1 မိုးရိပ်တွေကြောင့် မိူင်းမူံနေတဲ့တောင်တန်း…………..

- 2လွမ်းပိုတဲ့ရာသီ…………..(နန်းတော်ရှေ့ဆရာင်တင်ရဲ့စာသားပါ)
3မိုးရွာပြိးခဏလေးရပ်တဲ့အချိန် ကောင်းကင်တစ်ခုံလုံးအုံ့မိူင်း………….
4 တောင်စဉ်တောင်တန်းတွေမမြင်ရလောက်အောင် မိုးသားတွေနဲ့အုံ့ဆိုင်း
5 တိမ်ခိုးတွေကြောင့် မူံရီမိူင်းနေတဲ့တောင်တန်းတွေ
6 တစ်တောလုံးတောင်ခိုးတွေနဲ့ဝေဝေမိူင်းမိူင်း
7တောင်ခိုးဝေဝေ မြူခြေဆိုင်းဆိုင်း(ရုပ်ရှင်နာမယ်လေးပါ)
9လွမ်းစရာဘယ်လိုကောင်းမှန်းမသိဘူးနော်
10 မိုးအေးအေးမှာရှိနေတဲ့သစ်ခြောက်ပင်
11 ဘာမှမမြင်ရလောက်အောင်မိုးငွေ့တွေဆိုင်းနေတာလေ
12 မိုးငွေ့တွေကြားက တဲကလေး
12 အဝေးကတောင်တန်းတွေမှာ မိုးတိမ်ခိုးတွေ………………..
13တောင်တွေကြားက တောင်ခိုး
14တောင်စောင်းကတောင်ခိုး
15 မိုးငွေတွေ့နဲ့လှပ
ဒီပုံလေးတွေကတော့ မူဆယ်ကနေမန္တလေးအပြန်လမ်းမှကားပေါ်ကနေတွေ့ခဲ့ရတဲ့ မိုးတိမ်ခိုးတွေဆိုင်းနေတဲ့မြင်ကွင်းလေးပါဘဲ.
Post Views: 896
27 comments
water-melon
July 14, 2012 at 10:14 am
ဒီနေ့လည်း မှုံမှုန်းနေတာဘဲ လေးပေါက်
ငိုချင်သလိုလို လွမ်းသလိုလို ဆွေးသလိုလို
အခုချိန်ချဉ်ငပ်စပ် ခရုချဉ်စပ် ဂဏန်းချဉ်စပ်လေး စားလိုက်ရရင်
ဂလု ဂလု
ဘဲဥ
July 14, 2012 at 10:16 am
လာသွားကြစို့ ………… ပြောနေရင်ကြာတယ် လက်တွေ့ အကောင်အထည်ဖေါ်လိုက်
water-melon
July 14, 2012 at 10:25 am
အခုတလော ညအပြင်ထွက်တာတွေများနေလို့
ခဏလေးအိမ်တွင်းအောင်းနေပါတယ်
နောက်မှပေါ့
surmi
July 14, 2012 at 11:23 am
ဖရဲမ ပျောက်ချက်ကောင်းနေတယ် မောင်ရင်တို ့မရှိရင်မပြည် ့စုံဘူးဟေ ့ ပြန်လာခဲ ့ဦး
ကိုပေါက်ရေ
မိုးတွေအုံ ့နေတဲ ့မြင်ကွင်းတွေကလွမ်းစရာတွေသယ်လာတတ်တယ်နော်
မိုးတွေရွာရင်ပျော်တာ အခုထိပါပဲ ခုလိုမိုးတွင်းမှာအောက်ပြည်ကရှုခင်းတွေကို
ဓတ်ပုံလာရိုက်စေချင်သေးတယ်
ရေတွေဖွေးနေတဲ ့လယ်ကွင်းပြင်တွေနဲ ့ ရိုးတိုးရိတ်တိတ်မြင်ရတဲ ့ တောင်တန်းကြီင်္းတွေနောက်ခံနဲ ့ပေါ ့
mamanoyar
July 14, 2012 at 10:23 am
“ပြာရီမှိုင်းကာ မို့မို့ ညို့ညို့ ညိုလွင်
ညှင်း လေပြေ သွေးလို့သာ ဖေးမကူချင်”
လေးပေါက် ပုံလေးတွေကြည့်ပြီး
ဒီသီချင်း လေးကို အမှတ်ရမိပါတယ်
TTNU
July 14, 2012 at 10:32 am
ကိုပေါက်ရေ…
၉၊၁ဝ နဲ့လွမ်းရကောင်းမလား။
၁၃နဲ့ လွမ်းရကောင်းမလား စဉ်းစားရင်း
သုံးပုံစလုံး ဆွဲယူကူးပြီး လွမ်းသွားပါတယ်။ မှုံမှိုင်းအုံ့ဆိုင်းသွားပါတယ်။
😥
😥
😥
မောင်ပေ
July 14, 2012 at 11:05 am
မိုးတွေအုံ့နေချိန် ကိုပေါက် ပုံတွေကြည့်မိတော့
လွမ်းစိတ်တွေပိုလာရောပေါ့
နေညိုမှ
မေပျိုနဲ့
သွားတွေ့ရအုန်းမယ်
စိန်ဗိုက်ဗိုက်
July 14, 2012 at 12:00 pm
မိုက်ဒယ်ဗျ..
