Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကားစီးရင် သတိထား

manawphyulayJuly 13, 20121min118829

မနေ့က မိုးအကြီးအကျယ်ရွာတော့ မိုးမိပြီး ဒီနေ့ အတော်ဖျားချင်နေတယ်။ ကိုယ်တွေလက်တွေကိုက်နေရင်း မနက်က အလုပ်လာတော့ လမ်းမှာ ရုံးက အစ်ကိုတစ်ယောက်နဲ့ တွေ့တယ်။ သူက ပြောတယ်။ဒီမနက် အလုပ်လာတော့ စိတ်မကောင်းစရာတွေကြားရပါတော့တယ်။ ရုံးက ဆရာတစ်ယောက် ဆုံးတယ်လို့ ပြောတော့ လာမနောက်နေနဲ့လို့ ပြောလိုက်တယ်။ မနေ့ကတောင် စကားတွေ ထိုင်ပြောနေသေးတယ်လို့ ပြောတော့ ဟုတ်ပါတယ်။ ဒါနဲ့ ရုံးရောက်တော့ ထပ်ပြောတယ်။ အစ်မ သင်တန်းက ဆရာတစ်ယောက် ဆုံးသွားပြီလို့ ထပ်ပြောတယ်။ ဟုတ်လို့လား မနေ့ကတောင် ညဘက်ထိ တွေ့တယ်လို့ ပြောတော့ ညက ရုံးက အပြန်မှာ ဗိုလ်ချုပ်လမ်းပေါ်က ပန်းဆိုးတန်းဂုံးအောက်ကားမှတ်တိုင်ကျော်မှာ အဓိပတိယာဉ်လိုင်းပေါ်က ပြုတ်ကျပြီး ဆုံးတာလို့ ပြောပါတယ်။ ည မိုးအရမ်းရွာနေတဲ့အချိန် ရ နာရီခွဲမှာ ဖြစ်တာတဲ့။ ဖြစ်နိုင်ပါ့မလား ဒီလူက အရက်မသောက်ဘာမသောက်နဲ့လို့။ အစ်မရဲ့ ကားပေါ်အတက်မှာ ခြေချော်ကျတာလို့လည်း ပြောနေကြတယ်။ ခုထိတော့ ဘယ်လိုဆိုတာ မသိဘူး။ ညက ဆေးရုံမှာတော့ ရုံးလိပ်စာကတ်တွေ့လို့ အကြောင်းကြားလာတယ်ပြောတယ်။ ခုနကတော့ မှုခင်းက သေသူရဲ့ အိမ်လိပ်စာကို လာတောင်းသွားပါတယ်။ ကားနံပါတ်တော့ မသိသေးဘူးလို့လည်း ပြောသွားတယ်။ နေ့မြင် ညပျောက်ဆိုတာ တကယ်ပါလား။ အသက်ကဖြင့် ၅ဝ မပြည့်သေးဘူး။ ခုတော့ မထင်မှတ်စွာနဲ့ ပြောင်းလဲသွားလိုက်တာ။ ဘယ်သူ့ပြောပြော မယုံကြည်ကြဘူးဖြစ်နေတယ်။ ကားပေါ်က ခြေချော်ကျတာ ဒီလောက်တောင် ဖြစ်စရာလားဆိုတာလည်း စဉ်းစားမရဘူးဖြစ်နေတယ်။ အကုန်လုံးကို ပြောချင်ပါတယ်။ ကားတက်ကားဆင်းသတိနဲ့တက်ကြ ဆင်းကြပါလို့ ပြောရင်းနဲ့ စိတ်မကောင်းတဲ့သတင်းကို ဖြန့်ဝေလိုက်ပါတယ်။

29 comments

  • ရှင်းသန့် နွယ်

    July 13, 2012 at 12:13 pm

    စိတ်မကောင်းပါဘူး မမနောရေ…
    ခုလိုလေးပြောပြတော့သတိပိုထားဖြစ်တာပေါ့….

