Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ယောက်ျားကောင်း-မောင်းမတစ်ထောင်တို့ အတွက် သတင်းကောင်း

ဦး ဂ်စ္July 18, 20121min115219

HIV အတွက် ဆေးသစ်ပေါ်ပြီ
HIV ရောဂါပိုးကို ကာကွယ်တာဆီးနိုင်မယ့် ဆေးဝါးတမျိုးကို အမေရိကန် အစားအသောက်နှင့် ဆေးဝါး ထိန်းချုပ်ရေးဌာန Food and Drug Adminstration (FDA) က ဇူလိုင်လ ၁၆ ရက်နေ့က ထောက်ခံ အတည်ပြုပေးလိုက်ပါတယ်။

ကမာ္ဘပေါ်မှာ ကြောက်စရာ အကောင်းဆုံးရောဂါဖြစ်တဲ့ (AIDS) ရောဂါဆိုးကို ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ် တမျိုးဖြစ်တဲ့ HIV ပိုး ကို ကာကွယ်နိုင်မယ့် ဆေးဝါးမျိုးကို ထုတ်လုပ်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ် ကတည်းက ဆေးဝါ သုတေသီတွေ ကြိုး စားခဲ့ကြတာဖြစ်ပါတယ်။

ထို ဆေးဝါးကို တီထွင်နိုင်ခဲ့တဲ့အတွက် အောင်မြင်မှု မှတ်တိုင်တစ်ရပ် ဖြစ်ခဲ့ပါတယ်တဲ့။ ယခုအချိန်မှာတော့ HIV ပိုးကို တားဆီးပေးနိုင်တဲ့ (Truvada) လို့ ခေါ်တဲ့ ဆေးဝါးက HIV ပိုး ရှိနေသူများနဲ့ လိင် အထိအတွေ့ ရှိနေသူများကို HIV ပိုး မကူးစက်နိုင်အောင် တားဆီးပေးနိုင်ပါတယ်တဲ့။

(FDA) မှ တာဝန်ရှိသူများက အဆိုပါ ဆေးဝါးကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဒီ ဆေးဝါးက HIV ပိုး ပျံ့နှံ့ ကူးစက်မှု နှုန်းထားကို နှေးကွေးအောင် တားဆီးလာနိုင်လိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။ Truvada ဆေးဝါးကို (၂၀၀၄) ခုနှစ် ကတည်းက ဈေးကွက်မှာ ဖြန့်ဝေခဲ့ပြီး HIV ပိုး ကူးစက်ထားသူတွေကို ကုသပေးဖို့ အသုံးပြုခဲ့ပေမယ့် (၂၀၁၀) ခုနှစ်မှ စတင် ပြီး ဒီ ဆေးဝါးက အမှန်တကယ် တားဆီးနိုင်စွမ်း ရှိနေကြောင်းကို ဖော်ထုတ် တွေ့ရှိလာခဲ့တာဖြစ်ပါတယ်။

အခု ဆေးဝါးက ရောဂါကူးစက်မှုကို (၇၅) ရာခိုင်နှုန်းထိ တားဆီးနိုင်ပါတယ်တဲ့။ ရေဂါပိုး ရှိသူများကတော့ ဒီ ဆေးကို တစ်နေ့ တစ်လုံး မှီဝဲသောက်သုံးရမှာဖြစ်ပါတယ်တဲ့။ သောက်သုံးသူတွေ အနေနဲ့လည်း ပုံမှန် သောက်သုံး ပေးရမှာလည်း ဖြစ်တယ်လို့ ဆေးဝါး ထုတ်လုပ်ရေးဌာန (FDA) က တာဝန်ရှိသူတွေက ပြော ကြားခဲ့ပါတယ်။

Truvada ကတော့ ထိရောက်တဲ့ အကျိုးထူးတွေ ရှိခဲ့တာ အတည်ပြုနိုင် ပါတယ်လိုလည်း ပြောကြား သွားခဲ့ပါတယ်။ အခု ဒီ ဆေးဝါးကို FDA ကျောထောက် နောက်ခံပြုထားတဲ့ ကယ်လီဖိုးလ်နီးယား အခြေစိုက် Gilead Science ကထုတ်လုပ်ခဲ့ တာ ဖြစ်ပါတယ်ဆိုတာကို ဇူလိုင်လ ၁ရ ရက်နေ့ The Gazette သတင်းမှာ ဖော်ပြထားပါတယ်။
ရွာသူားတွေ တင်ပြီးပြီလားတော့ မသိဘူးခင်ဗျ …။
လက်ဆော့ပြီး တင်ပေးလိုက်ပါတယ် …

..

