လယ်တောသွား ဓါတ်ပုံများ..
ဘာရယ်မဟုတ်ပါဗျာ..ခရီးထွက်ရင်.စိတ်ပြေလက်ပျောက်ရှိတယ်.
ပင်ပန်းပေမဲ့ စိတ်သစ်လူသစ်ပြန်ဖြစ်တတ်တယ်.ဆိုတော့ အချိန်အားကလေးဖြစ်တဲ့
ကျန်ခဲ့တဲ့ပိတ်ရက်ကလေးမှာ ဘိုကလေးဘက်တကြောကို ရောက်ဖြစ်ခဲ့တာနဲ့ပဲ.
လမ်းမှာရိုက်လာခဲ့သမျှ ဓါတ်ပုံလေးတွေကို.ပြန်မျှရင်း ဝင်ငွေတိုးအောင်ကြံဖန်လိုက်ပါသဗျ. 😛
ခရီးသွားရင်းကြုံသလို လက်ဆော့ထားတာမို့..မှတ်တမ်းဒါ့ပုံသက်သက် ပါလို့..
တမျှော်တခေါ်.လယ်တကြော
မထွန်မယက်သေးတဲ့ အပျိုစင်လယ်ကွက်လေး 😛
ထွန်ရေးညက်တဲ့ လယ်သမားလေး
မျိုးစပါးပင်က ပျိုးရန်အသင့်
ကောက်စိုက်ဖို့ စကြလေပြီ..
လျှပ်တပြက် စိုက်ချက်..
စိုက်ပီးသွားတဲ့ လယ်တကွက်..
ကျနော်ရွာကိုရောက်တော့ အိမ်ကိုဦးကြီး.ဒေါ်ကြီး အိမ်နီးပါးချင်းတွေ လာလည်ကြသပေါ့ဗျာ.။
သူတို့နဲ့ စကားတွေပြောကြတော့ ဖုန်းအကြောင်းမပြောဘူး.ကားအကြောင်းမပါဘူး 🙂
ဒါပေမဲ့ သူတို့ကျနော့ကို ချစ်သောဒေါ်အောင်ဆန်းစုကြည်အကြောင်းမေးတယ်..
ဘာတွေရှေ့ဆက် ဖြစ်လာမလဲ အရမ်းသိချင်နေကြတယ်.နောက်ပီးသူတို့ဆီလာတတ်တဲ့
အမ်ဂျီအို အဖွဲ့တွေအကြောင်းပြောပြတယ်..။
အဆုံးမတော့ သူတို့ စိုက်ပျိုးအားထုတ်သလောက် အကျိုးအမြတ်လျော့နေတဲ့ စပါးဈေးကြောင့်..
စိတ်ညစ်ညူးနေတာကိုတော့ ကြားမိခဲ့ပါသဗျာ..
အခုမိုးစပါး စိုက်ပျိုးဖို့အတွက်ကို ချေးငှားပီး အလုအယက်စိုက်ပျိုးနေရတဲ့အချိန်မှာ
စပါးဝယ်ရောင်းဈေးက ၄သိန်းနားကို ကပ်နေပီး..
မိုးကုန်လို့ စပါးထွက်တဲ့အချိန်ကျတော့ ၂သိန်းပြော့ပြော့သာ ကျန်တတ်တာကတော့..
သူတို့ဘယ်လိုပင် ကြိုးစားပြီးလုပ်လုပ် ဖြစ်နေမြဲ နိယာမ ချည်းပါပဲ..
ဆိုတော့ မျှော်လင့်ချက်တကြီး စိုက်ပျိုး..စိုက်ပြီးချိန် စားစရာမရှိလို့ ကြိုရောင်း..
ကြိုရောင်းပီး.စပါးထွက်ချိန် ပေးလိုက်ရတော့ စားစရာ.ပြန်စိုက်စရာမရှိ ငွေမရှိ..
ဆိုတော့ ချေးငှား..အကြွေးတင်တော့ .လယ်ပေါင်.ယာပေါင်.
အတိုးပေါ်အတိုး ဆင့်တက်လာတော့ လယ်ယာကို ထိုးဆပ်..
နောက်ဆုံး ကိုယ်ပိုင်ခဲ့တဲ့လယ်ဆီမှာ ပြန်ပီး လယ်ကူလီလုပ်ရတဲ့ ဘဝတွေ ရှိနေဆဲ.များနေဆဲမို့..
