Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သွေးတိုးရောဂါအကြောင်း သိသမျှ။

ခင္ခJuly 24, 20121min3439

အခုခေတ်မှာအတော်များများကြားနေရတဲ့ သွေးတိုးရောဂါအကြောင်း  ကျွန်တော်ရဲ့ တိုလီမိုလီစာပေစုထဲကစုစည်းပြီး   ပြန်လည်၍ရေးပြပါရစေ။

ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းအားလုံး ရှင်သန်ဖို့အတွက် သွေးလိုပါတယ်၊ အဲဒီသွေးထဲမှာ လိုအပ်တဲ့အာဟာရဓာတ်တွေ အောက်စီဂျင်ဓာတ်တွေ ပါဝင်ပါတယ်၊ အဲဒီသွေးတွေကို သွေးကြောလေးတွေကနေ အဆင့်ဆင့်ပေးပို့ရပါတယ်၊ ဒီလိုပို့နိုင်ဖို့ နှလုံးကနေညှစ်ပြီး ပို့ပေးရပါတယ်၊ အဲဒီတော့ သွေးကြောတွေထဲမှာ ဖိအား(Pressure) ဆိုတာဖြစ်လာတာပါ၊ ဒါကို သွေးဖိအား (Blood Pressure) လို့ခေါ်ပါတယ်၊ နှလုံးညစ်လိုက်တဲ့အခါ သွေးကြောထဲမှာ ဖိအားအများဆုံးဖြစ်ပြီး ဆေးပညာအရ Systolic BP လို့ခေါ်ပါတယ်၊ အရပ်အခေါ်ကတော့ အပေါ်သွေးလို့ လူသိများပါတယ်၊ နှလုံးကညှစ်ပြီးပြန်လျော့ရပါတယ် အဲဒီမှာ သွေးကြောထဲမှာဖိအားအနည်းဆုံးဖြစ်တာကို Diastolic BP လို့ခေါ်တဲ့ အောက်သွေးပါ။ စတဲ့အပေါ်သွေးနဲ့ အောက်သွေး အနေအထားဟာပုံမှန်ဖြစ်နေမှ နှလုံးသွေးကြောတွေဟာ ကျန်းမာပြီးအန္တရာယ်ကင်းမှာဖြစ်ပါတယ်၊ သွေးတိုးရောဂါ (Hypertension) ဆိုတာ ရှိသင့်တာထက်ပိုနေတဲ့ သွေးဖိအားဖြစ်ပါတည်၊ ဆိုလိုတာက သွေးကြောထဲက ဖိအားတွေများနေတာကိုဆိုလိုပါတယ်။

သာမန်အရွယ်ရောက်သူတစ်ယောက်ဟာ အပေါ်သွေးဖိအား ၁၂ဝ နဲ့ အောက်သွေးဖိအား ၇ဝ ( BP 120 / 70 ) ရှိရင်အကောင်းဆုံးပါ၊ မွေးခါစကနေ တဖြေးဖြေးအသက်ကြီးလာတာနဲ့အမျှ သွေးဖိအားဟာ မြင့်လာတတ်ပါတယ်၊ အရွယ်လည်းရောက်ရော ၁၂၀/၇ဝ အနေအထားကိုရောက်သွားတာပါ၊ နောက်အသက်ကြီးလေ အပေါ်သွေးက မြင့်လေဖြစ်ပါတယ်၊ အောက်သွေးကတော့ ပထမပိုင်းမှာလိုက်တက်ပေမဲ့ နောက်ပိုင်း(အသက် ၅ဝ – ၆ဝလောက်) ရောက်ရင် မတက်ဘဲပြန်ကျတတ်ပါတယ်၊ ဥပမာ အပေါ်သွေးက ၁၄ဝ နဲ့ အောက်သွေးက ၆ဝ လောက်ဖြစ်တတ်ပါတယ်၊၁၂၀/၇ဝ အမြဲရှိနေရင် အကောင်းဆုံးပါဘဲ၊ သွေးဖိအားဟာ အချိန်ပေါ်မူတည်ပြီး ပြောင်းတတ်ပါတယ်၊ ညအိပ်စဉ် တဖြည်းဖြည်းကျသွားတတ်ပြီး ၂ဝလောက်ထိ အပေါ်သွေး ကျတတ်ပါတယ်၊ မနက်မိုးလင်းထတာနဲ့ ပြန်တက်လာပါတယ်၊ နောက်တစ်ခုက ဆေးခန်းမှာတိုင်းတာနဲ့ အိမ်မှာတိုင်းတာလဲ တစ်ခါတလေကွာနိုင်ပါတယ်၊ ဆေးခန်းရောက်ရင် ဆရာဝန်နဲ့တွေ့ရမှာမို့ စိတ်ပူပန်စိတ်ကြောင့် သွေးပိုတက်တတ်ပါတယ်၊ ဒါကြောင့် သွေးတိုးတတ်တဲ့သူက တိုင်းနေကျကိရိယာနဲ့ တိုင်းတာပိုကောင်းပါတယ်။