    • manawphyulay

      July 13, 2012 at 12:20 pm

      ဟုတ်တယ်ရှင်းသန့်ရဲ့။ ကားပေါ်က ခြေချော်ကျတာ ကတ္တရာနဲ့ ခေါင်းနဲ့ ဆောင့်မိလို့လားမပြောတတ်ဘူး။ ခုချိန်ထိတော့ သေချာမသိသေးဘူး။

  • snow white

    July 13, 2012 at 12:15 pm

    တကယ် စိတ်မကောင်းစရာသတင်းပါလားနော် တကယ့်ကိုစိတ်ထဲမှာတောင်ကြောက်မိတယ် လိုင်းကားစီးရင်သတိနဲ့စီးကျပါ အိမ်ပြန်လမ်းကော အလုပ်လာလမ်းရော အစစအရာရာသတိနဲ့ နေကျပါစေလို့ဆန္ဒပြုရင်း သတ္တဝါအပေါင်းကျန်းမာချမ်းသာကျပါစေ အသက်ဘေးအန္တ ရယ် မှကာကွယ်နိုင်ကျပါစေ….

  • lynn lynn

    July 13, 2012 at 12:41 pm

    မ မနောရေ လင်းလင်းတော့ သတိထားရမယ်။ ကားကို လမ်းက ဖြတ်ဖြတ်တက်တာလေ။ လက်တားပြီးတော့ ဘယ်တော့ ဘာဖြစ်မလဲမသိဘူး။

    • manawphyulay

      July 13, 2012 at 12:48 pm

      ဟုတ်တယ်ညီမလေးရေ… မဖြစ်ဖူးတော့ သတိမမှုကြတာလေ။ မမလည်း ဒီတိုင်းပဲ ဒီကြားထဲ လာနေတဲ့ကားတွေကြားက ဖြတ်ပြီး တားတာရှိသေးတယ်။

    • snow white

      July 13, 2012 at 5:54 pm

      လင်းလင်းလေး ဒီပို့စ်လေးဖတ်ပြီးသတ်ိထားနော် စိတ်ပူလို့ အဲ့လိုသေတဲ့သူတွေလည်းများနေပြီ လင်းလင်းလေးနီးစပ်ရာမှာ အဲ့လိုလက်တားပြီး ကားလမ်းကူးတဲ့သူတွေသေတာ မကြားဖူးသေးလို့ပါသတိထားပါ ကားကို ကိုယ့်ကဘဲသတိထားရမယ် ကားမောင်းတဲ့သူက ဘာတွေအလေးထားလည်းတော့မပြောတက်ဘူး ပြိုင် မောင်းဖို့လောက် ဘဲ စဉ်းစားနေတာ ကိုယ်က ဘဲကိုယ့်ကိုယ်ကိုသာဂရုစိုက် ပါ စေတနာနဲ့ပြောပြတာပါ တစ်မျိုးမမြင်စေချင်ပါဘူးနော် ရွာသူရွာသားအပေါင်းကိုခင်မင်လျှက် စနိုး…..

  • mamanoyar

    July 13, 2012 at 12:52 pm

    ဒီသတင်းကြားရတာ စိတ်မကောင်းဖြစ်မိပါတယ်
    အခုလို စေတနာနဲ့ သတိပေးတာ ကျေးဇူးတင်ပါတယ် မမမနောရေ

  • Khaing Khaing

    July 13, 2012 at 12:59 pm

    အင်း ……. ဒါမျိုးတွေကြောင့် ကိုယ့်မိသားစု အပြင်သွားရင် အိမ်ပြန်မရောက်မချင်း ပူပန်နေခဲ့ရတယ်လေ ….. တရားသဘောနဲ့ပြောရရင်တော့ အားလုံးကတော့ သေချိန်တန်လို့သေတယ်လို့ပဲမှတ်ခိုင်းမှာပေ့ါလေ …

  • နွေဦး

    July 13, 2012 at 1:21 pm

    မြန်မာပြည်ရဲ့ ပို့ဆောင်ရေးစနစ် အထူးသဖြင့် မြို့တွင်း ပို့ဆောင်ရေးစနစ် တခုလုံးကို ပြင်ဘို့သင့်နေပြီဗျာ ။
    နေ့တိုင်း ဘစ်ကားစီးပြီး သွားလာနေတဲ့ သူတွေအတွက် ဘာလုံခြုံရေးမှမရှိ ဘာ အာမခံချက်မှလဲမရှိနဲ့ နေခဲ့ကြရတာ ကြာပြီဗျာ ။
    နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးလုပ်တဲ့နေရာမှာ အရေးကြီးဆုံးနေရာက အမြန်ဆုံးလုပ်သင့်တယ်လို့ ထင်ပါတယ် ။
    နိုင်ငံတော်ရဲ့ လွတ်တော် အရေးကြီးသလို…
    နိုင်ငံတော်ရဲ့ ဖွဲ့စီးပုံ အခြေခံဥပဒေ အရေးကြီးသလို..
    ဒီမိုကရေစီ ဖေါ်ဆောင်ဘို့အရေးကြီးသလို …
    ဘစ်ကားတွေ ရဲ့ .ဒရိုင်ဘာတွေ စပါယ်ယာတွေ.. သူတို့တွေ ဥပဒေ စည်းကမ်း လိုက်နာဘို့ ..
    လုံခြုံပြီး အန ္တရာယ် ကင်းစွာ မောင်းနှင်ဘို့ ..အတွက်
    ကြပ်မတ် အရေးယူရန် လည်း အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်..။

