Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မသောက်တက်ရင်သင်ပေးမယ်

snow whiteJuly 11, 20121min77728

 

 

 

 

 

 

အရက်သမားစကားကို တော်ရုံလူကနားခံတာရှားပါတယ်  အရက်သမားဆို ဝေးဝေးကရှောင်ကျတာလည်းများပါတယ်  အရကကြိုက်လို့သောက်သည်ဖြစ်စေ မကြိုက်လို့သောက်သည်ဖြစ်စေ  အရက်သမားကဖြစ်ရတာလွယ်တယ် စွဲသွားရင်ဖြတ်ဖို့ခက်တယ်

အရက်မသောက်တက်ရင်သင်ပေးမယ့်သူလည်းများတယ်  သောက်တက်ကြည့်ဒီကောင် အရမ်းသောက်နိုင်တာ ဒီကောင် နဲ့တွေ့ရင်ငါ့တို့ရှင်းရရင်မလွယ်ဘူး နောက်တစ်ဆို်င်ပြောင်း  သောက်မယ်ဖြစ်ကုန်ရော  တစ်ခါက ရွာတစ်ရွာ မှာ  လူပျိုပေါက်အရွယ်  ကောင်လေးတစ်ယောက် အကြောင်းလေးပြောပြမယ်   သူနာမည်လေး ကမောင်စံသိန်းတဲ့ ကွယ်  သူမိသားစုလေးမှာသူက သားလေးတစ်ယောက်ထဲပါတယ် လေ မောင်စံသိန်းကအစ်မ ၂ယောက်  မွေးချင်း၃ယောက်မှာ သူကငယ်ဆုံးလည်းဖြစ်တယ်   သူလိုချင်တာမှန်သမျှလည်း  တောရွာမှာနေပေမယ့် သူအစ်မတွေကမြို့မှာ နေတော့ ပေါ်သမျှ ရွာမှာဆိုသူက star ပေါ့လေ  သူ အသက်လေး ၁ရနှစ် အရွယ်ရောက်လာတော့  ရွာထဲက ကာလသား တွေက သူကိုအားကျ တဲ့သူများတယ်ဆိုပါတော့ကွယ်

သူကလည်း ရွာမှာသာနေတာ ဝတ်တာကလည်းလှပတယ်လို့ပြောလို့ ရတယ် သန့်တယ်ပေါ့လေ သူနေတာထိုင်တာက     သူကအရက်သောက် ရတာ ကိုမုန်းတယ်   ဒါပေမယ့် သူ ကိုအရက်သောက်ကြည့်ဖို့ ရွာထဲက ကာလသားတွေကသူကို ခေါ်တယ်   ဒီအခါမောင်စံသိန်းက ငါအရက်ကို အနံ့တောင် ခံလို့မရလို့မသောက်ပါရစေနဲ့ကွာလို့ပြောတယ်  ဒါပေမယ့် ကာလသားတွေက    မင်းယောကျင်္ားမဟုတ်ဘူးလား  ယောကျင်္ားဆိုတာ စွယ်စုံလုပ်ကြည့်ရတယ် မကောင်းရင် ဆက်မလုပ်ရဘူး အဲ့လို လှောင်ပြောင်စကားတွေပြောတော့ မောင်စံသိန်းလည်း  သောက်လိုက်တယ်ဆိုပါတော့     တစ်ရက်ကနေနှစ်ရက်ကျတော့ သူမေတွေဖေတွေက ပြောတာပေါ့သား  နင်အရက်တွေ သောက်တက်နေပြီလားနင်ကတော့ မဟုတ်တော့ဘူးနော်

အရက်သမားဖြစ်တော့မယ်   နင်အရက်သောက်တက်တာလည်းမဟုတ်ဘဲနဲ့  အစလုပ်နေတယ်ပေါ့ အသက်ကငယ်ငယ်လေး ရှိသေးတယ်  စောစောစီးစီးသေနေမယ်  သားလေးတစ်ယောက်ထဲ ရှ်ိတော့လည်း  အရမ်းချစ်တော့ ဆူရုံဘဲဆူတယ် လေ    သူအစ်မတွေကလည်း ဆူကျတာပေါ့      အဲ့ဒါနဲ့မောင်စံသိန်းလည်း အရက်မသောက်တော့ဘဲ   အေးဆေးစွာနေတယ်  မောင်စံသိန်းလေး အသက်  ၂၃နှစ်ရောက်တဲ့အချိန် မှာသူတို့လယ်တွေ မြေယာတွေ အသိမ်းခံရတယ် ဘာကြောင့်လည်းတော့မသိဘူး  ဒါနဲ့သူတို့ တစ်မိသားစုလုံးစီးပွားရေးကကျ  သူအဖေလည်းအဲ့စိတ်တွေနဲ့  သေသွားခဲ့တယ်

