Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သမီးလေးရဲ့ ဖိတ်ခေါ်သံ

snow whiteJuly 19, 20121min46119

အမေ

မေမေနေကောင်းလား ချစ်သမီးလေး စာရေးပေးလိုက်ပါတယ် မေမေ  ချစ်သမီးလေး အလုပ်လည်းအဆင်ပြေပါတယ်။  သင်တန်းတက်ရတာလည်းအဆင်ပြေပါတယ် ။မေမေ

မေမေ ့ မေတ္တာ ငတ်မွတ်တာကလွဲလို့  ကျန်တာ အကုန်ပြည့်စုံပါတယ် မေမေ… မေမေကိုအရမ်းလွမ်းမိတယ်မေမေ။   ငယ်ဘဝလေးကိုလည်းပြန်လိုချင်နေမိတယ် မေမေ… နယ်မှာနေခဲ့ရတဲ့ အချိန်လေးတွေပြန်လိုချင်မိတယ် မေမေရယ်။။

ချစ်သမီးလေး ဒီစာရေးနေတဲ့အချိန်က မေမေကို ပိုလို့ပိုလို့ လွမ်းနေတယ် မေမေ

ရန်ကုန်မြို့မှာမှ အလုပ်မရရင် ဘယ်အလုပ်မှာမှ မလုပ်ဘူးဆိုတဲ့မေမေရဲ့ ချစ်သမီးလေး အလုပ်ရလို့ ရန်ကုန်မြို့ကိုရောက်ရှိခဲ့တာ ဒီနေ့နဲ့ဆို  တစ်နှစ်နဲ့ နှစ်လပြည့်ပြီပေါ့မေမေရယ်

မေမေ့အနားကိုလည်း ပြန်မလာနိုင်ခဲ့တာ တစ်နှစ်နဲ့နှစ်လပါဘဲ မေမေရယ်….. အဝေးတစ်နေရာကနေ ပိုက်ဆံလေးပို့လိုက် ဖုန်းလေးဆက်လိုက်နဲ့နေခဲ့ရတဲ့ အဖြစ်လေးပါ   ပြေးကြည့်မှ အမေတစ်ခုသမီးတစ်ခု ဆိုသလို ဘဝလေးအဖြစ်ကနေ ချစ်သမီးလေး ကမေမေ့အနားမှာမနေနိုင်ဘဲ ရန်ကုန်မြို့မှာမှ အလုပ်အကိုင်တွေလည်းများတယ် လစာကောင်းလည်းရတယ်  ဆိုလို့ရန်ကုန်မြို့ကို အထင်ကြီးမိခဲ့တယ်မေမေ  လစာကများတယ် စားစရိတ်နေစရိတ်ပြန်တွက်ကြည့် ရင် ဝင်ငွေ နဲ့ထွက်ငွေကကွက်တိပါမေမေ

မေမေ ကအစစအရာရာ သမီးစိတ်တိုင်းကျ လိုက်လုပ်ပေးနေပေမယ့် အလုပ်မှာတော့ မေမေရယ် သူဌေးစိတ်ကြိုက် အစစအရာရာ လုပ်ပေးနေရတယ် တစ်ခါတလေ အမှားလေး သေးသေးလေးတောင်မှ ခွင့်မလွတ်တက်တဲ့သူဌေးနဲ့တွေ့တော့ပိုလို့တောင် စိတ်သောကရောက်ရပါတယ် မေမေ………..။

အိမ်တိုင်းအိမ်တို်င်းမှာက အပူပင်တွေ စိတ်ချမ်းမြေ့မှုတွေ  ပျော်ရွှင်မှုတွေ အမျိုးမျိုး ရှိကြပေမယ့် သမီးတို့သားအမိနှစ်ယောက်မှာ တော့ ပျော်စရာလည်းသားအမိနှစ်ယောက်ပဲဝေမျှပျော် ဝမ်းနည်းစရာရှိလည်း သားအမိနှစ်ယောကပဲ ဝေမျှဝမ်းနည်း ဒီလိုနေလာခဲ့တာပဲ သမီးအသက် (၂၃)ထဲရောက်နေပြီမေမေ ဒါပေမယ့် မေမေဘယ်တုန်းကမှ ဝမ်းနည်းစရာတွေကိုတော့ သမီးလေး ကို ဘယ်တော့မှ ဝေမျှမပေးခဲ့ဘူးနော်  ။။

