Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စဉ်းစားစရာလေးများ (၈)…

Ko out of...July 20, 20121min3187

(၁) အတ္တဟိတ ပရဟိတလို့ လူတွေပြောပြောနေကြပါတယ်…
တနည်းဒါကို ကိုယ်ကျိုးကြည့်နဲ့ ကိုယ်ကျိုးစွန့်ဝါဒ လို့ပြောရမှာပေါ့…
ဗုဒ(Buddha)ဘာသာကတော့ အလယ်အလတ်ဝါဒ ဆိုတော့ နှစ်ခုမျှရမှာဖြစ်လို့ တစ်ခုတည်းသော အကျိုးဆိုတာ မရှိရပါဘူး…

(၂) “မိတ်ဆွေကောင်းရှိရင် ကိစ္စခပ်သိမ်းရဲ့ တစ်ဝက်ပြီးတယ်” လို့ရှင်အာနန္ဒာက ဘုရားကိုလျှောက်ဖူးတယ်။ ဒါကိုဘုရားက ” ငံဦး အာနန္ဒာ ” လို့ပြောပြီး မိတ်ဆွေကောင်း
ရှိရင် ကိစ္စအားလုံးကိုပြီးစေတယ် လို့မိန့်ခဲ့ဖူးတယ်…ဒါဆို ကိုယ့်ကို သူများက ပြောခွင့်ပေးတာမျိုး ဘယ်သူ့ဆီမှာ အပြည့်အဝရခဲ့ပြီလဲ?…

(၃) ဘုရားတပည့်မှန်ရင် ငုံ့မခံဘူး။ မတရားနဲ့လည်း မတုံ့ပြန်ဘူး..တတိယလမ်းက တရားနဲ့ တုံ့ပြန်ဖို့တော့ လိုတာပေါ့။ ကိုယ့်ကို မတရားသူကို တရားနဲ့ ဘယ်လိုတုံ့ပြန် ရမလဲပေါ့။ ဒါက အရိယာမှ သိရမည့်အရာဘဲ`….

(၄) အရိယာတရားဟာ “အသာဓုံ သာဓုနာ ဇိနေ” လို့ကြားဖူးတယ်။ မြန်မာလိုက မသူတော်ကို သူတော်မှုနဲ့ အောင်နိုင်ရမယ်…

(၅) ဇာတိ၊ဇာရာ၊ မရဏ အနက်ကိုဟောသူဟာ ကာမနယ်သားက ဘုရား၊
ရူပ၊ အရူပ၊ မဟဂ္ဂတ နယ်သားက ဘုရားတွေ..ဆိုရင် ဘယ်တော့မှ မလွတ်မြောက်ပါဘူး… အဲဒီနယ်တွေက လွတ်မြောက်ပြီးတဲ့…
ဥတ္တရိ မနုဿဓမ္မနယ်သားက ဘုရားရဲ့စကားဖြစ်မှ မွေး၊ အို၊ နာ၊ သေ ကလွတ်မြောက်
ပါတယ်…

(၆) အရိယာဖြစ်တဲ့ ဘုရားရဲ့ မွေး၊ အို၊ နာ၊သေဟာ လွန်ကျူးမှု အမျိုးမျိုး တွေကြောင့်
ဖြစ်တဲ့ ၊လူမှာစွဲမှီ ပြီးဖြစ်ကြတဲ့ အကောင်ပလောင် အမျိုးမျိုး ကိုပုံဖေါ်ပေးနေတဲ့ ဥပါဒါနက္ခန္ဒာ တွေဖြစ်ကြ၊ ပျက်ကြတာတွေရဲ့ အမည်ပါ….

(၇) အမှား အမှန်နဲ့ အကောင်း၊ အဆိုးတွေက လူ့ရဲ့ အဖြစ်အပျက်မဟုတ်သလို၊ လူမဟုတ်တာတွေရဲ့ အဖြစ်အပျက် တွေလည်းမဟုတ်ပါဘူး။ ဒါကြောင့် ဒါကိုသိဖို့ အတွက်
လူကို အဖတ်ဆယ်တဲ့ အတ္တဝါဒနဲ့ လူကို ဖျောက်ဖျက်တဲ့ အနတ္တဝါဒကို လွန်မြောက်ကြရ မှာ…

(၈) ဗုဒ(buddha) ဘုရားရဲ့ တရားဓမ္မကို မဇျိ္စမပဋိပဒါ တရားဓမ္မလို့ခေါ်တယ် ဆိုတာ
သိခဲ့ကြပြီးသားပါ..မဇျိ္စမဆိုတာ မြန်မာလိုကတော့ အလယ်လို့ရပါတယ်..ဘာရဲ့ အလယ်လဲဆိုတဲ့ မေးခွန်းကိုမေးရင် သိပ်မသိကြဘူး..
စာပေမှာ တိုက်ရိုက်ပြောတာက..
ကာမ၊ မဟဂ္ဂတ၊ လောကုတ္တရ ဆိုတဲ့ လမ်းသုံးသွယ်မှာ ကာမနဲ့ မဟဂ္ဂတက အစွန်းတွေ
ဖြစ်ပြီးလောကုတ္တရ လမ်းကအလယ်လို့ခေါ်တယ်..

