Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လုပ်ကြည့်လိုက်ပါ အေးမြတဲ့အရသာချမ်းတဲ့အရသာခံစားကြည့်လိုက်ပါ

snow whiteJuly 18, 20121min60615

ခံစားဖူးလားမခံစားဖူးလားတော့မသိဘူး   စနိုးပြောပြချင်တာ က
မိုးတွင်းဆောင်းတွင်းမှာ  ဆို ဒီပြသနာကပိုတက်တက်ပါတယ်
ဘာကြောင့်လည်းဆိုတော့  အေးတဲ့ရာသီမှာခြေကိုက် လက်ကိုက် ရောဂါဝေဒနာကခံစားရတက်ပါတယ်။
လေးဘက်နာသမားတွေဆို  ခြေဆစ်လက်ဆစ်လေးတွေ ကိုက်တက်တယ်  ပရုပ်ဆီ လိမ်းကျတာများတယ်
လူကြီးတွေလည်း ခြေလက်ကိုက်လို့ ရှိရင်  ပရုပ်ဆီတို့ဒဏ်ကြေ လိမ်းဆေးတို့ လိမ်းကျတယ်  သတိထားရမှာကလေ
ဆေးမလိမ်းခင်ဘဲဖြစ်ဖြစ်  ဆေးလိမ်းပြီးလို့ဘဲဖြစ်ဖြစ်  ခြေထောက်ကို ရေဆေးတာမျိုး
ရေချိုးတာမျိုးမလုပ်ရပါဘူး
မယုံရင်လုပ်ကြည့်ကျပါ အဲ့ရောဂါဝေဒနာကိုခံစားရမှာဖြစ်ပါတယ်   ပရုပ်ဆီတစ်ခုခုလိမ်းပြီး    ခြေထောက်ရေဆေး တာဘဲဖြစ်ဖြစ်   ရေချိုးတာဘဲ
ဖြစ်ဖြစ် လုပ်မိတဲ့သူတိုင်း ချမ်းတာ မှမတအားချမ်းတဲ့ ထိ ဖြစ်ကျတယ်   စောင်သုံးစောင်လောက် ခြုံတာတောင် ချမ်းတာမပျောက်ဘူးနော်
မယုံရင်လုပ်ကြည့်လိုက်ကျပါ    ။။။           လက်တွေ့လေးပြောပြမယ် (  စနိုးအစ်မ တစ်ယောက်နယ်ကနေကျောင်းလာတက်တာ
ကျောင်းနဲ့အိမ်နဲ့ကဝေးတယ် မနက်မိုးလင်းလည်းလိုင်း ကားကမတ်တပ်ရပ်စီးရတယ်
ပြန်လည်းကားကနေရာမရတော့ မတ်တပ်ရပ် စီးရတယ်
ပြန်လာတော့သူက ရေချိုုးပြီးတော့ ခြေထောက်တအားကိုက်လို့ ဆိုပြီး  မှတ်မှတ် ရရစနိုးအမေက ပရုပ်ဆီဆိုရှမ်းရိုးမ  မှကြိုက်တယ်
အိမ်မှာကလည်း ရှမ်းရိုးမ ပရုတ်ဆီ ဘဲ ရှိတယ်လေ   အစ်မက ခြေထောက်တအားကိုက်တော့ ရေချိုးပြီးတော့  ပရုပ်ဆီလေးလိမ်းပြီးတော့ အိပ်မယ်ပေါ့
လိမ်းပြီးတော့ ၂မိနစ်လောက်ကြာတော့တအား ချမ်းတယ်ဆိုပြီး အစ်မကအော်ကော  လေးလေးရေသမီးတအားချမ်းတယ်  ဆိုတော့ စနိုးတို့ကလည်းလန့်သွားတာပေါ့
စောင်တွေခြုံပေးထားလည်းမရဘူး