မေမေ့ကိုလွမ်းမိတယ် သတိရမိတယ်မေမေရယ်  မေမေနေကောင်းအောင်နေပါနော်

သမီးအလုပ်ကိုလည်းကြိုးစားလုပ်နေပါတယ။်   မေမေ ဒီစာလေးကိုဖတ်ပြီးအားဖြစ်ပါစေနော် ။။။

မေမေဘယ်တုန်းကမှ ဝမ်းနည်းစရာ မမျှပေးခဲ့ဘူးနော် ချစ်သမီးလေးလည်း မေမေကို ဝမ်းနည်းစရာ မပေးတော့ဘူးမေမေ   မေမေရေ တကယ့်တော့ရန်ကုန်မြို့ဆိုတာ စည်ကားတယ် ပျော်စရာ နေရာများတယ် သွားလာလည်ပတ်စရာ နေရာလည်းများတယ်မေမေ  ခင်စရာလူလည်းများတယ်။မေမေမှာလိုက်တဲ့စကားလေးကိုမှတ်မိနေသေးတယ် သမီးဘယ်ပညာမဆိုလေ့လာ သင်ယူပါ မတက်သေးရင် တက်အောင်သင်သမီး ဘယ်အရာမှကိုယ်သိကု်ိယ်တက်ပုံစံမနေဘဲ    ပညာကို ရသမျှကိုယူဆိုတဲ့စကားကိုသမီးစိတ်ထဲ စွဲနေအောင်မှတ်ထားတယ်  မေမေ။။

တကယ်လည်းသမီးမသိသေးတဲ့အရာတွေကများကြီးပဲမေမေ နယ်မှာနေတုန်းကကွန်ပျူတာဆိုတာ ဘာမှန်းတောင်မသိတဲ့ မေမေ့ သမီးတစ်ယောက်  ခုတော့ အလုပ်ကသင်ပေးတာနဲ့ကွန်ပျူတာဆိုတာကိုလည်းသုံးတက်နေပါပြီမေမေ…… ကွန်ပျူတာကိုလည်းနည်းနည်းသုံးတက်ဆိုတော့ ဆရာတော့မဟုတ်သေးပေမယ့်  နယ်မှာတော့ ပြန်သင်ပေးလောက်တဲ့ထိတော့တက်နေပါပြီမေမေ     သမီး ကငယ်ငယ်လေးထဲက မြှောက်ပေးမယ့်သူရှိရင် လုပ်တက်တဲ့အကျင့်ကခုထိဖျောက်လို့မရသေးဘူး မေမေ တစ်ယောက်ယောက်က နင်ဒါလေးနဲ့လိုက်တယ် ဆိုရင်လည်းအဲဒီအဝတ်အစားကို ဝတ်တက်တာ မေမေလည်းသိတယ်နော်….     တစ်ယောက်ယောက်က နင်ဒီသင်တန်းတက်ကြည့်ပါလား ဆိုလည်း ကိုယ့်မှာ ပိုက်ဆံမရှိလည်း မရှိရှိတာ ရောင်းချပြီးတက်တာသမီးအကျင့်ပါပဲ…  ခုလည်း မေမေရေ ကွန်ပျူတာ(graphic) တက်ခိုင်းလို့တက်နေရတယ်။  ကွန်ပျူတာ(graphic) ကို ရမှ အလုပ်က နည်းနည်းအဆင်ပြေမှာလေ ကွန်ပျူတာ(graphic) တက်နေပါတယ် မေမေ

