လူ ့ဘဝရခိုက်လေးမှာ
ချစ်သားတို့၊ `သတ္တဝါအပေါင်းတို့သည် ပြုလုပ်အပ်သော အခွင့်ရှိ၏´ ဟူ၍ အကြားအမြင် ဗဟုသုတ မရှိသော ပုထုဇဉ်သည် ပြောဆိုနေတတ်ပေ၏။ ထိုသူသည် လုပ်ပိုင်ခွင့်ရှိသည်ကိုက၎င်း၊ အခွင့်မရှိသည်ကို၎င်း မသိချေ။
မြတ်သောအကျင့်ဖြင့်နေထိုင်ရင် အခွင့်မဟုတ်သော တရားတို့ကား ဤ ၈ မျိုးတို့တည်း …..
လောက၌ ဂုဏ်တော် ကိုးပါနှင့်ပြည့်စုံသော ဘုရားရှင်သည် ပွင့်ထွန်းပေါ်လာ၏၊ ကိလေသာမီးငြိမ်းစေခြင်းကိစ္စကိုလည်း ဆောင်ရွက်ပေးတော်မူ၏။
နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်တို့ကိုလည်း ဟောဖော်ညွှန်ပြပေး၏ ……
၁၊ ထိုပုဂ္ဂိုလ်သည်ကား ငရဲသို့ ရောက်နေ၏။
၂၊ ထိုပုဂ္ဂိုလ်သည်ကား တိရစ္ဆာန်ဘဝသို့ ရောက်နေ၏။
၃၊ ထိုပုဂ္ဂိုလ်သည်ကား ပြိတ္တာဘဝသို့ ရောက်နေ၏၊
၄၊ ထိုပုဂ္ဂိုလ်သည်ကား သက်တမ်းအလွန်ရှည်သော အသညသတ်ဗြဟ္မာပြည်သို့ ရောက်နေ၏၊
၅၊ ထိုပုဂ္ဂိုလ်သည်ကား တိုင်းစွန်ပြည်စွန် ဇနပုဒ်အရပ်၌ လူဖြစ်နေ၏၊ လူရိုင်းမျိုတို့းတွင် ဖြစ်နေ၏၊
၆၊ ထိုပုဂ္ဂိုလ်သည်ကား မှားယွင်းတဲ့ခံယူချက်၊ ဖောက်ပြန်တဲ့ ဒဿနအမြင်ရှိသူ ဖြစ်နေ၏၊
၇၊ ထိုပုဂ္ဂိုလ်သည်ကား ပညာမရှိသူ၊ မိုက်မဲသူ၊ ဆွံ့အသူ ဖြစ်နေ၏၊
၈၊ ထိုပုဂ္ဂိုလ်သည်ကား မဇ္ဈိမတိုင်းတွင် မွေးဖွားလာ၏၊ ပညာလည်းရှိ၏ မိုက်မဲမှုလည်းမရှိ၊ ဆွံ့အသူလည်း မဟုတ်၊ ကောင်းစွာပြောအပ်သောစကား မကောင်းစွာပြောကြားအပ်သော စကားတို့ကိုလည်း ကောင်းမွန်စွာသိ၏၊ သို့ရာတွင် ဘုရားရှင်သည်ကား ပွင့်ထွန်းမပေါ်လာပေ၊ လောကမှ လွတ်မြောက်ရာ တရားတော်များကိုလည်း မဟောကြားပေ။
(အင်္ဂုတ္ထိုရ်၊ တတွဲ၊ pg 60၊ အက္ခဏသုတ်)