သွေးတိုးရောဂါဟာ အစားအသောက်အနေအထိုင်ကြောင့်ဖြစ်တတ်ပါတယ်  အဆီအအိမ့် များများစားမယ်၊ အငန်းများများစားမယ် ဥပမာ- ငါးပိရည်၊ ငံပြာရည်၊ ဆား၊ အချိုမှုန့်၊ ဆော်ဒါမှုန့် စတာတွေ၊ ဆေးလိပ်သောက်များရင် သွေးကြောကျဉ်းလာလို့ ဖိအားများများဖြစ်ရပြီး သွေးတိုးနိုင်သလို အဝလွန်လို့ သွေးကြောထဲ အဆီတွေစုလာရင်သွေးတိုးနိုင်ပါတယ်၊ စိတ်ပူပန်မှု့တွေကလည်း သွေးဖိအားကိုပိုဖြစ်စေလို့သွေးတိုးဖြစ်နိုင်ပါတယ်၊ လှုပ်ရှားမှု့နည်းခြင်း အထိုင်များ ခြင်းကလည်းသွေးတိုးစေတဲ့ အပြုအမူပါ။ ပြီးတော့ နောက်သွေးတိုးဖြစ်စေတဲ့အချက်တွေက အရက်သောက်တာကြာလာရင်သွေးတိုးနိုင်ပါတယ်၊ အမျိုးသမီးတွေကိုယ်ဝန်ဆောင်တဲ့အခါ ခြေထောက်တွေ၊မျက်နှာတွေ အမ်းလာတာ သွေးပေါင်တက်တာပါ၊ ဒါကတော့ ကလေးမွေးပြီးရင် ပျောက်တတ် ပါတယ်၊ ကိုယ်ဝန်အဆိပ်တက်လို့ပါ၊ ကျောက်ကပ်မကောင်းရင်လည်းသွေးတိုးတတ်ပါတယ်၊ ပြီးတော့ဆေးဝါးတွေကြောင့်လည်းသွေးတိုးစေပါတယ် ဥပမာ- သန္ဓေတားဆေးကြာရှည်စွဲသောက်ရင်၊အဆစ်အမျက်ရောင်ရောဂါမှာသုံးတဲ့အကိုက်အခဲပျောက်ဆေးတွေ၊ Steroid ပါတဲ့ဆေးတွေ ဖြစ်ပါတယ်၊

