Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သတင်းထောက်ဆိုတာ

htet wayJuly 18, 20121min2966

အခုတလော ဂျာနယ်တွေ မှာ သတင်းထောက်နာမည်တွေ မြို့တွေနဲ့ ယှဉ်တွဲ ဖေါ်ပြထားတာ တွေ့ရတယ်။သတင်း သမားလို့ ခံယူ ထားသူတွေ ကိုတွေ့ရတော့ ဝမ်းသာဂုဏ်ယူ မိပါတယ်။ သတင်းထောက် တစ်ယောက်ဟာ သိခြင်း ဗဟုသုတ အပြင် သမ္မာဆန္ဒ မျှတသော စိတ်ကို အခြေတည်ပြီး တက် ကြွ ရဲရင့်နေရပါမယ်။
သတင်းမီဒီယာ သမား တစ်ဦး အတွက် လို အပ်တဲ့ အရာတွေက ကင်မရာ ၊ အသံဖမ်း စက် ၊ မှတ်စု တွေပါ။ အရေးကြီးဆုံး လို အပ်ချက်ကတော့ ဆင်ခြင်တုံ တရားဖြစ်ပါတယ်။ အကြောင်း အရာတစ်ခုကို နားလည် သိမူသာဖြစ်ပါတယ်။ညီငယ်အရွယ် သတင်းထောက် တစ်ယောက်က ကလေး တစ်ဦးရေနစ်သေတာကို သတင်းရေးမယ် ဆိုပြီးရေးပါတယ်။ဂျာန ယ် တစ်စောင်ကို ဒီသတင်းရေးမယ် ဆိုပြီး ဖုန်းနဲ့ ပြောတော့ တဖက်က ဓါတ်ပုံပါ ထည့်ပေးပါတဲ့ သူက ဓါတ်ပုံ သွားရိုက်ဖို့ပြောတော့ ကျွန်တော်က “ညီလေး သေသူဓါတ်ပုံ ထည့်ခွင့်မရှိဘူး လို့ ပြောမိပါတယ်” ကလေးသူငယ် ဓါတ်ပုံကို ရှင်သူဆိုလည်း မသုံးရဘူး လို့ ဆက်ပြောမိတယ်။နောက်ပြီး ဒီသတင်းမျိုးက ဆေးရုံမှာ ပီအာရ် အမှတ်စဉ် ယူရတယ် ။နောက်ပြီးရဲစခန်းက ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် ဆောင်ရွက် ချက် သေမူသေခင်း အမှတ်စဉ် ယူရတယ်။ဒါတွေပါမှ ရေးလို့ ဖြစ်ပါတယ်လို့ မနေနိုင် မထိုင်နိုင် ဝင်ပြော မိလိုက်တယ်။
တလောကလည်း လက်ဖက်ရည် ဆိုင်မှာ ပုဂ္ဂုလ်တစ်ယောက် က ဒို့မြို့မှာ ခိုးမူတွေ ဖြစ်နေတယ် မြို့မှာ သတင်းထောက်တွေ မူခင်း သတင်းထောက်တွေ များနေတယ် ဒါကို ကြတော့ ဖေါ်ထုတ်လလို့မရကြဘူးတဲ့ ။ မခက်ပေဘူးလား ။ မူခင်း သတင်းထောက်ဆိုတာ မူခင်းကျဆင်းဖို့ ဂျာနယ်ကနေ ပြည်သူတွေ ဥပဒေအသိတိုးပွားဖို့ မူခင်း ဖြစ်ရပ်တွေကို သိပြီး ဆင်ခြင်နိုင်ဖို့ သတင်းရေးရတဲ့ လူတွေပါ။ ခိုးမူတွေ လိုက်စုံစမ်းဖို့ တာဝန်မရှိဘူး ရဲတွေ ဆောင်ရွက် ရမယ့် အလုပ်နဲ့
သတင်းရေးတဲ့ သတင်းထောက် အလုပ်ကို ခွဲ မမြင်နိုင်တာကို အံဩ မိပါတယ်။
သတင်းထောက်တွေက အခု ခောတ်မှာ ပိုပေါများ လာတာ တွေ့ရတယ်။ ပေါများလာဆို ဂျာနယ်တွေ ကလည်း များလာတာကိုး။အရင်က စာနယ်ဇင်း အဖွဲ့ မှာကဗျာဆိုအပုဒ် ၃၀၊ ဝတ္ထုဆို အပုဒ်၂ဝ ဆောင်းပါးဆို ၁ဝပုဒ် ဝတ္ထု ရှည် ဆို တစ်ပုဒ် ပုံနိပ်စာလုံးနဲ့ ဖေါ်ပြ ခံရမှ စာပေနှင့် စာနယ်ဇင်း အဖွဲ့
ဝင်လို့ရတယ်။ ကျွန်တော်က သတင်း အပုဒ်၁၀ဝကျော်ရေးဖူးတယ် လို့ပြောတော့ သတင်းသမား မပါဘူးတဲ့ ။ အခုတော့ မြန်မာနိုင်ငံသတင်းစာ ဆရာ အသင်းဆိုပြီး အရင်က သတင်းရေးဖူး ဖေါ်ပြခံရဖူးသူတွေကို အဖွဲ့ ဝင်ခွင့်ပြု တယ်။
သတင်းစာ ဆရာပဲဖြစ်ဖြစ် သတင်းထောက်လေးပဲ ဖြစ်ဖြစ် စာနယ်ဇင်းကျင့်ဝတ်ကိုတော့ လိုက်နာစောင့်စည်းရမှာပဲ။ သတင်းစာ ကျင့်ဝတ်ကို လိုက်နာရမှာပဲ
သတင်းစာ ကျင့်ဝတ်(၁)မှာ မည်သည့် သတင်း အချက် အလက်ကိုမျှမိမိတို့လိုရာကိုမျှ ဆွဲမရေးရ သို့တည်းမဟုတ် လိုရင်း အချက် အလက်များကို တမင်သက်သက် ထိန်ချန်ခြင်း မပြုရလို့ ဖေါ်ပြထားပါတယ်။
