အသုံးချ….. GSM
တစ်နေ့သ၌ ပျင်းပျင်းရှိသည်နှင့် ထိုင်နေကျ လ္ဘက်ရည်ဆိုင်ကလေးမှာပဲ ကျောက်ချထားပြီး လမ်းသွားလမ်းလာ ကောင်မလေးများကိုငေးရင်း မျက်စေ့ စားပွဲထိုင်နေလိုက်မိသည်…။ တောင်တောင် မြောက်မြောက် သွားနေကြတဲ့ ကောင်မလေးတွေကိုကြည့်ရင်း ………. မျက်စေ့ရှေ့ ရောက်လာတဲ့ ကောင်မလေးတစ်ယောက်ကို သတိ ထားဖြစ်သွားသည်….။ ကြည့်ပါဦး ဆိုင်ကယ်နောက်က ထိုင်လိုက်သွားတာ ရိုးရိုး မထိုင်…။ ဖင်လျောပြီး ရှေ့က စီးတဲ့ ကောင်မလေးခါးဖက်လိုက်သွားတာ …။ ဝတ်ထားတာက ဘောင်းဘီတို… ဆိုတော့ကာ သူ့ပေါင်တံစင်းစင်းလေး…. အင်း…. ခဲတန်လုပ်ပြီး စာရေးလိုက်ရ ဘယ်လောက်ကောင်းလေစွ…။ စဉ်းစားနေစဉ်ခဏ အတွေးကို လာရောက်ဖျက်စီးသူကား….. ရွာ့ အသည်းကျော် ဗိုက်ကလေး ဖြစ်ပေတော့ သည်…။ စွပ်ကျယ် အကျီ ပွပွ နဲ့ ပုဆိုး ကပိုကရို ဝတ်ထားပြီး ခြေလှမ်းကျဲကျဲ လှမ်းကာ နေဝန်းနီ ထိုင်နေတဲ့ စားပွဲဆီ ခပ်သွက်သွက် လှမ်းလာသည်…။ အနားရောက်သည်နှင့်…..
“ ကိုနေ ကျုပ် အကွက်တစ်ခုရထားတယ်ဗျ…။ အဲဒါထိုးချင်လို့….”
ရေးကြီးသုတ်ပြာနဲ့ နောက်ကလူ လိုက်လာသလို ပြောပြီး မျက်လုံးကလည်း ကျီးကန်းတောင်းမှောက်ကြည့်နေပါသေးတယ်…။ သူ့ကြည့်ရင်း နေဝန်းနီတောင်လန့်လာတယ်…။
“ ဖြေးဖြေးလုပ်ပါဟ နင့်ဟာက အလန့်ထညက်နဲ့…။ ထိုင်ပါဦး လ္ဘက်ရည် မှာလိုက်…။ ဘာထိုးမှာလဲ ပြော”
အဲဒိတော့မှ သူ့ပုဆိုး ကဗုန်စာကို ဖြုတ်ပြီး အရက်ဆီ ပြန်နေတဲ့ သူ့မျက်နှာကိုပြန်သုတ် …။ ပုဆိုးပြန်ဝတ်ရင်း ထိုင်ခုန်တစ်ခုန်ဆွဲယူပြီး ထိုင်လိုက်ပါတယ်…။ ပြီးမှ… နေဝန်းနီ ဘက် ကိုယ်ကို ကိုင်းပြီး တိုးတိုးလေးပြောပါတယ်…။
“ သုံးငါး”
နေဝန်းနီ ကလည်း ခါးက GSM ကို စမတ်ကျကျ ဆွဲထုတ်လိုက်ပြီး သုံးလက်စ စင်းကဒ်ကို ထုတ်ပြီး အိတ်ထဲ ဆောင်လာတဲ့ ဆင်းကဒ် အသစ်လဲလိုက်ပါတယ်…။ ဒါကလည်း ကိုယ့်ဘက်က လုံခြုံမှု ရှိအောင်လုပ်ထားရတာပါ….