ချမ်းတာကချမ်းတာဘဲ   စနိုးအမေကအပေါ်ကနေ ဖိထားပေးတယ်  အဲ့ဒါလည်းအစ်မကချမ်းတယ်ဘဲအော်နေတော့   အမေကဆေးခန်းသွားမယ် လုပ်ရော
ဒါပေမယ့် ဆေးခန်းမသွားလိုက်ရပါဘူး   စောင်ခြုံပေးလိုက်  စနိုးအမေက ငါဖိထားလို့ချမ်းသေးလားလို့မေးတော့ မချမ်းတော့ဘူး းနည်းနည်းသက်သာတယ် လို့ အစ်မကပြောတယ်
၁၅မိနစ်လောက်လည်းကြာရော သက်သာသွားတယ်   )
ဘာကြောင့်ဆိုတာလည်းမသိဘူးနော်  ချမ်းတဲ့ကိစ္စက  နောက်နေ့လည်းအစ်မကအဲ့တိုင်းဘဲ
ရေချိုးပြီး       ဆေးလိမ်း အိပ်တာအဲ့လိုဘဲချမ်းတယ်ချမ်းတယ် အော်ပြန်ရော     နည်းလမ်းကောအစကောရှာကျရော စနိုးကမမဆေးလိမ်းပြီးမှ ချမ်းတာလား  ရေချိုးပြီးမှ
ချမ်းတာလား လို့မေးတော့ မမက ရေချိုးပြီးလို့  ဆေးလိမ်းပြီး အိပ်မယ်လုပ်တာ အဲ့လိုဘဲချမ်းချမ်းလာတာ   ဆေးကြောင့်လို့ထင်တာပေါ့နော်
စနိုးအဖေကလည်းအဲ့နေ့က  ကိုယ်လက်ကိုက်လို့ဆိုပြီး ဆေးလူးခိုင်းတယ်  အမေကဆေးလူးပေးလိုက်တယ်  ဆေးလူးပြီးသိပ်မကြာတဲ့အချိန် စနိုးအဖေသူငယ်ချင်းကစနိုးအဖေကို
လာခေါ်လို့ အဖေက  ဆေးနံ့ နံနေတယ်ဆိုပြီး ရေချိုုးလိုက်အုံးမယ်ဆိုပြီး သူသူငယ်ချင်းကိုပြောလိုက်တယ်  ရေချိုးပြီးရေချိုးခန်းကလည်းထွက်လာရော  အဖေက ချမ်းတယ်ချမ်းတယ်
မေးတောင်ခိုက်တယ် စနိုးအဖေချမ်းတယ်ချမ်းတယ်အော် ပြီး သူသူငယ်ချင်းနဲ့တောင် မလို်က်သွားနိုင်ဘူး ပရုပ်ဆီတွေလူးပြီး တိုင်းရေချိုးတာတို့ခြေထောက်ရေဆေးတာတို့ မလုပ်သင့်ပါဘူး
အဲ့လိုမျိုးချမ်းတဲ့ဝေဒနာခံစားရတက်ပါတယ်   စနိုးတို့အိမ်မှာတော့ စနိုးအပါအဝင်  လူလေးယောက်လောက်အဲ့ဝေဒနာကို ခံစားဖူးတယ် တကယ့်ကိုချမ်းတယ်  မိနစ်၃ဝလောက်ထိချမ်းတယ်
အဲ့ချိန်ကြာသွားရင်တော့ အေးဆေးပါဘဲ ဘာမှမဖြစ်တော့ဘူး   လူကောင်းတိုင်းနေလို့ ထိုင်လို့ကောင်းပါတယ်
ကျန်တဲ့ပရုပ်ဆီနဲ့လုပ်ကြည့်ဖူးတယ်  အဲ့လောက်တော့မချမ်းဘူး ချမ်းတာတော့ချမ်းတယ်    ရှမ်းရိုးမလိမ်းပြီးတော့ ရေချိုုးတာ ခြေထောက် ဆေးတာတို့လုပ်ကြည့်လိုက်ပါ အဲ့လိုချမ်းတဲ့ဝေဒနာကို
ခံစားရမှာဖြစ်ပါတယ်