မောင်စံသိန်းလေးကအရမ်းစိတ်ညစ်တယ်  ဆိုပြီးရွာထဲကိုထွက်သွားလေရဲ့ စိတ်ညစ်ရင် အရက်နဲ့ဖြေလို့ရတယ်ကွ မင်းကဘာမှမသိပါဘူးကွာ အရက်ရဲ့တန်ဖိုးကို  မင်းသောက်ကြည့်တော့ဘယ်လိုနေလည်းလို့မေးတယ်  မသိဘူးပူတယ် ရင်ထဲပူတယ်လို့ပြောတယ်  အေးကွ အပူကိုအပူနဲ့ဖြေရတယ်ကွ မသေမချင်းမှတ်ထား   မောင်စံသိန်းလေးဘယ်လောက်သောက်လိုက်လည်းတော့မပြောတက် အိမ်ကို လေးဘက်ထောက်တက် တဲ့ထိ အဖြစ်ပျက်က အဲ့လိုတွေဖြစ်နေတယ်  သူအမေကလည်း ဟဲ့နင် ဟာကလည်းအဖေသေလို့စိတ်ညစ်တာကတစ်မျိုးစီးပွားပျက်လို့  စိတ်ညစ်တာကတစ်မျိုးနင် အရက်သောက်လို့စိတ်ညစ်တာကတစ်မျိုး ငါသေသာသေလိုက်ချင်တယ်    မောင်စံသိန်းက သေရည်လေးကဝင်ထားတော့ သူအမေကို ပြန်ပြောလေရဲ့သေချင်သပဆိုလည်းသေစေသတည်းတဲ့လေ

သူအမေက အော်ကြီးဟစ်ကျယ်ငိုကြွေးတော့တာဘဲ  ငါ့သားလေးတစ်ခါမှပြန်မပြောဖူးဘူး  သေရည်လေးဝင်တာနဲ့ပြန်ပြောနေလိုက်တာ ပေါ့  မောင်စံသိန်းက  ပြောပြောဆိုဆိုနဲ့  အိပ်ယာထဲ ဝင်အိပ်လေရဲ့မနက်မိုးလင်းလာရင် သူပြောလေ့ရှိတဲ့စကားတစ်ခွန်း   က မူးလို့ အမှားပါချင်ပါမယ် အမေ  စိတ်ထဲကမပါပါဘူးအမေတဲ့လေ  မူးလာရင်လည်းသူပြောလေ့ရှိတယ် အပူပင်တွေကိုအပူနဲ့ဖြေသိမ့်တာပါအမေ   သားမှာအပူတွေများနေလို့ပါအမေ

သူကတစ်ရက်ကနေနှစ်ရက်ပြောမနိုင်ဆိုမနိုင်ဖြစ် လာတယ်   သူများဆီမှာအလုပ်လိုက်လုပ်တယ်    သူအစ်မတွေကလည်း  သူကိုမပြောတော့ဘူး ပြောလို့လည်းမနိုင်တော့ဘူးလေ  သူကအငယ်ဆုံးကလည်းဖြစ် ဆိုးလည်းဆိုးလာတယ် အဆဲပါပါလာတယ်  အလိုလိုက်ထားတာတွေက ခုမှ   အကောင်ထည်ပေါ်လာတာ မိုက်ရိုင်းဖို့ အကောင်ထည်ဖော်လာသလိုပါဘဲ