။ နှစ်လုံးထိုးတဲ့ ဖုန်းနံပါတ်အတွက် ဟန်းဆက်မထားပါဘူး…။ ဒိုင်ကနေတစ်ဆင့် လိုက်လာစေဦး နေဝန်းနီ ဆက်သွယ်တဲ့ ဖုန်းနံပါတ်နဲ့ ဟန်းဆက် တစ်တွဲထဲ တွေ့ရမှာမဟုတ်ပါဘူး…။ ဟန်းဆက် အသစ်လဲလိုက်ပြီးတော့ တစ်ခုထဲရှိတဲ့ နံပါတ်ကိုပဲ ခေါ်လိုက်ပါတယ်…။ ဒီကဒ်နဲ့ နှစ်လုံးဒိုင်ကလွဲပြီး ဘယ်ကောင်မလေးနဲ့ မှ ဖွန်မကြောင်ပါဘူး…။ အဟိ….။ ပြီးတော့ ဗိုက်ကလေးဘက်လှည့်ပြီး ဘယ်လောက်ဖိုးထိုးမှာလဲ မေးလိုက်ပါတယ်…။
“ ကျုပ်က ငါးထောင်ဖိုးပဲ ကိုနေ ပြန်မဘေူးဒဲ့ပဲ ထိုးမယ်…။ ကိုနေ စိတ်ဝင်စားရင် လိုက်ထိုးပေါ့….။”
“ ငါကတော့ နဲနဲ ပါးပါးပဲ ထိုးမှာပါ…။”
ထိုစဉ် ခဏ ခေါ်ထားတဲ့ ဖုန်းက အသံ ဝင်လာပြီး
“ ဘိုနီ ဘယ်ပျောက်နေတာလဲ” ဆိုတဲ့ အသံကြီး ဝင်လာပါတယ်….။
“ ဘယ်မှ မပျောက်ဘူး ကိုပေရေ့…. နင့်တူမက ဂျီကျလွန်းလို့ သူ့အနားမှာပဲ နေနေရတယ်…။ ခုတောင် မုန့်စားချင်တယ်ပြောလို့ မုန့်ထွက်ဝယ်ရင်း လ္ဘက်ရည်ဆိုင် ခဏ ထိုင်နေတာ ဟော့ ဒီမှာဟေ ဗိုက်ကလေးက နှစ်လုံးထိုးချင်လို့ တဲ့ ဖုန်းဆက်ခိုင်းလို့ …….. မှတ်ထားဦး သုံးငါး ခြောက်ထောင် အပြန်က တစ်ထောင်….။ နင့် ပိုက်ဆံ သိမ်းမဲ့ ကောင်ကို ငါ မင်းမင်းကျော်မှာပဲ ရှိတယ်လို့ ပြောလိုက် သိလား”
ကိုယ့် ရှေ့ လာထိုးနေတော့လည်း မနေနိုင်ပြန်ဘူး ထိုးမိတာပဲ…။ လွန်ခဲ့ တဲ့ တစ်ပတ်ကပဲ ကိုပေ တူမနဲ့ စကားများခဲ့ရပြီး အိမ်မှာပဲ ကပ်နေဖြစ်သေးတယ်…။ နှစ်လုံးထိုးတာများလို့ တဲ့လေ…။ သူ့ကိုတော့ အိမ်ပြန်ချင်တာလိုက်မပို့လို့ ဆိုပြီး စိတ်ကောက်နေသေးတယ်…။ အဲဒိလိုနဲ့ ကိုပေနဲ့ စကားပြောအပြီး ဗိုက်ကလေးဘက်လှည့်ကာ….။
“ ကိုပေ ကစိတ်ချရပါတယ်ကွ…။ ခဏနေရင် သူ့ တပြည့် ကောင်လေး ပိုက်ဆံလာယူလိမ့်မယ်…။ အဲဒိတော့ ပေးလိုက် နင်က ဒဲ့ ငါးထောင် ငါက အာ နှစ်ထောင်ပေါ့…။ ဟုတ်ပြီလား”
ဗိုက်ကလေးကိ ုပြောပြီး အေးစက်စက် လ္ဘက်ရည် ကိုတစ်ငုံသောက်လိုက်တယ်….။ အေးစက်နေပြီပေါ့ စောစောက ရှေ့က သွားတဲ့ ဟာလေးတွေ ငမ်းကြောထနေတာကိုး….။
မကြာပါဘူး 81 လမ်းအတိုင် း မီးခိုး တစ်ထောင်းထောင်း ထအောင် လမ်းပြောင်းပြန်စီးလာတဲ့ ဖရဲမ ရဲ့ ဆိုင်ကယ်က လ္ဘက်ရည် ဆိုင်ရှေ့ လာရပ်ပါတယ်…။