7 comments

  • မဟာရာဇာ အံစာတုံး

    July 20, 2012 at 7:44 pm

    “မဟဂ္ဂတ” ဆိုတဲ့ အနက်ကို
    ပြောပြပေးနိုင်မလား ခင်ဗျာ ..
    ပြီးတော့ နံပါတ် (၅) မှာ ပြောထားတာကိုလည်း
    သိပ်မရှင်းဘူး ဖြစ်နေတယ်ဗျာ …
    အဲ့ဒါလေးကို နည်းနည်း အကျယ်လေး ပြောပြပေးပါလား …

    • Ko out of...

      July 21, 2012 at 7:44 am

      မဟာရာဇာ အံစာတုံးကို အောက်ပါအတိုင်းပြန်ကြားပေးလိုက်ပါတယ်…

      စိတ်ကိုသရုပ်ခွဲတဲ့ အခါမှာ…

      (၁) ကာမစိတ် ၅၄ နှင့် မဟဂ္ဂုတ်စိတ် ၂ရ စုစုပေါင်း လောကီစိတ် ၈၁ ရတယ်…

      မဟဂ္ဂုတ်စိတ်ကိုပြောရမယ်ဆိုရင် – ရူပါဝစရစိတ် ၁၅ နဲ့ အရူပ ဝါစရစိတ် ၁၂ ဖြစ်တယ်

      – မြတ်သော အဖြစ်သို့ရောက်သောစိတ်ကို မဟဂ္ဂုတ်စိတ်လို့ခေါ်ပါတယ်..တနည်း ကာမစိတ်ထက်ပိုမြတ်တယ်..
      လောကီစိတ် ၈၁ဟာ- ကာမစိတ် ၅၄ နှင့် မဟဂ္ဂုတ်စိတ် ၂ရ ဖြစ်တယ် ဒီစိတ်တွေဟာ ဘုံ (၃၁)
      တွင်ကျင်လည် ကြကုန်သော သတ္တဝါတို့၏ လောကဆိုင်ရာစိတ်မျာပါဘဲ..

      ဒါကြောင့်သူ့ကို “မဟဂ္ဂတ” လို့ခေါ်တာဖြစ်ပါတယ်…

      – နံပါတ် (၅)မေးခွန်းကိုရှင်းပြရရင်..

      ဥတ္တရိဆိုတာ -လောက ကနေ လွတ်မြောက်ခြင်း… မနုဿကတော့ – လူ ပေါ့

      သိဒတ္တမင်းသားဟာ တရားရှာဖွေတဲ့အခါ ကာမကို အပြစ်မြင်ပြီး စွန့်ခွါပြီးနောက်..

      (၁) သူဘာလုပ်လဲဆိုတော့ အတွေးအာရုံကိုဖျောက်ဖျက်လိုက်တယ်..တနည်း သညာကိုဖျောက်
      လိုက်တယ်…ဒါကို (သညာဝိရာဂ )လို့ခေါ်တယ်.. ဒါလည်းလောကကြီးက လွတ်မြောက်တဲ့ တရားမဟုတ်(ဥတ္တရိမနုဿ)ကိုမရခဲ့ဘူး..

      (၂) ထိုနောက်အာဋာက၊ ဥဒက ရသေ့တွေထံ နည်းခံပြန်တော့လည်း..ရုပ်အာရုံကို ပယ်ဖျက်ခြင်း
      ( ရူပဝိရာဂ) ထိုမရှိတဲ့ အာရုံကိုစွဲမြဲ စေသော အာရူပ အကျင့်ကိုကျင့်ကို ကျင်လည်ခဲ့ပြန်တယ်..
      ဒါလည်းလောကကြီးက လွတ်မြောက်တဲ့ တရားမဟုတ်(ဥတ္တရိမနုဿ)ကိုမရခဲ့ဘူး.

      ဒါကြောင့် ကာမနယ်သားက ဘုရား..ရူပ၊အရူပ နယ်ကဘုရားပြောတဲ့ စကားဆိုရင်မလွတ်မြောက် ဘူးလို့ပြောရတာပါ…

      ကာမ၊ ရူပ၊အရူပ နယ်ကဘုရားတွေကတော့ ဒီလင့်မှာကြည့်နိုင်ပါတယ်..

      http://myanmargazette.net/130511/creative-writing

  • မောင်ပေ

    July 20, 2012 at 8:26 pm

    လေ့လာဖတ်ရှုမှတ်သားသွားပါတယ်
    ကိုအောက်အော့ဖ် ခင်ဗျား

  • ဦးဦးပါလေရာ

    July 20, 2012 at 10:25 pm

    မိုးပြာအယူအဆ(မိုးပြာတရား) သန့်သန့်လေးတွေ အခုလိုရေးပြတော့
    ဖတ်ရတာ ဗဟုသုတရပါတယ်။

    • Ko out of...

      July 21, 2012 at 7:49 am

      မိုးပြာဆိုတဲ့ ဆိုင်းဘုတ်ကို ခေါင်းထဲက မထုတ်နိုင်ပေမဲ့..

      မိုးပြာအယူအဆ(မိုးပြာတရား) သန့်သန့်လေးတွေ အခုလိုရေးပြတော့
      ဖတ်ရတာ ဗဟုသုတရပါတယ် လို့တွေ့ရကတည်းကိုက ဝမ်းသာလှပါပြီ…

      မိုးပြာဝါဒ ဆိုတဲ့ ဆိုင်းဘုတ်ကိုဖြုတ်နိုင်တဲ့ အထိ ဆက်လက်တက်လှမ်းနိုင်ပါစေ…

Leave a Reply