မြို့နေလူတန်းစားအတွက် ကားတွေပါမစ်ဖွင့်ပေး..ဖုန်းတွေဈေးလျှော့..လုပ်နေသလိုပဲ.
ဘဝတွေ နာပီးရင်းနာနေရရှာတဲ့ တောသားမျက်နှာမွဲတွေ သက်သာရာရရေးအတွက်လည်း.
တချက်ကလေးတော့ စောင်းငဲ့ကြည့်ပေးဖို့ကိုလည်း မျှော်လင့်နေကြပါကြောင်း..။
စကားမစပ်.. ကောက်စိုက်နေတဲ့အထဲမယ်. ကျောင်းဆရာမတယောက်တောင်ပါသေး 🙂
အမတ်မင်း
42 comments
Rose Minn
July 16, 2012 at 11:32 am
ပုံလေး တွေတွေ့တော့ အတွေးထဲဘာ တစ်ခုဝင်သလဲဆိုတော့ စပါးစေ့တစ်စေ့ရဖို့ ဒီလို အပင်ပန်းခံနေတယ်နော်လို့။ လူတွေ ထမင်းမစားချင်တိုင်း စွန့်ပစ်လို့ မြောင်းထဲရောက်သွားတဲ့ ထမင်းစေ့လေးတွေ ဒုနဲ့ ဒေးပါလားလို့။ မစားချင်တိုင်း စွန့်ပစ်ချင်စိတ်ပေါက်လာခဲ့ရင်။ ဒီလယ်စိုက်နေတဲ့ သူတွေရဲ့ မျက်နှာ ပြန်မြင်ယောင်လာ အောင် ပုံလေးတွေသိမ်းထားလိုက်ပါတယ်။
surmi
July 16, 2012 at 11:56 am
လယ်ကွင်းးတွေတွေ ့တော ့လယ်ပုဇွန်လုံးလေးတွေကောက်ခဲ ့ဘူးတာသတိယမိသေးဗျ
အဲ လယ်သမားတွေအကြောင်းပြောရင်တော ့ နည်းပညာလိုမယ်ထင်တယ်
ဈေးတက်အောင်လုပ်လ်ု ့မဖြစ်တော ့ များများထွက်အောင်လုပ်ရမှာပဲ
လယ်တော်တော်များများ တစ်ဧကကို ၅ဝ လောက်ဘဲပျမ်းမျှထွက်တာဆိုတော ့
ခေတ်မှီနည်းပညာအကူအညီနဲ ့ ၁၀ဝ ကျော် ထွက်မှ ရောင်းသူဝယ်သူအသက်ရှူ
ချောင်မည်ဟုထင်မိပါကြောင်း
စိန်ဗိုက်ဗိုက်
July 16, 2012 at 11:59 am
အူးမင်းမတ်ရေ..စိမ်းစိမ်းစိုစိုပါကလားဗျာ..
မြင်ရတာ အေးချမ်းလှပါဘိတောင်း.. 😀
ဆရာမနှယ် စာမတင်ဘဲ ကောက်ရှိုက်နေဒယ်ကြားတော့.. ခက်ချေနေပါပကောလားဗျာ..
စနစ်ကြောင့်မဟုတ်..စနစ်ကြောင့်မဟုတ်..
mamanoyar
July 16, 2012 at 12:00 pm
လယ်ကွင်းလေးတွေမြင်ရတာ စိတ်ချမ်းသာလိုက်တာနော်
တင်ပေးတဲ့သူကို ကျေးဇူးတင်ပါတယ်ရှင်
မမ အညာသူ
July 16, 2012 at 12:03 pm
ဒီပုံလေးမြင်ရတော့
အမေနှင့်ရွာကိုလွမ်းလိုက်တာ…………..
