“ချစ် သော ကေ”- အ ပိုင်း (၇)
အ ခု တော့ ကေ့ ဓါတ် ပုံ ကို ပဲ ၊ အိပ် ကဒ် ထဲ ဆောင် ထား ပြီး
ပြီး နေ ပါ့ မယ်…။ကေ….အ ပြော မ ကြီး နဲ ့ဦး နော် ။
က မ္ဘာ လ ဆန်း တ ရက် နေ ့ဆို လို ့ပါ ။
ကိုယ် က စ နောက် ပြီး ၊ စ ကား အ ဖြစ် သုံး တာ ဆို ပေ မယ့် ။
ကေ က အ တည် ပြော တာ ဆို ရင် တော့….။
ဆို ပြီး မှ…..။
အစ် ကို သု ခ က ဆက် မ ပြော တော့ ပဲ ရပ် သွား ပါ သည် ။
ဆက် ပြော လေ…။ စိတ် ဆိုး မယ့် စ ကား မို ့မ ပြော တော့ ပါ ဘူး ။
အစ် ကို သု ခ ၊ တ အား လည် တယ် နော် ။
ပြော ပြီး နှစ် ယောက် သား ရယ် မော မိ ကြ ပါ သည် ။
နှစ် ယောက် သား ၊ စ ကား တ ပြော ပြော လမ်း လျှောက် နေ ယင်း မှ ပင်။
အစ် ကို သု ခ က လက် ထဲ တွင် ပတ် ထား သော စီ ကို နာ ရီ အား ၊ ရှပ် အ င်္ကျ ီလက် ရှည် အား နဲ နဲ ခေါက် တင် လျှက် က ၊ ပင့် တင် ကြည့် ယင်း….။
ကေ…။
စ ကား ပြော ကောင်း ကောင်း နဲ ့လျောက် လာ လိုက် တာ ။ (၇) နာ ရီ တောင် ခွဲ နေ ပြီ ရော ။
အင်း….။ ဒါ ဆို လည်း …….ပြန် ကြ ရ အောင် လေ ဟု ကေ မှ ပြော ပြီး ။
နှစ် ယောက် သား လာ ရာ လမ်း အ တိုင်း ၊ လှည့် ပြန် လာ ခဲ့ ကြ ပါ သည် ။
အိမ် ရောက် တော့ မ နက် ဖန် ပြန် ရ မည့် အ ရေး တွက်…
ကေ တ ယောက် သိမ်း စ ရာ ရှိ သည် များ ကို သိမ်း ဆည်း နေ မိ ပါ သည် ။
ပြီး တော့ မှ သာ ၊ ခြေ လက် ဆေး ကြော သန် ့စင် ၍ အ ဒေါ် ပြင် ဆင် ထား ပေး သော အိပ် ရာ ကု တင် ပေါ် တွင် လှဲ ယင်း ၊ မ နက် ဖြန် မ ပြန် ခင် ။ လက် မ ခံ နိုင် ကြောင်း အား ကိ စ္စ အား ၊ ပြော မည့် အ ရေး တွေး ပြီး ရင် လေး နေ မိ ပါ သည် ။ တော် တော် နှင့် အိပ် မ ပျော် နိုင် ခဲ့ ။
စဉ်း စား နေ ယင်း ဖြင့် ၊ လင်း ကြက် တွန် သံ ကြား မှ ပင်
မှေး က နဲ အိပ် ပျော် သွား ပါ သည် ။
မိုး လင်း အား ကြီး တော့ မှ ကေ နိုး လာ ခဲ့ ပါ သည် ။
အ ဒေါ် က တော့ အ ရှေ့ စား ပွဲ ပေါ် တွင် ၊ ကော် ဖီ နှင့် မုန် ့များ ၊ ထ မင်း ကြော် အား စား ရန် ၊ အ ရံ သင့် လာ ချ ထား ပေး ပြီး ၊ အ မြန် ရ ထား လက် မှတ် အား လက် ထဲ သို ့လာ ပေး သည့် အ ချိန် တွင်….