သူအစ်မ   တွေကလည်း  မပြောတော့ပါဘူး သူကအရက်မသောက်ရရင်မနေနိုင်အောင်ဖြစ်  လာတယ်  အလုပ်လုပ်တဲ့အချိန်ပါအရက်သောက်တဲ့အကျင့်ပါလာတယ်   သူကိုစတိုက်တဲ့သူတွေကလည်း သူကို အံ့ဩနေတယ် ပြောတော့အရက်နံ့တောင်မခံ နိုင်ဘူးဆိုတဲ့ကောင် ခုတော့အရက်ထဲမှာ ပျော်နေပါလားဟားဟား အလကားကောင်ဘာမှဟုတ်တာမဟုတ်ဘူး  အထင်ကြီးစရာကိုတစ်ကွက်မှမရှိဘူး    ငါတော့ပြောသားဘဲ ဒီကောင်ကို တိုက်ကြည့်လိုက်တာနဲ့ဒီကောင်အရက်အရသာ မသိသေးလို့

ခုတော့အရက်တန်ဖိုးသိသွားပြီ လေ    အရက်ရဲ့တန်ဖိုးကို  လူတိုင်းမသိပါဘူး  အရက်သောက်တာ ဘယ်လောက်ကောင်းလည်း ဆိုတာ သောက်ဖူးတဲ့သူဘဲသိလိမ့်မယ် ကွ     အဲ့လိုနဲ့မောင်စံသိန်းအစ်မ    အစ်မလတ် က ရင်ကျပ်ပန်းနားသည်    သူရောဂါကတော်တော်လေးဆိုးလာတယ်         မြို့တက်ပြီးတော့ကုမလို့လုပ်နေရင်းလုပ်နေရင်းကနေ  ရောဂါက ပိုဆိုးလာပြီး သေသည်ထိဖြစ်ကုန်တယ်  မောင်စံသိန်းလေးက အရက်သောက်တာ  သူမှာ အပြစ်မရှိဘူးတဲ့  ဘာကြောင့်လည်းဆိုတော့   အပူများလို့တဲ့လေ     သူတို့မိသားစုလေးမှာ လူကတစ်ဖြေးဖြေးလျော့လျော့လာတယ်    သူလည်းအိမ်ပြန်ချင်တဲ့ရက်မှပြန်တယ်  သူအမေကိုလည်း ပိုက်ဆံပေးချင်တဲ့ရက်မှပေးတယ်  သူသောက်ရဖို့ဘဲသိတယ်   သူကအရက်သမားလုုံးလုံးကိုဖြစ်နေတာ

ဒီလိုနဲ့မောင်စံသိန်းလေး ကအလုပ်လုပ်လိုက်ရှာလို့ရတဲ့ပိုက်ဆံလေးနဲ့အရက်ဆိုင်သွားလိုက်   သူခြေထောက်ကို  ပုလင်းကွဲ ရှပါလေရောပုလင်းကွဲရှတာ တော်တော်လေးနစ်သွားတယ်   သူခြေထောက် တောင်မထောက်နိုင်အောင်အနာကရင်းနေတယ်  ယောင်လည်းယောင်နေတယ်    အဲ့လိုနဲ့သူအလုပ်လည်းမဆင်းနိုင်ဘူး ပေါ့လေ   သူ့အစ်မကလည်း   ကောက်တော့စိုက်တယ် ဒါပေမယ့် မပြေလည်ဘူးပေါ့လေ  သူ့ကိုအရက်ဖိုးပေးလို့ မောင်စံသိန်းကတောင်းတယ် သူအစ်မမပေးဘူး အိမ်ထဲမှာဆူညံနေတာပေါ့လေ     သူကအဲ့ခြေထောက်ထော့နဲ့ နဲ့ အရက်ဆိုင်ကိုရောက်အောင်သွားတယ်  သူကိုစသောက်တက်အောင်သင်ပေးတဲ့ အကောင်တွေက ဟိတ်မောင်စံသိန်းဘာဖြစ်တာလည်းခြေထောက်   ဒီလိုဘဲကွာ   ပုလင်းကွဲရှတာပေါ့  အော်အေးအေး