ခုသင်တန်းပြီးဖို့သိပ်မလိုတော့ပေမယ့်နောက်တစ်ခုထပ်ပြီးတက်ပါတဲ့သူဌေးကပြောလို့ စာရင်းကိုင်သင်တန်းအပ်ထားပါတယ်သင်တန်းဘဲတက်နေရတော့မလားတော့မသိဘူး မေမေ ရယ် ရုံးကမမတွေကလည်းခုအလုပ်မှာရာထူးကောင်းကောင်းရထားတာတောင်မှ  သူတို့လည်း အပတ်စဉ်သင်တန်းတွေသွားနေပါတယ်သမီးစဉ်းစားမိတာကလေ ရန်ကုန်မြို့မှာလူငယ်တော်တော်များများ သင်တန်းတွေတက်ကျတာများတယ်မေမေ  ပေါ်ပျူလာ လုပ်တာလား တကယ်ကိုပညာလိုချင်လို့ သင်တန်းတွေတက်နေတာလားတော့ သမီးလည်းမပြောပြတက်ဘူးမေမေ  မေမေရေဘာပြောပြောသင်တန်းတစ်ခုတက်တိုင်း ပညာတစ်ခုတော့ရအောင်ယူတယ် သူများတွေသင်တန်းလစ်လို့အပြင်သွားရင်တောင် သမီးမှာသင်တန်းကိုမလစ်ရဲဘူးမေမေဘာလို့လည်းဆိုတော့ ကိုယ့်ကသင်တန်းကြေးကိုမနည်းစုထားပြီးတက်ရတာလေ     ရန်ကုန်မြို့မှာသင်တန်းကျောင်းတွေလည်းပေါတယ် သင်တန်းကြေးတွေလည်းအရမ်းကောင်းတယ်မေမေရေ နဂိုကဆို သမီးနယ်မှာတုန်းက  မမချစ်ကိုမေးဖူးတယ်လေသမီးကွန်ပျူတာ(basic)တက်ချင်လို့ သင်တန်းကြေးဘယ်လောက်လည်းလို့မေမေနဲ့သမီးဖုန်းနဲ့လှမ်းမေးခဲ့ဖူးတယ်နော်  အဲ့တုန်းကမမချစ် ပြန်ဖြေတာသင်တန်းကြေး ကွန်ပျူတာ(basic) ကို(၁၅၀၀၀)လို့ပြောတယ်နော် မေမေရေတစ်နှစ်လောက်ဝေးကွာသွားတာအခု ကွန်ပျူတာ(basic)ကိုသင်တန်းကြေးဘယ်လောက်မှတ်လဲမေမေရယ်  (၂၉၀၀၀)တဲ့မေမေရယ်နည်းနည်းလေးဘဲကွာသွားတာပါ တစ်နှစ်ဆိုတဲ့ကာလအတွင်းမှာသင်တန်းကြေးလေးအဲ့လောက်ကွာသွားတာများလို့    လူတွေကပြောချင်ပြောကြပေမယ့် မရှိဆင်းရဲသားဘဝတွေကတော့သင်တန်းကြေးလေးမေးထားလိုက်  တစ်လနှစ်လလောက်စုလိုက်ရင် ဒီသင်တန်းကြေးလေး ပြည့်တော့မယ်ကြံလိုက် သင်တန်းကြေးတွေကဈေးထက်တက်သွားလိုက်  ဒါကြောင့်ဘဲ မတက်ဖြစ်မတက်ဖြစ်နဲ့နေခဲ့တာ   ခုလိုအလုပ်ရောက်တော့ အားငယ်ရပါတယ်မေမေ  အလုပ်ရှင်ဘက်ကကြည့်ရင်လည်းမှန်ပါတယ်  ပညာတစ်ခုတက်တဲ့သူထက် ပညာနှစ်ခုတက်တဲ့သူကို လစာပိုပေးတာ သဘာဝကျပါတယ်  သူဌေးဘက်ကလည်း မမှားပါဘူး ကိုယ့်တွေအနေနဲ့ကြည့်တော့လည်း လစာနည်းတော့ သုံးစရိတ်နေစရိတ် မလောက်ငှတော့ သူဌေးဆီကလစာတိုးမှုလေးကိုမျှော်မိတယ်မေမေရယ် ။။။

မေ့နေလို့ မေမေ သမီး မန်ဘာတစ်ခုဝင်ထားတယ် မေမေ အစကတော့တအားကိုစိတ်ညစ်တယ် တစ်ယောက်တစ်ပေါက်နဲ့ဘာတွေပြောတယ်ဆိုတာလည်းနားမလည်ဘူး မေမေ ခုတော့တအားပျော်မိတယ်သိလား   www.myanmargazette.net တဲ့တအားပျော်မိတယ်  မေမေ အဲ့မှာကိုယ့်ရေးချင်တဲ့အကြောင်းရာလေးတွေ  ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်နေတာလေးတွေ ကိုယ့်ရေးတဲ့ကဗျာလေးတွေကောင်းတာတော့မကောင်းဘူးပေါ့မေမေရယ် ကိုယ့်လည်းစာရေးဆရာမ၊ကဗျာဆရာမ တော့မဟုတ်ပေမယ့်  အဲ့ဒီမန်းဂေဇက်ထဲကိုမန်ဘာဝင်ပြီးသွားမှ စာဖတ်ချင်စိတ်စာရေးချင်စိတ်   ဗဟုသုတရဖွယ် အစုံပါပဲမေမေရယ် သမီးဒီရွာလေးထဲကိုဝင်ပြီးတော့မှ အလုပ်ပင်ပန်းချိန်ရောက်တာနဲ့ ဒီရွာထဲက အစ်ကိုတွေအစ်မတွေရေးထားတဲ့စာလေးတွေ ကဗျာလေးတွေလိုက်ဖတ်ပြီး   တစ်ယောက်နဲ့တစ်ယောက်ပေးထားတဲ့(comment) လေးတွေဖတ် ပြီး  ပျော်ရွှင်ရပါတယ် မေမေ  ။။