ကြည့်ရတာ အမြင်တစ်မျိုး ဆန်းသဗျ..အုပေါက်ရ
ဘဲထီးဂွတ်ထ်ဗျ
Shar Thet Man
July 14, 2012 at 12:54 pm
ပြောပြချင်တဲ့အကြောင်းအရာလေးကတော့မိုက်ပါတယ်….ဒါပေမဲ့ စာရေးသားတဲ့နေရာမှာအထူးဂရုပြုရမှာကတော့.စာလုံးပေါင်းပါပဲ (မူူံမှိုင်းဆိုင်းဆို့ ရီဝေသောလမ်းကလေး……… တစ်)မှာ..မှုံကစာလုံးပေါင်းလေးမှားနေပါတယ်…တကယ်ဆို ဒီ (မှုန်) နဲ့ သာမှုန်ရမှာဖြစ်ပါတယ်…နည်းနည်းဂရုစိုက်ပါ…
ကိုပေါက်(မန္တလေး)
July 14, 2012 at 1:01 pm
Shar Thet Man
ကျေးဇူးပါဗျာ
စာလုံးပေါင်းမှားတာပြင်ပေးလို့။
ကျနော်သတိမထားမိလို့ မူံနဲ့မှုန်မှားသွားတာ အနူူးအညွတ်ကိုတောင်းပန်ပါတယ်။
နောင်ဆိုရင် (နည်းနည်းဂရုစိုက်ပါ…)ဆိုတာလေးကို အမြဲတမ်းအများကြီးဂရုစိုက်နေပါမယ်ခင်ဗျာ။.
ဗဟုသုတအနေနဲ့
မူံနဲ့မှုန်အသုံးအနုံးကွားခြားချက်ကလေးပါ ပြောပေးမယ်ဆိုရင် အရမ်းကိုကျေးဇူးတင်မိသလို
နောင်လာနောက်သားတွေလဲမှတ်သားရတာပေါ့နော်။
ဟုတ်တယ်ဗျ မြန်မာပြည်က သတ်ပုံနားလည်တဲ့သူအရမ်းနည်းသွားပြီ။
ခင်ဗျားတို့လိုသတ်ပုံပညာတတ်ကျွမ်းနားလည်တဲ့ပညာရှင်တွေလိုအပ်တယ်ဗျာ။
အတွေ့နောက်ကျမိတယ်လို့ ခံယူပါတယ်။
Shar Thet Man
July 16, 2012 at 1:49 pm
အဲလိုလည်းမဟုတ်ပါဘူး…ကျွန်မကစာကြောင်းတစ်ကြောင်းကိုဖတ်တယ်ဆိုရင်..အရေးအသားအပြင် သတိထားမိတတ်တာကစာလုံးပေါင်းဖြစ်နေလို့ပါ…
Nyein Nyein
July 14, 2012 at 1:03 pm
လေးပေါက်ရေ…………… လွမ်းစရာလည်းဘာမှမရှိပေမယ့် လေးပေါက်ရဲ့ပုံတွေကိုကြည့်ပြီး လွမ်းနေမိတယ်။ ဝမ်းနည်းလာတယ်။ ပုံလေးတွေကိုလည်း ကူးသွားတယ်နော်။
snow white
July 15, 2012 at 4:46 pm
ငြိမ်းလည်းပုံလေးတွေတင်ပါလား မကူးနဲ့ ကိုယ်ရိုက်တဲ့ပုံလေးတွေ ရှိရင် လည်းတင်ပါလား ငြိမ်း ။။။ လေးလေးပေါက် ပုံလေး တွေကို ကြည့်ပြီး လူကို ကွေးချင်တဲ့စိတ်တောင် ပေါက် တယ် စိတ်ကူးနဲ့လေငယ်ငယ်က မိုးကြိုးပစ်သံလေး ကြားတာနဲ့ စောင်ခြုံပြီးကွေးမယ်ဘဲ ကြံမိတယ် ခုအသက်ရွယ်လည်းနည်းနည်းရလာရော မိုးရွာရင် ကွေးဖို့နေနေသာသာ အလုပ်ပိတ်ရက်မရလို့ အလုပ်မှာ ဘဲ မိုးအေးလေးနဲ့ အတူ အလုပ်လုပ်လိုက် အိမ်ပြန်ရောက်မှ မိုးရာသီ အရသာကိုခံစားရတယ် ညပိုင်း မိုးရွာတာကို ပိုကြိုက်တယ် မိုးရာသီ ကိုအရမ်းကြိုက်တယ် မိုးရာသီက လူကိုပျင်းစေတာတော့ အမှန်ဘဲ