အ ဒေါ်….။
ပြော….။
အ ဒေါ် ကို သ္မီး ပြော ချင် စ ရာ ရှိ လို ့ ပါ..။ ပြော စ ရာ ရှိ တာ စား ပြီး မှ ပြော လေ..။ ကော် ဖီ နဲ ့ထ မင်း ကြော် တွေ အေး ကုန် လိမ့် မယ် ။
အ မြန် ရ ထား က (၉းဝ၀)နာ ရီ စီး ရ မှာ ၊ သု ခ က ဘူ တာ ရုံ လိုက် ပို ့ပေး လိမ့် မယ် ။ သု ခ လည်း မ နက် ဖန် ပြန် တော့ မှာ လေ ။
နင် တို ့နှစ် ယောက် လုံး ပြန် ရင် ငါ တော့ ပျင်း ကျန် နေ ရစ် တော့ မှာ ။
ဟု ပြော ဆို ခါ …..။
အစ် ကို သု ခ ကို ပါ ခေါ် လိုက် ပြီး ၊ တစ် ပါ တည်း ဝင် စား ခိုင်း ပါ သည် ။
အ ဒေါ် က ကော် ဖီ နှင့် မုန် ့များ အား ၊ မ ကုန် ကုန် သည် အ ထိ စား ခိုင်း ပြီး ၊ ဘူ တာ များ ရပ် သည့် အ ချိန် ၊ မီး ရ ထား လမ်း ဘေး မှ ရောင်း ချ သော မုန် ့ပဲ သွား ရေ စာ များ ဝယ် မ စား ရန် ၊ ယင် နား စာ များ စား မိ မှာ စိုး သ ဖြင့် စိတ် ပူ ပြီး မှာ နေ ရှာ ပါ သည် ။
နှစ် ယောက် သား စား ပြီး သည့် အ ချိန် တွင် ၊ အစ် ကို သု ခ မှ ၊ အ လိုက် တ သိ နှင့် ပင် ကေ နှင့် အ ဒေါ် အ နား က နေ ထွက် သွား ပေး ခဲ့ ပါ သည် ။
ဟို နေ ့က အ ဒေါ် အ င်္ကျ ီအစ် ကိုု သု ခ ယူ ပေး တဲ့ ချိန် ၊ ဘီ ဒို အောက် မှာ သ္မီး ဓါတ် ပုံ တစ် ပုံ ပြုတ် ကျ နေ တာ တွေ ့လိုက် လို ့ပါ ။
အဲ ဒီ ဓါတ် ပုံ က ၊ ပြည် ထောင် စု အ လံ ကိုင် ရ တဲ့ အ ထဲ ပါ တုံး က ၊ အ လှ ရိုက် ခံ ထား တဲ့ တစ် ပုံ ဖြစ် နေ လို ့ပါ ။
အ လှ ဓါတ် ပုံ တွေ အ များ ကြီး ပဲ အ ရိုက် ခံ ပေး ခဲ့ ရ တာ ၊ ဘာ အ ဓိ ပါယ် မှန်း နား မ လည် ခဲ့ ဘူး ။ ဓါတ် ပုံ က အဲ ဒီ အ ထဲ က တစ် ပုံ ဖြစ် နေ တယ် ။
ထူး ဆန်း နေ တာ က အ ဒေါ် ဆီ ရောက် နေ တာ တွေ ့ရ လို ့ပါ ။
အ ရင် တစ် ခါ ၊ အ ဖြစ် ကို…..သ္မီး ပြော ပြ ပါ့ မယ် နော် အ ဒေါ် ။
သ္မီး က ဒီ လောက် အ သက် ငယ် သေး တာ ။ အ ဖေ တို့ ဆီ က နေ…
အိမ် ထောင် ရေး ကိ စ္စ ၊ စ ကား ကြား ရ တာ ရှက် ပြီး သေ ချင် စိတ် ပေါက် မိ ခဲ့ ပါ တယ် ။ အ ဖေ တို ့က အဲ ဒီ ကိ စ္စ တွေ ပြော ဆို နေ တာ ။