မေမေအဲ့ဒီရွာလေးထဲကိုမေမေကိုလည်းမန်ဘာအဖြစ်ဝင်စေချင်တယ်မေမေသိလား….  မေမေ့ရဲ့ကိုယ်တွေ့ဘဝလေးတွေသဘာဝဆေးအာနိသင်အကြောင်းတွေ မေမေ့ ဘဝဖြစ်စဉ်လေးတွေကိုရေးစေချင်တယ။်မေမေ့သမီးဆန္ဒလေးကိုပြောတာပါမေမေ  မေမေကျောင်းဆရာမဘဝလေးကိုလည်းရေးသားစေချင်တယ်မေမေ   မေမေလည်းအင်တာနက်ကိုသုံးတက်နေတယ်ဆိုတော့မေမေအားတဲ့တစ်ရက်ရက်မှာ www.mandalygazette.com  ရွာလေးထဲကိုမန်ဘာဝင်ဖြစ်အောင်ဝင်လိုက်ပါမေမေ ။။ မေမေကျန်းမာချမ်းသာစွာနဲ့တပည့်သားသမီးများနဲ့  ပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေမေမေ။

မေမေ့ချစ်သမီးလေး

စနိုးလေး♥♥♥♥♥♥♥♥

19 comments

  • Solid_Sn@ke

    July 19, 2012 at 6:10 pm

    ဂလပ်ဖစ် လေ့လာနေတယ်တဲ့လား ..
    ဒီရွာထဲမှာ .. ဂလပ်ဖစ် ဝိဇ္ဇာဂျီး တယောက် ရှိတယ်ကွဲ့..
    ဖိုတိုရှော့ လိုက်စားနေတာ ..သမီး အသက် တဝက်လောက်ရှိတယ်ဆိုပဲ…
    နည်းနည်းတော့ ပညာရှိုတတ်တယ်… နှာစေးတာလည်း ၂ယောက် မရှိဝူး..
    သိချင်တာ ရှိရင် …သူ့ကိုမေး ကွယ့် ….

    အူးလေးတောင် သူ့ ဆီက ပညာယူနေတာ …
    ဖေ့စဘုတ်မှာဆို တခွိခွိ နဲ့…

    :mrgreen:

  • eipu

    July 19, 2012 at 6:23 pm

    အားတင်းထားစနိုးလေးရေ
    ပျော်ရာမှာမနေရပေမယ့် ကိုယ့်ဘဝရှေ့ရေးအတွက်ဆိုတော့ ခွဲခွာရတုန်းခဏပေါ့နော်။
    မိဘနဲ့ခွဲနေရတဲ့ခံစားချက်ကို ကိုယ်ချင်းစာပါတယ်။
    သားအမိနှစ်ယောက်အမြန်ဆုံးအတူနေရပါစေလို့ဆုတောင်းပေးပါတယ်။

    • snow white

      July 19, 2012 at 6:54 pm

      ယုံလိုက်ပါမောင်လေးရယ် မောင်လေးတောင်ပျောက်နေတယ်နော် ပို့စ်လေးတင်ပါအုံး။။မောင်လေးတင်မယ့်ပို့စ်ကိုမျှော်နေမယ်နော်။။

  • MaMa

    July 19, 2012 at 7:03 pm

    အမေနဲ့သမီးရေးထားတဲ့ ပုံစံလေးက ချစ်စရာလေး။
    အားပေးပါတယ် စနိုးရေ။
    လူဆိုတာ ကိုယ့်နေရာ ကိုယ်ဖန်တီးတာမို့ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ အသိစိတ်ဓာတ်ရှိပြီး ကြိုးစားတဲ့သူတစ်ယောက်အနေနဲ့ ရေရှည်မှာ အောင်မြင်မှုကို ရမှာပါ။
    [:)]