ဘဲဥ
July 16, 2012 at 1:03 pm
ဟုတ်ပ ယောက္ခမနဲ့ ရွာကိုလွမ်းတာအေ 😀
shwe kyi
July 16, 2012 at 12:07 pm
စိမ်းစိုနေတဲ့စပါးကွင်းကိုကြည့်ရတာမျက်လုံးကိုအေးသွားတာပါပဲ။
ရွှေကြည်တို့ အမေရဲ့ရွာကလည်းစပါးနဲ့မြေပဲကိုအဓိကစိုက်ပါတယ်။ ငယ်ငယ်ကတော့ကျောင်းပိတ်တိုင်းရောက်ပေမယ့် အခုတော့မရောက်ဖြစ်တော့ဘူးလေ။ စိမ်းစိုနေတဲ့စပါးခင်းနဲ့ လတ်ဆတ်သန့်ရှင်းတဲ့လေထုကို လွမ်းမိတယ်။ လယ်သမားတွေဘဝကိုစာနာ နားလည်ပါတယ်။ သူတို့မှာပင်ပန်းသလောက်အကျိုးမရှိပါဘူး။ ရာသီဥတုကလည်းနှိပ်စက်ပါသေးတယ်။
သူတို့ဘဝ တိုးတက်စေချင်တာရင်ထဲကစေတနာပါ။ အားလုံးအဆင်ပြေကြပါစေ။
ဘဲဥ
July 16, 2012 at 12:19 pm
နှာတို (ခ) အကောင်ရှည် (ခ) မြွေပါးကင်းပါးလည်း ဂရုစိုက်ဖို့လိုတယ်ဗျ
Moe Z
July 16, 2012 at 12:26 pm
အူးလေးအမတ်မင်းရေ စိမ်းလန်းစိုပြေပေါ့နော်
မျှော့မတွယ်ဘူးလားဟင်င်င် 😀
Ma Ei
July 16, 2012 at 12:34 pm
အမတ်မင်း ကိုယ်တိုင်
လယ်တောဆင်း ခဲ့တယ်ပေါ့လေ…
we R one
July 16, 2012 at 12:38 pm
ရွာမှာနေတုန်းက ကောက်စိုက်ခဲ့တာ ကို သတိရလိုက်တာ…. အခုတောင် ရွာပြန်ပြီး ကောင်စိုက်ချင်လာပြီ…
etone
July 16, 2012 at 12:54 pm
မြင်နေကြမြင်ကွင်းမျိုးမဟုတ်ပဲ.. မြို့ပြစရိုက်ကင်းတဲ့ မြင်ကွင်းမို့ .. မြင်ရရုံနဲ့တင် အသက်ဝဝရှုရသလို ခံစားရတယ် …. ။
ဒါနဲ့ …. ကိုမတ် .. .ကျွတ်ဘယ်နှစ်ကောင်တွယ်ခံရသေးလဲ … အဟီး
amatmin
July 16, 2012 at 2:44 pm
မအိတုန်..
ကျနော်လည်း ခရီးထွက်ပီး အသက်ရှူတဲ့သဘောပါပဲဗျာ..
ကြုံလို့ဗျ..ရန်ကုန်မှာပဲ ကျွတ်ရှိတာ..
ကျနော်တို့နယ်ဘက်မှာ.ကျွတ်မရှိဘူးဗျ..
မျှော့ပဲ ရှိတာရယ် 😛
water-melon
July 16, 2012 at 12:54 pm
မထွန်မယက်သေးတဲ့ အပျိုစင်လယ်ကွက်လေးတဲ့ ဟဲဟဲ
ကျနော်တို့ အညာမှာတော့လယ်စိုက်ရင် လက်နဲ့စိုက်တာဗျ
အဲမှာက ဒုတ်ချောင်းကြီးနဲ့ပျိုးပင်ကိုယူပြီးစိုက်တာနော်
အဲဒါကိုဘယ်လိုခေါ်လဲဗျ
ဘိုကလေး မုန့်ဟင်းခါးက ကောင်းတယ်ဆိုဘဲဗျ
amatmin
July 16, 2012 at 2:08 pm
ဖရဲရေ..လက်နဲ့ပဲ အဓိကကောက်စိုက်နေကြတုန်းပါပဲ
ဒုတ်ချောင်း နဲ့စိုက်တော့ ခါးသိပ်မကုန်းရတဲ့အတွက်..
ပိုအဆင်ပြေတဲ့ပုံပါ..
ဘိုကလေးကမုန့်ဟင်းခါးက.
အရင်ငါးပေါတုန်းကတော့ ကောင်းခဲ့ပါရဲ့..
ခုတော့ ဂလိုပါပဲ.. 🙁
မဟာရာဇာ အံစာတုံး
July 16, 2012 at 1:06 pm
ဥမတ်ရေ ..
ဥမတ်ရဲ့ လယ်တောက ဒါ့ပုံတွေကို
လာရောက် အားပေးသွားပါတယ် ခင်ဗျာ ..