ဒါပေမယ့် မိုးရာသီတာပြောတာ ခုရာသီတွေကမမှန်ဘူးနော် မိုးရွာနေရင်းနဲ့ကိုပူနေတာ မိုးရသာကို သေချာတောင်မခံစားရပါဘူးပူစပ်ပူလောင် ကြီးဖြစ်နေတယ် မိုးရာသီကလေ။ လေးလေးပေါက်ပုံလေးတွေ အားပေးသွားတယ် နော် ။ရွာသူရွာသားအပေါင်းကို ခင်မင်လျှက် စနိုး။။။
pyone
July 14, 2012 at 1:20 pm
ချမ်းပြီးလွမ်းလာသလိုလို…ဘာကိုများ လွမ်းရပါလိမ့်မယ်…
ငိုတောင်မှ ငိုနေပြီထင့်….
ကိုပေါက်(မန္တလေး)
July 14, 2012 at 1:31 pm
ရန်ကုန်မိုးတွေရွာနေတာနဲ့ဒီပုံအံကိုက်ဘဲနေမှာနော်
may flowers
July 14, 2012 at 2:00 pm
ပုံ -၉ လေးကိုကြည့်ပြီး အမှန်ကိုလွမ်းရပါတယ်လေးပေါက်ရယ်(ဘာကိုလွမ်းရမှန်း မသိတာကလွဲလို့)။
မွန်မွန်
July 14, 2012 at 2:08 pm
လေးပေါက်ရေ..ပုံတွေကြည့်ပြီး တကယ်ကိုလွမ်းမိတယ်။ အဲဒီလို ရှုခင်းတွေကို မခံစားရတာကြာပေါ့။
အပြင်မှာသာဆိုရင် လွမ်းလွန်းလို့ မျက်ရည်ကျမိမလားပဲ။ 🙂
သစ်ခြောက်ပင်နဲ့ တဲအိမ်လေးကို ကြိုက်ပါတယ်။
မှုံ ဆိုတဲ့ အသုံးအနှုန်းကို သတ်ပုံမှာ မတွေ့မိပါဘူး။ မှုန် ပဲ ရှိပါတယ်။ ရှင်းလင်းပြတ်သားမှုမရှိခြင်း ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ သုံးပါတယ်။
-ှုံ ကို လှုံ့ဆော် ဆိုတဲ့ တစ်လုံးကလွဲလို့ တစ်ခြားသော သရတွေမှာ မတွေ့မိပါဘူး။ အက္ခရာစဉ်စီရင် -ှုံ ကို -ှုန် အနေနဲ့ မှတ်ယူပြီး နငယ်သတ် နေရာမှာ စီပါတယ်။
ကိုပေါက်(မန္တလေး)
July 14, 2012 at 2:16 pm
ကျေးဇူးပါ မမွန်ရေ။။
အဓိကအချက်က ညမှာပိုစ်တင်တာများတော့ ဆိုင်မီးကမှောင်နေတာရယ်
ကော်နက်ရှင်ကောင်းနေတဲ့အချိန်လေးမှာအပြေးအလွှားလုပ်ရတာရယ်ကြောင့်
အမှတ်တမဲ့ဖြစ်သွားတာတွေကြောင့် တစ်ခါတစ်လေသတ်ပုံမှားတတ်ပါတယ်။
တင်ချင်သလိုတင်လိုက် သူ့ဖာသာသူပြင်ဖတ်လိမ့်မယ်ဆိုတဲ့စိတ်မျိုးကျနော့်မှာမရှိပါဘူး၊
ကျနော်အလုပ်လုပ်ရင်ဖြစ်စေ ပုံတင်ရင်ဖြစ်စေ နည်းနည်းမဟုတ်ပါဘူး။
အများကြီး ဂရုစိုက်လို့လုပ်ပါတယ်။
ဂရုတစိုက်လုပ်လို့လဲ နေရာတစ်ခုမှာရပ်တည်နေနိုင်တာပါ။
မွန်မွန်
July 16, 2012 at 9:47 am
ဟုတ် လေးပေါက်..
