အိ်မ်ဝေးညများ(၄)
ယိုင်နဲ့နဲ့အိမ်အိုလေး
အဖေ့ချွေးနဲ့တည်ဆောက်ခဲ့တယ်
ကျွန်တော်တို့ဘဝတွေ
အဖေ့သွေးနဲ့ဖန်တီးပေးခဲ့တယ်
အဖေတည်ဆောက်သမျှ
ကျွန်တော်တို့ဘဝ
လှပခဲ့ပါတယ် … ။
အခု ..
ကျွန်တော်တို့တည်ဆောက်တဲ့အလှည့်မှာ
အဖေ့ဘဝ
မလှပတာကို
သား ….
စိတ်မကောင်းဘူးအဖေ .. ။
အဖေခင်းခဲ့တဲ့လမ်းကို
ဖြောင့်တန်းအောင် သားမလျှောက်နိုင်ခဲ့ဘူးအဖေ
အခုတော့
အဖေနဲ့ဝေနေတဲ့ဘဝမှာ
သား ..
နေသားကျအောင်ကြိုးစားနေပြီအဖေ
အိမ်ရှေ့က စာဗူးတောင်းငှက်ကလေးတွေ
အိမ်ပြန်ချိန်မှာ သားကိုကြိုနေဆဲပဲလားဟင် ..
မနက်နဲ့ည
မကွဲပြားပဲအသက်ဆက်နေရတဲ့ဘဝမှာ
တစ်ခါတစ်လေ
အဖေ့စကားသံတွေကြားယောင်မိတယ်
`………………………………´
လျှပ်လက်တာကို
တိမ်ခွပ်တယ်လို့သုံးနှုန်းတတ်တဲ့
ကျွန်တော်တို့ဒေသလေး
အေးချမ်းဆဲပဲလားအဖေ … ။
ဒီချိန်ဆိုရင်
မိုးအေးအေးနဲ့
သားလေ …
ကလေးလေးဖြစ်ချင်လိုက်တာ အဖေရယ် …. ။ ။
One comment
သန်းထွဋ်ဦး
July 27, 2012 at 5:52 pm
မိဘ ဖြစ်စေချင်တဲ့ အတိုင်းလေး မဖြစ်ခဲ့တာ ကျနော်လဲပါ ပါတယ်ဗျာ။