သ္မီး နား ထဲ မှာ တော့သံ ရည် ပူ နဲ ့လောင်း ချ လိုက် သ လို ပါ ဘဲ ။မ ခံ စား နိုင် လွန်း လို ့ပါ ။
အဲ ဒီ နေ ့ က နား နှစ် ဖက် ကို ၊ လက် နှစ် ဖက် နဲ ့အ သေ ပိတ် ပြီး ငို ခဲ့ ရ တယ် တစ် နေ ကုန် ပါ ဘဲ ။ နား တွေ လည်း ထူ ပူ ပြီး နီ ရဲ ပြီး နာ ကျင် နေ ခဲ့ တာ ။မ ခံ စား နိုင် လို ့တွေး တွေး ပြီး ၊ စိတ် ထဲ မှာ ရှက် စိတ် နဲ ့သိမ် ငယ် နေ မိ တယ် ။ အိမ် က နေ ကျောင်း သွား တဲ့ အ ချိန် လွယ် အိပ် လွယ် ပြီး
ထွက် လာ ခဲ့ တာ ၊ ဘု ရား ဝိုင်း နား ရောက် တော့ ၊ တောင် ထန်း တွေ တင် လာ တဲ့ လော် လီ ကား ရှေ့ က နေ ၊ မ ထင် မှတ် ပဲ သွား ပြေး ရပ် လိုက် တော့ ၊ ဒ ရိုင် ဘာ က ရုတ် ချည်း ဘ ရိတ် အုပ် ပြီး ၊ ကား စ တီ ယာ ရင် ကို လမ်း ဘေး ထိုး ပြီး ကွေ ့ချ လိုက် တော့ ၊ ကား ဘီး နဲ ့က တ္တ ရာ ပွတ် တိုက် ဆွဲ လိုက် တဲ့
အ သံ ။ ကျွီ က နဲ ဆို ပြီး ၊ အော် မြည် တဲ့ အ သံ က ။
အ ရမ်း ကို ကျယ် လောင် သွား တယ် ။
ဘု ရား ဝိုင်း ကာ ရံ ထား တဲ့ အုတ် နံ ရံ ကို အ ရှိန် ကြောင့် ဝင် ဆောင့် တိုက် မိ ပြီး ကား လည်း မှောက် လု မှောက် ခင် နဲ ့ထိုး ရပ် သွား တယ် ။
သ္မီး မျက် စေ့ ထဲ မြင် ပြီး ၊ ထိတ် လန် ့သွား လို ့ငယ် သံ ပါ အောင် အော် မိ သွား တယ်။ သ္မီး …အဲ ဒီ နေ ရာ မှာ တင် မေ့ လဲ သွား ခဲ့ တယ်။
သေ ဘေး က လက် မတင် က လေး လွတ် သွား ခဲ့ တာ ။
ကား ဒ ရိုင် ဘာ က သူ ့အ သက် မ ငဲ့ ပဲ သ္မီး ကို ကယ် ခဲ့ တယ်။
ကား ဒ ရိုင် ဘာ က သ္မီး ကို မြင် တွေ ့တိုင်း ၊အဲ လို မ လုပ် ဖို ့အ မြဲ ပြော တယ် ။
ကိုယ့် ကို ကိုယ် သတ် သေ တယ် ဆို တာ က ၊ အ ဖန် ငါး ရာ ၊ ငါး က မ္ဘာ မျှ မ က ဝဋ် ကြွေး ပြန် ဆပ် ရ တယ် ။ကြောက် စ ရာ အ ရမ်း ကောင်း လွန်း တယ် ဆို ပြီး ပြော ပြ တယ် ။ ဒီ စေ့ စပ် ထား မယ် ဆို တဲ့ ကိ စ္စ တွေ က ၊ သ္မီး အ တွက် က တော့ နား ရှက် စ ရာ အ ကောင်း ဆုံး ဖြစ် နေ တယ် ။
သ္မီး က ယော က်ျား လေး ဖြစ် ချင် လွန်း လို ့ဘယ် သူ မှ မ သိ အောင်
တ ယောက် ထဲ ကြိတ် ပြီး စိတ် ထဲ အ ရုူး ထ နေ တဲ့ သူ ပါ ။
ဒီ လို အ ကြောင်း တွေ ကို…..