လေးပေါက်ရဲ့ စေတနာတွေ၊ အလုပ်အပေါ်တာဝန်ယူမှုတွေ၊ ဂရုစိုက်မှုတွေကို လေးပေါက်စာတွေကို ဖတ်တာနဲ့ သိသာပါတယ်။
ကော်နက်ရှင်ကို အန်တုပြီး တင်ရတဲ့နေရာမှာ အမှတ်တမဲ့ဖြစ်သွားတာကိုလည်း နားလည်ပါတယ်။
အမှားတွေ့တာနဲ့ ချက်ချင်းပြန်ပြင်တာကိုလည်း လေးစားပါတယ်။
အမှန်အတိုင်းပြောရင် မှုံ နဲ့ မှုန် ကွာခြားချက်ကို အခုမှ သေသေချာချာ လေ့လာဖြစ်သွားတာပါ။ သိသလိုလို နဲ့ မသိတဲ့အတွက် သတ်ပုံကျမ်းကို ပြန်ကြည့်ခဲ့ရပါတယ်။ 🙂
အလင်းဆက်
July 14, 2012 at 6:58 pm
ဝိုးးးးးးးးးးးးး
မှုန်ရီ စွာ..ဝိုးတဝါးပေမယ့်..
တုန်ရီစွာ..တိုင်သွားတယ်..ကိုယ် ့ရင်ကို…
ဆုံရင်ကွာ… ..မေးလိုက်ချင်တာက…
………………….
အဲ…
ဘယ်လို ပြောရမလဲ…
ဘယ်လိုပြောရမလဲ…..
ဘယ်လို လက်စွမ်းနဲ ့ရိုက်လိုက်တာလဲ…ဗျာ..လို ့ ။
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 14, 2012 at 7:07 pm
တောင်ခိုးတွေအုံ ့ဆိုင်းလို ့လှချက်ဗျာ ကိုပေါက်ရေ။
MaMa
July 14, 2012 at 9:11 pm
ကံမကောင်းတဲ့ ရွှေမင်းသားနဲ့ အပြိုင်ပါပဲလား……. [:))]
ကိုပေါက်(မန္တလေး)
July 14, 2012 at 10:59 pm
အဲဒီနေ့က မှတ်မှတ်ရရ 10-6-2012 နေ့ အပြန်လမ်းတစ်လမ်းလုံးမိုးရွာလို်က်တိတ်လိုက်။.
ဒါကြောင့်လဲ မိူင်းမူန်မူန် တဲ့ပုံတွေရလာခဲ့တာပါ
ကိုပေါက်(မန္တလေး)
July 15, 2012 at 10:00 pm
နောက်ပုံတွေက မြေပြန့်လွင်ပြင်ရောနေတာလေ
aye.kk
July 16, 2012 at 10:34 am
ကိုပေါက်..
မှိုင်းညို့ညို့တောင်တန်းပုံတွေကြည့်ပြီး…
ကြည်နှူးစရာများအားရပါးရခံစားသွားပါ၏။။
pooch
July 16, 2012 at 12:47 pm
ဒါမျိုး view ကိုမြင်ရင် အိမ်ဝေးနေသူက home sick ရတယ်
အိမ်မှာ နေသူက လည်း အိမ်မှာနေပြီး ဘယ်လွမ်းလို့ လွမ်းမှန်းမသိ ဖြစ်ရတယ် ။
ကိုပေါက်(မန္တလေး)
July 16, 2012 at 1:28 pm
မယ်ပုရေ
အသားကုန်သာလွမ်းပေတော့နော်……………………………
လွမ်းစရာတွေထပ်လာအုံးမယ်နော်