ကျင့်ဝတ်(၂)မှာ ပြည်သူလူထု အကျိုးအတွက်ရှေ့ရှု့ ရသည့်အခါမှ တစ်ပါး သူတစ်ပါး၏ပုဂ္ဂလိက အခွင့်အရေးကို ထိပါးနှောင့်ယှက် ရေးသားဖေါ်ပြ ခြင်းမှ ရှောင်ကျဉ်ရမည်။
သတင်းထောက်သည် မိမိ ရရှိလာတဲ့ သတင်း အပေါ်မှာ မှန်ပင်မှန်ငြားဖေါ်ပြ လိုက်တဲ့ အခါ တရားမျှတမူ ၊ သာတူညီမျှဖြစ်မူဖြစ်မဖြစ် ချင့်ချိန်ရမယ် ။အများအတွက် အကျိုးရှိတာ မှန်သော်လည်း တရားမျှတမူမဲ့ ရင် ၊သာတူညီမျှမူ မရှိရင် မဖေါ်ပြ သင့်ပါဘူး။
(၉.ရ .၂၀၁၂)ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ နောင်ရိုးတိုက်ပွဲ အထိမ်းအမှတ် ကျောက်စာတိုင်နှင့် ကြေးရုပ်ထုလုပ်မည် ဆိုတဲ့ သတင်းကို ဇော်ထက် (အိမ်မဲ)
နာမည်နဲ ဖေါ်ပြပါရှိတယ်။ နောက်တော့ မြဝတီမှာ ထပ်ပါတယ် ကျွန်တော် နာမည်မပါတော့ ဘူး အမှတ်စဉ်နဲ့ ဖေါ်ပြတယ်။ သတင်းစာတိုက်ကို ဖုန်းဆက်တော့ ရန်ကုန်ကရေးတာတဲ့ ကျွန်တော်တို့စည်းဝေးတဲ့ အချိန်က ဘယ် သတင်းထောက်မှ မရှိဘူး။ နောက်တော့ အခမ်းအနားလုပ်တာ က ၁ရက်နေ့ သူတို့ဖေါ်ပြတာက ၁၁ရက်နေ့ ကိစ္စမရှိဘူးဆိုပြီး ရက်စွဲမှားနေကြောင်း နဲ့ ကျွန်တော့် သတင်း ဆိုတာပဲ ပြောလိုက်တယ်။
မိတ်ဆွေ တစ်ယောက်က မူခင်း တစ်ခုမှာ စွပ်စွဲခံရသူ ဖြစ်နေတယ် ရဲက အမူဖွင့် ထားပြီ။ ဒီအမူကို ဖြစ်စဉ်အမှန် အတိုင်းရေးပေးပါလို့ ဆိုလာပါတယ်။ဒါပေမယ့် မရေးဖြစ်ပါဘူး။ဘာကြောင့်မရေး လည်း ဆိုတာကတော့ သူ့ကို တရားလို လုပ် တရားစွဲထားတဲ့ လူက ကိုယ့်အပေါ် မှာ လည်း မတရားလုပ်ထားဖူးပါတယ်။ဒီသတင်းကိုရေး လိုက်ရရင် မိမိအတ္တပါနိုင်မယ် တဖက်ကို အလေးသာမှာ စိုးလို့ မရေး လိုက်တာပဲ။
သတင်းထောက် ဆိုတာ သတင်းရေးသားတင်ဆက်မူမှာ နှလုံးသားဖြူဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ရန်သူကို နာနာလေး ထိုးနှက်မယ် ကိုယ့်မိတ်ဆွေကို ပိုပို သာသာလေးရေးပေးမယ် လုပ်လို့မရပါဘူး။ပုဂ္ဂိုလ်ရေးမပါ သတင်းသာ အဓိကဖြစ်တယ် ။အခွင့်အရေး ကို မကြည့်ဘဲ စာဖတ်သူအကျိုးသာကြည့်ရမယ် ။ကိုယ်က ူ
သူတစ်ပါးကို အမှန်မြင်စေချင်လို့ အနစ်နာခံ သတင်းပေးသူ သတင်းထောက်လုပ်တာဖြစ်တယ်။
သတင်းထောက် တစ်ယောက် ဟာ အရေးအသားကျွမ်း ကျင် ဖို့ လည်း အရေးကြီးတယ် ။သတင်းကို စာဖတ်သူထံပို့ဆောင်တဲ့ အခါ ဘယ်လိုရေးရမှာလဲ ပကတိ အတိုင်းရေး ရမှာလား ၊ ဘေးထွက်ပြီး ရပ်ကြည့် မြင်တာ ပြောရမှာလား ဒါကတော့ သတင်းထောက်ရဲ့ ရေးသားမူ ကျွမ်းကျင် ခြင်း ဆိုင်ရာပါ။သတင်းထောက် တစ်ယောက် ဟာ မျးများစာ ဖတ်ရမယ်။ သတင်းများများ ဖတ်ရမယ် ။ဒါမှ သာ ကိုယ်ရေးထားတဲ့ သတင်း မှာ အဖြစ်မှန်ကို မျက်ဝါးထင်ထင် တွေ့နိုင်ဖို့ရာ ဖုံးကွယ် ထားတာတွေကို ၊ဖွင့်ပြ လှစ်ပြနိုင်မယ်။
သတင်းထောက်တွေဟာ ပါးရာ် နပ်ရည်ရှိမူ ၊သမာသမတ်ကျမူ တွေနဲ့ တိကျခိုင်လုံ ပြည်သူ့ အကျိုးပြုတွေ သတင်းတွေကို ရေးသားတဲ့ နေရာမှာ တိုင်းပြည်အတွက် စတုတ္ထမဏ္ဍိုင် ကို တာဝန်ကြေအောင် ထမ်းရွက်နိုင်ဖို့ ၊ အမှန်မြင် အမှန်တွေးပြီး လွှမ်းမိုးမူ ကင်းတဲ့ နှလုံးလှ မီဒီယာ သမားတွေ ဖြစ်ဖို့
သတင်းထောက် အကြောင်း တစ်စိတ်တစ်ဒေသကို စေတနာနဲ့ ရေးသားလိုက်ရပါတယ်။