သ္မီး အ နေ နဲ ့က ကြား လည်း မ ကြား ချင် ဘူး ၊ စိတ် က လည်း မ ခံ စား နိုင် ဘူး ။ ခံ နိုင် ရည် အင် အား လည်း မ ရှိ ဘူး ။
စိတ် က ကိုယ် ့ ဘာ သာ ယော ကျ်ား လေး ဘဲ ဖြစ် ချင် နေ မိ တာ ။
အ မေ နဲ ့ အ ဖေ က ငယ် ငယ် တုံး က တော့ ဘို ကေ နဲ ့ ပဲ ထား လာ ပြီး မှ ၊ အ ခု ကျ မှ မိန်း မ ပုံ စံ ပြောင်း ခိုင်း တယ် ။ မ လွန် ဆန် ရဲ ပေ မယ့် သ္မီး စိတ် ထဲ မှာ က ၊ င ရဲ ကျ နေ သ လို ပါ ဘဲ ။ သ္မီး ဒီ ကိ စ္စ ကို မ ခံ စား နိုင် ဘူး ။
ကိုယ့် ကို ကိုယ် သတ် သေ ချင် တဲ့ စိတ် ပေါက် မိ တယ်။
သ္မီး ရင် ထဲ က ခံ စား နေ ရ တာ ကို ၊ အ မှန် ပြော ပြ နေ တာ ပါ ။
သ္မီး ကို အ တင်း အ ကြပ် မ လုပ် မိ စေ ဖို ့သ္မီး တောင်း ဆို ပါ တယ် ။
အ ဖေ တို ့ ကြောင့် ၊ သ္မီး အ ရမ်း ချစ် တဲ့ သူ ငယ် ချင်း နဲ ့လည်း ကွဲ ရ ပြီး ပြီ ။
စိတ် လေ ပြီး စာ မ ကျက် နိုင် တော့ …စာ မေး ပွဲ က ကျ တယ် ။
စာ မေး ပွဲ ကျ တော့ ၊ အ ဖေ တို ့က ၊ပု သိမ် မှာ ကျောင်း ပြောင်း ပြီး ထား တယ် ။
နေ တဲ့ ကျောင်း မှာ…
က ချင် တိုင်း ရင်း သူ အ စစ် မ ရှိ တော့ ၊ သ္မီး ကို က ချင် နဲ ့တူ တယ် ဆို ပြီး …
ဆ ရာ မ နဲ ့အ တန်း က ကျောင်း သား ခေါင်း ဆောင် က ရွေး တယ် ။
ပြည် ထောင် စု အ လံ ကို ကြို ဆို ရ တဲ့ အ ဖွဲ မှာ ၊ က ချင် တိုင်း ရင်း သူ အ ဖြစ် အ ရွေး ခံ ရ လို ့သ္မီး ငြင်း ခဲ့ တယ် ။
ငြင်း မ ရ တော့ ၊ က ချင် တိုင်း ရင်း သူ ဝင် လုပ် ပေး ခဲ့ ရ တယ်။
ပု သိမ် မှာ ပြည် ထောင် စု အ လံ ကြို ရ တဲ့ နေ ့က ၊ နေ ့ဝက် လောက် ကျိုး အောင် ဓါတ် ပုံ အ ရိုက် ခံ ပေး ခဲ့ ရ တယ် ။
အဲ လို မျိုး ဓါတ် ပုံ အ ရိုက် မ ခံ ချင် ပါ ဘူး ဆို မှ ၊ ဓါတ် ပုံ အ ရိုက် ခံ ပေး ခဲ့ ရ တယ်။ ဓါတ် ပုံ ဆ ရာ က ပြိုင် ပွဲ ဝင် ချင် လို ့ရိုက် တယ် ။
အ ဖေ က တော့ ….
ဓါတ် ပုံ နဲ ့ပြ ပြီး ၊ သ္မီး ဘဝ ကို ကောင်း စား ဖို ့တွက် ဓါတ် ပုံ နဲ ့လဲ လှယ် ချင် ပြန် တယ် ။ သ္မီး ရဲ ့အ တ္တ စိတ် အ တွင်း သ ဏ္ဌန် ကို တော့ ၊ အ ဖေ နား မ လည် ခဲ့ ဘူး။ တစ် ချိန် လုံး ရိုး ရာ အ ရ ပဲ လုပ် နေ တယ် ။
မိန်း က လေး မှန် ရင် စေ့ စပ် ထား ရ မဲ့ ကိစ္စ တွေ ပဲ ပြော ပြော ပြ နေ တယ် ။
အ ဖေ တို ့ရိုး ရာ အ ရ ၊ မိန်း က လေး ဖြစ် ရ တာ…
ဖြစ် ကို မ ဖြစ် ချင် ဘူး ။
ဒါ ကြောင့် လည်း နေ ့ တိုင်း ၊ ဘု ရား ရှိ ခိုး ပြီး တာ နဲ ့ယော က်ျား လေး ဖြစ် ရ ပါ လို ၏
လို ့အ ကျယ် ကြီး မ ကြား ကြား အောင် ၊ အော် အော် ပြီး ဆု တောင်း နေ မိ တာ။
တ အိမ် လုံး က သ္မီး ကို အ မြင် ဝိုင်း ကပ် ကြ တယ် ။
မိန်း က လေး မှန် ရင် ငယ် ငယ် ထဲ က စေ့ စပ် တဲ့ ကိ စ္စ ၊ အ ဖေ တို ့ပြော ပြော နေ တဲ့ အဲ ဒီ ရိုး ရာ အ ရ ….