ဒါဆိုသွေးမတိုးအောင်အစားအသောက်နဲ့အနေအထိုင်တွေလေ့လာကြည့်ရအောင် ရှောင်သင့်တဲ့အစားအစာတွေက အဆီအစိမ့်များသော အစားအစာဖြစ်တဲ့ ဝက်သား၊ ထောပတ်၊ မလိုင်၊ ပြည့်ဝဆီပမာဏများတဲ့စားအုံးဆီ၊ အငန်များစေတဲ့ ငံပြာရည်၊ ငါးပိရည်၊ ငါးပိကြော်၊ ဆားနယ်ထားတဲ့ အစားအစာတွေ၊ အိမ်သုံးဆား၊ လျှက်ဆား၊ ဆားဆော်ဒါတွေ ဒါတွေကို အလွန်မစားသင့်ပါဘူး၊ ချင့်ချိန်ပြီးစားစေချင်ပါတယ်။ သွေးတိုးရောဂါအတွက် များများစားနိုင်တဲ့ အစာတွေက ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက်တို့လို ဟင်းရွက်စိမ်းတွေ၊အရည်ရွမ်းတဲ့ သံပရာ ရှောက် လိမ္မော် ကဗ္ဗလာ စတဲ့အသီးတွေ၊ နေကြာစေ့၊ ကွာစေ့၊ ဖရုံစေ့။ သစ်ကြားသီးစတဲ့ အခွံမာသီးတွေ၊ ငါးမျိုးစုံ၊ အဆီပါတဲ့ငါးတွေ (ငါးမှာပါတဲ့အဆီက မပြည့်ဝဆီအမျိုးအစားမို့ လူကိုအကျိုး ပြုပါတယ်)၊ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ နနွင်းစတာတွေ၊ ဌက်ပျောသီး၊အုန်းရည်၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ ဖရဲသီး၊ ပန်းသီးတို့လိုအသီးတွေ၊ မလိုင်ထုတ်ထားတဲ့နွားနို့မျိုး၊ ငါးကရတဲ့အဆီ ( omega 3 fatty acid) တွေနဲ့ငါးမျိုးစုံ စတာတွေများများစားပေးသင့်ပါတယ်။ နေထိုင်မှု့အနေနဲ့တော့ ဆေးလိပ်ဖြတ်ပါ၊ အရက်အလွန်အကျွံ အမြဲသောက်ခြင်းရှောင်ပါ၊ ခန္ဓာကိုယ်အလေးချိန်ထိန်းတဲ့အနေနဲ့ လေ့ကျင်ခန်းလုပ်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်း ပြုပါ၊ စိုးရိမ်ပူပန်မှု့ကိုလျော့ချပါ ( ဥပမာ- တရားထိုင်တာတို့၊ ယောဂကျင့်တာတို့)ဒေါသ၊မောဟစိတ်ထိန်းပါ၊ တောင်အရပ်ကိုခေါင်းထားအိပ်ပါ စသည့်တို့ ဖြစ်ပါတယ်။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

 

 

 

9 comments

  • မမ အညာသူ

    July 24, 2012 at 3:49 pm

    ခုလိုဆေးပေးဗဟုသုတလေးတွေ
    တင်ပြပေးတာတကယ်ကျေးဇူးတင်ပါတယ်
    မှတ်သားသွားပါတယ်နော်

  • etone

    July 24, 2012 at 4:47 pm

    သွေးတိုးရောဂါက ..သာမန်အားဖြင့် အသက်လေးဆယ်ကျော်တွေမှာ အဖြစ်များသလို ၊ မျိုးရိုးလည်း လိုက်တတ်သတဲ့ …. ။ သွေးတိုးကို မဆင်ခြင်ပဲ စားသောက်မယ်ဆိုလျှင်တော့ သွေးတိုးကနေ နောက်ဆက်တွဲရောဂါတွေ တသီကြီးပါ ကပ်လိုက်နိုင်ပါတယ်တဲ့ … ။

    သွေးဆောင့်တက်လျှင် … လေဖြတ်တာမျိုးလည်း ဖြစ်တတ်သေးသတဲ့ …. ။ အစာလည်းဆေး ၊ ဆေးလည်း အစာမို့ ..ထိမ်းစားသင့်ပါတယ် …

  • ko khin kha

    July 24, 2012 at 5:03 pm

    ဘယ်ရေဂါမဆို အစားကို ချင့်ချိန်စားရင်မမှားဘူးပေါ့ မအိတုံရေ။
    ဒါပေမယ့် လူ့စိတ်ဆိုတာလဲ အခက်သားလား။

  • သန်းထွဋ်ဦး

    July 24, 2012 at 7:35 pm

    အပေါ်သွေး၊အောက်သွေး(မြန်မာလို)ခြားနားခြင်း(၄၀)အတွင်းမှာ သာရှိရမှာပါ
    ကိုခင်ခရေ။

  • ko khin kha

    July 24, 2012 at 11:07 pm

    ပြင်ဆင်ဖြည့်စွက်ခြင်းအတွက် ကျေးဇူးပါ၊
    ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်မှာပါတဲ့အတိုင်းရေးပေးတာပါ။