19 comments

  • htoosan

    July 18, 2012 at 2:24 pm

    မျက်စီ နဲနဲ လည်နေပါတယ် ။
    HIV ရှိသူ ရောဂါ မတက်အောင် တားဆီးပေးတာလား …
    ရောဂါ ရှိပြီးသူများထံမှ မရှိသူများ ဆီ မရောက်အောင် ကာကွယ်တားဆီးပေးတာလာ း ။
    တစ်ခြား ဆိုဒ် မှာလည်း ဖတ်ရပေမဲ့ အဲ့ဒီလို ဘဲ နားမလည် ဖြစ်နေလို့ပါ။။

  • Mical David ko Jar Yit

    July 18, 2012 at 2:25 pm

    သတင်းက အမှန်အကန်များလားကွယ်၊ ဟုတ်မှန်ရင်တော့ သများတို့ ကဲခွင့်သာပြီ ၊
    ဒါထက် ဆေး ၁ လုံး ဒေါ်လှ ၅ဝ ဆိုရင် အခက်သား။
    ဟုတ်ရဲ့လား ကိုဂျစ်ရာ ၊ သေချာလို့ ကြေငြာတာလား ။

  • Gipsy

    July 18, 2012 at 2:55 pm

    သူကြီးကိုခိုင်က တော့ ရှင်းပြန်ိုင်လောက်ရဲ့ ကထူးဆန်းရေ …
    ကျုပ်လဲ ဟိုမွှေ ဒီနှောက်နဲ့ အခုမှ တွေ့လာလို့ အများဝမ်းသာရအောင်
    ရည်ရွယ်မိပါတယ်…။

  • စိန်ဗိုက်ဗိုက်

    July 18, 2012 at 2:59 pm

    ဂယ် ဟုတ်ရင်တော့ ကန်းတာပေါ့နော်.. 🙂

    • mamanoyar

      July 18, 2012 at 3:03 pm

      သတင်းဖတ်ပြီး ဗိုက်ဗိုက်ပျော်နေတယ်ထင်တယ် 😛

  • ဖွတ်ငပျင်း

    July 18, 2012 at 3:09 pm

    ဇွတ်အတင်းပြောရရင် လွတ်လွတ်လပ်လပ် ကဲလို့ရပြီ ဆိုခြင်တာနဲ့တူတယ် ၊
    သတင်းကောင်းတပုဒ်ပါ ၊ မြန်မာပြည်ကို အဲဒီဆေး ရောက်ပြီတဲ့လား ?

  • မောင်ပေ

    July 18, 2012 at 3:11 pm

    ဂျစ်ကြီးရေ
    ပိုစုံသွားအောင်
    နဲနဲ ထပ်ရှင်းပေးဦးနော

  • Gipsy

    July 18, 2012 at 3:18 pm

    သေပါပြီဗျ …
    ကမန်းကတန်းကူးချခဲ့တာမို့ ကျေးတော်မျိုးလဲ ကိုပေ ဖတ်သလောက်လေးပဲ
    နားလည်တာပါ …
    ဗဟုသုတ ပြည့်စုံကြွယ်ဝ တဲ့ မန်ဘာတွေ ဆီက အတွေးအခေါ် နဲ့ အသိပညာ
    ကို ဖိတ်ခေါ်ထားခြင်းသာလျှင်ဖြစ်ပါတယ် …ကိုပေ ..။

  • Solid_Sn@ke

    July 18, 2012 at 3:25 pm

    မူလကတော့ Treatment အတွက် သုံး တဲ့ဆေးဗျ..
    နောက်ပိုင်းမှ .. ကာကွယ်ဆေး prophylactic အဖြစ် သုံးဖို့ ..ခွင့်ပြုချက်ရသွားတယ်
    လို့ တွေ့တာပဲ ..၂မျိုးသုံး ပေါ့…