“ ဟာ…. ဗိုက်လေးလည်း ဒီရောက်နေတာကိုး”
ဆိုင်ကယ်ကို စက်မပိတ်ပဲ ဆင်းလာပြီး နေဝန်းနီတို့ ဝိုင်းကို လာနေသူကတော့ ရွာထဲက ပွဲတိုင်းကျော် ဖရဲသီးပဲ ဖြစ်ပါတယ်…။ နေဝန်းနီက ဗိုက်ကလေးဆီက ပိုက်ဆံ ငါးထောင်နဲ့ အိတ်ထဲက ပိုက်ဆံ နှစ်ထောင်ပေါင်းပြီး ဖရဲ သီးဆီကိုပေးလိုက်ပါတယ်…။
“ နောက်မှ တွေ့ မယ်ဗျို့ …. အရေးကြီးလို့ ပိုက်ဆံ လိုက်သိမ်းစရာတွေ ကျန်သေးတယ်ဗျ…။ ကိုပေ ကနောက်ကျရင် ကျုပ်ကို ကွိုင်နေလိမ့်မယ်…။”
ဆိုပြီး စက်မရပ်ထားတဲ့ ဆိုင်ကယ်ပေါ် တက်ခွပြီး စီးသွားပါတော့တယ်…။
“ ဘယ်လိုလုပ် ကိုပေနဲ့ အဆက်အသွယ်ရတာလ ဲသူ ဒိုင်လုပ်နေတာမသိလိုက်ဘူး ”
“ ဒီလိုပဲ ကွ…။ ငါ့ အိမ်ကကောင်မလေးက သူ့တူမလေကွာ….။ ဒါတောင် သူကတွေ့က ရာ ဖုန်းကနေ အဆက်မခံဘူးဗိုက်ကလေးရေ့….။ သူ့ဆီမှာ ဖုန်းနဲ့ နှစ်လုံးထိုးဖို့ အရေးကို သူ့ဆီကိုအမြဲတမ်းဆက်မဲ့ ဖုန်းနံပါတ် အရင်ပေးထားရသေးတယ်…။ အဲဒိဖုန်းနံပါတ်ကလွဲရင် လက်မခံဘူး…။ သူ့ဘက်ကလည်း သူ့လုံခြုံရေး အပြည့်ယူထားတာ…။ ကိုယ့်ဘက်ကလည်း သူ့ဆီကို ဆင်းကဒ် အပိုတစ်ခုထားပြီးဆက်တယ်လေ…။ ပြီးရင်နှုတ်ထားလိုက်….။”
“ အင်း…….. ခင်ဗျားတို့ အသုံးချ GSM ကလည်း တော်တော် တာသွားတာပဲ…။ နေရာတင်ထိုင်ပြီး နှစ်လုံးထိုးလို့ရတယ်…။ အရင်ကလို ဒိုင်ကို ခြေတိုအောင်လိုက်ရှာနေစရာမလိုတော့ ဘူး မိုက်ဗျ….။”
ဗိုက်ကလေးကရယ်ရင်း …….. စားပွဲပေါ်က လ္ဘက်ရည် ခွက်ကို ယူပြီးသောက်လိုက်ပါတော့တယ်…….။
မှတ်ချက်..။ ဒီအကြောင်းကိုရေးချင်နေတာကြာပါပြီ…။ ဒါပေမဲ့ အထဲမှာ ပါတဲ့ လူတွေရဲ့ နာမယ်ကို စဉ်းစားနေတာ စဉ်းစားလို့ မရဘူး …။ မနေ့ညကလာစတဲ့ ကိုပေနဲ့ ဖရဲသီးက လာစလို့ သူတို့ ဆန်ရင်းနာနာဖွတ်ပြီး ဇာတ်ကောင်လုပ်လိုက်ပါတယ်..။ ဗိုက်ကလေးကတော့ ရွာထဲမှာ အရက်အကြောင်းပြောလွမ်းလို့ အချစ်ပိုပြီး ထည့်လိုက်မိတာ…။ မကျေနပ်ရင် ပြန်ဖျက်ပေးပါ့မယ်…။ ခင်တဲ့ …….. နေဝန်းနီ