ပြီးတော့ ဥမတ်ရဲ့ ဒါ့ပုံတွေကို ကြည့်ရင်း
ငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ ကဗျာလေးကိုတောင်
သတိရမိသွားပါသေးတယ် ခင်ဗျ ..
“သနပ်ခါးရယ် တစ်ကွက်၊ ရွှံ့တစ်စက်နှင့်” ဆိုလား ဘာလားပဲ …
Novy
July 16, 2012 at 1:30 pm
ကောက်စိုက်ဖို့ စကြလေပြီ နဲ့ လျှပ်တပြက် စိုက်ချက်
ကို သဘောကျနှစ်သက်မိပါတယ် ကိုမတ်ရေ.
နောက်ဆုံး ကိုယ်ပိုင်ခဲ့တဲ့လယ်ဆီမှာ ပြန်ပီး လယ်ကူလီလုပ်ရတဲ့ ဘဝတွေ ရှိနေဆဲ.များနေဆဲမို့..
ဒီစာလေးဖတ်ပြီး လယ်သမားများအတွက် စိတ်မကောင်းဖြစ်မိပါတယ်လို့
မောင်ပေ
July 16, 2012 at 1:37 pm
လယ်တောသွား
မယ်ပေါကြွား
တကယ်မျောသွား
မဂွတ် ထော်
July 16, 2012 at 4:42 pm
ဦးပေ မဟုတ်ပါ
ဦးပေါဖြစ်ပါသည်။
ကိုပေါက်(မန္တလေး)
July 16, 2012 at 2:21 pm
ကိုမတ်ရေ အောင်ပင်လယ်သွားပြီ ဆော်ရနှက်ရအောင်မန်းလေးကို လာခဲ့ပါလား
ရွာစားကျော်
July 16, 2012 at 2:22 pm
နေပြည်တော် တဝှမ်းမှာတော့
စက်မှုလယ်ယာ ကူးပြောင်းမယ့်လှုပ်ရှားမှုအဖြစ် လယ်ကွက်တွေ ဘူဒိုဇာနဲ့ထိုး အကွက်သစ်ပုံပြောင်း၊
လက်ဟောင်း လယ်သမားတွေနဲ့ ပြဿနာတွေတက်.. ကြားရတဲ့ သတင်းတွေကတော့ လယ်သမားတွေ ခံရတဲ့ဘက်ကချည်းပဲ.. ဟူးးးး
amatmin
July 16, 2012 at 2:34 pm
မရိုှုစ်.ကိုဆာမိ.ကိုဗိုက်.မနိုရာ.အညာသူ.ရွှေကြည်.ဘဲဥ.မိုးစက်..
မအိ..ဝှီအာဝမ်း. ဘိုအံ.မနိုဗွီ.ကိုရင်ပေ.
ကွန်မန့်များအတွက် အကုန်လုံးကို ကျေးကျေးပါ 🙂
ပုံတွေထဲမှာ လယ်ထွန်နေတာ.ကျနော့ညီပါ..အဒေါ်ကျောင်းဆရာမနှစ်ယောက်ကလည်း
ကောက်စိုက်သမရှာမရလို့ ကိုယ်တိုင် ဝင်စိုက်ပါတယ်..
ဒါပေမဲ့ စပါးပေါ်ချိန်လည်း ရောက်.ဈေးက ထိုးကျပါလေရော..
ဒီလိုမျိုး ရွှံ့ထဲ ဗွက်ထဲမှာ မိသားစုလိုက်
တနေကုန်ရုန်းနေတာတောင်. ဝမ်းစာစပါးကို အလျင်မီအောင်
ရကြဖို့မလွယ်တဲ့ တကယ့်ကို ဘဝဆိုမှ ဘဝတွေပါဗျာ..
ဒီလို ဘဝမျိုးတွေမှာ မနေနို်င်ကြတော့လို့ မြို့တွေတက်လာပြန်တဲ့.
ကလေးမတွေ ကျပြန်တော့လည်း..
မြို့မှာ ဘဝပျက်တာ မနည်းမနောပါဘဲ..
ဆိုတော့ သူတို့တွေအဖို့ လူ့အဆင့်နဲ့အညီ နေနိုင်မဲ့နေ့တွေတော့
ရောက်လာနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိတာပါပဲ..
Foreign Resident
July 16, 2012 at 2:49 pm
ဖြစ်မှဖြစ်ရလေ ၊
စိတ်မကောင်းလိုက်တာ ၊
amatmin ရာ ။
amatmin
July 16, 2012 at 3:20 pm
အဘဖောရေ..
