကသတင်းရှာကြည်တာပိုကျွမ်းသည်။ တစ်ယောက်နှင့်တစ်ယောက် ကျွမ်းကျင်မှုခြင်းများလည်းပြိုင်ဆိုင်လာကြပြီး၊ တစ်ဦးနှင့်တစ်ဦးလည်းအငြင်းပွားနေသလိုရှိကြသည်။ “ဗေထိ”လည်း အင်တာနက်နေ့စဉ်အသုံးပြုသူ“ကိုတိုး”ဆိုသူကိုမေးကြည့်ရာတွင် ၎င်းတို့ အင်တာနက်သုံးသည်မှာ သတင်းမျိုးစုံကို သိချင်သည်။ မီဒီယာသမားတစ်ယောက်ဖြစ်ချင်သည်ဟု ပြောပြီးထွက်သွားလေသည်။ ရွာထဲရှိအင်တာနက်သမားတွေ အကုန်ပြောင်းလဲကုန်ပြီ။ သူတို့တွေဘာကြောင့် သတင်းမီဒီယာကို စိတ်ဝင်စားကုန်ကြတာလဲ။ ဘာအတွက် မီဒီယာ သမားဖြစ်ချင်သည်ဟုပြောကြတာလဲ။ မောင်“ဗေထိ”အတွေးများတွေးကြည့်သည်။ နောက်ဆုံးတွင် ကိုယ့်ကိုယ်တိုင် မေးခွန်း၄ခု ထုတ်၍ကိုယ်ကိုယ်တိုင်အဖြေ(၄)ခုဖြေခဲ့မိသည်။

၁။ မေး ။         ။ ပတ်ဝန်းကျင်တွင် အင်တာနက်ဆိုင်၌အချိန်ဖြုန်းနေသောလူပျင်းအဖြစ်အများက မဝေဖန်စေရန် မီဒီ                     ယာသမားဖြစ်ချင်သည်ဟုဆိုခြင်းလား?

ဖြေ  ။         ။ တစ်ဖက်သတ်အမြင်နှင့်မဆုံးဖြတ်နှင့်ခံယူချက်ကအရေးကြီးသည်။

၂။ မေး။         ။ မိမိမကျေနပ်ချက်တစ်ခုအတွက် အင်တာနက်ဝက်(ဘ)ဆိုဒ်စာမျက်နှာများပေါ်သို့ ရေးသားတင်ပြ         ခြင်းဖြင့် မီဒီယာသမားဟုအထမြောက်အောင်မြင်ပြီလား?

ဖြေ။           ။ မိမိတွေ့ကြုံခံစားရတာတွေဖြန့်ဝေပေးတဲ့သဘောဘဲရှိသည်။ အများကောင်းကျိုးအတွက်ရေးသား တင်ပြနိုင်မှုရှိပါက ပိုပြီးပြည့်စုံနိုင်သည်။

၃။ မေး။         ။ မီဒီယာသမားဟုခေါင်းစဉ်တပ်၍ အင်တာနက်ဆိုင်ထိုင်ချိန်တွင် ညစ်ညမ်းဝက်(ဘ)ဆိုဒ်များကြည့် နေခြင်းအပေါ်ထင်မြင်ချက်။

ဖြေ။           ။ အမြဲတမ်းဆိုလျှင်မကောင်းပါ။ ဗဟုသုတအတွက် ၅၀%ကြည့်သင့်တယ်။ အဲဒီထက်ပိုလျှင်ဘေးချင်း ယှဉ်ထိုင်သူမှ ကိုယ့်အပေါ်အထင်မှားနိုင်သည်။

၄။ မေး။         ။ အင်တာနက်ဆိုင်ထဲမှာ ကိုယ်ကအသက်ကြီးပြီးကောင်မလေးငယ်ငယ်တွေနဲ့ gtalk ပြောအချိန်တွေ ဖြုန်းနေသူများကို မည်သို့မြင်သနည်း?

