ဆပ်က(CIRCUS)
ကြိုးတန်းပေါ် လမ်းလျှောက်တဲ့သူတွေကိုကြည့်ပြီး
ငါတို့ မှာ ထိတ်လန့် အံ့ဩ ငေးမော………………။
လက်တွေ့ ………
ကံကြမ္မာ ကြိုးတန်းပေါ်
လမ်းလျှောက်နေတဲ့ ငါတို့ကိုယ်တိုင်တော့
ဘယ်သူတစ်ယောက်ကမှ
ကိုယ့်ကိုကိုယ် မထိတ်လန့် ……
မ, အံ့ဩ ………..
မ,ငေးမောကြပေဘူးပဲ…..။
နေဝန်းနီ
11 comments
မဟာရာဇာ အံစာတုံး
July 22, 2012 at 1:34 pm
မြင်တတ်ပါပေ့
ဆရာနီရယ် …
ကျော်ပြီး မြင်တာဆိုတာ
ဒါမျိုးကို ပြောတာနေမှာဗျ ..
marblecommet
July 22, 2012 at 1:50 pm
ဗိုနေရေ့
ကိုယ်တိုင်ကျတော့
ကိုယ့်ဇောနဲ့ကိုယ် အံ့ဩရမှန်း
မောရမှန်းမသိနဲ့ လျှောက်နေကြရပေါ့…
ပြုတ်မကျအောင်လေးဘဲ
အားထုတ်ဖျစ်ညှစ်နေရပေါ့ဗျာ…
မောင်ပေ
July 22, 2012 at 4:10 pm
ဘိုနီရေ
ကျုပ်အကြောင်းကို သိနေလို့များလား ဆို ပြီး ထင်မိတယ်ဗျာ
ကြိုးတန်းပေါ်မှာတုန်းကတော့ ဘုရင်လိုလို
အခုပြုတ်ကြတော့ ခါးရိုးကျိုးသလိုဖြစ်ပြီး လှုပ်လို့ မရတဲ့ ဘဝ
htet way
July 22, 2012 at 4:33 pm
ကိုပေရေ မပူနဲ့ ခါးရိုးကျိုးလည်း မပူနဲ့ ..ကျုပ်ရှိတယ်..ဟာဟ
ကိုယ်တိုင်လျှောက်နေတာကို ကိုယ်တိုင် သတိမထား နိုင်ခဲ့ ဘူးဆရာရေ
maung khinmin
July 22, 2012 at 4:49 pm
ကဗျာဆရာပီသပါပေ့ဗျာ
water-melon
July 22, 2012 at 6:49 pm
အူးနေအခုတလော
ပျောက်ချက်ကောင်းနေတယ်နော့
မိန်းမရလို့လားဂျာ
အဟီး 😆
water-melon
July 23, 2012 at 7:05 am
ကျန်သွားလို့ဂျာ
မိန်းမရမဲ့သူလည်း ဟုုတ်ပါဘူးဂျာ
အကောင့်တွေအများကီးပေးတာတောင်
လက်ခံမဲ့သူက မရှိ
အဟီး ဟီး 😆
ahnyartamar
July 23, 2012 at 8:59 am
ဒါပေါ့ဗျာ၊ ကိုယ်ကိုယ်တိုင်တော့ ဘဝကို အမှုမဲ့၊ အမှတ်မဲ့ကျော်ဖြတ်နေပေမယ့်၊ သူများကျတော့ သဲထိပ်ရင်ဖို ဖြစ်နေတာပေါ့၊ ဘေးကကြည့်တော့ ပိုမြင်တဲ့သဘောပါ။
ကြောင်ကြီး
July 23, 2012 at 9:35 am
ဆပ်က
ခက်လှ
ဝက်မ
ဓာတ်ကျ
ဖက်ပြ
လာဘ်ရ။
ခပ်မိုက်မိုက် ကောင်မလေး
July 23, 2012 at 10:09 am
မိုက်တယ်ဗျာ…
ကိုယ်ကိုယ်တိုင် လျှောက်နေတဲ့…
ကြိုးတန်းကို ဘယ်သူကမှ…..
မမြင်ကြဘူး မထိန် ့လန် ့ကြဘူး တဲ့လား…
မှန်တာပေါ့ဗျာ သတိလက်လွတ်နဲ့…
နေလာကြတယ်…
ငါတို့လျှောက်လှမ်းတဲ့ လမ်း…
ဖြောင့်တန်းပါစေလို့ပဲ…..။
P chogyi
July 23, 2012 at 5:41 pm
ကိုယ့်ကိုယ်ကိုပြန်ကြည့်လို့မှ မရတာ
မြင်ချင်ရင် စီစီတီဗွီတပ်မှ
တစ်ချို့အဲဒီလိုလုပ်ပြီး
ယူကျူ့မှာတင်တာလေ