ဆို တာ ကြီး ကို က ၊ နား ထဲ မှာ ကြား ကြား နေ ရ တာ ကို က ၊ မ ခံ စား နိုင် ပါ ဘူး ။ဘယ် လို မှ လည်း ခံ စား လို ့ကို မ ရ တာ ပါ အ ဒေါ် ရယ် ။
သ္မီး ကို နား လည် ပေး နိုင် ဘို ့တောင်း ဆို ပါ တယ် ။
သ္မီး ကို ကူ ညီ ပါ နော် ။ အ ဒေါ် မ ကူ ညီ ရင် တော့….
နောက် တ ကြိမ် ဆို တာ မျိုး လည်း သ္မီး ထပ် မ ဖြစ် ချင် ပါ ဘူး ။
သ္မီး စိတ် က လက် သင့် ခံ ဖို ့အ တွက် ဘယ် လို မှ မ ရ နိုင် သေး လို ့ပါ။
ပြော ပြ သည့် စ ကား တို ့အား….။ အ ဒေါ် မှ နား ထောင် ပေး ပြီး ။
အ ဒေါ် တို ့ရိုး ရာ က အေ ။ မိန်း က လေး မွေး လာ ရင် အ ရမ်း ကို နှိမ် ထား တယ် ။ နှိမ် ထား တာ ကို က ၊ ကောင်း ကို မ ကောင်း ဘူး ။
အ ဒေါ် လည်း မိန်း မ ဆို တော့ ။
ခံ စား ခဲ့ ရ လို ့ သ ဘော ပေါက် ပါ တယ် ။ သ္မီး ကို အ တင်း အ ကြပ် မ လုပ် ပါ ဘူး ။အ ဒေါ် က တိ ပေး ပါ တယ် ။ ဒါ ပေ မယ့် သ္မီး ရေ..။ မိန်း က လေး ဆို တာ က မိန်း က လေး ပါ ဘဲ ။
သ ဘာ ဝ ကို တော့ လွန် ဆန် လို ့ တော့ ဘယ် ရ နိုင် မ လည်း ။
သ္မီး အ နေ နဲ ့က အ ချိန် တန် လာ တဲ့ အ ခါ သ ဘော ပေါက် လာ မှာ ပါ ။
သ ဘာ ဝ ကို မ ဆန် ့ကျင် နဲ ့။ သ္မီး လက် ခံ နိုင် အောင် ကျိုး စား ရ မယ် ။
မြင် တတ် ရ မယ် လေ..။ မ မြင် တတ် ရင် အ မှား မ ဆုံး ဖြစ် နေ တော့ မှာ ပေါ့ ။
ကယ်….ကယ်…ကယ်။
စ ကား ပြော နေ တာ ကြာ လှ ပေါ့ ။ အ ချိန် တွေ လည်း လွန် ကုန် အုံး မယ် ။
သု ခ ရေ…..
မင်း ညီ မ ကို ဘူ တာ ရုံ လိုက် ပို ့ဖို ့ပြင် ထား ပါ ဦး ကွယ် ။
သ္မီး လည်း ဘု ရား ကို ကန် တော့ လိုက် ဦး ။ ခ ရီး သွား တဲ့ ခါ ၊ လာ တဲ့ ခါ ….
ရ တ နာ သုံး ပါး ကို မ မေ့ နဲ ့။
အိမ် ပြန် ရောက် ရင် လည်း ဒီ ကိ စ္စ တွေ ကို စိတ် ထဲ ထည့် ပြီး မ စဉ်း စား နဲ ့။ အ ဒေါ် လည်း ၊အ ဖေ့ ကို သ ဘော နား ဝင် အောင် ပြော ပြ ပေး မယ် ဟုတ် လား….။ စိတ် အေး အေး ထား နော် ဟု ဆို ခါ ၊ အ ဒေါ် က ဖြောင်း ဖျ ပြီး နား ဝင် အောင် ပြော ပြ ပါ သည် ။ ဘု ရား ကန် တော့ ဝတ် ပြု ပြီး သည် နှင့် တ ဆက် တည်း ပင်…။ အ ဒေါ် အား ကေ မှ ကန် တော့ လိုက် ပါ သည် ။
အ ဒေါ် က….၊ ငါ့ တူ မ လေး …။
သွား လေ ရာ လာ လေ ရာ….