  • မောင်ပေ

    July 19, 2012 at 7:17 pm

    သမီး
    သမီး အခုလို လိမ်လိမ်မာမာနဲ ့ မန်းတလေးဂေဇက်မှာ ပျော်နေတာကို သိရလို ့ဝမ်းသာတယ်ကွဲ ့
    သမီးကို မှာချင်တာက …ကိုပေ ဆိုတဲ့ လူရဲ ့ ပြောစကားဆိုစကား အားလုံးကို နားထောင်ပါကွယ်
    ပြီးရင်
    သမီး အနေနဲ ့ကိုပေ့ ရဲ ့ဝေယျာဝစ္စတွေ ကို သေချာ ဂရုတစိုက် လုပ်ပေးမယ်ဆိုရင်
    သမီးဟာ အမြန်ဆုံးကြီးပွားတိုးတက်လာမှာ ဧကန်မုချ ပါဘဲကွယ်…
    ကြိုးစားနော် သမီး
    ပုံ
    စနှိုးဝှိုက် ရဲ ့ချစ်မေမေ

    • မဟာရာဇာ အံစာတုံး

      July 19, 2012 at 8:02 pm

      အော် ..
      ခင်ဗျားကို အဲ့ဂလို မှာလိုက်ဒဒဲ့လား ..
      ချနိုးလေး အဲ့ဒီလူဂျီးပြောဒါ ယုံနဲ့နော် …
      ကျော် (ပေါက်ဖော်စကား ယူသုံးထားသည်) ပြောဒါဘဲ ယုံနော် ..
      နှစ်ချယ့်သုံးဆိုဒေါ့ …. အဟီးးးးးး
      😀

  • snow white

    July 19, 2012 at 7:21 pm

    ငိုလိုက်မှာနော် လေးလေးပေ မဂျစ်တော့ဘူးစနိုးလေးကိုလိုက်နောက်နေတယ် လေးလေးပေကိုစနိုးလေးကတော့ ဂျစ်လိုက်ရတာ ငိုလိုက်တော့မယ်နော် ။။

    • မောင်ပေ

      July 19, 2012 at 7:59 pm

      ငိုပါနဲ ့စနိုးလေးရယ်
      အူးပေ က ဂျစ်လို ့ကြီစယ် တာဘာ
      ဂျစ်ရမယ်နော်
      ဟီဟိ

  • ရာဇဝင်လူဆိုး

    July 19, 2012 at 8:56 pm

    တတယ်ဆိုရင် အဂျစ်ပဲရိုတယ်..ဘာကြောင် ့တတ္တိ မစိလဲတွယ်…..(နောက်ထှာ)

  • အရီးခင်လတ်

    July 19, 2012 at 9:58 pm

    နယ်ကလာပြီး အလုပ်လုပ် နေတာ နဲတဲ့ ဇွဲ သတိ္တ တော့ မဟုတ်ဘူး မနှင်းဖြူ လေးရေ။
    သင်တန်း တွေ တိုင်း ကို လိုက်တက်တာထက် ကိုယ်တကယ်ဝါသနာပါတာ (ဒါမှမဟုတ်) ကိုယ့်အလုပ် မှာ အထောက်အကူ ပြုနိုင်တာ ကို ရွေးတက်တက် ရင်း အဲဒီ မှာ ဇောက်ချပြီး ပိုပို မြင့်အောင် လုပ်သွားပေါ့။
    ပိုပြီး အောင်မြင်ပါစေ သမီးရေ။ 🙂

    • snow white

      July 20, 2012 at 5:31 pm

      ကျေးဇူးတင်ပါတယ် အရီးရယ် အားပေးမှုတိုင်း ကသမီးအတွက်အားဖြစ်စေပါတယ်။။

    • snow white

      July 20, 2012 at 5:32 pm

      ကျေးဇူးတင်ပါတယ် အရီးရယ် အားပေးမှုတိုင်း ကသမီးအတွက်အားဖြစ်စေပါတယ်

    • snow white

      July 20, 2012 at 5:33 pm

      ကျေးဇူးတင်ပါတယ် အရီးရယ် အားပေးမှုတိုင်း ကသမီးအတွက်အားဖြစ်စေပါတယ် အစစအရာရာမိဘနဲ့နေ ရတာသာလျှင် စိတ်ချမ်းမြေ့မှုသာယာမှုရတာပါ ။။