    Tenofovir/emtricitabine, trademark Truvada by Gilead Sciences, is a fixed-dose combination of two antiretroviral drugs used for the treatment of HIV. It consists of 300 milligrams of tenofovir and 200 milligrams of emtricitabine. By combining the two agents into one tablet, it reduces the pill burden and increases compliance with antiretroviral therapy.[citation needed]
    The drug has been examined for use as a pre-exposure prophylaxis against HIV infection. A Cochrane review found that both tenofovir alone, as well as the tenofovir/emtricitabine combination, significantly decreased the risk of contracting HIV.[1] The Food and Drug Administration approved it for prophylactic use on July 16, 2012.

    significantly decreased ဆိုတော့ ..၁၀၀% မဟုတ်သေးဘူး ပေါ့..

    :mrgreen:

    http://en.wikipedia.org/wiki/Tenofovir/emtricitabine

  • chityimhtoo

    July 18, 2012 at 3:28 pm

    သစ်ထူးလွင်မှာလည်းဖတ်ရတယ်မရှင်းဘူးဗျ။ဖြစ်ပြီးတဲ့လူသောက်ရတာလား။မဖြစ်ခင် ပိုးရှိတဲ့ လူကိုသွား
    အိပ်မိတဲ့ အခါကာကွယ်တဲ့အနေနဲ့ သောက်ရတာလား။

    • nicolus agral

      July 19, 2012 at 12:54 pm

      ဖြစ်ပြီးတဲ့လူသောက်ရတာပါ။
      ူသူသောက်မှ သူ ့ဆီကတဆင့် အခြားသူများဆီသို ့ကူးစက်နှုန်းကိုလျော့စေပါတယ်။
      ( ဥပမာ အိမ်ထောင်ဖက် ၊ လိင်ဆက်ဆံဖေါ် )

      လူတွေဒီဆေးကိုသုံးဖို ့ အခက်အခဲတွေရှိနေပါတယ်
      ၁)ဈေးနှုန်း – နည်းနည်းတော့ဈေးကြီးတယ်
      ၂)ကာကွယ်နိုင်မှု – ၁၀၀%အပြည် ့မရှိပါ အပြည့်အဝစိတ်ချလို ့မရ
      ၃)ကာကွယ်ပုံ – သူများဆီကနေ ကိုယ့်ဆီမကူးအောင်ကာကွယ်တာမဟုတ်ဘူး
      ကိုယ့်ဆီကနေ သူများဆီမကူးအောင်ကာကွယ်တာ

      ဆိုတော့ဗျာ
      ဈေးကြီးတယ်၊၁၀၀%မဟုတ်ဘူး၊ကိုယ့်ကိုကာကွယ်တာမဟုတ် သူများကိုကာကွယ်တာ
      ဝယ်သောက်ကြမယ်မထင်ပါဘူး
      အစိုးရက program တခုအနေနဲ ့ အခမဲ့တိုက်ရင်တော့မသိဘူး ၊ ကူးစက်နှုန်ကျသွားတာပေါ့
      ဒါကပိုလို ့တောင်မဖြစ်နိုင်သေး ၊ ပီးတော့တိုက်ရင်တောင် အလုပ်ရှုပ်တယ်ဆိုပီး မသောက်မဲ့သူကရှိဦးမယ်
      TB program တွေမှာတောင် compliance failure (ဆေးသောက်ရန်ပျက်ကွက်ခြင်း) တွေအများကြီး

      အချုုပ်ပြောရမယ်ဆိုရင် ကဲချင်သူများ ကဲလို ့မရသေးပါ
      ကာကွယ်ဆေး (သို ့) အပြတ်ကုနိုင်တဲ့ဆေးပေါ်မှပဲ ကဲကြပေါ့
      အခုတော့ စောင့်လိုက်ပါအုံး

  • Wow

    July 18, 2012 at 6:36 pm

    ကြိုးစားဂျပါ… နောင်တစ်ခတ်မှာခေါင်းဆောင်ဖြစ်မှာ ဒီလူဒွေပဲမဟုတ်လားဗျာ… ဟုတ်တာပေါ့…
    😀
    ကြားဖူးတဲ့သီချင်းလေးရွတ်ကြည့်တာ…. ဟီး