 

15 comments

  • water-melon

    July 18, 2012 at 12:30 pm

    ဟီးဟီး လုပ်ကြည့်အုန်းမယ်
    နည်းလမ်းကောင်းလေးဗျ

  • manawphyulay

    July 18, 2012 at 12:35 pm

    အရမ်းချမ်းတာပဲလား…. ချမ်းတာတော့ ဆေးလူးပြီး မစမ်းသပ်ချင်ပါဘူး။ နွေးတာပဲလုပ်ချင်တာပါ။ ထပ်ပြီး နည်းလမ်းလေးပေးပါဦး။ တစ်ဆက်တည်း လမ်းကြုံရင် ဆေးပုလင်းလေးလည်း ဝယ်ပေးဦးနော်… ကုန်နေပြီ… ဟီး:P

  • mamanoyar

    July 18, 2012 at 12:36 pm

    စနိုးရေ အခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်
    ဆင်ခြင်လို့ရတာပေါ့

  • Ma Ei

    July 18, 2012 at 12:44 pm

    အထူးဆန်းဘဲနော်…
    နဲနဲလောက်လေးဘဲချမ်းမယ်ဆို လုပ်ကြည့်မလို့
    တစ်အားချမ်းတတ်တယ် ဆိုလို့ မလုပ်ကြည့်တော့ဘူးနော်…
    ဒီတိုင်းဘဲ ယုံလိုက်တော့မယ်…

  • ko khin kha

    July 18, 2012 at 1:13 pm

    စနိုးရေစမ်းတော့မကြည့်တော့ပါဘူး၊ စနိုးပြောတာကိုဘဲ ယုံပြီးမှတ်ထားလိုက်ပါမယ့်၊
    အခုလိုရေးပေးတာကို ကျေးဇူးပါ၊ ဗဟုသုတလည်းတိုး ဆင်ချင်စရာလဲရမို့လေ။

  • မောင်ပေ

    July 18, 2012 at 1:46 pm

    အခုမှသိတယ်
    ကြည့်စမ်း
    “ရှမ်းရိုးမ” ပရုတ်ဆီ ထုတ်လုပ်ရေးပိုင်ရှင် သူဌေးမကြီး ဒေါ်စနိုးဝှိုက်ဘဲ
    မောင်ပေ အရမ်း.. အရမ်းကိုစိတ်ဝင်စားသွားပြီနော်
    ဂျစ်မိသွားပြီ
    ဟီဟိ

  • Mon Kit

    July 18, 2012 at 1:52 pm

    “ရေချိုးပြီး ဆေးလိမ်း အိပ်တာအဲ့လိုဘဲချမ်းတယ်ချမ်းတယ် အော်ပြန်ရော နည်းလမ်းကောအစကောရှာကျရော စနိုးကမမဆေးလိမ်းပြီးမှ ချမ်းတာလား ရေချိုးပြီးမှ
    ချမ်းတာလား လို့မေးတော့ မမက ရေချိုးပြီးလို့ ဆေးလိမ်းပြီး အိပ်မယ်လုပ်တာ အဲ့လိုဘဲချမ်းချမ်းလာတာ ဆေးကြောင့်လို့ထင်တာပေါ့နော်”
    “စနိုးအဖေကလည်းအဲ့နေ့က ကိုယ်လက်ကိုက်လို့ဆိုပြီး ဆေးလူးခိုင်းတယ် အမေကဆေးလူးပေးလိုက်တယ် ဆေးလူးပြီးသိပ်မကြာတဲ့အချိန် စနိုးအဖေသူငယ်ချင်းကစနိုးအဖေကို
    လာခေါ်လို့ အဖေက ဆေးနံ့ နံနေတယ်ဆိုပြီး ရေချိုုးလိုက်အုံးမယ်ဆိုပြီး သူသူငယ်ချင်းကိုပြောလိုက်တယ် ရေချိုးပြီးရေချိုးခန်းကလည်းထွက်လာရော အဖေက ချမ်းတယ်ချမ်းတယ်
    မေးတောင်ခိုက်တယ် ”

    စနိုးရေ… ဒါဆို ရေချိုးပီး ဆေးလူးလဲ ချမ်း… ဆေးလူးပီး ရေချိုးရင်လဲ ချမ်းတယ်လို့ ဆိုလိုတာပေါ့နော်…
    ရေချိုးပီး ဆေးလူးရင်တော့ မချမ်းလောက်ဘူးထင်ပါတယ်.. ဆေးလူးပီး ရေချိုးရင်တော့ ထွက်နေတဲ့ အခိုးတွေ ပြန်ငုတ်သွားတတ်ပီး အပူကပ်သွားတဲ့အတွက် အချမ်းဒဏ်ကို ခံစားတတ်ရလို့ ရေမချုးိခိုင်းကြပါဘူး.. မွန်ကစ်တို့လဲ ရေချိုးပီး နွေးထွေးအောင် ဆေးလူးတတ်ပါတယ်…
    ဆွေးနွေးကြည့်တာပါနော်…

    • snow white

      July 18, 2012 at 2:21 pm

      ဟုတ်ကဲ့ပါ Mon Kit ရယ်ဆွေးနွေးလို့ရပါတယ် ကိုယ်တွေ့ခံစားဖူးလို့ ရေးတင်လိုက်တာပါ ကျန်တာတော့တိတိကျကျမသိပါဘူး ရှမ်းရိုးမ ပရုပ်ဆီနဲ့စမ်းလုပ်ကြည့်လိုက်လေ ရေချိုးပြီးတော့ဘဲ ဖြစ်ဖြစ် ဆေးလူးပြီးမှ ရေချိုးလိုက်တာဘဲဖြစ်ဖြစ် စမ်းလုပ်ကြည့်လိုက်လေနော် ။။။