  • Hnin Hnin

    July 29, 2012 at 3:03 am

    နှင်းနှင်းဖတ်ဖူးတာတော့Normal Blood Pressure က BP 120/80 ထိဆို OK သေးတယ်။ 110/70 ဆို ကောင်းတယ်။ 130/85 ဆိုရင် သွေးတိုးနေတယ်။ BP 140/90ဆိုရင် သွေးတိုးနှုန်းမြင့်မားနေပြီလို့ သိရတယ်။ကိုခင်ခရေ…နှင်းနှင်းအတွေ့အကြုံကို ပြောပြချင်ပါတယ်။ ရေးပြီနော်။ ဟိုတစ်လောက
    နေမကောင်းဖြစ်တုန်းက အိမ်မှာပဲ ပျောက်နိုးနိုးနဲ့ ဆေးသောက်နေရာကနေ၄ရက်လောက်ကြာတဲ့အထိ
    ဖြစ်သွားပြီး လူကဖျားလားဆိုတော့လည်းမဖျားဘူး။အဖျားကလည်းရှိတယ်ဆိုရုံလေးပဲ။
    လည်ချောင်းထဲမှာတော့ မနာတော့ပေမယ့်ပူနေတယ်။ ခေါင်းလည်းမမူး၊မကိုက်ဘူး။
    ဆေးပြင်းတွေအညွှန်းအတိုင်းသောက်ပေမယ့်(Biogesic,Amoxy,etc.) ခါတိုင်းလိုပဲအဖျားရက်က
    ရှည်နေပြီး မပျောက်နို်င်ဘူး။ လူလည်း ဆေးဒဏ်နဲ့ နုန်းပြီးပျော့လာတယ်။ဒါနဲ့ဒီတခါလည်း
    ဆေးပြီးနေပြန်ပြီပေါ့(သောက်ဆေးဘယ်လောက်သောက်သောက် နေပြန်မကောင်းလွယ်တတ်တာ)
    ထုံးစံအတိုင်း ဆေးထိုးလိုက်မှပဲ ပျောက်တော့မလားဆိုပြီး၅ရက်မြောက်နေ့ ဆေးခန်းသွားပြတယ်။
    ဆေးခန်းသွားပြတော့ အဲဒီမှာ မထင်မှတ်တာ သွားတွေ့တယ်။ဆေးသောက်ရက်ရှည်နေတာရယ်၊
    သောက်နေတဲ့ဆေးတွေရယ် ပြောပြလိုက်တယ်။ဆရာဝန်ကလည်းစိတ်ရှည်လက်ရှည်
    အချိန်ယူပြီးမေးတယ်။ရောဂါလက္ခဏာတွေကို စုံလို့ပဲ။ တခါတခါကျရင်
    ချမ်းလည်းအတော်ချမ်းတယ်လို့။ သွေးလွန်တုပ်ကွေးလက္ခဏာတွေ ရောက်လာတယ်။
    သွေးလွန်တုပ်ကွေးလက္ခဏာမရှိတာသိပေမယ့် အိမ်မှာကတည်းကတွေးလာတာနဲ့
    ဆရာဝန်ကမေးလိုက်တာနဲ့ အဲဒီမှာစလန့်တော့တာပဲ။ ဟိုးအရင်ကလည်း အိမ်မှာပဲ ဆရာဝန်ကလာပြီး ဆေးထိုးဆေးသောက်လုပ်ပေမယ့်အဖျားကငွေ့ငွေ့နဲ့တစ်ပတ်ကြာပြီး
    မပျောက်ဘဲနဲ့ဆေးဒဏ်တွေနဲ့ လူကပျော့ပြီး နောက်ဆုံးမှ ငှက်ဖျားဆိုတာသိပြီး ဆေးရုံမှာ Dripချိတ်ခဲ့ရတဲ့အထိဖြစ်ခဲ့တာ၊သူငယ်ချင်းတွေလူနာလာမေးတာတောင် သူတို့ အောက်မှာထိုင်နေကြတာ ကိုယ်လည်းထိုင်ပြီးဆင်းစကားပြောဖို့ ကုတင်ပေါ်ကနေ
    ကိုယ့်ဘာကိုယ်မဆင်းနိုင်ဘဲ ပွေ့ချီချရတဲ့အထိဖြစ်ခဲ့တာ၊အဲဒီငှက်ဖျားနဲ့ ဆေးရုံမှာလည်း၂ပတ်တက်ခဲ့
    ရဖူးတော့ အဲဒီလိုများထပ်ဖြစ်တော့မလားကြာက်မိတယ်။ဆရာဝန်က ငှက်ဖျားအကြောင်းမပြောတော့ မပြောလိုက်ဘူး။ ပြီးတော့ အဖျားတိုင်းတယ်။ အိမ်မှာတိုင်းသလိုပဲ ဖျားတယ်ဆိုရုံပဲ။လည်ပင်းက ပူနေတာကြီးက မပျောက်နိုင်ဘူး ဆရာ ဆိုတော့ လည်ပင်းနာသလားတဲ့ စဖျားတုန်းကတော့ နာတယ် အခုတော့ မနာတော့ဘဲ ပူနေတယ်ဆိုတော့ပိုးသတ်ဆေး ပေးတယ်။ အခုသောက်နေတဲ့ ပိုးသတ်ဆေးတွေက ကြာနေပြီ သောက်တာ။ ဒီဆေးသောက်ကြည့်တဲ့။ ပိုးသတ်ဆေးထဲမှာတော့ အမြင့်ဆုံးပဲတဲ့။ အဲဒီဆေးကို ၃ လုံး သောက်ရမယ်တဲ့။ ၃လုံးအပြည့်မသောက်ရင် နောက်သောက်ရင် အဲဒီဆေးက မတိုးတော့ဘူးတဲ့။ Azicure 500၊၁ဘူးလုံးမှ ၃လုံးပဲ ပါတယ်။ ၁လုံး ၃၀ဝ (ဖေဖေ လိုက်ပို့လို့ တော်သေး..နောက်မဆို စမ်းသပ်ခ+ဆေးဖိုးနဲ့မချောင်ဘူး..း)..)။ ချောင်းဆိုးလားတဲ့။