သူတို့မှာ လုပ်ရသလောက် ခရီးမပေါက်တာကို ပြောလိုရင်းပါ နော့..
မြင်သူဖတ်သူ.စုတ်သသတ်သတ်ဖြစ်စေလို..
သနားစေလိုတာကို ပြောချင်တာတော့ မဟုတ်ပါဘူးရယ်.
ဒါပေမဲ့.ကိုယ်တိုင် စိုက်ပျိုးသူတွေနဲ့ လက်ရှိစားသုံးသူတွေကြားမှာ ရှိနေတဲ့
ကွာဟချက်တချို့တလေကို နည်းစေချင်တာပါ…
ကြားထဲမှာ အမြတ်ရပီး ကြီးပွားနေသူတွေလည်း တပုံတခေါင်းကြီးရယ်ပါ..
ဦးဦးပါလေရာ
July 16, 2012 at 2:53 pm
လယ်ကွင်းစိမ်းစိမ်းလေးတွေမြင်ရတာ ရင်ထဲအေးတယ် အမတ်မင်းရေ
ငယ်ငယ်က လုပ်အားပေးကောက်စိုက်ခဲ့ရတာလဲ ပြန်သတိရသွားတယ်။
လယ်ကွင်းဆိုတာကတော့ မြင်ရရင်သာ ရင်ထဲအေးတာ
ဘိနပ်လေးချွတ်ပြီးကွင်းထဲဆင်းလျှောက်ရရင် ဟိုယိုင်သည်ထိုးနဲ့
တည့်တည့်တောင် လမ်းလျှောက်ဖို့မလွယ်ဘူး
စပါးရွက်တွေကလဲ နုစဉ်မှာယားပြီး ရင့်လာရင်ရှတယ်
ပင်ပန်းသလောက် အကျိုးခံစားခွင့်နည်းပါးတဲ့ လယ်သမားတွေရဲ့ဘဝကိုလဲ စာနာမိပါတယ်။
kyeemite
July 16, 2012 at 4:24 pm
စိမ်းစိုနေတဲ့ မြင်ကွင်းတွေ မြင်ခဲ့ရပြီး
အမတ်မင်းရဲ့ စိတ်တွေ လည်း
စမ်းစိုလန်းဆန်းလာမယ်ထင်ပါတယ်..
ဘာပြောပြောခရီး တစ်ခု ထွက်လိုက်ရင်
စိတ်အပမ်းတော့ပြေတာပဲဗျ…
R Ga
July 16, 2012 at 4:27 pm
လယ်ကွင်းက ခပ်စိမ်းစိမ်း..
အတွေးတွေက ခပ်ယိမ်းယိမ်း
စပါးနှံ ခေါင်းကျိုးလို ခနီ္တတရား ပြည်ဝဖို့အရေး
အားယူလိုက်ကျပုံများ..။
မဂွတ် ထော်
July 16, 2012 at 4:41 pm
ရွာပြန်ပီးလယ်ရိတ်ချင်လိုက်တာ လယ်တောထဲကို
ထမင်းစားရတာမြို့ပေါ်ကနာမည်ကြီးဆိုင်တွေနဲ့
တောင်မလဲနိုင်ဘူးအရမ်းစားလို့ကောင်းတာ
………….P
အလင်းဆက်
July 16, 2012 at 7:11 pm
သဘာဝ ကျကျ ပုံရိပ်တွေပါလား..ဗျ ။
မြို့ပြ ရဲ ့ မြင်ကွင်းတွေနဲ ့ ဝေးရာ..သာယာ စိမ်းမြ တဲ ့ အမြင်တွေ..ကို ဆောင်ယူ လာပေးလို ့ကျေးဇူးပါ..ဗျာ ။
မိုက်ကယ်ဂျော်နီအောင်ပု
July 16, 2012 at 7:35 pm
ဒီအကြောင်းကို မပြောခင် တောင်းပန်ပါတယ်
ဘာမှမဆိုင်သလိုလို ဆိုင်သလိုလို ဖြစ်နေလို့ပါ
ဒရန်တန်တန်
………………………………………………….