လို ရာ လမ်း ခ ရီး တ လျှောက်…
ဖြောင့် ဖြူး သာ ယာ ပါ စေ ဟု နှုတ် မှ ရွတ် ဆို လျှက် ဆု ပေး ပါ သည် ။
အ ဒေါ် အား နှုတ် ဆက် ပြီး…..သည် နှင့်
ကေ မှ ဟမ်း ဘက် အိတ် ယူ ကာ ၊ အစ် ကို သု ခ နှင့် နှစ် ယောက် သား
အောက် ထပ် သို ့ဆင်း လာ စဉ် ၊ အစ် ကို သု ခ မှ ကေ့ လက် ထဲ က ဟမ်း ဘက် အိတ် အား ဆွဲ ယူ ၍ သယ် ကူ ပေး ပါ သည် ။
ကေ က င ရဲ ကြီး မှာ စိုး ကြောက် မိ သည် ဟု ပြော မိ လျှင်….
အစ် ကို သု ခ က ဒါ တွေ ကို ၊ ကိုယ် အ ယူ မ ရှိ ဘူး ။
စေ တ နာ ဖြင့် ဆောင် ရွက် ပေး ခြင်း ဖြစ် ၍ ၊ င ရဲ မ ကြီး ပါ ဘူး ဟု ပြော ပြ ပါ တော့ သည် ။။
9 comments
pooch
July 21, 2012 at 1:17 am
အန်တီအေး တို့ လူမျိုး ရှေးထုံးစံအရ ခပ်ငယ်ငယ်ထဲက မြန်းပြီး အိမ်ထောင်ရက်သားချပေးကြတယ်နော်။
ခုထိ အဲ့ဒီ ထုံးစံ ရှိတဲ့ သူငယ်ချင်းတွေ ရည်းစား ထားခဲ့သော်ငြား အိမ်က မြန်းတဲ့သူနဲ့ ပဲ ယူကြတာ တွေ့မိတယ် ။ အများစု။
မောင်ပေ
July 21, 2012 at 2:18 am
ဒီပိုစ့်ကြမှပဲ ဒေါ်လေးကေရဲ့ ခံစားချက်ကို နားလည် သဘောပေါက်မိတယ်
မိန်းမတွေ လင်ယူတဲ့နေရာမှာ ပိုက်ဆံချမ်းသာရင်ပြီးရောဆိုတဲ့ ရှေးရိုးစွဲမိဘများအား လုံးဝ ကန့်ကွက် ဆန့်ကျင်ပါအိ
အရီးခင်လတ်
July 21, 2012 at 3:58 am
အဲဒီ မျိုးဆက် တွေတုန်းက မိန်းကလေး ဆို ငယ်ငယ် နဲ့ အိမ်ရှင်မ အဖြစ် အတင်းသွတ်သွင်း ကြတာ ဖက်ရှင်ပါဘဲ။
ဒီတော့ နောက် မျိုးဆက် ကျတော့ ကိုယ်ခံစားရသလို မဖြစ်အောင် သမီး တွေ ကို သိပ်မချုပ်ချယ် ကြတော့ သလိုထင်ရတယ်။
ဒါပေမဲ့ မြန်မာပြည်က မိန်းကလေး တွေ ဟာ ပါကစ္စတန်တို့၊ အာဖကနစ်စတန် တို့ က မိန်းကလေး တွေထက်စာရင် အများကြီး အခွင့်အရေး ရခဲ့တာ အင်မတန် ကျေးဇူးတင်စရာပါ။
ဒါနဲ့ အစ်ကို သုခ က ကေ့ နဲ့ ရထားပေါ် ကို အတင်းလိုက်မလာဘူးလား။
ကြိုပြီး အစ်ကြည့်တာ။
နောက်တစ်ခန်း မြန်မြန်လေးနော် အစ်မအေး။ 🙂
MaMa
July 21, 2012 at 9:07 am
ကေ ရေ-
အဲ ဇာတ်လမ်းထဲ စီးမျောသွားပြီး မှားခေါ်မိပြီ။
မအေးရဲ့ စိတ်ကို ခုမှ နားလည်သလိုလို ရှိလာတယ်။
အိမ်ကတူမလေးကလည်း မွေးကတည်းက သူ့ကိုယ်သူ ယောကျင်္ားလေးဆိုပြီး ……..