    • snow white

      July 18, 2012 at 2:23 pm

      ဟုတ်ကဲ့ပါ Mon Kit ရယ်ဆွေးနွေးလို့ရပါတယ် ကိုယ်တွေ့ခံစားဖူးလို့ ရေးတင်လိုက်တာပါ ကျန်တာတော့တိတိကျကျမသိပါဘူး ရှမ်းရိုးမ ပရုပ်ဆီနဲ့စမ်းလုပ်ကြည့်လိုက်လေ ရေချိုးပြီးတော့ဘဲ ဖြစ်ဖြစ် ဆေးလူးပြီးမှ ရေချိုးလိုက်တာဘဲဖြစ်ဖြစ် စမ်းလုပ်ကြည့်လိုက်လေနော်

  • စိန်ဗိုက်ဗိုက်

    July 18, 2012 at 2:08 pm

    အမလေး..
    ရှမ်းဒယ်…ရှမ်းဒယ်…
    ဖတ်ယုံနဲ ့တင် ရှမ်းတွားဒါဘဲ
    🙂

    • water-melon

      July 18, 2012 at 2:38 pm

      ဟဲ့ဗိုက်ကလေး
      နင်ချမ်းတာက မီးယမ်ချမ်းဟဲ့
      မီးယမ်ချမ်း မီးယမ်ချမ်း

  • မွန်မွန်

    July 18, 2012 at 2:44 pm

    စနိုးရေ..မွန်မွန်ကတော့ ဆေးလိမ်းတိုင်းချမ်းရတာပါ။ ရေထိထိ၊ မထိထိ ချမ်းတာပါပဲ။ လင်ဇီးဆေးလိမ်းရင် အဆိုးဆုံးပဲ။ ခြေထောက်တွေဆိုရင် ရေခဲတုံးဖြစ်သွားတာ။ ဖျားချင်သလိုလိုဖြစ်ပြီး ကိုယ်လက်ကိုက်နေလို့များ ဆေးသွားမလိမ်းလိုက်နဲ့။ တော်တော်လေးကို ခံစားရတယ်။ အခုတော့ ရွှေရနံ့သုံးနေတယ်။ အနံ့လေးကို ကြိုက်လို့လေ။

    အခုတော့ အထာသိနေပြီ။ ဆေးလိမ်းပြီးရင် အနွေးထည်ဝတ်၊ စောင်ခြုံထား။ နွေးနွေးထွေးထွေးနေ။ ဟော..တစ်အောင့်လောက်ကြာရင်တော့ နွေးနွေးလေးနဲ့ နေလို့ကောင်းရော။

  • TTNU

    July 18, 2012 at 6:54 pm

    စနိုးရေ..
    တီချာက ပရုပ်ဆီ addicted ပါ။ ဘာဖြစ်ဖြစ် ပရုပ်ဆီလူးလိုက်ရင်
    မပျောက်တောင်မှ သက်သာတယ်လို့ သတ်မှတ်ထားတာ။
    ရေမချိုးမီ၊ ချိုးပြီး အခါကာလမရွေး လူးပါတယ်။

    ဘာမှတော့ မဖြစ်ဖူးပါ။
    စနိုးအစ်မက Fever ကြောင့်ချမ်းတာနေမယ်။

    တီချာလေ ပရုပ်ဆီ တံဆိပ်မျိုးစုံသုံးတယ်။ မွန်မွန်ပြောတဲ့ ရွှေရနံ့
    တော့မသိသေးဘူး။ ချမ်းတာက ပရုပ်ဆီထဲမှာပါတဲ့ မင်သော်တို့၊
    ပရုပ်တို့ကြောင့် ဖြစ်မယ်ထင်မိပါတယ်။

  • ဖိုးထောင်

    July 18, 2012 at 11:35 pm

    ကျေးဇူးပါပဲ စနိုးလေးရယ် မန္တလေးနွေရာသီမှ စမ်းကြည့်ဦးမယ် တွေ့ကြသေးတာပေါ့ကွာ
    ရှမ်းရိုးမနဲ့ မန္တလေးနွေရာသီ ဟေဟေ့

Leave a Reply