    ချောင်းကတော့ မဆိုးဘူး။ ချောင်းဆိုးပျောက်ဆေးရည် သောက်ပါတဲ့။လည်ချောင်းရှင်းသွားအောင်
    ထင်ရတယ်။အဖျားတိုင်းပြီးတော့ ဗိုက်တွေလည်း ဟိုနှိပ်၊ဒီနှိပ် နှိပ်တယ်။ ပြီးတော့မှ BP တိုင်းတယ်။
    တိုင်းပြီး ဘာမှမပြောဘူး။ ခုတင်ပေါ်က ဆင်းခိုင်းပြီး ဟိုရေးဒီရေးရေးပြီး သောက်ရမယ့်ဆေးတွေ
    on တော့တာပဲ။ ခုနက ဆက်ရရင် ပိုးသတ်ဆေး Azicure နဲ့တခြားဆေးတွေပြောင်းသောက်ဖို့
    ပြောတယ်။အဲဒီတော့ ကိုယ်ငွေ့လေးနည်းနည်းရှိနေတယ်။ လည်ပင်းကအရှိန်ကြောင့်လည်း
    သွေးလည်းနည်းနည်းတိုးနေတယ်တဲ့။ သွေးတိုးတယ်ဆိုလို့ ဆရာဝန်ကို မျက်လုံးဝိုင်းကြည့်လိုက်မိတယ်။ သွေးတိုးတယ်ဆိုလို့ အံ့ဩသွားတယ်။ နှင်းနှင်းလည်း
    ခေါင်းအုံပြီးလေးနေသလိုတော့ ခံစားရတယ်(ဆေးသောက်ရက်ရှည်လို့ side effect သက်သက်ပဲ ထင်တာ)။ခါတိုင်းရော သွေးတိုးတတ်လားတဲ့။မတိုးတတ်ဘူးဆရာ။ အိမ်မှာတိုင်းကြည့်လိုက်ရင်တော့ 110/70 ဝန်းကျင်မှာပဲ အမြဲရှိတယ်။အငန်လည်းမကြိုက်ဘူး။အပေါ့ပဲစားတယ်။ငါးပိရည်လည်းမစားဘူး။
    ဆီများများလည်း မစားဘူးလို့ မမေးဘဲပြောလိုက်တယ်။ ဆရာဝန်က ဘာမှဆက်မမေးတော့ဘူး။မရဲတရဲနဲ့
    ဆရာ..အဖျားရက်ရှည်နေလို့ အရင်အခါတွေတုန်းကတော့ ဆေးထိုးလိုက်မှပဲ ပျောက်တယ်ဆိုတော့..
    ဆေးထိုးချင်လားတဲ့။ ဟုတ်ကဲ့..ဆိုတော့ခုတင်ပေါ်ပြန်တက်..ဆေး၁လုံးထိုးပေးလိုက်တယ်။
    ဆေးဝယ်ပြီးတော့ အိမ်ပြန်ရောက်တဲ့အထိ ဆေးထိုးခံလိုက်ရတော့ လူကပေါ့ပါးပြီး
    ပျောက်တော့မယ်ဆိုပြီး စိတ်ကလေးတော့ ဝင်လာပေမယ့် ခေါင်းကလေးနေတယ်။ ဒါနဲ့ အိပ်ရာထဲမှာ ခွေနေလိုက်ပြီးသောက်ရမယ့်ဆေးတွေကို စစ်ကြည့်ပြီး ဆေးစာအုပ်ကို ဖတ်ကြည့်လိုက်တော့မှ အဲဒီမှာ မထင်မှတ်တာကို သွားတွေ့လိုက်တာပဲ။ BP 145/90 ပါတဲ့။ မျက်လုံးပြူးသွားပြီး ဒီလောက်သွေးတိုးနေတာတောင် ဆရာဝန်က ဘာမှမပြောလိုက်ဘူးလို့။ တစ်သက်နဲ့တစ်ကိုယ် အဲဒီလောက် ပထမဆုံး သွေးတိုးခြင်းပါပဲ။ ခါတိုင်း နေမကောင်းဖြစ်တာတောင် တခါမှ သွေးမတိုးဖူးပါဘူး။ဆေးခန်းပဲတိုင်းတိုင်း အိမ်မှာပဲတိုင်းတိုင်း တိုင်းလိုက်တိုင်း 110/70 ဝန်းကျင်ချည်းပါပဲ။ ချက်ချင်း ဖေဖေ့ဆီပြေးသွားပြီး ဖေ သမီးသွေးတိုးနေတာ ကြောက်စရာကြီး
    လူက နေမကောင်းပေမယ့် ခေါင်းလေးနေတာကလွဲလို့ ဘာမှလည်းသိပ်မဖြစ်သလိုနဲ့ကြည့်ပါဦး..
    145/90 လို့။ ဖေကတော့အင်း..ဆရာဝန်ပြောသလိုပဲ နေမှာပေါ့တဲ့။ သမီးဆိုရင် 110/70 လောက်ပဲ ရှိရမှာတဲ့။အစားလည်းဆင်ခြင်စား၊မသောင်းကျန်းဘဲနဲ့ ဒီလောက် တိုးတဲ့ သွေး..ဒီတခါပဲ ကြုံဖူးသေးပါတယ်။သွေးတိုးတယ်ဆိုတာ ခေါင်းကြီးက ထုံနေသလို လေးနေသလိုပဲလို့တော့ သိလိုက်ရတယ်။ အသက်ကြီးမှဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါမဟုတ်ဘဲ ဖတ်ဖူးတဲ့ အရွယ်ရောက်ပြီးသူတိုင်း
    သွေးတိုးနဲ့တော့ ကြုံဖူးတတ်ကြပါတယ်ဆိုတာကို လက်ခံလိုက်ရပါတယ်။