  • ko khin kha

    July 13, 2012 at 1:32 pm

    မိုးရာသီမှာ ကားဆင်းကားတက်တွေ သတိထားသင့်သလို ကိုယ်စီတဲ့ဖိနပ်ကလည်း ရေစိုမှာချောတတ်ရင်လည်း မတော်တဆကနေ မဖြစ်သင့်တာဖြစ်သွားတတ်တာမို့ သတိဆိုတာပိုတယ်မရှိဘူးနော်။

  • မွန်မွန်

    July 13, 2012 at 1:43 pm

    အစ်မရေ..တော်တော်တောင်ကြောက်မိတယ်။ နာရီဝက်လောက်စောင့်ရတဲ့ လှည်းတန်းမီးပွိုင့်ကို ကြောက်လို့ ပွိုင့်ထိပ်က ထွက်နေတဲ့ကားကို တားပြီး ဖြတ်တက်တာလေ.. ဖြစ်လိုက်ရင်တော့.. အောင်မယ်လေး… အဲဒီကုန်းကျော်တံတား မြန်မြန်ပြီးမှပဲ… 😛

    • snow white

      July 13, 2012 at 5:56 pm

      စိတ်ရှည်ပါ ပြီးတော့ မှာပါသိပ်မလိုတော့ဘူးထင်တာဘဲ လုပ်နေတာတော့ တွေ့တယ် မြန်မြန်လေးပြီးမယ်လို့တော့ထင်တယ် ကုန်းကျော် တံတား မြန်မြန်ပြီးမှ တို့အစ်မမွန်မွန်စိတ်ချမ်းသာမယ် ကားကိုတားပြီးစီးရတာလည်း အန္တရာယ်များပါတယ် နောက်အဲ့လိုတားမစီးရဘူးနော် ချစ်မမ ချစ်မမကိုခင်လို့ပြောတာ။။။

  • pan pan

    July 13, 2012 at 2:00 pm

    ဖလား..ဖလား
    တခါတလေ မယ်ပန်အဲ့နားကပြန်တာ
    နေ့လည်ကတောင် ရောက်သေး
    နေရာကတော့ သူမဟုတ်သလို လည်ပတ်နေတာပဲ

    ကားပေါ်ကပြုတ်ကျတာက ပလက်ဖောင်းနဲ့ဆောင့်မိတာတို့
    နောက်ကားနဲ့တိုက်မိတာတို့
    အဲ့လိုဖြစ်သွားတာနေမှာ 🙄

  • cum min

    July 13, 2012 at 2:10 pm

    သတိထားတော်မယ်…..ကားမစီးတေယဘူး…လျှောက်တောမယ်

  • မမ အညာသူ

    July 13, 2012 at 2:12 pm

    ုဟုတ်ပါတယ်မမနော
    ဘယ်အရာမဆိုသတိထားပြီးလုပ်ကိုင်သင့်ပါတယ်
    ကံကိုယုံပြီးဆူးပုံမနှင်းမိပါစေနှင့်နော်

  • shwe kyi

    July 13, 2012 at 2:20 pm

    တော်သေးတယ်ရွှေကြည်ရုံးကလမ်းလျှောက်သွားလို့၊ ဆိုက္ကားစီးသွားလို့ရတဲ့နေရာဖြစ်နေတော့ ကားဒုက္ခကို
    မခံစားရတော့ဘူး။ ဒါပေမယ့်အိမ်ကထွက်ပြီးလမ်းပေါ်ရောက်တယ်ဆိုရင်ပဲ အန္တရာယ်ကလက်တကမ်းမှာလို့
    ခံစားနေရတယ်။ ကြားရတဲ့သတင်းကစိတ်မကောင်းစရာပါပဲ။ အားလုံးအန္တရာယ်ကင်းကြပါစေ။