ဝတ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ခပ်ကြမ်းကြမ်းပဲ။
တခုကောင်းတာက အလုပ်ဆို မိန်းကလေးတွေလို နွဲ့မနေပဲ ဘာဖြစ်ဖြစ် လာထား ပဲ။ [:)]
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
ကြောင်ကြီး
July 21, 2012 at 10:30 am
ကြောင်ကြီး ခြောက်ချင်ချင်ဖြစ်နေတာနဲ့ အတော်ပဲ အန်တီမမရေ။ တူမလေးက ကျားကျားလျားလျားဆိုတော့ အားကိုးပါရစေ။ 😳
MaMa
July 21, 2012 at 8:44 pm
အမောင်ကြောင် –
ဝန်ခံပြီလား အောင်ပုနဲ့ ဓာတ်တူနာမ်တူတွေဆိုတာကို 😆
တူမလေးကလည်း အခြစ်ဝါသနာပါတယ်။
အိမ်သားတွေအကုန်လုံး သူ့လက်ရာနဲ့ လွတ်တဲ့သူ မရှိဘူး။ 😆
aye.kk
July 21, 2012 at 5:41 pm
pooch,….ရေ
အဖေတို ့ရဲ ့အယူဓလေ့အရ…
မိန်းကလေးကိုမဖြစ်ချင်မိဘူး။
ထေရဝါဒဗုဒ္ဓဘာသာနဲ ့မြန်မာမှုဓလေ့ကိုပဲ
စိတ်ကနှစ်သက်လက်ခံမိတယ်။
—————————————————————————
ကိုပေ,….ရေ
ရှေးရိုးစွဲအယူကိုဆန် ့ကျင်ခဲ့မိပါ၏။။
—————————————————————————-
အရီးလတ်ရေ,….
ဘာသာ,လူမျိုး,အယူဝါဒ,အမြင်မတူမှုတွေ
မိသားစုတွေထဲမှာကွဲပြားခြားနားနေတာဟာ
အဆိုးရွားဆုံးကိစ္စကြီးတခုလို ့ထင်မြင်နေမိတယ်။
ကိုသုခအချစ်ကတော့ပြိုင်စံမမှီ၊ဓါတ်ပုံလေးတောင်ခုထိရှိတုံးသိရ၏။။
——————————————————————————-
Ma Ma,…ရေ
အကြမ်းအနုအားလုံးရပါတယ်။
အဖေ့လုပ်ငန်းတွေမှာဝင်ပြီးလုပ်နိုင်ခဲ့တာကို
ဇာတိချက်မြုပ်မှာတော့၊အားလုံးရဲ ့ချီးမွှမ်းထောပနာပြုမှုကိုခံခဲ့ရပါတယ်။
မိသားစုအတွင်းမှာ၊ပါတ်ဝန်းကျင်မှာပါကောင်းသတင်းဆောင်နိုင်ခဲ့ပါတယ်။
———————————————————————————-
ကြောင်ကြီး..
လျောင်ကီးရဲ ့သ္မီးလေးနဲ ့ရပါစေ။။(ခင်လို ့စပါ၏)
သန်းထွဋ်ဦး
July 21, 2012 at 7:48 pm
ပြည်ထောင်စုအလံကိုင်တုန်းက ဆိုတော့ အတော့်ကိုချောမှာနော်။
အော်မှားလို ့ခုလဲ ချောပါ၏။ဟီးးးးးးးးနောက်တာပါဗျ။
aye.kk
July 22, 2012 at 8:49 am
သန်းထွဋ်ဦးရေ….
ကွန်မန်းအတွက်ကျေးဇူးပါ။
ဖွင့်ဟပြောပြချင်မိတာရှိပါတယ်။
မြေပြန် ့ဖြစ်တဲ့ပုသိမ်မှာ..။
ကချင်တိုင်းရင်းသူစစ်စစ်က…
အန်တီနေတဲ့ကျောင်းမှာမရှိတော့..
ကချင်တိုင်ရင်းသူအဖြစ်ရွေးခံရပါတယ်။
အန်တီက၊ကချင်တိုင်းရင်သူမဟုတ်ဘဲ..
ပြည်ထောင်စုအလံကိုင်တဲ့ထဲရွေးချယ်ထည့်ခံရတော့ငြင်းခဲ့တယ်…
ဒါပေမယ့်အတန်းပိုင်ဆရာမနဲ ့အတန်းခေါင်ဆောင်ကရွေးတာဖြစ်ပြီး
အားလုံးကထောက်ခံတော့ငြင်းမရဘဲအလံကိုင်အဖွဲ ့ထဲပါခဲ့တာ…
အသက်ကဆယ့်ခြောက်နှစ်ထဲမှာ၊အန်တီက၆၂မွေးတာပါ။
ပုသိမ်မှာ၁၉၇၈ခုနှစ်ကပြည်ထောင်စုအလံကြိုတဲ့အထဲပါတဲ့အပြင်..