  • mamanoyar

    July 29, 2012 at 9:44 am

    အခုလိုတင်ပြပေးတာ ကျေးဇူးပါနော်
    ဗဟုသုတ ရပါတယ်ရှင်

  • aye.kk

    July 29, 2012 at 2:23 pm

    သူငယ်ချင်းပြောပြတဲ့နည်းလေးပါ..
    သွေးတိုးနေပါသလား?
    ကြက်သွန်နီဥအစိမ်းကိုသကြားနဲ ့ဆတူကြိတ်သောက်ပါတဲ့။
    ကျမကသွေးတိုးတတ်တဲ့သူမို ့..
    ဂျာမဏီမှာသူကနေထိုင်ရင်းအလည်ပြန်လာရင်းနည်းပေးသွားတာ။
    သူတို ့ဆီကတိုင်းရင်းဆေးနားလည်တဲ့သူကပြောပြတာလို ့တော့ပြောပြတယ်။
    တကယ်လည်းသွေးတိုးကျပါတယ်။

  • မောင်ပေ

    July 29, 2012 at 2:59 pm

    ဆေးမြီးတိုကောင်းတစ်ခုအနေနဲ့ သွေးတိုးရှိသူများ ဟာ ထမင်းစားတဲ့အခါမှာ သိကြားမကိုဋ်ရွက် တစ်ရွက်ကို တွဲဖက် စားမယ်ဆိုရင် သွေးပေါင် ချက်ချင်းကျတာကို လက်တွေ့ခံစားနိုင်ပါတယ် ။
    တစ်ရွက်ပဲ စားရမှာပါ
    ပိုစားရင် သွေးပေါင်အရမ်းကျပါမယ်

Leave a Reply