  • manawphyulay

    July 13, 2012 at 2:49 pm

    ကားအပေါ်အတက်မှာ ခြေချော်ကြပြီး ခြေထောက်က ကားအောက်ထဲရောက်သွားချိန်မှာ ဖြတ်ကြိတ်ခံရတာလို့ သိရပါတယ်။

  • elle smile

    July 13, 2012 at 3:10 pm

    မမ မနောရေ… အယ်လီလည်းကြားကြားခြင်းအရမ်းစိတ်မကောင်းဖြစ်သွားတယ်၊ဪ.. နေ့မြင်ညပျောက်ကြောက်စရာပါလား…ဘုရား..ဘုရား

  • ster

    July 13, 2012 at 3:10 pm

    ကားနံပါတ် မသိရသေးဘူးဆိုတော. ကားပေါ်မှာပါလာတဲ.သူတွေက တယောက်မှ မတိုင်လို. ဖြစ်မယ်။

  • may cho

    July 13, 2012 at 3:32 pm

    တီချယ် ကြားရတာစိတ်မကောင်းပါဘူ။မနေ့ကတောင်သူစီရောက်သွားသေးတယ် မုန့်တောင်သွားပေးလိုက်သေး တယ်။အော်—-သေခြင်းတရားဆိုတာဘယ်သူ မှလွန်ဆန်လိုမရဘူနော်။

  • ငပွကြီး

    July 13, 2012 at 3:46 pm

    ကြားရတာ တကယ်စိတ်မကောင်းစရာပါ….
    တရားသဘောအရ နေ့မြင်ညပျောက်ဆိုသလို လူတွေလဲစည်းကမ်းရှိရင် ဒီလိုကိစ္စကတော့ ဖြစ်စရာအကြောင်းမရှိဘူးထင်တယ်..
    လိုင်းကားတွေဆိုတာ ခရီးသည်တက်ပြီးရင် တံခါးပိတ်မယ် ပြီးမှထွက်မယ်…ခုကတော့ တက်လို့မပြီးသေးဘူး ဝေါကနဲထွက်မယ် ကားသွားနေရင်းနဲ့လဲ လူတင်မယ်..ဆင်းလို့မပြီးခင် မောင်းမယ်..
    ဪ….ဒါ စံနစ်ကြောင့်လား လူကြောင့်လား…ဘယ်သူ့မှာအပြစ်ရှိလဲ
    ခံစားရတယ်….

  • myanmarcitizen

    July 13, 2012 at 4:12 pm

    ကြားရတာစိတ်မကောင်းစရာပါ။ အပြစ်က ကားသမား၊ ကားစီးတဲ့သူ အားလုံးသူ့အပြစ်နဲ့ သူမကင်းကြပါဘူး။ နောက်ပြီး အစိုးရလဲပါတယ်။ ကားသမာတွေက ကားဘီးလိမ့်နေရင်းနဲ့လဲ လူအတင် အချလုပ်ကြတယ်။ အဆင်းဆို ခါးကနေတွန်းချတယ်။ ကျွန်တော်အသိ ဒိုင်နာပေါ်က အတင်းတွန်းဆင်းခိုင်းတော့ အောက်ပြုတ်ကျလို့ ခြေကျိုးသွားခဲ့ရတယ်။ ကျွန်တော်တို့ကားစီးတဲ့သူတွေက လဲနေရာရဖို့အတွက် အပေါ်ကလူတောင်မဆင်းရသေးဘူး လုတက်တယ်။
    အစိုးရက ဘာမှမစီစဉ်ပေးနိုင်ဘူး ရထားကိုအလေးပေးဆောင်ရွက်ရမှာ အဲ့ဒါကိုမလုပ်ဘူး။ ရှိတဲ့ရထားတွေကလဲ စုတ်ပြတ်သတ်နေတယ်။ အားထားလို့မရဘူး။ ဘန်ကောက်လို နေရာမျိုးမှာတောင် Public Transportation ကအရမ်းကောင်းတယ်။ အပေါ်ကသွားမလား အောက်ကသွားမလား။ သူ့အချိန်နဲ့သူ မှန်လို့။ အချိန်မှန်တော့ နောက် ၅မိနစ်နေရင် လာမယ်သိတော့ ဘယ်သူမှလဲ လုမတက်တော့ဘူး။ ပြည်သူတွေအဆင်ပြေအောင်လုပ်မပေး နိုင်တဲ့အတွက် အစိုးရမှာ ပိုအပြစ်ရှိတယ်။
    အဲတော့ စနစ်မှာလဲ အပြစ်ရှိတယ် လူတွေမှာလဲ အပြစ်ရှိတယ်။ ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုးမလုပ်ကြနဲ့ ကောင်းအောင်ပဲလုပ်ကြလို့ပြောချင်တယ် ဒါပြဲ

