အမြင်မတူ
မိုးရွာလည်း လွမ်းတယ်
နေပူလည်း လွမ်းတယ်
သစ်ရွက် လှုပ်တာ တောင် လွမ်းတယ်
အလွမ်းတွေ ရင်မှာပြည့်
နင့်ကို ငါ အရမ်းလွမ်းနေတယ် ချစ်သူ
မတွေ့တာကြာပေမယ့်
နင်မျက်နှာကိုငါသေသည်ထိ မှတ်မိနေတယ် ချစ်သူ
နင့်အသံ မကြားရပေမယ့်လည်း
င့ါနားထဲမှာ နင်ဆုံးမသံ အမြဲကြားနေတယ် ချစ်သူ
ငါ့တို့ အချစ်ရပ်ဆဲ သွားပေမယ့်လည်း
နင့်ရဲ့မျက်နှာ နင့်ရဲ့အသံ
နင်နဲ့ ပတ်သက်ခဲ့သမျှ အရာအားလုံး မှတ်မိနေတယ် ချစ်သူ။။
မသိစိတ်က ချစ်မိသွားတာ
ငါ့ရင်ထဲမှာ နင်ဆိုတဲ့နာမည်တောင်
မကြားချင်လောက်အောင်မုန်းတယ်
နင်ကိုချစ်မိတာ ငါ့ကိုငါမှားတယ်လို့ထင်မိတယ် ချစ်သူ
လွမ်းဖို့နေနေသာသာ ငါအလုပ်နဲ့ငါတောင် မအားဘူး
နင့်မျက်နှာမှတ်မိဖို့နေနေသာသာ နောက်ကောင်မလေး
မျက်နှာတောင်မနည်းမှတ်မိအောင်လုပ်နေရတယ် ချစ်သူ
နင်ရဲ့အသံဆို မကြားချင်လို့ နင်နားတောင်လာလို့လားချစ်သူ
နင်နဲ့ပတ်သက်သမျှ တစ်ခုတစ်လေ တောင်မကျန်အောင်
ဆက်မပြောတော့ဘူး နင် ကိုသနားလို ချစ်လို့တော့မထင်နဲ့နော် ချစ်သူ
11 comments
may flowers
July 13, 2012 at 9:43 pm
“ ချစ်လို့တော့မထင်နဲ့နော် ချစ်သူ” မချစ်ပဲနဲ့ ဘာလို့ချစ်သူလို့ခေါ်တာလည်းဟင်။
ဟိ…စတာနော် ကိုယ့်ညီမလေးမို့ ခင်လို့စတာ စိတ်မဆိုးနဲ့။
snow white
July 14, 2012 at 9:33 am
မိန်းကလေးဘက် ကနေရေးချင်တာ မိန်းကလေးဘက်ကို သာအားပေး ယောကျင်္ားလေးဘက် ကအဲ့လိုတွေးနေလိမ့်မယ်လို့ထင်လို့ ချစ်သူဆိုတာ က စကြိုက်ထဲကနာမည်မခေါ်ကျဘူးလေ ချစ်သူလို့ဘဲခေါ်နေတာ ဆိုတော့ ဟီးးမပြောပြတက်တော့ဘူး မမမေ အားပေးတာကျေးဇူးတင်တယ်ရှင့် ရွာသူရွာသားအပေါင်းကိုခင်မင်လျှက်စနိုး။။
ဇောက် ထိုး
July 13, 2012 at 9:52 pm
အတော်စိတ်နာနေတာပါလားကွယ်…လူနာတာကို ကုတဲ့ဆရာတွေပေါပေမယ့် စိတ်နာတာကိုကုတဲ့ဆရာဝန်ရှားတယ်နော်..
လူနာချင်နာပါစေ..စိတ်တော့ မနာပါနဲ့ကွယ်…
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 13, 2012 at 10:26 pm
မသိစိတ်ကလဲ ချစ်မိတယ်
ငါ့ရင်ထဲက နာမည်တောင် မကြားချင်အောင်မုန်းတယ်
ဆိုတော့ဗျားးးးးးးးးးး
water-melon
July 14, 2012 at 9:12 am
ဒါဟာ အချစ်တဲ့လား အဲဒါအချစ်တဲ့လား
အချစ်ဆိုတာကို မုန့်လောက်မမက်မောပါဘူး
အချစ်နဲ့မုန့် မုန့်ကိုဘဲစားမယ်
အဟီ ချိန်ပါဖရဲ
ဘဲဥ
July 14, 2012 at 5:41 pm
အချစ်ကိုဘဲ ဝေစားမယ်ဆိုပါတော့ ဟိဟိ 😛
mamanoyar
July 14, 2012 at 10:13 am
အချစ်ကြီးလို့ အမုန်းကြီးမုန်းသွားတာလား စနိုးရယ်
မမ အညာသူ
July 14, 2012 at 10:20 am
အချစ်ကြီးရင် အမုန်းကြီးတက်တယ်
ဘာပဲဖြစ်ဖြစ်လွမ်းတာရှိရင်နာတာလေးနှင့်ဖြေသိမ့်ရမယ်လေ
အရမ်းကောင်းပါတယ်
Khaing Khaing
July 14, 2012 at 10:56 am
ချစ်ပြီးမှ အဲလိုမလုပ်ရဘူးလေ …… ဒါဆိုလည်း နောက်တစ်ယောက်ပြောင်းချစ်တော့ စနိုးလေးရေ …….
ခပ်မိုက်မိုက် ကောင်မလေး
July 14, 2012 at 11:57 am
မသိစိတ်က ချစ်မိသွားတာ
ငါ့ရင်ထဲမှာ နင်ဆိုတဲ့နာမည်တောင်
မကြားချင်လောက်အောင်မုန်းတယ်..
ဆက်မပြောတော့ဘူး…
နင် ကိုသနားလို….
ချစ်လို့တော့မထင်နဲ့နော်….
—————————-
သူတို့ပြောခဲ့ဖူးတဲ့ ချစ်တယ်ဆိုတာ..
ပါးစပ်ဖျားမှာပဲ ရှိခဲ့တာ…
တာဝန်တစ်ခုအနေနဲ့ထမ်းပိုးပြီး…
ချစ်တယ်ဆိုတာ လွယ်နေခဲ့တာ…
သူပြောခဲ့ဖူးတဲ့ ချစ်တယ်ဆိုတာ…
ပေါ့ပေါ့ပျက်ပျက် နားဆင်ခဲ့တာ…
နောက်ဆုံးကျတော့ ငါပဲမှားတာ…
——————————-
စနိုးလေး အရမ်းကောင်းပါတယ်…
အားပေးနေမယ်နော်….
ခင်တဲ့…မိုက်လေး….။။။။။။။။။။။
တေလေ
July 14, 2012 at 7:31 pm
သနားတာလဲ ချစ်ခြင်းတမျိုးပါ
အားပါး
အချစ်အကြောင်းပြောနေကြတော့
ချစ်စိတ်က တဖန် နိုးကြားလာသလိုလိုဗြဲ ။