လာကွာသောက်လေ အေးအေးငါလည်းသောက်ဖို့လာတာဘဲ ပိုက်ဆံတော့မပါဘူးနော် အေးပါကွာသောက်သောက် ငါ့တို့ရှင်းမယ် အေးပါကွာကျေးဇူးတင်ပါတယ်  တစ်ရက်ကနေနှစ်ရက် ရှင်းပေးကျသေးတယ်  ၂ရက်ကနေ၃ရက်ကျတော့ မင်းဘာသာသောက်ချင်ရင် ပိုက်ဆံရှာကွ  မရှာနိုင်ရင်မသောက်နဲ့ကွတဲ့ ကဲ ဘယ်လောက်ဆိုးလည်းမသောက်တက်ခင်ကကျတော့ သောက်ကြည့်     ယောကျင်္ားဆိုတာ သောက်ကြည့်မှ    ကွ  ဘာလေးညာလေးပြောတဲ့သူက ခုကျတော့ သောက်ချင်ရင်ပိုက်ဆံရှာရတယ်တဲ့မှတ်သားလောက်တယ်  မသောက်တက်ခင်သင်ပေးမယ်   သောက်တက်သွားတော့  ရှောင်ကျမယ်  ကိုယ့်ဘဝကိုယ်သာလျှင်ပိုင်တယ်  ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အမှားလမ်းကို မရောက်မိပါစေနဲ့   ခုမောင်စံသိန်းလိုဘဝပျက်မယ့် နောင်လာနောင်သားတွေ အများကြီးရှိသေးတယ်  ဘာကြောင့်လည်းဆိုတော့ ဆေးလိပ်မသောက်တက်သေးတဲ့ကလေးတွေကို သောက်ကြည့်ပါလားကွ ဆေးလိပ်အရသာလေးကတစ်မျိုးဘဲ အရသာကသောက်ကြည့်မှသိတာကွ  မြင်တွေ့နေရပါတယ် မုန့်ဆိုင်တစ်ဆိုင်မှာစာကပ်ထားတာတွေ့မိတယ် ဘာဆေးလိပ်သောက်ချင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်  စာသာကပ်ထားတာ စာကနောက်ကကပ်ထားတယ်   အရှေ့မှာက  ဆေးလိပ်ဗူးလေးတွေတန်းစီလို့   အသက် ၁၈နှစ်မပြည့်သေးသူများဆေးလိပ်သောက်ခြင်းမှတားမြစ်သည်  အထက်ကျောင်း အလယ်တန်းကျောင်းဆင်းချိန် ကျောင်းရှေ့ကမုန့်ဆိုင်တွေမှာသွားကြည့် ဆေးလိပ်ဝယ်ဖို့တန်းစီနေတဲ့ကျောင်သားတွေများကြီးတွေ့နေရတယ် အနာဂတ် မျိုးဇာတ်သစ်လေးတွေ   လင်းလက်တောက်ပမယ့်အရွယ်မှာ လမ်းမှန် မှန်နဲ့ အနာဂတ်တောက်ပမယ့်ဘဝလေးတွေ ပိုင်ဆိုင်နိုင်ကျပါစေ

 

 

 

 

 

 

 

 

 

 

 

 

 

28 comments

  • snow white

    July 11, 2012 at 10:30 am

    Connection ကောင်းတုန်းလိုက်တာ မြန်မြန်တင်လိုက်လို့စိတ်လော သွားတာလည်းပါတယ် အမှားပါသွားရင် ရွာသူရွာသားတို့စာနှစ်ခါ ဖြစ်သွားလို့သည်းခံပြီးဖတ်ပေးပါနော်

  • မောင်ပေ

    July 11, 2012 at 10:46 am

    snowလေးရယ်
    ရေးတတ်လှချီလား
    စံသိန်းကိုလဲ သနားမိသလို
    အရက်သမားအပေါင်းအသင်းတွေကိုလဲ မုန်းမိတယ်
    snowလေး စကားကို နားထောင်ပါတော့မယ်
    ကိုပေ အရက်လုံးဝ သောက်တော့ဝူးကွာ
    ဘီယာပဲ ကစ်တော့မယ်နော်
    ဟီဟိ

    • snow white

      July 11, 2012 at 11:52 am

      ဦးဦးပေ မသောက်ရဘူးနော် ဘီယာဆိုတာ အရက်တော့မဟုတ်ပေမယ့် ငါးပါးသီလ မှာတစ်ပါးတော့လျော့ သွားလိမ့်မယ် ဦးဦးပေ ဘီယာလည်းအရက်တော့ဟုတ်လိုက်ပါ ဘီယာလည်း ကစ်တာတော့ကစ် နော် တန်ဆေးလွန် ဘေးတဲ့လေ။။။