17 comments
ဆိုးပေ ကြီး
July 23, 2012 at 6:47 pm
အမငီး … ချဲထိုးမယ့်အရေး ဆင်းကဒ် သီးသန့်ထားရသေးသဗျ .. မလွယ်ပါလား ။
ချင့် ယုံလိဖန်
July 23, 2012 at 6:53 pm
ဒါကတော့ တတ်နိုင်သူပေကိုး
အားကျစရာကောင်းလိုက်ထှာ ။
စိန်ဗိုက်ဗိုက်
July 23, 2012 at 6:54 pm
ဘိုနေကြီး
ခင်ဗျားပျောတော့ ဆိတ်ချရတယ်ဆိုဗျ
အခု
ကျုပ် ထိုးတဲ့ သုံးငါး ဒဲ့ပဲ
ခင်ဗျားဒိုင် မောင်ပေလဲ မလာ၊ သူ ့ဒဘဲ့ ဖျဲသီးလဲ မလာ ၊ ဘယ်သူမှ လာမလျော်သေးဘူး..
ခင်ဗျား စိုက်လျော်
မလျော်ရင် အထိုင်များလို ့ထွက်နေတဲ့ ခင်ဗျားလိပ်ဂေါင်းကို သရွေဂွင်းနဲ ့ဆော်ပစ်မယ်..
ဘာမှတ်လဲ
ညှင်း..ညှင်း..ညှင်း..
ဆိုးပေ ကြီး
July 23, 2012 at 7:04 pm
အမငီး သားရေကွင်းနဲ့ဆော်မှာတဲ့ ပြေးတော့ဗျို့ …
မောင်ပေ
July 23, 2012 at 7:09 pm
အေးတာဘဲ
မှတ်ကရော
ဝက်ပုန်း မြို ့က အက်စ်ဘီ နဲ ့တွေ ့မှ
ကျုပ်နဲ ့ဖရဲမ လဲ
၂လုံးဒိုင်ကို ဖြစ်လို ့…
တိန်
တိန်
တိန်
Moe Z
July 23, 2012 at 8:04 pm
တူမပါပေးလိုက်ရပြီပေါ့ ကောင်းလေစွ……
ဘဘနီရေ လက်မထောင်သွားပါတယ်ဗျို့…
နေဝန်းနီ
July 23, 2012 at 8:18 pm
မှတ်ပီလား ဟို ဖျဲမကောဘယ်ရောက်နေဒုံး ငါကို များ ရာရာစစ မိန်းမမယူနဲ့ ယောက်ျားယူဆိုတဲ့ ကောင်ဒွေ…….. ဗိုက်လေးရေ…. လာမလျော်ရင် ကိုပေ တူမ နှစ်ယောက် ရှိတယ်ဆိုလား အဲဒါသွားသိမ်းရအောင်…။ (အမှန်မှာ …. သုံးယောက်ရှိသည်ဟုသိထားပါသည်…။ တစ်ယောက်ကို ကိုယ့်အတွက်ချန်ထားခြင်း ဖြစ်ပါသည်…။ ဗွေ မယူကြပါနှင့်)
မောင်ပေ
July 23, 2012 at 8:22 pm
ကြိုက်သွားဘီ
ကျုပ်လဲ ပို ့စ်တင်မလို ့
ဘာဇါတ်လမ်းရေးရမလဲ စိတ်ကူးနေတာ
ဘိုနီတွေ ့မယ်
ညှင်းညှင်းညှင်းညှင်း
ဖိုးထောင်
July 23, 2012 at 10:58 pm
ဟာဆော်ကုန်ပြီဟေ့ တွယ်တဲ့လူကတွယ်သွားပြီ ခံရတဲ့လူကလည်း ကြိမ်းကုန်ပြီ
ဟာဟ ဖရဲမ မီးခိုးအလိမ်းလိမ်းနဲ့ ဆိုင်ကယ်ကို လမ်းပြောင်းပြန်ကမောင်းသေး တော်တော်စည်းကမ်းမရှိတာ ဟိုတနေ့ကတောင် နှစ်လုံးဖိုးရှင်းက ကိုယ်က ကြောင်တောင်တောင်နဲ့ ပါသွားသေး တော်သေး ဘီယာလေး သောက်ရလို့ ညွှတ်ညွှတ်ညွှတ်