  • mayjuly

    July 13, 2012 at 4:41 pm

    ပါရမီ၊ အဓိပတိဆို ဘယ်တော့မှ မစီးဖြစ်တာများတယ် အရမ်းအရေးကြီးနေမှသာစီးဖြစ်တယ် …

    ဘာလို့လဲ ဆိုတော့ အရက်ဘက် အခေါ်အရ ကျောင်းသားတွေ ပဲ မောင်းတာများတယ်ဆိုတော့ …

    ကျောင်းသားဆိုတာက သင်မောင်း .. ဒါမမဟုတ် လိုင်စင်မရှိပဲ မောင်း … ဒါမမဟုတ် ယဉ်နောက်လိုက်က တတ်မောင်းးးး

    အဲလိုလူတွေက မောင်းနေတော့ စည်းကမ်းဆိုတာ ဘာမှန်းမသိ ၊ ပိုက်ဆံပေးပြီး တတ်မောင်းလို့ ရနေတာလားတော့မသိ…

    ဟိုနားဖြစ်လိုက် ပါရမီ ၊ အဓိပတိ …ဒီနားပျက်နေတာ ပါရမီ အဓိပတိ … ကားတွေကစုတ်… စံချိန်မှီအောင် ပရမ်းပတာရှာ …

    အပေါ် က ဇိမ်ရှိရှိ နေရတာ လိုင်းကြီးကြပ် လူကြီးတွေသာ …

    ဘယ်တော့ ပြောင်းလဲမယ် ဆိုတာ မသိပါ… စီးမိတဲ့ ခရီးသည်တွေအတွက် ရင်လေးစရာ …

    သတိထားပြီး စီးကြပါ …..

    • ko win

      July 13, 2012 at 8:43 pm

      မှန်ပါတယ် မမေဂျူလိုင်။ ပါရမီယာဉ်လိုင်းက ယာဉ်မောင်းတွေဟာ များသောအားဖြင့် ကျောင်းသားတွေများပါတယ်။ ကားမောင်းဖို့အတွက်တော့ ပိုက်ဆံတော့မပေးရပါဘူး။
      ကားလောကစကားနဲ့ပြောရရင် ဂျွတ်စဖွတ်ကားတွေ၊ ဝဲတဲကားတွေကများတော့ ယာဉ်မောင်းတော်တော်များများက မမောင်းချင်ကြပါဘူး။ အဲသလိုနဲ့ပဲ ကျောင်းသားတွေ တက်မောင်းဖြစ်ကြတာပါ။

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 13, 2012 at 4:56 pm

    မိုးရွာရင် ကားတွေက အရမ်းကျပ်လာတယ် … ပြီးတော့ မြန်မာပြည်က လိုင်းကားတွေက အကောင်းစား … မိုးယိုတယ် … ပြီးတော့ ဘေးထိုင်ခုံနားကလူတွေက မှန်ကို ပိတ်လိုက်တယ် … အထဲမမှာ နေတဲ့လူတွေသေရော … လူကလဲကျပ် … အသက်ရှုရတာလဲကျပ် … အို …. စိတ်ပျက်စရာ အပြည့် နဲ့ ကျုပ်တို့ နိုင်ငံပေါ့ဗျာ ….

  • အလင်းဆက်

    July 13, 2012 at 8:39 pm

    ဟုတ်ကဲ ့ ။သတိပေးစကားလေး.အတွက်…ရင်ထဲကနေ..ကျေးဇူးပါ…လို ့

  • may flowers

    July 13, 2012 at 10:08 pm

    ခုလိုမျိုးသတိပေးတဲ့ အတွက်ကျေးဇူးပါ မနောရေ……….ကားကတော့ကိုယ်ပိုင်ကားစီးစီး

    အငှားကားစီးစီး…..busကားစီးစီး သတိထားတာအကောင်းဆုံးပါပဲ။

  • ကြောင်လေး

    July 14, 2012 at 8:51 am

    ဆန့်သောလက်မကွေးမီ…..ကွေးသောလက်မဆန့်မီ……တဲ့
    ဒါကြောင့်မသေခင် လုပ်သင့်တာ လုပ်ထားကြတဲ့
    ညနေ ဝီလေး တစိပ်လောက်တော့သွားဆွဲလိုက်ဦးမှ ဂေ့

Leave a Reply