ဒီလို လယ်တော တွေကိုတွေ့တဲ့အခါ ကျုပ်အဘကို ဘလိုင်းကြီးသတိရမိသွားတယ်
( ဒီတစ်ရွာလုံး လယ်ရှိပြီး လယ်မထွန်တတ်တာ မင်းတစ်ကောင်ဘဲရှိတယ် )
အဲ့ဒါကတော့ ကျုပ်အဘ ကျုပ်ကို ပြေားဘူးတဲ့စကားလေးပါ
မှန်တာပြောသစ္စာပါ ကျုပ် တောင်သူလယ်သမား သားသမီးဆိုတဲ့အတွက်
ခင်ဗျားတို့လို ကျိကျိတက်ချမ်းသာတဲ့ လူကုန်ထန်တွေပေါ့ မဟုတ်ဘူးပေါ့ဗျာ
ဘယ်လိုဘဲပြောပြော
လယ်ကွင်းတွေကိုတွေ့ရင် ကျုပ် အဘနဲ့ သူ့မိန်းမ ကျုပ်အမေကိုသတိရတယ်
ဘကြီးစံကျော်ကို သတိရတယ်
ထန်းပင်တွေကို သတိရတယ်
ကျုပ်ဘကြီးကို သတိရတယ်
ဘဝ ဆိုတာ ဘာမှ မဟုတ်ဘူး ဆိုတဲ့သဘောတွေကို သတိရတယ်
မှန်တာပြောရရင်တော့
ကျုပ်
ခု
နည်းနည်းကောင်းနေတယ်
ဂန္ဓာရီ ဆြာအုပ်
July 16, 2012 at 10:34 pm
ဟိုက်ရှားဘား.. လန်းသဟ အရေးအသားက
metallic
July 16, 2012 at 7:48 pm
ကောက်စိုက်မလေးတွေ သီချင်းသံပြိုင်သီဆို
ထမီတိုတို ရွဲလိုစို ရွဲလိုစို
အကျီင်္အပိုအမို လဲဘို့ကို လဲဘို့ကို
နည်းနည်းလေးမှတောင် ယောင်ကာမတွေးပါဘူးဆို….
(ကြားဘူးသော သီချင်းဟောင်းတပုဒ်)
(စာလုံးပေါင်း၊ စာသား သိပ်မသေချာ)
(စာလုံးပေါင်းလည်း သိပ်မသေချာ)
နားထောင်ကောင်းတာတော့ အတော်သေချာသည်။
ahnyartamar
July 16, 2012 at 8:32 pm
ကိုအမတ်ရေ………
အလုပ်လုပ်ရဆုံးနဲ့ အဆင်းရဲဆုံးကတော့ လယ်သမား၊ ယာသမားတွေပါလို့ ကျတော်ထင်တယ်။ ဒီကြားထဲ စပါးဈေး၊ နှမ်း နဲ့ မြေပဲဈေးတွေက ထင်သလောက် ဈေးမကောင်းလေတော့ နောက်ဆုံး ကိုယ်ပိုင်ခဲ့တဲ့လယ်ဆီမှာ ပြန်ပြီး လယ်ကူလီလုပ်ရတဲ့ ဘဝတွေ ရောက်ကုန်ရတာပဲဗျို့။
တချို့နှစ်တွေမှာ ရာသီဥတုကဖောက်ပြန်လေတော့ သေဘို့ပဲရှိတော့တယ်ဗျို့။
pan pan
July 16, 2012 at 9:26 pm
ဟိုလူကြီးကို သေချာပို့ခဲ့လားအူးလေးရေ… 😛
အင်း…မြို့ပြမှာအသက်ရှုကျပ်တာတွေ အဲ့မှာနည်းနည်းတော့ချောင်သွားမှာပေ့ါ
အကောင်း…အကောင်း… 😀
စိမ်းစိုနေတာများ အေးချက်တော့
အရောင်တွေက စိမ်းလွင်နေတာပဲ
အူးလေးက ဒီလိုဆိုတော့လည်း သဘာဝအလှကို ခံစားတတ်သား 😛
ဂန္ဓာရီ ဆြာအုပ်
July 16, 2012 at 10:47 pm
အပျိုစင်လယ်ကွက်ရေး ကိုမှ မညှာ မတာ
ထယ်ကြီးတွေနဲ့ထိုး..
ပျိူးပင်တွေဆွဲနှုတ်..
ကောက်စိုက်တံတွေ နဲ့ထိုး
အမလေး အမတ်မင်းရယ်
စက်ရက်လိုက်ကြတာနော် .. အဟင့်
TTNU
July 17, 2012 at 12:12 am
အမတ်မင်းရေ..