    • water-melon

      July 11, 2012 at 12:51 pm

      အူးလေး သများကို သတိရပါနော်
      အဟတ် အဟတ်

  • ခပ်မိုက်မိုက် ကောင်မလေး

    July 11, 2012 at 10:57 am

    အရမ်းကောင်းးပါတယ်….
    မသောက်တတ်သေးရင် သောက်တတ်အောင်သင်ပေးမယ့်သူတွေအများကြီးနော်…
    အရက်ဖြစ်ဖြစ် ဆေးလိပ်ဖြစ်ဖြစ် .. မသောက်နဲ့ပြောရင်…
    ယောက်ျားလေး မို့..ဒါတွေက ကောင်လေးတစ်ယောက်ဖြစ်နေရင်…
    လုပ်ကိုလုပ်ရမယ် ကောင်လေးမို့ ဒါတွေလုပ်တတ်တာ အဆန်းမဟုတ်ဘူးလို့…
    ပြောကြတယ်….။ ယောက်ျားလေးဖြစ်လို့ ဒါတွေလုပ်ရမယ်လို့…
    ဘယ်သူကမှ အမိန့်မပေးထားပါဘူးနော်…ဟုတ်ယ်မလား…..
    ဒါတွေက ကောင်းပါတယ်ဆိုပြီး အားပေးမယ့်သူနဲ့.. တားမြစ်သူဘယ်သူပိုများလဲ..
    အတတ်နိုင်ဆုံးတော့.. ဆေးဝါးအဖြစ်သုံးတာကလွဲရင်…
    ဘာမှမကောင်းပါဘူး…။။။။။။။။။။။။။
    ခုဆိုရင် ကလေးလေးတွေကစလို့ ဆေးလိပ်အရက်ကိုသုံးတတ် စွဲတတ်နေပြီ..
    စနိုးပြောသလိုပေါ့နော်..အနာဂါတ်ကြယ်ပွင့်လေးတွေ.. အစွဲသင့်တာတွေ မစွဲစေချင်ပါဘူး..။

  • mamanoyar

    July 11, 2012 at 11:02 am

    ဟုတ်တယ်နော် စနိုး
    လူတွေက မသောက်တတ်ခင်ကတော့
    သောက်တတ်အောင် မြှောက်ပင့်ချင်ကြတယ်
    သောက်လဲသောက်တတ်ရော သူတို့ပဲ အပြစ်ပြောကြတယ်
    ဘာပဲဖြစ်ဖြစ် အရက်မသောက်တာ အကောင်းဆုံးပဲလို့ မြင်မိပါတယ်

  • cum min

    July 11, 2012 at 11:09 am

    မမကမသောက်နဲဆိုမတောက်တောဘူး…………. 🙂

  • ခပ်မိုက်မိုက် ကောင်မလေး

    July 11, 2012 at 11:15 am

    သောက်တော့သောက်ပါ…ရေရရရရရရရရရရရရရရရရ

  • မဂွတ် ထော်

    July 11, 2012 at 11:21 am

    ဒို့တောင်သောက်ဘူးတယ်
    စပိုက်(စ်)

  • ခပ်မိုက်မိုက် ကောင်မလေး

    July 11, 2012 at 11:35 am

    King of Secrets (Bo Min) says:
    ဘယ်သူမြှောက်မြှောက် ကိုယ် မမြောက်ဖို. လိုတယ်
    ———————————–
    ထောက်ခံ၏…။

  • တောသားလေး

    July 11, 2012 at 12:41 pm

    အဓိက ကစိတ်ပါကိုယ့်စိတ်ကိုယ်နိုင်ရင်သောက်ပေါ့ ဒါမေမဲ့မလွန်စေနဲ့နော်.. တန်ဆေး လွန်ဘေးတဲ့…….:)

  • may flowers

    July 11, 2012 at 12:59 pm

    အရက်ကြောင့် ဘဝပျက်၊ စီးပွားပျက်နေတဲ့ လူငယ်တွေ တော်တော်များလာတာမို့ ဒီလိုပညာပေး

    ပိုစ့်လေးအတွက် ကျေးဇူးပါစနိုးရေ။

  • Thu Wai

    July 11, 2012 at 1:17 pm

    snow ရေ တကယ်တော့ တစ်ခုတည်းသောက်ရင်သာမကောင်းတာ တွဲလိုက်ရင်တော့ကောင်းပါတယ်ကွယ်
    ဘီအီး + ဘီယာ
    ဂျင် + သံပရာ
    ရမ် + ကိုလာ
    ဝီစကီ + ဆော်ဒါ
    ဗောဒ့်ကာ + စပါကလင်
    အေဘီစီ + မြန်မာဘီယာ အရောလေးကလဲ တစ်မျိုးကောင်းပါသေးတယ်ကွယ်
    ဒါကြောင့် စနိုးပြောသလို အရက်ဆို တာမကောင်းဘူးဆိုတာ လက်ခံပါတယ် အဲဒီလို ရောပြီးသောက်ကြည့်ပါ
    ကောင်းတယ်ဆိုတာ သိလာလိမ့်မယ်နော်။