အရီးခင်လတ်
July 24, 2012 at 4:00 am
ကိုနေ ရေ
စိတ်ပျော်ရွှင်စွာနဲ့ ရီပြီး ဖတ်သွားပါတယ်။
တယ်လီဖုန်း စင်းကဒ် အပို သုံးနည်း ပညာယူသွားပါတယ်။
ဒါထက် ၄၅ ဆို။
ဘယ်လိုဖြစ်ပြီး ၃၅ ဖြစ်သွားတာလဲ။
မောင်အံ ပြောတဲ့ ၂၅ ကို ယုံလိုက်လို့ မောင်ပေ အသဲကွဲ တာ။
သူ့လက်ရှိ အသက်အတိုင်း ၄၅ လုပ်လိုက်ရင် ဒဲ့ဘဲ။ 😛
P chogyi
July 24, 2012 at 9:37 am
စိတ်မမပူပါနဲ့ ရဲသားကြီးကိုလှရွှေက သဘောကောင်းပါတယ်
လိုင်းကြေးမှန်မှန်ပေးရင် ဘယ်သူမှ မဖမ်းဘူး စိတ်ချ
ko khin kha
July 24, 2012 at 9:39 am
ကိုနေဝင်းနီရေ၊
၂ လုံးထိုးဖို့ GSM ဆင်းကဒ် ၁ ကဒ်၊
၃ လုံးထိုးဖို့ GSM ဆင်းကဒ် ၁ ကဒ်၊
၁ လုံး (ဘောလုံးပွဲ)လောင်းဖို့ GSM ဆင်းကဒ် ၁ ကဒ်၊
အဲလိုများဆောင်ထားနေလားဟင်။
etone
July 24, 2012 at 10:00 am
အဘနီက … ဆန်ရင်းနာနာဖွပ်ရင်း …. တဖက်တလမ်းက နှစ်လုံးသုံးလုံး ဝါသနာရှင်များကို လွတ်လမ်းပြသွားတာပေါ့ … ဟိဟိ .. ။
ဤသို့ ပြရသော အကျိုးအားကြောင့် … နှစ်လုံးငါးရက်ဆက်တိုက်ပေါက်ပါစေတော် ……. ။
ဘာတဲ့ သုံးငါးတဲ့ …… အချိန်မှီလေး ပြေးထိုးဦးမှ …. ။ 😛
နေဝန်းနီ
July 25, 2012 at 2:14 pm
လမ်းပြတာမဟုတ်ပါဘူး တုန်တုန်ရေ့……..။ အပြင်မှာ ပကတိဖြစ်နေတဲ့ အဖြေအနေကို လက်တို့ အသိပေးတာပါ…။ ဒါပေမဲ့ ရွာထဲက ရှိတဲ့သူတွေ ဇာတ်ကောင်လုပ်လိုက်မိလို့ ခုတ်ရာတစ်ခြား ရှရာ တစ်လွဲဖြစ်ကုန်ပြီလားမသိ…..။
Ma Ei
July 24, 2012 at 12:07 pm
ကိုနေရေးလိုက်မှ
၁ လုံးဒိုင် ကိုပေ ကနေ
၂ လုံးဒိုင်ဖြစ်သွားပြန်ပြီ…
မောင်ပေ
July 25, 2012 at 1:19 am
အဲဓီလုပ်ရိုးမှန်ခဲ့ရင်
ပိုက်ဆံဆိုတာ မလိုချင်လောက်အောင် ရတာမို့
အိလေးနဲ့ ကိုပေ
အပြင်မှာ
ကောင်းကောင်းကြီး
ဂျစ်ပြီးနေပေါ့
ဂျစ်တယ် အိရယ်
သန်းထွဋ်ဦး
July 24, 2012 at 10:45 pm
တတ်နိုင်သူတွေအစား အား့ျပါဘိ ဆရာနေရေ။