6 comments

  • မောင်ပေ

    July 18, 2012 at 10:55 am

    ဆြာထက်ရေ
    ဖတ်ရှုလေ့လာ သွားပါကြောင်း
    ညီလေးပေ မှ သတင်းပို့ခဲ့ပါအိ

  • ကိုရင်မောင်

    July 18, 2012 at 11:28 am

    သတင်းထောက်ကောင်း တယောက်ဖြစ်ဘို့ဆိုတာ
    မလွယ်ပါလားနော်…..
    ခုလို ဗဟုသုတ မျှဝေပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ် ဆရာထက်ရေ…..

  • ကျေးဇူးပါ ဆရာထက်ရေ။
    ““သတင်းထောက် ဆိုတာ သတင်းရေးသားတင်ဆက်မူမှာ နှလုံးသားဖြူဖို့ လိုပါတယ်။
    ကိုယ့်ရဲ့ ရန်သူကို နာနာလေး ထိုးနှက်မယ် ကိုယ့်မိတ်ဆွေကို ပိုပို သာသာလေးရေးပေးမယ်
    လုပ်လို့မရပါဘူး။ပုဂ္ဂိုလ်ရေးမပါ သတင်းသာ အဓိကဖြစ်တယ် ။အခွင့်အရေး ကို မကြည့်ဘဲ
    စာဖတ်သူအကျိုးသာကြည့်ရမယ် ။ကိုယ်က ူသူတစ်ပါးကို အမှန်မြင်စေချင်လို့ အနစ်နာခံ
    သတင်းပေးသူ သတင်းထောက်လုပ်တာဖြစ်တယ်။”””