ဖြေ။           ။ မောင်“ဗေထိ” ပဟေဠိလုပ်ပြီး အခြေမညှိချင်ပါနဲ့ ဒါကအင်တာနက်ခေတ်ရဲ့သဘောသဘာဝဖြစ် သည်။

မည်သို့ပင်ဖြစ်စေ မောင်“ဗေထိ”တို့တစ်ရွာလုံးသတင်မီဒီယာပေါ်အတော်လေးစိတ်ဝင်စားကုန်ကြသည်။ ရွာထဲ ပြဿနာဖြစ်တဲ့အသံကြားလျှင် ရွာသူရွာသားအကုန်စုပြုံ၍ ရောက်လာကြသည်။ ဖြစ်စဉ်ကို ဟိုကဝိုင်းမေး၊ ဒီကဝိုင်း မေးဖြင့် အကုန်စပ်စုတတ်ကုန်ပြီ။ သတင်းအဖြစ်လာမေးသည်ဖြစ်စေ၊ စပ်စုချင်၍လာမေးသည်ဖြစ်စေရွာထဲတွင် ပြဿ နာအသံကြားလျှင် လူအစုံရောက်လာသဖြင့် စည်းစည်းရုုံးရုံးတော့ရှိလေသည်။ သတင်းနှင့်ပတ်သက်၍ ပြောစရာအ ကြောင်းမရှိလျှင် ကိုယ့်အိမ်ကအကြောင်းကိုယ်ပြော၊ သူ့အိမ်ကအကြောင်းသူပြောဖြင့် ရွာသူ၊ ရွာသားများ၏အတွင်း ရေး(အိမ်ထောင်သည်များ၏ နှစ်ကိုယ်ကြားကိစ္စမှလွဲ၍)၊ အပြင်ရေး၊ ရွာလူငယ်များ၏ချစ်ရေးကြိုက်ရေးနှလုံးသားရေး ရာကိစ္စများပါမကျန်တစ်ဦးအကြောင်းတစ်ဦး၊ တစ်ယောက်အကြောင်းတစ်ယောက်ပွင့်လင်းစွာသိလာကြလေသည်။ ထိုသို့ပွင့်လင်းလာခြင်းအပေါ်တွင်မောင်“ဗေထိ”အကောင်း၊ အဆိုး နှစ်မျိုးကွဲ၍မြင်မိပါသည်။ ဆိုးကျိုးမှာတစ်ဦးနှင့်တစ် ဦး မသင့်မြတ်ပါက အကြောင်းသိဖြစ်သဖြင့် အပြစ်ရှာရန်လွယ်ကူပြီး ငယ်ကျိုးငယ်နာများပေါ်အောင်ပြောဆိုခံရတတ် သည်။

တစ်ဦးအားနည်းချက်အပေါ်အခွင့်အရေးယူ အမြတ်ထုတ်နိုင်သည်။ ကောင်းကျိုးမှာ တစ်ဦး၏ဒုက္ခအခက်အခဲ များကို ရွာရှိလူတိုင်းသိနားလည်ပြီးဖြစ်သဖြင့် ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်သည်။ ကိုယ့်ရွာသားကောင်းသည်ဆိုးသည် ကို သိနားလည်ပြီးဖြစ်၍ အခြားသူမှ မတရားမှုပြုပါလျှင်ခံရသူ ကိုယ့်ရွာသားဘက်မှ ရွာလုံးကျွတ်ကူညီမှုရနိုင်သည်။

တိုးတက်လာတဲ့ခေတ်ရေစီးကြောင်းပေါ်တွင် မောင်“ဗေထိ” တို့ရဲ့ အင်တာနက်ရွာလေးရဲ့ကျေးလက်မီဒီယာ များက တသွင်သွင်စီးဆင်းနေမှာ ဖြစ်ပါသည်။

 

9 comments

  • manawphyulay

    July 9, 2012 at 4:03 pm

    အင်တာနက်ဆိုင်ထဲမှာ ကိုယ်ကအသက်ကြီးပြီးကောင်မလေးငယ်ငယ်တွေနဲ့ gtalk ပြောအချိန်တွေ ဖြုန်းနေသူများကို မည်သို့မြင်သနည်း?