  • ko khin kha

    July 20, 2012 at 1:29 pm

    မော်တော်ကားတစ်စီးဟာ မောင်းနေအရှိန်က နှေးနေရင် နောက်ကလိုက်လာတဲ့ ကားတွေကျော်တက်တတ်သလို၊ နောက်ကားတွေကျော်တက်မှာစိုးလို့ အတင်းအရှိန်မြန်မြန်မောင်းရင်လဲ မတော်တဆ အန္တရာယ်များနိုင်ပါတယ်၊ အဓိကမော်တော်ကားမောင်းသွားတာ ဘာရည်ရွယ်ချက်လဲ သိဖို့လိုပါတယ်၊ မိမိလိုချင်တဲ့ဆီကိုရောက်အောင်သွားနေတာဘဲမဟုတ်ဘူးလား၊ ဒါဆိုမိမိရောက်စေချင်တဲ့ အချိန်မှီ ရောက်အောင်မှန်မှန်မောင်းသွားရင်ရနိုင်မယ်ဆို မှန်မှန်မောင်းသွားရင်ရပြီပေါ့၊ တစ်ခုတော့ရှိတယ် ရပ်လိုက်ရင်တော့ နောက်ကားတွေလည်းအများကြီးကျော်တက်သွားသလို ကိုယ်သွားချင်တဲ့ဆီရောက်ဖို့လဲ ပိုကြာနိုင်တယ်လေ၊ အလုပ်လုပ်တယ်ဆိုတာလည်း ဒီဥပမာလိုပါဘဲ မှန်မှန်လေးသာကြိုးစားသွားမယ်ဆိုရင် တိုးတက်မှု့ခရီးကိုရောက်မှာပါ မနှင်းဖြူရေ၊ အမြဲကြိုးစားနေသူအတွက် တိုးတက်ပြည့်စုံမှု့ဆိုတာ ဖြစ်ကိုဖြစ်လာမှာပါ။

  • etone

    July 20, 2012 at 1:50 pm

    စနိုးရေ .. အားကျလိုက်တာနော်
    နယ်ကလာပေမယ့်.. အမေဖြစ်သူကို .. စာလေးရေးပြီးနွေးထွေးမှုပေးနိုင်သေးတယ် ….။
    ကိုယ်တွေကတော့ …. အမေ့ကိုဖက်တွယ်ချွဲဖို့တောင် အချိန်မပေးနိုင်လို့ …. အားနာနေရတယ် … သူလည်း အလုပ်လုပ်ရသလို .. ကိုယ်လည်း အလုပ်လုပ်ရတာမို့ …. တစ်ခါတစ်လေ .. အတူသွားမယ်လို့ ပြောထားတဲ့နေရာလေးတွေတောင် ပိတ်ရက်မှာ အတူမလည်ပတ်နိုင်ဘူး …. ။

    အမေ့ကြောင်လေးသေလို့ .. စိတ်ထိခိုက်နေတယ် … ဒီပိတ်ရက်တွေတော့ ပျော်အောင်ဟိုဟိုဒီဒီခေါ်သွားပေးမလားတွေးထားတယ် …. ။ ဒါတောင်မှ .. သူက အားချိန်ရှိဦးမှ … ။

    စနိုးရေ .. ရန်ကုန်မှာ ရပ်တည်လာနိုင်တယ်ဆိုတဲ့ သတိ္တက တကယ့်ကို မသေးပါဘူး … ။ အစ်မတို့တောင် ရန်ကုန်မှာနေပေမယ့် … ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဆိုလျှင် …. ဝင်ငွေနဲ့ အသုံးစရိတ်မမျှလို့ … ရပ်တည်နိုင်ဖို့ မလွယ်ဘူး … ။ နောက်ပြီး … အိမ်ဝေယျာဝစ္စလုပ်ရတာမျိုးရှိမယ် … ၊ အစစအရာရာပေါ့လေ … တနယ်တကျေးမှာ ရပ်တည်ဖို့ဆိုတာ မလွယ်ပါဘူး ညီမလေးရေ ။ အားတင်းရင် ကြိုးစားပါလို့ပဲ … အားပေးလိုက်ပါတယ်နော် ။

  • mamanoyar

    July 20, 2012 at 1:56 pm

    စနိုးရေ အမေနဲ့ဝေးနေတဲ့ ဘဝတူတွေမို့
    အပြည့်အဝနားလည်ပေးနိုင်ပါတယ်

Leave a Reply