  • ဦးဦးပါလေရာ

    July 18, 2012 at 2:27 pm

    သတင်းထောက်တွေရဲ့ ကျင့်ဝတ်ကို ညွှန်ပြထားတာ လေးစားပါတယ် ဆရာထက်ရေ..။
    လို လဲ လိုအပ် လှပါတယ်။

    ဒီဆွမ်းဆန်အမျိုးအစားထဲမှာတော့ ရောပါနေတဲ့ ကြွက်ချေးတွေကလဲ မနည်းမနောရယ်..။

    ကျုပ်မြင်ဘူးတာတခုက
    တစ်ခါက မနက် သုံးနာရီထိုးလောက်ကြီးမှာ သစ်ကားကြီးတစီးမှောက်တော့ ရဲဝန်ထမ်းတွေရောက်လာတယ်။ လိုအပ်တဲ့ အရေးယူမှု့ ကူညီမှု့တွေလုပ်တယ်။ ရပ်ကွက်တာဝန်ရှိသူတွေရောက်လာတယ်။ လိုအပ်တဲ့ အရေးယူမှု့ ကူညီမှု့တွေလုပ်တယ်။ မကြာခင်မှာ အမျိုးသမီးတယောက် ကင်မရာတလုံးကိုင်ပြီးရောက်လာတယ်။ သူ့ကိုယ်သူမိတ်ဆက်တယ်။ ဘယ်ဂျာနယ်ကသတင်းထောက်ပါတဲ့။ ဒီကင်မရာထဲမှာ တပုံမှ မရိုက်ရသေးဘူးတဲ့။ ရိုက်လဲမရိုက်တော့ပါဘူး..တဲ့..။ သတင်းလဲ မယူတော့ပါဘူး…တဲ့..။ သုံးပုလင်းယူပြီး အိမ်ပြန်သွှားလေရဲ့…။

  • lon don

    July 18, 2012 at 2:45 pm

    စိတ်နှလုံးဖြူစင်အောင်နေပါလို့ပြောသောသူသည် မိမိကိုကိုယ်စိတ်နှလုံးဖြူစင်စွာနေဖို့အရေးကြီးပါကြောင် အသိနှင့်သတိအစဉ်အမြဲကပ်လျှက်နေနိုင်ပါစေလို့ဆဒ္ဒပြုလိုက်ပါတယ်—

  • htet way

    July 18, 2012 at 6:24 pm

    ဆရာမောင်ပေ၊ ဆရာ ကို ရင်မောင် ၊ဆရာ သားဦးမြေးဦး၊ ဝမ်းတွင်းရူး ဆရာ ဦးဦး
    တို့ကို အခုလို ဖတ်ရှု့ ဝေဖန်ပေးတာ ကျေးဇူးပါ ခင်ဗျား။
    အသစ်ကလေးlon don ခင်ဗျား ကျွန်တော်က ဆန္ဒပြု တာကို လေးစားပါတယ်။
    သတိကပ်အောင် သတိပေးတဲ့ အတွက် ကျေးဇူးပါ ခင်ဗျား
    ကျွန်တော် ဟာ သတင်း ရေးသားခြင်းကို စိတ်ပျက်နေသူ တစ်ဦးဖြစ်ပါတယ်။ နောင်ရိုး တိုက်ပွဲ
    သတင်း တခုသာ မြို့နဲ့ သက်ဆိုင်တဲ့ အတွက် ရေးတာပါ။ အရင်က ကလောင်ခွဲတွေနဲ့ သတင်း
    အပုဒ်၁၀ဝကျော် ဂျာနယ်စုံမှာရေးပြီး ကတည်းက စိတ်ပျက်နေသူပါ။
    ရံဖန်ရံခါ သတင်းဆောင်းပါးလေး တွေတော့ ရေးတတ်ပါတယ်ဥပမာ မန်းဂေဇက် ရခိုင်သွေးချင်းများ လက်ဆောင်နဲ့ သူတို့ အသံ ( မန္တလေး အလင်းဂျာနယ်၁၃ရက်နေ့ ထုတ်)
    ဆိုတော့ ကား သတင်း သမား အကြောင်းရေးပြ မိတဲ့ အတွက် စိတ်ဖြူအောင်နေပါလို့ သတိပြန်ပေးတာ
    ကျေးဇူးပါ နောက် နောင် အကယ်၍များ သတင်းရေး မိရင် မိတ်ဆွေ စကား နားထဲကြား ယောင်မိမယ်
    ထင်ပါတယ်ခင်ဗျား။
    ခင်မင်စွာဖြင့်
    ထက်ဝေး

Leave a Reply