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 11, 2012 at 1:18 pm

    အနော်တို့ကတော့ 5 ခွက် limit ပဲ ….

  • ကြောင်ဝတုတ်

    July 11, 2012 at 1:20 pm

    သိပ်ချစ်ခံရတဲ့လူတွေ… လောကအကြောင်းကိုဘာမှမသိဘဲနဲ့ သူများပြောတိုင်းလိုက်လုပ်ပြီး… ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိတဲ့လူမျိုးတစ်ယောက်အကြောင်းလို့ နက်နက်နဲနဲမှတ်ယူသွားတယ် မစနိုးရေ…

    စာထဲကလူက ကိုယ်ပိုင်အရည်အချင်းမရှိပဲ… လောကဒဏ်ကိုခံရတဲ့အချိန် ကိုယ်တိုင်ဖြေရှင်းဖို့မကြိုးစားတာကတစ်ကြောင်း…
    စီးပွားပျက်လို့အဖေသေ… အဖေသေရင် ယောင်္ကျားလေးဖြစ်တဲ့လူက မိသားစုကိုဦးဆောင်ရမယ်ဆိုတဲ့တာဝန်သိတတ်မှု ကိုယ်တိုင်မရှိပဲ… ရှာကျွေးမယ့်လူမရှိလို့ ညစ်ညစ်နဲ့ အရက်ဖိသောက်တတ်တဲ့လူမျိုး… တခြားလူကိုရှာမကျွေးဖို့မပြောနဲ့ ကိုယ့်အရက်ဖိုးတောင်ကိုယ်ရှာဖို့ အရည်အချင်းမရှိသူတစ်ယောက်ကိုဥပမာပြုပြီး အရက်မသောက်ပါနဲ့လို့ပြောနေကြရင်…

    အရက်သောက်တာအလွန်လား… ကိုယ်ပိုင်အရည်အချင်းမရှိပဲနဲ့ ဘဝကိုရေစုန်မျှောတဲ့လူရဲ့အလွန်လားကို အရင်စဉ်းစားကြည့်သင့်တယ်ဗျာ…
    ဒီဘဝသင်္ခန်းစာလေးမှာ သင်္ခန်းစာယူရမှာက အရက်မသောက်ဖို့မဟုတ်ဘူး… ဘဝကို ရေစုန်မမျှောဖို့… သူတပါးအားမကိုးပဲ… ကိုယ့်ခံယူချက်နဲ့ ကိုယ့်စိတ်ဓာတ်အင်အားရှိအောင်ကြိုးစားဖို့ပဲ…လို့ပြောချင်ပါတယ်…

    လစ်ဘရယ်…
    ကြောင်ဝတုတ်

  • မြတ်ကျော်သူ

    July 11, 2012 at 1:21 pm

    ဟီးဟီး…မသောက်တတ်ရင် သင်ပေးမယ့်
    ဆရာများကို ကြိုဆိုလျှက်ပါခင်ဗျား…..
    စနိုးလေး၏ ပို့စ်မှ တစ်ဆင့် သင်ဆရာ၊ မြင်ဆရာများကို စောင့်မျှော်လျှက်ရှိပါကြောင်း….