  • ချင့် ယုံလိဖန်

    July 18, 2012 at 8:30 pm

    ဝိုး — မင်္ဂလာ ရှိပါတင်း သတင်း ဖြစ်ပါသည် ၊ ကျနော်အပါအဝင် လူသားများအတွက် ၊
    လူရှုပ်များ အဲ လူသားများကို နှိပ်စက်ကလူပြုနေသည်မှာလည်း ရာစုနှစ် ခန့်ရှိနေခဲ့
    ပြီဖြစ်ပါသည် ၊

  • ဝေးလွင့်တိမ်

    July 18, 2012 at 8:36 pm

    ဂျစ်ပချီ အနော့ဂို တစ်ဘူးပို့ပေး ခ်ခ် အနော်တို့ညို့ဂ နှာဘူးဂျီးဂို တွားပေးမရို့ ခ်

    • Gipsy

      July 19, 2012 at 9:21 pm

      လူကလေး ဝေးလွင့်တိမ်က ရှုပ်ချင်တယ်ပေါ့ ဟတ်လား..
      ၂ ဗူးမှာထားတယ် ….
      လူကလေး အတွက်ရယ် ၊ သားဦးမြေးဦး အတွက်ရယ် ပေါ့…
      အောက်မှာလေ သူ့ အတွက် မပါဘူးဆိုလို့ ဒေါခီး နေလေရဲ့….။

  • ဖိုးထောင်

    July 18, 2012 at 11:10 pm

    ကာကွယ်တာကတော့ ပေါ်တာကြာပါပြီ ….. ဒါကပျောက်တဲ့ဆေးထင်တယ်
    (သံခမောက်ဆောင်းရင်တော့ လူစွမ်းကောင်းပေါ့) အဟွတ်အဟွတ် ချောင်းကလည်းဆိုးလိုက်တာ
    မြန်မာဘီယာဆိုင်လေးဝင်ပြီးမှ ဒေါက်တာချက်ကြီးဆီသွားတော့မယ်

  • အလင်းဆက်

    July 19, 2012 at 6:15 pm

    ကိုပေ..က ကျွန်တော့်ရဲ ့ ဘယ်တော့မှ…… ပိုစ်မှာ.. ဒီ ပိုစ်ရဲ ့ လင့်လေး ပေးသွားလို့.
    လာ ကြည့်တာ ။

    အကျိုးများတဲ ့ပို့စ်ပဲ..နော် ။ သားတို ့.. သိထားသင့်တာပေါ့ဂျာ..။

    ဂျစ်ဂျစ်ရေ…ကျေးကျေး

  • etone

    July 20, 2012 at 11:30 am

    ဒီဆေးမျိုးထွက်လာတာ … ကြိုဆိုစရာကောင်းပေမယ့် … လွဲမှားတဲ့ အသုံးပြုမှုမျိုးနဲ့ဆို … ဆိုးကျိုးဘက်ကိုများ ဦးတည်နေတော့မလား မတွေးတတ်ပါဘူး ။
    ဒီဆေးကြောင့် ရောဂါပိုးရှိနေသူကနေ ကူးစက်မှုနှုန်းလျော့နည်းသွားတယ်ဆိုပြီး …. ရောဂါပိုးရှိသူက မဆင်မခြင်နေမယ် .. လူကောင်းတွေကလည်း … ကြိုတင် ကာကွယ်ရေး ကိစ္စတွေမှာ .. အားနည်းကုန်မယ်ဆိုလျှင် …. ကူးစက်မှုနှုန်းပိုမြင့်လာနိုင်တယ်မဟုတ်လားဟင် …. ။
    ရောဂါပိုးဖြစ်ပွားမှုနှုန်းကို ဟန့်တားပေးတယ်သာပြောတာ … အပြီးပိုင်မကူးစက်နို်င်အောင် ထိန်းချုပ်ပေးတယ်ဆိုတာမျိုး မဟုတ်သေးလို့ ….. ဆေးကိုယုံပြီး မပေါ့ ဖို့လိုပါတယ် … ။

    တကယ်သာ အကျိုးပြုမယ့်ဆေးမျိုးဆို .. တလုံး အစိမ်း၅ဝဆိုလည်း ကျေကျေနပ်နပ်ပေးကြမယ့် လူတွေရှိပါတယ် …. ။

Leave a Reply