    ဘယ်ဒူကို စောင်းပြောသနည်း… အရင်မေးပါတယ်… 😛

  • မြန်မာပြည်မှာခက်နေတာက ကိုယ်တိုင်ရေရေရာရာမသိတဲ့အရာတစ်ခုကို
    သူများပြောသံကြားတာလေးနဲ့နှိပ်ကွပ်တတ်ကြတာဘဲ။
    အင်တာနက်………………..မီးလိုရေလိုပါဘဲ။
    အသုံးချတတ်ဘို့ဘဲလိုပါတယ်။
    အင်တာနက်သုံးသူအပေါ်မှာဘဲမူတည်ပါတယ်။
    အလုပ်ကောင်းရင်ရလာဒ်ကောင်းမှာပါဘဲ။

  • snow white

    July 9, 2012 at 7:34 pm

    ဘယ်လိုမြင်လည်းလို့မေးရင် စနိုးအမြင်ကိုပြောပြမယ်နော် တရားရှာချိန် လို့ပြောချင်ပေမယ် ့တချို့ကိုယ့်အသက် ရွယ်မှအားမနာ ဟိုဘက် က ပြောနေတဲ့သူကလည်းမသိလို့သာလျှင် သူကျူသမျှပြန်ပြောနေတာ ကို သူကဒီဘက် ကနေ ပြုံးစိစိ နဲ့သဘောတွေ ကျ နေလေရဲ့ သူတို့ရဲ့ အပန်းဖြေနည်းကလည်းကောင်းတော့ကောင်းတယ်နော် ဒါပေမယ့် အင်တာနက်ပေါ်လာပြီးမှ ပေါင်းသင်းမိတ်ဆွေပေါလာတယ် တယောက်နဲ့တယောက်ပညာဖလှယ်လို့ရလာတယ် ကောင်းတဲ့ဘက်ကိုအားသာရင် ကောင်းတဲ့ ကောင်းကျိုးကိုခံစားရမယ် စနိုးတော့အဲ့လိုခံယူထားပါတယ်…

  • kai

    July 10, 2012 at 4:31 am

    မီဒီယာက.. စတ္ထုထမဏ္ဍိုင်ပါ…
    သူ့.. အရေးကြီးပုံက.. တရားရေး။ အုပ်ချုပ်ရေး။ ဥပဒေပြုရေး သုံးခုမဏ္ဍိုင်ကို.. ဝင်ထိန်းကြောင်းပေးတယ်..။

    တကယ်တော့.. လူထုရဲ့..အသံကို.. တဆင့်ခံပြန်ထုတ်ပေးနေတာဖြစ်တာပါ…။
    တရားရေး။ အုပ်ချုပ်ရေး။ ဥပဒေပြုရေး ကလူတွေကို ကြပ်ပေးနေတာမဟုတ်..
    လူထုသဘောထားအဖြစ်အမှန်တွေ.. သိရေးအတွက်.. အကူအညီပေးနေတာပါပဲ..

    အင်တာနက်ကတော့.. စတ္ထုထမဏ္ဍိုင်အလုပ်တင်မက.. အထွေထွေအသိသညာတော်လှန်ရေးကိုပါဆောင်ယူလာတာဖြစ်ပါတယ်..
    အင်တာနက်.. ကျေးလက်အထိရောက်လာရင်.. သိပ်မကြာတဲ့ဆယ်စုနှစ်တွေမှာ.. တိုးတက်တဲ့လူ့ဘောင်လောကသစ်ကို.. မြင်ကြရလိမ့်မယ်..။ :mrgreen:

  • ဇောက် ထိုး

    July 10, 2012 at 7:17 am

    သတ္တဝါတွေထဲမှာ အတိုးတက်ဆုံးကတော့ လူသတ္တဝါထင်ပါတယ်။
    ဘာကြောင့် တိုးတက်တာလဲဆိုရင်…အသိကို တဦးနဲ့တဦးလက်ဆင့်ကမ်းနိုင်လို့…စကားပြောနိုင်ကြလို့.. ထင်ပါတယ်။
    ခွေးတစ်ကောင်ပြာပူနင်းမိတော့ ကိန်..ဆိုပြီးအော်ပြေးတယ်။
    နောက်ခွေးတွေကို အဲဒီနေရာက ပြာပူတွေ မသွားကြနဲ့။ မနင်းမိစေနဲ့လို့ ပီပီပြင်ပြင် မပြောနိုင်ခဲ့ဘူး။ လူတွေလို ဒီနေရာ အမှိုက် မပုံရ…လို့စာရေးမထားခဲ့နိုင်ဘူး။ ဒီတော့ နောက်တကောင်က လာပြီးနင်းပြန်တာပဲ ဒီတော့လဲ ကိန်ဆိုပြီးအော် ပြေးတာပေါ့။ လူမှာတော့ အဲဒီလိုမဟုတ်ဘူး။ တဦးနဲ့တဦးပြောဆိုနိုင်တယ်။ လက်ဆင့်ကမ်းခဲ့နိုင်တယ်။ မှာခဲ့နိုင်တယ်။ အဒီလိုလက်ဆင့်ကမ်းနိုင်လို့…ပြောနိုင်ဆိုနိုင်လို့ ယူဆပါတယ်။
    ခုတော့ နေ့ချင်းချက်ချင်း စကားပြောနိုုင်တာ..မှားထားနိုင်တာ။ မှတ်ထားနိုင်တာ….အင်တာနက်ပါပဲ။
    သိပ်မကြာခင် တိုးတက်မှုအရှိန်တွေလဲ မြင့်လာလိမ့်မယ်လို့ယုံကြည်မိပါကြောင်း

  • thihayarzar

    July 10, 2012 at 7:47 am

    သိသူဖော်စား မသိသူကျော်သွား ဆိုတဲ့စကားဆိုသလိုပဲ အင်တာနက်ရဲ့ အသုံးဝင်တွေကို မသိပဲကျော်သွားတဲ့ သူတွေ များပါတယ် .. လေ့လာစရာ အကြောင်းအရာတွေ များလွန်းလို့ အချိန်ကိုလောက်ငှဘူး …. အဲဒါတောင်သူများနောက်ကချည်းပဲ ဖြစ်နေတယ် .. ဖော်တော့စားနေတယ် မဖော်တက်တော့ခက်တယ်ဗျာ .. တစ်ချို့ကလည်း အိမ်မှာ ပူလို့ အင်တာနက်ဆိုင်မှာ တစ်နာရီသုံးရာပေးပြီး လာထိုင်တယ် .. တစ်ချို့ဆို သုံးနေရင်းနဲ့ အိပ်ပျော်နေတယ် .. ဂိမ်းတွေဆော့နေတာလည်း ဆူညံနေတာပဲ မသိတဲ့သူတွေ ကျော်သွားနေကြတာ .. စိတ်မကောင်းစရာပဲ
    ဖော်လို့တွေ့ရင်လည်း လက်တို့ကြဦးနော် ..

  • maungmoenyo

    July 10, 2012 at 9:46 am

    အကောင်းဆုံးကတော့..ကြည့်ချင်တဲ့ဝက်ဆိုက် ဝင်သာဝင်ကြည့်…နောက်ကြည့်ရင်းကြည့်ရင်း…ဘယ်ဝက်ဆိုက်ကိုကြည့်တာကိုယ့်အတွက်..အကျိုးရှိမလဲဆိုတာတဖြေဖြေးသိလာလိမ့်မယ်…။ နောင်အချိန်ကိုပါ အကျိုးရှိစွာအသုံးချတတ်လာလိမ့်မယ်။
    internet free ရနေတဲ့ကိုယ်အိမ်ကို်ထိုင်နေကြသူတွေတောင်..နောင်ခါ..အချိန်ကိုအသုံးချတတ်လာကြပါလိမ့်မယ်။
    အဲ…အဲ့ဒီလိုဖြစ်မလာရင်တော့…something wrong ဘဲ…။
    အော်…စတုထ္ထမဏ္ဍိုင်…။

  • lon don

    July 10, 2012 at 5:54 pm

    ကောင်းပါတယ် အင်တာနက်ကြောင့်ကောင်းတာယူတတ်ရင်ကောင်းပါတယ် အတွေးကျယ်ပြန့်စွာနဲ့ ရင့်ကျက်တဲ့အသိနဲ့အသုံးချက်နိုင်ကျပါစေ—–

Leave a Reply