လယ်တောကပြန် ပန်ချင်တယ်ခရေဖူးလေးအတွက်ရော
အလုပ်ဖြစ်ရဲ ့လား။ 🙂
မောင်ရင်က ဘိုကလေးမှာလား။
တီချာ ကျုံမငေးရောက်ဖူးတယ်။
amatmin
July 17, 2012 at 9:50 am
တီချယ်ရေ..
ကျနော် ဘိုကလေးသား ပါခင်ဗျာ.. 🙂
ခရေဖူးကတော့ ပန်ဆင်သူမဲ့လို့ ပုပ်ကုန်ပီ ထင်ပ 😛
ကိုtar tar
ဘိုကလေးမြို့နယ် အပိုင်.ကွင်းပုန်းကျေးရွာ အုပ်စု ပါ.
ဘိုကလေး မရောက်ခင်လမ်းမှာ ဆင်းရတာပေါ့ဗျာ..
tar tar
July 17, 2012 at 7:26 am
လယ်မြေ ကို ကြည့်ရတာ စက်နဲ့ စိုက်ပျိုးလို့ ရမယ်ထင်ပါတယ် …စက်မှုနိင်ငံ ထူထောင်ဖို့ ဒီက စရမှာပါနော့်…ကားပါမစ်တွေ ပေးသလို လယ်ယာသုံး စက်ကရိယာတွေကိုလဲ ဘာမှ မသိနားမလည်တဲ့ တောသူတောင်သားတွေကိုယ်စား အစိုးရက အရင် ဝင်ရောက်ကူညီပေးစေချင်ပါတယ် ကောက်စိုက်သမ ရှားပါးလာတာ ပျိုးပင်ကိုကြည့်ယုံနဲ့သိတယ် .. ပျိုးပင်တွေ ဝါနေပြီ နောက်သုံးလေးရက် ဆို ပျိုးပင်တွေ ပုတ်ကုန်မှာ…….. စိုက်လို့ရမှာ မဟုတ်တော့ဘူး..နေရာဒေသ များသိခွင့်ရှိမလား
amatmin
July 17, 2012 at 9:34 am
ဦးပါ.ဦးမိုက်.မဂွက်ထော်.ကိုလင်းဆက်.ကိုအာဂ.ကိုပု.ဆြာအုပ်.မက်တယ်.ကိုတမာ.ပန်ပန်ခြစ်. 🙂
ကွန်မန့်အားလုံးအတွက် ကျေးကျေးပါဗျ..
char too lan
July 17, 2012 at 10:36 am
အော်…….. အဲ့ဒီနည်းနဲ့စိုက်တာ ဒီမှာလဲရှိနေသေးတာပဲ ဟိုနေ့ကမှ နိုင်ငံခြားသတင်းတစ်ခုမှာ အိမ်နီးချင်းနိုင်ငံတစ် နိုင်ငံက အဲ့ဒီနည်းနဲ့စိုက်တာကို သူတို့ရိုးရာဝတ်စုံပြည့်နဲ့ သေချာလုပ်ပြသွားတာတွေ ့တော့ သူတို့ဒီဇိုင်းကတစ်မျိုးဆန်းပါလားလို့ ချီးကျူးမိသေးတယ်။
မှတ်တမ်းပုံအတွက်ကျေးဇူးပါဗျာ……….
snow white
July 17, 2012 at 1:18 pm
ပုံလေးတွေကြည့်ပြီး ကောက်တောင်စိုက်ကြည့်ချင်လာပြီ ပုံလေးတွေ ကြည့်ပြီး မျက်စိထဲကိုအေးစေတယ် စိမ်းစိုနေတာဘဲနော် စပါးပင်လေးတွေက
နှင်းဆီ ငုံ
July 17, 2012 at 2:07 pm
ကောက်တော့မစိုက်ချင်ပါဘူး ငုံတို့ဆီမှာက ကောက်ပင်တိုတိုလေးတွေကို ခါးကုန်းပြီးလက်နဲ့ စိုက်ရတာမို့ ကောက်စိုက်ရင်ခါးတအားနာတာ စိုက်ပြီးလို့ ကောက်ငန်းလှန်တဲ့ ခုဓာတ်ပုံထဲကအချိန်မျိုးဆိုရင်တော့ လယ်တောသွားရတာ လေတဟူးဟူးနဲ့ ရင်ထဲကို အေးချမ်းနေတာပါပဲ ….