  • မမ အညာသူ

    July 11, 2012 at 1:37 pm

    အရမ်းကောင်းပါတယ်နော်
    တကယ်တော့အရက်ဆိုတာအဆိတ်တစ်မျိုးပါပဲ
    ခုခေတ်မှာမသောကတက်တဲ့သူကအလွန်ကိုရှားပါတယ်
    ကြောက်ဖို့ကောင်းတဲ့အရက်ဘီယာကတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတစ်ယောက်နှင့်တစ်ယောက်ခင်မင်မှု့တွေမှာ သူမပါရင်မပြီးတော့ပါဘူး
    ရှောင်နိုင်ရင်တော့အကောင်းဆုံးပေါ့နော်

  • အရင့်ရောင်

    July 11, 2012 at 1:44 pm

    အရက်သောက်တာက
    အရောက်သက်သာအောင်လို့တဲ့လေ…….
    ဟိဟိ

  • ko khin kha

    July 11, 2012 at 3:25 pm

    အရက်နဲ့ဆေးလိပ်ဖြတ်တဲ့နည်းယူမလားဆိုပြီး ကျူရှင်ဆရာတစ်ဦးနဲ့စကားစပ်မိတော့ပြောဖူးတယ်။
    ဒါနဲ့သူနည်းကိုမေးကြည့်တော့ သူကပြောတယ် မသောက်ဘဲနေလိုက်ပေါ့တဲ့။
    အဲဒီနည်းနဲ့ အရက်၊ဆေးလိပ်ဖြတ်လို့ရ-မရ စမ်းကြည့်ချင်သူတွေအတွက် ရေးပေးလိုက်တာ။

  • ster

    July 11, 2012 at 3:47 pm

    သောက်တာက သင်ပေးစရာ မလိုပါဘူးဗျာ၊ ဘာခက်တာမှတ်လို.၊ အစပြုမိသွားလို. ကြိုက်သွားရင်သာ ဆိုးကျိုးတွေ သိရက်နဲ. မသောက်ပဲ နေနိုင်ဖို. ခက်တာပါ၊ အဲဒါကြောင်. ဘာအကြောင်းပြချက်နဲ.ပဲ ဖြစ်ဖြစ် မသောက်တာ ကောင်းပါတယ်။

  • etone

    July 11, 2012 at 4:34 pm

    မကောင်းတဲ့ အကျင့်ဆိုလျှင် .. လူတွေက ပထမပိုင်းတော့ ပိုက်ဆံ အကုန်ခံပြီးကို သင်ပေးတယ် .. တကယ်တမ်းစွဲသွားလျှင်တော့ ကိုယ့်ဘဝနဲ့ ကိုယ် ၊ ကိုယ့်ထိုက်နဲ့ကိုယ့်ကံဆိုပြီး … ရှောင်ဖယ်သွားချင်တယ် … ။ လူဆိုတာမျိုးက … တစ်ခုခုပေါ် စွဲလန်းသွားလျှင် ထိန်းချုပ်ရခက်ပါတယ် … ။

    အရက်လိုဟာမျိုးက …. နောက်ပိုင်းမကြိုက်တော့လို့ ဖြတ်မယ်ဆိုလျှင်တောင ်… စိတ်ဓါတ်အတော်လေးခိုင်မာမှ … ။ နည်းမှန် လမ်းမှန်လေးဖြစ်မှ … ကွမ်းယာဆိုင်ကလို သွေးအန်တဲ့ဆေးမျိုး ဝယ်တိုက်မယ်ဆိုလျှင် .. မြန်မြန်ကြွသွားတတ်တယ် …… ။ အခုနောက်ပိုင်းတော့ ပြည်သူတွေ မျက်စိတွေပွင့်လာပါပြီ .. အရက်ဖြတ်တာ ဆေးရုံတတ်ဖြတ်ကြလို့ပါ …. ။ ရွာသားကြီးက ဆေးရုံမှာအရက်ဖြတ်ဖို့ သီးသန့် လုပ်ထားပေးပါတယ်… ။ လူကိုလည်း အားဒီလောက်မယုတ်စေပဲ နည်းလမ်းမှန်နဲ့ ဖြတ်ပေးတာဆိုတော့ ၊ ကိုယ့်ဘာသာကိုယ်ဆေးဝယ်သောက်တာထက် ပိုကောင်းတဲ့ နည်းပါ ။

    ဒါပေမယ့်…အရက်ဖြတ်ပြီးတာတောင် အပေါင်းသင်းမကောင်းလျှင် ပြန်သောက်တတ်ပါသေးတယ် … ။ အဲ့ဒါမျက်မြင်တွေ့ခဲ့ဖူးလို့ပါ … ။ 🙄 အရက်ကို မဖြတ်နိုင်လို့ ဆက်သောက်လျှင် … နောက်ဆက်တွဲရောဂါတွေပါကပ်ပါလာနိုင်ပါတယ် ….