ပုသိမ်ဝင်းချစ်ကအန်တီကိုကချင်တိုင်းရင်းသူနဲ ့အင်မတန်လိုက်ဖက်လို ့ဆိုပြီး
ပြည်ထောင်နေ ့အတွက်ဓါတ်ပုံပြပွဲအခင်းအကျင်းမှာပြိုင်ပွဲဝင်ခဲ့ပါတယ်။
ဝင်ပြိုင်ပြီးပထမဆုရခဲ့ကြောင်းသိရပါတယ်။
ပထမဆုရဖို ့အတွက်၊ဓါတ်ပုံဆရာကရှူခင်းရှူဒေါင့်နည်းပေါင်းစုံနဲ ့နေပူပူ၊
ရာသီဥတုကောင်းမွန်တဲ့အခြေအနေတွေပေါ်မှာအပင်ပန်းခံပြီး၊ဓါတ်ပုံပညာ
ကျွမ်းကျင်တဲ့သူရဲ ့အတွေးအခေါ်လက်ရာလှလှရိုက်ချက်ကြောင့်ဆုရရှိခဲ့တာဖြစ်တယ်လို ့
အန်တီထင်မြင်ပါတယ်။အဲဒီနေ ့ကမနက်ခင်းကြိုဆိုအပြီးမှာဓါတ်ပုံဆရာကပြိုင်ပွဲဝင်ဖို ့အတွက်
အန်တီလည်းဓါတ်ပုံအရိုက်ခံပေးခဲ့ရတာနံနက်(၉)နာရီကနေညနေ(၃)နာရီမှပြီးပါတယ်။
အလံကြိုတဲ့အချိန်ကနံနက်(၈)နာရီ(၂၅)မိနစ်လောက်မှာပါဘဲ။
(ဓါတ်ပုံဆရာအတွက်ဓါတ်ပုံအရိုက်ခံရတာအဲဒီနေ ့ကရေသောက်မုန် ့
စားပြီးနံနက်စာလွတ်ပါတယ်)
ထမင်းမနက်ပိုင်းအငတ်ခံလိုက်ရပါတယ်။
ထမင်းစားရင်တောင်ဓါတ်ပုံဆရာကအလှပျက်မှာစိုးလို ့ပါတဲ့လေ။။
ဆုရတဲ့ပုံပုသိမ်ဒီကရီကောလိပ်ရှေ့မျက်ခင်းပြင်ပေါ်မှာမေးလေးထောက်ပြီးမျက်
ခင်းပေါ်လှဲရင်းပြုံးနေတဲ့
ကိုယ်ဟန်အမူအရာအနေအထားပုံနဲ ့ဆုရရှိခဲ့တာဖြစ်ပါတယ်။
အန်တီချောလို ့လှလို ့တော့မဟုတ်နိုင်ပါဘူး။ငယ်ရွယ်နုပျိုမြစ်တဲ့အရွယ်ဆိုတော့
အသားအရေလှပမှုကပြောစရာမလိုဘူးပေါ့၊ဆင်းရဲတဲ့ဒဏ်နေပူတဲ့ဒဏ်မခံစားခဲ့ရ
တာနဲ ့လည်းအတော်လေးသက်ဆိုင်မယ်လို ့ထင်မြင်ပါတယ်။
အရွယ်ရောက်လာတော့၊အသက်နှစ်ဆယ်ဝန်းကျင်မှာ
မိဘအရိပ်ကနေထွက်လာခဲ့မိပြီးနေပူတဲ့လမ်းကိုလျောက်လှမ်းရင်း
လောကဒဏ်ကိုကြံ့ကြံ့ခံခဲ့ရပါတယ်။ခုချိန်မှာဇရာဆိုတာကနှိပ်စက်ကလူကျီစယ်တာခံနေရပါပြီ။
ဘယ်သူမပြုမိမိမှုပါဘဲ။အလှဆိုတာကဟောင်းအိုမြဲပါကွယ်။
မိဘရိုးရာကိုလက်မခံနိုင်ဘဲဆန် ့ကျင်ပြီး၊အသက်နှစ်ဆယ်ဝန်းကျင်ထဲက
ကိုယ့်လမ်းကိုယ်လျောက်လာခဲ့မိတာ..။
ခုအချိန်မှာ၊မှန်လား၊မှားလားဆိုတာ…
အန်တီကိုမေးတဲ့သူရှိရင်ဖြေချင်မိပါတယ်..။
အားလုံးကိုပြောပြချင်မိတာက…
မိဘစကားကိုမြေဝယ်မကျနားထောင်ခြင်းဟာအကောင်းဆုံး
ဆိုတာကိုပြောပြလိုက်ပါရစေကွယ်..။။။