  • Mလုလင်

    July 11, 2012 at 4:42 pm

    မန့်မယ် .. မမန့်ဘူး တော်တော် စဉ်းစားရကြပ်တဲ့ အမျိုးပဲ .. တော်ကြာ ကိုယ့်ကို အရက်သမားထင်မှာလဲ စိုးရသေး (ဟေးဟေး …..)…ဆိုတော့ … အဲ့လို လူတွေကိုတော့ အရက် ကို နာမည် ဖျက်တဲ့သူတွေ ..တနည်း အရက် ကိုလွဲချ ပြီး ကိုယ်ခံအား (စိတ်ကိုယ်ခံအား) အားနည်းချက် ကို ဖုုံးကွယ် ချင်တဲ့ သူလို့ပဲ တံဆိပ် တပ် ချင်ပါတယ်။ .. ဆိုတော့ .. ကောင်းတဲ့ အရက် က ကောင်းပါတယ်ဗျာ။ ကောင်းတာလေးတွေ ရွေး သောက်မယ် ဆိုရင်ပေါ့။
    ပိုစ့် နဲ့ မဆိုင် ပေမယ့် ခုတလော ဂျာနယ်တွေမှာ တွေ့တွေ့နေတာ ကား ကံစမ်းမဲ ပေါက် တဲ့သူတွေပေါ့ .. ကားတော့ ပေါက်ပါရဲ့ .. မျက်နှာတွေက ဖော စပြုနေပြီ …
    ဒုက္ခ …. ဒုက္ခ

  • nature

    July 11, 2012 at 4:45 pm

    ဘယ်သူမပြုမိမိမှုပါပဲ။ ဆွယ်တဲ့သူကအပြစ်ရှိတယ်ဆိုပေမဲ့ အဓိကဖြစ်ရတာကတော့သောက်မယ်ဆိုတဲ့ကို်ယ့်ရဲ့ရွေးချယ်မှုက အဓိကတရားခံပါပဲ။

  • snow white

    July 11, 2012 at 4:51 pm

    ဟိတ် ကံစမ်းမဲလိုချင်လို့သောက်တယ် လို့တော့ကံစမ်းမဲကိုအပြစ်ပုံမချရဘူးနော်ကံစမ်းမဲက သောက်တဲ့သူထဲကပေးသွားတာ ဉာဏ်ရည်မမီတဲ့သူတွေက သူတို့ထဲကပြန်ပေးနေတာကိုမသိဘူး အရက်ထုတ်တဲ့သူက သူတို့မြတ်မယ့် ထဲကပေးတယ် ထင်ပြီးအားပေးနေတာ နောက်ဆုံးတော့လည်းစားသုံးသူထဲက ဘဲ ပြန်ကံစမ်းမဲပေးနေတာ မိအေးနှစ်ခါ နာဖြစ်တာက အားပေးတဲ့ သူတွေဘဲ အရက်သောက်တော့ အရက်သမားဖြစ်တယ် ကိုယ့်ရှာသမျှ ပိုက်ဆံ အရက်ဆိုင်ရောက်တာဘဲ ကံစမ်းမဲကိုမမက်ရဘူးနော် အလုပ်ကိစ္စ ကြောင့်တစ်ခါတစ်လေ သောက်သုံးတယ် ဆိုတာ ပြသနာတော့မဟုတ်ပေမယ့် တစ်ကြိမ်သောက်လည်းအရက် နှစ်ကြိမ်သောက်လည်းအရက်ဘဲနော် သတိလေး တော့ထား တို့ ဘုရားမကြိုက် တဲ့အထဲမှာ အရက်လည်းပါတယ်နော် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ အရက် သောက်သုံးခြင်းမှ ကင်းဝေးကျပါစေ ။။။

  • သောက်တတ်ပြီဆိုရင် ကျနာ်ဆီလာပါ.
    အရက်ဆိုင်ဖွင့်ထားပါသည်.
    ယနေ့အကြွေးမရောင်းပါ……………………..

  • captainamerica

    July 11, 2012 at 5:59 pm

    စည် နှစ်ခွက်လောက်ဗျို. မန္တလေးရောက်တုန်းကိုပေါက်ဆိုင်ဝင်အားပေးတာပါ :mrgreen:

Leave a Reply